Xiao Hu Li

Xiao Hu Li Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Xiao Hu Li, Gaming Video Creator, .

“မညီမျှမှုများနှင့် မြန်မာပြည်”◾ဒီပုံလေးက တော်တော်များများလည်း ကြည့်ဖူးကြမဲ့ Parasite ဇာတ်ကားထဲကပါ။ တအားချမ်းသာတဲ့ မိသား...
16/02/2022

“မညီမျှမှုများနှင့် မြန်မာပြည်”

◾ဒီပုံလေးက တော်တော်များများလည်း ကြည့်ဖူးကြမဲ့ Parasite ဇာတ်ကားထဲကပါ။ တအားချမ်းသာတဲ့ မိသားစုနဲ့ နွမ်းပါးတဲ့ မိသားစု ၂ ခုကို ယှဉ်ပြထားတာ။ မနေ့ညက မိုးတွေ သည်းတော့ ဒီမနက် ကောင်းကင်က ကြည်လင်နေတဲ့အခါ သူဌေးမက သဘောကျနေတယ်။ သူက မိုးလုံလေလုံနဲ့ အေးဆေးနေခဲ့ရတာကိုး။ ဒါပေမဲ့ ကားဆရာရဲ့ မိသားစုကတော့ မြေအောက်တိုက်ခန်းလေးမှာ နေရတာမို့ ညက မိုးသည်းတဲ့အချိန် ကမ္ဘာပျက်မလိုတွေ ဖြစ်နေခဲ့ရတာ။

ဒီလိုဆင်းရဲချမ်းသာ ကွာခြားမှုက တောင်ကိုရီးယားမှာ ရှိသလို အမေရိကန်မှာလည်း ရှိတယ်။ အိန္ဒိယမှာလည်း ရှိတယ်။ အကြောင်းကြောင်းတွေကြောင့်ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မညီမျှမှုကတော့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ ခွဲပြောရရင်တော့ ၂ ချက်ပါ။

📌 ၁။ အကျင့်ပျက် ခြစားမှု

စစ်အာဏာရှင်စနစ် ဆိုတာနဲ့ တွဲပါလာတဲ့ ကိစ္စပဲ။ အဲ့လိုအကျင့်ပျက် ခြစားရာကနေ လက်သင့်ရာ စားတော်ခေါ်တဲ့ ခရိုနီစနစ် ဆိုတာ ဖြစ်လာတယ်။ ရလဒ်အနေနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ မိသားစုတွေ၊ သူတို့နဲ့ ရင်းနှီးတဲ့ လူတစ်စုကပဲ ထားစရာ မရှိအောင် ချမ်းသာသွားတယ်။ တိုင်းပြည်က ချွတ်ခြုံကျနေတယ်။ နိုင်ငံကနေ ထုတ်လုပ်နိုင်တာရယ်လို့ ဘာမှမရှိဘူး။ သယံဇာတတွေပဲ ရောင်းစရာရှိတယ်။ ရောင်းလို့ရတဲ့ငွေကို တစ်တိုင်းပြည်လုံး ဘယ်သူမှ မရဘူး။ ဒီစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေကလွဲရင်။ ရှိသမျှ လုပ်ငန်းကိုင်ငန်း မှန်သမျှလည်း သူတို့ပဲ လက်ဝါးကြီး အုပ်ထားတယ်။

ဒါကြောင့်လည်း ရန်ကုန်မှာ တကယ့်အိမ်ကြီးခြံကြီးတွေနဲ့ နေနိုင်တဲ့သူဆို ကြည့်လိုက်။ များသောအားဖြင့် စစ်တပ်နဲ့ ပတ်သက်ဆက်စပ်သူတွေချည်းပဲ။ ခရိုနီလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့က တကယ့်အကြီးစားတွေပဲ မြင်တယ်။ သို့သော် ရပ်ကွက်အဆင့်ထိ ဒီအကျင့်ပျက်မှု ပြဿနာက ရှိနေတယ်။ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့သူက ပိုလုပ်ခွင့်ရတာမျိုးပေါ့။ ဒီကနေမှ ဆင်းရဲချမ်းသာ တအားကွာဟလာတယ်။

