crypto savvy

crypto savvy Cryto savvy share latest crypto news and explain concepts easily

Crypto လောကရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာမယ့် Ethereum ရဲ့ The Merge နဲ့ ဘာတွေသိထားသင့်လဲ?အရင်ဆုံး The Merge ဆိုတာ ဘာလ...
13/08/2022

Crypto လောကရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာမယ့် Ethereum ရဲ့ The Merge နဲ့ ဘာတွေသိထားသင့်လဲ?

အရင်ဆုံး The Merge ဆိုတာ ဘာလဲ နဲ့စလိုက်ရအောင်။

The Merge ဆိုတဲ့ နာမည်အတိုင်းပဲ blockchain ၂ ခုကိုပေါင်းစည်းပေးမယ့် ဖြစ်စဥ်ကို ခေါ်တာ ဖြစ်ပါတယ်။ လက်ရှိ Ethereum mainnet နဲ့ သူနဲ့အပြိုင် run နေတဲ့ Beacon chain ကိုပေါင်းပစ်လိုက်မှာဖြစ်ပါတယ်။ လက်ရှိ Ethereum mainnet ဟာ Proof-of-work နဲ့ လည်ပတ်နေတာဖြစ်ပြီး transaction တွေနဲ့ smart contract တွေကို handle လုပ်ပါတယ်။ ex*****on layer လို့လည်းခေါ်တယ်ပေါ့။ ဒါပေမယ့် Ethereum ရဲ့ အဓိကပြဿနာဖြစ်တဲ့ network ကျပ်တာတွေ၊ scalability issue နဲ့ Proof-of-work ရဲ့ စွမ်းအင်သုံးစွဲမှုများတာတွေကို ဖြေရှင်းဖို့ Proof-of-Stake ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် blockchain တစ်ခုရဲ့ consensus mechanism တစ်ခုလုံးကို ချက်ချင်းပြောင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအတွက် Proof-of-stake အတွက်သုံးမယ့် blockchain တစ်ခုကို Beacon chain ဆိုပြီး 2020 December မှာ lanuch လုပ်ခဲ့တယ်။ Beacon chain ဟာ PoS အတွက်ရည်ရွယ်ထားတာဖြစ်လို့ လောလောဆယ်မှာတော့ ဘာ transaction မှ မလုပ်ပါဘူး။ အခွံသက်သက်ကြီးပဲ ဆိုပါတော့။ The Merge က အဲဒီ အခွံနဲ့ လက်ရှိ Ethereum ရဲ့ blockchain နဲ့ပေါင်းစည်းပေးပြီး PoW ကို PoS နဲ့အစားထိုးမှာဖြစ်ပါတယ်။

ဒီလိုမျိုး Consensus mechanism တစ်ခုလုံးပြောင်းပစ်ဖို့အတွက် အချိန်တစ်ခုယူရပြီး အဆင့်အများကြီးကျော်ဖြတ်ရပါတယ်။ ကာကွယ်ဆေးတစ်ခု ထုတ်လုပ်သလိုမျိုးပေါ့။ လူအများစုသုံးနိုင်တဲ့အဆင့်တစ်ခု ရောက်ဖို့ စမ်းသပ်မှုတွေပြုလုပ်ရပါတယ်။ Ethereum ရဲ့ PoS ပြောင်းတဲ့ ဒီခရီးမှာလည်း နောက်ဆုံးအဆင့်မရောက်ခင် အဆင့်သုံးဆင့်ကျော်ဖြတ်ခဲ့ရပါတယ်။

1️⃣ Ropsten Testnet (June 8 ကပြီးစီးခဲ့)
2️⃣ Sepolia Testnet (July 6 ကပြီးစီးခဲ့)
3️⃣ Goerli Testnet (August 10 ကပြီးစီးခဲ့)

ဒီလိုအစမ်းပြောင်းတာတွေပြီးတဲ့နောက် အပြီးပြောင်းမယ့် The Merge ကမကြာခင်ရောက်ရှိလာပါတော့မယ်။ လောလောဆယ်မှာ The Merge အတွက် September 15-16 လို့သတ်မှတ်ထားပါတယ်။ ဒါပေမယ့် Ethereum 2.0 အတွက် ပထမဆုံးအဆင့်ပဲ ရှိပါသေးတယ်။ The Merge နောက်မှာ The Surge, The Verge, The Purge, The Splurge ဆိုပြီး အဆင့် ၄ ဆင့်ကျန်ပါသေးတယ်။ (အဲ့တာအတွက် နောက်ထပ်ပို့စ် တစ်ခု သီးသန့်ထပ်ရေးပါမယ်)

ဒါဆို The Merge ပြီးတဲ့နောက် Ethereum ကဘာတွေပြောင်းသွားမလဲ?

