Naval News

Naval News Up dated news about navies

Credit--- #သမုဒ္ဒရာများအောက်တွင်_စစ်အေးတိုက်ပွဲသစ်စင်မြင့်ဖန်တီးနေသည့် #ရုရှားဧရာမရေငုပ်သင်္ဘောနှင့်_နျူကလီးယားထိပ်ဖူးတပ...
24/07/2022

Credit---
#သမုဒ္ဒရာများအောက်တွင်_စစ်အေးတိုက်ပွဲသစ်စင်မြင့်ဖန်တီးနေသည့်
#ရုရှားဧရာမရေငုပ်သင်္ဘောနှင့်_နျူကလီးယားထိပ်ဖူးတပ်တော်ပီဒို
မင်းမြတ်စံ

ရုရှားရေတပ်သည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရေငုပ်သင်္ဘောကို လွှဲပြောင်းရယူခဲ့ပြီး ယင်းသည် သုတေသနလုပ်ငန်းသုံးရန်ဟု ကြွေးကြော်ထားသော်လည်း အခြားသူများက သူလျှိုလုပ်ရန် နျူကလီးယားလက်နက်များ တပ်ဆင်ရန် ဖြစ်နိုင်သည်ဟု ပြောဆိုကြသည်။
Belgorod ရေငုပ်သင်္ဘောအား ယခုလအစောပိုင်းက Severodvinsk ဆိပ်ကမ်းတွင် ရုရှားရေတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံးသင်္ဘောတည်ဆောက်သူ Sevmash သင်္ဘောကျင်းက ထုတ်ပြန်ခဲ့သည်။
၎င်း၏ ဒီဇိုင်းသည် ရုရှား၏ Oscar II အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောများကို ပြုပြင်ထားခြင်းဖြစ်ပြီး နောက်ဆုံးတွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် နျူကလီးယားတော်ပီဒိုများနှင့် ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်နိုင်မည့် ရည်ရွယ်ချက်ဖြင့် ပိုမိုရှည်ကြာစွာ ရေငုပ်နိုင်ရန်ဖန်တီးထားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
အကယ်၍ Belgorod သည် အဆိုပါ စွမ်းရည်သစ်များကို ရုရှားရေတပ်တွင် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါက လာမည့်ဆယ်စုနှစ်အတွင်း သမုဒ္ဒရာအောက်ရှိ စစ်အေးတိုက်ပွဲ၏ မြင်ကွင်းများဆီသို့ ပြန်လည်ရောက်ရှိရန် စင်မြင့်တစ်ခုကို ချမှတ်နိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် ရုရှားရေငုပ်သင်္ဘောများ တစ်စီးနှင့်တစ်စီး အပြင်းအထန် အမဲလိုက်ခြင်းနှင့် တင်းမာသောပြိုင်ဆိုင်မှုများသည် နောက်ဆယ်စုနှစ်များအတွင်း ရောက်ရှိလာမည်ဖြစ်သည်။
၁၈၄ မီတာ (၆၀၈ ပေ) ကျော်ဖြင့် Belgorod သည် ယနေ့ သမုဒ္ဒရာအတွင်း အရှည်လျားဆုံးဆုံး ရေငုပ်သင်္ဘောဖြစ်သည်။ ၁၇၁ မီတာ (၅၆၉ ပေ) ရှိ အမေရိကန် Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောများထက်ပင် ရှည်လျားသည်။
Belgorod ကို ၂၀၁၉ ခုနှစ်တွင် ရေပေါ်မောင်းနှင်စမ်းသပ်ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ရုရှားရေတပ်သို့ လွှဲပြောင်းရန် မျှော်လင့်ထားသော်လည်း ကိုရိုနာဗိုင်းရပ်ကြောင့် နှောင့်နှေးခဲ့ရသည်ဟု ဆိုသည်။ ၎င်းအား ပထမဆုံးဖြန့်ချမည့်အချိန်ဇယားကို မသိရသေးပါ။

#ဧရာမတော်ပီဒို
Belgorod နှင့် ရုရှားရေတပ်ရှိ အခြား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ သို့မဟုတ် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ နျူကလီးယား ရေငုပ်သင်္ဘောများနှင့်မဆို ကွာခြားသည့်အရာမှာ ၎င်း၏တာဝန်ဖြစ်သည်။
Belgorod ရေငုပ်သင်္ဘောသည် မိုင်ရာချီအကွာမှ ပစ်လွှတ်ရန် ဒီဇိုင်းထုတ်ထားသည့် ဖန်တီးဆဲ Poseidon နျူကလီးယားတော်ပီဒိုများကို သယ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ပင်လယ်ကြမ်းပြင်တစ်လျှောက် ခရီးသွားခြင်းဖြင့် ကမ်းရိုးတန်းကာကွယ်ရေးများကို ကျော်လွှားခိုးဝင်နိုင်ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
"ဒီနျူကလီးယားထိပ်ဖူးတပ် ဧရာမ တော်ပီဒို ဟာ ကမ္ဘာ့သမိုင်းမှာ ထူးခြားပါတယ်" ဟု အမေရိကန် ရေငုပ်သင်္ဘော ကျွမ်းကျင်သူ H. I. Sutton က မတ်လတွင် ၎င်း၏ Covert Shores ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
Poseidon သည် လုံးဝလက်နက်အမျိုးအစားအသစ်တစ်ရပ် ဖြစ်သည်။ ၎င်းလက်နက်က ရုရှားနှင့် အနောက်နိုင်ငံများ၏ ရေတပ်အစီအစဉ်ကို ပြန်လည်ပုံဖော်မည်ဖြစ်ပြီး လိုအပ်ချက်အသစ်များနှင့် တန်ပြန်လက်နက်အသစ်များဆီသို့ ဦးတည်သွားစေမည်ဟု Sutton က ရေးသားခဲ့သည်။
တော်ပီဒိုများသည် မီဂါတန်အများအပြားရှိသည့် ထိပ်ဖူးများကို သယ်ဆောင်နိုင်သည်ဟု အမေရိကန်နှင့် ရုရှားအရာရှိများက ပြောဆိုထားကြသည်။ ၎င်းတို့ကြောင့် ပစ်မှတ်ကမ်းရိုးတန်းကို ဆယ်စုနှစ်များစွာ လူနေထိုင်ရန် မပြုနိုင်သော ရေဒီယိုသတ္တိကြွလှိုင်းများကို ဖြစ်ပေါ်စေမည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတကာလုံခြုံရေးနှင့် အနုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ အေ ဖို့ဒ်က Poseidon များသည် အမေရိကန်ကမ်းရိုးတန်းမြို့များကို ရေဒီယိုသတ္တိကြွဆူနာမီဖြင့် ရေလွှမ်းမိုးစေရန် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။၏
Poseidon တော်ပီဒိုဒုံးကျည်များကို ရုရှားနိုင်ငံအား နျူကလီယားတိုက်ခိုက်မှုအပြီး ရန်သူကို ပြန်လည်တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည့် လက်စားချေလက်နက်အဖြစ် ရည်ရွယ်ထားကြောင်း ဧပြီလတွင် အမေရိကန်ကွန်ဂရက်လွှတ်တော် သုတေသနဌာန (CRS) အစီရင်ခံစာတွင် ဖော်ပြထားသည်။
CRS အစီရင်ခံစာအရ Belgorod သည် Poseidon နျူတော်ပီဒိုရှစ်စင်းအထိ တင်ဆောင်နိုင်မည်ဖြစ်ပြီး အချို့သော လက်နက်ကျွမ်းကျင်သူများကမူ ၎င်း၏ အလေးချိန်ကြောင့် တော်ပီဒိုခြောက်လုံး ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုကြသည်။
အချင်း ၂ မီတာ (၆.၅ ပေ) နှင့် အရှည် မီတာ ၂၀ (၆၅ ပေ) ရှိမည့် Poseidon သည် နိုင်ငံတကာတွင် တီထွင်ခဲ့သမျှထဲတွင် အကြီးဆုံးတော်ပီဒိုဟု Sutton က ၂၀၁၉ ခုနှစ်တွင် ရေးသားခဲ့သည်။ ၎င်းသည် ပုံမှန် အကြီးစားတော်ပီဒို၏ အဆ ၃၀ အရွယ်အစားဖြစ်သည်ဟု Sutton က ဆိုသည်။

