Family Of Flims

  • Home
  • Family Of Flims

Family Of Flims Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Of Flims, TV/Movie Award, .

The Sword (2021)တရုတ်သိုင်းကားကောင်းကောင်းကြိုက်သူများအတွက်သိုင်းကားကောင်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီကာလကတော့ ကမ္ဘာကြီ...
23/12/2021

The Sword (2021)

တရုတ်သိုင်းကားကောင်းကောင်းကြိုက်သူများအတွက်သိုင်းကားကောင်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီကာလကတော့ ကမ္ဘာကြီးကို အရှေ့တိုင်းနဲ့အနောက်တိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားတုန်းကပေါ့ဂိုဏ်းပေါင်းစုံက နယ်မြေတွေကို လုဖို့အတွက်နဲ့ ဂိုဏ်းအချင်းချင်း တိုက်ခိုက်ပြီး စစ်ပွဲတွေဖြစ်လာကြပါတယ်
စစ်ပွဲတွေကြောင့်လူသားတွေလည်းများစွာသေဆုံးခဲ့ရပါတယ်
သေဆုံးတဲ့လူတွေရဲ့စိတ်စွမ်းအားနဲ့ အာဃာတတရားတွေကို စားသုံးပြီးအင်အားကြီးလာတဲ့ “အာသာ” ဆိုတဲ့ အမှောင်သခင်ကြောင့် စတင်ခဲ့တဲ့ ဇာတ်လမ်းလေးပါအာသာဟာ အနောက်တိုင်းမှာ သရဲတပ်သားတွေနဲ့ လူသားတွေကိုသတ်ဖြတ်လို့အနောက်တိုင်း Sun Warden အဖွဲ့က စွမ်းအားရှင်သုံးဦးကို ဟိုလီဓားကို ယူဖို့ အရှေ့အရပ်ဆီ ပို့လိုက်ပါတော့တယ်ဟိုလီ ဓားကလည်း အညတြဓားတစ်လက်တော့ မဟုတ်ပါဘူးအမှောင်သခင်ကြီးကိုချေမှုန်းနိုင်တဲ့တစ်ခုထဲသောလက်နက်မို့အရှေ့တိုင်းယဲ့ကျင်းရွှယ်လုံဂိုဏ်းက သေချာစောင့်ရှောက်ပေးနေတဲ့ဓားပါဓားသွားခိုးတာကနေဘာတွေဆက်ဖြစ်လာမလဲ?အရက်သမား ဇာတ်လိုက်ဖြစ်တဲ့မင်းသားကရောဘာလဲ?သူတို့တွေကဘယ်လိုပက်သက်လဲ?ကဲ ….. ဇာတ်လမ်းထဲသာကြည့်လိုက်ပါတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hu ပဲ ဖြစ်ပါတယ်။

Genre….. Action , Drama, Fantasy
Quality….WEB-DL 1080p and 720p and 360p
File size… 543MB and 179MB

Kurup (2021)1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထား...
23/12/2021

Kurup (2021)

1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိ
ဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း
ထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။
File size…1.5GB / 2.28GB
Quality…720p / 1080p AAC 5.1CH

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Sooryavanshi (2021) Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်...
13/12/2021

Sooryavanshi (2021)

Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။
ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။
မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
File size… / 2.2GB / 1.49GB
Quality…4k HEVC Web-Dl / 1080p AAC 5.1Ch / 720p
Format…MKV / Mp4
Duration….2h 25mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Nyein Saeya Aung & YK

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Singh Is Bliing (2015)ကိုရီးယားရုပ်ရှင် My Wife is a Gangster 3 ကို Bollywood Version နဲ့ ပြန်လည် ပုံဖော်ထားတဲ့ Singh is...
13/12/2021

Singh Is Bliing (2015)

ကိုရီးယားရုပ်ရှင် My Wife is a Gangster 3 ကို Bollywood Version နဲ့ ပြန်လည် ပုံဖော်ထားတဲ့ Singh is Bliing အက်ရှင် Comedy ရုပ်ရှင်လေးပါCast တွေအဖြစ် Akshay Kumar နဲ့ Amy Jackson တို့က ခေါင်းဆောင်နေရာက ပါဝင်ထားပါတယ်
ဒီကားထဲမှာတော့ မင်းသမီး Amy Jackson ရဲ့ အကအလှတွေ ဘီကိနီအလှတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေကိုလည်း ရှုစားရဦးမှာပါ
ဇာတ်လမ်းအကျဥ်းကတော့ဒီလိုပါဆင်း ဟာ အမြဲတမ်းပျော်ပျော်နေတတ်ပြီး တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင်မလုပ်တဲ့ ခပ်ပျက်ပျက် လူတစ်ယောက်ပေါ့
တစ်နေ့မှာတော့ သူ့အဖေရဲ့ ဂိုအာက သူ့သူငယ်ချင်းဆီမှာ အလုပ်လုပ်ရင်လုပ် မလုပ်ရင် မင်္ဂလာဆောင်ရမယ်ဆိုပြီး အတင်းအကြပ်ရွေးချယ်ခိုင်းမှုကြောင့် ဆင်းတစ်ယောက် ဂိုအာကို ထွက်ခဲ့ဖို့ဖြစ်လာပါတယ် အဲ့မှာ ဆာရာနဲ့ဆုံဖို့ အကြောင်းပါလာပါတော့တယ်ဆာရာကတော့ ရို​မေးနီးယားနိုင်ငံက လက်နက်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး သူမအမေကိုရှာဖို့တစ်ကြောင်း ပြိုင်ဖက်စီးပွားရေး လုပ်ငန်းရှင်ရဲ့သား မက်ခ်ရဲ့ရန်ကိုကြောက်ရတာတစ်ကြောင်းကြောင့် ဂိုအာကိုထွက်လာခဲ့ပါတယ်..ဆင်းနဲ့ ဆာရာနဲ့ တွေ့ဆုံသွားတဲ့အခါ ဘယ်လိုအလွဲတွေ ​ဖြစ်ကြဦးမလဲ..ရန်သူတွေကို ဘယ်လိုအတွဲညီညီ တိုက်ခိုက်ကြဦးမလဲဆိုတာကိုတော့ ဒီ Singh is Bliing ရုပ်ရှင်လေးမှာ ခံစားကြည့်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nadi Myint Naing မှ တင်ဆက်ထားတာပါ။)
File size…(2.2 GB)/(1.3 GB)
Quality….WEB-DL 1080p HEVC/ 720p
Format…mkv/mp4
Duration….02:19:00