🎯Ethereum Issuance

လက်ရှိ Ethereum မှာ Miner တွေအတွက် reward ပေးဖို့ ETH အသစ်တွေ ထုတ်ပေးတဲ့ ပမာဏက တစ်ရက်ကို 13,000 ETH ရှိပါတယ်။ PoS ပြောင်းပြီးရင်တော့ တစ်ရက်ကို 1,600 ETH ပဲထုတ်ပေးတော့မှာပါ။ ဒါကလည်း PoS က PoW ထက်စွမ်းအင်သုံးစွဲမှုအများကြီးနည်းတဲ့အတွက် ဆုကြေးငွေကို လျှော့ချလိုက်တာဖြစ်ပါတယ်။ ETH Total Supply ရဲ့ 4.3% ကနေ 0.43% ထိလျှော့ချလိုက်မှာဖြစ်ပါတယ်။ Supply နည်းသွားတဲ့အတွက် ETH ကိုကိုတန်ဖိုးတက်လာစေပါတယ်။

🎯EIP-1559

Blockchain တွေမှာ transaction တိုင်းအတွက် gas fee ပေးရပါတယ်။ အခုလက်ရှိ Ethereum မှာ network ကျပ်ရင်ကျပ်သလို gas fee ကအရမ်းများပါတယ်။ ဆိုတော့ များများပေးနိုင်တဲ့သူက မြန်မြန် transaction approve ဖြစ်တဲ့လေလံသဘောမျိုးဆိုပါတော့။ အဲ့တာကို ပြောင်းဖို့အတွက် 2021 August မှာ EIP-1559 ဆိုတဲ့ Gas Fee ပေးတဲ့ စည်းမျဥ်းအသစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ Base fee နဲ့ Tip ဆိုပြီးပြန်ခွဲလိုက်ပါတယ်။ အလွယ်ပြောရရင် Uber တို့ဘာတို့ကနေ ကားငှားသလိုမျိုးပါပဲ။ သတ်မှတ်ထားတဲ့ fee တစ်ခုအပြင် အမြန်လိုရင် tip ထပ်ပေးလို့ရပါတယ်။ Base fee ကလည်း network ပေါ်မူတည်ပြီး 12.5 % လောက်အပြောင်းအလဲရှိပါမယ်။ Block တွေအကုန်ပြည့်နေရင် Base fee က 12.5% တက်ပြီး Block တွေမရှိသလောက်နည်းနေရင်တော့ 12.5% လျော့သွားမယ်ပေါ့။ အရင်ထက် Gas Fee အများကြီးနည်းသွားဖို့မရှိပေမယ့် မတန်တဆပေးရတာမျိုးမရှိတော့ဘူး။

🎯Burning Mechanism

အခုလက်ရှိမှာ gas fee ကို miner တွေအကုန်လုံးကိုပေးပါတယ်။ ဒါပေမယ့် PoS မှာတော့ Tip ကိုပဲ staker တွေကိုပေးမှာဖြစ်ပြီး Base fee ကိုတော့ burn ပစ်မှာဖြစ်ပါတယ်။ တစ်ရက်ကို ပျမ်းမျှ 6,000 ETH လောက် burn ပစ်မယ်လို့ ခန်းမှန်းရပါတယ်။ ဆိုတော့ တစ်ရက်ကို 1,600 လောက်အသစ်ထုတ်ပြီး 6,000 လောက်ပြန်burn ပစ်တဲ့အတွက် ETH က deflationary ဖြစ်လာပါမယ်။ (Bullish 🔥)

🎯Energy Consumption

PoS ပြောင်းပြီးချိန်မှာ Ethereum ရဲ့စွမ်းအင်သုံးစွဲမှုက 99.95% လောက်ထိ လျော့သွားပါမယ်။ Blockchain ပေါ်မှာ node တစ်ခု run တာဟာ 2.6MWh လောက်ပဲရှိတော့မယ်။ ဒါဟာ လက်ရှိ US gaming industry တစ်ခုလုံးရဲ့ စွမ်းအင်သုံးစွဲမှုထက် အဆ 1,300 လောက်နည်းပါတယ်။

🎯Dump after the Merge?