ဒီလိုဖြစ်နေတာက သူတို့က တော်လို့၊ ကျန်တဲ့သူတွေက ညံ့နေလို့ မဟုတ်ဘူး။ အကျင့်ပျက်မှုကြောင့်၊ ခရိုနီစနစ်ကြောင့် ဖြစ်နေရတာပဲ။

အဲ့လိုကနေ မျိုးရိုးစဉ်ဆက်ပါ ကွာခြားလာတော့တယ်။ ပိုက်ဆံက ရှိတော့ ငယ်ငယ်လေးနဲ့ စွန့်ဦးတီထွင်တွေ ဘာတွေ ဖြစ်ကြ။ ဖြစ်မှာပေါ့။ သုံးမကုန်အောင် ပိုက်ဆံတွေက ရှိနေတော့ ရင်းနှီးနိုင်တယ်လေ။ ပြီးရင် စင်ပေါ်ကနေ မိုက်တစ်လုံးနဲ့ ဆရာတွေ လုပ်ကြရော။ ဒီဘက်က သာမန်လူတန်းစားကနေ မွေးတဲ့ လူငယ်ကတော့ ဘယ်လောက်တော်တော် ငွေမရှိတော့ ဝန်ထမ်းဘဝကနေပဲ တစ်ဆင့်ပြီးတစ်ဆင့် စကြရတာ။

စစ်ဗိုလ်ချုပ်တွေ၊ ခရိုနီတွေရဲ့ မျိုးဆက်က နိုင်ငံတကာအဆင့် ပညာရေးကို ရတဲ့အချိန်၊ ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ သွေးစွန်းငွေတွေနဲ့ ပညာသင်နေတဲ့အချိန် ကျန်တဲ့ ပြည်သူအများစုကတော့ အခြေခံအဆင့် ပညာရေးတောင် လက်လှမ်းမမီ ဖြစ်လာတယ်။ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းရင်း ဘွဲ့ရဖို့ မပြောနဲ့၊ အထက်တန်းတောင် မအောင်တဲ့သူတွေ ဖြစ်လာတယ်။

အဲဒီမှာမှ ဗမာမဟုတ်တဲ့ တခြား တိုင်းရင်းသားတွေကတော့ ပိုဆိုးတာပေါ့။ စာသင်ကျောင်းတွေပေါ် လက်နက်ကြီးတောင် ကျနေလိုက်သေးတယ်။ ဒါကြောင့် ဒုတိယအကြောင်းရင်းက ဘာလဲဆိုတော့ …

📌 ၂။ ဗမာလူမျိုးကြီးဝါဒ

ဒီစကားလုံးကို ခုအာဏာသိမ်းကာလမှာ အတော်လေး ကြားမိလာကြမယ် ထင်တယ်။ အဲဒီအခါ တချို့သော ဗမာတိုင်းရင်းသားတွေကလည်း သဘောမတူကြဘူး။ ငါတို့က အဲ့လိုမဟုတ်ပါဘူး၊ တခြား တိုင်းရင်းသားတွေအပေါ် မခွဲခြားဘူး၊ မနှိမ့်ချဘူး စသဖြင့်ပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ။ ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရခိုင်ဒေသတွေ ကျွန်တော် ရောက်ဖူးတယ်။ အလုပ်တွေ လုပ်ဖူးတယ်။ မိတ်ဆွေတွေလည်း အများကြီး ရှိတယ်။ သို့သော် ဗမာလူမျိုးကြီးဝါဒ ဆိုတာက အဲ့လိုတစ်ယောက်ချင်းစီထက် ဒီလူမှုအဖွဲ့အစည်းက ကျင့်သုံးနေတဲ့စနစ်ကို ရည်ညွှန်းတယ်။ ဗမာဖြစ်နေတာနဲ့ကိုပဲ အလိုလိုနေရင်း အသာရသွားတာမျိုး။ မြင်သာတဲ့ ဥပမာပြောရရင် Patriarchy ဆိုတဲ့ ဖိုဝါဒလိုပေါ့။ ယောက်ျားဖြစ်တာနဲ့ကို ဘာမှလုပ်စရာမလိုဘဲ တစ်ပန်းသာနေတာ။ မိန်းမဖြစ်တာနဲ့ကို၊ LGBT ဆိုတာနဲ့ကို တစ်ပန်းရှုံးနေတာ။

