Note

Note Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Note, News & Media Website, .

😍😍😍
30/03/2024

😍😍😍

နိုင်ငံခြားမှာ ဘယ်အလုပ်ရှင်မှ လာပြီး ဝန်ထမ်းတယောက်ရဲ့ ထမင်းဘူးကို ဖွင့်မကြည့်ဘူး။နိုင်ငံခြားမှာ အသားမစားတဲ့လူကို "ဆင်းရဲ...
21/01/2024

နိုင်ငံခြားမှာ ဘယ်အလုပ်ရှင်မှ လာပြီး ဝန်ထမ်းတယောက်ရဲ့ ထမင်းဘူးကို ဖွင့်မကြည့်ဘူး။

နိုင်ငံခြားမှာ အသားမစားတဲ့လူကို "ဆင်းရဲလို့၊ အသားမစားနိုင်ဘူး"ဆိုပြီး မတွေးဘူး၊ မပြောဘူး။
(ကျန်းမာရေးအရ၊ ဘာသာရေးအရ၊ ပုဂ္ဂိုလ်ရေးအရ၊ အကြောင်းအမျိုးမျိုးကြောင့် vegetarianတွေ အများကြီး။ ကိုယ်ကတော့ အသားမစားတာ မဟုတ်ပေမဲ့ အသားထက် အရွက်ကို ပို preferဖြစ်တာကြောင့်ရယ် မချက်တတ်တာကြောင့်ရယ် အရွက်ပိုစားဖြစ်တယ်)။

နိုင်ငံခြားမှာ brandမဟုတ်တိုင်း၊ second handဝယ်ဝတ်တိုင်း ဘယ်သူကမှလာပြီး အထင်မသေးဘူး။

သူတို့က သူတို့ဘဝနဲ့သူတို့ အလုပ်ရှုပ်ကြတယ်။ ဘယ်သူမှ ကိုယ့်ကိုစောင့်ကြည့်ဝေဖန်နေဖို့ မအားယားကြဘူး။
မင်း ခြေသလုံးတုတ်နေပြီး ဘောင်းဘီတိုဝတ်မလား ဂါဝန်တိုပဲဝတ်မလား၊ မင်း ဗိုက်ပူထွက်ပြီး ကိုယ်ကြပ်အင်္ကျီပဲဝတ်မလား crop topပဲဝတ်မလား ခင်ဗျားကို ဘယ်သူမှ မလှောင်ဘူး၊ မရယ်ဘူး။ မင်း ဥပဒေဘောင်အတွင်းရှိ‌သရွေ့ ခင်ဗျားကို ဘယ်သူမှ လာထိလို့မရဘူး။

နိုင်ငံခြားမှာ ရထားပေါ် ကားပေါ် လူဘယ်လောက်ကြပ်ကြပ် ဖုန်းပျောက်သွားမှာ၊ ပိုက်ဆံအိတ်ပါသွားမှာ မင်း မစိုးရိမ်ရဘူး။ သူစိမ်း၂ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး အိပ်ပျော်နေလည်း ရတယ်။ ခင်ဗျားပစ္စည်းကို ဘယ်သူမှ မမက်မောဘူး။
(နေရာတိုင်း CCTVရှိတယ်။ ပြစ်မှုဖြစ်ရင် တရားခံကို ၇နာရီအတွင်း မရရအောင်ဖမ်းတယ်။ လူတိုင်းက အလုပ်ကိုယ်စီနဲ့မို့ သူတို့လိုချင်တာကို လက်ငင်းလား အရစ်ကျလား ဝယ်သုံးနိုင်တယ်။
crd

ခုရက်ထဲရေနံ့သာခင်ခင်ကြီးဇာတ်ကားကိုကြည့်ရင်းတွေးမိတာလေးမိန်းကလေးတွေဘဝမှာအနှောင့်အယှက်က ယောက်ျားလေးတွေပဲသူတို့ဘဝထဲ ယောက်ျာ...
20/01/2024

ခုရက်ထဲ
ရေနံ့သာခင်ခင်ကြီးဇာတ်ကားကိုကြည့်ရင်း
တွေးမိတာလေး

မိန်းကလေးတွေဘဝမှာ
အနှောင့်အယှက်က ယောက်ျားလေးတွေပဲ
သူတို့ဘဝထဲ ယောက်ျားတစ်ယောက်ဝင်မလာခင်အထိ
ဘာသောကမှမရှိလွတ်လပ်ပေါ့ပါးပျော်ရွှင်နေရာကနေ
ယောက်ျားတစ်ယောက်ဝင်လာတာနဲ့
ပျော်ရွှင်မှုတွေပျောက်ပြီး
ပူဆွေးလောင်မြိုက်ရတော့တာပဲ

အချစ်ဆိုတာကလည်း လူရယ်လို့ဖြစ်လာကြရင်
ပူမှန်းသိသိနဲ့ဖြစ်စေ ပူမှန်းမသိလို့ဖြစ်စေ
အပူထဲတိုးဝင်ချင်ကြတာပဲ
ကိုယ့်ကိုပျော်စေမယ့်အရာလို့ထင်လို့တိုးဝင်ပြီးခါမှ
ပူဆွေးလောင်မြိုက်ကြရတယ်

မိန်းကလေးတွေကိုပြောချင်တာက
အချိန်တန်ရင်
ဖူးစာပါလို့ဖြစ်စေ
ဝဋ်ကြွေးပါလို့ဖြစ်စေ
ယောက်ျားတစ်ယောက်နဲ့တော့ဆုံကြရမှာပဲ
အချိန်မတန်ခင်အထိ
ကိုယ့်ဘဝထဲ ဘယ်ယောက်ျားမှအဝင်မခံဘဲ
လွတ်လပ်ပေါ့ပါးပျော်ပျော်ရွှင်ရွှင်သာနေကြပါ

ကိုယ်ပျော်ရွှင်ဖို့ကိုယ်တိုင်သာပြုလုပ်နိုင်တယ်
ဘယ်တစ်ယောက်ကမှကိုယ့်ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ဘူး

ပေးရင်တော့ဒုက္ခတွေချည်းပဲပေးကြမှာ
(အများစုတော့မဆိုလိုပါ )

ဝဋ်ကြွေးမရှိတဲ့ လူပျိုကြီး၊အပျိုကြီးတွေကတော့ ဘဝမှာကံအကောင်းဆုံးပဲ

credit;

ငွေ၏ လှည့်စားခြင်းများ       *****************  သေရင် ယူသွားလို့ မရပေမယ့် ငွေ မရှိရင် သေတော့မည့် အတိုင်းပါပဲ။မေတ္တာစစ်ကိ...
31/12/2023

ငွေ၏ လှည့်စားခြင်းများ
*****************

သေရင် ယူသွားလို့ မရပေမယ့်
ငွေ မရှိရင် သေတော့မည့် အတိုင်းပါပဲ။

မေတ္တာစစ်ကို ဝယ်ယူလို့ မရပေမယ့်
ငွေ မရှိရင် ဘယ်သူမှ
အနား မကပ်ချင်ကြပြန်ဘူး။

ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးကို
ငွေက မဖန်တီးပေးနိုင်ပေမယ့်
မကျန်းမာတဲ့ အချိန်မှာ
ငွေကို အလိုရှိ ရပြန်တယ်။

အတတ်ပညာ၊ အသိပညာများစွာကို
ငွေနဲ့ ဝယ်ယူလို့ မရပေမယ့်
ပညာတတ်ဖို့အတွက် ငွေကို
အသုံးပြုကြ ရပြန်တယ်။

ငွေ ရှိနေရင် လူအက
လူတော် ဖြစ်သွားနိူင်ပေမယ့်
ငွေ မရှိရင် လူတော်တွေက
လူအ ဖြစ်သွားကြ ရပြန်တယ်။

လူတကာ ကို ခေါင်းမော့ ရင်ကော့အောင်
လုပ် မပေးနိုင်ပေမယ့်
ငွေ ကြောင့် လူတစ်ချို့ကို
ဒူးထောက်၊အောက်ကြို့လိုက်ရ ပြန်တယ်။

လူတိုင်းရဲ့ မျက်ရည်ကို
သုတ် မပေးနိုင်ပေမယ့်
ငွေ ကြောင့်ပဲ လူတစ်ချို့
မျက်ရည် ကျခဲ့ရ ပြန်တယ်။

