SiTxu Kyaw

SiTxu Kyaw မှန်ကန်မြန်ဆန်ရမည်

ဩစီလာဖို့ မက်လုံးပေးခေါ်တဲ့သူတွေကို ကြည့်လိုက်တော့ သူများနိုင်ငံမှာနေပြီး မြန်မာပြည်က အလှူငွေနဲ့ လူလုပ်နေရတဲ့သူတွေ…နေစရိ...
23/03/2022

ဩစီလာဖို့ မက်လုံးပေးခေါ်တဲ့သူတွေကို ကြည့်လိုက်တော့
သူများနိုင်ငံမှာနေပြီး မြန်မာပြည်က အလှူငွေနဲ့
လူလုပ်နေရတဲ့သူတွေ…

နေစရိတ်၊ စားစရိတ်ပါ ထောက်ပံ့ပေးဦးမယ်တဲ့လေ 😂😂

ယူတို့ လော်လို့ ဘဝပျက်နေရတဲ့ မြန်မာပြည်က
CDM တွေကိုပဲ လောက်ငှအောင် ထောက်ပံ့ပေးလိုက်ပါဦး

အရင်တုန်းကလည်း သေနတ်ပိုက်ပြီး ပြေးလာရင်
သိန်း ၅၀ ပေးမယ် သိန်း ၁၀၀ ပေးမယ်ဆိုပြီး လော်ခဲ့တာပဲ

ဒါပေမယ့်လည်း သိန်း ၅၀ ရပါတယ် သိန်း ၁၀၀ ရပါတယ်ဆိုပြီး ထုတ်ဖော်ပြောတဲ့သူမတွေ့ရဘူး

တကယ်တော့ သူတို့အဖွဲ့ထဲမှာတောင် အလှူငွေခွဲတမ်းမရလို့ 'အူ' နေရတဲ့သူတွေချည်းပဲ

ဩစီဘက်ကလည်း သူ့နိုင်ငံထဲ အမှိုက်တွေ ဝင်ချင်တိုင်းဝင်
ထွက်ချင်တိုင်း ထွက်တာကို ခွင့်ပြုပေးမယ် မထင်ပေါင်…

လော်တိုင်း လိုက်လုပ်မယ်ဆိုရင်တော့ “အူ” သံတွေ ကြားရဦးမှာ အသေအချာပဲ 😅😅😅

နုဂျီလော်ဘီတွေများအရင်တုန်းကလည်း စစ်ပြေးတွေ၊ CDM တွေကို သိန်း ၁၀၀ ပေးမယ်လာခဲ့ကြဆိုပြီး မစားရဝခမန်း လော်ခဲ့လို့ ယုံပြီး တ...
23/03/2022

နုဂျီလော်ဘီတွေများ
အရင်တုန်းကလည်း စစ်ပြေးတွေ၊ CDM တွေကို
သိန်း ၁၀၀ ပေးမယ်လာခဲ့ကြဆိုပြီး မစားရဝခမန်း
လော်ခဲ့လို့ ယုံပြီး တကယ်ဘဝပျက်တဲ့သူတွေရဲ့
ပို့သတဲ့မေတ္တာတွေ တစ်ပုံတစ်ခေါင်းကြီး ရခဲ့ပြီးပြီ။

အခုလည်း The Sydney Morning Herald မှာတင်ထားတဲ့
သတင်းတစ်ပုဒ်ကို ဗန်းပြပြီး အော်ဇီအစိုးရကပဲ
စိတ်ဓာတ်ပျက်စစ်ပြေးတွေကို အထူး Pakage နဲ့
ပြည်ဝင်ခွင့်၊ နေခွင့်၊ စားခွင့်တွေ စီစဉ်ပေးထားသလို
လော်ကြပြန်တယ်။

အသာလုပ်ကြပါ .. ခေါင်းကြီးတို့ရာ
ကိုယ့်ဘာသာတောင် အော်ဇီတို့၊ မေဒိကားတို့ကို
ခွေးတိုးပေါက်ကဝင်ဖို့ နေရာလုရင်း အချင်းချင်း
ကိုက်နေကြရတာ အသိသားနဲ့။

အော်ဇီအစိုးရကသာ မြန်မာပြည်ကပြေးလာတဲ့
ခိုးဆိုးလုနှိုက်ဝရမ်းပြေမှန်သမျှ လက်ခံနေမယ်ဆိုရင်
ခင်ဗျားတို့တောင် အော်ဇီရောက်ပြီး စားပွဲထိုး၊ ပန်းကန်
ဆေး၊ တံမြက်စည်းလှည်း နေရလို့ အခုလိုတောင်
လော်နိုင်မယ်မထင်ဘူး ။

ယုံအောင်လည်း လိမ်ကြပါဟ။
ယုတ္တိရှိအောင်လည်း ညာကြပါဟ။

လူတောမတိုး ဆိုတာအထိဆုံးပဲ 😁
23/03/2022

လူတောမတိုး ဆိုတာ
အထိဆုံးပဲ 😁

😂😂😂😂
23/03/2022

😂😂😂😂

အချုပ်အခြာအာဏာ ဆုံးရှုံးတယ်ဆိုတာ ကျူးကျော်စစ် ဆင်နွှဲခံရပြီးမှ သူ့တပါးနိုင်ငံအောက်ရောက်သွားတာမျိုးကိုမှ ဆိုလိုတာမဟုတ်ပါဘ...
23/03/2022

အချုပ်အခြာအာဏာ ဆုံးရှုံးတယ်ဆိုတာ
ကျူးကျော်စစ် ဆင်နွှဲခံရပြီးမှ
သူ့တပါးနိုင်ငံအောက်ရောက်သွားတာမျိုးကိုမှ
ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်နိုင်ငံရဲ့ ပင်မဥပဒေခက်ဖြာဖြစ်တဲ့
အုပ်ချုပ်ရေး၊ ဥပဒေနဲ့ တရားစီရင်ရေးတို့ကို
တနည်းနည်းနဲ့ လွှမ်းမိုးချုပ်ကိုင်နေခြင်းကလည်း
ခေတ်သစ်ကိုလိုနီ ကျွန်ဖြစ်ခြင်း တမျိုးပါပဲ။
#ဖိုးစီ

PDF အင်အား သောင်းဂဏန်း အကြီးပိုင်းရောက်ရှိ၊ စစ်ကောင်စီတပ်ကို တန်ပြန်ခြိမ်းခြောက်နိုင် သည့်အဆင့်ရောက်ပြီ Local PDF များ လ...
23/03/2022

PDF အင်အား သောင်းဂဏန်း အကြီးပိုင်းရောက်ရှိ၊ စစ်ကောင်စီတပ်ကို တန်ပြန်ခြိမ်းခြောက်နိုင် သည့်အဆင့်ရောက်ပြီ Local PDF များ လူ/လက်နက် အပ်၍ NUG PDF အဖြစ် ဖွဲ့စည်းရန် အရေးကြီး ဟု ယာယီသမ္မတပြော
မဲခေါင်၊ မတ် ၂၂
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အားသည် သောင်းဂဏန်းအကြီးပိုင်းအထိရောက်ရှိနေပြီး စစ်ကောင်စီတပ်ကိုတန်ပြန်ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒါပေမယ့် စုစည်းမှုလိုသေးကြောင်း Local.PDF များအနေဖြင့် သီးသန့်မရပ်တည်ဘဲ နီးစပ်ရာ NUG PDF အဖွဲ့များထံ အမြန်ဆုံးပူးပေါင်းကြရန် နှင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို NUG ကာကွယ်ရေးဌာနကသာ ညွှန်ကြား လုပ်ကိုင်တော့မှာဖြစ်လို့ အမြန်ဆုံးပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ယနေ့ပြောကြားလိုက်သည်။
ယနေ့မနက်ကပြုလုပ်သည့် အမျိုးသားညီညွတ် ရေးအစိုးရ၏ ၄၇ကြိမ်မြောက်အစိုးရအဖွဲ့အစည်း အဝေးတွင်ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု NUG သတင်းနှင့်ပြန်ကြားရေး PVTV က သတင်းဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လိုအပ်မှုများကို ပြည်သူလူထု၏ပံ့ပိုးမှုဖြင့်ဖြည့်ဆည်းလာနိုင်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မြို့နှင့်တောပါမကျန် ဖွဲ့စည်းနိုင်ခဲ့ပြီ ဆိုသော်လည်း Command.တစ်ခုအောက်မှာ အချိန်နှင့်တပြေးညီ စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်ရန် လေ့ကျင့်မှုများစွာ လိုသေး ဟု ယာယီသမ္မတက ပြောသည်။



ပန်ဆယ်လိုဟာ... တပ်မတော်သားတွေအပေါ် အတော်အစာမကြေဖြစ်နေခဲ့တာပါ၊ သူမရဲ့ ပါစင်နယ် ခံစားချက်ကော ပါပါတယ်၊ ညီသုတ တပ်ပြေးလုပ်ပြီ...
23/03/2022