#သံသယဝင်ဖွယ်တော်ပီဒို
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ၂၀၁၈ ခုနှစ် မိန့်ခွန်းတွင် Poseidon များသည် ဆိတ်ငြိမ်ပြီး အလွန်အမင်း ထိန်းကျောင်းနိုင်ကာ ရန်သူအသုံးချနိုင်သည့် အားနည်းချက်များ မရှိဟု အမွှမ်းတင်ခဲ့ကြောင်း CRS မှ အစီရင်ခံထားသည်။
သမားရိုးကျ ထိပ်ဖူးများ တပ်ဆင်ထားပါက Poseidon များကို လေယာဉ်တင်သင်္ဘောအုပ်စုများ၊ ကမ်းရိုးတန်းခံတပ်များနှင့် အခြေခံအဆောက်အအုံများ အပါအဝင် ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။
သို့သော် အဆိုပါလက်နက်ကို ရုရှား၏လက်နက်တိုက်တွင် နောက်ဆုံး၌ ထည့်သွင်းထားခြင်းပြုမပြုကို သံသယဖြစ်ဖွယ်ရာများ ရှိနေသည်။
“တော်ပီဒိုနဲ့ ရေငုပ်သင်္ဘော ပလက်ဖောင်း နှစ်ခုလုံးအတွက် ဖွံ့ဖြိုးဆဲ နည်းပညာ ဖြစ်နေဆဲပါ” ဟု အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ်မှ Nuclear Information Project ဒါရိုက်တာ Hans Kristensen က ပြောကြားခဲ့သည်။
Poseidon သည် ယခုဆယ်စုနှစ် ဒုတိယနှစ်ဝက်အထိ ဖြန့်ကျက်ရန် အဆင်သင့်မဖြစ်သေးကြောင်း ၎င်းက ပြောသည်။ CSR ကလည်း Poseidon တော်ပီဒိုများကို ၂၀၂၇ ခုနှစ်အထိ တပ်ဖြန့်ချထားရန် မမျှော်လင့်ဟု အစီရင်ခံထားသည်။
Belgorod ကိုယ်တိုင်သည် အနာဂတ် Khabarovsk အတန်းအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအတွက် စမ်းသပ်သင်္ဘောဟု Kristensen က ထောက်ပြသည်။ Khabarovsk ကို ယခုနှစ်တွင် ပထမဆုံး မိတ်ဆက်နိုင်ဖွယ် ရှိသည်။

ထို့နောက် ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှု ပေါ်ပေါက်လာပြီး ယင်းသည် စစ်တပ် ဟာ့ဒ်ဝဲများကို ပြုပြင်ထိန်းသိမ်းရေး လျစ်လျူရှုထားမှု၊ ဆိုးရွားသော လက်နက်ဒီဇိုင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့်ဟု လေ့လာသူများက အကဲဖြတ်ကြသည်။
"ရုရှားအဆင့်မြင့်လက်နက်များသည် မှော်လက်နက်များမဟုတ်ဘဲ ယုံကြည်စိတ်ချရမှုပြဿနာများ ကြုံတွေ့နေသည်မှာ ယူကရိန်းစစ်ပွဲက သတိပေးချက်တစ်ခုဖြစ်ကြောင်း၊ တိုက်ချင်းပစ် နျူကလီးယားစွမ်းအား တော်ပီဒိုသည်လည်း အဆိုပါပြဿနာ ရှိနေသည်ဟု ယုံကြည်ရန် အကြောင်းပြချက်ရှိကြောင်း Kristensen က ပြောကြားခဲ့သည်။
သို့သော် အခြားကျွမ်းကျင်သူများကမူ Poseidon တော်ပီဒိုများသည် ကြွားသလောက်မစွမ်းဟု ပြောသည့် အယူအဆကို လက်မခံလိုကြပေ။
"ရုရှားမြေပြင်တပ်တွေနဲ့ နည်းဗျူဟာလေတပ်အပေါ် အထင်အမြင်လောက်နဲ့ ရုရှားရေအောက်နဲ့ နျူကလီးယားတပ်ဖွဲ့တွေကို သွားကြည့်ရင် .. အထူးသဖြင့် ယူကရိန်းက အခြေအနေဆိုးတွေပေါ် အခြေခံတဲ့ အထင်အမြင်တွေဟာ ရုရှားမဟာဗျူဟာမြောက်တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို လျှော့တွက်တဲ့အန္တရာယ်ရှိ ဖြစ်ပေါ်စေနိုင်ပါတယ်”ဟု အမေရိကန်ရေတပ် ရေငုပ်သင်္ဘောကပ္ပတိန်ဟောင်းနှင့် လက်ရှိ အမေရိကန်လုံခြုံရေးစင်တာမှ လေ့လာသူ Thomas Shugart က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်မှ အမေရိကန်၏ ဖရိုဖရဲ ဆုတ်ခွာမှုကိုကြည့်ရှု၍ အမေရိကန် နျူကလီးယားစစ်ရေးကို ထမ်းဆောင်မည့် ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောများ၏ စွမ်းရည်ကို မေးခွန်းထုတ်ခြင်းကဲ့သို့ပင် အမေရိကန်၏ ရန်သူများကိုလည်း အလားတူ ကောက်ချက်ဆွဲခြင်းက အန္တရာယ်ကြီးမားမည်ဟု သူက ရှင်းပြသည်။

