Ijustmakeabeat

  • Home
  • Ijustmakeabeat

Ijustmakeabeat 09797534620
music producing

03/12/2023

တီးဖြည့်ကူ CIXVIL - Ijustmakeabeat

17/11/2023

FREE BEAT တွေ နဲ့ သီချင်းထုတ်လို့ရလား ?

* အဖြေကတော့ ထုတ်လို့ရပါတယ် ။

* YOUTUBE ကနေ ရှာထားတဲ့ FREE BEAT နဲ့ သီချင်းထုတ်မယ်ဆိုလျှင် music producer name ကို
credit ပေး သုံးရုံပါဘဲ ။

* FREE BEAT ကို အသုံးပြုထားတဲ့ မိမိရဲ့သီချင်းကို ဖြန့်ဝေခွင့်ရမယ့် နေရာတွေကတော့ Facebook , Youtube နဲ့ Soundcloud တို့မှာ ဖြန့်ချီလို့ရပါမယ် ။
[FREE] လို့ ရေးထားခြင်းက ဒီ Beat က [ SOLD OUT ] မဖြစ်သေးဘူး ။ ဒါကြောင့် လွပ်လပ်စွာ လာဝယ်ပြီး အသုံးပြုနိုင်ပါတယ်လို့ ရေးထားခြင်းဖြစ်ပါတယ် ။
Title မှာ [ FREE ] ရေးထားတယ်ဆိုပေမယ့် ဒီ Beatတွေက FREE FOR NON-PROFIT ( မိမိ သီချင်း ကနေ ဝင်ငွေမရမယ့်နေရာတွေအတွက်သာ အခမဲ့ အသုံးပြုခွင့် ) ပါ ။ ဒါကြောင့် Spotify , Apple music မှ အစ Youtube မှာ တင်ခဲ့ရင်တောင် Content ID ( မူပိုင်ခွင့်လက်မှတ် )
ရယူခွင့်မရှိပါဘူး ။

မူပိုင်ခွင့်နဲ့ ကိုယ်တစ်ယောက်တည်းပိုင်ချင်တယ်ဆိုရင်တော့ Beatကိုတီးထားတဲ့ music producer ဆီ ဆက်သွယ်ပြီး ( $ 100 မှ စ $ 500 ) အထိ ကျသင့်သလောက်ပေးဝယ်ရပါမယ် ။

* FREE BEAT ရဲ့ ကောင်းကျိုးတွေက ...

ငွေကြေးအရမ်းမသုံးနိုင်သေးတဲ့ တက်သစ်စတွေအတွက် သီချင်းကောင်းတွေ အရေအတွက်များများထုတ်ဖို့ အရမ်းကောင်းပါတယ် ။

တူရိယာ တစ်မျိုးမျိုး မတီးတတ်သေးဘဲ သီချင်းရေးချင်တဲ့ artists တွေ အတွက်လည်း အရမ်းအသုံးဝင်ပါင်္တယ် ။

FREE BEAT တိုက်ရိုက်ဝယ်မသုံးနိုင်တဲ့သူတွေကကိုယ်ကြိုက်တဲ့ FREE BEAT ကို reference အနေနဲ့
အသုံးပြုပြီး local music producer တွေ ဆီမှာ
ပြန်ဖန်တီးလို့ရနိုင်ပါတယ် ။ ( တစ်ပုံစံတည်းလိုချင်ရင်တော့ မူရင်းတီးခတ်သူဆီဘဲ သွားဝယ်ဖို့ဘဲ အကြံပေးချင်ပါတယ် ။ )

* FREE BEAT ရဲ့ ဆိုးကျိုးတွေကတော့ ...

Content ID ယူပြီးသား Beatကို အသုံးပြုမိထားတယ်ဆိုရင် Facebookပေါ်တင်တဲ့အခါ အသံပျောက်နေတာတို့ ၊ Youtube Channelမှာ တင်တဲ့အခါ copyrightမိ နေမှာဖြစ်ပါတယ် ။
အကယ်၍ Free Beat ကို အသုံးပြုထားတဲ့
ကိုယ့်သီချင်းက အရမ်းပေါက်သွားခဲ့မယ်ဆို
copyright ထိနေခဲ့ခြင်းကြောင့်
ကိုယ့်သီချင်းကနေ ရလာမယ့် income တွေဟာ
ကိုယ့် channel ထဲကို မဝင်တော့ဘဲ
မူရင်းmusic producer ( သို့ ) မူပိုင်ခွင့်ဝယ်ယူထားသူ ဆီကိုဘဲ အကုန်ရောက်သွားမှာ ဖြစ်ပါတယ် ။

