Travel with Nyein Chan

  • Home
  • Travel with Nyein Chan

Travel with Nyein Chan I can not travel without all your support.

17/02/2024

ပင်လယ်ဒီရေကျတုန်း သံပခြုပ်ကောက်ပြီး အစိမ်းလိုက်ဖောက်သောက်မယ် 😋

15/02/2024
ဒီရေကျတုန်း Sea urchin (သံပခြုပ်)ကောက်ပြီး ယောကျာ်းအားတိုးဆေး ကိုယ်တိုင် ဖော်စပ်ကြည့်မယ်..😋I will come back with a video...
10/02/2024

ဒီရေကျတုန်း Sea urchin (သံပခြုပ်)ကောက်ပြီး ယောကျာ်းအားတိုးဆေး ကိုယ်တိုင် ဖော်စပ်ကြည့်မယ်..😋

I will come back with a video soon...😄






#သံပခြုပ်

30/01/2024

ကလောမြို့ထက် ပိုပြီးလှနေသလားလို့...❤️


#လားရှိုးမြို့အလှ

24/01/2024

ပင်လယ်ရေအောက်သတ္တဝါတွေကို Snorkeling လုပ်ရင်းအတူတူကြည့်ကြမယ်.❤️

21/01/2024

ညနေ အိမ်ပြန်လမ်း သစ်တောအလယ်မှာ ကျနော်တို့ လမ်း‌‌ပျောက်ခဲ့တယ်

ကိုယ့်ကိုကိုယ်လွတ်လပ်ခွင့်ပေးလိုက်ပါ။ အကြောင်းပြချက်တွေမပေးတော့ဘဲ လိုချင်တဲ့ပန်းတိုင် အရောက်လှမ်းစေချင်ပါတယ်။ ကိုယ်လိုချ...
18/01/2024

ကိုယ့်ကိုကိုယ်လွတ်လပ်ခွင့်ပေးလိုက်ပါ။

အကြောင်းပြချက်တွေမပေးတော့ဘဲ လိုချင်တဲ့ပန်းတိုင် အရောက်လှမ်းစေချင်ပါတယ်။

ကိုယ်လိုချင်တာအရယူဖို့ဆို ကိုယ်နဲ့ပဲ ၁၀၀ % သက်ဆိုင်ပါတယ်။

ငြိမ်းချမ်းအမြင်အရတော့ ပါတ်ဝန်းကျင်ဆိုတာ လေနဲ့တူပါတယ်။ တစ်ခါတလေ သူက လေအေးအေးနဲ့ကိုယ်ကို ချော့သိပ့်တတ်ကြတယ်။

တစ်ခါတလေကျတာ့လည်း အရမ်းပူတဲ့ လေပူတွေနဲ့ တိုက်ခတ်ကြပါတယ်။
အဓိက ကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါပဲ။

လေအေးတိုက်လို့ဆိုပြီး အရမ်းကျေးဇူးတင်စရာမလိုအပ်သလို၊ လေပူတိုက်ပါတယ်ဆိုပြီး သူ့တို့ကို အပြစ်ရှာနေလို့
မရပါဘူး။
ကိုယ်လျှောက်ရမည့်လမ်းကိုသာ အာရုံစိုက်ပြီး သွားစေချင်ပါတယ်။

အဓိကကတော့ ပြင်းထန်တဲ့စိတ်ဓာတ်ရှိဖို့ပါပဲ။


အခုတလော ငြိမ်းချမ်း Travel Vlog တွေတင်ဖို့ ရက်ကြာမယ်ထင်ပါတယ်။ တစ်နှစ်ပါတ်လုံး ခရီးတွေထွက်နိုင်ဖို့အတွက် ငွေစုနေပါတယ်။ ဒါ...
15/01/2024

အခုတလော ငြိမ်းချမ်း Travel Vlog တွေတင်ဖို့ ရက်ကြာမယ်ထင်ပါတယ်။
တစ်နှစ်ပါတ်လုံး ခရီးတွေထွက်နိုင်ဖို့အတွက် ငွေစုနေပါတယ်။ ဒါပေမဲ့လည်း ကြားရက်တွေမှာ အတတ်နိုင်ဆုံး Vlog တွေဖန်တီးနေမှာပါ။ ‌