နွေးထွေးတဲ့ မိသားစုကို
ဖန်တီး မပေးနိုင်ပေမယ့်
ငွေရဖို့ လူတစ်ချို့က
မိဘရင်ခွင်/မိသားစု အသိုက်မြုံ ကနေ
ရေခြား၊ မြေခြားအဝေးကြီးကို
ထွက်ခွာသွားကြရ ပြန်တယ်။

ငွေကြေးကြောင့်ပဲ အတ္တသမား၊
လောဘသား ဖြစ်စေတယ်။
များများ ချမ်းသာ လာတော့လဲ
အာဏာ၊ပါဝါကို မက်မောလာအောင်
စိတ်ကိုပြောင်းလဲ စေပြန်တယ်။

အာဏာ၊ပါဝါ ရထားသူကိုလည်း
သူ့အား ပြန်လည် မက်မော လာအောင်
ပြုပြင် ပြောင်းလည်း နိုင်ပြန်တယ်။

ငွေ က ဖန်ဆင်းရှင် မဟုတ်ပေမယ့်
ငွေကပဲ လူပေါင်းများစွာရဲ့ ဘဝကို
ပြုပြင် ပြောင်းလဲ ပြစ်နေတယ်။


Crd to original writer

အိမ်အဝင် တံခါး။ မိတ်ဆွေမိသားစုက အိမ်ဝယ်ပြီး အိမ်အသစ်မှာ ပြောင်းနေထဲက တမိသားစုလုံး နေမကောင်း၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေက...
11/12/2023

အိမ်အဝင် တံခါး။

မိတ်ဆွေမိသားစုက အိမ်ဝယ်ပြီး အိမ်အသစ်မှာ ပြောင်းနေထဲက တမိသားစုလုံး နေမကောင်း၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေက နာတာရှည်လို ကို ဖြစ်နေကြပါတယ်။

သူတို့က အရွယ်ကောင်းတွေ၊ ကျန်းမာနေသူများမို့ နားမလည် နိုင်ကြပါ။

ခုလို ဖြစ်ရတဲ့ အကြောင်းရင်းက သူတို့ အိမ်ရဲ့ အဝင် တံခါးမကြီးက သာမန်ထက် ဆိုဒ်ကြီးနေပါတယ်။ (ပုံထဲမှာ ကြည့်လိုက်ပါ။)အရွယ်အစားက သိသာစွာကို ကြီးနေတာပါ။ အဲဒါကြောင့် မိသားစု တစုလုံး မပြတ်တမ်း ဖျားနာ ကြတာပါ။ တံခါးပေါက်ကို ပြောင်းလိုက်တဲ့ အခါမှာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

အိမ်တံခါး အသစ်လဲဖို့ ချက်ခြင်းတော့ အဆင်မပြေနိုင်ပါ။ နည်းလမ်း ရှာဖွေကြည့်တော့ ကျမ်းရင်း အဆိုအရတော့ ကျောက်စိမ်းတုံး ကို အိမ်အဝင်တံခါး အောက်မှာ မြုတ်ရမယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းတုံးကတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ခဲတလုံး ကို အစိမ်းရောင်သုတ်ပြီး တံခါးအောက်ခြေနားမှာ ထားလိုက်တော့၊တံခါးအသစ် မပြောင်းခင်မှာ မိသားစုဝင်များ ကျန်းမာ အဆင်ပြေလာကြပါတယ်။

တံခါးအသစ်ကို သူတို့အိမ်အတွက် သင့်တော် ကံကောင်းစေမယ့် အရောင်ကိုပါ ရွေးပြီး မှာယူတတ်ဆင်ခဲ့ပါတယ်။

တကယ်တော့ သူတို့အိမ်က တောင်ဖက်အရပ်ကို မျက်နှာမူ ထားလို့ အောင်မြင်
ခြင်း၊ ကျော်ကြားခြင်းတွေ ဝင်လာမယ့် အိမ်ပါ။ အိမ်တံခါး ကို ဆေးအနီသုတ်ခြင်းဖြင့် အောင်မြင်အတွက် သေချာစေပါတယ်။

အခြားသော အခြေခံကျတဲ့ အရပ်လေးမျက်နှာအတွက်ပါ ရေးပေးလိုက်ပါတယ်။

မြောက်ဖက်ကို မျက်နှာမူတဲ့တံခါး ။
အလုပ်အကိုင်တိုးတက်စေတယ်။
အမဲ သို့မဟုတ် နက်ပြာ၊မီးခိုးရင့်။

အနောက်ဖက်ကို မျက်နှာမူတဲ့တံခါး ။
တီထွင်ဥာဏ်စွမ်း တိုးပွါး ၊ သားသမီးရစေနိုင်ပါတယ်။
အဖြူ ၊ငွေရောင်၊ သတ္တုရောင် (မိးခိုးနုပြောင်လက်လက် အရောင်ပါ။)

တောင်ဖက်ကို မျက်နှာမူတဲ့တံခါး ။
အောင်မြင်၊ကျော်ကြား ၊ ဂုဏ်ကျက်သရေတိုး။
အနီ ၊လိမ်မော်၊အဝါ၊ခရမ်း ။

အရှေ့ဖက်ကို မျက်နှာမူတဲ့တံခါး ။
ကျန်းမာရေး လူမှုရေး မိသားစု ပြေလည်။
အပြာ သို့မဟုတ် အစိမ်း၊အမဲ၊မီးခိုးရင့်။

တံခါးအရောင်ပြောင်းဖို့ ဆေးသုတ်တာ မတတ်နိုင်ရင်၊ သက်ဆိုင်ရာအရောင် ကို စက္ကူ သို့မဟုတ် သတ္တုပြားအဝိုင်းလေး ကပ်ထားပေးပါ။အရောင်ပါအဝိုင်းက ဆိုဒ်ကြီးစရာ မလိုပါ။ မြင်သာတဲ့ဆိုဒ်ဆို ရပါပြီ။ ဥပမလက်ဖက်ရည် ပန်းကန်ပြား ဆိုဒ်။

မိတ်ဆွေအားလုံး ငွေကံကောင်း လို့ ပျော်ရွှင်နိုင်ကြပါစေ။
ချစ်ခြင်းမေတ္တာဖြင့်။
အိမ်အဝင်တံခါး

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အရိုးသားဆုံး နေထိုင်ပါတယ် ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်အမြင့်ရောက်ဖို့အတွက...
08/12/2023

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှုနဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ် (ခဏ ခဏ ခံရပါများလာလို့ )

အရင်လိုလည်း သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အရေးကြီးတာက
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား...

crd

ဘဝမှာ သွားပြီးစိန်မခေါ်သင့်တဲ့ အမျိုးသမီးတမျိုးရှိတယ်  ..ဘယ်လိုအမျိုးသမီးမျိုးလဲ ဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်န...
25/11/2023

ဘဝမှာ သွားပြီးစိန်မခေါ်သင့်တဲ့
အမျိုးသမီးတမျိုးရှိတယ် ..

ဘယ်လိုအမျိုးသမီးမျိုးလဲ ဆိုတော့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှု
အပြည့်အဝရှိတဲ့ အမျိုးသမီးမျိုး...

ဘယ်သူ့ကိုမှ မှီခိုမနေဘူး
ဘယ်သူ့ဆီကမှ လက်ဖြန့်နေစရာမလိုဘူး
ဘယ်သူငြိုငြင်သွားမှာမှ
ကြောက်နေစရာမလိုဘူး ...

တစ်ယောက်ထဲ နေခဲ့ရမှာလား နေခဲ့ရဲတယ်။
တစ်ယောက်ထဲ သွားရမှာလား သွားရဲတယ်။
တစ်ယောက်ထဲ ခရီးဆုံးထိ လျှောက်ရမှာလား လျှောက်ရဲတယ် ...

တယောက်ထဲနေသားကျနေတဲ့ အမျိုးသမီးတွေဟာ
တယောက်ထဲ နေသားပြန်ကျဖို့အတွက်
လေ့ကျင့်ရတာ ခက်ခဲမယ်လို့ ထင်ပါသလား ?