ကျန်တာတော့ ကိုယ့်အတွေးနဲ့ကို
သုံးသင့် ၊ မသုံးသင့်တွေးပြီး
ပိုမိုကောင်းမွန်သော အနုပညာတွေ ဖန်တီးနိုင်ကြပါစေ ။

crd.cracky

17/11/2023

ဘယ်လိုအမျိုးအစား
ဘယ််လိုခံစားမှုမျိုးပေးတဲ့
instrumental တွေပေါ်မှာ ဆိုချင်ကြလဲ
ဒီနေ့ကနေစပြီး
၃ ရက်တစ်ပုဒ်လောက်
free instrumental တွေ တင်ပေးမယ်ဗျာ
တီးစေချင်တဲ့ အမျိုးအစားတွေရှိရင်လည်း
comment မှာ တောင်းဆိုလို့ရတယ်ဗျာ


09/11/2023

all guys want to make me
something analogous things
but……
i’m just want to create something new
because that made me feel art
….

06/09/2023

prod.cixvil (ijustmakeabeat)

အခုထိမတွေ့ 🤣
18/11/2022

အခုထိမတွေ့ 🤣

12/11/2022

NAT & DollA Moe - KHAT (Official Audio)

Music produced by DollA Moe & CIXVIL

Mixing & Mastering by C I X V I L ( Ijustmakeabeat )

Record by Capo recordz

Streaming on Youtube : https://www.youtube.com/watch?v=23VkfhfC5U0&t=27s

Follow Dolla Moe :

Youtube : https://www.youtube.com/channel/UCeXjxtkplpLqyJoP6pNS8ZQ
Instagram : https://instagram.com/dolla_moez?r=na...

Follow NAT :

Youtube : https://www.youtube.com/channel/UCQ0SFBEoNMSEMRXFOnqWZxw
Instagram : https://www.instagram.com/nyeinaungth...

Follow CIXVIL :

Youtube : https://www.youtube.com/channel/UCvhvYhhQBbsx2VI5-9AO1oQ
Instagram : https://www.instagram.com/cixvilmusic/

01/11/2022
30/09/2022

music produced by ijustmakeabeat !! 👋🏽

23/09/2022

Nyein Aung Thant - ကောင်မလေး ( Official Video )

Music Produced by CIXVIL(Ijustmakeabeat)

Guitar Solo by Phyoe Mg

Directed and Edited By CIXVIL(ijustmakeabeat)

Capo Recordz
https://soundcloud.com/nyein-aung-thant/nyein-aung-thant?si=5d416b49bb444672be3f92da86c710cf&utm_source=clipboard&utm_medium=text&utm_campaign=social_sharing

https://www.youtube.com/watch?v=hGmKJ33PYj4

Follow Nyein Aung Thant - https://www.facebook.com/officialnyeinaungthant/

Follow CIXVIL - https://www.facebook.com/cixvilks

Follow ijustmakeabeat - https://www.facebook.com/ijustmakeabeat/

Follow Capo recordz - https://www.facebook.com/caporecordz

16/09/2022

Money make everything….

ကျနော် produce လုပ်ထားတဲ့ သီချင်းတွေကျနော့် ကိုယ်ပိုင် သီချင်းတွေinstrumental ပိုင်းနဲ့ ပတ်သတ်တဲ့ video တွေအားလုံးကိုhtt...
26/08/2022

ကျနော် produce လုပ်ထားတဲ့ သီချင်းတွေ
ကျနော့် ကိုယ်ပိုင် သီချင်းတွေ
instrumental ပိုင်းနဲ့ ပတ်သတ်တဲ့ video တွေ
အားလုံးကို