Beacon chain ကိုစမိတ်ဆက်ကတည်းက 32 ETH ကို stake လုပ်ပြီး reward တွေရနေပါတယ်။
လောလောဆယ် The Merge မတိုင်ခင်မှာလည်း ETH စျေးတွေက အတက်ဘက်ကို သွားနေတယ်။ ဒါဆို The Merge ပြီးတဲ့အခါ stake လုပ်ထားတဲ့ ETH တွေကို dump မလားဆိုတဲ့ စိုးရိမ်စရာလေးတွေတော့ရှိနေပါတယ်။ stake လုပ်ထားတဲ့ ETH တွေ The Merge ပြီးသွားလည်း 6 လကနေ 12 အထိ lock လုပ်ထားဦးမှာပါ။ အဲ့ကြားထဲမှာက နည်းနည်းချင်းစီ unlock လုပ်ပေးသွားမှာဖြစ်ပါတယ်။ အခုလက်ရှိ stake လုပ်ထားတဲ့သူတွေကလည်း ETH maxi တွေပါပဲ။ ကိုယ့်ပိုက်ဆံ ဘယ်အချိန်ပြန်ထုတ်ရမလဲ မသေချာတာတောင် Vitalik တို့ကို ယုံပြီးထည့်ထားတာဖြစ်တဲ့အတွက် ချက်ချင်းပြန်ရောင်းထုတ်မယ်တော့မထင်ပါဘူး။ ပြီးတော့ staker ကတွေရမယ့် reward ကလည်း transaction tip fee နဲ့ထပ်တိုးလာဖို့ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ The Merge နဲ့ပတ်သက်ပြီး တစ်ခုခုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်သွားပေးလို့ရပါတယ်။ ✌️

Disclaimer: Not Financial Advice and Do Your Own Research 🚨

Hacker တွေသုံးတဲ့ Tornado Cash ဘယ်လိုအလုပ်လုပ်လဲ?US Treasury Department က အမေရိကန်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေအားလုံး ...
10/08/2022

Hacker တွေသုံးတဲ့ Tornado Cash ဘယ်လိုအလုပ်လုပ်လဲ?

US Treasury Department က အမေရိကန်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေအားလုံး Tornado Cash ကို သုံးခွင့်မရှိတော့ကြောင်းစာထုတ်လိုက်ပါတယ်။

အဓိကအကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ မတ်လက Axis Infinity ရဲ့ Ronin Bridge ကနေ crypto တွေဖောက်သွားတဲ့ မြောက်ကိုရီးယား ဟက်ကာအဖွဲ့ဖြစ်တဲ့ Lazarus အဖွဲ့ က Tornado Cash ကိုသုံးပြီး ငွေကြေးခဝါချမှုတွေ လုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ သာမန်ငွေကြေး ခဝါချတာမျိုးမဟုတ်ဘဲ အမျိုးသားလုံခြုံရေးကိုထိပါးစေတဲ့ လက်နက်ထုတ်လုပ်ရေးကိစ္စတွေနဲ့ ဆက်နွယ်နေတာကြောင့်လိုဆိုပါတယ်။ အရင်က‌လည်း Tornado Cash လိုမျိုး ဝန်ဆောင်မှုပေးတဲ့ Blender.io ကိုလည်း ဘန်းခဲ့ဖူးပါတယ်။

ဒါဆို Tornado Cash က အွန်လိုင်းဒုစရိုက်သမားတွေအတွက် ရည်ရွယ်ပြီးထုတ်ထားတာလား? Tornado Cash ဘယ်လိုအလုပ်လုပ်သလဲ တစ်ချက်လေ့လာကြည့်ရအောင်။