ပန်ဆယ်လိုဟာ... တပ်မတော်သားတွေအပေါ် အတော်အစာမကြေဖြစ်နေခဲ့တာပါ၊ သူမရဲ့ ပါစင်နယ် ခံစားချက်ကော ပါပါတယ်၊ ညီသုတ တပ်ပြေးလုပ်ပြီး မီဒီယာမှာ ပန်ဆယ်လို အကြောင်းဝေဖန်တော့ ၊ ပန်ဆယ်လိုက ချက်ခြင်း ဒဲ့ပြန်စိန်ခေါ်တာကို သိသိကြီးနဲ့ ခေါင်းငုံ့ခံ ကာ၊ အမြီးကုပ်နေခဲ့တာ ကြောက်တတ်မှန်း သိခဲ့ရတယ်၊ ဒီလို မိန်းမတစ်ယောက်ရဲ့ စိန်ခေါ်မှုကိုတောင် ရင်မဆိုင်ဝံ့တဲ့ စစ်သားလို့ခေါ်တဲ့ ညီသုတ ရဲ့ သတ္တိဟာ တစ်စက်မှ မရှိခဲ့တာသိသာပါတယ်၊ အဲ့ဒီ တိုက်ပွဲပြီးကတည်း ပန်ဆယ်လိုဟာ ဘယ်စစ်သား စစ်ဗိုလ် တပ်ပြေးလုပ်လာလာ CDM.လုပ်လာလာ အထင်မကြီးတော့၊ အဖက်မလုပ်တော့တာ အသိသာပါ၊ မီဒီယာ ဆိုတာတွေကတော့ သူများထက် ထူးခြားချင်တော့ RFA ခင်မောင်စိုး၊ BBC ရီရီအောင်၊ ဧရာဝတီက အောင်ဇော်တို့ကတော့ ကျားချောင်းချောင်းနေမှာပါ၊ CDM ဆိုပြီးတော်လှန်ရေး ရောယောင် ၍ ရောင်တော်ပြန်လွှင့်တဲ့ အပွင့်တောင် မတင်ရသေးဘဲနဲ့ ဒုမှူးကြီးလို့ အရှက်မရှိပြောတဲ့ ဗညားကျော် နဲ့ မျိုးမင်းထွန်းတို့ကိုပြောချင်တာက.....မင်းတို့ကို ပန်ဆယ်လိုက တပ်ပြေးလို့ပဲ သတ်မှတ်တယ်၊ CDM.လို့ မသတ်မှတ်ဘူးတဲ့ဗျာ၊ ဒါကြောင့် မင်းတို့အကြောင်းကို တခုပ်တယ မပြောဘဲ စစ်ဖိနပ်လေလံပွဲသာသူအလေးထားပြောနေတာကြည့်ရင်၊ မင်းတို့ကို ဖိနပ် တစ်ရံ လောက်တောင် တန်ဖိုးမထားတာ သိသာပါတယ်လေ၊
မင်းတို့တော့ ကောင်းကောင်းကြီး ဒုက္ခရောက်ပါပြီ၊

NUG ဆိုတဲ့ ထောင်ပိုင်မယ်တော်ကြီးသားကားကွယ်ရေး၀န်ကြီး အူးယီးမွှန်ကတပ်မတော်သားတွေကို စစ်တပ်ထဲမှာ မနေနဲ့ ပြည်သူ့ရင်ခွင် ခို...
23/03/2022

NUG ဆိုတဲ့ ထောင်ပိုင်မယ်တော်ကြီးသား
ကားကွယ်ရေး၀န်ကြီး အူးယီးမွှန်က
တပ်မတော်သားတွေကို စစ်တပ်ထဲမှာ မနေနဲ့
ပြည်သူ့ရင်ခွင် ခိုလှုံကြပါ ပြီးရင်လဲ သြဇီကိုပို့ပေးမယ်
ပြောတော့စိတ်ထဲမှာကြိတ်လေးစားသွားတာ
ခုလဲသူတို့ ပို့ပေးထားတာ ရှိတယ်လို့​ပြောတော့
ပိုပြီး လေးစားသွားပြန်ကော
အာ့နဲ့ ဘယ်နှစ်ယောက်လောက်ပို့ပေးထားပြီးပြီလဲ
ဟိုဘက်မှာကော အလုပ်အကိုင် အဆင်ပြေပါ့မလား
လို့မေးတော့
မပူနဲ့တို့ ခုပို့ပေးထားတာ ၂ ယောက်တောင်ရှိပြီတဲ့
အလုပ်ရအောင်လဲ စီစဉ်ပေးနေတယ်တဲ့
အာ့ ၂ ယောက်ကို သြဇီမှာ နေထိုင်ခွင့်ဗီဇာ
ရအောင်လုပ်ပေးဖို့ ဘယ်လောက်ကြာမှာလဲလို့မေးတော့
သိပ်မကြာပါဘူးတဲ့
သူတို့အတွက်ကို ၁၉၈၈ ဗိုလ်စောမောင်အာဏာသိမ်း
တုန်းကတည်းက စလျောက်ပေးခဲ့တာတဲ့
ခု၂၀၂၁ အာဏာသိမ်းတော့ သူတို့ နေထိုင်ခွင့်ရပြီတဲ့လေ🧐🧐🧐🧐🧐
ဒါလဲ မဆိုးပါဘူးလေ
တတ်နိုင်သမျှလုပ်ပေးခဲ့တာပဲ
သိပ်လဲကြာတာမှမဟုတ်တာ😁😁😁
ကျနော်လဲ
OK ဒါဆို ကျနော်လာခဲ့မယ်
ပြီးရင် NUG အစိုးရအဖွဲ့တွေနဲ့ သြဇီမှာ
စုံကြရအောင်ပေါ့လို့ ပြောလိုက်တော့
အူးယီးမွှန်က
ကိုယ်က သြဇိမှာ ဟုတ်ဘူး
KNU ထဲကလွတ်မြောက်နယ်မြေမှာတစ်ခုမှာတဲ့
🤣🤣🤣🤣
ကျုပ်မှာ မေးမိတာ ရှက်လွန်းလို့
ဘုတ် ဘုတ်(၃) ပုတ်ပြခဲ့ရတယ်😁😁😁😁

ဝေါလေ မော်ခီးစခန်းဆိုတာခေတ်တွေသာ ပြောင်းလာချင်ပြောင်းလာမယ်NCA ထိုးထားတယ်‌ဆိုတဲ့ တချို့သော ချည်တိုင်ကြိုးကလွဲရင်ရန်သူအငွေ...
23/03/2022

ဝေါလေ မော်ခီးစခန်းဆိုတာ
ခေတ်တွေသာ ပြောင်းလာချင်ပြောင်းလာမယ်
NCA ထိုးထားတယ်‌ဆိုတဲ့
တချို့သော ချည်တိုင်ကြိုးကလွဲရင်
ရန်သူအငွေ့အသက်နဲ့ နေရတဲ့
စိုးရိမ်ပူပင်ရမှုဆိုတာ
ညစဉ်ညတိုင်းပဲ...
မဆုတ်တန်း ခံစစ်ဖြစ်လို့
အရံကျည်စာရင်းများရုံလောက်ပါပဲ...
သတင်းရယူဖို့အားနည်းရင်လည်း
ခံရဖို့ များတာပါပဲ...
ခံစစ်ဥပဒေသ အတိုင်း
တိုက်စစ်ဟာ ၄ ဆ များလာရင်
ခံစစ်လည်း ဘာသားနဲ့ ထုထားတာမို့လဲ။
NCA ဟာ ပြည့်ပြည့်ဝဝ မလုံခြုံတော့ဘူး။
ကျိုးလွယ်ပျက်လွယ်တဲ့
ကတိကဝတ်တွေကြားမှာ
ကိုယ့်အသက်ရှင်သန်နိုင်ရေးအတွက်
သတိ ဝီရိယရှိရှိ နေဖို့ပဲ မှာချင်မိတော့တာပါပဲ
#ဖိုးစီ

မီဒီယာရဲ့အသုံးချခံဖြစ်လာတဲ့ တပ်ပြေးများ========================ဘယ်လိုအ‌ကြောင်း နဲ့ ဘဲ တပ်ထဲရောက်လာရောက်လာ ခိုခဲ့ဖူးသည့် ...
23/03/2022

မီဒီယာရဲ့အသုံးချခံဖြစ်လာတဲ့ တပ်ပြေးများ
========================
ဘယ်လိုအ‌ကြောင်း နဲ့ ဘဲ တပ်ထဲရောက်လာရောက်လာ ခိုခဲ့ဖူးသည့် အရိပ်၊ စားခဲ့ဖူးသည့် ထမင်း နားခဲ့ဖူးသည့် နေရာ များအတွက် ကျေးဇူးမသိရင်တောင် ကျေးစွပ်ဖို့တော့ မသင့်ပါ၊ ခုတော့ ကျေးဇူးကန်းပြီး တစ်ဘက်က မီဒီယာကနေ သူရဲကောင်းဆန်ဆန် လုပ်ပြနေခဲ့တဲ့ သူတွေဟာ ဘယ်သူတွေ လောက်လောက်လားလား တစ်ဘက်မှာ ကောင်းစား လူအများရဲ့ ယုံကြည်မှုကို ခံနေရလဲ၊ လူတန်းစေ့နေနိုင်သလဲ၊ မီဒီယာသမားတွေ အသုံးချခဲ့တဲ့ တပ်မတော်ကနေ အကြောင်းကြောင်းကြောင့် ထွက်ပြေးခဲ့ရတဲ့ သူတွေအကြောင်းကြည့်လိုက်ရအောင်
၁) အောင်လင်းထွဋ် -ခု ဘယ်ရောက်နေလဲမသိဘူး၊ ၂၀၀၄-၂၀၀၅ လောက်တုန်းကတော့ ဘီဘီစီ VoA တို့ရဲ့ သားကောင်ပေါ့ အထက်လူကြီးများအကြောင်းအပေါ်ယံလောက်သာ ပြောပြီး မီဒီယာတွေကို သူကလဲယအသုံးချ ဟိုကလဲ အသုံးချခံဖြစ်ပြီး သတင်းလဲကုန်ရော၊ ခုဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ဘယ်မီဒီယာမှာမှ မတွေ့ရတော့၊
၂) စိုင်းသိန်းဝင်း - ရော့ကတ်ဖော်မြူလာတွေဘဲ ရောင်းစားခဲ့သလိုလို၊ သူဘဲယဒုံးပျံထုတ်တော့မလိုလိုနဲ့ အယ်ဂျားဇီးယား DVB တိူ့ကတဆင့် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရပေမယ့် ၊ ခုတော့ သူ့ကိုချောင်ထိုးထားလိုက်တာ သေသလား ရှင်သလား ၊ ဘယ်ကမ္ဘာရောက်နေလဲ ကိုမသိဘူး၊
၃) ကျော်စွာဝင်း - တပ်မတော်ကို ပုန်ကန် အပုတ်ချပြီး ၄၃၆ လက်မှတ်ထိုး မီဒီယာထက်မှာ ဒိမိုကရေစီရဲ့ သားကောင်း လိုလို မီဒီယာ ထက်ဂုဏ်ဝင့်ခဲ့ပေမယ့်၊ ခုသူဘာဖြစ်နေပြီလဲ.... စကားတောင်ကျယ်ကျယ်မပြောရဲတော့၊ ပြောတာနဲ့ ပိုင်ဆိုင်မှုတွေယချိတ်ပိတ်ခံရမယ့်အဖြစ်၊ ဘယ်မီဒီယာနဲ့ သူတွေ့ရဲသေးလဲ?
တစ်ချိန်က မီဒိယာ ထက်ကနေ ပေါ်ပေါ်တင်တင် အသုံးချခံခဲ့ရတဲ့ သူတွေဟာ ခုလက်ရှိဘာတွေဖြစ်နေကြပြိလဲ
ခုကာလ CdM.ဆိုပြီး တပ်ကနေ ပြေးသွားကြတဲ့ယသူတွေ တစ်ဘက် မီဒိယာတွေကနေ ဝိုင်းဝန်း ပြီး ကျေးဇူးကန်း ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေကြတဲ့သူတွေကော အနာဂတ်မှာယလူလုံးလှ ဘဝလှမယ်ထင်လား၊
မျိုးမင်းထွန်း၊ ဗညားကျော် မင်းတို့ကို ပန်ဆယ်လိုတို့ အုပ်စုက ဆေးပေါ်ကြောဖက်လုပ်ရဲ့လား ၊ သူရဲကောင်းလိုကြိုဆိုသတဲ့လား၊ ရှက်တတ်ရင်ရှက်ဖို့ကောင်းတယ်၊ မင်းတို့ကို မီဒိယာထက်မှာ Hot နေတုန်းခဏဘဲ အတန်းရှင်းရှာကာ ဂရုပြုကြလိမ့်မယ် နောက်ကျရင်တော့ သစ္စာဖောက်လို့ ကင်မွန်းတပ်ပြီး ဘယ်မီဒိယာက မှ တစ်ခုပ်တယ အရေးယူဆက်ဆံကြမယ်မထင်ပါ၊ တဒင်္ဂသာယာမှု အတွက် မင်းတို့ဘဝကို ရေစုန်မျောလိုက်ကြပြီ၊
ကျေးဇူးကန်းတဲ့သူတွေ အောင်မြင်ကြတာ တွေ့ဖူးပါရဲ့လား၊
မီဒိယာ ဆိုတာ လိုချင်တဲ့သတင်းလေးရရင် အမြီးလေးနှံ့လာတတ်ကြပေမယ့် ၊ လိုချင်တာတွေလဲရ သိချင်တာတွေလြ သိခွင့်ရပြီးတဲ့အချိန် ခွေးလျက်တဲ့ ထန်းလျက်လို လုံးပါးပါးတဲ့အချိန် မင်းတို့ကို ကန်ထုတ်ကြလိမ့်မယ်....မင်းတို့ သစ္စာစူးပြီ၊