Really appreciate for all your support ❣️



14/01/2024

တိမ်ပင်လယ်တွေရှိတတ်တဲ့ ကော့သောင်းမြို့က ကျိုက်ထီးရိုးတောင်



#ကျိုက်ထီးရိုးတောင်
#ကော့သောင်းမြို့

တောတောင်တွေကို ၂ နာရီကျော်လောက်ဖြတ်သန်းလို့အပြီးမှာတော့ အရမ်းလှပလွန်းတဲ့ ပင်လယ်ပြာပြာကြီးကို မြင်တွေ့ခဲ့ရပါတယ်...  #ပင်လ...
12/01/2024

တောတောင်တွေကို ၂ နာရီကျော်လောက်ဖြတ်သန်းလို့အပြီးမှာတော့ အရမ်းလှပလွန်းတဲ့ ပင်လယ်ပြာပြာကြီးကို မြင်တွေ့ခဲ့ရပါတယ်...


#ပင်လယ်ပြင်အလှ

11/01/2024

ကော့သောင်းမြို့က နာမည်အကြီးဆုံး ဆံပင်ညှပ်ဆိုင်သို့တစ်ခေါက် ..✂️



အခုချိန်မှာ  ပိုင်ဆိုင်မှုတွေ ပြပါဆိုရင် ဘာမှ မရှိသလောက်ပါပဲ။ ကျနော်က Backpacker တစ်ယောက်ပါပဲ။ Camera ၊ Laptop ၊ Backpac...
07/01/2024

အခုချိန်မှာ ပိုင်ဆိုင်မှုတွေ ပြပါဆိုရင် ဘာမှ မရှိသလောက်ပါပဲ။

ကျနော်က Backpacker တစ်ယောက်ပါပဲ။

Camera ၊ Laptop ၊ Backpack တစ်လုံးဆီက လွဲလို့ပေါ့။



#ကော့သောင်းမြို့

အိမ်မက်တွေကို စတင်မယ်ဆိုရင် ပြည့်စုံမှ စလုပ်မယ်လို့ မစဥ်းစားပါနဲ့။ ရှိတာနဲ့စတင်လိုက်ပါလို့ ကျနော်အကြံပေးချင်ပါတယ်။ YouTu...
02/01/2024

အိမ်မက်တွေကို စတင်မယ်ဆိုရင် ပြည့်စုံမှ စလုပ်မယ်လို့ မစဥ်းစားပါနဲ့။

ရှိတာနဲ့စတင်လိုက်ပါလို့ ကျနော်အကြံပေးချင်ပါတယ်။
YouTube နဲ့ Fb Page မှာ ကျနော်တင်ထားတဲ့ Videoတွေက Xiomi 11 နဲ့ပါပဲ။
Camera အကောင်းစားကြီးနဲ့ ရိုက်ထားတဲ့ဟာတွေမဟုတ်ပါဘူး။
အခုမှသာ Gopro 10 တစ်လုံး ဝယ်နိုင်တာပါ။

အပြေးသန်ဖို့မလိုပါဘူး။ ပုံမှန်ရှေ့ဆက်သွားဖို့က အဓိကပါ။

အခုဆိုရင် ကျနော် YouTube က ငွေရဖို့ Bank Card လေးချိတ်ဖို့ပဲလိုပါတော့တယ်။

ကျနော့်လိုမျိုး တောရွာကလေးကနေ မွေးဖွားလာတဲ့သူတောင် Travel Vlogger လုပ်ဖို့ ဆုံးဖြတ်သေးတာပဲ။
ကျနော့်မိတ်ဆွေများက ဘာလို့ ကိုယ်လိုချင်တာ ကိုချက်ချင်းမလုပ်နိုင်ရတာလဲ။

ပြင်းပြတဲ့ စိတ်ဆန္ဒသာရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

01/01/2024

အရမ်းလှတဲ့ ဆလုံကျွန်းရွာလေးမှာ မနက်စောစောလမ်းလျှောက်ထွက်မယ်..