#ရေအောက်ကပြေးတမ်းလိုက်တမ်း
Belgorod သည် Poseidon တော်ပီဒိုများ သယ်ဆောင်နိုင်သည့် ရေငုပ်သင်္ဘော ၄ စင်းတွင် ပထမဆုံး ဖြစ်နိုင်ကြောင်း CRS မှ ပြောကြားပြီး ရုရှား၏ ပစိဖိတ်ရေတပ်တွင် ၂ စင်း၊ မြောက်ပိုင်းရေတပ်တွင် ၂ စင်း တာဝန်ထမ်းဆောင်ရန် ရည်မှန်းထားသည်။
အထက်ဖော်ပြပါ Khabarovsk အတန်းအစား နောက်ထပ် Poseidon တင် ရေငုပ်သင်္ဘော ၃ စင်းသည် ၂၀၂၀ ခုနှစ်များ၏ ဆန်းသစ်ပြီး ယှဉ်ပြိုင်ရန်ခက်ခဲသည့် ရန်သူကို ကိုယ်စားပြုသော အနှစ်သာရလက်နက်များ ဖြစ်ဖွယ်ရှိသည်ဟု Sutton က ၂၀၂၀ ခုနှစ်၌ Covert Shores တွင် ရေးသားခဲ့သည်။
အခြားရေတပ်များသည် Khabarovsk အတန်းအစားကို အတုယူရန် မဖြစ်နိုင်သော်လည်း တန်ပြန်လိုလိမ့်မည်ဟု Sutton က ပြောကြားခဲ့သည်။ "အမေရိကန်ရေတပ်နဲ့ ဗြိတိန်ရေတပ် ရေငုပ်သင်္ဘောမုဆိုးတွေနဲ့ ရုရှားတွေနဲ့ ကြောင်နဲ့ကြွက်လို ရေကုန်ရေခမ်း ရေအောက်ကစားပွဲတွေဖြစ်ဖို့ ပြန်အားဖြည့်ပေးနိုင်ပါတယ်၊ အာတိတ်၊ မြောက်အတ္တလန္တိတ်နဲ့ မြောက်ပစိဖိတ်ဒေသမှာ စစ်အေးတိုက်ပွဲသစ်တစ်ခု လာတော့မယ်" ဟု ရေးသားခဲ့သည်။
Belgorod သည် အနာဂတ် Poseidon စမ်းသပ်ပစ်လွှတ်မည့် ပစ်စင်ဖြစ်နိုင်သလို အဆိုပါ ရေငုပ်သင်္ဘောသည် ထောက်လှမ်းရေးသတင်း ပလက်ဖောင်းတစ်ခုအဖြစ် လည်ပတ်နိုင်ဖွယ်ရှိကြောင်းလည်း Sutton က သုံးသပ်သည်။
"ရေငုပ်သင်္ဘောကို ရုရှားရေတပ်က မောင်းနှင်ခဲ့သော်လည်း GUGI ခေါ် ရေနက်သုတေသနအဖွဲ့၏ လျှို့ဝှက်ဌာန လက်အောက်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” Sutton က ရေးသားခဲ့သည်။
ယခုလအစောပိုင်းက သတင်းထုတ်ပြန်မှုတွင် ရုရှားသင်္ဘောတည်ဆောက်သူသည် Belgorod ၏ တိုက်ခိုက်ရေး မဟုတ်သည့် စွမ်းရည်များကို မီးမောင်းထိုးပြခဲ့ပြီး ၎င်းသည် "ကမ္ဘာ့သမုဒ္ဒရာ၏ ဝေးလံခေါင်သီဒေသများတွင် သိပ္ပံဆိုင်ရာစူးစမ်းလေ့လာရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရုရှားအတွက် အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးကြောင်း” ပြောကြားခဲ့သည်။

(Russian Navy's massive submarine could set the stage for 'a new Cold war' in the oceans - Analysis by Brad Lendon, CNN)

Credit to Stand By Myanmar

24/02/2022

တစ်နာရီ ၂၂ မိနစ်မှာပဲ ယူကရိန်းအရှေ့ခြမ်းကို ရုရှားတပ်တွေက ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
၂၀၁၄ စစ်ပွဲကို သင်ခန်းစာဖော်ထုတ်ပြီး အိမ်စာသေချာလုပ်ထားတဲ့ ရုရှားတို့ဟာ ဒီတစ်ခါတော့ အဓိကပင်မဌာနချုပ်တွေကို တိကျပဲ့ထိန်းလက်နက်တွေနဲ့ တိုက်ရိုက်ပစ်ခတ်ပြီး အရင်းကိုလှဲသိပ်လိုက်ပါတယ်။
ပစ်ခတ်မှုတွေဆက်ဖြစ်နေပြီး မြို့တော်မှာရှိတဲ့ စစ်ဌာနချုပ်အထိ တိုက်ခိုက်ခံရတာကြောင့် ယူကရိန်းရဲ့ Chain Of Command အတော်ပျက်သွားပြီလို့ပြောလို့ရပါတယ်။