PDF ဗုံးခွဲသွားတဲ့ တံတား နာမည်တောင် တပ်ပြီး မဆဲရဲကြဘူး-------------------------------ဪ လုပ်ရက်လိုက်ကြတာငါတို့မှာ ဒီလိုတံ...
23/03/2022

PDF ဗုံးခွဲသွားတဲ့ တံတား
နာမည်တောင် တပ်ပြီး မဆဲရဲကြဘူး
-------------------------------
ဪ လုပ်ရက်လိုက်ကြတာ
ငါတို့မှာ ဒီလိုတံတားလေးတစ်စင်းမြင်ရဖို့
ဘယ်လောက်တောင် စောင့်ခဲ့ရတယ် မှတ်လို့
စစ်တောင်း၊ ခဝါချောင်း၊ သထုံစု၊ ကမ်းနီ ရွာတွေနဲ့
အဆက်သွယ်လုပ်ဖို့ရာအတွက် ငါတို့မှာပိုင်တာ
ဒီတံတားလေး တစ်ခုပဲ။
ကုန်သည်တွေအချိန်မှီဈေးရောက်ဖို့၊ ကားသမားတွေ
ခရီးမနှောင့်‌ေနှးဖို့၊ ကလေးတွေစာလာသင်ဖို့ နေ့စဉ်
ဒူဝ ဈေးသည်တွေ၊ ရွာသားတွေ ဒီဘက်ကမ်း ဟိုဘက်ကမ်း ကူးလူးဆက်ဆံဖို့၊
ပူအိုက်တဲ့ညတွေ တံတားပေါ်မှာပဲ ငါတို့လေညှင်းခံရင်း ရွာ့ကျက်သရေဆောင် ကျိုက္ကလွန်းဘုရားကြီးပေါ်က
ဆည်းလည်းသံတွေနားထာင်ခဲ့ကြတယ်။ ကာလသား
တွေ ဂစ်တာတီးခဲ့ကြတယ်။
ဂျပန်နိုင်ငံရဲ့အကူညီနဲ့ များမကြာမီကာလတွေကမှ
ဆောက်‌ေပးခဲ့တဲ့တံတားလေး။ မြန်မာ့အသံ အေဝမ်း
တေးဂီတအဖွဲ့က ဖွင့်ပွဲမှာလာရောက်ဖျော်ဖြေတော့
ညလုံးပေါက် ကြည့်ခဲ့ရတာလဲ အမှတ်တရ
ခုတော့ အရင်လိုဝါးတံတား‌ေလးထိုး၊
ဝါဆို ဝါခေါင် ရေဖောင်ဖောင်နဲ့ တောင်ကျရေစီးရင်
လူနဲ့စက်ဘီးကလွဲရင် ဘာဝန်စည်မှဖြတ်မရ ပြိုကျမလားအတွေးနဲ့စိုးထိတ်တဲ့ အချိန်တွေကို ပြန်ရောက်ရတော့မယ်ထင်ပ 😪😪
#စစ်တောင်းခဝါချောင်းတံတားဗုံးဖောက်ဖျက်စီးခံရ
မူရင်း Crd
#မှိုင်းဝေ

CDM သမားတွေကို ကျနော်အုပ်စု (၆) စု ခွဲပြမယ်။၁။ ကိုယ့်အတွက်နဲ့ မိသားစုအတွက် ကောင်းကောင်းငွေရှာပြီးပြီ။ ဝန်ထမ်းဘဝက သူ့အတွက...
23/03/2022

CDM သမားတွေကို ကျနော်အုပ်စု (၆) စု ခွဲပြမယ်။
၁။ ကိုယ့်အတွက်နဲ့ မိသားစုအတွက် ကောင်းကောင်းငွေ
ရှာပြီးပြီ။ ဝန်ထမ်းဘဝက သူ့အတွက်မလိုတော့ဘူး။
အပြင်ထွက်ပြီး စီးပွားရေးလုပ်ဖို့ အခွင့်အလန်းစောင့်စား
နေတဲ့ လူတန်းစား။
၂။ ယခင်အစိုးရက မြှောက်စားထားလို့တောက်ကြွားနေခဲ့
သူများ လူတန်းစား။ ဒီအစိုးရပြုတ်ရင် ငါလည်း ဂွမ်းပြီ
ဆိုတာ အလိုလိုသိပြီးသား။ ဝန်ထမ်းတစ်ယောက်လုပ်ရ
မှာထက် ကျော်လွန်ပြီးလည်း လုပ်ခဲ့တာတွေရှိခဲ့ပြီ။
၃။ မိဘဆွေမျိုးကချမ်းသာပြီးသား (သို့မဟုတ်) လူလတ်
တန်းစားအထက်တွေ။ ငွေမလိုတော့ ဂုဏ်လေးထပ်
လိုချင်တယ်။ ဝါသနာတော့မပါဘူး သို့ပေမယ့် ဂုဏ်ဆာ
ပြီး ဝန်ထမ်းဝင်လုပ်နေသူများ။
၄။ ဝန်ထမ်းတော့လုပ်နေတယ်။ သို့ပေမယ့် ကိုယ်ကျိုး
စီးပွားအရ အပြင်မှာငွေရှာတာ ပိုတွက်ခြေကိုက်တယ်ဆို
တာ အတွေ့အကြုံနဲ့ ပညာအရ သိရှိပြီး လူတန်းစား။
၅။ ယုံကြည်ချက်ကြောင့် CDM လုပ်သူများ။ သူ့
အကြောင်းနဲ့သူ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ် (မှန်ချင်မှတော့မှန်မယ်)။ ကိုယ်ယုံကြည်ရာကိုယ်လုပ်ပြီး ကိုယ့်
တာဝန်ကိုယ်ယူမယ်။ မလုပ်တဲ့သူများကလည်း သူ့
လွတ်လပ်ခွင့်နဲ့သူ။ သောက်ဖောင်းထုနေစရာလည်းမလို
သလို.. ဘလိန်းနေစရာလည်းမလိုဘူးလို့ ခံယူချက်ရှိသူ။
၆။မိမိကိုယ်တိုင် တိကျသေချာတဲ့ သဘောတရားနဲ့
ယုံကြည်ချက်မရှိဘူး။ အချက်အလက်မရှိဘူး။ သို့ပေ
မယ့် ဆိုရှယ်မီဒီယာပေါ်က လော်ဘီတွေရဲ့ အာမိပြီး
ခေတ္တဖြစ်ပေါ်လာတဲ့ အီမိုးရှင်းပေါ်မှာ ဆုံးဖြတ်ခဲ့တဲ့
လူတန်းစား။ ဒုက္ခရောက်နေတာ ဒီလူတန်းစားတွေပဲ။ အောက်ခြေဝန်ထမ်းတွေများတယ်။
မြင်ရသလောက် နံပါတ် ၁ ကနေ ၄ အထိလူတန်းစား
သည် အင်မတန်မှ အသံကျယ်သလို သူများကို ဖောင်းထု
နေရင် အဲ့လိုလူတွေများတယ်။ ကိုယ်သောက်မြင့်အကပ်
ဆုံးကလည်း အဲ့ဒီ့လူတန်းစားတွေဖြစ်သလို အသနားဆုံး
က နံပါတ် ၆ လူတန်းစားဖြစ်တယ်။ နံပါတ် ၅ အတွက်
ကတော့ ပြောစရာမလိုဘူး။ ကိုယ့်ဘဝနဲ့ ကိုယ့်လမ်းကိုယ်
လျောက်ပေါ့။
အဲ့တော့ ကိုယ်စာရေးနေတာက နံပါတ် ၁ ကနေ ၅ အထိ
လူတန်းစားတွေအတွက်မပါဘူး။ နံပါတ် ၆ လူတန်းစား
အတွက်ပဲ စာရေးနေတာဖြစ်တယ်။ သိဖို့။
Kyaw