ဘဝမှာ အဆိုးဝါးဆုံး အကြမ်းတမ်းဆုံး
နေ့ရက်တွေကို တစ်ယောက်ထဲအကောင်းဆုံး
ကျော်ဖြတ်ခဲ့ကြတဲ့သူတွေမို့
တစ်ယောက်ထဲနေသားကျခြင်းဟာ
သူတို့အပိုင်နိုင်ဆုံး ဘာသာရပ်ပဲ ...

ငါမရှိရင် မဖြစ်ဘူးလို့ ပညာပြချင်တဲ့သူတွေ
ငါ့ကိုလိုကိုလိုအပ်မှာပဲလို့ တွေးနေတဲ့သူတွေ ၊
ငါရှိလို့ သူရပ်တည်နေနိုင်တာလို့ ကို့ကိုယ်ကိုအထင်ကြီးနေတဲ့သူတွေအတွက်တော့
တကယ် စိတ်မကောင်းစရာပါပဲ ...

တစ်ယောက်ထဲ
ရပ်တည်ရဲတဲ့ အမျိုးသမီးတွေက
နင်မရှိလဲ ဖြစ်တယ်
နင်မကူလဲ ဖြစ်တယ် ...

နင်ဆိုတာ အရေးကိုမပါတာလို့
ပြောနိုင်တဲ့နေ့ရောက်လာခဲ့ရင်
အဲ့ဒီနေ့ဟာ
အရာအားလုံး အဆုံးသတ်သွားတဲ့နေ့ပါပဲ ...

ဒီလိုအမျိုးသမီးက
သင့်ကို အားကိုးနေသေးတယ်ဆိုရင်
သူ့ကိုယ်သူထက် သင့်ကို ပိုလိုအပ်နေလို့ပါ ...

ဒီလိုအမျိုးသမီးက
သင့်ကို လိုက်ရှာနေသေးတယ်ဆိုရင်
သူ့ကိုယ်သူထက်
သင့်ကို ပိုရှာတွေ့ချင်လို့ပါ ...

ဒီလိုအမျိုးသမီးက
သင့်အနားမှာ နေချင်နေသေးတယ်ဆိုရင်
သူ့ကိုယ်သူထက်
သင့်ကိုအနားမှာ ကပ်တွယ်မှီခိုချင်လို့ပါ ...

အရာအားလုံးကို လွှတ်ချပြီး
သင့်ကို The End လို့
လှလှပပပြောထွက်တဲ့နေ့ ရောက်လာခဲ့ရင်
သင့်ဘဝမှာ ဒီအမျိုးသမီးမျိုးကို
နောက်ထပ် ဘယ်တော့မှ
ပြန်ရှာတွေ့တော့မှာ မဟုတ်ပါဘူး။

သူအစွမ်းကုန် တောက်ပမယ့်နေ့ရက်တွေကို
သူရွေးချယ်သွားလိမ့်မယ် ...

သူအစွမ်းကုန် လှပမယ့်နေ့ရက်တွေကို
သူရွေးချယ်သွားလိမ့်မယ် ...

သူအထူးချွန်ဆုံး အောင်မြင်မယ့်နေ့ရက်တွေကို
သူရွေးချယ်သွားလိမ့်မယ် ...

အဲ့ဒီနေ့ရက်တွေ
ရောက်လာခဲ့တဲ့အချိန်မှာ
နောက်ဆုတ်ပြီး ငေးကြည့်နေနိုင်ရုံသာ
သင် ကြိုးစားနေလိုက်ပါ ...

ဘဝမှာ
သွားပြီးစိန်မခေါ်သင့်တဲ့
အမျိုးသမီး တမျိုးရှိတယ်။

ဘယ်လို အမျိုးသမီးမျိုးလဲဆိုတော့
သင် ဘာကောင်ကြီးဖြစ်ဖြစ်
သင့်ကိုလုံးဝ ဂရုမစိုက်တော့မဲ့
အမျိုးသမီးမျိုးပဲ ....။

crd

တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတ...
23/11/2023

တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့
ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။

သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့
သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။
ရွာသားတွေ ပြန်လည်ထွက်ခွါသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့သူနှင့်
မလှမ်းမကန်းမှာ ရသေ့တစ်ပါးတရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။ ဒီတော့ သူခိုးက တွေးလိုက်တာက...
သြော်..လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတစ်ယောက်တည်းမှ မဟုတ်ပ။ဲ ဟိုဖက်မှာလည်း သူခိုးတစ်ယောက် ပုန်းနေပါပကောလို့ တွေးမိပါသတဲ့။

ရသေ့ကြီးကလည်းပဲ လူသံသူသံကြားရတာနှင့် ဘာတွေများပါလိမ့်လို့ခေါင်းကလေး မော့ပြီးကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ရသေ့ကြီးက တွေးပါသတဲ့။
သြော်... ဒီသင်္ချိုင်းထဲမှာငါတစ်ယောက်တည်း တရားအားထုတ်နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက် တရားအားထုတ်နေပါပကောလို့
တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

လူတွေဟာ မိမိစိတ်အတိုင်းသူများကို မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ။
စိတ်ထားမကောင်းသူက သူများကိုလည်း မကောင်းမြင်တတ်ကြတယ်။
မကောင်းပြောတတ်ကြတယ်။မကောင်းကြံတတ်ကြတယ်။
စိတ်ထားကောင်းသူများကတော့မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး အကောင်းပြောတတ်ကြတယ်။
ဥပမာ.....မကောင်းလို့ အပေါင်းအသင်းမလုပ်ရင်ပိုဆိုးသွာမှာပေါ့လို့
ပြောတတ်ကြတယ်။ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည်
အကောင်းကြီးမဟုတ်ပေမယ့်အဆိုးမြင်ထက်ကောင်းတယ်လို့ ကမ္ဘာ့ ပညာရှင်များက လက်ခံထားကြပါတယ်။

credit

" စကားတစ်ခွန်း "အမှတ်တမဲ့ပြောလိုက်တဲ့ စကားတစ်ခွန်းဟာကိုယ့်ဘက်က ဘာမှမရည်ရွယ်ပေမဲ့တစ်ပါးသူအတွက် စိတ်ဒဏ်ရာလေးဖြစ်သွားတတ်တယ်...
17/11/2023

" စကားတစ်ခွန်း "

အမှတ်တမဲ့ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ
ကိုယ့်ဘက်က ဘာမှမရည်ရွယ်ပေမဲ့
တစ်ပါးသူအတွက် စိတ်ဒဏ်ရာလေးဖြစ်သွားတတ်တယ်…

" ကြားစကားဆိုတာ နာလိုမှုထက်
မနာလိုမှုဘက်အလေးသာတယ် "

တခါတလေ လူအများရဲ့ တစ်ဆင့် ကြားစကားလေးတွေ ကြားမိတဲ့အခါ ကာယကံရှင်ဘက်ကို သေချာသုံးသပ်ပြီးမှ
ငါသာ သူ့နေရာဆို ဘယ်လိုလဲ ? ဆိုတဲ့ အတွေးလေးတွေးပြီး စာနာစိတ်လေးနဲ့ ပြောမယ်ဆိုရင် တစ်ဖက်သားကို နွေးထွေးမှုတစ်စုံတစ်ရာဖြစ်စေသလို
သူ့လည်း မနာကျင်ရတော့ဘူးပေါ…

ငယ်ပေါင်းသူငယ်ချင်းချင်းတူရင်တောင်
ဘဝခြင်းလည်း မတူညီကြသလို
တအူတုံဆင်း တဖအေ တမေအေထဲမွေးတဲ့ သွေးရင်းမောင်နှမချင်းတူရင်လည်း
အတွေးအခေါ် အလုပ်အကိုင် ဘဝရပ်တည်မှုခြင်းလည်း ညီမျှမှုမရှိကြပါဘူး
အဆင်ပြေသူရှိသလို မပြေလည်သူလည်းရှိမယ်…

ဆူးသေးသေးတစ်ချောင်းဆူးမိရင်
မသိသာပေမဲ့ ဆူးစူးမိသူအတွက်တော့
နာကျင်နေရတတ်သလို
ကိုယ့်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက
သူ့အတွက် နာကျင်စေခဲ့မယ်ဆိုရင်
နွေးထွေးယုံကြည်မှုတွေ
တဖြည်းဖြည်းခြင်း ဝေးသွားစေပါလိမ့်မယ်…