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Deadlock (2021)Deadlock (2021)=============ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသားကြီး Bruce Wills ကို ဗီလိန်နေရာကနေ မြင်တွေ့ရ...
08/12/2021

Deadlock (2021)

Deadlock (2021)=============ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသားကြီး Bruce Wills ကို ဗီလိန်နေရာကနေ မြင်တွေ့ရမဲ့ Deadlock လို့အမည်ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ရွန် ဝစ်လော့ခ် ဦးဆောင်တဲ့ အကြမ်းဖက်လူတစ်စုက တစ်နေ့မှာ ဖစ်ချ်ရှ်မြို့မှာ တည်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကို
ဝင်စီးခဲ့ပါတယ်။ ရွန်တို့အုပ်စုဟာ စက်ရုံကို ဝင်စီးခဲ့တဲ့အပြင် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေကိုပါ ဓားစာခံအဖြစ် ဖမ်းဆီး
ခဲ့ကြတာပါ။ အဲ့ဒီအပြင် အစိုးရဘက်က သူတို့ရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့မယ်ဆိုရင် ရေလှောင်တမံကြီးကိုဖျက်ဆီးပြီး ရေကြီးရေလျှံဖြစ်အောင် လုပ်မယ်လို့ ကြေညာ ခြိမ်းခြောက်ခဲ့ပါသေးတယ်။တစ်ဖက်မှာတော့ မက်ခ်ကားဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘဝကြီးကို ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝနဲ့ပဲဖြတ်သန်းခဲ့တာကြောင့် ကောင်မလေးဆီကနေ ထားသွားခံခဲ့ရသူလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းဖြစ်တဲ့ မက်ခ်တစ်ယောက် အလုပ်လုပ်နေတဲ့ ဖစ်ချ်ရှ်ရေအားလျှပ်စစ်စက်ရုံမှာ အကြမ်းဖက်ဝင်ရောက်စီးနင်းမှု ဖြစ်လာတဲ့အခါ…..ရွန်တို့အကြမ်းဖက်အဖွဲ့ကို ဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲ… သူနဲ့အတူ ဖမ်းခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်နိုင်မှာလား….ရွန်ကရော အခုလို အကြမ်းဖက်မှုကို ဘာကြောင့် လုပ်ဆောင်ခဲ့ရတာလဲ….ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။File Size – (1.45 GB) / (780 MB) / (500 MB)
Quality – WEBRIP – 1080p / 720p / 480p
Duration – 1hrs 37min
Subtitle – Myanmar Hardsub
Format – MP4
Genre : Action, Thriller
Translator – F&R Team

The Summit of the Gods…7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animat...
03/12/2021

The Summit of the Gods

…7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။
ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။
လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။
ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုတစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲတောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။ဇာတ်ညွှန်းနဲ့ဘာသာပြန်သူကတော့Moe Lay ပဲဖြစ်ပါတယ်…File Size :(1.7GB) (886MB) and (289MB)
Quality : Blu-Ray 720p
Format…mp4

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Shang-Chi and the Legend of the Ten Rings MDb Rating – 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းက...
03/12/2021

Shang-Chi and the Legend of the Ten Rings

MDb Rating – 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။
အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။
စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။)

File Size – (6.7 GB)&(2.59 GB)&(1.57 GB )&(700 MB)
Quality –Blu-Ray 4K (IMAX) HEVC , 1080p , 720p, 480p
Duration – 2hr 12min
Subtitle – Myanmar HardsubFormat – MKV / MP4
Genre : Action, Adventure, Fantasy

The Last Duel (2021) 18+ Rateဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Las...
01/12/2021

The Last Duel (2021) 18+ Rate

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France
(နောက်ဆုံးစီးချင်း – မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို
Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။၁ – ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။
၂ – မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။
၃ – ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။
၄ – နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။
မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။(Reviewed by Mr. Anderson)
File size…(2.8 GB) / (1.4 Gb)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:32:00
Genre…Action, Drama, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson, Phyo Pyae

