Rohingya Media

  • Home
  • Rohingya Media

Rohingya Media နှိပ်စက်ခံ ရိုဟင်ဂျာ လူမျိုး သတင်းမ?

15/09/2023

သမိုင်းဖုံးကွယ်ဖို့ မကြိုးစားနဲ့ ...

ဘုန်းကြီး သဃ်န်း ဝတ်ဆင်ပြီးလူရာမဝင် ဗုဒ္ဓဘာသာမှတားမြစ် ထားသောအစွန်းရောက်အပြောအဆို သူတပါးထိခိုက်သောလူမျိုးခွဲခြားနှိမ့်ချပြောဆိုခြင်း၏ သင်ခန်းစာကို​ ​အောက်တွင် တွဲထားသောလင့်ခ်ဖွင့်နားထောင်ပြီး လူရာဝင်ဘုန်းကြီးကျင့်ဝတ်နှင့်ကိုက်ညီအောင်နေဖို့ ကြိုးစားပါ ၊ အချိန်ကုန်သွားပါပြီ လူမျိုးတုံ့သတ်ဖြတ်မှုတရားခံစာရင်း မှတ်တမ်းတင်ဖို့ဘဲကျန်ပါတော့တယ် ။

https://www.facebook.com/100081348300119/posts/300518726003069/?mibextid=Nif5oz

05/09/2023

ရခိုင်ဒေသမှာအသစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့
လို့ပြောဆိုနေသူ ဗမာ မဟာလူမျိုးကြီးဝါဒီများ စစ်ရာဇဝတ်ဗမာ စစ်တပ်ဒလံလုပ်သူ မင်းကဘာကောင်လဲ? မင်းကရိုဟင်ဂျာနှင့်ပတ်သက်ပြီးဘာသိလဲ? မင်းက genocide တရားခံတဦးထပ်ပေါ်လာတယ် မင်းကရခိုင်ပြည်အရေးနှင့်ဘာမှမဆိုင်ဘူး ဂျင်းထည့်ဖို့မကြိုးစားနဲ့ အချိန်ကုန်သွားပြီ နှစ်ပေါင်း ၇၀ နီးပါး လုပ်လာတာ မင်းကယ္ခုမှထအော်ယင် ဘာမျှမထူးပါဘူး genocide တရားခံဖြစ်ဖို့ဘဲရှိတယ် မင်းအခုလွှင့်ထားတဲ့ဗွီဒီယိုဖိုင်နှင့် မင်းအတွက် icc မှာတရားထပ်ဆွဲထဲဖို့ရှိတယ် ၊
တိုရင်းလိုရင်း ပြောရယင် NUG အစိုးရဝန်ကြီးဆီကမေး ရိုဟင်ဂျာမှာရှင်းပြချိန် ကုန်သွားပြီ ။
အခုမင်းက ရိုဟင်ဂျာသမိုင်းဆိုင်ရာ debate လုပ်ဖို့ဆင့်ခေါ်နေတာဟာလည်း အချိန်ကုန်ဆုံးသွားပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာလူမျိုးကို genocide လုပ်တဲ့ မင်းတို့ အာဏာသိမ်းစစ်ကောင်စီနှင့်နောက်လိုက်တွေမှလွဲလို့ ကျန်တဲ့ မြန်မာတနိုင်ငံလုံးက လူတွေ သမိုင်းလေ့လာပြီးမှ ရိုဟင်ဂျာလူမျိုးကီုလက်ခံနေကြပါပြီ ။
၁၉၁၃ ကနေမကြာခင်ကာလအထိ မင်းတို့ရဲ့သမိုင်းပညာရှင်တွေကို debate လုပ်ဖို့ ကိုယ်တိုင် ခဏခဏဆင့်ခေါ်ခဲ့တာ မင်းမသိဘူးလား? မသိယင်လေ့လာ ၊
မြန်မာအဏာသိမ်းစစ်ကောင်စီ နှင့် ဂမ်ဘီယာနိုင်ငံ တို့ ICJ မှာ debate လုပ်နေတဲ့အတွက် နောက်ထပ် debate လုပ်စရာမလိုတော့ဘဲ အဲဒီကအဖြေမှန်ကိုသာစောင့်မျှော်နေလိုက်ပါ ။

03/05/2023
20/10/2022

လွန်ခဲ့သော ဧပြီလတုန်းက ဘဂ်လားဒေ့ရ်ှနိုင်ငံသားတဦး ဖွင့်ထားသော youtube ရှနယ် တခုမှ မည်သည့်ခိုင်လုံသောအထောက်အထား မရှိဘဲ မမှန်မကန်သတင်းထုတ်လွှင့်ခြင်းအား ဤ ရိုဟင်ဂျာမီဒီယာမှ ထုတ်ဖော်ရေးသားခဲ့သည်... လင့်ခ်...
https://m.facebook.com/story.php?story_fbid=390490742974724&id=100816221942179&sfnsn=mo

ယ္ခုအခါ ဘဂ်လားဒေ့ရ်ှ သတင်းရှနယ်တချို့ မှ ခိုင်လုံသောအထောက်အထား ရုပ်သံများဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သတင်းအမှန်ကိုထုတ်လွှင့်နေကြောင်းတွေ့ရှိရသည် ။ ဗွီဒီယိုကို နားဆင်ကြည်ပါ....

ဒီနေ့ မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက ပညာတတ်တစ်ဦးဖြစ်တဲ့ ဆရာဦးရှေကုလ်အစ္စလာမ် (အသက် ၅၅ နှစ်) ပစ်သတ...
08/10/2022

ဒီနေ့ မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက ပညာတတ်တစ်ဦးဖြစ်တဲ့ ဆရာဦးရှေကုလ်အစ္စလာမ် (အသက် ၅၅ နှစ်) ပစ်သတ်ခံလိုက်ရပါတယ်။ ကျေးရွာသားအများစုကတော့ ရက္ခိုင့်တပ်တော် (AA) က ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ဆိုကြပါတယ်။

ဆရာဦးရှေကုလ်အစ္စလာမ်က လွန်ခဲ့တဲ့အပတ်တုန်းက အခြားသောကျေးရွာသားများနဲ့အတူ တိုက်ပွဲကြောင့် ရွာကို စွန့်ခွာခဲ့ပြီး၊ ဒီနေ့မနက်ပိုင်းမှာ နေအိမ်က စာရွက်စာတမ်းတစ်ချို့ ပြန်ယူဖို့ ရွာကို ပြန်တာမှာ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

27/09/2022

၂၀၁၂ခုနှစ်ကပင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ ရိုဟင်ဂျာများကိုထိန်းသိမ်းရေးစခန်းတွင်ထားရှိသောအကြောင်းမှာ လုံခြုံမှုပေးရန်ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ တမန် ရည်ရွယ်ချက်ရှိရှိ ထိန်းသိန်းရေးစခန်းတွင် နှစ်ရှည်ထားရှိရန်ကြိုတင်ပြင်ဆင် ကြံစည်လုပ်ဆောင်ခဲ့ကြောင်းထင်ရှားနေပါသည်။

ရခိုင်စစ်ပွဲသည်ရန်သူစစ်ပွဲကဲ့သို့ အနိုင်အရှုံးမရှိဘဲ အယောင်ဆောင်စစ်ပွဲလို့သာပြောရပါမည်။ဤစစ်ပွဲ၏အဓိကအကြောင်းအရင်းနှင့်ရည်ရွယ်ချက်ကို နှစ်ဖက်ခေါင်းဆောင်များကသာသိထားပြီးအောက်ခြေကမသိ၍ ယခုလိုအပြန်အလှန်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။