ဒီ Videoလေးက ကျွန်းမှာ နောက်ဆုံးရိုက်ထားတဲ့ Vlog လေးပဲဖြစ်ပါတယ်။

ကျနော့်ရဲ့ ၁ ညအိပ် ၂ရက်တာခရီးစဥ်ဟာ အစစအရာရာအဆင်ပြေခဲ့ပါတယ်။
ကျွန်းရွာလေးဆိုပေမဲ့အစစအရာရာပြည့်စုံပါတယ်။

ပိတ်ရက်မှာ အလည်အပါတ်ခရီးထွက်ဖို့စီစဥ်ထားရင် ဒီကျွန်းလေးကို လာဖို့ သူတို့ကိုယ်စား ကျနော်ကပဲ ဖိတ်ခေါ်ပါရစေ။


#မကြုံဂလက်ကျွန်း
#ကော့သောင်းမြို့
#မြိတ်ကျွန်းစုများ

နှစ်တွေပြောင်းလဲသွားတော့မည်။ သို့သော် ရည်ရွယ်ချက်ကတော့ မပြောင်းလဲခဲ့ပါဘူး။ လမ်းလယ်မှာ ရောက်နေသူမို့ ဘာမှထက်ပြီး အထူးရှာဖ...
31/12/2023

နှစ်တွေပြောင်းလဲသွားတော့မည်။
သို့သော် ရည်ရွယ်ချက်ကတော့ မပြောင်းလဲခဲ့ပါဘူး။
လမ်းလယ်မှာ ရောက်နေသူမို့ ဘာမှထက်ပြီး အထူးရှာဖွေစရာမလိုတော့ပေ။

၂၀၂၃ မှာ ကျနော်ကြိုးစားခဲ့ပါ၏။ ၂၀၂၂တုန်းကလည်း ထိုနည်းအတိုင်းပင်။
လာမည့် ၂၀၂၄ ခုနှစ်မှာတော့ အပြောင်းအလဲများစတင်မယ်လိုတော့ ယုံကြည်နေပါပြီ။ 😊

ကျနော်ရဲ့၂၀၂၃ ခုနှစ် အကြံပေးစကားကတော့ ဘာပဲလုပ်လုပ်အဆုံးထိလုပ်ပါ။ အမြဲတမ်း ပညာရပ်တစ်ခုခုလေ့လာပါ။ စာဖတ်ပါ။ ဒီလောက်ပါပဲ။ ကျေးဇူးပါ။

၂၀၂၄မှာ ကျနော်တို့ အတူတူကြိုးစားကြတာပေါ့။

အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ အပြည့်ရှိတဲ့သူက ဘယ်တော့မှ မငြီးငွေ့ကြဘူး... 💪💪
27/12/2023

အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ အပြည့်ရှိတဲ့သူက ဘယ်တော့မှ မငြီးငွေ့ကြဘူး... 💪💪

20/12/2023

ဆလုံရွာထဲသို့ လမ်းလျှောက်ထွက်ကြည့်မယ်..❤️


#မကြုံဂလက်ကျွန်း
#တနင်္သာရီတိုင်း
#မကြုံဂလပ်ကျွန်းရောက်အမှတ်တရ
#ကော့သောင်းမြို့

18/12/2023

ဆလုံလူမျိုးစုများ၏ ဘဝတစ်နေ့တာ ခရီးစဥ် ?
(အမေး အ​ဖြေ )

မကြုံဂလက်ရွာတည်တာ နှစ်ပေါင်း ၆၀ ကျော်နေပါပြီ။
သို့သော် မကြုံဂလက်ရွာကြီးရဲ့ဘုံအလှူကတော့ ဒီအကြိမ်အပါမှ ၂ ကြိမ်ပဲရှိပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျနော်ရောက်တဲ့ညနေက သူတို့ရွာရဲ့ ဒုတိယအကြိမ်မြောက် အလှူနေ့ပါတဲ့။
အရမ်းစည်ကားတဲ့ရွာလေးပါ။ ကျွန်းတွေအများစုကို ကျနော် ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဒီကျွန်းနဲ့က လုံးဝမတူပါဘူး။

လာသမျှ ဧည့်သည်တိုင်းကို ဖော်ဖော်ရွေရွေဆက်ဆံတာကလည်း အံ့ဩလောက်ပါပေတယ်။
ရွာတို့ထုံစံအတိုင်း ရွာမှာ အလှူ၊ ကတိန်တို့ရှိရင် ကပွဲသဘင်လုပ်လေ့ရှိကြပါတယ်။ ထိုနည်းတူစွာ
ဒီရွာကလေးမှာလဲ အဲလို ကပွဲလေးတစ်ခုစီစဥ်ထားပါတယ်။