ဒါကြောင့် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်
ကိုယ်နဲ့ပတ်သက်သူတွေကို
စိတ်ဒဏ်ရာရစေမဲ့ စကားမျိုး မဖြစ်ပါစေနဲ့။

" စကားတစ်ခွန်းနဲ့ မင်းနိုင်သွားပေမဲ့
အဲ့ဒီစကားတစ်ခွန်းကြောင့်ပဲ
တစ်သက်လုံး မင်းနောင်တရလိမ့်မယ် "

credit

စကားလုံးကြမ်းကြမ်းတွေ အများကြီး ပြောချင်လာပြီဆိုရင် တိတ်ဆိတ်လိုက်တာဟာ လူမှုပညာပါ။စကား‌တွေ ပြောတတ်ဖို့ နှစ်အနည်းငယ်သာ သင်...
04/11/2023

စကားလုံးကြမ်းကြမ်းတွေ
အများကြီး ပြောချင်လာပြီဆိုရင် တိတ်ဆိတ်လိုက်တာဟာ လူမှုပညာပါ။

စကား‌တွေ ပြောတတ်ဖို့ နှစ်အနည်းငယ်သာ သင်ယူခဲ့ကြရပေမဲ့ စကားတွေ ရပ်တတ်ဖို့ကိုတော့ တစ်သက်လုံး သင်ယူသွားကြရပါတယ်။

စကားတွေ အများကြီး ဆက်ပြောနေရင် ပိုဆိုးသွားနိုင်တဲ့အခြေအနေတွေ ရှိတတ်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ
ကိုယ့်စိတ်ကို ကိုယ် အရင်ဆုံး နားလည်အောင် လုပ်တာ၊
အကျစ်လျစ်ဆုံးနဲ့ တန်ဖိုးအရှိဆုံး စကားကိုသာရွေးချယ်ပြောဆိုတော့တာ၊ စိတ်ခံစားမှုတွေနဲ့ ကိုယ့်ဘက်ကို ဘက်လိုက် ကောက်ချက်မချတာ၊ ‌စကားနည်း ရန်စဲဆိုသလို တိတ်ဆိတ်စွာ နေထိုင်လိုက်တာတွေဟာ လူမှုပညာတွေပါပဲ။

မှုရင်းရေးသားသူကို

'' ဇနီးဖြစ်သူကို မုန့်ဖိုးပေးပါ ''သင့်ဇနီးဟာ ထက်မြက်တဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။အနေအေးတဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။ငွေထွက်ရှာတဲ...
24/10/2023

'' ဇနီးဖြစ်သူကို မုန့်ဖိုးပေးပါ ''

သင့်ဇနီးဟာ ထက်မြက်တဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။

အနေအေးတဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။

ငွေထွက်ရှာတဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။

သင့်ထက်ပင် ဝင်ငွေပိုကောင်း​တဲ့
မိန်းမဖြစ်ရင်လည်း ဖြစ်နိုင်တယ်။

ပျော်ပျော်နေတတ်တဲ့မိန်းမ
ဖြစ်ရင်လည်း​ဖြစ်မယ်။

ရစ်တတ်တဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်။

မမလည်း ဖြစ်နိုင်သလို ညီမလေးလည်း ဖြစ်ရင်ဖြစ်မယ်။

ဘယ်လိုဖြစ်ဖြစ် သေချာတာတစ်ခုကတော့
လင်ယောကျာ်းက မုန့်ဖိုးပေးတယ်ဆိုရင်
ဇနီးမယားတိုင်းက ပျော်ကြတာကြီးပါပဲ။

" ကျွန်မယောကျာ်းက သူ့လစာတွေအကုန်အပ်တယ်လေ " ဆိုပြီး ဂုဏ်ဆာတတ်ကြတာလည်း မိန်းမတွေပဲဖြစ်ပြီးတော့
other income ရှိလို့စုထား/ဥထားတဲ့အထဲက
မုန့်ဖိုး ပြန်ပေးရင်လည်း အင်မတန် ကြည်နူးပျော်ရွှင်
စိတ်ဘဝင်ဖြစ်ကြတာ
ကျွန်တော်တို့ခင်ဗျားတို့ရဲ့အမျိုးသမီးတွေပါပဲခင်ဗျာ။

Credit to original writer
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ကျွန်မက "နံရံ" တစ်ချပ် ပါပဲ ။တကယ်ဆို ကျွန်မက ရပ်နေခဲ့တာပါ။တစ်ချို့က မတော်တဆ ဆိုပြီး လာဝင်တိုက်သွားကြတယ်။တစ်ချို့ကတော့ ရည...
22/10/2023

ကျွန်မက "နံရံ" တစ်ချပ် ပါပဲ ။

တကယ်ဆို ကျွန်မက ရပ်နေခဲ့တာပါ။
တစ်ချို့က မတော်တဆ ဆိုပြီး
လာဝင်တိုက်သွားကြတယ်။

တစ်ချို့ကတော့ ရည်ရွယ်ချက်ရှိရှိ
လာဝင်တိုက်သွားကြတာ။

သူတို့ နာသွားတော့မှပဲ
နံရံ က အပြစ်ဖြစ်ရတယ်လို့
နဲနဲတော့ လည်း တရားကြစရာ
ကောင်းနေခဲ့ပါ
crd

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး သံချေးကပဲ ဖျက်စီးနိုင်တယ်   ဒီလိုပဲ မင်းဘဝကို မင်းကလွဲလို့ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို...
14/10/2023

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး
သံချေးကပဲ ဖျက်စီးနိုင်တယ်

ဒီလိုပဲ မင်းဘဝကို မင်းကလွဲလို့
ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို့မရဘူး

မင်းဘဝကို မင်းရဲစိတ်ကပဲ
ဖျက်စီးနိုင်တယ်

လူတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ရဲစိတ်ကို
အကယ်၍ မင်းထိန်းနိုင်ခဲ့ရင်
မင်းမှာ စူပါစွမ်းအင် တခုရှိနေလို့ပါ

ကိုယ့်စိတ်ကို ထိန်းနိုင်တာဟာ
ရန်သူအယောက် ၁၀၀ ကိုတယောက်ထဲ
တိုက်နိုင်တာနဲ့ ညီမျှတယ်တဲ့

လူတွေရဲ့စိတ်က အပြောင်းလဲမြန်တာမို့
အကယ်၍ မင်းကအခက်ခဲပေါင်းများစွာထဲ
ရှင်သန်ရုန်းကန်နေရတယ်ဆိုရင်

မင်းကိုမင်း ဘယ်တော့ခါမှ
အရှုံးပေးဖို့ မတွေ့မိပါစေနဲ့

မူရင်းရေးသားသူအား

လေးစားစွာဖြင့်
Credit,ပေးအပ်ပါသည်

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။စည်းစိမ်နဲ့လည်း မဆိုင်ဘူး။ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူ...
10/10/2023

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။
ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။
စည်းစိမ်နဲ့လည်း မဆိုင်ဘူး။

ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။

အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။
လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။

မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။

မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။

လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။
ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။

ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။

ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း
နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။

သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။

လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။

မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။

Credit

" ဘဝကောင်းကို ရချင်ရင် """"""""""""""""""""""""""""""""""""""""""""သစ်ရွက်ခြောက်တို့ဆိုတာ…လေနှင်ရာ လွင့်စင်ပေးရသလိုဘဝဆို...
03/10/2023

" ဘဝကောင်းကို ရချင်ရင် "
"""""""""""""""""""""""""""""""""""""""""""