ရခိုင်နှင့်ဗမာစစ်တပ်တို့စစ်ဖြစ်ပွားရာတွင် ဗမာစစ်တပ်ကိုရခိုင်မှမောင်းထုတ်ရန်မဟုတ်သလို ဗမာစစ်တပ်ကလည်းရခိုင်ကိုမောင်းထုတ်ရန်မဟုတ်ဘဲ နှစ်ဖက်စစ်ပွဲဒဏ်ကြောင့် ဒေသခံ ရိုဟင်ဂျာများနေရပ်စွန့်ခွာထွက်ပြေးစေရန်သာဖြစ်ပါသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့AAကို ဗမာစစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာတွင် အသေအပျောက်အထိအခိုက်မရှိအောင် ဆင်ခြင်ပစ်ခတ်တိုက်ခိုက်ရန်အထက်ညွန်ကြားချက်ရှိကြောင်း လက်တွေ့အခြေအနေအရသိသာထင်ရှားပေါ်လွင်နေပြီဖြစ်ပါသည်။
ရခိုင်နှင့်ဗမာတို့အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည်ဟု အများကယုံကြည်နေချိန်ဗမာအစိုးရကရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံပြီး မူလနေရာတွင်ပြန်လည်နေရာချထားလျင်၇၅ရာခိုင်နှုန်း တိုက်ပွဲလျော့နည်းသွားနိုင်ကြောင်းမြင်နေရသော်လည်း လုပ်ဖို့ဆန္ဒမရှိတာကိုသုံးသပ်ရင်အဖြေပေါ်သည်။

နှစ်ဖက်စလုံး၏ဘုံရည်ရွယ်ချက်ရပ်တည်ချက်သည်ရိုဟင်ဂျာလူမျိုးကိုရခိုင်မြေမှအပြီးတိုင်မောင်းထုတ်ရန်ဖြစ်သည်။ ရခိုင်နှင့်ဗမာစစ်ပွဲဖြစ်နေသည်ကိုလေ့လာကြည့်ရင်ဆုံးဖြတ်ဖို့ခက်သည်။ ဘာကြောင့်လဲဆိုရင်တချို့နေရာတွင်AAစခန်းများလယ်ကွင်းပြင်မှာအခိုင်အမာဆောက်လုပ်ထားတာကိုယနေ့အချိန်ထိလေကြောင်းကုန်းကြောင်းကတိုက်ခိုက်မှုလုပ်ခဲ့တာမတွေ့ရလို့ဖြစ်သည်။ စစ်တွေလေဆိပ်မှပျံသန်းလာတိုက်နေသောစစ်လေယာဉ်သည်အခြားနေရာများရှိ AAစခန်းပေါ်ကကျော်ဖြတ်ပျံသန်းကာအပြန်အလှန်စစ်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်လာတိုက်နေတာတွေ့ရသည်။ ထိုစခန်းများသည်လည်းရန်သူစခန်းလို့ဗမာစစ်တပ်ကယူဆမထားဘူး၊ရခိုင့်စီးပွားရေးဝင်ငွေကိုလည်းနှစ်ဖက်မှ ဝေစားနေသည်ကိုတွေ့ရသည်။ တဖက်နှင့်တဖက်အငြင်းပွားတာ၊တားဆီးပိတ်ပင်တာမတွေ့ရဘူး၊လက်ရှိအချိန်တွင်တရားဝင်အစိုးရရှိလျက် AA ကတရားစီရင်ရေးလုပ်ငန်းဆောင်ရွက်နေတာလက်ရှိအချိန်တွင် AA ဘက်မှာတရားရင်ဆိုင်နေရသောအချုပ်သူအချုပ်သားထောင်ပေါင်းများရှိသည်ကိုအစိုးရအနေဖြင့်မသိ ယောင်ဆောင်နေတာတွေ့ရသည်။
AA သည်ဗမာစစ်သားရာနဲ့ချီကိုတိုက်ပွဲအတွင်းပစ်သတ်ချေမှုန့်ခဲ့သည်ကို ဗမာစစ်တပ်မှရခိုင်လူမျိုးအပေါ်မူလထားရှိသည်မူပေါ်လစီပြောင်းလဲသွားသည်ကိုမတွေ့ရကြောင်း ရခိုင်နှင့်ရိုဟင်ဂျာပြသာနာတွင် ရခိုင်ကိုအသာစီးပေးဆုံးဖြတ်နေတာတွေ့ရပါသည်။
တိုက်ပွဲဖြစ်နေသည့်နေရာတွင်လက်နက်ပစ်ခတ်သံများကြားနေရသော်လည်း နေရာတော်တော်များများတွင်ရခိုင့်လက်နက်အဖွဲ့AA နှင့်ဗမာစစ်တပ်တို့မနီးမဝေးအလှမ်းမြင်နေရသောနေရာ၌ နှစ်ဖက်တပ်တွေအကြားမည်သည့်ပြသာနာမရှိဘဲနှစ်ဖက်ရင်းရင်းနှီးနှီထိတွေ့ဆက်ဆံနေတာတွေ့ရသည်။
၂၀၁၆/၂၀၁၇ခုနှစ်ရိုဟင်ဂျာ အရေးအခင်းတွင်ARSAအကြမ်းဖက်အဖွဲ့ကိုဗမာစစ်တပ်ကလက်ကိုင်ထုတ်အဖြစ်အသုံးပြုပြီး မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာများကိုမြို့လုံးကျွတ်မောင်းထုတ်ခဲ့ပါသည်။ ပြန်လည်လက်ခံမည့်လို့သာပြောဆိုနေသော်လည်းဒုက္ခသည်များပြန်မလာချင်အောင်အကန့်အသတ်ချက်အလက်အမျိုးမျိုးပြဌာန်းထားကာ၊ပြန်လာလျင်လည်းမူလနေရာအတိုင်းမထားလိုဘဲတနေရာတည်းတွင်စုဝေးထားရှိရန်ပြင်ဆင်ဆောင်ရွက်နေခြင်းသည်ရိုဟင်ဂျာလူမျိုးကိုအကျဉ်းထောင်အတွင်းအကျဉ်းသားများထားသကဲ့သို့ သိုလှောင်ထားရန်ဆန္ဒရှိကြောင်းတွေ့မြင်နေရသည်။ ရိုဟင်ဂျာလူမျိုးများအပေါ်ဗမာနှင့်ရခိုင်တို့၏မဟာဗျူဟာပေါ်လစီကိုရိုဟင်ဂျာလူမျိုးသိရှိသွားပြီဖြစ်သဖြင့် ရိုဟင်ဂျာလူမျိုးများမျက်စိဖွင့်လာကာ လုပ်သင့်လုပ်ထိုက်သောလုပ်ဆောင်မှုဖြင့် ရေရှည်ငြိမ်းချမ်းရေးကို ဖန်တီးအကောင်အထည်ဖော်နေကြသည်မှာ ဗမာ ရခိုင်ကျေးဇူးကြောင့်ဖြစ်ပါသည်။

21/08/2022

ရိုဟင်ဂျာလူမျိုး ကို လူမျိုးတုံ့သတ်ဖြတ် ပြီး ဒုက္ခသည်ဘဝရောက်စေတဲ့ ဗမာစစ်တပ် (အာဏာသိမ်းစစ်ကောင်စီ) က တရုတ်နိုင်ငံကို ပွဲစားခံပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကိုပြန်ခေါ်ရန် ဘဂ်လားဒေ့ရှ်အစိုးရနှင့် သဘောတူညီချက် ရတယ်ဆိုတာက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပူးပေါင်းညှိနှိုင်းတာလည်းမရှိသလို UN နိုင်ငံတကာ နှင့်လည်း မည့်သည့် ဆွေးနွေးမှုမရှိတာကို ရိုဟင်ဂျာတွေ လေ့လာသင့်ပါတယ် ။

03/07/2022

The Burmese junta has lifted our discrimination against the Rohingya, education, economy, health, religion and travel ban and lifted our civil rights and expelled us for genocide in Bangladesh. Now more than one lakh of us Rohingya refugees in Bangladesh are living in temporary shelters. In addition to living in barbed wire fences, the Burmese government is torturing the Rohingyas and the Bangladeshi security forces (APBN) are torturing them more than before. In the video, July 2 (yesterday) eveningAt 6 o'clock Hamid Hossain (b) Jao La Ludin was seen attacking Selim's shop at Camp 11 Balukhali 2. He was beaten by Lieutenant Colonel C. Shawfiq. This is happening every day in every refugee camp. Rohingya refugees have called on the Bangladesh government to take appropriate action against the APBN police for inhumane treatment of Rohingya refugees.

