Htee hat khone

  • Home
  • Htee hat khone

Htee hat  khone aa

28/10/2022

အနှောင်ပိုးကရင် သီချင်းလေးပါ

ပုဇွန်ချဥ်စပ်ကျော် ကြိုက်တဲ့ သဲရင်းမျှားအတွက်
10/10/2022

ပုဇွန်ချဥ်စပ်ကျော် ကြိုက်တဲ့ သဲရင်းမျှားအတွက်

ကိုယ်တေဘ၀နဲ မထိုက်တန်ပေမက် ရင်တည်းမာ အရမ်းလိုချင်မိတယ်☹️☹️☹️
07/10/2022

ကိုယ်တေဘ၀နဲ မထိုက်တန်ပေမက် ရင်တည်းမာ အရမ်းလိုချင်မိတယ်☹️☹️☹️

တနေ့မှာ လူတချို့က ငါ့မကောင်းကြောင်းပြောကြလိမ့်မယ် မင်းကလည်း ယုံလိမ့်မယ် ဒီလိုနဲ့ တချိန်ကျ မကောင်းတဲ့လူက ငါ မဟုတ်ဘူး ဆိုတ...
29/09/2022

တနေ့မှာ လူတချို့က ငါ့မကောင်းကြောင်း
ပြောကြလိမ့်မယ် မင်းကလည်း ယုံလိမ့်မယ်

ဒီလိုနဲ့ တချိန်ကျ မကောင်းတဲ့လူက ငါ မဟုတ်ဘူး
ဆိုတာ မင်း ကိုယ်တိုင် သိသွားလိမ့်မယ်

အဲဒီ အချိန်မှာ မင်းက ငါ့ကို အားနာနေမိလိမ့်မယ် ။

လွန်ခဲ့တဲ့ လပိုင်းတုန်းက လူတစ်ယောက်က သူ ပတ်သက်ဖူးတဲ့ လူရဲ့ မကောင်းတဲ့ အချက်တွေကို လာပြောပြတယ် ။

တဖက်လူဟာ အတ္တကြီးကြောင်း ၊ ရိုင်းစိုင်းကြောင်း ၊ လေးစားမှုမရှိကြောင်း စသဖြင့်ပေါ့လေ ။

ကိုယ်ကလည်း နားနှစ်ဖက်ရှိပါရက်နဲ့ သူပြောတာ

ကို ယုံပြီး တဖက်လူအကြောင်း သေချာ မသိဘဲ မကောင်းဘူး လို့ထင်ခဲ့တယ် ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းသိလာတဲ့အခါ
မကောင်းတဲ့လူဆိုတာ သူ ကိုယ်တိုင်ပဲ လို့
သိသွားတယ် ။

သူ့ကိုလည်း အပေါင်းအသင်း မလုပ်တော့ဘဲ
ရှောင်နေလိုက်တယ် ။ အဲဒီတော့မှ ကိုယ့်ဘက်
က သေချာ မသိဘဲ အထင်လွဲခဲ့မိတဲ့ တဖက်လူကို စိတ်ထဲက အားနာနေမိခဲ့တယ် ။

လူတစ်ယောက်ရဲ့ စိတ်ကိုသိဖို့ဆိုတာ
အဲဒီလူတစ်ယောက်ရဲ့ နေရာကို ကိုယ်က
ရောက်ဖူးမှ သိလိမ့်မယ် ။

သူ့လို ခံစားဖူး ၊ သူ့လို ကြုံဖူးမှပဲ သူ့အခြေအနေ
ကို နားလည်နိုင်လိမ့်မယ် ။

အပြစ်တင်မစောဖို့ ၊ ပြောတိုင်း မယုံဖို့
လူတွေကို အယုံကြည် မလွန်စေဖို့ ..

ဖြစ်နိုင်ရင်
လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လောက်လဲ သတ်မှတ်ဖို့

ကိုယ်ရဲ့ တန်ဖိုးကို အရင် ရဲရဲဝံ့ဝံ့ စစ်တမ်းထုတ်
စေချင်ပါတယ် ။

တဖက်သားရဲ့ အားနည်းချက် ၊ မပြည့်စုံမှုတွေကိုပဲ
ထောက်ပြနေတယ် ဆိုတာ ကိုယ့်ရဲ့ ချို့ယွင်းချက် တွေကို

Cover လုပ်ချင်လို့ အခြားလူတွေရဲ့ အာရုံစူးစိုက်မှုကို ကိုယ့်ဆီမရောက်အောင် လွှဲချလိုက်ခြင်းပဲ ဖြစ်တယ် ။

ဒီလို သနားစရာလူတွေ တကယ်ရှိတယ် ။

* #

 #လူတစ်ယောက်ရဲ့ တကယ့်တန်ဖိုး****************************ဖတ်ကြည့်နော်…ငွေရဲ့တန်ဖိုးကဖေါ်ပြထားတဲ့ ကိန်းဂဏာန်းတွေမှာရှိတယ်။...
24/09/2022

#လူတစ်ယောက်ရဲ့ တကယ့်တန်ဖိုး
****************************
ဖတ်ကြည့်နော်…

ငွေရဲ့တန်ဖိုးက
ဖေါ်ပြထားတဲ့ ကိန်းဂဏာန်းတွေမှာ
ရှိတယ်။

လူရဲ့တန်ဖိုးက
ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်တွေမှာ
ရှိတယ်။

လူတစ်ယောက်ရဲ့တန်ဖိုးကို
ငွေရှိခြင်း ၊ မရှိခြင်းနဲ့ တိုင်းတာလို့
မရဘူး။

လူတစ်ယောက် အတွက်
လူ့တန်ဖိုးကို
ငွေနဲ့ဝယ်ယူလို့ မရဘူး။

လူတစ်ယောက် အတွက်
ရိုးသားမှုကို
ငွေနဲ့ဝယ်လို့ မရဘူး။

လူတစ်ယောက် အတွက်
ကိုယ်ကျင့်သိက္ခာကို
ငွေနဲ့ဝယ်လို့ မရဘူး။

သစ်ပင်ကောက်တာကို
မြင်ရလွယ်ပေမဲ့
လူ့အတွင်းစိတ်တွေ မဖြောင့်တာကို
မြင်ရခက်ပါတယ်။

လူတချို့က
သူတို့ရဲ့မကောင်းတဲ့ အတွင်းစိတ်ကို
လူတွေ မမြင်အောင်
ဟန်ဆောင် လုပ်ရပ်တွေနဲ့
ဖုံးကွယ်တတ်ကြတယ်။

လူ့တန်ဖိုးကို
ခိုးယူတတ်ကြတယ်။

တစ်ကယ့် ရိုးသားမှု စစ်စစ်က
အတွင်းစိတ်က လာတယ်။
တစ်ကယ့် ကိုယ်ကျင့်တရား စစ်စစ်က
အတွင်းစိတ်က လာတယ်။

အတွင်းစိတ် သန့်ရှင်းနေခြင်းက
ကိုယ်ကျင့်သိက္ခာနဲ့ယှဉ်တဲ့ လုပ်ရပ်တွေကို
လိပ်ပြာလုံစေတယ်။

ဒါကြောင့်…

လူတစ်ယောက်ရဲ့
တစ်ကယ့် တန်ဖိုးရှိတဲ့ နေရာဟာ
အတွင်းစိတ်ပါပဲ။

#*

မေတ္တာဖြင့်…လေးစားလျှက

Address


Alerts

Be the first to know and let us send you an email when Htee hat khone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share