သစ်ရွက်ခြောက်တို့ဆိုတာ…
လေနှင်ရာ လွင့်စင်ပေးရသလို

ဘဝဆိုတာလည်း စိတ်စေရာကို
အလိုက်သင့် လွင့်မျောနေရတာပါပဲ။

သက်ရှိတွေအားလုံးက…
စိတ်နဲ့တန်တဲ့ဘဝမှာ ဖြစ်ကြရတာပါ။

တကယ်တွေးကြည့်လိုက်ရင်…
ဘဝရဲ့အရှင်သခင်ဟာ ဒီစိတ်ပဲ။

စိတ်ကောင်းမမွေးမြူဘဲနဲ့တော့
ဘဝကောင်းရဖို့က မသေချာဘူး။

ကောင်းတဲ့အလုပ်တွေမှာ…
စိတ်ခွန်အားကြီးမားတယ်ဆိုရင်

မြင့်မြတ်ရင် မြင့်မြတ်သလောက်
ဘဝအနေအထား မြင့်မားပါမယ်။

ကံအလုပ်ဆိုတာ…
စိတ်ကိုဗဟိုပြု ထုတ်လုပ်ထားတဲ့
ကုန်ပစ္စည်းတစ်ခုပဲ။

စိတ်အရည်အသွေးတွေ ကောင်းမှ
လုပ်ရပ်အရည်အသွေး ကောင်းမှာ။

ကောင်းကံကို များများပြုထားနိုင်ရင်
ဘဝကောင်းတွေမှာ ခိုနားရမှာပါ။

ဒါကြောင့်…
မပြီးပြတ်နိုင်သေးတဲ့ ဘဝသံသရာမှာ
အကောင်းတွေချည်းပဲ ဖြစ်ချင်တယ်ဆိုရင်

နေ့စဉ်ဘဝမှာ….
ကောင်းတာတွေ လုပ်
ကောင်းတာတွေ ပြော
ကောင်းတာတွေ ကြံစည်ပြီး

ခဏတိုင်း ခဏတိုင်းမှာ
စိတ်ကို
အမြဲပြုပြင်ပေးဖို့ လိုပါတယ်။

အစဥ်လေးစား ချစ်ခင်နေလျှက် ..... ✍🏻
Credit/- Original writer ..... ✍🏻

အခက်အခဲဆိုတာ လူတိုင်းမှာရှိကြတယ် လူတိုင်းမှာ မရှိတာက ကိုယ်ချင်းစာတရားပါ။ကိုယ်တိုင် မခံစားဖူးသရွေ့တော့လူတစ်ဖက်သားရဲ့ ခံစာ...
01/10/2023

အခက်အခဲဆိုတာ လူတိုင်းမှာရှိကြတယ် လူတိုင်းမှာ မရှိတာက ကိုယ်ချင်းစာတရားပါ။

ကိုယ်တိုင် မခံစားဖူးသရွေ့တော့
လူတစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး။

ကိုယ်ပြောခဲ့၊ကိုယ်ပြုခဲ့တဲ့အပြုအမူအတိုင်း ကိုယ်တိုင်မကြုံဖူးတဲ့အခါ အဲ့ဒီစကားလုံးတိုင်း အပြုအမူတိုင်းက တစ်ဖက်လူဘယ်လောက်ထိခံစားရမလဲဆိုတာ သိမှာမဟုတ်ဘူး။

နာကျင်ရတဲ့ ဒဏ်ကိုခံစားဖူးတော့ နည်းနည်းလေးထိခိုက် မိတာနဲ့ ကိုယ်ချင်းစာပေးတတ်တယ်။

ဆုံးရှုံးရတဲ့ ခံစားချက်ကို နားလည်တော့ ဘယ်အရာမဆိုတန်ဖိုးထားတတ်လာတယ်။

စကားလုံးတိုင်းကို နှလုံးသားနဲ့ခံစားတတ်လာတော့ တစ်ဖက်သားကိုပြောတဲ့အခါတိုင်း အမှားမပါအောင် ဂရုစိုက်တတ်လာတယ်။

ဒီလိုပဲ...ဘဝမှာ ဒါလေးပြောလိုက်တာကို"ဒီလောက်ခံစားရလား?
ဒီလောက်လေးကို ဒီလိုနာကျင်ရလားဆိုတဲ့သူတွေကို အံ့ဩမိတယ် ကိုယ်တိုင်အပြောမခံရ၊ကိုယ်တိုင်မကြုံရတော့ တစ်ဖက်လူရဲ့ခံစားချက်ကို ကိုယ်ချင်းမစာနာတတ်ကြတာပါ။

ဒါကြောင့် တစ်ခုခုပြောမယ်ဆိုရင်သတိလေးထားပါ သူများကိုမှိုချိုး၊မျှစ်ချိုးပြောခဲ့သလို ကိုယ်ကိုယ်တိုင်မှန်ထဲကြည့်ပြီး ခံစားနိူင်သလားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

ဘယ်အရာပဲ ဖြစ်ဖြစ်
အစွန်းရောက်တိုင်း မကောင်းသလို တယူသန်တိုင်းလည်းမကောင်းဘူး သူ့ဘက်
ကိုယ့်ဘက် မျှကြည့်တတ်မှ လူပီသတဲ့စိတ်ရှိတာပါ။
credit..

မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။ မင်းရဲ့အခက်အခဲတွေ အ...
28/09/2023

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့။

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်...☺☺☺

𝙲rd_t𝚘_𝚘𝚠n𝚎r_ ✍️

ဆားတစ်ဇွန်းစာလောက် ချစ်ပါတယ်တခါတုန်းက သူဌေးကြီးတစ်ဦးမှာ သမီး သုံးဦးရှိပါတယ်။ တစ်နေ့မှာ ဖခင် သူဌေးကြီးက သမီးသုံးဦးကို သူ့...
27/09/2023

ဆားတစ်ဇွန်းစာလောက် ချစ်ပါတယ်

တခါတုန်းက သူဌေးကြီးတစ်ဦးမှာ သမီး သုံးဦးရှိပါတယ်။ တစ်နေ့မှာ ဖခင် သူဌေးကြီးက သမီးသုံးဦးကို သူ့အား ဘယ်လောက်ချစ်သလဲလို့ မေးပါတယ်။

အဓိက ကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကိုခွဲပေးဖို့ပါဘဲ..။ပထမသမီးက သူ့ကို လမင်းကြီးလောက်ချစ်ပါတယ်လို့ ဆိုပါတယ်။
ဒုတိယသမီးက သူ့ကို နေမင်းကြီးလောက်ချစ်ပါတယ်တဲ့… အငယ်ဆုံး သမီးလေးကတော့ ဖခင်ကြီးကို ဆားတစ်ဇွန်းစာလောက် ချစ်ပါတယ်…လို့ ဆိုပါတယ်။

ဒီအခါ ဖခင်ကြီးက သူ့ကို တကယ်ချစ်တဲ့ သမီးကြီး နဲ့ သမီးလတ်ကို အမွေအများဆုံး ခွဲဝေပေးခဲ့ပြီး ဆားတစ်ဇွန်းစာသာချစ်သော သမီးငယ်ကိုတော့ အနည်းဆုံးဝေစုကိုသာ အမွေပေးခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ အမွေတွေအားလုံးကို ခွဲဝေပြီးတဲ့အခါမှာတော့ သူဌေးကြီးဟာ သူ့သမီးတွေဆီကို အလှည့်ကျသွားရောက် လည်ပတ်လို့ နေပါတော့တယ်။ သမီးတွေလည်း အိမ်ထောင်ရက်သားများကျလို့ သားသမီးတွေလည်း ထွန်းကားကြပါတယ်။

ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာတော့ သမီးကြီး နဲ့ သမီးလတ်ဟာ ဖခင်လာရောက်တာကို မကြည်ဖြူကြတော့ပါဘူး။ အလုပ်ပိုကြီး တစ်ခု ပိုလာတယ်လို့ မြင်လာပါတယ်။

ဖခင်ကြီးကလည်း သူ့ကို ပိုချစ်တဲ့ သမီးနှစ်ယောက်ဆီကိုပဲ အများဆုံးသွားရောက်နေတာကိုး.. နောက်ဆုံးမှာတော့ သူ့ရဲ့သမီးနှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့အထိ ဖြစ်လာတော့တာပါပဲ။

သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာပါတယ်။ သမီးငယ်က သူ့ကို ခရီးဦးကြိုဆိုပြီး.. စားဖွယ် သောက်ဖွယ်များ ကျွေးမွေးပါတယ်။ သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့အခါမှာ ဟင်းတွေအားလုံးဟာ ပေါ့ရွှတ်လို့နေပါတယ်။

ဒီတော့မှ သမီးငယ်လေးက ဖခင်အား “ဆားမပါသောဟင်းဟာ ဘယ်လိုပင်ကောင်းကောင်း အရသာမရှိပါဘူး.. ပြီးတော့ ဆားလေးတစ်ဇွန်းဆိုပေမယ့် အထဲမှာ ဆားပွင့်လေးပေါင်း မရေမတွက်နိုင်အောင် များပြားပါတယ်။

သမီးက အဖေ့ကို အဲ့ဒီ့ဆားပွင့်လေးတွေလောက် မရေမတွက်နိုင်အောင်ချစ်တာပါ..” လို့ ပြောလိုက်ပါတယ်..ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျှာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစုစောင့်ရှောက်သွားပါတော့တယ်..

