21/07/2021
သွေးတွင်းအောက်ဆီဂျင်မြင့်တက်ဖို့လုပ်သင့်တဲ့အရာများ
သွေးတွင်းအောက်ဆီဂျင်မြင့်တက်ဖို့လုပ်သင့်တဲ့အရာများ
အခုကာလမှာ အကုန်လုံးနီးပါး ဖျားနာပြီး သွေးတွင်းအောက်ဆီဂျင်ကျတဲ့ပြဿနာအဖြစ်များနေကြတာအားလုံးမြင်တွေ့နေရမှာပါ။ အဲဒါကြောင့် သွေးတွင်းအောက်ဆီဂျင် မြင့်တက်ဖို့ လုပ်နိုင်တဲ့အရာတွေကို ဗဟုသုတအနေနဲ့ သိထားပြီး အလွယ်တကူလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁)သံဓာတ် ပါဝင်သောအစားအစာ စားပေးပါ။
နေ့စဥ်စားသုံးမယ့်အစားအစာတွေထဲမှာ သွေးထဲက အောက်ဆီဂျင်တိုးစေမယ့်အစားအစာတွေကို ထည့်သွင်းစားသုံးပေးပါ။ တကူးတကမဟုတ်ရင်တောင် စျေးဝယ်တဲ့အခါ ဘယ်အသီးအနှံတွေက သံဓာတ်ပြည့်ဝသောအစားအစာတွေကတော့ အသား၊ ကိုက်လန်၊ ဟင်းနုနယ်၊ ပန်းပွင့်စိမ်း စတာတွေဖြစ်ပါတယ်။
၂) ဗီတာမင်စီပါဝင်သောအစားအစာ စားပေးပါ။
ချဥ်သောအသီးတွေကို အပေါ်က သံဓာတ်ပြည့်ဝတဲ့အစားအစာတွေနဲ့ တွဲစားခြင်းက သံဓာတ်စုပ်ယူမှုပိုအားကောင်းစေပါတယ်။ သံပုရာရည်၊ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး စတာတွေဖြစ်ပါတယ်။
၃) ရေလုံလောက်သောပမာဏသောက်သံုးပါ။
ရေကို တစ်နေ့လျှင် ၂.၅လီတာခန့် ပြည့်ဝအောင်သောက်သုံးပေးပါ။
၄) အသက်ရှုလေ့ကျင့်ခန်း တစ်နေ့၃ကြိမ်ခန့်လုပ်ပေးပါ။
အသက်ရှုသွင်း ရှုထုတ်ခြင်းကို လေ့ကျင့်ခန်းတစ်ခုလို အချိန်မှန်ပြုလုပ်ပေးပါ။ အသက်အဝရှုပြီး ၅စက္ကန့် ၁၀စက္ကန့်လောက်အောင့်ထားပြီး ပြန်ရှုထုတ်ပါ။ တရားထိုင်ခြင်းနဲ့အလားတူပဲမို့ တရားထိုင်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။
၅) ရေနွေးငွေ့ရှုပေးပါ။
ခေါင်းပေါ်ကနေ တဘက်ဖြင့်အုပ်ပြီး ရေနွေးပူပူအငွေ့တထောင်းထောင်းထနေတာကို ရှုပေးပါ။
စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှုများခြင်းက အောက်ဆီဂျင်ကို ပိုကျစေနိုင်တာမို့ စိတ်အေးအေးထားပေးပါ။ အခုကာလမှာ စပြီး ဖျားတာနဲ့ ကိုဗစ်သံသယအဖြစ်မှတ်ယူပြီး ၁၄ရက်အတွင်း သတိကပ်ပြီးနေထိုင်စားသောက်ပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။