ဒီမိုကရေစီ စကားလုံးတခုကို အကြောင်းပြပြီး ဘယ်နိုင်ငံက စစ်ပွဲတွေ ဖန်တီးခဲ့တာလဲ။ ကမ္ဘာ့စစ်ပွဲတွေရဲ့ ဖြစ်စဉ် ၈၀ ရာခိုင်နှုန်...
22/03/2022

ဒီမိုကရေစီ စကားလုံးတခုကို အကြောင်းပြပြီး
ဘယ်နိုင်ငံက စစ်ပွဲတွေ ဖန်တီးခဲ့တာလဲ။
ကမ္ဘာ့စစ်ပွဲတွေရဲ့ ဖြစ်စဉ် ၈၀ ရာခိုင်နှုန်းဟာ
ဘယ်နိုင်ငံရဲ့ ကျူးကျော်မှုတွေကြောင့်လဲ။
#ဖိုးစီ

မိန်းမနဲ့ကလေးကို နောက်တန်းမှာထား လက်အောက်ငယ်သားနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ချင်ရာဖြစ် ကျီးထိုးထိုးခွေးစားစား မျက်နှာလွှဲ...
22/03/2022

မိန်းမနဲ့ကလေးကို နောက်တန်းမှာထား လက်အောက်ငယ်သားနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ချင်ရာဖြစ် ကျီးထိုးထိုးခွေးစားစား မျက်နှာလွှဲ ခဲပစ် လုပ်သွားတဲ့သူက ဘယ်နေရာရောက်ရောက် ဘာကောင်ကျိုးပြုနိုင်မှာလဲ ...ခု လက်ခံပြီး သူကောင်းပြုထားတဲ့ သူတွေလဲ သူ(မျိုးမင်းထွန်း) က နောင်တစ်ချိန် ခင်ဗျားတို့ကို အဲ့လိုပြုမူလိမ့်မယ်၊ တာဝန်ထမ်းဆောင်စဉ် တစ်လျှောက်လုံး ရောက်တဲ့နေရာ ဂယ်ရှာနေတဲ့ သူဟာ တကယ့် အတ္တသမားပါ။ ခရမ်းသီးပေါလို့လူဖြစ် ကံမျက်စိလည်ပြီး တပ်ရင်းမှူးဖြစ်လာပေမယ့် ၊ ကောင်းသတင်းမရှိတဲ့သူ၊
မိဘ မျက်နှာလည်းမထောက် ဆွေမျိုးမျက်နှာလည်းမထောက်။ ခု အမျိုးသမီးကော ကလေးကော၊ ရွာက မိဘတွေကော သူ့ကြောင့် ဒုက္ခပင်လယ်ဝေနေပြီ သူများတွံတွေခွက်ထဲ ပက်လက်မျောနေပြီ။ ဝဋ်ဆိုတာလည်ပါတယ်လေ...(သူ) တစ်ချိန်ကျရင် စားထားတဲ့ ထမင်း တွေ အတွက်ပြန်ပေးဆပ်ရလိမ့်မယ်။
နောင်ဘဝမကူးပါ၊ ခုတော့ လူမမယ်ကလေးနဲ့ မိသားစုကတော့ လက်တွေ့ခံနေရပြီလေ။
CDM လုပ်သွားတဲ့ တပ်ပြေးတွေအတွက် တစ်သက်တာ
ဘယ်ဘက်ကမှ မယုံကြည်တော့တဲ့ လူလွမ်းမရှိလူတွေ ဖြစ်ကုန်ပါပြီ။

တရုတ်က ငြိမ်းချမ်းမှုအတွက်ခြိမ်းခြောက်တဲ့ နိုင်ငံတစ်ခုလို့ us ကစွပ်စွဲတယ်..မြေပြင်မှာ ဘယ်သူလဲဆိုတာပုံလေးကို ကြည့်လိုက်ပါ...
22/03/2022

တရုတ်က ငြိမ်းချမ်းမှုအတွက်
ခြိမ်းခြောက်တဲ့ နိုင်ငံတစ်ခုလို့ us က
စွပ်စွဲတယ်..
မြေပြင်မှာ ဘယ်သူလဲဆိုတာ
ပုံလေးကို ကြည့်လိုက်ပါ။

အမေရိကားကိုရောက်နေတာကြာပေမယ့် မည်သည့် Campaignမည်သည့် ဟောပြောပွဲမှ မဖိတ်ကြားခြင်း ခံနေရတဲ့ မျိုးရန်နောင်သိမ်း စိတ်ဆိုးဒေ...
22/03/2022

အမေရိကားကိုရောက်နေတာကြာပေမယ့် မည်သည့် Campaignမည်သည့် ဟောပြောပွဲမှ မဖိတ်ကြားခြင်း ခံနေရတဲ့ မျိုးရန်နောင်သိမ်း စိတ်ဆိုးဒေါသထွက်နေဟုသိရ၊ သူသည်လည်းပဲ ဒီမိုကရေစီသူရဲကောင်းတစ်ဦးဟု အမွှမ်းတင် ပြောဆိုနေပြီး ၊ သူ့ထက် NUG က ပန်ဆယ်လိုကိုသာ အသုံးချနေသည်ကို သဘောမတွေ့ကြောင်းကိုလည်း နီးစပ်သူများကို ခဏခဏပြောဆိုနေဟုသိရပါတယ်။ ဘယ် နိုင်ငံရေးအသိုင်းအဝိုင်းကမှ အဖက်မလုပ်သည့် အတွက် ငှားနေရာ အိမ်မှာ အလုပ်လဲ မယ်မယ်ရရ မရှိသည့်အတွက် သူဟာ Attentionရအောင် တစ်နေ့ကို Live ,၃ ကြိမ်လွှင့်ကာ တောင်စဉ်ရေမရ စကားများ အကျိုးအကြောင်းမသင့်သည့်စကားများ ပြောလို့ သာယာနေသဖြင့် US ရောက်မြန်မာ့နိုင်ငံရေးသမားများ စိတ်ပျက်နေကြောင်း သိရပါတယ်။

NUG အစိုးရ အနေနဲ့ ဒီအချိန်မှာ ယူကရိန်းနဲ့ ပူးပေါင်းထားသင့်ကြောင်း လိုအပ်ပါက ကူညီပြီး တိုက်ပေးရန် ယူကရိန်း သိို့ မြန်မာ့ ...
22/03/2022

NUG အစိုးရ အနေနဲ့ ဒီအချိန်မှာ ယူကရိန်းနဲ့ ပူးပေါင်းထားသင့်ကြောင်း လိုအပ်ပါက ကူညီပြီး တိုက်ပေးရန် ယူကရိန်း သိို့ မြန်မာ့ ဗော်လန်တီယာ သူရဲကောင်း PDF များစေလွှတ်သင့်ကြောင်း ၊ ဒါမှသာ ယူကရိန်းတို့ အောင်နိုင်တဲ့ အချိန် လက်နက်များပါလားပြီး စကစ အား တိုက်ထုတ်နိုင်မှာဖြစ်ကြောင်း အံ့သြဖွယ်ရာ စီမံချက် စိတ်ကူးကို ပြောကြားလိုက်ပါတယ်၊
ဒါပေမယ့် NUG ကတော့ NLD တုန်းက သူ့သမိုင်းကြောင်းတွေသိနေလေတော့ အဖက်ကိုမလုပ်ကြောင်းသိရှိရပါတယ်၊
သူကလူလည် ... လူငယ်တွေကို မြန်မာမှာ ဒုက္ခရောက်ယုံတင်မကျေနပ်သေးဘူး၊ ယူကရိန်းထိပါ သွားပြီး ဒုက္ခရောက်စေချင်တာပါ၊
သူ့အရေးတော်ပုံကတော့ လေလှိုင်းမှာ အောင်နေတာ အခါခါ ပါ၊ ဘာအလုပ်မှ မလုပ် Live လေးလွှင့်ပြီး စကားပြောယုံနဲ့ $ တွေရနေတဲ့ အဲယားကွန်းခန်းထဲက သူ့ဘဝကတော့ သာသာယာယာပါ၊
ကျန်သူတွေကတော့ဘဝ ပျက်ရှာပေါ့၊

လိုင်းပေါ်မှာ တော်လှန်ရေး အတွက် ဒဲ့အလှူခံပြီး ပြန်မရှင်းနိုင်တဲ့ ပန်ဆယ်လို နဲ့ အပေါင်းအပါတို့အား မေးပြီ၊တစ်ယောက်မကောင်းအ...
22/03/2022

လိုင်းပေါ်မှာ တော်လှန်ရေး အတွက် ဒဲ့အလှူခံပြီး ပြန်မရှင်းနိုင်တဲ့ ပန်ဆယ်လို နဲ့ အပေါင်းအပါတို့အား မေးပြီ၊
တစ်ယောက်မကောင်းအများ မပြောပါနဲ့တဲ့ လှူတဲ့သူတွေ ထောက်ပံ့တဲ့သူတွေကလည်း လူကြည့်ပါတဲ့၊ ကဲ့ နွေဦးတော်လှန်ရေးကတော့ အကွဲကွဲအလဲလဲ ဖြစ်နေပါပြီလေ၊
နားဆင်ရန် မူရင်းလင့် .------
https://fb.watch/bUXZr4Azp8/

ပန်ဆယ်လိုဘာလို့တောမခို လက်နက်မကိုင်တာလဲ။ သူက သူ့ဘဝသူသိပ်သိတတ်တဲ့သူလေ။ တောခိုရင် ဘဝပျက်မယ်ဆိုတာ သိပြီးသား၊ ဒါကြောင့် အောက...
22/03/2022

