Rohingya Breaking News

  • Home
  • Rohingya Breaking News

Rohingya Breaking News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rohingya Breaking News, News & Media Website, .

17/12/2021

Rohingya representative testifies in court

18/11/2021
16/11/2021

ဘူးသီးတောင်က အာရ်ဗီတက္ကသိုလ်ကျောင်း မီးရှို့ခံရ
~~~~~~
■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မီးကျောင်းခေါင်းဆွဲကျေးရွာအုပ်စုမှာရှိတဲ့ မဒါရာဆာရီယာ ဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ်ကျောင်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်း ၄ နာရီကျော်လောက်မှာ လူခြောက်ယောက်က လာရောက်မီးရှို့ခဲ့တာလို့ မီးကျောင်းခေါင်းဆွဲ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဟာဗီဇူရာမန်က ပြောပါတယ်။

"ဒေသခံတွေက ရှို့တာ ၊ မီးရှို့သူတွေထဲက တစ်ယောက်ကိုတော့ ဖမ်းမိထားပြီ ဒီမီးရှို့မှုမှာ စုစုပေါင်း ၆ ယောက်ပါတယ်တဲ့ ၊ ၆ ယောက်ထဲက တစ်ယောက်ကို ဖမ်းမိထားတာ"

ဒီမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ဒေသခံတချို့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဆယ်လောက်က ဓာတ်ဆီတွေလောင်းပြီး မီးရှို့ခဲ့တာလို့ စွပ်စွဲပြောဆိုကြပေမယ့်လည်း RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်ရပ်ကို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ "အဲဒီဘက်မှာရှိတဲ့ အဆောက်အအုံတွေက အများအားဖြင့် သက်ကယ်မိုး၊ ကောက်ရိုးကာ ဖြစ်တာများပါတယ်။ အဲဒီဘက်မှာ နေခဲ့ဖူးသူတွေလည်း ရှိပါတယ်။ ပွင့်လင်းရာသီရောက်တိုင်းမှာ မီးဘေးအန္တရာယ်တော့ ကြုံတွေ့ရလေ့ ရှိပါတယ်။ မီးရှို့တာဆိုတဲ့ ဒီသတင်းက တိတိကျကျ မသိသေးပါဘူး။ မီးရှို့တာလို့လည်း ပြောရခက်ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ မီးလောင်ကျွမ်းခဲ့တဲ့ မဒါရာဆာရီယာဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ်ကျောင်းဟာ အုတ်နဲ့ တည်ဆောက်ထားတဲ့ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အကျယ်အဝန်းအနေနဲ့ ပေ ၁၂၀ ၊ ၂၂ ပေ ဝန်းကျင် ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီကျောင်းကို ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံရေးအခြေအနေတွေကြောင့် အခုလက်ရှိအချိန်အထိ ပိတ်ထားရတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

အာရ်ဗီတက္ကသိုလ်ဆိုတာဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးကျမ်းစာ၊ ဗဟုသုတ၊ ပညတ်ချက် စတဲ့ အရာတွေကို လေ့လာသင်ယူနိုင်တဲ့ ကျောင်းဖြစ်ပါတယ်။
- Unicode
---------------

ဘူးသီးေတာင္က အာရ္ဗီတကၠသိုလ္ေက်ာင္း မီးရႈိ႕ခံရ
~~~~~~
■ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက မီးေက်ာင္းေခါင္းဆြဲေက်း႐ြာအုပ္စုမွာရွိတဲ့ မဒါရာဆာရီယာ ဇုလ္အိုလိုမ္ အာရ္ဗီတကၠသိုလ္ေက်ာင္းဟာ ႏိုဝင္ဘာ ၁၃ ရက္ေန႔ မနက္အေစာပိုင္းက မီးရႈိ႕ခံလိုက္ရတယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။

ႏိုဝင္ဘာ ၁၃ ရက္ မနက္အေစာပိုင္း ၄ နာရီေက်ာ္ေလာက္မွာ လူေျခာက္ေယာက္က လာေရာက္မီးရႈိ႕ခဲ့တာလို႔ မီးေက်ာင္းေခါင္းဆြဲ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ဦးဟာဗီဇူရာမန္က ေျပာပါတယ္။

"ေဒသခံေတြက ရႈိ႕တာ ၊ မီးရႈိ႕သူေတြထဲက တစ္ေယာက္ကိုေတာ့ ဖမ္းမိထားၿပီ ဒီမီးရႈိ႕မႈမွာ စုစုေပါင္း ၆ ေယာက္ပါတယ္တဲ့ ၊ ၆ ေယာက္ထဲက တစ္ေယာက္ကို ဖမ္းမိထားတာ"