03/07/2022

বার্মিজ জান্তা রোহিঙ্গাদের প্রতি আমাদের বৈষম্য, শিক্ষা, অর্থনীতি, স্বাস্থ্য, ধর্ম এবং ভ্রমণ নিষেধাজ্ঞা তুলে নিয়েছে এবং আমাদের নাগরিক অধিকার তুলে নিয়েছে এবং বাংলাদেশে গণহত্যার জন্য বহিষ্কার করেছে। এখন বাংলাদেশে শরণার্থী আমাদের মধ্যে এক লাখেরও বেশি রোহিঙ্গা অস্থায়ী আশ্রয়ে বাস করছিকাঁটাতার দিয়ে বেড়ার কারাগারে বসবাসের পাশাপাশি বর্মী সরকার আমরা রোহিঙ্গাদের ওপর নির্যাতন চালাই আগের চেয়ে অনেকবার তাদের ওপর বাংলাদেশি নিরাপত্তা বাহিনী (এপিবিএন) নির্যাতন করছে। ভিডিওটিতে ২ জুলাই (গতকাল) সন্ধ্যা সাড়ে ৬টায় হামিদ হোসেন (খ) জাও লা লুদিনকে সেলিম হোসেন (খ) জালালুদ্দিন ক্যাম্প 11 বালুখালী ২-এ সেলিমের দোকানে হামলা করতে দেখা যাচ্ছে।তিনি লেফটেন্যান্ট কর্নেল সি শওফিকের হাতে মারধর করেন। প্রতিটি শরণার্থী শিবিরে প্রতিদিনই এ ঘটনা ঘটছে। রোহিঙ্গা শরণার্থীরা রোহিঙ্গা শরণার্থীদের সাথে অমানবিক আচরণের জন্য এপিবিএন পুলিশের বিরুদ্ধে যথাযথ ব্যবস্থা নিতে বাংলাদেশ সরকারের প্রতি আহ্বান জানিয়েছেন।

03/07/2022

မြန်မာ စစ်အစိုးရများ ၏ ကျွန်တော်တို့ရိုဟင်ဂျာ လူမျိုးအပေါ် ခွဲခြားဆက်ဆံခြင်း ပညာရေး စီးပွားရေး ကျန်းမာရေး ဘာသာရေး နှင့် ခရီးသွား ပိတ်ပင်ခြင်း များ နှင့် နိုင်ငံသားအခွင့်အရေးများ ရုပ်သိမ်းလိုက်သည့်အပြင် လူမျိုးတုန်းသတ်ဖြတ် တဘက်နိုင်ငံ ဘဂ်လားဒေ့ရှ်သို့ မောင်းထုတ်လိုက်သည် ။

ယ္ခုအခါ ဘဂ်လားဒေ့ရ်ှနိုင်ငံ၌ ဒုက္ခသည်အဖြစ်
ယာယီခိုလုံနေထိုင်ကြသော ကျွန်တော်တို့ ဆယ်သိန်းကျော် ရိုဟင်ဂျာများမှာ သံဆူးကြိုးများဖြင့်
​ကာရံထားသော ခြံစည်းရိုးအကျဥ်းထောင်ထဲတွင် နေထိုင်ကြရသည့် အပြင် မြန်မာအစိုးရက
ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးများအပေါ် နှိပ်စက်
ခဲ့သည်ထက် ဘဂ်လားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ APBn က အဆပေါင်းများစွာ နှိပ်စက်လျက်ရှိသည် ။

ဗွီဒီယိုမှာ ဂျုလိုင်လ ၂ ရက်နေ့ (မနေ့က) ညနေ ၆ နာရီခွဲ အချိန်တွင် Camp 11 ဘာလူခါလီ 2 ရှိ ဆော်လိမ် ၏ ဆိုင်တွင် ဟာမိတ်ဟုဆိန် (ဘ) ဇော်လာလုဒိန် ကို No (8) APBn ရဲ့တပ်ဖွဲ့မှ ဒုရဲအုပ် (Si) ရှော်ဖိခ် က ရိုက်နက်နေခြင်းဖြစ်သည် ။
ဤကဲ့သို့ဖြစ်စဥ်များ ဒုက္ခသည်စခန်းတိုင်းတွင် နေ့စဥ် ဖြစ်ပွားလျက်ရှိသည် ။

ယ္ခုကဲ့သို့ APBn ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ ဒုက္ခသည်များ ကို လူမဆန်စွာ ပြုမူဆက်ဆံနေ ခြင်းများကို ဘဂ်လားဒေ့ရှ်အစိုးရ နှင့် သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက် ပေးပါရန် ရိုဟင်ဂျာဒုက္ခသည်များ က တောင်းဆိုကြပါသည် ။

ဖိလစ်ပိုင် နိုင်ငံဟာ ကျနော်တို့ ရိုဟင်ဂျာများ အတွက် မိတ်ဆွေ နိုင်ငံလား၊ ရန်သူ့ အားပေးနိုင်ငံလား လေ့လာ သုံးသပ်ခြင်း အပိုင...
27/06/2022

ဖိလစ်ပိုင် နိုင်ငံဟာ ကျနော်တို့ ရိုဟင်ဂျာများ အတွက် မိတ်ဆွေ နိုင်ငံလား၊ ရန်သူ့ အားပေးနိုင်ငံလား လေ့လာ သုံးသပ်ခြင်း အပိုင်း(၁)

ကျနော်တို့ ရိုဟင်ဂျာများအနေဖြင့် လူမျိုးတုံးသတ်ဖြတ်ခံနေရချိန်၊ ဆင်းရဲဒုက္ခရောက်နေချိန် "ဘယ် အဖွဲ့အစည်း၊ဘယ်နိုင်ငံ၊ဘယ်လူ ပုဂ္ဂိုလ်က ကျနော်တို့ကို ကူညီနေသလဲ၊ အားပေးစကားပြောနေသလဲ" ဆိုတာ နောင်လာနောင်သားများ အတွက် သမိုင်းမှတ်တမ်းအဖြစ် အသေအချာ မှတ်တမ်းတင်ထားဖို့ လိုမယ်ထင်ပါတယ်။ အလားတူ လူမျိုးတုံးသတ်ဖြတ်သူတွေ၊ သူတို့ကို အားပေးထောက်ခံသူတွေကိုလည်း မှတ်သားထားဖို့ လိုပါတယ်။
Rohingya genocide မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက်ကို လေ့လာကြည့်တဲ့အခါ အမြဲတမ်း ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂမှာ resolution တစ်ခု ချမှတ်ချိန်တိုင်းမှာGenocide ကျူးလွန်ထားတဲ့ မြန်မာနိုင်ငံကို အကာအကွယ်ပေးပြီး ရပ်တည်ခဲ့တာကို တို့ ရိုဟင်ဂျာများ အနေဖြင့် မမေ့ဖို့ လိုပါတယ်။ အခြားတစ်ဖက်မှာ ၂၀၁၅ ခုနှစ်ကစ၍ ဒီ ဖိလစ်ပိုင်ကပဲ ရိုဟင်ဂျာများ ဒုက္ခရောက်ချိန်တိုင်း လက်ကမ်း ကူညီဖို့ ဆန္ဒရှိကြောင်း၊ ခိုလှုံအခြေချခွင့် ပေးရန် အသင့်ရှိကြောင်း၊ ပညာရေး အခွင့်အလမ်းနှင့် နိုင်ငံသားပါ ပေးချင်ကြောင်း မကြာခဏ ထုတ်ဖော် ကမ်းလှမ်းပြောဆိုလေ့ရှိတဲ့ ထူးထူးခြားခြား နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီလို ကမ်းလှမ်းများက ရိုဟင်ဂျာများအား အမှန်တကယ် လူသားချင်း စာနာထောက်ထားပြီး ကူညီလိုတဲ့ ဆန္ဒမွန်ကြောင့်လား။ ဒါမှ မဟုတ် နိုင်ငံရေး အကျိုးအမြတ်ကြောင့်လား၊ နောက်ကွယ်မှာ ဘာအကြောင်း ရှိနိုင်သလဲ၊ ရိုဟင်ဂျာများအား အမှန်တယ် စာနာထောက်ထားရင် ကုလသမဂ္ဂမှာ မြန်မာကိုအဘယ်ကြောင့် အကာအကွယ်ပေးနေသလဲ စသည့်တို့ကို ဒုတိယ အပိုင်းမှာ လေ့လာတွေ့ရှိချက်များ၊ ထင်မြင်ယူဆများနဲ့တကွ သုံးသပ်ထားပါတယ်။ ဒုတိယ အပိုင်းမှာ positive အပိုင်းကို စုစည်းတင်ပေးပါမယ်။