စစ်ပွဲရဲ့ ပုံစံပြောင်းသွားတာကတော့ ရုရှားဟာ ယူကရိန်းစစ်တပ်ရဲ့ အဓိကကျတဲ့ ဌာနချုပ်တွေ လက်နက်သိုလှောင်ရုံတွေ HQ တွေ လေတပ်စခန်းတွေကို ဦးနှိမ်ပြီး PGM တွေနဲ့ပစ်ပါတယ်။ Kh-55/101/Kalibr ခရုဇ်ဒုံးပျံတွေနဲ့ Isklander TBM တွေကိုအသုံးပြုပါတယ်။ ဒါကြောင့် ရုရှားဘက်က သဲကြီးမဲကြီးမြို့လည်ခေါင်ထိပစ်ခတ်နေပေမယ့် အရပ်သားသေဆုံးမှုတွေ ထင်သလောက်မတွေ့ရသေးတာပါပဲ။
Isklander တွေရဲ့ တိကျမှုကလည်း CEP 0 လို့ဆိုရလောက်အောင်ကိုတည့်တည့်ထိတာပါ။

အခြားနယ်စပ်က Outpost တွေကိုတော့ MLRS တွေအဓိကအသုံးပြုပြီးတော့ တိုက်တာကိုတွေ့ရပါတယ်။ စစ်ပွဲဟာ Element Of Suprise အစစ်အမှန်ရသွားတာဖြစ်ပြီး ယူကရိန်းတပ်တွေအတော်ကြောင်ပြီးကြည့်နေရတဲ့ပုံပါပဲ။ တိကျပဲ့ထိန်းလက်နက်တိုက်ခိုက်မှုဟာ အရပ်သားသေဆုံးမှုအနည်းဆုံးဖြစ်စေပြီး လိုရင်းကို ထိတဲ့ စစ်နည်းဗျူဟာဖြစ်ပါတယ်။
အမေရိကန်တွေရဲ့ Overwhalming ဆိုတဲ့ နည်းဗျူဟာရပ်အတိုင်း ရုရှားတွေ ဒုံးပျံတွေအများအပြားအသုံးပြုပေမယ့် ပစ်ချင်တိုင်းရမ်းပစ်နေတာမျိုး ကျချင်ရာကျ ဆိုပြီး ပစ်တာမျိုးတော့မဟုတ်ပါဘူး။

ဒါမျိုးလုပ်နိုင်ဖို့အတွက် အဓိကမြှုတ်ကွက်ကတော့ သတင်းလုံခြုံမှုပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတင်းဌာနတွေမှာ ရုရှားတပ်တော်တွေရဲ့ တပ်တည်တွေကို Satellite Image တွေနဲ့ တင်နေကြပေမယ့် ရုရှားဘက်ကလုပ်နေတဲ့ Intelligence Operation တွေဘာရှိမှန်းဘယ်သူမှမသိရပါဘူး။ ဘယ်မှာမှလည်း မတင်ထားပါဘူး။ ရုရှားတွေဟာ တောက်လျှောက် သူတို့ရသမျှသတင်းတွေကို ဖုံးကွယ်ထားပြီး ယူကရိန်းစစ်ဖက်ဆိုင်ရာနေရာတွေကို ဖော်ထုတ်ပစ်မှတ်မှတ်ပုံတင်ပြီး ဘယ်လိုထိုးနှက်ရမလဲပဲ စဉ်းစားနေတာပါ။ ခုတော့ ဒီအစီအစဉ်ကအလုပ်ဖြစ်သွားပါတယ်။

တောက်လျှောက် ယူကရိန်းနယ်စပ်မှာပျံနေတဲ့ NATO စစ်လေယာဉ်တွေ ထောက်လှမ်းရေးလေယာဉ်တွေလမ်းကြောင်းကို Flight Radar နဲ့ 360 Radar တွေကနေပြီးတော့ ရုရှားတို့အလကားသိနေပေမယ့် ရုရှားဘက်က Tu-214 နဲ့ A-50U AWACS တွေ အပါအဝင် ယူကရိန်းနယ်စပ်ကို ထောက်လှမ်းနေတဲ့ Su-24MR ထောက်လှမ်းရေးလေယာဉ် ဆယ်စီးကိုတော့ ဘယ် App မှာမှ မဖော်ပြနိုင်ခဲ့ပါဘူး။ ခုလည်း ယူကရိန်းရေဒါတွေကို EW စစ်ယာဉ်တွေနဲ့ မြေပြင်/ဝေဟင်ကနေ ဖိနှိပ်ထားပြီးမှ ဒုံးပျံတွေကိုပစ်လွှတ်တဲ့အတွက် ဘယ်ရေဒါကမှ သတိမပေးနိုင်ခဲ့ပါဘူး။

ခုတော့ နာရီပိုင်းလေးအတွင်း ယူကရိမ်းအရှေ့ခြမ်းဟာ ဘာမှမတွန်းလှန်မတိုက်ခိုက်နိုင်ဘဲနဲ့ ရုရှားတွေသိမ်းတာခံရတော့မှာပဲဖြစ်ပါတယ်။
ယူကရိန်းဘက်ကနေ NATO မှဝင်မတိုက်ရင် စစ်ရပ်ဖို့ လမ်းမမြင်ပါ။ NATO ဝင်တိုက်ရင် တတိယကမ္ဘာစစ်မဟုတ်တောင် အတော်ကြီးတဲ့စစ်ဖြစ်မှာပါ။ ကိုဆိုဗိုစစ်ပွဲမှာတော့ ရုရှားတွေဟာ ထိုင်ကြည့်နေခဲ့ရတာပါ။ ခုကော NATO ရပ်ကြည့်ဦးမှာလား ? ? ? ?

credit

"ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အိန္ဒိယသမုဒ္ဒရာဒေသတွင်းရေတပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တက်ကြွစွာပါဝ...
31/12/2021

"ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အိန္ဒိယသမုဒ္ဒရာဒေသတွင်းရေတပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင်ရမည့် မြန်မာ့တပ်မတော်(ရေ)၏အခန်းကဏ္ဍ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မောင်မိုး)