https://youtube.com/channel/UCvhvYhhQBbsx2VI5-9AO1oQ

ဒီမှာ အကုန်ပေါင်းတင်မှာမို့
subscribe လုပ်ပြီး
စောင့်မျှော်ပေးပါအုံးလေ

24/08/2022

တီးခတ် ချိန်ညှိ ijustmakeabeat 🎹
Guitar solo by Ko Phyo Aung Linn

23/08/2022

တီးထားတဲ့အပုဒ်တွေထဲက

Capo recordz က N A T ရဲ့ ဆယ်ပုဒ်လောက်

အပိုင်းထဲက ငါးပုဒ်လောက်

2019 မှာ 2021 မှာထွက်မယ့်

Southern Thugz ခွေထဲက

ဆယ်ပုဒ်လောက်

ဆက်တိုက်ထုတ်မယ်ဗျာ

သေမှထွက်နေရမှာစိုးလို့ ဟီး

15/08/2022

Title - Sae Lone (Official Music Video)
Released on 2018
Music Produced by CIXVIL (ijustmakeabeat)
Directed by CRE EP
Edited by HP
Mastering by Phone Gyi(re recordz)

https://youtu.be/h1INS2L0fdk


အသံဖမ်း တီးခတ်ပေးမှာကတော့ ကျနော်ပါ
13/07/2022

အသံဖမ်း တီးခတ်ပေးမှာကတော့ ကျနော်ပါ

Capo recordz မှ

Audio recording / Music production
Mixing & Mastering များ
စတင် လက်ခံ အသံဖမ်း
တီးခတ်ပေးတော့မှာဖြစ်ပါတယ်

Recording session အနေနဲ့
1 hour - 5000 ks
Mixing & Mastering - 20000 ks
Music production - 50000 ks ပါ

promotion အနေနဲ့
ယခု post ကို
သီချင်းဆိုတဲ့ သူငယ်ချင်း ၂ ယောက်အား
tag ပြီး share ထားတဲ့ screenshot ပြပြီး
1 hour free recording ရယူလိုက်ပါ
promotion ကာလမှာ
14.7.2022 မှ 20.7.2022 ထိဖြစ်ပါတယ်

ဆက်သွယ်ရန် - 09 447811462 / 09 797534620

ရန်ကုန်-မန္တလေး ကားလမ်းမဘေး
တောင်ပေါ်သူ စားသောက်ဆိုင် , စဉ့်ကိုင်မြို့။



စိတ်ဆိုးတယ်
01/10/2021

စိတ်ဆိုးတယ်

20/01/2021
28/12/2020

Bitizen In Southside Out Now!!!!!!

Title song ဖြစ်တဲ့ Bitizen ကို
Music ပိုင်း ပါဝင်တီးခတ်ထားပါတယ်

အရသာတစ်ခုတွေ့မယ်လို့ မျှော်လင့်ပါတယ်

နောက်နှစ်ထဲမှာလည်း ကျနော်ဒိုင်ခံတီးပေးထားတဲ့

Southern Thugz ရဲ့ Mixtape တစ်ချပ်လာပါမယ်

Peace All !!!!!! 🤘🏾🤘🏾

19/12/2020

Title song ကိုတီးခတ်အားဖြည့်ဘာညာပေါ့
ထွက်လာရင် နားဆင်ကြည့်ပါအုံး.... 💥

08/12/2020

🎸🎸🎧🎧

07/11/2020

သီချင်းအဟောင်းတစ်ချို့ကို
ပြန်သွင်း ပြန်ချိန် ပြီးတော့
Playlist တစ်ခုလုပ်လိုက်ပါတယ်
အသစ်တွေလည်း လာပါမယ်ဗျ

Don't look back ဆိုတဲ့တစ်ပုဒ်က
2018 ကထွက်ခဲ့တဲ့ bane ဆိုတဲ့သီချင်းကို
အသစ်ပြန်တီးထားပြီး ပြန်သွင်းထားတာပါ
နားဆင်ကြပါအုံး 🖤

https://open.joox.com/s/rd?k=3wXx

23/10/2020

2019 May လ ကထွက်ခဲ့တဲ့
Sae Lone ရဲ့ "Where I Came From" Ep ထဲက
ကျနော်တီးပေးထားတဲ့ တစ်ပုဒ်ပါ

Title | Sae Lone

Music Prod By CIXVIL ( ijustmakeabeat )

Mastering by Phone Gyi

Studio re

Directed by Cre Ep

Edited by Htet Phyo

Youtube link - https://youtu.be/h1INS2L0fdk

Follow Sae Lone - https://www.facebook.com/S-to-da-L-112981776821606

Where I Came From Album Link -https://www.joox.com/mm/album/PBtgeTW_0+ruaaQRy1LcNg==