အောက်ပါ လေ့လာတွေ့ရှိချက်တွေဟာ ရိုဟင်ဂျာ ဆန့်ကျင်ဘက် ရပ်တည်ခဲ့မှုများကို စုစည်းတင်ပြထားခြင်းပါ။

*၂၀၁၇ ခု နိုဝင်ဘာလ (၁၆)ရက်နေ့ ကုလသမဂ္ဂ ညီလာခံမှာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံ (၁၀)နိုင်ငံက ကန့်ကွက်မဲ ထည့်ခဲ့ပါတယ်။ အဲဒီ ဆယ်နိုင်ငံထဲမှာ ဖိလစ်ပိုင်လည်း ပါပါတယ်။
*၂၀၁၇ ခု ဒီဇင်ဘာလ ပထမအပတ်မှာ ဘင်္ဂလာဒေရှ်နိုင်ငံက တင်သွင်းသော အဆိုပြု မူကြမ်းကို နိုင်ငံပေါင်း(၃၃)နိုင်ငံက ထောက်ခံမဲပေးပြီး (၉) နိုင်ငံက ကြားနေ၊(၃) နိုင်ငံက ကန့်ကွက်မဲထည့်ခဲ့ပါတယ်။ ထို (၃) နိုင်ငံမှာ မြန်မာ၊ ဖိလစ်ပိုင်နှင့် တရုတ်တို့ ဖြစ်ပါတယ်။
*၂၀၁၇ ခု ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ မြန်မာ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကို ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ဖိလစ်ပိုင် အပါအဝင် (၁၀) နိုင်ငံက ကန့်ကွက်မဲထည့်ခဲ့ပါတယ်။
*၂၀၁၈ ခုနှစ် မတ်လ၌ ကုလသမဂ္ဂ အစည်းအဝေးမှာ ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ရင်းကို လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ အမြန်ဆုံး ပြန်နိုင်ရေးနှင့် UN special rapporteur သက်တမ်း နောက်ထပ် တစ်နှစ်တိုးရေး ဆုံးဖြတ်ချက်ကို မဲဆန္ဒ ​ကောက်ခံခဲ့ရာမှာ နိုင်ငံ(၅) နိုင်ငံက ကန့်ကွက်မဲထည့်ခဲ့ပါတယ်။ ထို ငါးနိုင်ငံများမှာ Philippines, China, Cuba, Burundi and Venezuela တို့ ဖြစ်ပါတယ်။
*၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆) ရက်နေ့ ကုလသမဂ္ဂ တတိယ ကော်မတီ အစည်းအဝေးမှာ မြန်မာ့ လူ အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို အတည်ပြုရန် မဲဆန္ဒကောက်ခံခဲ့ရာ ထောက်ခံမဲ (၁၄၂)၊ ကြားနေ(၂၆) နှင့် ကန့်ကွက်မဲ (၁၀) မဲတို့ဖြစ်ပါတယ်။ ကန့်ကွက်သော နိုင်ငံများမှာ( Belarus, Burundi, Cambodia, China, Lao People’s Democratic Republic, Myanmar, Philippines, Russian Federation, Viet Nam, Zimbabwe) တို့ ဖြစ်ပါတယ်။
*၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ မှာ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီ ညီလာခံ၌ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို တရုတ် နှင့် ဖိလစ်ပိုင်တို့ နှစ်နိုင်ငံကပဲ ကန့်ကွက်မဲထည့်ခဲ့ပါတယ်။
*ဖိလစ်ပိုင်ရဲ့ ကန့်ကွက်မဲ ထည့်မှု အပေါ် Opposition party ရဲ့ Senator , Leila M De Lima က ဩဂုတ်လ (၂) ရက်နေ့ ကြေညာချက်ထုတ်၍ အစိုးရ၏ ရပ်တည်ချက်ကို ရှုတ်ချခဲ့ပါတယ်။ သူမဟာ ဖိလစ်ပိုင်ရဲ့ တရားရေး အတွင်းရေးမှူးဟောင်း တစ်ဦးပါ။ သူမ တာဝန် ထမ်းဆောင်ချိန် ၂၀၁၅ ခုနှစ် မေလမှာ ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည် (၃၀၀၀) လောက်ကို သင်္ဘောပို့ ကယ်တင်ဖို့ အစိုးရကို ဦးဆောင် တိုက်တွန်းခဲ့သူပါ။ အစိုးရကလည်း လှေစီးပြေး ဒုက္ခသည် (၃၀၀၀)လောက် လက်ခံဖို့ အသင့်ရှိကြောင့် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ မလေးရှား၊ အင်ဒိုနီရှားနှင့် ထိုင်းတို့ ဝင်ခွင့်ပြုလိုက်တော့ ဖိလစ်ပိုင် သင်္ဘောပို့ပြီး ကယ်တင်စရာ၊ ဒုက္ခသည်တွေ လက်ခံစရာ မလိုခဲ့ပါဘူး။ ထိုနှစ်မှာပဲ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂိုး ဒူတာတေးက ရိုဟင်ဂျာ ဒုက္ခသည်များအား လက်ခံ နေရာချထားပေးပြီး နိုင်ငံသားပေးချင်ကြောင်း ပထမဦးပြောခဲ့တာပါ။
*၂၀၁၉ ခု နိုဝင်ဘာလ(၁၄) ရက်နေ့ UN third Committee အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မူကြမ်းကို အတည်ပြုရာမှာ ထောက်ခံမဲ (၁၄၀)၊ ကြားနေ (၃၂) နှင့် ကန့်ကွက်မဲ (၉) မဲ တို့ဖြစ်ပါတယ်။ အဲဒီ ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်လည်း ခါတိုင်းလို ပါပါတယ်။
*၂၀၁၉ခု ဒီဇင်ဘာလ (၂၇) ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေ၊ ကုလ အထူး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို အခြေခံပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၁၃၄) နိုင်ငံ၊ ကြားနေ ( ၂၈) နိုင်ငံနှင့် ကန့်ကွက်မဲ (၉) နိုင်ငံတို့ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် (၂၂) နိုင်ငံက မဲမထည့်ခဲ့ဘူး။ ခါတိုင်းလို ကန့်ကွက်တဲ့ နိုင်ငံထဲမှာ ဖိလစ်ပိုင်ပါပါတယ်။
*၂၀၂၀ ခု မေလ (၁) ရက်နေ့ United Nations General Assembly မှာ မြန်မာ့ ရိုဟင်ဂျာများ၏ အခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ မဲဆန္ဒကောက်ခံခဲ့ရာ ဖိလစ်ပိုင် အပါအဝင်ကန့်ကွက်တဲ့ နိုင်ငံ (၉) နိုင်ငံရှိခဲ့ပါတယ်။
*၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ ကုလသမဂ္ဂတတိယ ကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံ၏ လူ အခွင့်အရေးအခြေအနေပေါ် ချမှတ်သည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို အတည်ပြုရန် ဆန္ဒမဲ ကောက်ခံခဲ့ရာ ထောက်ခံမဲ(၁၃၁)၊ ကြားနေ(၃၁) နှင့် ကန့်ကွက်မဲ (၉) မဲ တို့ဖြစ်ပါတယ်။
ကန့်ကွက်သော နိုင်ငံများမှာ Belarus, Cambodia, China, Lao People’s Democratic Republic, Myanmar, Philippines, Russian Federation, Viet Nam, Zimbabwe တို့ ဖြစ်ပါတယ်။
• (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မိ ၂၀၂၀ ခု ဒီဇင်ဘာလ (၃၀)ရက်နေ့ ရိုဟင်ဂျာ လူ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတစ်ခု အတည်ပြုရာ ထောက်ခံမဲ (၁၃၀) ၊ ကန့်ကွက်မဲ (၉) နှင့် ကြားနေ (၂၆) ဖြစ်ပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံထဲ ဖိလစ်ပိုင် လည်း ပါပါတယ်။
• ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ စစ်အာဏာသိမ်းမှု အပေါ် ရှုတ်ချတဲ့ UN resolutionကို လည်း ဖိလစ်ပိုင်က ကန့်ကွက်ခဲ့ပြီး စစ် အာဏာရှင်ကို အကာအကွယ်ပေးခဲ့ပါတယ်။
• နောကထပ် ရိုဟင်ဂျာ ဆိုင်ရာ UN resolutions တွေ ရှိပါသေးတယ်။ ဖိလစ်ပိုင်ဟာ အမြဲတမ်း ရိုဟင်ဂျာ ဆန့်ကျင်ဘက်က ရပ်တည်ခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒုတိယအပိုင်း ဆက်ရန်ရှိ.....