ဒီမီးေလာင္ကြၽမ္းမႈနဲ႔ ပတ္သက္ၿပီး ေဒသခံတခ်ိဳ႕က စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ေျခာက္ဆယ္ေလာက္က ဓာတ္ဆီေတြေလာင္းၿပီး မီးရႈိ႕ခဲ့တာလို႔ စြပ္စြဲေျပာဆိုၾကေပမယ့္လည္း RFA က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ဒီျဖစ္ရပ္ကို စစ္ေကာင္စီရဲ႕ ျပန္ၾကားေရး ဒု-ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ "အဲဒီဘက္မွာရွိတဲ့ အေဆာက္အအုံေတြက အမ်ားအားျဖင့္ သက္ကယ္မိုး၊ ေကာက္႐ိုးကာ ျဖစ္တာမ်ားပါတယ္။ အဲဒီဘက္မွာ ေနခဲ့ဖူးသူေတြလည္း ရွိပါတယ္။ ပြင့္လင္းရာသီေရာက္တိုင္းမွာ မီးေဘးအႏၲရာယ္ေတာ့ ႀကဳံေတြ႕ရေလ့ ရွိပါတယ္။ မီးရႈိ႕တာဆိုတဲ့ ဒီသတင္းက တိတိက်က် မသိေသးပါဘူး။ မီးရႈိ႕တာလို႔လည္း ေျပာရခက္ပါတယ္" လို႔ ေျပာပါတယ္။

ဒါေပမဲ့ မီးေလာင္ကြၽမ္းခဲ့တဲ့ မဒါရာဆာရီယာဇုလ္အိုလိုမ္ အာရ္ဗီတကၠသိုလ္ေက်ာင္းဟာ အုတ္နဲ႔ တည္ေဆာက္ထားတဲ့ ႏွစ္ထပ္အေဆာက္အအုံျဖစ္ၿပီး အက်ယ္အဝန္းအေနနဲ႔ ေပ ၁၂၀ ၊ ၂၂ ေပ ဝန္းက်င္ ရွိတယ္လို႔ ေဒသခံက ေျပာပါတယ္။

ဒီေက်ာင္းကို ၂၀၁၇ ခုႏွစ္ကတည္းက ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အခုလက္ရွိအခ်ိန္အထိ ပိတ္ထားရတာျဖစ္တယ္လို႔ ေဒသခံက ဆိုပါတယ္။

အာရ္ဗီတကၠသိုလ္ဆိုတာဟာ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ဘာသာေရးက်မ္းစာ၊ ဗဟုသုတ၊ ပညတ္ခ်က္ စတဲ့ အရာေတြကို ေလ့လာသင္ယူႏိုင္တဲ့ ေက်ာင္းျဖစ္ပါတယ္။
- Zawgyi
---------------

Photo: CJ

15/11/2021

မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ၃ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးဟု ARSA ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကြား နိုဝင်ဘာလ ၇ ရက်၊ ၉ ရက်နှင့် ၁၁ ရက်များတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ARSA ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်တွင် လှိုင်သီကျေးရွာအနီး၌ ARSA တပ်ဖွဲ့ဝင်အချို့သည် စစ်ကောင်စီလှည့်ကင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးကာ ARSA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ၊ ၁ ဦး ဒဏ်ရာရကြောင်း ARSA အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း တမန်းသားနှင့် ရေနောက်ငါးသားကျေးရွာကြား ARSA စခန်းအား စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ARSA က ပြန်လည်ခုခံတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ARSA တပ်စခန်းမှ အဆောက်အဦး ၂ ခု ပျက်စီးသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများဖြင့် ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးမှုအား အတည်မပြုနိုင်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်တွင် ငါးရံ့ချောင်းကျေးရွာအနီး တောင်ကုန်းများတွင် ကင်းလှည့်နေသော အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ARSA အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ARSA အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

28/10/2021

“The RSO terrorist is dissatisfied with the Rohingya '99% support for and is destroying ARSA's support.The RSO killed innocent Rohingya in the camp, and the RSO blamed ARSA. Note: We love more than our life. F**k RSO https://t.co/6c0fsaDEbs”

06/01/2021

Address


Website

Alerts

Be the first to know and let us send you an email when Rohingya Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share