ပန်ဆယ်လိုဘာလို့တောမခို လက်နက်မကိုင်တာလဲ။ သူက သူ့ဘဝသူသိပ်သိတတ်တဲ့သူလေ။ တောခိုရင် ဘဝပျက်မယ်ဆိုတာ သိပြီးသား၊ ဒါကြောင့် အောက်လမ်းကနေ US ကျော်မိုးထွန်းဆီပြေးကပ်ရတာပေါ့ (အရင်းအနှီးကတော့ မသေးပါ) ။ ဒီလို လွတ်မြောက်နယ်မြေရောက်မှဘဲ သူက အသနားခံမျက်ရည်ချူမယ်။ ပြီးရင် အလှူခံမယ်။ ဒါပြီးနောက်တဆင့် သူ့အတွက် သူဈေးရောင်းမယ် Brand Marketingလုပ်ပြီး တစ်သက်တာ အတွက် ရှယ် (ရုန်း) တော့မယ်။ တောထဲမှာ အသက်သေသွားကြတဲ့ သူမြှောက်ပေးခဲ့တဲ့ သူတွေကတော့ မသိနိုင်ရှာတော့ဘူးပေါ့လေ..။ တကယ်ကို ပြောရရင် ရင်နာရတယ်။
ခု NUG ဇော်ဝေစိုး အသံပျောက်နေတယ် ယင်းမာပင်နဲ့ ပုလဲ PDF တို့ ကွဲနေကြတာ မသိချင်ယောင်ဆောင်နေတယ်။ ရည်မွန် ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးကလဲ အတော်အနေအထိုင်ပိရိလှတယ် မဲဆောက်မှာ မူးနေပြီတဲ့။ ဒါကြောင့် နိုင်ငံခြား ရောက်နေတဲ့သူတွေဟာ ‌မြှောက်ပေးဖို့ပဲ သက်သက်ငွေရှာ ဖို့ဘဝလွတ်မြောက်ဖို့သက်သက် တစ်ခုတည်းကိုရည်ရွယ်ကြပါတယ်။
ထားထက်ထက် နဲ့ ခင်ဝင့်ဝါ တောင် အတော်စိတ်ဓာတ်ပျက်နေကြောင်း မသိမသာဖော်ထုတ်လာတာကိုကြည့်ရင် . ပန်ဆယ်လိုသူဌေးဖြစ်တဲ့အထိ..တော်လှန်ရေးကြီးဟာ အောင်ဖို့နီးပါ့မလား.....

ဟိုင်းကြီးကျွန်း၌ တပ်မတော်သားများမှ မုန်တိုင်းကြိုတင်စီမံချက်ဖြင့် ပြည်သူများအတွက် ရေလွတ်ရာ၌ရိက္ခာများစုခြင်း ရေသန့်များ...
22/03/2022

ဟိုင်းကြီးကျွန်း၌ တပ်မတော်သားများမှ
မုန်တိုင်းကြိုတင်စီမံချက်ဖြင့် ပြည်သူများအတွက်
ရေလွတ်ရာ၌ရိက္ခာများစုခြင်း ရေသန့်များစုခြင်းများ
အား ဆောင်ရွက်ပေးနေပါကြောင်း ။

CDM သိန်းတစ်ရာပုံပြင်ပြီးတော့ တပ်ပြေးဩစီဗီဇာပုံပြင်======================================CDM လုပ်ကြပါ…တစ်လကို ၁၀ သိန်းကန...
22/03/2022

CDM သိန်းတစ်ရာပုံပြင်ပြီးတော့ တပ်ပြေးဩစီဗီဇာ
ပုံပြင်
======================================
CDM လုပ်ကြပါ…
တစ်လကို ၁၀ သိန်းကနေ သိန်း ၁၀၀ တို့၊
မိသားစုတစ်ခုလုံးကို ရွှေချထားမှာတို့
တစ်သက်လုံးထမင်းမငတ်စေရဘူးတို့
ဆိုတာကို နားယောင်ခဲ့ကြဖူးတဲ့ ရိုးသားတဲ့
ဝန်ထမ်းတစ်ချို့ကတော့ ဘဝပျက်နေကြပြီ။
လက်တွေ့အရှိတရား။
အခုလည်း ဩစီ ဗီဇာရမယ်ဆိုပြီး တပ်ပြေးလုပ်ကြဖို့
ဆိုပြီး အကြီးအကျယ်လော်နေကြပြန်တာတွေ့ရပြန်
တယ်။ အဲ့ဒီ့တော့ ထုံးစံအတိုင်း source လိုက်ရှာရတယ်။
ခိုင်မာတာက The Sydney Morning Herald မှာတင်ထား
တဲ့ "Australia issues protection visas to Myanmar
military defectors" ဆိုတဲ့ ဆောင်းပါးကိုတွေ့ရပါတယ်။
Australia’s Department of Home Affairs said in a statement it would not comment “on the circumstances or humanitarian resettlement prospects of individuals or specific groups”
(ဩစီပြည်ထဲရေးကထုတ်ပြန်ချက်တစ်ခုမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ အဖွဲ့တွေရဲ့ အခြေအနေနဲ့ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။)
“Each visa application is considered on its individual merit using current and comprehensive information on circumstances in the relevant country,” the statement said.
(ဗီဇာလျောက်ထားမှုတစ်ခုချင်းစီးကို သက်ဆိုင်တဲ့နိုင်ငံတွေက လက်ရှိ ပြီးပြည့်စုံတဲ့ သတင်းအချက်အလက်နဲ့ အခြေအနေတွေပေါ်မှာ တစ်ဦးချင်းစီရဲ့အရည်အသွေးကြည့်ပြီး ဆုံးဖြတ်ပါတယ်။)
“Each applicant is also required to meet all relevant public interest criteria in order to be granted a visa.”
(လျောက်ထားသူတစ်ဦးချင်းစီက ဗီဇာရဖို့အတွက် သက်ဆိုင်ရာလူထုအကျိုးစီးပွားနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံဖို့လည်းလိုအပ်ပါတယ်။)
ဩစီအစိုးရက နိုင်ငံရေးပြည်ပြေးဘယ်နှစ်ဦးနဲ့ တက်ကြွလှုပ်ရှားသူ ဘယ်နှစ်ဦးလက်ခံထားတယ်ဆိုတာ မပြောပေမယ့် ၂၁ ဖေကနေ ၂၂ ဇန် ၃၁ အတွင်း Protection visa ၅၁၃ ဦးပေးထားတယ်လို့ဆိုတယ်။ တပ်ပြေးနှစ်ယောက်ကိုလက်ခံတာက ၂၀၂၂ ဇန် မှလက်ခံတာဆိုတော့ နောက်ဆုံးမှ အတော်စဉ်းစားပြီး လက်ခံထားရပုံရတယ်။ ၀.၃ ပါစင့် ပဲရှိတယ်။
ဆိုတော့ ဆိုရှယ်မီဒီယာတွေမှာလော်နေသလို ဩစီက တပ်ပြေးတွေအားလုံးကို ဗီဇာထုတ်ပေးနေတာမဟုတ်ဘူး။ သူ့နိုင်ငံဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကိုပဲ ပေးတာ။ အဲ့ဒီ့အထဲမှာ တပ်ပြေးတစ်ချို့လည်း ပါနိုင်တာပေါ့။ လောလောဆယ် ၂ ဦးပဲပါသေးတယ်။
အဲ့ဒီ့တော့ ရာခိုင်နှုန်းကိုတွက်ကြည့်ရင် အင်မတန်နည်းတယ်။ အချိတ်အဆက်ကောင်းပြီး ဖောရှောလုပ် လူရည်လည်တဲ့ လူလည် ၂ ယောက်လောက်ပဲ ဗီဇာရသေးတယ်။
ဆောင်းပါးရှင်က ခိုလှုံသူတွေပိုလက်ခံဖို့ တစ်ဖက်လှည့်နဲ့ လော်ပေးထားပြီး အနောက်အုပ်စုတွေလို လိုက်ပြီး blindly ပိတ်ဆို့မှုတွေမလုပ်လို့ ဩစီကို အပြစ်တင်ထားတာ။
နောက်ပြီး တပ်ပြေးဆိုတာ အခုမှမဟုတ်ဘူး။ အရင်ထဲကလည်း တပ်ပြေးတစ်ချို့ကို နိုင်ငံကြီးတစ်ချို့ဗီဇာပေးတာရှိခဲ့တာပဲ။ ထင်ရှားတဲ့ဥပမာလေးတစ်ခု ပြန်ပြောပြရရင် မြန်မာစစ်တပ်က နူကလီးယားလက်နက်ထုတ်နေပါတယ်လို့ မြေအောက်ဥမင်မှတ်တမ်းတစ်ချို့ပြပြီး ခိုလှုံခွင့်ရသွားသူတစ်ယောက် ဗိုလ်မှူးစိုင်းသိန်းဝင်း ဆိုတာကြားဖူးကြမယ်ထင်တယ်။
ခုတော့ မြန်မာစစ်တပ်ရဲ့ နူစီမံကိန်းဆိုတာလည်း တကယ်မရှိသလို စိုင်းသိန်းဝင်းတောင် FB မသုံးတော့ဘူးကြားတယ်။ လူတွေလည်း မေ့သလောက်ရှိသွားကြပြီ။ သစ္စာဖောက်တစ်ယောက်ကို လိုသလောက်ပဲသုံးပြီး စွန့်ပစ်လိုက်တာပဲ။ ကိုယ့်လမ်းကိုယ်လျောက်ပဲ..သူ့နိုင်ငံထဲ ကျီးထိုးထိုး ခွေးစားစား.. ဘယ်ဆီနေမှန်းတောင်မသိတော့ဘူး။ ကွက်ပြီးအဆင်ပြေနေသူ တစ်ချို့တော့ရှိနိုင်တာပေါ့။
ပြည်ပြေးဘဝဆိုတာ ပန်းခင်းတဲ့လမ်းမဟုတ်ဘူးဆိုတာ ပန်ဆယ်လိုတို့ မျိုးရန်နောင်သိမ်းတို့ ပရောဂျက်မရလို့ ညည်းညူနေသံ တစ်ချို့ကို ကြားဖူးကြပါလိမ့်မယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းလေ..သူတို့အတွက် Project ပျောက်လေ။ အဲ့တော့ မငြိမ်းချမ်းအောင် သွေးအေးမသွားအောင် လော်ရ၊ မြှောက်ပေးရ၊ သွေးထိုးရ...။ ထမင်းတလုတ်နဲ့ နေစရာတစ်ခုအတွက် တစ်ကယ့်ကို အပူတွေ အကုသိုလ်စိတ်တွေနဲ့ပဲ ရှင်သန်နေကြရတာ။ စိတ်ပျက်စရာကြီး။
အခုလောလောဆယ် စစ်တပ်က တပ်ပြေးအများစုဟာ EAO ဒေသအချို့နဲ့ နယ်စပ်တွေမှာ ကြုံရာကျပန်း လူမလေးခွေးမခန့်ဘဝနဲ့ သောင်တင်နေကြရရှာတယ်။ အဖွဲ့အစည်းတစ်ခုကို သစ္စာဖောက်လာတော့ ဘယ်အဖွဲ့အစည်းကမှ ထပ်ပြီးနေရာမပေးချင်ဘူး။ လိုတဲ့အချိန်ခဏပဲသုံးကြတယ်။
CDM သိန်းတစ်ရာပုံပြင်ပြီးတော့ တပ်ပြေးဩစီဗီဇာပုံပြင်ကို နားယောင်ကြရင်တော့ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ။
#မော်ကျော်