Tornado Cash ကိုစထောင်ခဲ့တာတော့ Roman Semenov လို့ခေါ်တဲ့ software developer ပေါ့။ Tornado Cash ရဲ့ အဓိကရည်ရွယ်ချက်ကတော့ blockchain ပေါ်မှာ privacy ရှိရှိ transaction တွေလုပ်နိုင်ဖို့ပါပဲ။ Blockchain တိုင်းမှာ transaction တိုင်းကို timestamp နဲ့အတိအကျမှတ်ထားပါတယ်။ ဘယ် address ကနေ ဘယ် address ဘယ် coin ဘယ်လောက်လွှဲလိုက်တယ်ဆိုတာမျိုးပေါ့။ Ethereum ဆိုရင် etherscan၊ Avalanche ဆိုရင် snowtrace အစရှိတဲ့ website တွေမှာ ပြန်ရှာလို့ရပါတယ်။ Blockchain ပေါ်မှာ ကိုယ့်ရဲ့ အပြင်က identity မပေါ်ပဲ wallet address ပဲပေါ်တယ်ဆိုပေမယ့် ကိုယ်ဘယ်သူလဲဆိုတာ address နဲ့တွဲပြီးသိနေရင်တော့ ကိုယ့်ရဲ့ transaction တိုင်းကို ခြေရာခံလို့ရနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ on chain activity တွေကိုမသိစေချင်တဲ့သူတွေက Tornado Cash လို ဝန်ဆောင်မှုကိုသုံးပြီး ခြေရာဖျောက်လေ့ရှိပါတယ်။

Tornado Cash ဘယ်လိုအလုပ်လုပ်ဆိုတာ အရှင်းဆုံးပြောရရင် သူ့မှာ ပိုက်ဆံပုံကြီးတစ်ပုံရှိမယ်ပေါ့။ ကိုယ်က တခြားသူတစ်ယောက်ကို၊ ဒါမှမဟုတ် တခြား wallet တစ်ခုဆီလွှဲချင်တယ်ဆို ကိုယ့်ပိုက်ဆံကို အဲ့ငွေပုံကြီးထဲကို အရင်ပစ်ထည့်လိုက်မယ်။ တခြားလာထည့်ထားတဲ့သူတွေရဲ့ ငွေတွေနဲ့ ရောပစ်လိုက်တယ်ပေါ့။ ထည့်လိုက်ရင် လျှို့ဝှက်ကုဒ်လေးတစ်ခုထုတ်ပေးတယ်။ ပြီးမှ အဲ့ကုဒ်ကိုသုံးပြီး address အသစ်တစ်ခုနဲ့ပြန်ယူလိုက်ရုံပဲ။

အဲ့တာဆို ယူလိုက်တဲ့ ငွေတွေက ဘယ်ကလာတယ်ဆိုတာ မသိတော့ဘူး။ ပြောရရင်တော့ wallet ၂ ခုကြားက transaction history ကိုဖျောက်ပေးတဲ့ သဘောပါပဲ။ ဒါပေမဲ့ ပြဿနာက crypto hacker တွေအကြိုက် tool တစ်ခုဖြစ်သွားတာပါပဲ။

Tornado Cash ကိုသုံးတဲ့သူတိုင်းက မကောင်းတဲ့သူတွေလို့ တထစ်ချပြောလို့တော့ မရဘူး။ တစ်ချို့က မကောင်းတဲ့ရည်ရွယ်ချက် ရှိချင်မှလည်း ရှိမယ်။ privacy ကိုအရမ်းအလေးထားတဲ့ user တွေလည်းဖြစ်နိုင်တယ်။ Chainalysis ရဲ့ဒေတာတွေအရ အခိုးခံရတဲ့ငွေတွေက Tornado Cash Pool ရဲ့ 10% ပဲရှိပါတယ်။ ဒါပေမယ့်လည်း USDC ရဲ့ parent company ဖြစ်တဲ့ Circle က Tornado Cash နဲ့ပတ်သက်နေတဲ့ wallet address တွေထဲက USDC တွေကိုပါသုံးမရအောင် freeze လုပ်လိုက်ပါပြီ။ ဒါကြောင့်လည်း crypto user တွေကြားမှာ censorship မရှိတဲ့ freeze လုပ်ချင်တိုင်းလုပ်လို့မရတဲ့ decentralised stablecoins တွေကပိုရေပန်းစားလာနိုင်ပါတယ်။ အခုဆိုရင် Tornado Cash Founder ရဲ့ GitHub အကောင့်ကိုပါပိတ်ပစ်လိုက်ပါပြီ။ ဒါပေမယ့် Tornado Cash က decentralised app ဖြစ်တဲ့အတွက် လုံးဝပိတ်ပစ် လို့မရပဲ US မဟုတ်တဲ့ တခြားနေရာတွေမှာတော့ သုံးလို့ရနေဦးမှာပါပဲ။