crd::: Mohamed Rofique

24/06/2022

ရိုဟင်ဂျာတိုင်းသည်
ARSA မဟုတ်သလို
ARSA ထူထောင်သူများ
ဦးဆောင်သူများလည်း
ရိုဟင်ဂျာမဟုတ်တာ ကို
သိနိုင်ဖို့လိုတယ်

23/06/2022

Breaking News

ပြန်ပြေးဆွဲခံခဲ့သော
ကျောင်းဆရာ/မ
နှစ်ဦးပြန်လည်
လွှတ်မြောက်လာပြီ
ဖြစ်ကြောင်းသိရ

crd.. nirinjara

22/06/2022

မင်းအောင်လှိုင် နှင့်
စောမြရာဇာလင်းတို့
ရခိုင်ပြည်နယ်မငြိမ်းချမ်း ရန် တွေ့ဆုံပြီးနောက်
ကျောင်းဆရာ/မ နှစ်ဦး
ပြန်ပြေးဆွဲခံရ

20/06/2022

မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့မှာ ရခိုင်လူမျိုး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမ တစ်ဦးကို အမည်မသိ အဖွဲ့တစ်မှ ပြန်ပြေးဆွဲသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်း ရေးချင်ပါတယ် ။ ပထမဦးဆုံးပြောချင်တာက ဒါကို ဘယ်သူပဲ လုပ်လုပ် ဘာ ရည်ရွယ်ချက်နဲ့ပဲ လုပ်သည်ဖြစ်ပါစေ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အပြစ်မဲ့ အရပ်သား၊ ဆရာ၊ဆရာမတွေကို ပစ်မှတ်ထား ပြန်ပြေးဆွဲ ငွေညှစ်တာက အောက်တန်းကျတဲ့ လုပ်ရပ်၊ လူဆိုး လူမိုက်၊ ဓါးပြတွေရဲ့ လုပ်ရပ်ပါ။ ဒီလိုမျိုး လုံးဝ မဖြစ်သင့်ပါဘူး။
ဒီလိုဖြစ်စဉ်တွေ အဒူလာကိန်း ဓါးပြအဖွဲ့ လုပ်လာတာ ကြာပြီး။ သူတို့ လက်ချက် ဖြစ်နိုင်သလို တခြား မသမာတဲ့ အဖွဲ့တွေလည်း ဖြစ်နိုင်တယ်။
လူမျိုး ၂ခု ကြား ပြန်လည် သဟဇာတ ရှိရှိ ငြိမ်းချမ်းစွာ နေလာတာကို မလိုလားတဲ့ အဖွဲ့တွေရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်။ရခိုင်မှာ ဖြစ်စဉ် အများစုမှာ နိုင်ငံရေး ပယောဂ မကင်းကြဘူး။ ရခိုင် လူမျိုးတွေကို တစ်ခု ပြောချင်ပါတယ်။ ခင်္ဗျားတို့ အတိတ်က ဖြစ်ခဲ့သမျှကို သင်ခန်းစာယူပါ။ ရခိုင်မှာ မတည်မငြိမ်ဖြစ်အောင် ပွဲဆူအောင် လုပ်တဲ့ လက်မည်း ရှိနေတာကို သတိပြုပါ။
ဓါးပြမှု၊ လုယက်မှု၊ ပြန်ပြေးဆွဲမှု စတဲ့ အမှုတွေကို အမှုလိုပဲ မြင်ပေးပါ။ စိတ်ခံစားမှု ( emotions) ကို ရှေ့တန်းတင်ပြီး တစ်ခုခု လုပ်လိုက်ရင် လက်မည်းတွေရဲ့ ထောင်ချောက်ထဲ ရောက်သွားမယ်။
ပြန်ပြေးဆွဲခံရသူတွေကို ရှာဖွေနေတဲ့ တုတ် ဓါးကိုင် ရခိုင် လူအုပ်တွေရဲ့ ပုံတွေလည်း တွေ့လိုက်တယ်။ ကျုပ်တို့ ဒီလို တုတ်ဓါးကိုင်လူအုပ်တွေကို ၂၀၁၂၊ ၂၀၁၇ မှာ ကြုံဖူးပါတယ်။ တိုက်ခိုက်ခံရတာ၊ အပြန်အလှန်တိုက်ခိုက်တာတွေ ရှိခဲ့ဖူးတယ်။ အခုတခါ အဲဒီလို လူအုပ် ပြန်မြင်ရလို့ အထိတ်တလန့် ဖြစ်သွားတယ်။အခု အန္တရာယ်မပြုခဲ့ရင်တောင်မှ လူ့သဘာဝအရ ကြောက်ရွံ့ကြတယ်။ ရခိုင်လူမျိုးတွေ ရိုဟင်ဂျာရွာတွေကို တုတ် ဓါးကိုင်ပြီး လူအုပ်နဲ့ မသွားကြပါနဲ့။ သံသယရှိလို့ သွားရှာချင်ရင် အာဏာပိုင်တွေ လုံခြုံရေးတပ်တွေနဲ့ သွားရှာပါ။ အပြစ်မဲ့ ရွာသားတွေကို အနိုင်မကျင့်ပါနဲ့။ မတရား မစွပ်စွဲပါနဲ့။ တရား ဥပဒေအရ အာဏာပိုင်တွေ တရားဥပဒေစိုးမိုးရေးကို မျှမျှတတ မှန်မှန်ကန်ကန် လုပ်ပါစေ။ ဒါက အမှု ကိစ္စတစ်ခုပါ။ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ပါဘူး။
လူမျိုးရေး ဘာသာရေး အသွင်ဆောင်အောင် မလုပ်ကြပါနဲ့

crd
Mohammed Rofique

17/06/2022
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ရိုက်နှက်၊~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Eid ပြီးနောက်၊ အာဏာပိုင်မျာ...
13/05/2022

ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ရိုက်နှက်၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Eid ပြီးနောက်၊ အာဏာပိုင်များသည် ကန့်သတ်ချက်များ တိုးမြှင့်ခြင်း၊ ဖြိုခွင်းခြင်း။

Human Rights Watch သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း APBn အရာရှိများနှင့် စခန်းစစ်ဆေးရေးဂိတ်များတွင် အခြားအရာရှိများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်ငါးဦးနှင့် တွေ့ဆုံခဲံ့။

တနေရာမှတ‌နေရာသို့ သွားလာခွင့်အမိန့်လျှောက်လွှာများသည် ရခိုင်ပြည်နယ်တွင် အသုံးပြုသော ပုံစံနှင့် အလားတူနေသည်ကို တွေ့ရှိရသည်။

အကျယ်ဖတ်ရန်-https://www.dhakatribune.com/bangladesh/2022/05/12/hrw-reports-police-harassing-rohingya-refugees-in-coxs-bazar
-
https://www.tbsnews.net/rohingya-crisis/bangladesh-police-beat-rohingya-refugees-camp-checkpoints-hrw-418134

The checkpoint harassment is seemingly part of the authorities’ efforts to coerce refugees to relocate to Bhasan Char or to return to Myanmar, says the human rights watchdog

အမှန်တရား ကို ဖုံးကွယ်လို့ မရal yaqeen(ARSA) အကြမ်ဖက်အဖွဲ့ ၏ ရိုဟင်ဂျာဒုက္ခသည်များအပေါ် မတရားအနိုင်ကျင့်ခြင်း အခွန်သတ်မှ...
09/05/2022