14/10/2020

LOST SOUND (Prod By ijustmakeabeat)

ZayGunn , Blacker & Ārthur

Mixing and Mastering by phone gyi

Studio re

Directed by CIXVIL

Edited by H-plus

Starring by Kyawt

YouTube Link >>>>https://youtu.be/c4Ok3RZU0gU

08/10/2020

[Free] Break My Heart Rap Instrumental | Prod By ijustmakeabeat

Producer Tag မပါတဲ့ Version ကို
$15 နဲ့ ဝယ်ယူလို့ရပါမယ်ဗျ
Page ရဲ့ chatbox မှာ
အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်

Free Download Link ကို
share ထားတဲ့ screenshot လေး ပြပြီး
Page ရဲ့ chat box မှာ
လာရောက်တောင်းယူနိုင်ပါတယ်

https://youtu.be/4QMTzBNy8ZQ





07/10/2020

" ကျနော်နှင့် အလကားရနေတဲ့ Download Beat ရဲ့
တရား၀င်စျေးနှုန်းများ"
ယနေ့ခေတ်ကြီးမှာသင်သီချင်းဆိုချင်ရင် ဒိုင်ခံတီးပေးမယ့် Producer တစ်‌ယောက်ရှိနေပါပြီ (ဒါကတော့ Mr.Youtube ) ပါပဲ။ တကယ့်လူနဲ့တီးနေ
ရင်တောင် သွားတွေ့ရမယ် - ဖုန်းဆက်ရမယ် - ချိန်းရမယ် - ကိုယ်လိုချင်တာကိုသူနဲ့ဆွေးနွေးရမယ် - အာပေါက်မယ် - ပြင်ခိုင်းရမယ် etc . အစုံပါပဲ

သင်ဟာဒီနေ့မှသီချင်းစဆိုမှာလား ဒါမှမဟုတ် Studio ပါး၀နေတဲ့ Artist လား? Youtube ဖွင့်လိုက်ပါ . . သင်ကြိုက်နှစ်သက်ရာ (Type) တစ်ခုကို Search Box မှာရှာလိုက်ပါ။ (Pop Type, RnB Type, Trap Type, Rock Type, စသည်ဖြင့်ပေါ့။ ဟုတ်ပါပီ တီးလုံးဖွင့်ပြီးသီချင်းရေးပြီးရင် Studio မှာ Booking ယူပြီးRecording လုပ်ပြီးရင်သီချင်းတစ်ပုဒ်ရပါပြီ။ အော် Download ဆွဲရင်
(1080 p or 720 p) နဲ့ Video File တော့ Bill လေးကုန်ခံပြီး‌ဒေါင်းနော် . . မြန်မာငွေ ၁ သောင်းကနေ ၁၀ သိန်းကျော် အထိတန်‌‌ကြေးရှိတဲ့ Down Beat ကိုတော့ ဖုန်း Billလေး၅၀၀ကျပ်လောက်အကုန်ခံဆွဲတာတရားပါတယ်
" အသံ Quality ကောင်းစေချင်တဲ့စေတနာလေးပါ " : )

Downbeat ဆိုတဲ့သူတွေကိုမပုတ်ခတ်ဖူး။ LB ကထွက်သွားတဲ့ Downbeat Mixing သီချင်းတွေမှအများကြီးပဲ။ တချို့က D.B သာဆိုနေကြတာ Official စျေးတွေနဲ့Termsတွေကိုသိကြတယ်
(မသိသေးတဲ့သူများအတွက်သာ)

ကဲ စကားပုလ္လင်ခံပြီးပြီဆိုတော့ ဆက်ဖြုတ်ရအောင် ...