အပိုင်း(၁)
--------------

ကမ္ဘာ့မျက်နှာပြင်ရေထု၏ ၁၉.၈ ရာခိုင်နှုန်း သို့မဟုတ် စတုရန်းကီလိုမီတာ ၇၀,၅၆၀,၀၀၀ အား ဖုံးလွှမ်းထားသော ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သမုဒ္ဒရာ အပိုင်းအခြားဖြစ်သည့် အိန္ဒိယသမုဒ္ဒရာဒေသ (Indian Ocean Region – IOR) သည် ကမ္ဘာ့လူဦးရေ ၂၅ ရာခိုင်နှုန်းနေထိုင်ရာ အိမ်ကြီးကဲ့သို့ တည်ရှိနေပေသည်။ အိန္ဒိယ သမုဒ္ဒရာဒေသတွင် အဓိကရေလက်ကြား ၃၀ ခု၊ ရေလမ်းကြောင်းများနှင့် ပင်လယ် ကွေ့များစွာတည်ရှိပြီး Good Hope အငူ၊ Hormuz ရေလက်ကြား၊ Suez ရေလက် ကြား၊ Bab-al-Mandeb ရေလက်ကြား၊ Malacca ရေလက်ကြား၊ Sundae ရေလက် ကြားနှင့် Lombok ရေလက်ကြားအပါအဝင် စွမ်းအင်နှင့် ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသော Choke Point ၇ ခုတို့ဖြင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးထား သည်။

အိန္ဒိယသမုဒ္ဒရာတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနှင့် အရှေ့အာရှတို့အား ဥရောပနှင့် အမေရိကတိုက်တို့ဖြင့် ဆက်သွယ်ပေးထားသည့် အဓိကပင်လယ်ရေလမ်း ကြောင်းများ တည်ရှိနေပြီး ကမ္ဘာ့လောင်စာဆီများအား ရေလမ်းကြောင်းမှ ကူးသန်း ရာတွင် Bab-al-Mandeb ရေလက်ကြားမှ ၈ ရာခိုင်နှုန်း၊ Malacca ရေလက်ကြားမှ ၃၅ ရာခိုင်နှုန်း၊ Hormuz ရေလက်ကြားမှ ၄၀ ရာခိုင်နှုန်းတို့ဖြင့် အိန္ဒိယသမုဒ္ဒရာနှင့် ၎င်း၏ အဓိက Choke Point များမှ ၈၀ ရာခိုင်နှုန်းကျော် ကူးသန်းလျက်ရှိရာ ကမ္ဘာ့ကုန်သွယ် မှုနှင့် စီးပွားရေးအတွက် အဓိကအရေးပါသည့် အသက်သွေးကြောမကြီးအဖြစ် ရပ်တည်လျက်ရှိပေသည်။ ကမ္ဘာ့လောင်စာဆီတင်ပို့မှု၏ သုံးပုံနှစ်ပုံ၊ ကုန်တင်ရေယာဉ် ကြီးများ၏ သုံးပုံတစ်ပုံနှင့် ကုန်သေတ္တာရေယာဉ်ဖြတ်သန်းသွားလာမှု ထက်ဝက်ခန့် သည် အိန္ဒိယသမုဒ္ဒရာရေပြင်ပေါ်တွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည်။ အိန္ဒိယသမုဒ္ဒရာ အတွင်းမှ ပင်လယ်ရေလမ်းကြောင်းများသည် ကမ္ဘာပေါ်တွင် မဟာဗျူဟာအရ အရေး ကြီးဆုံးနေရာများအဖြစ်မှတ်ယူနိုင်ပြီး ယင်း၏ ရေကြောင်းလုံခြုံမှုသည်လည်း ဒေသ တွင်းနိုင်ငံများအတွက်သာမက နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုစနစ်အတွက်ပါ အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။ ထို့အပြင် ကမ္ဘာ့ကမ်းလွန်ရေနံထုတ်လုပ်မှု ၏ပျမ်းမျှ ၄၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ငါးသယံဇာတထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း (တန်ချိန်ပေါင်း ၉၃ သန်း) နီးပါးတို့သည် အိန္ဒိယသမုဒ္ဒရာဒေသမှ ထွက်ရှိနေပြီး Food Security and Energy Security တို့အတွက် အဓိကအထောက်အကူပြုလျက်ရှိကာ ဒေသတွင်းအကျိုးစီးပွားအတွက် တိုးတက်ထုတ်လုပ်နိုင်မည့် အလားအလာများစွာ ရှိနေပါသည်။

အခြားတစ်ဖက်တွင်လည်း ရေကြောင်းလုံခြုံမှုနှင့်သက်ဆိုင်သည့် စိန်ခေါ်မှုကြီး များ ပေါ်ပေါက်လျက်ရှိပြီး ပင်လယ်ဓားပြမှုအပါအဝင် ပင်လယ်ပြင်ဆက်သွယ်ရေး လမ်းကြောင်းများအပေါ် ခြိမ်းခြောက်မှုများ၊ ဒေသတွင်အင်အားပြိုင်ဆိုင်ခြင်းကဲ့သို့ သမားရိုးကျရေကြောင်းလုံခြုံရေးစိန်ခေါ်မှုများနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝ ဘေးအန္တရာယ်များကျရောက်ခြင်း၊ ကူးစက်ရောဂါများပြန့်ပွားခြင်း၊ လူ/ မူးယစ် ဆေးဝါး/ လက်နက်မှောင်ခိုကူးခြင်းများနှင့် အခြားသောနယ်စပ်ဖြတ်ကျော်မှုခင်းများ ကဲ့သို့ သမားရိုးကျမဟုတ်သည့် ရေကြောင်းလုံခြုံရေးစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေ ရပေသည်။ စင်ကာပူနိုင်ငံအခြေစိုက် Information Fusion Center (IFC) နှင့် အိန္ဒိယနိုင်ငံ အခြေစိုက် Information Fusion Center - Indian Ocean Region (IFC-IOR) တို့၏ အစီရင်ခံစာများအရ ပင်လယ်ဓားပြမှုနှင့် လက်နက်ကိုင်လုယက်မှု၊ တရား မဝင်ကုန်ကူးမှု၊ တရားမဝင်ငါးဖမ်းခြင်း၊ သမားရိုးကျမဟုတ်သော တရားမဝင်လူများ ရွှေ့ပြောင်းနေထိုင်မှုနှင့် ရေကြောင်းမတော်တဆဖြစ်မှုများသည် အိန္ဒိယသမုဒ္ဒရာဒေသ အတွင်း သိသာထင်ရှားစွာ မြင့်တက်လျက်ရှိကြောင်းသိရသည်။

Copied from #မောင်မိုး #
‌ဆက်လက်ဖော်ပြသွားပါမည်
Blue Ocean Diary

𝐏𝐢𝐫𝐚𝐭𝐞 𝐀𝐭𝐭𝐚𝐜𝐤 Technomar Shipping ပိုင်COSCO Shipping Lines Co Ltd မှ Operator အဖြစ်​ဆေင်ရွက်လျက်ရှိတဲ့ လိုင်​ဘေးရီးယားမှ...
16/12/2021