အမှန်တရား ကို ဖုံးကွယ်လို့ မရ

al yaqeen(ARSA) အကြမ်ဖက်အဖွဲ့ ၏ ရိုဟင်ဂျာဒုက္ခသည်များအပေါ် မတရားအနိုင်ကျင့်ခြင်း အခွန်သတ်မှတ်ကောက်ခံခြင်း မတရားနှိပ်စက်သတ်ဖြတ်ခြင်း နှင့် ရိုဟင်ဂျာမော်လဝီဆရာများ ခေါင်းဆောင်များကို သတ်ဖြတ်ခြင်းများကြောင့် ဘဂ်လားဒေ့ရှ်အစိုးရမှလိုက်လံဖမ်းဆီးနေ၍ အားလုံးနီးပါး ဒုက္ခသည်စခန်းမှထွက်ပြေးခဲ့သည် ။
ယ္ခုအခါ al yaqeen(arsa) အဖျက်သမားများ ဒုက္ခသည်စခန်းအသီးသီးသို့ ပြန်လည်ဝင်ရောက်လာပြီး အေးချမ်းသာယာမှုကို အနှောင့်အယှက် ဖြစ်စေသည့် အပြင် ယ္ခင်ဖန်တီးရိုက်ကူးခဲ့ပြီး ဒုက္ခသည်စခန်းနှင့်မည်သည့်ဆက်စပ်မှုမရှိသူများကို အမျိုးသမီးများဖြင့် အတင်းစွပ်စွဲခိုင်းသော ဗွီဒီယိုခလိခ် ကို ဆိုရှယ်မီဒီယာပေါ် တင်နေခြင်းများတွေ့ရှိရသည် ။
ဤကဲ့သို့သော မမှန်မကန် အောက်တန်းကျသောလုပ်ရပ်များ ဆိုရှယ်မီဒီယာ၌ တင်နေခြင်းသည် ရိုဟင်ဂျာလူထုအပေါ် မုန်းတီးမှုများဖြစ်ပေါ်လာစေသည်။
မိမိအေးချမ်းသာယာမှုကို မိမိကိုယ်တိုင်ဖန်တီးမှသာ အေးချမ်းသာယာမည်ဖြစ်သည်ကို သဘောပေါက်နားလည်စေလိုကြောင်း နှင့် ဆိုရှယ်မီဒီယာခေတ်တွင် လိမ်လည်မှု ချက်ချင်းပင် ပေါ်လွင်သွားနိုင်သည်ကို သိထားသင့်ကြောင်း...

https://youtu.be/7i8u_BgCU-g

হাসনাত খানের ইউটিউব ভিডিও বাংলাদেশের নিরাপত্তা নিয়ে মিডিয়াতে ফাঁস হয়েছে এবং কখনো হয়নি। এ ধরনের তথ্য ভিত্তিহীন এবং এআ...
06/05/2022

হাসনাত খানের ইউটিউব ভিডিও বাংলাদেশের নিরাপত্তা নিয়ে মিডিয়াতে ফাঁস হয়েছে এবং কখনো হয়নি। এ ধরনের তথ্য ভিত্তিহীন এবং এআরএসএ সন্ত্রাসী গোষ্ঠীর বানোয়াট, যারা রোহিঙ্গাদের ওপর নির্যাতন ও হত্যা করছে। দুই দেশের সীমান্তে এ ধরনের ষড়যন্ত্র তত্ত্ব কাম্য নয়রোহিঙ্গাদের নিয়ে উত্তেজনা বিরাজ করছে শরণার্থী ও রোহিঙ্গা শরণার্থীদের প্রত্যাবর্তন রোধ করা সমস্যা সৃষ্টি করার জন্য এটি একটি ইচ্ছাকৃত সৃষ্টি। প্রতিবেদনে উদ্ধৃত নও বি হুসেন, রোহিঙ্গাদের গণহত্যার জন্য বার্মিজ সরকার এবং সামরিক বাহিনী কর্তৃক প্রতিষ্ঠিত আল ইয়াকিন (এআরএসএ) সন্ত্রাসী গোষ্ঠীর নৃশংসতার বিরুদ্ধে প্রতিবাদ করছেন।း၊ শুধুমাত্র আল ইয়াকিন (এআরএসএ) সন্ত্রাসী গোষ্ঠীকে পরাজিত করেই রোহিঙ্গা শরণার্থীরা দেশে ফিরে আসতে পারে এবং সমান নাগরিকত্ব ও নিরাপত্তা ভোগ করতে পারে। এটা স্পষ্ট যে মিথ্যা সম্প্রচার ছিল আল ইয়াকীন (ARSA) এর কাজ। বর্মী সরকার ও সামরিক বাহিনীর নিপীড়ন থেকে মুক্ত হয়ে সমান অধিকারের জন্য লড়াই করেছেনএটি পেতে রোহিঙ্গাদের মধ্যে বিপ্লবী দলগুলোর আবির্ভাব ঘটে তবে এআরএসএ সন্ত্রাসী গোষ্ঠী ছাড়া কোনো রোহিঙ্গা বিদ্রোহী গোষ্ঠী বাংলাদেশ সরকারের সঙ্গে জাতীয় নিরাপত্তার সঙ্গে জড়িত নয়। এ ক্ষেত্রে বাংলাদেশি নাগরিক মো মাবুল আলামমিনার (আল ইয়াকীন এআরএসএ কোষাধ্যক্ষ) প্রধান। এটা আল ইয়াকীন এআরএসএর রোহিঙ্গাদের উপরসন্ত্রাসবাদ ও প্রচারণা ঠেকাতে বর্ডার নিউজ নামে একটি ইউটিউব চ্যানেলও চালু করা হয়েছে। উদ্বাস্তুরা উদ্বিগ্ন যে এই ধরনের বানোয়াট খবর রোহিঙ্গাদের উপর বাংলাদেশ সরকার এবং জনগণের মধ্যে বিভেদমূলক বিদ্বেষ সৃষ্টি করতে পারে। যে ইউটিউবার এই খবর দিয়েছে তাকে জিজ্ঞাসাবাদ করা হয়েছেরোহিঙ্গা শরণার্থীরা ব্যবস্থা নেওয়ার আহ্বান জানিয়েছেন

youtube Link::👉 https://youtu.be/9UooYxudg5s

Cox's Bazar will be a separate independent state। 2022Hello Friends, I am Hasnat Khan, Welcome to My Channel, গার্মেন্টস মেশিনের স্পেয়ার পার্টস এবং ইন্ডাস্ট...

HASNAT KHAN အမည်ခံ youtube လှိုင်းမှယ္ခုတင်ထားသော ဘဂ်လားဒေ့ရှ်နိုင်ငံလုံခြုံ နှင့်ပတ်သက်သည့် သတင်းမှာ မည်သည့်အ ချိန်အခါက...
05/05/2022