Music Education (သို့) Music Business Knowledge အားနည်းတဲ့မီယမ်မာ (Myanmar) အများစုအတွက်တော့ Download Beat ဆိုတာ P**n Hub ပီးရင် ဒုတိယပျော်စရာအကောင်းဆုံးတစ်ခုဖြစ်နေတာငြင်းမရပါဖူး
ကျနော်တို့ ၂၀၀၆, ၂၀၀၇ လောက်ကစပြီး Internet ဆိုင်ခေတ်မှာ (Rock It Pro) (Shadowville) အစရှိတဲ့ တီးလုံးရောင်းတဲ့ website တွေစတင်လာ ခဲ့ပါတယ်။ အဲ့ခေတ်မှီတဲ့သူတွေသိပ်သိတာပေါ့။ သို့သော်ကျနော်တို့ခေတ်ကDownload Beat ကို Freestyle ရွတ်ဖို့ သီချင်းအကြမ်းရေးဖို့နဲ့ Produced လုပ်ဖို့ Reference လုပ်ဖို့နဲ့ Sampling ဖြတ်ဖို့တွေမှာပဲအသုံးပြုခဲ့ကြပါတယ်။
တီးလုံးမှာ 4 Bars or 16 Bars မှာ Vocal Tag ကြီးတွေပါတော့ D.B မှန်းတန်းသိတော့ ရုပ်ပေါက်တာပေါ့။ ကျနော်တို့ခေတ်တုံးက D.B သုံးရင်အချင်းချင်းရှုံ့ချကျသလို ဘောင်မ၀င်တဲ့သူတွေလိုသတ်မှတ်ခဲ့ကြပါတယ်။

ကိုယ့်သီချင်းကိုယ်ရေး, Producer နဲ့သေချာတီး, Studio သေချာသွားပြီးသီချင်းတွေကိုအဓိပ္ပါယ်ရှိရှိအသက်သွင်းခဲ့တဲ့ရွှေရောင်ခေတ်တွေပေါ့။ ကိုယ့်ခေတ်လဲကိုယ်ကြွားရသေးတယ်လေ ဒီဖက်ခေတ်လိုမှမဟုတ်တာကိုး
ကဲထားပါ . . ရှေ့ဆက်မယ်။

အခုခင်ဗျားတို့အလကားရနေတယ်ဆိုတဲ့ Download Beat မှာနှစ်ပိုင်းရှိတယ်။
(Non-Profit = ကိုယ်ကျိုးအတွက်အသုံးပြုလို့မရဖူး)
(Profit = ကိုယ်ကျိုးအတွက်သုံးလို့ရပါတယ်) " ဒါကိုသတိချပ်လို့ရတာပေါ့ "
Non-Profit ရေးထားရင် အဲ့ Beat နဲ့ကိုယ်ကျိုးစီးပွားရှာမရဖူးပေါ့, အခွေထဲထည့်ပြီးရောင်းတာတို့, Streaming တင်မရတာတို့ပေါ့)
Profit ရေးထားရင်တော့ကြိုက်သလိုလုပ်လို့ရတာပေါ့။ Producer က သဘောကောင်းပြီးအလကားပေးလိုက်တယ်‌တော့မထင်လိုက်နဲ့ပေါ့ (သူတို့စိတ်ကြိုက်ရောင်းပြီးလို့(သို့) YouTube မှာအလကားပေးထားလို့ Viewer များနေတာနဲ့တင် YouTube ကနေပိုက်ဆံရပြီးသားဖြစ်တော့
အလကားပေးတာပေါ့ : )

ဟုတ်ပြီ . . ကိုယ့်လူတို့အလကားရနေပါတယ်ဆိုတဲ့ Download Beat မှာတရား၀င်လိုင်စင် ၅ မျိုးရှိတယ်။ Company or Producer ပေါ်မူတည်တယ်။
Streaming Count, Physical Copies, Board-cast နဲ့ Show Performanceအသုံးချခွင့်တွေနဲ့စာချုပ်သက်တမ်းတွေရေးနေရင်အတော်ရှည်မှာမို့ စျေးနန်းနဲ့လိုတာပဲရှင်းပြတော့မယ်။ Copy Right Law တောင်သေချာရေရာ
မရှိသေးတဲ့တို့နိုင်ငံအတွက်ကတော့လိုလဲမလို‌သေးလို့မရှင်းပြသေးတာပေါ့။

1. Beginner License - $ 49.99 (မြန်မာငွေ ၆၅၀၀၀)
မူပိုင်ခွင့်မရဖူး - Vocal Tag ဖျောက်ပေးလိမ့်မယ် - Music ကို ပြင်ဆင်ခွင့်မရှိ Mp3 အလုံးလိုက်ပဲပေးလိမ့်မယ် - Mixing ဆွဲရင်တိုင်ပတ်မယ်