[18+] Benedetta (2021)[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တက...
30/11/2021

[18+] Benedetta (2021)

[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ… ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား… အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။
တစ်ခေတ်တစ်ခါက ဂန္တ၀င်လို့ဆိုရလောက်တဲ့ သူ့လိုင်းမှာသူပြောစမှတ်တွင်ရလောက်တဲ့ RoboCop, Total Recall, Basic Instinct တို့လို ဇာတ်ကားတွေနဲ့ Showgirls, Starship Troopers တို့လို မြန်မာပရိသတ်တွေရင်းနှီးကျွမ်းဝင်လှတဲ့၊ တမ်းတမ်းစွဲ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားများစွာရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Paul Verhoeven ရဲ့ နောက်ဆုံးပေါ်လက်ရာသစ်တစ်ခုပဲဖြစ်ပါတယ်။
( မင်းသမီးနှစ်ဦးရဲ့ ပီပြင်လွန်းလက်တွေ့ကျလွန်းတဲ့ ချစ်တင်းနှောခန်းတွေအပါအ၀င်၊ ၀တ်လစ်စလစ်ဇာတ်ဝင်ခန်းတွေနဲ့ သွေးသံရဲရဲသတ်ဖြတ်နှိပ်စက်ခန်းတွေကြောင့် မိသားစုကြည့်လို့တော့အဆင်ပြေမှာမဟုတ်ပါဘူး )(ဒီဇာတ်ကားနဲ့အညွှန်းကို ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias ပဲ ဖြစ်ပါတယ်)

Size – 2GB, 1.2GB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 2H 11Min
Type – Biography, Drama, History
Subtitle – Myanmar Subtitle (Hardsub)
Translated by Alias
Encoded by Y

လင့်ကို ဘရောက်ဇာမှာဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Romantic (2021)ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။လူဆိုးတွေဆိုတာ လူကောင်းတွေလားလို...
30/11/2021

Romantic (2021)

ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။
လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။
ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။
သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ သူတို့၂ဦးကလည်း Living the Moment ကို အပြည့်အဝခံစားကြ ရိုကြပေါ့။အခက်အခဲ​တွေကြား ပြဿနာ​တွေကြားမှာ ဗက်စကိုတစ်​ယောက် သူ့ရဲ့အချစ်​တွေကို နားလည်သွားနိုင်မလား။ ဗက်စကို နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်ထောက် ကော်မရှင်နာ မမကြီးကပဲ သူ့ကို သံတိုင်တွေနောက်ပို့တာ ခံရမလား။ သူ့ဖခင်အတွက်
ပြန်လည် လက်စား​ချေနိုင်မလားဆိုတာ​တော့ ROMANTIC ဆိုတဲ့ ဒရာမာအက်ရှင်ကား​လေးကို အား​ပေးကြလိုက်ပါဦး။
File size…(2.3 GB)/(1.4 GB)
Quality….WEB-DL HEVC 1080p/720p
Format…mkv/mp4
Duration….02:15:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung

Next Stop, Christmas(2021) Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ...
25/11/2021

Next Stop, Christmas(2021)

Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်
ဒီကားရဲ့ ထူးခြားချက်က time-travel ဇာတ်လမ်းကြိုက်သူတွေလည်း ကြည့်လို့ အဆင်ပြေမယ့်ကားလေးပါ
ဇာတ်လမ်းအကျဉ်းအန်ဂျီဟာ အာရုံကြောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်အများသူငါတွေ အနားယူ မိသားစုဆီ အလျှိုလျှို ပြန်ကြတဲ့အားလပ်ရက် ခရစ်စမတ်မှာ သူကတော့ on call တာ၀န်နဲ့ အိမ်မပြန်နိုင်သူပေါ့။တကယ်တော့ သူကိုယ်တိုင်ကလည်း မိသားစု အရှုပ်တွေကြောင့်အိမ်မပြန်ဘဲ တာ၀န်ကျကာ မြို့မှာပဲ တစ်ယောက်တည်း ခရစ်စမတ်ကို ဖြတ်သန်းချင်သူပါ။ဒီလိုနဲ့ အလုပ်ပြီးလို့ ဘားထိုင်ပြီး အပြန် ဘူတာလက်မှတ်ရုံက ထူးဆန်းတဲ့ အဘိုးကြီးနဲ့စကားစမြည်ပြော လက်မှတ်၀ယ်ပြီး ရထားပေါ်မှာ အိပ်စက်အနားယူ လိုက်လာခဲ့ပါတယ်။သူနိုးလာတဲ့ အချိန်မှာတော့ စီးနေတဲ့ ရထားဟာလည်း ပုံစံတွေပြောင်းအရာအားလုံးလည်း ခေတ်တွေ နောက်ပြန်လည်သွားပါတော့တယ် ….ဘာတွေဖြစ်ကုန်တာလည်း သူကိုယ်တိုင် မသိသလိုဘာကြောင့် အချိန်တွေ နောက်ပြန်လည်သွားတယ်ဆိုတာလည်း သူစဉ်းစားမရပါဒီတော့ CM ပရိသတ်ကြီးက အန်ဂျီနဲ့အတူ အဖြေရှာပေးလိုက်ပါဦး
File size…1.33GB / 835MB
Quality…1080p WEB RIP AAC 5.1Ch / 720p
Format…Mp4
Duration….1h 24min
Subtitle….Myanmar Subtile ( Hard Sub)
Encoder….YK