နမူနာသေးသေးလေးတစ်ခု ပြောပြမယ်။ ချင်းပြည်နယ်မှာ ကျွန်တော် အလုပ်လုပ်တုန်းက မိုးတွင်းဆို ရွာတွေ သိပ်သွားလေ့ မရှိဘူး။ ဘာလို့ဆို မိုးတွေရွာ၊ မြေတွေပြိုတော့ လမ်းပန်းဆက်သွယ်ရေးက ခက်တယ်လေ။ ဒါပေမဲ့ ကလေးတွေကျ မြေပြန့်နဲ့ တစ်ပုံစံတည်း လုပ်ရတဲ့အခါ မိုးတွင်းဆို ကျောင်းတက်ရပြီး သွားရေးလာရေး အဆင်ပြေတဲ့ နွေဆို အိမ်မှာ နေရတယ်။ ဒါ ဘာကြောင့်လဲဆို ကိုယ်ပိုင်ပြဌာန်းခွင့် မရှိလို့ပဲ။

အဲဒီတော့ ချင်းပြည်နယ် ကျေးလက်ဒေသမှာ နေတဲ့ ကလေးတွေဟာ အဲ့မှာ လူဖြစ်ခြင်းကြောင့် အလိုလိုနေရင်းကို မြေပြန့်က ဗမာကလေးတစ်ယောက်ထက် နောက်ကျသွားပြီ။ တာထွက်မှတ်ကအစ မတူတော့ဘူး။ ဘာသာစကားတို့၊ ချင်း (ဂျင်း) သမိုင်းတွေ သင်ခဲ့ရတာတို့၊ စစ်ဖြစ်နေတာတို့တွေ ခဏထားဦးနော်။ ကျောင်းဖွင့်ချိန်မှာတင် ပြဿနာက စနေပြီ။

ဗမာတိုင်းလည်း အဆင်ပြေပြေ ပညာသင်ခွင့် ရနေတာတော့ မဟုတ်ဘူး။ ပြောရရင် စစ်တပ်က သူတို့အမျိုးတွေ ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ခုနောက်ပိုင်း နေပြည်တော်၊ အဲ့လောက်သာ နည်းနည်း လွှတ်ထားတာ။ ကျန်တဲ့ ဗမာဒေသတွေမှာလည်း ဖိနှိပ်တာပဲ။ အနိုင်ကျင့်တာပဲ။ ဒါကြောင့် ဆင်းရဲနွမ်းပါးကြ၊ ပညာမသင်နိုင်ကြ။ ဖျာပုံက ကျေးရွာလေးမှာ လူဖြစ်တဲ့ ကလေးကလည်း ရန်ကုန်က လူလတ်တန်းစားဆီမှာ မွေးဖွားတဲ့ ကလေးထက် နောက်ကျနေတာပဲ။ သို့သော် သူက တခြားတိုင်းရင်းသားတွေထက်တော့ နည်းနည်းလေး တော်သေးတယ်ပေါ့။ အနည်းဆုံး ဘာသာစကား အခက်အခဲတော့ မရှိဘူးပေါ့။

ဒါကို လူမျိုးကြီးဝါဒလို့ နားလည်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်စီကနေတော့ လုပ်နေတာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်က သွတ်သွင်းထားတဲ့ စနစ်အောက်မှာ ကျွန်တော်တို့က အလိုလိုနေရင်း အသာရသွားတာမျိုးပဲ။