2. Professional - $149.99 (မြန်မာငွေ ၁၉၇,၀၀၀)
မူပိုင်ခွင့်မရဖူး - Vocal Tag ဖျောက်ပေးလိမ့်မယ် - Music ကို ပြင်ဆင်ခွင့်မရှိ Mp3 နဲ့ Wave အလုံးလိုက်ပဲပေးလိမ့်မယ် - Mixing ဆွဲရင်တိုင်ပတ်မယ်

3. Unlimited - $ 249.99 ( မြန်မာ​ငွေ ၃၃၀,၀၀၀ )
မူပိုင်ခွင့်မရဖူး - Vocal Tag ဖျောက်ပေးလိမ့်မယ် - Music ကို ပြင်ဆင်ခွင့်မရှိ Mp3, Wave နဲ့ Stems ပေးပီ ( Stems ဆိုတာတီးလုံးထဲမှာပါတဲ့ Drums, Keys , SFX , Synth, Ambient Texture တွေတစ်ခုချင်းစီရဲ့အလုံးလိုက်နော် Kick, Snare, Bass, etc တစ်လိုင်းချင်းစီတောင်မဟုတ်သေးဖူး ) Mixing ဆွဲလို့ နည်းနည်းတော့အဆင်ပြေလာပြီပေါ့

4. Unlimited Plus - $ 499.99 (မြန်မာငွေ ၆၆၀,၀၀၀ )
Unlimited နဲ့အတူတူပါပဲ။ ဒါပေမဲ့ Streaming Count, Physical Copies, Board-caste နဲ့ Show Performance, အသုံးချခွင့်တွေနဲ့စာချုပ်သက်တမ်းတွေအလိုက်စျေးကွာ
လာတဲ့သဘောပေါ့

နောက်ဆုံးတစ်မျိုးကတော့
5. Exclusive - $ 1,499.99 = (မြန်မာငွေ သိန်း ၂၀ )
မူပိုင်ခွင့်ပေးလိုက်ပါပြီ။ ဒါတောင် Music ကို ပြင်လို့ရမရ,တစ်လိုင်းစီပေးမပေးဆိုတာ တော့၀ယ်ကြည့်မှပဲသိမယ်။ နောက်ပြီးစာရေးသူတောင်သိပ်နားမလည်
သေးတဲ့ Terms တွေအများကြီး နဲ့ အကျိုးခံစားခွင့်တွေရရှိအုံးမှာပါ။ ဆက်လေ့လာရင်း နောက်ပိုင်းမှာ တင်ဆက်
ပေးပါအုံးမယ်။

မြန်မာနိုင်ငံမှာတော့ Beat တွေစျေးတန်ပါတယ် : )
" OFFICIAL တန်း၀င် Music Producer ကြီးများကိုမဆိုလိုပါ "
1. တစ်သက်စာမူပိုင်ခွင့် (သေရင်တောင်အခေါင်းထဲ CD ခုတ်ထည့်ပေးမယ်)
2. ပေးထားတဲ့ပိုက်ဆံနဲ့မတန်အောင် စိတ်ကြိုက်‌‌ဂျေးများ ပြင်ဆင်ခွင့်
3. Mixing ဆွဲဖို့တစ်လိုင်းစီ Data " Producer Bill ကုန်ခံပြီးပို့ပေး " အစရှိတဲ့အခြား Service တွေနဲ့ တီးလုံးတစ်ပုဒ်ကိုမြန်မာငွေ ၃ သောင်းကျပ်ကနေစပြီးတော့ အစားစား၀ယ်ယူနိုင်ပါတယ် : )

ကဲ. . Mr.Youtube တီးတဲ့ Download Beat ကိုအလကားထင်နေကြသူများအားလုံး D.B ကို တန်ဖိုးရှိစွာအသုံးချနိုင်ကြပါစေ။ ကိုယ့်နိုင်ငံက Music Producer တွေ, Mixdown Engineer တွေနဲ့ Audio Engineer တွေကို
တန်ဖိုးထားတတ်ကြပါစေ။ သီချင်းတွေအဆင့်ရှိရှိနဲ့ နိုင်ငံတကာအဆင့်မှီနိုင်ကြပါစေဆုတောင်းရင်း . .
လေးစားစွာတင်ပြလိုက်ပါတယ်။