𝐏𝐢𝐫𝐚𝐭𝐞 𝐀𝐭𝐭𝐚𝐜𝐤

Technomar Shipping ပိုင်
COSCO Shipping Lines Co Ltd မှ Operator အဖြစ်​ဆေင်ရွက်လျက်ရှိတဲ့ လိုင်​ဘေးရီးယားမှတ်ပုံတင် Container သ​ဘော် MV TONSBERG (TEU 5500)
ဟာမ​လေးရှားနိုင်ငံ Port Klang မှ အာဖရိကတိုက် ဘီနင်နိုင်ငံ Cotonou ဆိပ်ကမ်းသိူ့ထွက်ခွာလာစဥ် Gulf of Guinea အ​ရောက် Dec 13 မြန်မာစံ​တော်ချိန် ည ၉နာရီခန့်မှာ ပင်လယ်ဓါးပြများမှသ​ဘော်ကိုတက်​ရောက်စီးနင်းပြီးသ​ဘော်သား ၆​ယောက်အားဓါးစာခံ အဖြစ်ဖမ်းဆီး​ခေါ်​ဆောင်သွားပါတယ်။

သ​ဘော်မှာလက်ရှိအဆိုပါ​နေရာနားမှာ​မျှောထားပြီး
Danish frigate ESBERN SNAREမှ​စောင့်ကြပ်လျက်ရှိပါတယ်။

crd : Capt Aung Myin Moe
Ref : IHS

06/12/2021

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား ကျင်းပပုံများကို ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ MWD Channel ၊ MWD Variety Channel နှင့် MRTV တိုမှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အနောက်အုပ်စုတွေ လေသံပြောင်းသွား ပြီး... ဗျရှာရှား vs မြန်မာ ပူးပေါင်း စစ်ရေး လေ့ကျင့်မယ့်သတင်းတွေ ထုပ်ပြန်လို့ အပြီး မှာ...
04/12/2021

အနောက်အုပ်စုတွေ
လေသံပြောင်းသွား ပြီး... ဗျ

ရှာရှား vs မြန်မာ ပူးပေါင်း စစ်ရေး လေ့ကျင့်မယ့်
သတင်းတွေ ထုပ်ပြန်လို့ အပြီး မှာ

ကမ္ဘောဒီးယား နိုင်ငံ အာစီယံ အလှည်ကျ
ဥက္ကဌ " HUN SEN " က ဦးဝဏ္ဏမောင်လွင် အား
ကမ္ဘောဒီးယား က ဖိတ်ကြား

ရှရှား vs မြန်မာ အပါဝင်
မိတ်ဖက် နိုင်ငံများ ပေါင်းပြီး
#မဟာဗျူဟာမြောက် ပူးပေါင်း ရေတပ်
စစ်ရေး လေ့ကျင့်မှု ပြုလုပ်မယ်...ဆိုတော့

အနောက် အုပ်စုတွေ
လေသံပျော့သွားတယ်😋

အာစီယံ သဘောတူညီချက် အတိုင်း
သွားမယ်.... ဘာ ညာ ချက်ခြင်း ဖစ်ကုန်တယ်

၂၀၂၁ ... ဒီဇင်ဘာ လထဲ မှာ လုပ်မယ်

ရှရှားနိုင်ငံ / နိုင်ငံ တကာ လုံခြုံရေး ဆိုင်ရာ
" ညီလာခံ " ပွဲကိုလည်း
ကာကွယ်ရေးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်
အား.... ဖိတ်ကြားမှာ ဖစ်ပြီး

ရှရှား မြန်မာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးများ
ပူးပေါင်းမှု ပိုပြီး တိုးမြင့်သွား မယ် ဖြစ်ကြောင်း

ရှရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က
TASS သတင်း ဌာနမှာ ပြောကြား ထားပါတယ်

၂၀၁၆ သဘောတူညီချက် အတိုင်း
မြန်မာ တပ်မတော်အပေါ် စစ်ဘက်ရေး ရာ
ကူညီ ထောက်ပံမှုတွေ ဆက်ပြီး လုပ်ဆောင်သွား
မှာ ဖြစ်ကြောင်း ထပ်မံ ပြောကြား ခဲ့ပါတယ်

အာဏာထိန်းမှု အပြီး မှာ
တပ်မတော်ကို လက်နက်ခဲယမ်း မရောင်းချဖို့
အမေရိကန် အပါဝင် ပိတ်ပင်ခဲ့တာ ပါ

စစ်ဘက်ရေးရာ လုံခြုံရေး ညီလာခံ ဆိုတာ
စစ်ဘက် မဟာမိတ် နိုင်ငံတွေ ပဲ တက်ရတာပါ

#မျိုးမင်းဦး
https://m.facebook.com/story.php?story_fbid=1220868271758959&id=100015073925788

👎👎👎👎
https://www.facebook.com/351574300169/posts/10159580911700170/

ရုရှားနှင့် အာဆီယံနိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုအဖြစ် ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းအား ပူးတွဲပြုလုပ်ခြင်း~~~...
03/12/2021

ရုရှားနှင့် အာဆီယံနိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုအဖြစ် ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းအား ပူးတွဲပြုလုပ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရုရှားနှင့် အာဆီယံနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှုအဖြစ် ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းအား အင်ဒိုနီးရှားနိုင်ငံ၊ စူမားတား အရှေ့မြောက်ကမ်းရိုးတန်း၊ မလက္ကာရေလက်ကြား တစ်လျှောက်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပူးတွဲပြုလုပ်လျက်ရှိသည်။ အဆိုပါ ရုရှား-အာဆီယံ ရေတပ်များ ပူးတွဲလေ့ကျင့်ခန်းအား ဆိပ်ကမ်းတွင် ကြိုတင်လေ့ကျင့်မှုအဆင့်နှင့် ပင်လယ်ပြင်တွင်လေ့ကျင့်မှုအဆင့်ဖြင့် အဆင့် ၂ ဆင့်ဖြင့် ပြုလုပ်ကြသည်။ ထူးခြားမှုအဖြစ် အဆိုပါလေ့ကျင့်ခန်းသို့ ရုရှားနှင့် အာဆီယံ ၁၀ နိုင်ငံလုံးမှ ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး ပထမဆုံးသော Russia-ASEAN ရေတပ်လေ့ကျင့်ခန်းလည်းဖြစ်သည်။