Crypto ကိုလုံလုံခြုံခြုံ ဘယ်လိုသုံးမလဲ?ဒီနှစ်ထဲမှာပဲ crypto တွေ အဟက်ခံရတဲ့သတင်းတွေက ခပ်စိတ်စိတ် ကြားလာရတယ်။ လောလောလတ်လတ်...
09/08/2022

Crypto ကိုလုံလုံခြုံခြုံ ဘယ်လိုသုံးမလဲ?

ဒီနှစ်ထဲမှာပဲ crypto တွေ အဟက်ခံရတဲ့သတင်းတွေက ခပ်စိတ်စိတ် ကြားလာရတယ်။ လောလောလတ်လတ်ဆိုရင် Slope wallet ကနေ SOL တွေပါသွားတဲ့ သတင်းရယ်၊ မတ်လက Axie ရဲ့ Ronin Network ကနေ $600 M ကျော်အခိုးခံရတာတွေက အထင်ရှားဆုံးပါပဲ။ 2022 မှာပဲ အခိုးခံရတဲ့ ပမာဏက $1.6 B ‌ကျော်နေပြီ ဖြစ်ပါတယ်။ ဒါဆိုရင် cryptocurrency တွေက လုံးဝလုံခြုံမှုမရှိတာလား? အဲ့လိုတော့လည်း မဟုတ်ပါဘူး။ Blockchain ဆိုတာ တခြားနည်းပညာတွေနဲ့ ယှဥ်ရင် သက်တမ်းနုသေးတဲ့အတွက် လုံခြုံရေးအရ အားနည်းချက်တွေ ရှိနေဆဲပါပဲ။ ဒါ့အပြင် အခုမှ crypto လောကကိုစဝင်တဲ့ user တွေအနေနဲ့လည်း ဘယ်လိုဟာတွေမျိုးတွေက ကိုယ့်ရဲ့ crypto တွေကိုခိုးယူသွားနိုင်တယ်ဆိုတာကို သေချာနားမလည်သေးတာကြောင့်လည်း ပါပါတယ်။

ဒါဆို scammer တွေ၊ hacker တွေရန်ကနေ ဘယ်လိုကာကွယ်မလဲ။
ဘယ်လိုကာကွယ်ရမလဲဆိုတာ မပြောခင် အခြေခံကျတဲ့ public key, private key နဲ့ seed phrase အကြောင်းနည်းနည်း ပြန်ရှင်းပြချင်တယ်။ သိပြီးတဲ့သူတွေကတော့ ကျော်ဖတ်ပေါ့။

Public key ကတော့ Blockchain ပေါ်ကကိုယ့်ရဲ့ လိပ်စာဆိုပါတော့။ အပြင်မှာဆို ဘဏ်အကောင့် နံပါတ်ပေါ့။ ကိုယ်က အဲဒီအကောင့်နံပါတ်နဲ့ ငွေလွှဲတာ ငွေလက်ခံတာ လုပ်လို့ရတယ်။ Private key ကတော့ အကောင့် password လို့ပြောလို့ရတယ်။ Private key တွေက 256-bit number တွေကိုသုံးထားပြီး စာလုံးရေနဲ့ဆို ၇၇ လုံးလောက်ထိရှည်နိုင်ပါတယ်။ အဲ့လောက်ရှည်တယ့် ဂဏန်းတွေကို ရိုက်ထည့်ဖို့ မဖြစ်နိုင်တဲ့အတွက် seed phrase ကိုထွင်လိုက်တာဖြစ်ပါတယ်။ seed phrase က recovery code သဘောမျိုးဖြစ်ပြီး private key တွေကို ပြန်ယူဖို့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် wallet set up လုပ်တိုင်းမှာ seed phrase ကိုလုံခြုံတဲ့နေရာမှာ သိမ်းခိုင်းတာဖြစ်ပါတယ်။ သိထားရမယ့်တစ်ချက်ကရမယ့်တစ်ချက်ကတော့ private key တွေက address တိုင်းအတွက် တစ်ခုစီရှိပြီး seed phrase ကတော့ wallet ထဲက address အားလုံးအတွက်ဖြစ်ပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင် ကိုယ့်ရဲ့ crypto တွေကိုဘယ်လို ကာကွယ်မလဲ?

