07/02/2022
တခါတလေကျတော့လည်း ကိုယ့်အသုံးမကျဖြစ်ခဲ့လို့ မျက်နှာမပြဝံ့တဲ့ ဆရာသမားတွေကိုသတိရမိတယ်။ ကျောင်းပြီးကာစဘာမှမတတ်တဲ့ လူငယ်လေးတယောက်ကို အလုပ်ပေးပြီး သေချာသင်ပေးဖူးတဲ့ဆရာကို အမှတ်ရတိုင်းစိတ်ထဲကကျေးဇူးတင်နေမိတယ်။ White Board၊ Marker Pen နဲ့ အထာကျကျ စာသင်တာသူက။ ကိုယ်တွေကတော့ မတ်တပ်ရပ်ဆိုတော့ ညောင်းပေါ့။ တခါတလေ သူကစာသင်တာဇံဝင်ပြီဆို ထမင်းစားလည်းနောက်ကျတဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ မင်းတို့လုပ်စရာရှိတာလုပ် ငါမင်းတို့နောက်မှာရှိတယ်လို့အမြဲပြောတတ်တဲ့ဆရာသမား။တခါတလေတရားသဘောတွေလည်းပြောပြ ဟောပြတတ်လို့ နောက်ကွယ်မှာ ဦးဇင်းကြီးလို့ ကျွန်တော်တို့က နာမည်ပြောင်ခေါ်တာပေါ့။ဘယ်တုန်းကမှ သူ့ကို ဆရာလို့ မခေါ်ဖူးဘူး။ ဒါပေမယ့် ဘယ်လိုတွေးတွေး ကျွန်တော်ကို သင်ပေးခဲ့တဲ့ ဆရာတွေစာရင်းမှာ ထိပ်ဆုံးမှာပါတယ်။ သူပြောနေကျစကား ေလးေတွရှိတယ် "Engineering မှာအမြဲရိုးသားရမယ်တဲ့" အဲ့စကားကို ကျွန်တော် ယနေ့ထိလိုက်နာနေဆဲပဲ။ နောက်တခုက မင်းတို့တတ်ထားတဲ့ ပညာကို တခြားသူကို ပြန်မသင်ပေးမစွန့်နိုင်ဘူးဆို မင်းတို့ပညာအသစ်ထပ်သင်လို့ မရနိုင်ဘူးတဲ့။
သူနဲ့စာသင်ပြီး ဖျောက်မရပဲအကျင့်ဖြစ်သွားတာကတော့ ကော်ဖီခါးခါးကိုကြိုက်တတ်သွားတာပဲ😊
တခါတလေ အကြောင်းအရာတခုခုကို ပြောတဲ့အခါလက်ဖျောက်တီးတတ်တဲ့ အကျင့်ကိုလည်း ကျွန်တော်ဖျောက်မရတော့ပြန်ဘူး။