ဗမာဖြစ်မယ်၊ ရန်ကုန်မှာ မွေးမယ်၊ ဗုဒ္ဓဘာသာမှာ ကိုးကွယ်မယ်ဆိုရင်ကို ဘာမှ မလုပ်ရသေးဘူး။ တစ်ပန်းသာနေပြီ။ ဒါကြောင့်လည်း ကျွန်တော် ဆယ်တန်းကို လွယ်လွယ်ကူကူအောင်၊ ဆေးကျောင်းရောက်၊ ဆရာဝန် ဖြစ်ခဲ့တာပေါ့။ ဆင်းရဲနွမ်းပါးတဲ့ ဗမာဒေသ၊ ဒါမှမဟုတ် တခြားတိုင်းရင်းသားဒေသ တစ်ခုခုမှာသာ လူဖြစ်ခဲ့ရင် ဒီလောက် မလွယ်နိုင်ဘူး။

ဒါကြောင့် ဘဝအခြေအနေတွေ ကွာခြားနေကြတယ်ဆိုတာ တက်ကျမ်းဆရာတချို့ ပြောသလို ကြိုးစားအားထုတ်မှု ကွာခြားလို့ မဟုတ်ဘူး။ အကျင့်ပျက်ခြစားမှုရယ်၊ ဗမာလူမျိုးကြီးဝါဒရယ်ကြောင့် ဖြစ်နေရတယ် ဆိုတာ မြင်ဖို့ လိုတယ်။ ဒီ ၂ ခုလုံးရဲ့ လက်သည်တရားခံကတော့ စစ်အာဏာရှင်စနစ်ပဲ။

◾ဒီအတွက် တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ဒါကို အဆုံးသတ်ဖို့ ဖြစ်တယ်။ မအလနေရာ နောက်တစ်ယောက် တက်လာရုံ၊ ဒါမှမဟုတ် ၂၀၂၀ အခြေအနေကို ပြန်သွားကြရုံ မဟုတ်ဘူး။ ဒီမိုက​ရေစီလည်း ရရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်လည်း ဖြစ်ရမယ်။

အကျင့်ပျက် ခြစားမှုဆိုတာ လုံး၀ အမြစ်ပြတ်သွားတယ်ရယ်လို့တော့ မရှိပါဘူး။ လူဆိုတာ ဖောက်ပြန်တတ်တဲ့ သတ္တဝါပဲ။ သို့သော် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆို ဒါကို ကိုင်တွယ်နိုင်တယ်။ စင်ကာပူလည်း ဒီမိုကရေစီစစ်စစ် ရှိတာ မဟုတ်ဘူး။ လူတိုင်းက ရိုးသားနေတာ မဟုတ်ဘူး။ သို့သော် တရားဥပဒေ စိုးမိုးမှု အားကောင်းတဲ့အခါ တိုင်းပြည်က ခဏအတွင်း တိုးတက်လာတာပဲ။

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံဟာ မတူကွဲပြားမှုတွေ ပေါင်းစည်းထားတဲ့ နိုင်ငံဖြစ်တယ်။ အရွယ်အစားအားဖြင့်လည်း တအားကြီး သေးမနေဘူး။ ဒီတော့ ဗဟိုချုပ်ကိုင်မှုနဲ့ အားလုံးတစ်သားတည်း တစ်ပုံစံတည်း လုပ်လို့ မရဘူး။ သမိုင်းတွေ မတူဘူး။ ကိုးကွယ်မှုတွေ မတူဘူး။ ရာသီဥတုလည်း မတူဘူး။ တောင်တန်းမြေပြန့် မတူဘူး။ ဒါကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တွေ ပေးထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီကသာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် သင့်တော်တယ်။ ဒါမှသာ တိုင်းရင်းသားတွေကြားထဲ မတူညီမှုတွေ နည်းသွားမှာ ဖြစ်ပါတယ်။