အခု ကျနော်ရောက်နေတာက ဆလုံရွာရဲ့ ကပွဲညလေးမှာပါ။ ကြုံတောင့်ကြံခဲဖြစ်တာကြောင့် ကပွဲမှာ ၂ နာရီလောက်နေဖြစ်ခဲ့ပါသေးတယ်။
စလုံလူမျိုးတစ်ယောက်နဲ့စကားပြောချင်တာကတစ်ကြောင်း ပြီးတော့ အမှတ်တရတစ်ခုဖြစ်စေချင်တာရယ် တစ်ခုကြောင့် အခုလိုမျိုး အမေးအဖြေ အစီအစဥ်လေးတစ်ခု လုပ်ဖြစ်လိုက်တာပါ။

Video အဆုံးထိကြည့်ပြီးရင်တော့ သူတို့အကြောင်း တီးမိခေါက်မိလောက်တော့ သိမယ်လို့ ယူဆမိပါတယ်။
ကျေးဇူးတင်ပါတယ်ခင်မျ။
ပိုပြိးတော့လည်း ခရီးတွေထွက်နိုင်ဖို့ကျနော်ကြိုးစားနေပါတယ်။

Love You All ❤️❤️


#မကြုံဂလက်ကျွန်း
#တနင်္သာရီတိုင်း
#မြိတ်ကျွန်းစုများ

#မကြုံဂလပ်ကျွန်းရောက်အမှတ်တရ
#

16/12/2023

၁ ည ၁သိန်း၃သောင်း ရှိတဲ့ မကြုံဂလက်ကျွန်းက ရွက်ဖျင်တဲဆီသို့ ... 😱


#ကော့သောင်းမြို့
#ရွက်ဖျင်တဲ


#မကြုံဂလက်ကျွန်း

အလုပ်တွေကြိုးစားရင်းနဲ့ ကိုယ်လိုချင်တဲ့ အနေအထားတစ်ခု မကြာခင်ရောက်လာလိမ့်မယ်လို့ မြင်ယောင်နေတယ်။ အောင်မြင်မှုဆာလောင်နေတဲ့...
15/12/2023

အလုပ်တွေကြိုးစားရင်းနဲ့ ကိုယ်လိုချင်တဲ့ အနေအထားတစ်ခု မကြာခင်ရောက်လာလိမ့်မယ်လို့ မြင်ယောင်နေတယ်။

အောင်မြင်မှုဆာလောင်နေတဲ့ လူငယ်တစ်ယောက်ကို ဘယ်အရာမှ တားလို့မရဘူး။
တစ်နေ့ကျရင် လူတွေက ကျနော့်ကို ပြောကြလိပ့်မယ်။ ကံကောင်းလို့ပါတဲ့။
ရည်ရွယ်ချက်ကို သေသေချာချာသိတယ်၊ အဲတာကိုပဲ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် အဲဒိလူဟာ သူလိုချင်တာရဖို့ နီးစပ်မှာ အသေချာပဲ။

ရေရှည်အောင်မြင်မှုရယူဖို့ဆိုရင် ကျနော်တို့ဟာ ကောက်ရိုးမီး လုပ်လို့မရဘူး။

အမြဲတမ်းလေ့လာနေရမယ်။ အမြဲတမ်းအောင်မြင်မှုဆာလောင်နေရမယ်။ လိုချင်တာရဖို့ဆို ဘာမဆိုပေးဆပ်နိုင်ရမယ်။

Travel vlog တွေကို Edit လုပ်နေပါတယ်နော်။ မကြာခင် ကျနော်ပြန်လာပါ့မယ် 😊

See you all ....❤️❤️


#မကြုံဂလပ်ကျွန်းရောက်အမှတ်တရ
#ကော့သောင်းမြို့
#တနင်္သာရီတိုင်း

#မြိတ်ကျွန်းစုများ

08/12/2023

မြိတ်ကျွန်းစုများတည်ရှိရာ တနင်္သာရီတိုင်းဒေသကြီးရဲ့ Pila ကျွန်း၏ Sea View Point နေရာဆီသို့....🌊

Video အဆုံးမှာ အရမ်းလှတဲ့ Sea view လေးကို တွေ့ရမှာနော်... 😍


#ခရီးသွားလူငယ်တစ်ယောက်




ဟလို..... မင်္ဂလာပါ 😊ကျွန်းပီလာရဲ့ ထိပ်ဆုံးနေရာလေးကို ဒီနေ့ ကျနော် Vlog ရိုက်ထားပါတယ် ...It will Coming Soon .....❤️
07/12/2023

ဟလို..... မင်္ဂလာပါ 😊

ကျွန်းပီလာရဲ့ ထိပ်ဆုံးနေရာလေးကို ဒီနေ့ ကျနော် Vlog ရိုက်ထားပါတယ် ...