ယခုကဲ့သို့ ရုရှား-အာဆီယံရေတပ်များ ပူးတွဲလေ့ကျင့်ခန်းပြုလုပ်ရန် အောက်တိုဘာလ ၂၈ ရက်နေ့က Video Conferencig ဖြင့် ပြုလုပ်သည့် 4th Russia-ASEAN Summit တွင် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ Summit သို့ ရုရှားသမ္မတ ဗလာတီမာပူတင်ကိုယ်တိုင် Video Conferencing ဖြင့် တက်ရောက် ဆွေးနွေးခဲ့သည်။ ယခုလေ့ကျင့်ခန်းပြုလုပ်ရခြင်းသည် ရုရှားနှင့် အာဆီယံရေတပ်များအကြား ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမြင့်မာလာစေရေးနှင့် ရုရှားရေတပ်အနေဖြင့် ရေကြောင်းဆိုင်ရာစီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက်ရေကြောင်းသွားလာရေး လုံခြုံမှုခိုင်မာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုပြုလုပ်သည့် Russia-ASEAN ရေတပ်လေ့ကျင့်ခန်းတွင် ရုရှားရေတပ်ကိုယ်စားပြုအဖြစ် ပစိဖိတ်စစ်ရေယာဉ်စုမှ ဖျက်သင်္ဘော Admiral Panteleyev ပါဝင်ပြီး ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းရေတပ်တို့မှ စစ်ရေယာဉ်များနှင့် မြန်မာ့ တပ်မတော် ရေ မှ စစ်ရေယာဉ် ကျန်စစ်သား လည်း ပါဝင် ပူးတွဲလေ့ကျင့်ကြသည်။

ရုရှားသည် ယခုနှစ်အတွင်းမှ စတင်ပြီး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ မြှင့်တင်ဆောင်ရွက်လာသလို အာဆီယံနိုင်ငံများဖြင့်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်လာကာ အိန္ဒိယသမုဒ္ဒရာအတွင်း ရုရှား၏ပါဝင်လာမှု ကဏ္ဍအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာသည်ကို တွေ့ရှိနိုင်သည်။

အမျိုးသမီး၁၂၅ ဦး၊ ကလေး ၃၃ ဦးအပါအဝင် လူပေါင်း ၂၂၈ဦးကို မလေးသွား လူမှောင်ခိုစက်လှေတစ်စီးနှင့်အတူ မြန်မာရေတပ်ဖမ်းဆီး  သဥ္ဇာ...
02/12/2021

အမျိုးသမီး၁၂၅ ဦး၊ ကလေး ၃၃ ဦးအပါအဝင် လူပေါင်း ၂၂၈ဦးကို မလေးသွား လူမှောင်ခိုစက်လှေတစ်စီးနှင့်အတူ မြန်မာရေတပ်ဖမ်းဆီး

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂ ၁

အမျိုးမီး ၁၂၅ ဦး၊ကလေး ၃၃ ဦးအပါအဝင်လူပေါင်း ၂၂၈ဦးကို တင်ဆောင်လာသည့် မလေးရှားသို့ သွားသည့် ၀ဒီထွန်း အမည်ရှိ လူမှောင်ခို စက်လှေတစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးလိုက်သည်ဟု အစိုးရ သတင်းများကို ပုံမှန် ဖော်ပြသည့် ရခိုင်နေ့စဉ်တွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။

အဆိုပါစက်လှေကို ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၆နာရီခန့်တွင် စစ်တွေမြို့၏ အနောက်တောင်ဘက် ပင်လယ်တွင်းတွင်တည်ရှိသော မေယုကျွန်း အနောက်မြောက် ၁၇မိုင်အကွာတွင် ရေတပ်က လိုက်လံ ဖမ်းဆီးရမိ သည်ဟု ဆိုသည်။

စက်လှေပေါ်တွင် ဖမ်းဆီးရမိသူများမှာ မြန်မာလူမျိုး စက်လှေသမား ကျား ၅ ဦး၊ ဘင်္ဂါလီလူမျိုး ကျား ၇၀ ဦး၊ မ ၁၂၅ ဦး၊ ကလေး ကျား ၁၉ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့ ဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သတင်းတွင် ဆက်လက် ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ကုလားတန်မြစ်အတွင်းတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် စက်လှေ တစ်စီးပေါ်က အစ္စလာမ် ဘာသာဝင် ၄၅ ဦကို ရေတပ်က ဖမ်းဆီးခဲ့သည်။

အလားတူ အောက်တိုဘာလ ၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ဗလိပေါက်ချောင်း အနီးရှိ ကုလားတန်မြစ်အတွင်းတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အစ္စလာမ် ဘာသာဝင် ၃၀ ဦးနှင့်အတူ စက်လှေသမား ၅ ဦးပါဝင်သော လူမှောင်ခိုစက်လှေတစ်စီးအား ဖမ်းဆီးခဲ့သည်။

-------------------

Zawgyi

အမျိုးသမီး၁၂၅ ဦး၊ ကလေး ၃၃ ဦးအပါအဝင် လူပေါင်း ၂၂၈ဦးကို မလေးသွား လူမှောင်ခိုစက်လှေတစ်စီးနှင့်အတူ မြန်မာရေတပ်ဖမ်းဆီး

သဉ္ဇာနွယ်
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂ ၁

အမျိုးမီး ၁၂၅ ဦး၊ကလေး ၃၃ ဦးအပါအဝင်လူပေါင်း ၂၂၈ဦးကို တင်ဆောင်လာသည့် မလေးရှားသို့ သွားသည့် ၀ဒီထွန်း အမည်ရှိ လူမှောင်ခို စက်လှေတစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးလိုက်သည်ဟု အစိုးရ သတင်းများကို ပုံမှန် ဖော်ပြသည့် ရခိုင်နေ့စဉ်တွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။

အဆိုပါစက်လှေကို ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၆နာရီခန့်တွင် စစ်တွေမြို့၏ အနောက်တောင်ဘက် ပင်လယ်တွင်းတွင်တည်ရှိသော မေယုကျွန်း အနောက်မြောက် ၁၇မိုင်အကွာတွင် ရေတပ်က လိုက်လံ ဖမ်းဆီးရမိ သည်ဟု ဆိုသည်။