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Soldier Boy (2019)ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။ဒုတိယကမ္ဘာစစ်အတွင်းမှာ တကယ်ရှိခဲ့တဲ့ သူရသတ္တိဆုတံဆ...
24/11/2021

Soldier Boy (2019)

ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။ဒုတိယကမ္ဘာစစ်အတွင်းမှာ တကယ်ရှိခဲ့တဲ့ သူရသတ္တိဆုတံဆိပ်ရ၆နှစ်အရွယ် အသက်အငယ်ဆုံး စစ်သားလေး ဆီရော့ရှာ ရှိရှကင်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကလေးကလည်း
အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ဂျာမန်တွေကြောင့် မိသားစုတစ်စုလုံးအသတ်ခံရအပြီးမှာ
ဆီရော့ရှာလေးကို တပ်ရင်းတစ်ခုက ကင်းထောက်တစ်ယောက်က ကောက်ရပြီး ခေါ်လာခဲ့ပါတယ်။တပ်ရင်းကနေ မိဘမဲ့ဂေဟာကို ပို့ရမှာဖြစ်ပေမဲ့ တပ်ရင်းတစ်ရင်းလုံးကချစ်ပြီးတပ်ရင်းမှူးကိုယ်တိုင်က မွေးစားလိုက်တဲ့အတွက် ဆီရော့ရှာဟာ တပ်ရင်းမှာပဲ ဆက်နေခွင့်ရခဲ့ပါတယ်။တိုက်ပွဲအတွင်း ကျည်ဆံလိုက်ပို့တာ၊ ဆက်သွယ်ရေးကြိုးသွယ်တာ၊ စာတွေလိုက်ဝေတာကအစတတ်နိုင်သမျှအကုန်လုပ်ခဲ့ပြီး သူ့မွေးစားအဖေကိုပါ သူ့ကိုချစ်တဲ့ သူနာပြုလေးနဲ့လိုက်ပြီးအောင်သွယ်ပေးတဲ့အထိကို လိမ္မာပြီး လည်တဲ့ကလေးပါပဲ။ကြည့်ရင်းနဲ့ကို အတော်သဘောကျဖို့ကောင်းပါတယ်ကြည့်ကြည့်လိုက်ပါဦး
File size…(1.6 GB) / (800 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:26:00
Genre…War, Drama

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Rudra Thandavam (2021)ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေး...
23/11/2021

Rudra Thandavam (2021)

ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
……………………………………………ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကို
ပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။
တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။
File size…2.64GB / 1.68GB
Quality…1080p True Web Dl / 720p
Format…Mp4
Duration….2h 48m
Subtitle….Myanmar Subtitle (Hard Sub)

ကဲ မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများကြည့်ခြင်ရင် like and share ထားနော်...page တွေက အပျက်မြန်လို့ပါနော်😭👇👇👇

https://www.facebook.com/Channel-Myanmar-103535461000838/

Kinderfanger 2020ထိခိုက်လွယ်တဲ့ ကလေးတွေ ပျောက်ဆုံးနေတဲ့အတွက် ဆွံအ နားမကြားကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမလေး အိုလီဗီယာဟာ ရ...
23/11/2021

Kinderfanger 2020

ထိခိုက်လွယ်တဲ့ ကလေးတွေ ပျောက်ဆုံးနေတဲ့အတွက် ဆွံအ နားမကြားကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမလေး အိုလီဗီယာဟာ ရှာပုံတော်ဖွင့်ဖို့ ကြီုးစားတယ်… အဲ့ဒီမှာ Kiderfanger ဆိုတဲ့ လျှိှု့ဝှက်သည်းဖိုသတ္တဝါကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဘယ်လို သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေး ဖြစ်လာမလဲ ဇာတ်လမ်းတွဲတွေမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပေးပါ…
အပိုင်း ၁၀ ပိုင်း ထွက်ရှိထားပါတယ်….

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

Escape of Shark (2021)Bဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့…ဝမ်လေဟာ အရင်က ငါးမန်းတစ်ကောင်ကြောင့် သူ့ရဲ့ချစ်ဇနီးလေးကို ...
20/11/2021

Escape of Shark (2021)

Bဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့…ဝမ်လေဟာ အရင်က ငါးမန်းတစ်ကောင်ကြောင့် သူ့ရဲ့ချစ်ဇနီးလေးကို ဆုံရှုံးလိုက်ရကာ ကျွန်းပေါ်မှာပဲ သောက်လိုက်စားလိုက်နဲ့ ပေတေပြီးနေနေတဲ့ ရေကူးချန်ပီယံဟောင်းတစ်ယောက်ပါ
ဒါ့အပြင် ဝမ်လေက ကျွန်းပေါ်ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်
တစ်နေ့ အဲ့ဒီကျွန်းပေါ်ဟိုတယ်လေးမှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ပါတီကျင်းပပြီးနောက်ရက်မှာပဲ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ငလျင်အကြီးစားတစ်ခု ဖြစ်ပွားခဲ့ပါတယ်
အဲ့ဒီငလျင်ကြောင့် ဟိုတယ်တစ်ခုလုံး ရေလွှမ်းသွားပြီး ငါးမန်းတစ်ကောင်ပါ ရေလှိုင်းတွေနဲ့အတူပါလာတဲ့အခါမှာတော့…