1. Seed phrase ကိုဘယ်သူမှ မရှဲပါနဲ့

Seed phrase တွေက wallet ရဲ့အသက်ပါပဲ။ အဲ့တာကြောင့် ဘယ်သူမှ မပေးပါနဲ့။ ဖြစ်နိုင်ရင် internet ချိတ်သုံးတဲ့ ဘယ် device ပေါ်မှာမှ မသိမ်းပါနဲ့။ password manager မှာသိမ်းမယ်ဆိုရင်လည်း master password ကို အလွယ်တကူခန့်မှန်းနိုင်တာမျိုး လုံးဝမပေးပါနဲ့။

2. တတ်နိုင်ရင် Hardware wallet ဝယ်သုံးပါ

စျေးသက်သာတဲ့ hardware wallet တစ်ခုဖြစ်တဲ့ Ledger Nano S က $60 လောက်ရှိပါတယ်။ ကိုယ့် portfolio က $600 လောက်ရှိလာပြီဆိုရင်တော့ hardware wallet ဝယ်သုံးသင့်ပါပြီလို့ ။ 600 ဖိုးအတွက် 60 လောက်ကတော့ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ တော်တော်များများ အမှတ်မှားကြတာတစ်ခုက hardware wallet ပျောက်သွားရင် အကုန်ပါသွားပြီလို့ထင်တတ်ကြပါတယ်။ တကယ်က hardware wallet က crypto တွေကိုထည့်မသိမ်းထားပါဘူး။ private key တွေကိုပဲ သိမ်းထားတာပါ။ ပြီးတော့ pin ခံထားလို့ရလို့ရတဲ့အတွက် ပျောက်သွားရင်တောင် တခြားသူက မယူနိုင်ပါဘူး။ ဒါ့အပြင် hardware wallet အသစ်ထပ်ဝယ်ပြီး seed phrase နဲ့ restore ပြန်လုပ်လို့ရပါတယ်။

3. Two Factor Authentication သုံးပါ

SMS authentication အစား 2 factor authentication တစ်ခုခုသုံးတာပိုစိတ်ချရပါတယ်။ Google Authenticator သို့မဟုတ် Microsoft Authenticator သုံးလို့ရပါတယ်။ Authy ဆိုတဲ့ authentication app လည်းတော်တော်လေး အဆင်ပြေပါတယ်။ Multi device ကို sync လုပ်လို့ရတယ်။

4. Browser extension တွေကို သတိထားပါ

မလိုအပ်တဲ့ extension တွေကို ဖျက်ပစ်ပါ။ Browser တော်တော်များများက website ကဒေတာတွေကို ဖတ်နိုင် ပြောင်းနိုင်တဲ့ permission ကို‌တောင်းလေ့ရှိပါတယ်။ Malware တွေ၊ ကိုယ် keyboard မှာရိုက်သမျှကို ဖတ်နိုင်တဲ့ keylogger virus တွေက extension တွေက တဆင့်ပါလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် browser နှစ်ခုသုံးပါ။

5. Wallet နှစ်ခုသုံးပါ

Wallet နှစ်ခုသုံးတာက တစ်ခုတည်းသုံးတာထက် risk ကိုလျှော့ချနိုင်ပါတယ်။ ကိုယ်က NFT mint မယ့် crypto တွေ၊ trade မယ့် crypto တွေကို wallet တစ်ခုမှာထားပြီး၊ ရေရှည် hodl မယ့် coin တွေကိုတခြား wallet တစ်ခုမှာ သိမ်းထားသင့်ပါတယ်။ NFT minting site တွေ၊ Dapps တွေကို မသုံးရင် disconnect လုပ်ပြီး access ပြန်ဖြုတ်ထားတာလည်း အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