◾စိတ်ကူးယဉ်ကြည့်ရရင် သီတင်းကျွတ်လပြည့်နေ့ဆိုတာ ချင်းပြည်နယ်မှာ ပိတ်ရက် ဖြစ်ချင်မှ ဖြစ်တော့မယ်။ ကချင်ပြည်နယ်နေ့ ဆိုရင် ကချင်မှာ ရုံးပိတ်မယ်။ ခရစ်ယာန်များတဲ့ ဒေသမှာ ခရစ်စမတ်ကနေ လွတ်လပ်ရေးနေ့ထိ ပိတ်ရက်ရှည် ဖြစ်ချင်ဖြစ်သွားမယ်။ ကိုယ်ဝန်ဖျက်ချခွင့်ကို ပြည်နယ်တစ်ခုခုမှာ တရားဝင် ခွင့်ပြုလိုက်တာမျိုး ရှိနိုင်သလို၊ သက်ငယ်မုဒိမ်း ကျူးလွန်ရင် ဒေသတစ်ခုခုက သေဒဏ်စီရင်တာတွေလည်း ရှိလာနိုင်တယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဒီထက် အများကြီး ကျယ်ပြန့်ပါတယ်။ မြင်သာတဲ့ ဥပမာလေးတွေ ပြောပြတာ။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြား အာဏာခွဲဝေမှုတွေ၊ လက်နက်ကိုင်တပ်၊ လုံခြုံရေးတပ်နဲ့ ပတ်သက်တာတွေ အများကြီး ရှိတယ်။ နည်းနည်းလေး ပုံဖော်ကြည့်လို့ရအောင် ရေးပြတာ။ အဲ့လိုသာဆို လူတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာ ဘာတိုင်းရင်းသားအဖြစ် မွေးလာ မွေးလာ နောက်ကျမနေတော့ဘူး။

◾ဖက်ဒရယ်လို့ ပြောလိုက်ရင် ခွဲထွက်ရေးဆိုတဲ့ ဂျင်းနဲ့ ကျွန်တော်တို့ ကြီးပြင်းလာကြတယ်။ အခုတော့ အဆိုးထဲက အကောင်းဆိုသလို ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိ အမြင်ပွင့်လာကြပြီ။ ပြောရရင် Relationship တစ်ခု တည်ဆောက်သလိုပဲ။ စစ်တပ်က လုပ်ခဲ့တာကကျ မျိုးစုံ အနိုင်ကျင့်ဗိုလ်ကျမယ်၊ ပေးလည်း မကွဲဘူး၊ နင် ငါနဲ့ မကွဲရဘူးဆိုပြီး အတင်းချုပ်နှောင်ထားတယ်။ သူ့ကြောင့် ဒီအိမ်ထောင်ရေး မပြိုကွဲတာဆိုပြီးတောင် နာမည်ကောင်း ယူနေလိုက်သေးတယ်။ အဲ့တော့ ဒီအိမ်ထောင်က တရားဝင်သာ မကွဲတယ်၊ အတွင်းထဲမှာက အစိပ်စိပ်အမြွာမြွာ ဖြစ်နေရော။

ဖက်ဒရယ် ဆိုတာကတော့ Healthy relationship တစ်ခု တည်ဆောက်တာပဲ။ လမ်းခွဲချင်လည်း ခွဲသွား၊ ဒါ သူ့လွတ်လပ်ခွင့်ပဲ။ သို့သော် ခွဲမသွားအောင်တော့ ကိုယ့်ဘက်က ဆွဲဆောင်မယ်၊ စည်းရုံးမယ်။ တကယ်တမ်း ချစ်သူရည်းစား၊ အိမ်ထောင်ဘက်တွေဆိုတာ ဒါပဲလေ။ သူ ကိုယ့်အနား ရှိနေအောင် ကိုယ့်ဘက်က အားစိုက်ထုတ်မှုတွေ လုပ်နေရတာပဲ မဟုတ်ဘူးလား။ ဘာမှ အားမစိုက်ဘဲ ဘယ်သူက ကိုယ့်အနား ရှိနေပါ့မလဲ။ ဘယ်သူ့မှာမှလည်း အဲ့လို ရှိနေပေးဖို့ တာဝန်ရှိတာ မဟုတ်ဘူးလေ။ ရှိနေစေချင်ရင် ရှိနေအောင် အကြမ်းမဖက်၊ အနိုင်မကျင့်၊ ဗိုလ်မကျ၊ အတင်းချုပ်နှောင်မထားဘဲ လုပ်ရမှာပေါ့။