HASNAT KHAN အမည်ခံ youtube လှိုင်းမှယ္ခုတင်ထားသော ဘဂ်လားဒေ့ရှ်နိုင်ငံလုံခြုံ နှင့်ပတ်သက်သည့် သတင်းမှာ မည်သည့်အ ချိန်အခါကမှဖြစ်ပွားနိုင် ခြင်း မရှိသည့်အပြင် ယုတ္တွမဲ့ ဖြစ်ကြောင်း
ဤကဲ့သို့သတင်းသည် အခြေအမြစ်မရှိသောသတင်းဖြစ်ပြီး ရိုဟင်ဂျာလူမျိုးကို မတရားအနိုင်ကျင့် သတ်ဖြတ်နေ ကြသော ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးမှုဖြစ်သည် ။
ယ္ခုကဲ့သို့ လုပ်ကြံသတင်းဖန်တီးခြင်းသည် နှစ်နိုင်ငံနယ်စပ် ၌မလိုလားအပ်သော တင်းမာမှုများဖြစ်ပွားပြီး ရိုဟင်ဂျာ
ဒုက္ခသည်များ နယ်ရပ်ပြန်ရေးကိုအတားအဆီး ဖြစ်စေရန် နှင့် ရိုဟင်ဂျာ ဒုက္ခသည်များ
ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီး ခြင်းသာဖြစ်သည် ။
သတင်း၌ဖော်ပြထားသော ဦးနော်ဘီဟုဆိန် ဆိုသူသည်... ရိုဟင်ဂျာ လူမျိုးကို လူမျိုးတုံ့သတ်ဖြတ်ရေး အတွက် မြန်မာအစိုးရ နှင့် စစ်တပ်က တည်ထောင်ထားသော al yaqeen (ARSA) အကြမ်းဖက်အဖွဲ့ ၏ကျိုးလွန်မှုများကိုဖေါ်ထုတ် ဆန့်ကျင်လျက်ရှိသူ ဖြစ်ပြီး ၊ ၎င်း al yaqeen(ARSA) အကြမ်းဖက်အဖွဲ့ကို ချေမှုန်းမှသာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်၍ တန်းတူနိုင်ငံသား အခွင့်အရေးများရရှိပြီး လုံခြုံအေးချမ်းစွာနေထိုင်နိုင်မည်ဟု ခံယူ ကြိုးပမ်းလျက် ရှိသူ ဖြစ်သည် ။ ၎င်းနှင့် ပတ်သက်ပြီး မမှန်မကန်ထုတ်လွှင့် ခြင်းသည် al yaqeen (ARSA) ၏လက်ချက်ဖြစ်သည်မှာ ထင်ရှားပါသည် ။ မြန်မာအစိုးရ နှင့် စစ်တပ် ၏ မတရားဖိနှိပ်မှုများမှ လွှတ်မြောက် ပြီး တန်းတူအခွင့်အရေးများတိုက်ခိုက် ရယူရန် ရိုဟင်ဂျာလူမျိုးထဲတွင် တော်လှန်ရေးအဖွဲ့များထွက်ပေါ်ခဲ့
ခဲ့သော်လည်း ARSA အကြမ်းဖက်အဖွဲ့ မှလွှဲပြီး မည်သည့် ရိုဟင်ဂျာ တော်လှန်ရေအဖွဲ့မှ ဘဂ်လားဒေ့ရှ်အစိုးရနှင့်နိုင်ငံ့လုံခြုံရေးဆိုင်ရာများ တွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ ။
ယ္ခုလုပ်ရပ်တွင် ဘဂ်လားဒေ့ရှ်နိုင်ငံသား
မာဘုလ်အလောမ်မိနာရ် ( al yaqeen ARSA ဘဏ္ဍာရေးမှူး) အဓိကဖြစ်ကြောင်း ၊ ၎င်းက al yaqeen ARSA ၏ ရိုဟင်ဂျာလူမျိုး အပေါ် အကြမ်းဖက်မှုများကို အကာအကွယ်ပြုရန် နှင့် ဝါဒဖြန့်မှုများထုတ်လွှင့်ရန် Border News အမည်ဖြင့် youtube လှိုင်းတခုကိုလည်းဖွင့်ထားသည်ကို တွေ့ရှိရသည် ။
ဤကဲ့သို့ဖန်တီးမှုသတင်း ကြောင့် ဘဂ်လားဒေ့ရှ် အစိုးရနှင့်ပြည်သူများမှ ရိုဟင်ဂျာလူမျိုးအပေါ် စိတ်ဝမ်းကွဲ မုန်းတီးမှုများဖြစ်ပေါ်နိုင်ကြောင်း ဒုက္ခသည်များ စိုးရိမ်ပူပန်လျက်ရှိသည်။
ဤသတင်း တင်ဆက်သော youtuber ကို ဆက်ဆိုင်ရာမှစုံစမ်းမေးမြန်းပြီး ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်အရေးယူသင့်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုနေကြပါသည်။

youtube Link. 👉 https://youtu.be/9UooYxudg5s

Cox's Bazar will be a separate independent state। 2022Hello Friends, I am Hasnat Khan, Welcome to My Channel, গার্মেন্টস মেশিনের স্পেয়ার পার্টস এবং ইন্ডাস্ট...

01/05/2022

al yaqeen (arsa) အကြမ်းဖက်အဖွဲ့က အစ္စလာမ်ဘာသာဝင်များ၏ လမြတ်ရမ်ဇာန် ၌ မတရားသတ်ဖြတ် နေခြင်းမှာ ၎င်းတို့အစ္စလာမ်ဘာသာဝင်ဟုတ်မဟုတ်သုံးသပ်နိုင်ရန် ရေးသားတင်လိုက်ခြင်းဖြစ်သည်။

မတရားသတ် ဖြတ်ခြင်းနှင့်ပတ်သက်ပြီး ဟဒီးစ်တော်များ....
حدیث شریف میں ہے :

" عن عبد الله، قال: قال رسول الله صلى الله عليه وسلم: " لايحل دم امرئ مسلم، يشهد أن لا إله إلا الله وأني رسول الله، إلا بإحدى ثلاث: النفس بالنفس، والثيب الزاني، والمارق من الدين التارك للجماعة ."

(صحيح البخاري 9 / 5، كتاب الديات، ط: دار طوق النجاة)

ترجمہ:

" کسی مسلمان کا جو اللہ کی ایک ہونے کی اور میرے رسول ہونے کی شہادت دیتا ہو ، خون بہانا حلال نہیں مگر تین حالتوں میں، ایک یہ کہ اس نے کسی کو قتل کردیا ہو، دوسرا شادی شدہ ہو کر زنا کیا ہو، تیسرادین اسلام کو چھوڑ دینے والا ، جماعت سے علیحدہ ہونے والا۔“

ဗွီဒီယိုမှာ. camp -17 တွင်နေထိုင်သော မူဟာမတ်ဟုဆိန် ကို ၂၆.၄.၂၀၂၂ ရက်နေ့တွင် နေ့လည် ၃ နာရီအအချိန်ခန့်တွင် al yaqeen(ARSA) အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်လိုက်သည်ကို မိသားစုမှ ထွက်ဆိုနေခြင်းဖြစ်သည် ။

Teknaf တွင် ယာဉ်ထိန်းရဲများက ရိုဟင်ဂျာယာဉ်မောင်းများကို စီးနင်းရှာဖွေ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တရားမ...
11/04/2022

Teknaf တွင် ယာဉ်ထိန်းရဲများက ရိုဟင်ဂျာယာဉ်မောင်းများကို စီးနင်းရှာဖွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရားမဝင် သုံးဘီးသမားများ၊ CNG၊ ရိုဟင်ဂျာ ယာဉ်မောင်းများနှင့် Tomtom မှ အကူအညီပေးသူများသည် Cox's Bazar၊ Teknaf တွင် ခိုကိုးရာမဲ့ ဖြစ်နေ ကြသည်။ ရလဒ်အနေနဲ့ အရည်အချင်းမပြည့်မီတဲ့ ရိုဟင်ဂျာယာဉ် မောင်းတွေ ကြောင့် ယာဉ်မတော်တဆမှုတွေ တိုးလာနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း တိုးလာနေပါတယ်။

NI ကတ်နှင့် တရားဝင်စာရွက်စာတမ်းများ စစ်ဆေးခြင်းအပါအဝင် ပြစ်မှုအ မျိုးမျိုးအတွက် ရိုဟင်ဂျာယာဉ်မောင်းများအား တရားစွဲဆိုခြင်းနှင့် လမ်းညွှန်မှု ပေးခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

စနေနေ့ (ဧပြီ ၉ ရက်) တွင် Teknaf မြို့၏ အချက်အချာကျသော လမ်းဆုံ တစ်ခုတွင် ယာဉ်ထိန်းရဲများ ဝင်ရောက်စီးနင်းမှုတွင် သုံးဘီး၊ CNG၊ နောက်မှ ယာဉ်မောင်းများနှင့် အထောက်အပံများကို NID ကတ်များနှင့် စာရွက်စာတမ်း များအား စစ်ဆေးခဲ့သည်။ ထိုအချိန်က လိုင်စင်၊ NID သို့မဟုတ် မွေးစာရင်း ကတ်များ မတွေ့ရှိရသော ယာဉ်မောင်းများအား ဥပဒေအရ အရေးယူဆောင် ရွက်လျက်ရှိသည်။

ယာဉ်ထိန်းရဲများက 'Teknaf သည် အခြား upazilas များနှင့် အလွန်ကွာခြား သည်။ အထူးသဖြင့် ရိုဟင်ဂျာများနေထိုင်ရာ နယ်မြေတစ်ခုအနေဖြင့် ရိုဟင်ဂျာ များသည် Teknaf မြူနီစပယ်မြို့၏ လမ်းကြားများတွင် သုံးဘီး၊ CNG နှင့် Tomtom တို့ကို တရားမဝင် မောင်းနှင်နေကြသည်။ နောက်တစ်ခုကတော့ တော်တော်များများက ဒီယာဉ်တွေနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင် လာကြ ပါတယ်။ ရလဒ်အနေနဲ့ အရည်အချင်းမပြည့်မီတဲ့ ရိုဟင်ဂျာယာဉ်မောင်း တွေ ကြောင့် ယာဉ်မတော်တဆမှုတွေ တိုးလာနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း တိုးလာနေပါတယ်။