6. official website တွေကို bookmark လုပ်ပါ

Project တစ်ခုကိုစိတ်ဝင်စားလို့ invest လုပ်မယ်ဆိုရင် Discord, Twitter တို့ကနေ အရင်စစ်ပါ။ official website ကိုတွေ့ရင်လည်း bookmark လုပ်ထားပါ။ လိုမှ Google ခေါက်ရင် fake website တွေနဲ့တိုးနိုင်ပါတယ်။

7. Test transaction လုပ်ပါ

Centralised exchange တွေကနေ ဝယ်ပြီး wallet ထဲကို‌‌ရွှေ့တယ် ဆိုပါစို့။ အနည်းဆုံး ပမာဏကို အစမ်းအရင်ပို့ကြည့်ပါ။ တစ်ခါတစ်လေ ကိုယ့် wallet ကအဟက်ခံထားရမှန်း မသိနိုင်ပါဘူး။ program run ထားပြီး ကိုယ်လွှဲသမျှကို အော်တို ထိုင်ထုတ်နေတာမျိုးဖြစ်တတ်ပါတယ်။ ပမာဏနည်းနည်းလွှဲကြည့်ပြီး ချက်ချင်းကိုယ်မသိတဲ့ wallet တစ်ခုကိုပြန်ထွက်သွားပြီဆိုတာနဲ့ wallet အသစ်တစ်ခုပြန်သုံးပါ။

8. Phishing link တွေကို သတိထားပါ

လင့်မှန်သမျှကို လျှောက်မဝင်ပါနဲ့။ Giveaway link ဖြစ်ဖြစ်၊ referral link ဖြစ်ဖြစ် ယုံကြည်စိတ်ချရတယ်ဆိုမှ ဝင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် crypto အတွက်သီးသန့် protonmail လိုမျိုး email အသစ်ဖွင့်သုံးပါ။

9. Customer Support အတုအယောင်တွေကို ‌ရှောင်ပါ

Discord, Telegram group တွေမှာ admin လိုလို moderator လိုလို နဲ့ DM ကနေစကားလာပြောရင် သတိထားပါ။ မသိတာရှိရင် group ထဲမှာပဲမေးပါ။ moderator တွေနဲ့ admin တွေက seed phrase ကိုဘယ်တော့မှ တောင်းမှာမဟုတ်ပါဘူး။

ဒီလောက်ဆို crypto ကို ဘေးကင်းကင်းနဲ့ သုံးလို့ရပါပြီ။ ညိုကီတို့ သဘောကျတယ်ဆိုရင်တော့ page ကို like လုပ်ပြီး post ကိုရှဲပေးကြပါဦး။ နောက်ထပ် အသုံးဝင်တဲ့ post တွေထပ်လာဖို့ရှိသေးတာမို့။

SOL တွေအခိုးခံလိုက်ရတဲ့ ဖြစ်စဉ်ရဲ့အချက်အလက်တွေဖြစ်ပါတယ်။ စစဖြစ်ချင်းမှာ တစ်မိနစ်ကို 1000 SOL လောက်ကနေ အမြင့်ဆုံး 100000 ...
03/08/2022

SOL တွေအခိုးခံလိုက်ရတဲ့ ဖြစ်စဉ်ရဲ့အချက်အလက်တွေဖြစ်ပါတယ်။ စစဖြစ်ချင်းမှာ တစ်မိနစ်ကို 1000 SOL လောက်ကနေ အမြင့်ဆုံး 100000 SOL ကျော်လောက်ထိဖြစ်သွားပြီး အခုအချိန်မှာတော့

⚠️ WARNING ⚠️Phantom wallet ထဲက SOL တွေအခိုးခံနေရပါတယ်။ Solana Dapps နဲ့ NFT mint sites အချို့နဲ့ ချိတ်ထားတဲ့ wallet တွေ...
03/08/2022