It will Coming Soon .....❤️

04/12/2023

I got a Squid for a Dinner ...😋







#ခရီးသွားလူငယ်တစ်ယောက်

03/12/2023

သဘောကျလို့ပါ.... 😊❤️

Video Edit လုပ်ပေးတဲ့ညီလေး ကျေးဇူးပါ ။

20/11/2023

Why I create a travel vlog in this situation..❓






#ခရီးသွားလူငယ်တစ်ယောက်

ဘာလုပ်ရမှန်းမသိဘူးဖြစ်နေကြတဲ့ လူငယ်တွေများစွာရှိတယ်။ တစ်ချို့က ကိုယ်နဲ့သင့်လျော်တယ်ဆိုပြီး နီးစပ်ရာအလုပ် တွေကောက်လုပ်ကြ။...
19/11/2023

ဘာလုပ်ရမှန်းမသိဘူးဖြစ်နေကြတဲ့ လူငယ်တွေများစွာရှိတယ်။

တစ်ချို့က ကိုယ်နဲ့သင့်လျော်တယ်ဆိုပြီး နီးစပ်ရာအလုပ် တွေကောက်လုပ်ကြ။

ဝါသနာပါတဲ့အရာတော့ရှိတယ်၊ ဘယ်လိုစရမှန်းကို မသိဘူးဆိုပြီး ဝါသနာကို ချောင်ထိုးပြီး လက်ရှိအလုပ်ကို စိတ်ပျက်စွာလုပ်နေတဲ့ လူငယ်တွေလည်း မနည်းမနော။

ငွေရရင်အဆင်ပြေပါတယ်ဆိုပြီး ကိုယ်ကိုကိုယ်ညာလျက် အိမ်မက်စတေးပြီး လုပ်တတ်ကြတဲ့လူငယ်တွေလည်း ကျန်သေးတယ်။

အကြောင်းပြချက်တွေ ကျနော်တို့ပေးရတာများနေပြီမဟုတ်လား။ ထပ်ပြီး ပေးအုံးမလို့လား။ စလုပ်လိုက်ပါတော့။
ကိုယ်လက်တွေ့ မစမ်းသပ်ရသော အရာတွေက အစမှာတော့ တော်တော်ခက်တယ်လို့ ထင်နိုင်ပါတယ်။

အစပါပဲ။ လုပ်ဖြစ်သွားရင်၊ အကောင်ထည်ဖော်လိုက်ရင် ထင်သလောက်လည်း မခက်ခဲဘူးဆိုတာ သိလာပါလိပ့်မယ်။

ကျေးဇူးပါ။


#ခရီးသွားလူငယ်တစ်ယောက်

အကြောင်းပြချက်မပေးဘဲ လိုချင်တာရအောင်ယူတတ်တဲ့သူပါ။ 💪မတူညီသော၊ ကွဲပြားခြားနားသော အရာတွေကို လေ့လာရတာကြိုက်သူမို့ ခရီးသွားဖိ...
13/11/2023

အကြောင်းပြချက်မပေးဘဲ လိုချင်တာရအောင်ယူတတ်တဲ့သူပါ။ 💪

မတူညီသော၊ ကွဲပြားခြားနားသော အရာတွေကို လေ့လာရတာကြိုက်သူမို့ ခရီးသွားဖို့ ဆုံးဖြတ်လိုက်တာပါ။

မကြာခင် Vlog အသစ်နဲ့ ပြန်လာမယ်နော်။ ❤️






03/11/2023

Andaman Sea ထဲမှာ Paddle Board စီးကြည့်မယ်..🤭



Address


Website

Alerts

Be the first to know and let us send you an email when Travel with Nyein Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share