တည်းခိုသူတွေထဲမှ အသက်ရှင်ကျန်ရစ်သူတွေကို ဝမ်လေတစ်ယောက် ဘယ်လိုမျိုး သက်စွန့်ဆံဖျား ဟိုတယ်အပြင်ဖက်ဆီသို့ ခေါ်ထုတ်သွားမလဲဆိုတာကို သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားကြရမှာပါ ။

( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )
File Size__1.2 GB , 650 MB
Quality__1080p, 720p
IMDb Rating__5.5/10
Format__mp4

Disco Dancer မြန်မာစာတန်းထိုးကျနော်တို့ ကလေးဘ၀က Disco Dancer နဲ့ ကုလားကျော်ဟိန်းရဲ့ နောက်တစ်ကား…ငယ်ငယ်က နာမည်ကြီးခဲ့တဲ့ ...
20/11/2021

Disco Dancer မြန်မာစာတန်းထိုး

ကျနော်တို့ ကလေးဘ၀က Disco Dancer နဲ့ ကုလားကျော်ဟိန်းရဲ့ နောက်တစ်ကား…
ငယ်ငယ်က နာမည်ကြီးခဲ့တဲ့ ဒါလေးများ…
ဂျက်မြသောင်းရဲ့ ဒါလေးများ…
ခိုင်ခင်ဦးကို အနုပညာအလုပ် ဆက်လုပ်ဖို့ ပိတ်ခံခဲ့ရတဲ့ ဒါလေးများ…
အဲ့ဒီဒါလေးများ သီချင်းကို ဒီကားထဲက သီချင်းအ​​ဖြစ် သုံးထားပါတယ် ခုမှ သိတယ်….
မိဘမဲ့ မောင်နှမနှစ်ယောက် ရဒ်ဟာ နဲ့ ရာမူးဟာ နာမည်ကြီး ဖျော်ဖြေရေးသမားနှစ်ယောက် ဖြစ်လာခဲ့ကြတယ် ဒါပေမယ့် ၀မ်းနည်းစရာ အဖြစ်အပျက်ကြောင့် ရာမူးဟာ နာကျင်မှုကို ကုစားဖို့ အရက်သမားတစ်ယောက် ဖြစ်လာခဲ့တဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုခံစားပေးကြပါ………
Release date: May 15, 1987 (India)
Director: Babbar Subhash
Mithun Chakraborty = Ramu 'Romeo'
Mandakini = Janita
Smita Patil = Radha
Shakti Kapoor = Resham

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

The Accursed (2021)Horror ကြိုက်တဲ့ ပရိသတ်တွေအတွက် India horror ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဟန်နာနဲ့ အိုင်...
19/11/2021

The Accursed (2021)

Horror ကြိုက်တဲ့ ပရိသတ်တွေအတွက် India horror ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဟန်နာနဲ့ အိုင်ရှဲတို့က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်..တစ်နေ့တော့ ဟန်နာက အိုင်ရှဲကောင်လေးနဲ့ဖောက်ပြန်နေခဲ့တာကို အိုင်ရှဲမိသွားတော့ ဟန်နာတို့မိသားစုသေအောင်လို့ ကျိန်စာတိုက်ခဲ့ပါတယ်..ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုန်းရင်းဆန်ခက်ဖြစ်ရင်း အိုင်းရှဲ သူ့ရဲ့ကျိန်စာနောက်ဆုံးစကားလုံးကိုမပြောဘဲ သေခဲ့ရပါတယ်..ဟန်နာဟာ နှစ် ၂၀ လုံး ဒီကိစ္စကြီးကို ဖုံးဖိထားနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ အမှတ်မထင်ထားတာတွေဖြစ်လာခဲ့ပါတယ်..
အိုင်ရှဲရဲ့ကျိန်စာနောက်ဆုံးစကားက ဘာဖြစ်မလဲ..အဲ့ဒီကျိန်စာကြောင့် ဟန်နာတို့မိသားစုတွေရော
ဘယ်လိုတွေအဆုံးသတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်…
File size…1.19Gb / 766MB
Quality…1080p WEB RIP AAC5.1Ch / 720p
Format…Mp4
Duration….1h 24min
Subtitle….Myanmar Subtitle ( Hard Sub)
Encoder….YK

ကဲ မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများကြည့်ခြင်ရင် like and share ထားနော်...page တွေက အပျက်မြန်လို့ပါနော်😭👇👇👇

https://www.facebook.com/Channel-Myanmar-103535461000838/

Squad (2021)Squad(2021)Over actionတွေမပါတဲ့ Action,Drama တောင်ပိုင်းကားလေးတစ်ကားပါပဲ။နိုင်ငံအတွက်အချိန်မရွေးအသက်စွန့်နို...
18/11/2021

Squad (2021)