⚠️ WARNING ⚠️

Phantom wallet ထဲက SOL တွေအခိုးခံနေရပါတယ်။ Solana Dapps နဲ့ NFT mint sites အချို့နဲ့ ချိတ်ထားတဲ့ wallet တွေကနေ ခွင့်ပြုချက်မရှိပဲ SOL တွေ အရွှေ့ခံနေရတာ ဖြစ်ပါတယ်။ လောလောဆယ် $6 mil လောက်ပါသွားပြီလို့ဆိုပါတယ်။ ကိုယ့်ရဲ့ Phantom wallet မှာ permission ပေးထားတဲ့ apps နဲ့ websites တွေကိုပြန်စစ်ပြီး access ပြန်ဖြုတ်ထားသင့်ပါတယ်။ Hardware wallet ရှိရင်တော့ အဲ့ထဲရွှေ့ထားတာပိုစိတ်ချရပါတယ်။

NFT market ကိုစလေ့လာချင်တယ်၊ ဒါပေမယ့် risk များတဲ့အတွက် ပိုက်ဆံလည်းအများကြီးစမသုံးချင်သေးဘူး ဆိုရင်တော့ Free NFT တွေနဲ့စ...
19/01/2022

NFT market ကိုစလေ့လာချင်တယ်၊ ဒါပေမယ့် risk များတဲ့အတွက် ပိုက်ဆံလည်းအများကြီးစမသုံးချင်သေးဘူး ဆိုရင်တော့ Free NFT တွေနဲ့စတာကောင်းပါတယ်။ ဒီပို့စ်မှာတော့ Free NFT တွေဘယ်မှာရှာမလဲဆိုတာကို ရှင်းပြပေးထားပါတယ်။


https://cryptosavvy.super.site/nft/learn-about-nft/how-to-get-free-nfts

NFT တွေကိုစိတ်၀င်စားပြီး လေ့လာချင်တဲ့သူတွေ၊ ၀ယ်စုချင်တဲ့သူတွေ၊ ဒါမှမဟုတ်အရောင်းအ၀ယ်လုပ်ချင်တဲ့သူတွေအတွက် ....

ဒီ post မှာတော့ DeFi ဆိုတာဘာလဲ? Traditional Finance နဲ့ဘာကွာလဲ? ဆိုတာတွေကို နားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်။    https:...
17/01/2022

ဒီ post မှာတော့ DeFi ဆိုတာဘာလဲ? Traditional Finance နဲ့ဘာကွာလဲ? ဆိုတာတွေကို နားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်။

https://cryptosavvy.super.site/defi/learn-about-defi/defi-explained

DeFi အကြောင်းကို ပြောဖို့ဆိုရင် အခုလက်ရှိသုံးနေတဲ့ traditional finance ကနေစရမယ်ထင်တယ်။ အခုလက်ရှိငွေကြေးအဖွဲ့အစည်းမှာ အရေ...

NFT ဆိုတာ Non-fungible Token ကိုအတိုကောက်ခေါ်တာမှန်းတော့ တော်တော်များများသိပြီးလောက်ပြီထင်ပါတယ်။ ဒါပေမယ့် NFT ဘယ်လိုအလုပ...
15/01/2022

NFT ဆိုတာ Non-fungible Token ကိုအတိုကောက်ခေါ်တာမှန်းတော့ တော်တော်များများသိပြီးလောက်ပြီထင်ပါတယ်။ ဒါပေမယ့် NFT ဘယ်လိုအလုပ်လုပ်လဲ? ဘာကြောင့်လူတွေက ဈေးကြီးပေးပြီး၀ယ်ကြတာလဲ? NFT တစ်ခုဘယ်လို၀ယ်မလဲ? စတာတွေကို အကြမ်းဖျင်းသိချင်တယ်ဆိုရင်တော့ လင့်ခ်မှာ ၀င်ဖတ်လို့ရပါတယ်။

https://cryptosavvy.super.site/nft/nft-easy-explained

NFT ရဲ့အရှည်ကတော့ non-fungible token ဆိုတာ တော်တော်များများသိပြီးလောက်ပြီထင်ပါတယ်။ ပြီးတော့ NFT လို့ ပြောလိုက်ရင် pixelated art တွေ....

Address


Alerts

Be the first to know and let us send you an email when crypto savvy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share