ဆားလေးတစ်ဇွန်းဟာ ဟင်းလျှာများရဲ့အရသာကို ပြည့်စုံစေသလို.. ဖြူစင်တဲ့ မေတ္တာတရားဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံစေပါတယ်။

Credit – knowledgeable encyclopedia

ရန်သူကနေ မိတ်ဆွေဖြစ်စေသူတခါတုန်းကပေါ့..ရွာလေး တစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေထိုင်ကြတယ် ။ တစ်ဦးက လယ်...
26/09/2023

ရန်သူကနေ မိတ်ဆွေဖြစ်စေသူ

တခါတုန်းကပေါ့..ရွာလေး တစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေထိုင်ကြတယ် ။ တစ်ဦးက လယ်သမား ဖြစ်ပြီး နောက်တစ်ဦး ကတော့ မုဆိုးတစ်ယောက် ဖြစ်ပါတယ် ။

လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူထား ခဲ့တယ် ။
မကြာခဏ ဆိုသလို အမဲလိုက် ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ်သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ် စားသောက်လေ့ ရှိကြတယ် ။

အဲဒါနဲ့ လယ်သမားက မုဆိုးဆီသွားပြီး အမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ် ။ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထား ခဲ့တယ်။

နောက်ဆုံးတော့ လယ်သမားလည်း လုံးဝကို သည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆို ခဲ့ပါတယ်။
လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါ အတိုင်းပြောတယ် ။

“ အဲဒီ မုဆိုးကို ကျုပ် အရေးယူပေးလို့ ရပါတယ်.. ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ် ၊ အဲဒီလို လုပ်လိုက်မယ် ဆိုရင် ခင်ဗျားမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်း တစ်ယောက် ဆုံးရှုံးသွားနိုင် ပါတယ်..

ခင်ဗျားနဲ့ အတူ နေထိုင်ရမယ့် အိမ်နီး နားချင်းကို ရန်သူ ဖြစ်စေချင်သလား မိတ်ဆွေ ဖြစ်စေချင် ပါသလား ”လယ်သမားဟာ တစ်ချက် စဉ်းစားလိုက်ပြီး
“ မိတ်ဆွေပဲဖြစ် ချင်ပါတယ် ” လို့ ဖြေလိုက်တယ် ။

အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ် ။“ ကောင်းပါပြီ ဒါဆို ကျုပ်အကြံ တစ်ခု ပေးပါ့မယ် ဘဲတွေလည်း မဆုံးရှုံးစေပဲနဲ့ မိတ်ဆွေ တစ်ယောက် တိုးလာ ပါလိမ့်မယ် ”
လယ်သမားက အကြီးအကဲ ပြောတဲ့အတိုင်း အိမ်ကို ပြန်သွားတယ် ။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံး ဘဲ ၄ ကောင်ကို ရွေးပြီး မုဆိုးရဲ့သား လေးယောက်ကို လက်ဆောင် အဖြစ်ပေးလိုက်တယ်။

လက်ဆောင်ရတဲ့ ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာ ကြည်နူးနေရတယ် ။
ပြီးတော့ သားလေးတွေ လက်ဆောင် ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက်ခွေး တွေကို သေချာ လှောင်ထားလိုက် ပါတော့တယ် ။

လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့အခါ အသားတွေကို ဝေငှ ပေးတတ်လာပါတယ် ။
လယ်သမားကလည်း ခြံထွက် သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင် အဖြစ် မုဆိုးကို ပေးခဲ့တယ် ။

ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်လာကြပါတယ် ။ဒါကြောင့်.. ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ ဦးစားမပေးပါနဲ့ ။ သူ့ဖက်ကိုလည်း စာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘဝကနေ မိတ်ဆွေ ဖြစ်သွားနိုင်တာပါ ။

သင်ရော.. ရန်သူလိုချင်တာလား .....? မိတ်ဆွေလိုချင်တာလား ....?

Credit – ဓမ္မအလင်းရောင်

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီးက...
24/09/2023

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ
ကျီးကန်းပဲ ရှိတယ်

အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့

အတောင်ပံကိုဖြန့်ပြီး မြင့်သထက်မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်
အမြင့် ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုတယ်

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို
ပြန်မတိုက်ခိုက်ပါနဲ့ အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူပြုတ်ကျ ကျန်လိမ့်မယ်

သတိပြုရမှာက ကိုယ်တိုင်က သိန်းငှက်လိုမျိုး
အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင်
ကြိုးစားဖို့တော့ လိုအပ်ပါမယ် .......။

လေးစားစွာဖြင့် Credit - မူရင်းရေးသားသူ

မေ့လျော့နေတတ်သည့် တန်ဖိုးလေးတစ်ခုရှေးရှေးတုန်းက နယ်စားမင်းတစ်ဦးဆီမှာ မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ အမှ...
23/09/2023

မေ့လျော့နေတတ်သည့် တန်ဖိုးလေးတစ်ခု

ရှေးရှေးတုန်းက နယ်စားမင်းတစ်ဦးဆီမှာ မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ပါတယ်။
နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမယ့် မောင်နီဟာ မထင်မရှား ရာထူးကလေးမှာပဲ တာဝန်ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့မိတာပေါ့။

ဒါကြောင့် မောင်နီဟာ သူ့သခင် နယ်စားမင်းကြီးအား လျှောက်တင်လိုက်ပါတယ် “အရှင်နယ်စားမင်းကြီး ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပျံတော့မယ် ခင်ဗျာ

”နယ်စားမင်းကလည်း “ဟေ့… ဘာဖြစ်လို့လဲကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုန်း” လို့မေးပါတော့တယ်။
“ နယ်စားမင်းကြီး ခင်ဗျာ.. ခြံထဲက ကြက်ဖကို မြင်တယ် မဟုတ်လား” လို့ မောင်နီက ဆိုပါတယ်။

“ သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကိုပြတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ် ။ သူ့ခြေထောက်က မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။

ဘယ်ရန်သူမဆို ခွတ်ဖို့ ဝန်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။အစာရှာတွေ့တဲ့ အခါတိုင်း အခြားတစ်ပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူရဲ့ ရက်ရော သဘောကောင်းမှုကို ထင်ဟပ် ပြသနေပါတယ်။

ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။
အဲဒီလို ဂုဏ် အရည်အသွေးကောင်း ငါးရပ်နဲ့ ပြည်စုံပါလျှက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်တည်ဖို့အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတယ် ။
ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။အကြောင်းအရင်းက လူနဲ့ လက်လှမ်းတမှီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ ။

" သူဟာ လူနဲ့ နီးစပ်လွန်းတယ် သူ့ကို အမြဲမြင်နေရတယ် တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ် ဆိုတာ မစဉ်းစားမိကြတော့ဘူး ။
ဟိုးအဝေးကြီးက မိုင်ထောင်ချီဝေးတဲ့ အရပ်က တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့
တောငန်းဖြူ ကြီးတွေကျတော့ ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာ မဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။

ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီးပေမယ့် သူတို့ကို လုံးဝ ပစ်ခတ်သတ်ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ် ။

ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တောငန်းဖြူကြီးများလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ် လို့ လျှောက်တင်ကြောင်းပါ နယ်စားမင်း ခင်ဗျာ” လို့ လျှောက်တင်လိုက် ပါတယ် ။