Squad(2021)Over actionတွေမပါတဲ့ Action,Drama တောင်ပိုင်းကားလေးတစ်ကားပါပဲ။နိုင်ငံအတွက်အချိန်မရွေးအသက်စွန့်နိုင်တဲ့သူတွေရယ်၊ အမိန့်ကောင်းကောင်းပေးတတ်ပြီး စနစ်ကျတဲ့အမျိုးသမီးကြီးရယ်က နိုင်ငံတကာက လိုချင်နေတဲ့ကလေးလေးတစ်ယောက်ကို ကယ်ဖို့အစီအစဉ်တွေဆွဲပြီးသွားကယ်ကြပါတယ်။
ကလေးလေးကို နိုင်ငံတကာကအရမ်းလိုချင်နေကြတဲ့အတွက်ကြောင့် လွယ်လွယ်ကူကူတာဝန်တစ်ခုတော့မဟုတ်ဘူးပေါ့၊ နိုင်ငံတကာကလည်း သူများတွေလိုချင်နေတာကို သိနေတဲ့အတွက် ရိုးရိုးသာမန်စစ်သားလေးတွေတော့ ဘယ်သုံးမလဲ။
အထူးတပ်ဖွဲ့တွေချည်းပြုံနေတဲ့ဒီစစ်ပွဲသေးလေး‌မှာဘာတွေဖြစ်ကြမလဲ၊ ကလေးလေးကိုရော ဘာဖြစ်လို့များ နိုင်ငံတကာက အရမ်းလိုချင်နေကြရတာလဲ။Action ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။
File size…(1.9 GB) / (1 GB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….02:04:00
Subtitle….Myanmar Subtitle (Hardsub

https://m.facebook.com/story.php?story_fbid=140959338280329&id=100354155674181
18/11/2021

https://m.facebook.com/story.php?story_fbid=140959338280329&id=100354155674181

မတ်မတ်ရဲ့ 18+ movie အခွီလေးနော် 😍😁

❣️Sex Plate 17❣️(2017)

( မြန်မာစာတန်းထိုး စ-ဆုံး )

ဇာတ်ကားအညွှန်း
****************
ကိုရီးယား အခွီဟာသ အချစ် ၁၈+ ဇာတ်ကားလေးပါ...

ချစ်သူကောင်မလေးက တခြားတစ်ကောင်နဲ့ ဖောက်ပြားပျော်ပါးနေတာကို တွေ့လိုက်ရပြီးတဲ့နောက် ဂီဟာတစ်ယောက် အစိမ်းလတ်လတ်အသည်းကွဲသွားပြီး အရက်နဲ့အလေလိုက်နေမိတော့တာပေါ့...

တစ်နေ့မှာတော့ သူ့ဘေးအိမ်ကို လှလွန်းလန်းလွန်းတဲ့ ချိုဟီဆိုတဲ့ကောင်မလေးတစ်ယောက် တစ်ပွေတည်းလာနေတာ ကြုံရတဲ့အပြင် အဲ့ကောင်မလေးက သူ့ကိုဖောင်းဒိုင်းကြရအောင် တောင်းဆိုလာတဲ့အခါ...

အသည်းကွဲနေတဲ့ ဂီဟာတစ်ယောက် အရက်သောက်ကြေကွဲနေရမလား...
ဖောင်းဒိုင်းရမလား ဝေခွဲမရဖြစ်ပြီး ဘဝမှာသိပ်ခက်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ရပါတော့တယ်...

ချိုဟီက အကန့်အသတ်တော့ရှိပါတယ်...၃ ပတ်ပဲ ဒီမှာနေပြီး ဖောင်းဒိုင်းလို့ရမှာဖြစ်ပြီး ၃ ပတ်ကျော်လွန်သွားရင်တော့ ဖြစ်ပျက်သမျှမေ့လိုက်ကြရအောင်တဲ့။

အချစ်ကိုကိုးကွယ်တဲ့ အူကြောင်ကြား ဂီဟာတစ်ယောက် ၃ ပတ်စာ ပျော်မွေ့ပြီး ချိုဟီကိုမေ့လိုက်ရမှာလား...
ချိုဟီကရော ဘာလို့ဒီကိစ္စကို လာလုပ်ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဒီဇာတ်ကားက ကြည့်လို့ပျော်မြူးရမယ့် ၁၈+ ဇာတ်ကားလေးဖြစ်ပါတယ်။

မင်းသမီး Park Kyoung-hee ဟာ နာမည်ကြီးကားတချို့မှာ ပါဝင်ဖူးတဲ့ဇာတ်ရံမင်းသမီးတစ်လက်ဖြစ်ပြီး ဒီဇာတ်ကားမှာတော့ သူ့ရဲ့အလှအပတွေကို မကွယ်မဝှက်တင်ဆက်ပြီး ချိုဟီနေရာကနေ အကောင်းဆုံးသရုပ်ဆောင်သွားပါတယ်။

၁၈+ မကြည့်ရဲရင်တောင် ရယ်ရတဲ့ကားလေးမို့ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

File size…(1.2 GB)/(700 MB)
Quality….WEB-DL HEVC 1080p / 720p
Format…mp4
Duration….01:21:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB
Translated by Daniel Liu