Teknaf Traffic Zone Inspector Farooq Al Mamun Bhuiyan နှင့် SI Khorshed Alam တို့ ဦးဆောင်သော ယာဉ်ထိန်းရဲအဖွဲ့တစ်ဖွဲ့သည် စနေနေ့ နံနက်မှ မွန်းလွဲပိုင်းအထိ Teknaf မြို့၏ ထောင့်အသီးသီးတွင် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါသည်။

Teknaf News

ARSA ရဲ့ အဖွဲ့ဝင်များတချို့ရဲ့ စာရင်းတွေကို ကျွန်ုပ်တို့ RRV အဖွဲ့သားများက ကောက်ယူနေတာဖြစ်ပြီး သူတို့ရဲ့ မတရားမှုတွေကိုခ...
09/04/2022

ARSA ရဲ့ အဖွဲ့ဝင်များတချို့ရဲ့ စာရင်းတွေကို ကျွန်ုပ်တို့ RRV အဖွဲ့သားများက ကောက်ယူနေတာဖြစ်ပြီး သူတို့ရဲ့ မတရားမှုတွေကိုခံနေရတဲ့ ဒုက္ခသည်များအား ကူညီဖို့နဲ့ တရားမျှတမှုရရှိရေးအတွက် ဖြစ်ပါတယ်။ အားလုံး ပါဝင်မှုနဲ့တကွ ARSAရဲ့ အန္တရာယ်၊ ဒုက္ခသည်စခန်းမှာ မရှိစေရန် ဖြစ်ပါတယ်။ ဆရာ မိုဟိဘ္ဘုလာမိသားစုလို့ ရတဲ့နည်းနဲ့ ဒုက္ခသည်စခန်း ကနေ ထွက်ပြေးနေကြတာ အားလုံးသိတဲ့အတိုင်းဘဲ ARSAရန်ကနေ ထွက်ဖို့ Bachashar ကျွန်းသို့ မိသားစုတစု ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုး ကို ကယ်နေတာလား မိမိကိုယ့်မိမိ တွေးကြည့်ပါ။ အောက်ပါ ARSA အဖွဲ့ဝင်တစ်ဦးရဲ့ ကိုယ့်ရေးရာဇဝင်အချက်အလက်ပါ။

👉 26.အာယုပ်ခါန် (ဘ) ဘော်ဒူ ဇာမာ

အာယုပ်ခါန် (အဘ) ဘော်ဒူဇာမာ သည် ဒုက္ခသည်စခန်း အမှတ် ၉ Block A 6 တွင် နေထိုင်သည်။ အမြဲ တမ်းလိပ်စာက မောင်းတော
မြို့နယ်၊ ဒိုတန်း ကျေးရွာတွင် နေထိုင်ခဲ့ သူဖြစ်တယ်။၂၀၁၆ ခုနစ် ကပင် အာဆာ အဖွဲ့ ဝင်တစ်ဦး ဖြစ်ခဲ့တယ် ။၂၀၁၇ ခုနစ် တွင် ထွက် ပြေးလာခဲ့တယ်။ဒုက္ခသည် စခန်းတွင် နမည် ဆိုးဖြင့် ကျော် ကြားနေသူ နူရ်ဘော်ရှော်၏ မိတ်ဆွေ ဖြစ်တယ်။ဒို တန်း ကျေးရွာ သား ရှော်ဖိတ်ကို သတ်ဖြတ်မှု အပါအဝင် များစွာသော လူသတ်မှု တွင် ကျူးလွန်သူ ဖြစ်တယ်။

အာဆာအဖွဲ့ ၏ အဓိက အမာခံ တပ်ဖွဲ့ ဖြစ်တယ်။ အာဆာ ခေါင်းဆောင် အာတာ အူလာ၏ လူယုံ တော် ဖြစ်တယ်။ လူသတ်မှု ၊ ပြန်ပေးဆွဲ မှု ၊
အမျိုးသမီး အပေါ လိင် အကြမ်းဖက်မှု များ ကျူးလွန်ခဲ့ ပြီး နယ်စပ်မှ တစ်ဆင့် မူးယစ်ဆေး ဝါးများ ခိုးသွင်းနေသူဖြစ်တယ်။

Crd

#ရိုဟင်ဂျာ


Rohingya Daily News

27/03/2022

al yaqeen(arsa) အကြမ်းဖက်အဖွဲ့ ကို ထောက်ခံအားပေးနေတဲ့ အမျိုးတို့ ဒါတွေကို ကြည့်ပြီးသင်ခန်းစာယူနိုင်ရန် တင်ပေးခြင်းဖြစ်ပါတယ် ။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ သတ်မှတ်ကြေညာချက်...
22/03/2022

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ သတ်မှတ်ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာဥပဒေအရ အရေးယူဖို့ လုပ်ဆောင်ရာမှာ ပိုပြီးအားကောင်းစေကြောင်း မြန်မာ့အရေးလှုပ်ရှားနေသူတွေက ဗွီအိုအေကိုပြောပါတယ်။

Originally published at - https://burmese.voanews.com/a/reactions-to-the-us-government-s-declaration-of-genocide-in-myanmar/6495508.html


21/03/2022

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

(Zawgyi / Unicode)

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်မှုကို တနင်္လာနေ့မှာ ပြောကြားဖို့ရှိတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိထိန်းချုပ်ထားတဲ့ စစ်တပ်တာဝန်ရှိသူတွေ တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ လုပ်ဆောင်မှု ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ဝါရှင်တန်ဒီစီက ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခအကြောင်း လက်ရှိမှာ ခင်းကျင်းပြသနေတဲ့ Holocaust အမှတ်တရ ပြတိုက်မှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာဖို့ ရှိနေတယ်လို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ဒီအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ သမ္မတသက်တမ်း ၁၄ လနီးပါးအချိန်မှာ ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ၂၀၁၇ အကြမ်းဖက်မှုတွေအပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း မွတ်စလင် ရိုဟင်ဂျာ အများစုပါတဲ့ ဒုက္ခသည် ၇၃၀,၀၀၀ ထက်မနည်းဟာ အိုးအိမ်စွန့်ခွါပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြရသလို မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုထားတာပါ။

အခုလို ဘိုင်ဒန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန် မြန်မာသံရုံးကို အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု ချက်ချင်းမရသေးကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြုမထားပါဘူး။

#ရိုဟင်ဂျာ #မြန်မာစစ်တပ် #လူမျိုးတုံးသတ်ဖြတ်မှု
------------------------

(Unicode)

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်မှုကို တနင်္လာနေ့မှာ ပြောကြားဖို့ရှိတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိထိန်းချုပ်ထားတဲ့ စစ်တပ်တာဝန်ရှိသူတွေ တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ လုပ်ဆောင်မှု ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ဝါရှင်တန်ဒီစီက ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခအကြောင်း လက်ရှိမှာ ခင်းကျင်းပြသနေတဲ့ Holocaust အမှတ်တရ ပြတိုက်မှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာဖို့ ရှိနေတယ်လို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ဒီအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ သမ္မတသက်တမ်း ၁၄ လနီးပါးအချိန်မှာ ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ၂၀၁၇ အကြမ်းဖက်မှုတွေအပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း မွတ်စလင် ရိုဟင်ဂျာ အများစုပါတဲ့ ဒုက္ခသည် ၇၃၀,၀၀၀ ထက်မနည်းဟာ အိုးအိမ်စွန့်ခွါပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြရသလို မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုထားတာပါ။

အခုလို ဘိုင်ဒန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန် မြန်မာသံရုံးကို အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု ချက်ချင်းမရသေးကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြုမထားပါဘူး။

#ရိုဟင်ဂျာ #မြန်မာစစ်တပ် #လူမျိုးတုံးသတ်ဖြတ်မှု

Address


Website

Alerts

Be the first to know and let us send you an email when Rohingya Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share