Double P*

ထပ်ပြီးလေ့လာချင်သူများအတွက်
www.beatstars.com
www.thaibeats.com/pricing

05/10/2020

ဒီရက်ပိုင်းကတော့
တင်ဖို့ တီးလုံးတွေ စုနေတာနဲ့ဆိုတော့
ဘာမှ သိပ်မတင်ဖြစ်ဘူး

ဒီတစ်ပတ်က စပြီး free instrumental တွေ
ပြန်တင်ပေးသွားမှာပါ

မတင်ခင်အချိန်လေးမှာ
free instrumental တွေနဲ့
ပတ်သတ်တဲ့ အသုံးပြုခွင့်တွေကို
ရှင်းပြချင်ပါတယ်

ကျနော် free တင်ပေးနေတဲ့ တီးလုံးတွေက
Facebook နဲ့ Youtube မှာတင်တာတွေအတွက်
အသုံးပြုခွင့်ရှိပေမယ့်
Streaming platform တွေမှာတော့
ရောင်းချခွင့်မရှိပါဘူး

Streaming platform တွေမှာ
ရောင်းချချင်တယ်ဆိုရင်တော့
အသုံးပြုခွင့် $15 နဲ့ ဝယ်ယူပြီး
အသုံးပြုနိုင်ပါတယ်ဗျ

Free Instrumental တွေကတော့
Exclusive မဟုတ်ပါဘူး

Exclusive Instrumental
ဝယ်ယူဖို့အတွက်တော့
ဒီ page ရဲ့ chat box မှာ
အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်

ပြီးတော့ Ep တစ်ခွေစာ
Exclusive instrumental တွေလည်း
မကြာခင် မဲဖောက်ပေးဖို့ရှိပါတယ်
အဲ့တာကတော့ exclusive ရမှာပါ

နောက်လာမယ့် activity တွေအတွက်
Page ကို follow လုပ်ပြီး
စောင့်မျှော်ပေးပါကြပါအုံး





12/09/2020

လာမယ့် weekend မှာ
"စကားပြောတဲ့ည" ကို နားထောင်လို့ရပါမယ်🎼

31/08/2020

Music by 🖤

04/08/2020

[FREE] "TAKE IT EASY"

Produced by IJUSTMAKEABEAT

Subscribe on youtube - https://www.youtube.com/channel/UCE73fnY-2xL3M47W8xAyDTA

https://youtu.be/vo_9xl1m538

သုံးစွဲဖြစ်ခဲ့ရင်
music by [FREE] ijustmakeabeat လို့
တပ်ပေးဖို့
တောင်းဆိုပါရစေ! 🖤

Download link အား
ဒီ post ကို
Share ထားတဲ့ screenshot လေးပြပြီး
ဒီ Page ရဲ့ chat box သို့
လာရောက်တောင်းယူနိုင်ပါတယ်

09/07/2020

Instrumental တွေ
တင်မယ်ပြောပြီး
ပျောက်နေတာ.....sorry!
ဒီလတော့
ပြန် run ပါပြီ

01/06/2020

[FREE] "Nightmare" Joyner Lucas Type Trap Beat Instrumental

Produced by IJUSTMAKEABEAT

Subscribe on youtube - https://www.youtube.com/channel/UCE73fnY-2xL3M47W8xAyDTA

Soundcloud - https://soundcloud.com/user-797138493

Music quality အကောင်းအတွက်
Download link အား
ဒီ post ကို
Share ထားတဲ့ screenshot လေးပြပြီး
ဒီ Page ရဲ့ chat box သို့
လာရောက်တောင်းယူနိုင်ပါတယ်

ကျနော် ကိုယ်တိုင်တီးထားတဲ့instrumental တွေကိုတစ်လ နှစ်ပုဒ် (သို့မဟုတ်) သုံးပုဒ်တင်ပါ့မယ်Music quality အကောင်းအတွက်Downlo...
31/05/2020

ကျနော် ကိုယ်တိုင်တီးထားတဲ့
instrumental တွေကို
တစ်လ နှစ်ပုဒ် (သို့မဟုတ်) သုံးပုဒ်
တင်ပါ့မယ်
Music quality အကောင်းအတွက်
Download link အား
တီးလုံးတင်ထားတဲ့ post ကို
Share ထားတဲ့ screenshot လေးပြပြီး
ဒီ Page ရဲ့ chat box သို့
လာရောက်တောင်းယူနိုင်ပါတယ်
မနက်ဖြန် တစ်ပုဒ် တင်ပါ့မယ်


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Ijustmakeabeat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share