ကဲ မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများကြည့်ခြင်ရင် like and share ထားနော်...page တွေက အပျက်မြန်လို့ပါနော်😭👇👇👇

https://www.facebook.com/Channel-Myanmar-103535461000838/

Allan Quatermain and the Lost City of GoldKing Solomon’s Mines ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်ပြီး H. Rider Haggard ရဲ့ဝတ္တုက...
17/11/2021

Allan Quatermain and the Lost City of Gold

King Solomon’s Mines ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်ပြီး H. Rider Haggard ရဲ့ဝတ္တုကို
အခြေခံကာ ရိုက်ကူးထားတဲ့ မုဆိုးကျော်အလန်ကွာတာမိန်းရဲ့ စွန့်စားခန်းနောက်တစ်ကားဖြစ်ပါတယ်။
ထွေထွေထူးထူး ညွှန်းဖို့လိုမယ်တော့မထင်ပါဘူး။
ဇာတ်လမ်းရဲ့အစကတော့
ဆော်လမွန်သိုက်ကိုရှာတွေ့ပြီးတဲ့နောက်ပိုင်း ကွာတာမိန်းနဲ့ ဂျက်စီတို့ဟာ
အာဖရိကမှာ ဆက်နေခဲ့ပါတယ်။ ထို့နောက် အမေရိကားကိုပြန်ကာ
မင်္ဂလာဆောင်ဖို့ နှစ်ဦးသား စီစဉ်ခဲ့ကြပါတယ်။ သို့သော် ကွာတာမိန်းရဲ့
သူငယ်ချင်းဖြစ်တဲ့ ဒူမောင့်ဟာ ကွာတာမိန်းဆီကို ဆိုးဝါးတဲ့အနေအထားနဲ့ရောက်လာခဲ့ပါတယ်။
ဒူမောင့်ဟာ ပြင်းထန်တဲ့အဖျားရောဂါရနေပြီး အဖျားတက်ကာ ကွာတာမိန်းရဲ့ညီဖြစ်သူ
ရော်ဘင်ဆန်ရဲ့နာမည်ကိုရေရွတ်ပြီးတော့ ရွှေတွေအကြောင်း ကယောင်ကတမ်းနဲ့ပြောပါတယ်
ကွာတာမိန်းလည်း သူ့ညီကို စိတ်ပူပြီး သေချာစုံစမ်းတဲ့အခါမှာတော့ ဒဏ္ဏာရီထဲက ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ကို
ရော်ဘင်ဆန်တို့အဖွဲ့ သွားရှာကြောင်းသိရပါတော့တယ်။ အဲဒီတော့ ကွာတာမိန်းဟာ သူ့ညီကိုရှာဖို့
သူကိုယ်တိုင် ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ဆီသွားဖို့လုပ်ပါတော့တယ်။ ထို့နောက်မှာတော့….အလန်ကွာတာမိန်းဇာတ်ကားများကို ဒီလင့်မှာ https://channelmyanmar.org/?s=allan+quatermain ကြည့်ပါ။
File size…(2.1 GB) / (1 GB)
Quality….BluRay 1080p / 720p
Format…mp4
Duration….01:40:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Alias

လင့်ကို ဘရောက်ဇာမှာ ဒေါင်းရင်ပိုအဆင်ပြေတယ်ဗျ...

No Time to Die (2021) 7.5/10No time to die ကတော့ No time to disappoint ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။ အနားယူပြီးဖြစ်တဲ့ဂျိန...
17/11/2021

No Time to Die (2021)

7.5/10No time to die ကတော့ No time to disappoint ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။ အနားယူပြီးဖြစ်တဲ့ဂျိန်းစ်ဘွန်းကို စီအိုင်အေက စပက်တာတွေနဲ့ ပတ်သတ်တဲ့အမှုတစ်ခု အကူအညီတောင်းလို့ လက်ခံလိုက်ရင်းနဲ့
007 အသစ်နဲ့ တွေ့ပြီး အရင်ရန်သူဟောင်းတွေရော ရန်သူသစ်တွေရော ချစ်သူဟောင်းတွေရောနဲ့ တွေ့ပြီး ဇာတ်လမ်းတွေ
ရှုပ်ကုန်တာပေါ့။ အဓိကကတော့ ဇီဝလက်နက်နဲ့ လူတွေသတ်ပြီး ကမ္ဘာကြီးကို ပြင်ဆင်ပေးချင်တဲ့ သူတော်ကောင်းကြီးကို007 ဟောင်း လူယုတ်မာကြီးက လိုက်ပြီး တားဆီးရတဲ့ ဇာတ်လမ်းပါပဲ။ အများကြီးတော့ ဇာတ်လမ်းကို မပြောပြတော့ပါဘူး။အားလုံးကြိုက်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုMr.Andrson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size – (3.08 GB)&(1.9 GB )&(800 MB)
Quality – AMZN.WEB-DL.DDP5.1CH, 720p, 480p
Duration – 2hr 43min
Subtitle – Myanmar HardsubFormat – MP4
Genre : 007, Action, Adventure, Thriller
Translator – CM Team
Encoder – San Win Maung

Hideout(2021) Hideout (2021)ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါနယ်ခံအိမ်တစ်အိမ်မှာ...
16/11/2021

Hideout(2021)