စက်လှေပေါ်တွင် ဖမ်းဆီးရမိသူများမှာ မြန်မာလူမျိုး စက်လှေသမား ကျား ၅ ဦး၊ ဘင်္ဂါလီလူမျိုး ကျား ၇၀ ဦး၊ မ ၁၂၅ ဦး၊ ကလေး ကျား ၁၉ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့ ဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သတင်းတွင် ဆက်လက် ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ကုလားတန်မြစ်အတွင်းတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် စက်လှေ တစ်စီးပေါ်က အစ္စလာမ် ဘာသာဝင် ၄၅ ဦကို ရေတပ်က ဖမ်းဆီးခဲ့သည်။

လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)==============...
01/12/2021

လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
==========================================
“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ (၂.၁၂.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့လည်းကောင်း၊ (၃.၁၂.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု သိရှိရပါသည်။”

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ပနားမားတွင် မှတ်ပုံတင်ထားသည့် ၉,၅၇၆ တန် အလေးချိန်ရှိသည့် ကုန်စည်ပို့ဆောင်ရေးသင်္ဘော Lady Rosemary သည် မွန်းလွဲ ၁၁ နာရီ ၄...
30/11/2021

ပနားမားတွင် မှတ်ပုံတင်ထားသည့် ၉,၅၇၆ တန် အလေးချိန်ရှိသည့် ကုန်စည်ပို့ဆောင်ရေးသင်္ဘော Lady Rosemary သည် မွန်းလွဲ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လှိုင်းကာနှင့် တိုက်မိခဲ့သည်။ Fukuoka မြို့ရှိ Hakata ဆိပ်ကမ်းတွင် ၁၄၃ မီတာရှည်သော သင်္ဘောပေါ်တွင် သင်္ဘောသား ၂၂ ဦးမှ တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။

သို့သော်လည်း သင်္ဘောအနီးတွင် ရေနံယိုဖိတ်မှုကို တွေ့ရှိခဲ့ရပြီး ဆီယိုစိမ့်မှုကို ထိန်းချုပ်ရန် အစီအမံများ ဆောင်ရွက်လျက်ရှိသည်။

#

30/11/2021
ဗြိတိန် လေတပ်ပိုင် အမေရိကန်ထုတ် အက်ဖ် ၃၅ တိုက်လေယာဉ် ပျက်ကျ BBC Burmese၁၈ နိုဝင်ဘာလ ၂၀၂၁ဗြိတိသျှ  F- 35 (အက်ဖ်-သာတီဖိုက်...
19/11/2021

ဗြိတိန် လေတပ်ပိုင် အမေရိကန်ထုတ် အက်ဖ် ၃၅ တိုက်လေယာဉ် ပျက်ကျ

BBC Burmese
၁၈ နိုဝင်ဘာလ ၂၀၂၁

ဗြိတိသျှ F- 35 (အက်ဖ်-သာတီဖိုက်) တိုက်လေယာဥ် တစ်စင်း ဂရင်းနစ်စံတော်ချိန် မနက် ၁၀ နာရီ ဝန်းကျင်မှာ မြေထဲပင်လယ်ထဲ ပျက်ကျ ခဲ့ပါတယ်။

ဘာ့ကြောင့် ပျက်ကျရသလဲ ဆိုတာကို အသေးစိတ် စုံစမ်းမှုတွေ လုပ်ဆောင် နေပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက် အရ ပုံမှန် လုပ်ငန်းတာဝန် ဆောင်တာများကို လုပ်ဆောင်စဥ် ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ လေယာဥ်မှုးဟာ အချိန်မီ ခုန်ထွက် သွားနိုင်ခဲ့ပြီး၊ တော်ဝင်ရေတပ်ရဲ့ လေယာဥ်တင် သင်္ဘော အိတ်ချ်အမ်အက်စ် ကွင်း အယ်လိဇဘက် ရှိရာ ဘေးရန်ကင်းကင်း ပြန်လည် ရောက်ရှိ နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပျံတက်ခဲ့ပြီး သိပ်မကြာခင်ပဲ ပျက်ကျခဲ့တာလို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဘဲန်ဝေါလေ့စ်က ပြောပါတယ်။ စုံစမ်းဆဲကာလ အသေးစိတ် ကိစ္စတွေကို မှတ်ချက်ပြု ပြောဖို့ မသင့်တော် သေးဘူးလို့ ဝန်ကြီးက ဆိုပေမယ့်၊ အိတ်ချ်အမ်အက်စ် ကွင်း အယ်လိဇဘက် ပေါ်က လေယာဥ်တွေ ပုံမှန်အတိုင်း လေ့ကျင့်တာတွေ၊ ပျံသန်းတာတွေ ဆက်လုပ်နေမယ်လို့ ပြောပါတယ်။

အိတ်ချ်အမ်အက်စ် ကွင်း အယ်လိဇဘက် ပေါ်မှာ ယူကေပိုင်တဲ့ F- 35B တိုက်လေယာဥ် ၈ စင်း၊ အမေရိကန် မရိန်းတပ်က ၁၀ စင်း ရှိနေပါတယ်။ F- 35B ဟာ ဗြိတိသျှ စစ်တပ်ရဲ့ ခေတ်အမီဆုံး၊ စျေးအကြီးဆုံး တိုက်လေယာဥ် အမျိုးအစား တစ်ခု ဖြစ်ပြီး၊ တစ်စင်းကို ပေါင် သန်း ၁၀၀ နီးပါး တန်ပါတယ်။

အဲဒီ တိုက်လေယာဥ် အမျိုးအစားဟာ ပြေးလမ်းတိုတိုနဲ့ ပျံတက်နိုင်သလို၊ ရဟတ်ယာဥ်တွေလိုပဲ ဒေါင်လိုက်လည်း ဆင်းသက်နိုင်ပါတယ်။ အသံထက်မြန်တဲ့နှုန်းနဲ့ မောင်းနှင်နိုင်ပြီး၊ ကိုယ်ပျောက်လေယာဥ်လို့ တင်စားခေါ်ကြတဲ့ ရေဒါတွေကနေ ဖမ်းလို့ မမိနိုင်တဲ့ နည်းပညာလည်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

မူရင်း လင့်
https://m.facebook.com/story.php?story_fbid=4706609672728214&id=166580710064489

ိုက်လေယာဉ်ပျက်ကျ

ဓာတ်ပုံ - MoD UK ၊ Retures

Address


Website

Alerts

Be the first to know and let us send you an email when Naval News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share