မှန်ပါတယ်… ဒါကြောင့် ပုံပြင်ထဲက လိုပဲ ကျွန်တော်တို့တတွေဟာ တခါတလေမှာ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ကြားမှာ
“ နီးလွန်းသည့်အခါ မမြင် တွေ့ဖန်များသောအခါ တန်ဖိုး မရှိ ” ဆိုရိုးစကား ကဲ့သို့ နီးနီးနားနားမှာ ရှိတဲ့ သူရဲ့ တန်ဖိုးကို မေ့လျော့နေတတ် ကြပါတယ်…
ဒီပုံပြင်ထဲကပေးတဲ့ သင်ခန်းစာအတိုင်း အနီးဆုံးသူရဲ့ တန်ဖိုးကို မြင်တတ်ကြပါစေ ။

Credit - မူရင်းရေးသားသူ

ရေသာခိုခြင်းနောက်ကို မလိုက်မိပါစေနဲ့တခါတုန်းက မြည်းကလေးတစ်ကောင်ရှိတယ်။ သူဟာ အရမ်းပျင်းတယ် အလုပ်လုပ်ရင်လည်း အလုပ်ကို ခိုက...
22/09/2023

ရေသာခိုခြင်းနောက်ကို မလိုက်မိပါစေနဲ့

တခါတုန်းက မြည်းကလေးတစ်ကောင်ရှိတယ်။ သူဟာ အရမ်းပျင်းတယ် အလုပ်လုပ်ရင်လည်း အလုပ်ကို ခိုကပ်ပြီး သက်သာရာ သက်သာကြောင်းလုပ်ချင်တယ်။

သူ့ပိုင်ရှင်ကတော့ ဆားကုန်သည်ဖြစ်တယ်။ အရင်ခေတ်တုန်းက တောင်ပေါ်ဒေသတွေမှာ ဆားရှားတယ်။ အဲဒီအတွက် ဆားတွေကို တောင်ပေါ်ကို ပို့ပြီးရောင်းရင် အလွန်စီးပွားဖြစ်တယ်။

ဒါနဲ့ သူဟာမြည်းတွေကို ဆားအိတ်တွေတင်ပြီးတောင်ပေါ်ကို ပို့တော့တယ်။ မြည်းကလေးဟာ အခြားမြည်းတွေနဲ့ မတူပဲ သက်သာမယ့်နည်းလမ်းကို ရှာတယ်။

ဒီလိုနဲ့ တောင်ပေါ်အရောက်မှာတော့ တောင် ကုန်းပေါ်က စမ်းချောင်းလေးတစ်ခုထဲကို ခြေချော်ကျသွားတယ်။
ရေထဲရောက်ပြီး ပြန်တက်လာတော့ ဆားတွေဟာ အရည်ပျော်ပြီးတော့ အိတ်တွေလည်း ပေါ့သွားတယ်။

နောက်ပိုင်း မြည်းကလေးက တောင်ပေါ်ကို ဆားတွေ သယ်တိုင်းအဲလိုနည်းလမ်းသုံးတယ်။သူ့သခင်ကတော့ ဆားတွေ လမ်းမှာဆုံးရှုံးနေတာကို စိတ်မကောင်းဘူး။

မြည်းကလေး တမင်သက်သက် လုပ်နေမှန်းလည်း သိတော့ ပညာပေးဖို့စဉ်းစားတယ်။ သူဟာ ဆားတွေအစား ဂွမ်းကပ်တွေကို အိတ်ထဲထည့်ပြီးမြည်းကလေးကို သယ်ခိုင်းတယ်။

မြည်းကလေးကတော့ သတိမထားမိဘူး။အဲလိုနဲ့ စမ်းချောင်းလဲ ရောက်ရော မြည်းကလေးက ခြေချော်ကျသလိုနဲ့ ရေထဲဆင်းသွားတယ်။

ဖြစ်ချင်တော့ ဂွမ်းကပ်တွေက ရေစိုမှ ပိုပြီးလေးလာကြတယ်။ မြည်းကလေးလည်း အံ့သြသွားပြီးတော့ အလေးကြီးကို တစ်ချိန်လုံး သယ်လာခဲ့ရတယ်။

ခရီးတလျှောက်လုံးတော့ သူအလေးဆုံးပေါ့။နောက်ပိုင်းမှာတော့ မြည်းလေး အမြင်မှန်ရသွားတယ်။ သူ သက်သာမယ့်နည်းလမ်းကိုလဲ မရှာတော့ပဲနဲ့ အခြားမြည်းတွေနည်းတူ ပစ္စည်းတွေကို မလေလွင့်အောင် သယ်ယူပါတော့တယ်။

သင်ခန်းစာ.....
ရေသာခိုချင်စိတ်နဲ့ သက်သာတဲ့နောက်ကိုလိုက်ရင် ပိုပြီးတော့ ခက်ခဲတာ၊ပင်ပန်းတာတွေနဲ့ပဲ ကြုံရတတ်တယ်ဆိုတာကို ဒီပုံပြင်လေးက သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

လေးစားစွာဖြင့် Credit - မောင်စိုင်း

နေရာတကာ မခံချင်စိတ် မထားပါနဲ့ တောလမ်း ခရီးတစ်ခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦး တွေ့ကြတယ်..။”အဘ ဘယ်သွားမလို့လဲ””ဟိုဘက်ရွာ...
21/09/2023

နေရာတကာ မခံချင်စိတ် မထားပါနဲ့

တောလမ်း ခရီးတစ်ခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦး တွေ့ကြတယ်..။”အဘ ဘယ်သွားမလို့လဲ”
”ဟိုဘက်ရွာ”
”ဒါဆို အတူတူသွားကြတာပေါ့”
”အေး”

“ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ...?”
”အငြိမ့်ပွဲ ကမယ်ပြောလို့ သွားကြည့်တာ”
”ဟင်… ကျွန်တော်သာ အဘအရွယ်ဆို အငြိမ့် မကြည့်တော့ဘူး”

အဖိုးအိုက ဘာမှပြန်မပြောဘူး။ ခဏနေတော့ အဖိုးအိုက ပုလင်းတစ်လုံး ထုတ်ပြီး မော့သောက်တယ်။
”ဘာတွေလဲ အဘ..? “
”အရက်”

”ဟင်.. ကျွန်တော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး”အဖိုးအိုက ဘာမှပြန်မပြောဘူး။
ခဏနေတော့ အပင်တစ်ပင်အောက်မှာ ခရီးတထောက် နားကြတယ်။လူငယ်က အပင်ပေါ် မော့ကြည့်ပြီး ပြောတယ်..။
”ဟာ အဘ၊ သရက်သီးတွေဗျ”

“ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကြကွ”
”စားချင်တယ်ဗျာ”

”ငါသာ မင်းအရွယ်ဆို အပင်ပေါ် တက်ခူးတယ်” ဆိုတော့ လူငယ်လည်း မခံချင်ဖြစ်ပြီး အပင်ပေါ် တက်ခူးပါလေရော..

ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး..။
“အဘ လုပ်ပါအုံး ၊ဒီ ဂွကြားကနေ မဆင်းတတ်တော့ဘူး”
”ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ်”ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင် ကျိုးပါလေရော . ။

”အား.. ကျိုးပြီ အဘရေ”
”ကျိုးမှာပေါ့ ဒီလောက်အမြင့်ကြီးက ခုန်ချတာ”
”ဗျာ.. ခုဏပြောတော့ ကျွန်တော့် အရွယ်သာဆို အဘ ခုန်ချတယ် ဆို”
”အေးလေ.. ငါ မင်းတို့အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ”
“ ဗျာ....”