ဒါကတော့နောက်ကွယ်ကနေ အပြစ်မဲ့ပြည်သူတွေကိုလုပ်ကြံဖို့ လှုံဆော်နေတဲ့ ညီသုတ (ခေါ်) အောင်သူဟိန်းရဲ့ပုံပါ...သူ့ကြောင့် လုပ်ကြံ...
22/03/2022

ဒါကတော့
နောက်ကွယ်ကနေ အပြစ်မဲ့ပြည်သူတွေကို
လုပ်ကြံဖို့ လှုံဆော်နေတဲ့ ညီသုတ (ခေါ်) အောင်သူဟိန်း
ရဲ့ပုံပါ...
သူ့ကြောင့် လုပ်ကြံခံခဲ့ရတဲ့သူတွေရဲ့ ဆွေမျိုးတွေက
မိသားစုပုံများအပါအဝင် ဆွေ ၇ ဆက်ထိ မြေလှန်
မယ်လို့ ကြွေးကြော်ထားပါတယ်...
မမြင်ဖူးမှာစိုးလို့
တင်ပြပေးခြင်း ဖြစ်ပါတယ်
နောက်ဆက်တွဲကို စောင့်ကြည့်ပေးပါခင်ဗျာ ။

NUG လော်ခိုင်းလို့ အော်ရပါတယ်တဲ့မီဒီညာနဲ့ အနူဂျီးကလက်ဝါးချင်းရိုက်ပြီး တပ်မတော်ကို အမြဲထိုးနှက်နေကြနှစ်ပေါင်း ၇၇ နှစ် တည...
21/03/2022

NUG လော်ခိုင်းလို့ အော်ရပါတယ်တဲ့
မီဒီညာနဲ့ အနူဂျီးက
လက်ဝါးချင်းရိုက်ပြီး တပ်မတော်ကို အမြဲထိုးနှက်နေကြ
နှစ်ပေါင်း ၇၇ နှစ် တည်တံ့လာတဲ့ တပ်မတော်က
HaHa ပဲပေးလိမ့်မယ် ။

ပဒက်နှိမ်နင်းစဥ်အခါက==================တပ်ငွေတွေ၊ တပည့်တွေရဲ့ ငွေတွေကို အလွဲသုံးစားလုပ်လို့ တိုင်ခံထားရပြီး ထောင်ချခံရမှာ...
21/03/2022

ပဒက်နှိမ်နင်းစဥ်အခါက
==================
တပ်ငွေတွေ၊ တပည့်တွေရဲ့ ငွေတွေကို အလွဲသုံးစား
လုပ်လို့ တိုင်ခံထားရပြီး ထောင်ချခံရမှာစိုးလို့၊ ကြောက်
တတ်လို့၊ သူရဲဘောနည်းလို့၊ စောက်ရှက်မရှိ ထွက်ပြေး
တဲ့ မင်းကတော့ တေဒဏ်ပါပဲ ..
ဒဏ်မချခင် ရဲဘော်တွေရဲ့လစာကိုတော့ ပြန်လျှော်ပေး
လိုက်ပါကွာ .. မပေးရင် မင်းကိုမေတ္တာ အမြဲပို့နေလိမ့်
မယ် ..
တကိုယ်ကောင်းဆန်လို့ မိသားစုကိုပစ်ထားပြီး ကိုယ်
လွတ်ရုန်းလို့ ရမယ်ထင်သလား? မင်းကြောင့် မင်းရဲ့
မိသားစုတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေ ဒုက္ခရောက်
တော့မယ် .. ရိုးရိုးစစ်ပြေးက မိသားစုမထိခိုက်ဘူး ..
မင်းက စစ်စခန်းစွန့်ခွာမှုနဲ့ နိုင်ငံတော်ပုန်ကန်မှုကြောင့်
အကုန်ဒုက္ခရောက်ရတော့မယ် ..
စကားမစပ် ..
အောက်ကပုံကတော့ ပဒက်တွေကို တောနင်းရှာပြီး
ရက်ရက်စက်စက် သုတ်သင်ခဲ့စဉ်အချိန်တုန်းကပေါ့ ။

စောင့်သိရိုသေပါမည်(Unicode Version)“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။ငါတို့သည် ကျဆု...
21/03/2022