Hideout (2021)ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါနယ်ခံအိမ်တစ်အိမ်မှာ မဖြစ်မနေတစ်ညတာတည်းခိုခွင့်တောင်းရတာလိုမျိုးအခြေအနေတွေဖြစ်လာနိုင်တယ်မလား .. အိမ်အကြောင်း၊ အိမ်သားတွေအကြောင်း၊ပတ်ဝန်းကျင်အကြောင်း ဘာမှမသိရတဲ့နေရာမျိုးမှာ တစ်ညတာဖြတ်သန်းဖို့ဆိုတာတော့ တကယ်ပဲ ကျောချမ်းစရာကောင်းတဲ့အဖြစ်မျိုးပါ။
“Hideout” ဒီကားလေးမှာတော့ Sarah, Reed, Kyle နဲ့ Rick တို့လေးယောက်က အရက်ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရာကနေ
အပြန်အလှန်ပစ်ခတ်ကြရင်း Reed တစ်ယောက် သေနတ်ကျည်ဆန်မှန်သွားခဲ့ပါတယ်။ ဓားပြတိုက်ခဲ့တဲ့ရာဇဝတ်သားတွေမို့ဆေးရုံသွားလို့လည်းမရ ဒဏ်ရာကလည်း သွေးတွေထွက်လွန်းနေတော့ အရေးပေါ်တည်းခိုပုန်းအောင်းဖို့အိမ်ရှာရပါတော့တယ်။ဒီလိုနဲ့လမ်းခရီးကအိမ်တစ်အိမ်ကိုတစ်ညတာတည်းခိုခွင့်နဲ့ဆေးကုသခွင့်တောင်းပြီးနေဖြစ်ခဲ့ကြရာကနေ အိမ်ပိုင်ရှင်မြေးအဘွားနှစ်ယောက်ရဲ့ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေ .. အိမ်ကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံဆုံလာခဲ့ရတဲ့အခါမှာ …
File size…1.36GB / 900MB
Quality…1080p / 720p
Format…Mp4
Duration….1h 54m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by Lai Laii

ကဲ မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများကြည့်ခြင်ရင် like and share ထားနော်...page တွေက အပျက်မြန်လို့ပါနော်😭👇👇👇

https://www.facebook.com/Channel-Myanmar-103535461000838/

SynopsisComplete cast (2021)ချစ်တဲ့သူနဲ့ကွေကွင်းရခြင်းမချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းထက် ပိုသောဒုက္ခကားမရှိတဲ့…ငယ်ငယ်...
14/11/2021

SynopsisComplete cast (2021)

ချစ်တဲ့သူနဲ့ကွေကွင်းရခြင်းမချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းထက် ပိုသောဒုက္ခကားမရှိတဲ့…ငယ်ငယ်က ဝတ္ထုတွေထဲမှာ ဖတ်နေကျ စာသားလေးပေါ့ခုခေတ်ကြီးမှာ အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာနေရတဲ့ စုံတွဲတွေ အများကြီး ရှိမှာပါအလုပ်ကိစ္စ..မိသားစုကိစ္စ..ကျန်းမာရေး..ပညာရေး စသည်စသည်ဖြင့်ပေါ့…
LDRS တစ်ခုမှာ ဘာအရေးကြီးသလဲ အချစ်ကအဓိကလား..
ချစ်နေရုံနဲ့ ရပြီလား ဘာတွေထပ်လိုအပ်သေးလဲအနေဝေးပြီး သွေးအေးသွားရင် ဘာတွေဖြစ်လာမလဲ…စသည်စသည်ဖြင့် ယနေ့ခေတ်ရဲ့ relationship problem တွေကို မီးမောင်းထိုးပြထားပါတယ်…အနေဝေးတဲ့ချစ်သူတွေ ပြသနာတွေတက်ကြ ရန်တွေဖြစ်ကြတဲ့အခါဒီဇာတ်ကားလေးကိုကြည့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲကြပဲအချစ်တွေပြန်တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်…အချစ်ဆိုတာ သူတစ်ခုတည်းလဲ မပြည့်စုံပြန်ဘူး..ခံစားချက်တွေ ဆက်နွယ်မိဖို့ကလည်း လိုသေးတယ်မဟုတ်လား…..

File size…2.19Gb / 1.2Gb
Quality…1080p NF WEB DL AAC 5.1CH and 720p
Format…Mp4
Duration….2h 20mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Mg Moe Win & Ma Shwe Tone

On the Line (2021) Phishing ဆိုတာ အသံနဲ့လိမ်လည်မှုတစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်င...
14/11/2021

On the Line (2021)

Phishing ဆိုတာ အသံနဲ့လိမ်လည်မှု
တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့
ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး“အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ
ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး
တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ”
လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန်
အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး
ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း….
လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို
နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း….ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ
On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။

Genre…..Action, Crime, Drama
Quality….FHDRip 1080p and 720p and 480p
File size…1.5GB and 1GB and 582MB
Format…mp4
Duration….1h 50min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Thuu Thuu
Encoder …..August

ကဲ မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများကြည့်ခြင်ရင် like and share ထားနော်...page တွေက အပျက်မြန်လို့ပါနော်😭👇👇👇

https://www.facebook.com/Channel-Myanmar-103535461000838/

Address


Website

Alerts

Be the first to know and let us send you an email when Family Of Flims posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share