ပြောရရင် ဒီအကြောင်းအရာတွေက ကိုယ်တိုင်တောင် ခုမှ လေ့လာနေရဆဲကိစ္စတွေ ဖြစ်တယ်။ NUG တို့၊ NUCC တို့ကို အကြံပြုဝေဖန်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ သို့သော် အရင်ထက်စာရင် နည်းနည်းလောက်ဖြစ်ဖြစ် ပိုသိလာ၊ မြင်လာပြီ ဆိုရမယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ တခြားသော ဗမာတိုင်းရင်းသားတွေကိုလည်း တိုက်တွန်းချင်တယ်။ လိုက်လေ့လာကြည့်ပါ။ ဖတ်ကြည့်ပါ။ ဒါမှသာ ဒီတော်လှန်ရေးက ဘယ်ကို သွားနေတယ်၊ ဘယ်ပန်းတိုင်ကို ဦးတည်သင့်တယ် ဆိုတာ မြင်လာမယ်။

◾ပြန်လိုချင်တဲ့ အမြတ်အစွန်းက ကြီး​တော့ ထည့်ဝင်ရတဲ့ အရင်းအနှီးလည်း များတယ်၊ ​စောင့်ဆိုင်းရတဲ့ အချိန်ကာလလည်း ကြာမယ်​ပေါ့။ သို့​သော် တစ်ဖက်ကလည်း ဘယ်တုန်းကမှ ခုလို တိုင်းရင်းသားအားလုံး စုစုစည်းစည်းနဲ့ စစ်အာဏာရှင်ကို ​​​တော်လှန်တယ်ဆိုတာ ရှိမှမရှိခဲ့တာ။ ဒါ​ကြောင့် အက်စတာ​ဇေ​နောရဲ့ စကား ယူသုံးရရင် ဒီတစ်ကြိမ်သည် အလားအလာ အ​ကောင်းဆုံးပါပဲ။

တော်လှန်ရေး လုံးဝအောင်မြင်ခဲ့ရင် ပေါ်ထွက်လာမဲ့ နိုင်ငံသစ်က ခုလက်ရှိနဲ့ ဘယ်လိုမှ မတူနိုင်တော့ဘူးလို့ ထင်ပါတယ်။ တိုင်းရင်းသားတွေကြားထဲ တန်းတူညီမျှမှု ရှိတဲ့ တိုင်းပြည်သစ်ပေါ့။ ပြောသလောက်တော့လည်း မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ ပျက်စီးခဲ့တဲ့ ယုံကြည်မှုတွေကို ပြန်တည်ဆောက်ရမှာ။ အကွဲအပြဲတွေကို ဆွဲချုပ်ရမှာ။ ကျွန်တော်တို့ကတော့ အုတ်မြစ်ချသွားတဲ့ မျိုးဆက်ပဲ ဖြစ်နိုင်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့လောက် လုပ်နိုင်ရင်ကိုပဲ အတိုင်းအတာတစ်ခုထိ တာဝန်ကျေတယ် ဆိုရပါမယ်။

ဒေါက်တာ ဖြိုးသီဟ
၁၅.၂.၂၀၂၂

Photo credit

Address


Website

Alerts

Be the first to know and let us send you an email when Xiao Hu Li posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share