စောင့်သိရိုသေပါမည်
(Unicode Version)
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။
ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိ
ရိုသေပါမည်။”
ဆိုသည့် အချက် ၂ ချက်သည် တပ်မတော်သား တစ်ယောက်ဖြစ်လာလျှင် နေ့စဉ် မနက်တိုင်း ရွတ်ဆိုရမည့် သစ္စာလေးချက်ထဲမှ အစပထမဆုံး နှစ်ချက်ဖြစ်သည်။ ရှေးဆိုရိုးတစ်ခုရှိခဲ့သည် ... ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်သည် တဲ့။ ဟုတ်ပေသည် .. လူသားတို့အများစု ပေါင်းစပ်ထားသော အဖွဲ့အစည်းများတွင် အလိုအပ်ဆုံးအရာကား သစ္စာတရားပင်ဖြစ်သည်။ လူ့အဖွဲ့ အစည်းတွင်လည်း ကတိတွေ သစ္စာတွေနှင့် လည်ပတ်မှသာ အဆိုပါ လူသားတွေ သည် အောင်မြင်သော ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ကတိမတည် သော သစ္စာမရှိသော လူသားတို့မည်သည် ဘယ်လောက်တော်တော် ဘယ်လောက် ထက်မြက်ထက်မြက် နောက်ဆုံးမှာတော့ သစ္စာမရှိသော ကတိမတည်သော ဒဏ်ကို ခံစားကြရသည်မှာ လောကတွင် သာဓကအများအပြားပင်ရှိကြသည်။
စာရေးသူ သည် အမြဲတမ်း စကားချီးတွေများနေသဖြင့် ယခုတစ်ခေါက်တော့ တိုတိုနှင့် လိုရင်းကိုသာ စဖွင့်ပါမည်။ ကတိသစ္စာ ဆိုသော အရာမှာ သာမာန် လူ့မှု လူ့ဘောင်အဖွဲ့အစည်းတွင်တောင် ဒီလောက်အရေးပါနေလျှင် အသက်တွေနှင့် ရင်း ထားရသော အသက်ချင်းထပ်ထားရသော တပ်မတော်ဆိုသည့် လက်နက်ကိုင် အဖွဲ့ အစည်းမှာတော့ ပိုလို့တောင်လိုအပ်သည်ဆိုတာ သာမာန်ညောင်မျှ တွေးရုံနှင့် သိနိုင် ပါသည်။ မည်သို့ပင်ဆိုစေကာမူ သစ္စာဖောက်ဟူသည်ကား ရှေးခေတ် ဘုရင့် တပ်မတော် ကစကာ ယခုခေတ် မျိုးချစ်တပ်မတော်ထိ ရှိကြသည်ကား ဓမ္မတာပင်။ မနေ့ကမှ တပ်မတော်မှ သစ္စာဖောက် တစ်ယောက် ထပ်မံထွက်ပေါ်လာသည့် မူဗီ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည်။ ထုံးစံအတိုင်း သစ္စာဖောက်လောကတွင် ဆရာ တစ်ဆူဖြစ် နေသော ညီသုတ နှင့် အွန်လိုင်းပေါ်တွင် တွေ့ဆုံမေးမြန်းခန်းလုပ်ကြသည်ဆိုပါတော့။ သူတို့ပြောသွားသည့် စကားတွေကို စာရေးသူ သေချာလိုက်နားထောင်ကြည့်မိသည်။ ဘာတစ်ခုမှ ရေရေရာရာ သေသေချာချာ Facts & Figure များတစ်ခုမှမပါ။ ရိုင်းရိုင်း ပြောရလျှင် သစ္စာဖောက်ချင်လို့ကိုဖောက်တာလို့ပြောရမှာကို ရှက်ပြီး စစ်ကောင်စီ ဘာညာဆိုပြီး အရှက်ပြေ ရောချနေသည်လို့ပဲပြောပါရစေ။
သူတို့ခဏခဏပြောနေသည် .. လက်ရှိ တပ်မတော်သားဘဝမှာ ဂုဏ်သိက္ခာ မရှိတော့ပါတဲ့။ အပြင်ကိုရဲရဲဝံ့ဝံ့မသွားရဲတော့ပါတဲ့။ ဘယ်သူကပြောတာလဲဆိုတော့ .. မျက်နှာမှန်ကိုတောင် မပြရဲတဲ့ စစ်ပြေးတွေကပြောတာ။ လက်ရှိ ဖေ ၁ နောက်ပိုင်း အရေးအခင်းတွင် တပ်မတော်သည် နိုင်ငံတော်တာဝန်ကို ၂၀၀၈ ခြေဥ အတိုင်း မလွှဲသာမရှောင်သာ ရယူခဲ့ပါသည်။ ထိုသို့ရယူရာတွင်လည်း တပ်မတော်သည် တိုက်ရိုက် ရယူခဲ့ခြင်းမဟုတ်ပဲ အဆင့်ဆင့် ညှိနှိုင်းအဖြေရှာဆိုသည့် အဆင့်များကို ဥပေဒနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဘယ်လိုမှ အဆင်မပြေတော့ပဲ အာဏာထိန်းခဲ့ခြင်း ဖြစ်ပါသည်ဆိုတာလည်း ခဏခဏပြောပြီးသားဖြစ်ပါသည်။ ဒါကို မဲမသာမာမှု ဆိုသည့် အကျိုးကို ထည့်မပြောပဲ အာဏာထိန်းတာသည့် အကြောင်းကိုပင် လုပ်ရပ်မှားကြီး တစ်ခုလိုပြောပြီး ဂဏန်းညှပ်တာပဲ လူသိစေချင် တာကတော့ အတော်ကို တရားလှ သည့် လုပ်ရပ်ကြီးပါလားလို့ ခပ်ရွတ်ရွတ် မေးရမည်ဖြစ်သည်။ မိမိတို့ တပ်မတော်သား များသည် အာဏာထိန်းခါစမှ ယနေ့ထိ နိုင်ငံတော်လုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်ရေး အတွက် အနိုမ့်ဆုံးအဆင့် အနည်းဆုံး အင်အားဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ဆူပူဆန္ဒပြသူများကိုလည်း ဥပဒေအတိုင်း ဖြေရှင်းခဲ့ပါသည်။ ဗုံးကွဲ၊ လူသတ် အကြမ်းဖက် သမားများနှင့် EAOs များကိုလည်း ရန်သူကဲ့သို့ ကျင့်သုံးဆောင်ရွက်ခဲ့ ပါသည်။ တပ်မတော်သားများသည် လူမသတ်ပါ၊ ဗုံးမခွဲပါ၊ ကလေးများကို ကျောင်းမ တက်ဖို့မပြောပါ။ စစ်ပြေး ညီသုတ တို့ပြောပြောနေသည့် ပြည်သူကို ပြန်သတ်နေသည့် ဆိုသည့် စကားကတော့ အင်မတန်မှ ယုတ္ထိ ကင်းမဲ့သည်လို့ပြောချင်ပါသည်။ ဘာကြောင့်ပါနည်း .. ပြည်သူဆိုသည့် စကားလုံးထဲတွင် ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူများလည်းပါပါသည်။ အာဏာထိန်းခြင်းကို ထောက်ခံ (သို့) ကြားနေသူများ လည်းပါပါသည်။ ထိုသူများသည် ဆူပူဆန္ဒပြမှုများကို မနှစ်မြို့ကြတာတော့ အမှန်။ ဒါကြောင့် ဆူပူဆန္ဒပြမှု (Riots) များကို ဥပဒေတိုင်းဖြေရှင်းရာတွင် မတော်တဆ ထိခိုက် သေဆုံးခဲ့မှုများလည်းရှိပါသည်။ ထိုသို့ သေဆုံးသူများသည်လည်း ပြည်သူ လို့ပြောလျှင် ငြိမ်းချမ်းစွာနေထိုင်လိုသူများလည်း ပြည်သူများပင်ဖြစ်သည်။ ဆူပူသူ အချို့နှင့် ထိပ်တိုက်တွေ့ခြင်းသည် ပြည်သူ့ ဘက်က မရပ်လို့ပြောလျှင် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူဘက်ကရော မရပ်ရဘူးလား။ NLD ထောက်ခံသော ပြည်သူ့ အလိုကိုမလိုက်တာ ပြည်သူ့ဆန္ဒ ဆန့်ကျင်သည်ဆိုလျှင် NLD မထောက်ခံသော ပြည်သူများကရော ပြည်သူမဟုတ်ဘူးလား ဟု မေးလိုပါသည်။ ပြည်သူဟူသည့် စကားလုံးအောက်တွင် အေးချမ်းစွာနေလိုသူ၊ ဆူပူသောင်းကျန်းလိုသူ စသည်တို့ရှိသည်မို့ ပြည်သူဆိုသည့် အသုံးအနှုန်းကို အသုံးချကာ တပ်မတော်ကို ချမနင်းပါနှင့် လို့ သစ္စာဖောက်တစ်စုကို ပြောလိုပါသည်။ ဆက်ပြောရမည်ဆိုလျှင် တပ်မတော်ဝင်များသည် ယူနီဖောင်းကို ဂုဏ်ယူစွာဝတ်ဆင်ကာ နိုင်ငံတော်လုံခြုံရေး ၊ မိဘပြည်သူအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးကို လစာ၊ ရိက္ခာနှင့် ထမ်းဆောင် နေသည့် တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းမို့ ဂုဏ်ယူဝင့်ကြွားစွာနေနိုင်ပါသည်။ လက်ရှိအခြေအနေအရ တချို့ကပြောသည်။ မင်းတို့တစ်တွေ ယူနီဖောင်းကို ဝတ်ပြီး သွားရဲလားတဲ့ .. ဟုတ်ကဲ့ ပြန်မေးချင်ပါသည်။ PDF ဆိုသူတွေကရော ကျွန်တော်တို့ PDF ပါဆိုပြီး ဆိုင်းပုဒ်ထောင်ပြီး သွားရဲပါသလား။ ခိုးကြောင်ခိုးဝှက် လူသတ်နေသည့် သကောင့်သားတွေရှိသည့် ပတ်ဝန်းကျင်တွင် တပ်မတော်ဝင်တို့သည် မလိုလားအပ်ပဲ အသက်ဆုံးရှုံးမှုမဖြစ်အောင် ဉာဏ်ကိုလွှာသုံးကြရသည်မှာ လောက အမှန်တရားပါပင်။ ဒါကို ကြောက်နေသည်လို့ပြောရမည်ဆိုလျှင် ရယ်တော့ရယ်စရာကောင်းပါသည်။ မိမိတို့ တပ်မတော်သားများကို စိတ်မပူပါနှင့် .. ကိုယ့်ကိုကိုယ်စိတ်ပူကြပါ စစ်ပြေးတို့ရေ။ စစ်ပြေးဆိုသည်မှာ ဘယ်အစိုးရတက်တက် ဘယ်ခေတ်ပဲရောက်ရောက် ပျောက်ပျက် မသွားသည့် အမှုဆိုတာ ကိုယ့်လူတို့သိထားပြီးသားဖြစ်မည်ထင်သည်။ သိလို့ပင် ညီသုတ မှ သူတို့ကိုကာကွယ်ပေးဖို့ဆိုပြီး NUG ကို တောင်းဆိုတာမဟုတ်ပါလား။ ထားပါလေ .. တစ်ချိန်လုံး တပ်မတော်သားနှင့် မိသားစုဝင်များကို ယူနီဖောင်းမဝတ်ရဲ ဘူးဟု ပြောနေသော ဆရာသမားကရော ဘာလို့များ မျက်နှာကို ကာတွန်းရုပ်နှင့် ဖုံးထားတာပါသနည်း။ ဂုဏ်သိက္ခာရှိစွာဖုံးထားတာများလား ခင်ဗျာ။
ညီသုတ အပါအဝင် ခုနောက်ဆုံး ရှေ့တန်းစခန်းမှ ထွက်ပြေးသွားသည့် ခမရ(၃၅၁) မှ စစ်ပြေး မျိုးမင်းထွန်း အဆုံး တပ်မတော်မှ ကျွေး သော ထမင်းကိုစား၊ တပ်မတော်မှသင်ပေးသော ပညာကိုသင်၊ တပ်မတော်မှ တင်ပေး ထားသော ရာထူးများကိုယူခဲ့ကြသူများဖြစ်သည်။ ထိုသို့ နှစ်ပေါင်းများစွာ ကျွေးမွေး စောင့်ရှောက်ခဲ့သော အဖွဲ့အစည်းကို သစ္စာမရှိသော သူများသည် မနေ့တစ်နေ့ကမှ ပေါ်လာသော နွေဦးတော်လှန်ရေးနှင့် NUG မတရားအသင်းကိုရော သစ္စာရှိမည်ဆိုတာ ဘယ်လိုအာမခံနိုင်ပါမည်နည်း။ PDF များကရော ထိုသူများဆီမှာ သစ္စာရှိမည်ဆိုတာ ယုံပါသလား။
ရာဇဝင်တွင် နတ်သျှင်နောင်ကိုကြည့်ပါလေ ... နောက်ဆုံး ဘာဖြစ်သွားသနည်း။ ရတု စပ်ဆိုခြင်းတွင် တဖက်ကမ်းခပ် ကျွမ်းကျင်သော အနုပညာရှင်၊ စစ်တိုက်ကျွမ်း ကျင်သော စစ်သူကြီး ဆိုပေမဲ့ သစ္စာမရှိသည့် အကျိုးဆက်ကြောင့် နိဂုံးချုပ် မကောင်းခဲ့ပါ။ ဒါသည် သစ္စာဖောက်ဖျက်သူများ၏ နောက်ဆုံးရလာဒ်ပင်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် အနှီ သစ္စာဖောက်ဖျက်သူ CDM အမည်ခံ စစ်ပြေးများကို မြင်ရလျှင် သစ္စာလေးချက်၏ စောင့်သိရိုသေပါမည်ဆိုသည့် အချက်လေးကိုသာ နားထဲ ပြန်မြင်ယောင်ရင်း စိတ်မကောင်းဖြစ်မိပြီး မိမိတို့ တပ်မတော်ဝင်များအား ပိုပြီးလေးစားမိ ပါကြောင်း ပြောလိုပါသည် ။။။။။
မင်းထက်ကျော်ဇော

မိမိတို့ဟာ NUG PDF မဟုတ်ပေမယ့် NUG အားအစဥ်တစ်တစိုက်ထောက်ခံတဲ့ အဖွဲ့ဖြစ်ကြောင်း ၊ မိမိတို့ အဖွဲ့အနေဖြင့် ရပ်ရွာက အလှူရှင်...
21/03/2022

မိမိတို့ဟာ NUG PDF မဟုတ်ပေမယ့် NUG အားအစဥ်တစ်တစိုက်ထောက်ခံတဲ့ အဖွဲ့ဖြစ်ကြောင်း ၊ မိမိတို့ အဖွဲ့အနေဖြင့် ရပ်ရွာက အလှူရှင်များ ရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရတဲ့ အဖွဲ့ဖြစ်ကြောင်း
ပန်ဆယ်လို ရဲ့ ထောက်ပံ့မှုရရှိရန် ဆောင်ရွက်ခဲ့ပေမယ့် အင်အားပေးပို့ရမည်လို့ ဆိုသဖြင့် မဆက်သွယ်တော့ကြောင်း MK.News သို့ ဖြေကြားတဲ့အထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်၊
ပန်ဆယ်လိုဟာ အလှူခံမယ်တော်ကြီးလို့ US ရောက်သည့်နောက်ပိုင်းတွင် နာမည်ကျော်ကြားခဲ့ပြီး အလှူခံရသည့် ငွေ % ဖြင့် ရပ်တည်နေကြောင်း US ရောက်မြန်မာအသိုင်းအဝိုင်းက တဆင့်သိရှိရပါသည်၊
လက်ရှိမှာ တော်လှန်ရေး ဗန်းပြပြီး အလှူခံစားသည့် လူတန်းစား တစ်ရပ် ပေါ်ပေါက်နေပြီး Fundraising အဖွဲ့လို့ သူတို့ကိုယ်သူတို့ အမွှမ်းတင်နေကြောင်း၊ လက်တွေ့တွင် ဘာဝယ်ပေးမည် ညာဝယ်ပေးမည် ဆိုသည့် မက်လုံးပေးမှုများသည် လက်တွေ့တွင် မိုးဦးကျဖားလို အသံသာကြားရပြီး မမြင်လိုက်ရကြောင်း အမည်မဖော်လိုသည့် အထက် ချင်းတွင်း အဖွဲ့ PDF တာဝန်ခံတစ်ဦးက ပြောကြားခဲ့ပါသည်၊