လေးစားစွာဖြင့် Credit – Argyi (ဗန်းမော်)

မေ့လျော့နေဖို့ မသင့်တဲ့ တန်ဖိုးတခါတုန်းက တောရွာလေး တစ်ခုမှာ အင်မတန်မှ ဆင်းရဲလှတဲ့ မုဆိုးမ သားအမိ ရှိတယ်တဲ့။ ရာသီဥတု ပူပြ...
20/09/2023

မေ့လျော့နေဖို့ မသင့်တဲ့ တန်ဖိုး

တခါတုန်းက တောရွာလေး တစ်ခုမှာ အင်မတန်မှ ဆင်းရဲလှတဲ့ မုဆိုးမ သားအမိ ရှိတယ်တဲ့။
ရာသီဥတု ပူပြင်းတဲ့ နေ့တစ်နေ့မှာတော့ ကလေးတစ်ယောက်ဟာ ရွာအပြင် သစ်ပင်ရိပ်အောက်မှာ ဒေါသတွေ အကြီးကျယ်ထွက်ပြီး တစ်ယောက်တည်း ပါးစပ်ကနေ ပြောနေလေရဲ့။

ထိုအချိန်မှာ ခွေးလေးတစ်ကောင်ကို ခေါ်ဆောင်ပြီး အပန်းဖြေရန် သစ်ပင်ရိပ်သို့ ရောက်လာတဲ့ ခရီးသွား အဖိုးအိုတစ်ယောက်က သူ့အဖြစ်ပျက်ကြည့်ပြီး အဲ့ကောင်လေးကို မေးလိုက်တာပေါ့။

”ကောင်လေး မင်းကို ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲကွာ”
”ဘာရှိရမှာလဲဗျာ၊ အိမ်က အမေပေါ့။ သားကို အလုပ်တွေ တစ်နေကုန် ခိုင်းနေတယ်။ သူငယ်ချင်းတွေနဲ့တောင် ကစားချိန်မရဘူး” လို့ ပြန်ဖြေတာပေါ့။

”ဒါဆို မင်း အဖိုးနဲ့ ကစားမလား” လို့ အဖိုးအိုက ထပ်မေးလိုက်တယ်။ အဖိုးအိုက ပြောပြောဆိုဆို ကျောက်ခဲ၂ လုံးကို ကောက်ယူပြီး
“ရော့ မင်းနဲ့ငါ ဘယ်သူ ဇွဲပိုကောင်းလဲ ကြည့်ရအောင်၊ ခဲလုံး မ တမ်း ကစားရအောင်။ အကြာကြီး ကိုင်ထားနိုင်သူက အနိုင်ပေါ့”

ကစားနည်းက မခက်ခဲတာကြောင့် ကောင်လေးက လက်ခံလိုက်တာပေါ့။ ခဲလုံးကို နာရီဝက်မျှပင် မပြည့်သေး၊ မထားရတာ လေးလာတာကြောင့်
“တော်ပြီဗျာ သားအရှုံးပေးတယ်။ လက်ညောင်းလာပြီ။ ကစားရတာလည်း မပျော်ဘူးဗျာ”
အဖိုးအိုးက.... “ဒါဖြင့်လည်း ခွေးကလေးနဲ့ ကစားလေ။
တစ်ခုတော့ ရှိတယ်၊ ခွေးကလေးနဲ့ မကစားခင် ဟိုအိတ်ထဲက နို့တစ်ဗူး ကုန်အောင် တိုက်ပြီးမှ ကစားရမယ်”
”ရတယ်ဗျာ သားနို့တိုက် ပေးမယ်”ထိုသို့ ပြောပြီး ခွေးကလေးကို နို့တိုက်ရာမှာ ခွေးကလေးက နို့မသောက်ပဲ ဟိုပြေး ဒီပြေး လုပ်နေတော့ ကောင်လေးက စိတ်တိုလာပြီး

“မတိုက်နိုင်တော့ဘူးဗျာ။ တစ်ချက်မှကို အငြိမ်မနေတာ စိတ်ကုန်လာပြီ။ မကစားရရင်လည်း နေပါစေတော့”
ဒီတော့မှ အဖိုးအိုက ပြုံးပြီး “ဒီမှာကောင်လေး ဘယ်လောက်မှ မလေးတဲ့ ကျောက်တုံးတစ်တုံးကို နာရီဝက်ပြည့်အောင်တောင် မင်းက ကိုင်ထားနိုင်တာ မဟုတ်ဘူး။

မင်း ဒီအရွယ် ရောက်ဖို့အရေး မင်းအမေက မင်းကို ကိုးလ/ဆယ်လကြာ လွယ်လာခဲ့ရတယ် ဆိုတာ မင်းသတိထားမိရဲ့လား။
မင်းက ခွေးကလေးကိုလည်း နို့တစ်နပ်စာတောင် ဝအောင် မတိုက်နိုင်ခဲ့ပေမယ့် မင်းအမေက ဒီအရွယ်ရောက်ဖို့ နို့အနပ်ပေါင်း မရေတွက်နိုင်အောင် တိုက်နိုင်ဖို့ ဘယ်လို ဒုက္ခခံပြီး တိုက်ခဲ့ရတယ် ဆိုတာကိုရော မင်းသိကော သိရဲ့လား”

ကောင်လေးက အဖိုးအိုစကား ကြားချိန်မှာ သေချာ စဉ်းစားမိပြီး အမေ့ကို သနားတဲ့စိတ်နဲ့ မျက်ရည်တွေ ဝဲပြီး ဘာတစ်ခွန်းမျှ မပြောတော့ပဲ
"နောက်ဆို အမေခိုင်းသမျှ မညိုငြင်ပဲ ချိုချိုသာသာနဲ့ လုပ်ပေးပါတော့မယ်" ဆိုပြီး အိမ်ကို အပြေးလေး ပြန်သွားတော့တယ်။

ကောင်လေးဟာ သတိမထားမိလို့ အသိတရားတွေ မရှိခဲ့ပေမယ့် အခုတော့ မိဘရဲ့ ကျေးဇူးတရားကို သူကောင်းကောင်းကြီး သတိထားမိပြီပေါ့။

လေးစားစွာဖြင့် Credit – Argyi

ငွေ နှင့် သိက္ခာ 🔴ငွေကြေးချမ်းသာတိုင်း လုပ်ချင်ရာမလုပ်ပါနဲ့။ငွေကြေးထက် တန်ဖိုးကြီးတာဟာ လူ့သိက္ခာဆိုတာ မမေ့လိုက်ပါနဲ့။ငွေ...
20/09/2023

ငွေ နှင့် သိက္ခာ 🔴

ငွေကြေးချမ်းသာတိုင်း
လုပ်ချင်ရာမလုပ်ပါနဲ့။

ငွေကြေးထက်
တန်ဖိုးကြီးတာဟာ
လူ့သိက္ခာဆိုတာ
မမေ့လိုက်ပါနဲ့။

ငွေကြေးဆိုတာ
မတည်မြဲဘူးလေ။

ငွေကြေးမချမ်းသာပေမယ့်
သိက္ခာရှိရင်
လူရာဝင်ပါတယ်။

ငွေကြေးချမ်းသာပြီး
လူ့သိက္ခာမရှိရင်
အလွန်ရှက်စရာကောင်းပါတယ်။
ဘဝမှာ သိက္ခာရှိဖို့လိုတယ်။

ပြီးတော့ မိကောင်း ဖကောင်းလိုတယ်
ဆရာကောင်းသမားကောင်းလိုတယ်
မိတ်ကောင်းဆွေကောင်းလိုတယ်
စာကောင်းပေကောင်းလိုတယ်
ပတ်ဝန်းကျင်ကောင်းလိုတယ်
ဘာသာကောင်း
အဆုံးအမကောင်းလိုပါတယ်။
စိတ်ကောင်းနှလုံးကောင်းရှိဖို့လိုတယ်။
စိတ်ကောင်းရှိမှ လူ့သိက္ခာဟာ
အသက်ဝင်တယ်။

လူဆိုတာ ဆရာဝန်ဖြစ်မှ
အင်ဂျင်နှီယာဖြစ်မှ
သူဌေးဖြစ်မှ စိတ်ကောင်း
နှလုံးကောင်းထားရမည်မဟုတ်။

ဆိုက္​ကားသမား
ကုန်ထမ်း ဆင်းရဲသားများလည်း
စိတ်ကောင်းနှလုံးကောင်းထားလို့ရပါတယ်။

ဘယ်သူမဆို စိတ်ကောင်း
နှလုံးကောင်းရှိသူကို
ချစ်ခင်ကြမှာပါပဲ။

ဒါကြောင့် သင့်ရဲ့သိက္ခာကို
စိတ်ကောင်းနှလုံးကောင်းနဲ့
အရောင်တင်လိုက်ပါ။
အသက်သွင်းလိုက်ပါ။

မုဒုံဓမ္မဒူတဆရာတော်
ရေးသားသော
{ဂုဏ်သိက္ခာတို့ဖြင့်
တည်ဆောက်အပ်သော ဘဝ}စာအုပ်မှ
ရေးသားပူဇော်ပါသည်။

Credit

Address


Website

Alerts

Be the first to know and let us send you an email when Note posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share