၁၉၈၆ ခုနှစ်က ပုံပါ။ မာရာဒိုနာက မူးယစ်ဆေးဝါးမသုံးစွဲဖို့ လှုံ့ဆော်တဲ့ဂျာစီ၊ ပလာတီနီကတော့ လာဘ်မစားရေးဆိုပြီး လှုံ့ဆော်တဲ့ ...
21/03/2022

၁၉၈၆ ခုနှစ်က ပုံပါ။
မာရာဒိုနာက မူးယစ်ဆေးဝါးမသုံးစွဲဖို့ လှုံ့ဆော်တဲ့
ဂျာစီ၊ ပလာတီနီကတော့ လာဘ်မစားရေးဆိုပြီး
လှုံ့ဆော်တဲ့ ဂျာစီကို ဝတ်ဆင်ပြီး အသိပညာပေးခဲ့
တာပါ။
နောက်နှစ်အနည်းငယ်အကြာမှာတော့ မာရာဒိုနာက
မူးယစ်ဆေးဝါးဆို မျိုးစုံအောင်စမ်းသပ်သုံးစွဲသူ
ဖြစ်လာသလို ပလာတီနီကလည်း လာဘ်စားမှုကြောင့်
အဖမ်းခံခဲ့ရပါတော့တယ်။
အဲ့လိုပဲ။ မြန်မာနိုင်ငံမှာ ကျမခွင့်မလွှတ်နိုင်တဲ့
အရာ ၂ ခုရှိတယ်ဆိုပြီး ၂ ခုစလုံးကို ကျူးလွန်ခဲ့သူ
တစ်ဦး တကယ် ရှိခဲ့ပါသတဲ့။
#ဖိုးစီ

ဖြစ်ရပ်မှန်များ ပျောက်ဆုံးခြင်းနှင့် မီဒီယာပျက်ကွက်မှုများ အပိုင်း(၈)===================================အာဏာထိန်းအစိုးရ၏...
20/03/2022

ဖြစ်ရပ်မှန်များ ပျောက်ဆုံးခြင်းနှင့် မီဒီယာပျက်ကွက်မှု
များ အပိုင်း(၈)
===================================
အာဏာထိန်းအစိုးရ၏ နိုင်ငံရေးကတိစကားကို
Generation-Z များ သိရှိနားလည်ရန်လိုနေပြီ !
-----------------
၇၃ နှစ်ကြာ ပြည်တွင်းစစ်အတွင်း တိုက်ပွဲဒဏ်ခံရသော
နယ်စပ်ဒေသများနှင့် မြို့ ကြီးများတွင် မွေးဖွားကြီးပြင်း
လာပြီး စစ်ပွဲ၏ကြမ်းကြုတ်မှုများကို မတွေ့ကြုံဘူးသူ၊ စစ်ပွဲဒဏ် ခံနေရသည့် နိုင်ငံတွင် နေထိုင်နေရကြောင်းကို
ပင် မသိရှိကြသူများလည်းရှိကြပါသည်။ Facebook
များပေါ်တွင်စစ်မဖြစ်မှာကိုကြောက်ပါသည်ဟုပင်
Postများတင်ခဲ့ကြတာ မျက်မြင် ဖြစ်ပါသည်။
Generation Z ခေါ်၊ ဂိမ်းသမား၊ ဆေးကြောင်ဆယ်ကျော်
သက် စစ်သွေးကြွများ က အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် အနိုင်ရရှိခဲ့သည်ဆိုသော မဲစာရင်းအမှားဖြင့်
အငြင်းပွားဖွယ် ရွေးကောက်ပွဲကို အသက်ပေး၍ကြိုးပမ်း
နေကြခြင်းဖြစ်ပါသည်။
ထို့ကြောင့် အသိအမှတ်ပြု NLD ၏ဦးဆောင်မှုဖြင့်
၂၀၂၁ ခုနှစ်၊ နိုင်ငံတွင်း လူထုအုံကြွမှုကို ဖန်တီးခဲ့ကြ
ပါသည်။ ယင်း ဆယ်ကျော်သက်အားလုံးသည် ၎င်း
တို့၏ဘဝကို ဆိုက်ဘာဂိမ်းများ၊ Mine Craft မြို့တည်
ဆောက်ရေး ဗီဒီယိုဂိမ်းများနှင့် ညလုံးပေါက်ဆော့နိုင်ရန်
စျေးပေါပေါ မက်သာဖက်တမင်းများ အသုံးပြု၍ ကြီး
ပြင်းလာခဲ့ကြသည့်သူများဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်းမှ ကိုးကွယ်သမှုပြုနေပြီး၊ သပ်ရပ်ကျော့
ရှင်းစွာ ဝတ်စားဆင်ယင်လေ့ရှိခြင်းဖြင့် ပုဂ္ဂိုလ်ရေး
ကိုးကွယ်မှုမြင့်မားနေသူ ဒီမို ကရေစီနတ်သမီး ဒေါ်
အောင်ဆန်းစုကြည်အပေါ် ၎င်းတို့၏သိနားလည်မှုမှာ
လက်တွေ့နယ်ပယ်မှာ အလွန်ပင်ကွာခြားနေပါသည်။
NLD ပါတီ လော်ဘီများဦးဆောင်၍ ဆိုက်ဘာနယ်ပယ်
တွင် စုစည်းထားသော ဆယ်ကျော်သက်များက အင်တာနက်ဖြတ်တောက်မှု၊ ဖေ့ဘုတ်ခ်သုံးစွဲခွင့် ပိတ်ပင်မှု၊
စိတ်ကြွဆေးများသုံးကာ စိတ်ကြွနေကြမှုတို့ကြောင့်
ဒေါသတကြီးဖြင့် လမ်းမပေါ်သို့ စုဝေးထွက်ပေါ်လာခဲ့
ပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်း၏ ဆန္ဒပြလှုပ်ရှားမှု
များတွင် နိုင်ငံရေးရင့်ကျက်မှုရှိပြီး အတွေ့အကြုံများ
သည့် နိုင်ငံရေးသမားကြီးတို့မှာ ဆန္ဒပြု မှုမှခပ်ဝေးဝေး
နေခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
ယင်းဆယ်ကျော်သက်များသည် ဒီမိုကရေစီ၏ပြယုဂ်
ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန်နှင့် ၎င်းတို့၏
တောင်းဆိုမှုများ အပေါ် နိုင်ငံတကာ၏ အရေးစိုက်မှုရရှိ
ရန်စသည့် မျှော်မှန်းချက်များတွင် တလက်လက်တောက်
ပနေသော နိုင်ငံတကာ ၏ သံချပ်ကားများမှ ၎င်းတို့၏
ကယ်တင်ရေးအစီအစဉ်သို့ အချိန်တိုအတွင်း လာရောက်
ပူးပေါင်း မည်ဟူ၍လည်း ယုံကြည်နေခဲ့ကြဆဲရှိပါသည်။
အာရှနိုင်ငံများတွင် အဆင်းရဲဆုံးအဖြစ် ရပ်တည်နေရ
သည့် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအားပြိုင်မှုတွင် နယ်မြေ
ချဲ့ထွင်လိုပြီး အင်အားများပြားလှသည့် သူပုန်တပ်များ
နှင့် အစဉ် တိုက်ခိုက်ယှဉ်ပြိုင်လျက် စနစ်တကျဖွဲ့စည်း
ထားပြီး အင်အားတောင့်တင်းသည့် တပ်မတော် အကြား
အမြဲဖြစ်ပေါ်လျက်ရှိနေပါသည်။
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ထားသည့် နယ်
မြေတွင် နေထိုင်လျက်ရှိသောပြည်သူများ၏ ဆောင်ရွက်
ချက်များ၊မကျေနပ်သည့် နိုင်ငံရေး ဆိုင်ရာသ‌ဘောထား
များ၊ ငြိမ်းချမ်းရေးအိမ်မက်နှင့်ဆန္ဒများဖြင့် ပုံဖော်ထု
ဆစ်၍ တောင်းဆို ချက်များအပေါ် လက်နက်ကိုင်အစု
အဖွဲ့များမှ ထိန်းချုပ်ထားပြီး ဖြစ်ပါသည်။
ခိုးဆိုးသတ်ဖြတ် နေသည်ဆိုသည့် မြန်မာစစ်တပ်အား
ဆန့်ကျင်၍ အပြစ်မဲ့ပြည်သူများက ဒီမိုကရေစီ၊ လူ့အခွင့်
အရေးနှင့် နိုင်ငံရေးသန့်စင်မှု တောင်းဆိုမှုများ ပြုလုပ်နေ
ကြသည်ဆိုသော အခန်းဆက် ဇာတ်ရုပ်ကိုသာ နိုင်ငံရေး
သမားများမှ အဓိကဇောင်းပေးပုံဖော်နေကြပါသည်။
မြန်မာနိုင်ငံတွင် အကြီးမားဆုံးသောလက်နက်ကိုင် အဖွဲ့
အစည်းဖြစ်သည့် အာဏာသိမ်းစစ်တပ်မှ ထိန်းချုပ်ထား
သည့် နယ်မြေများသို့သာရောက်ဖူးပြီး မိမိနေထိုင်ရာ
တိုင်းပြည်အကြောင်း မသိဖြစ်နေသူများ လည်း များပြား
စွာရှိပါသည်။
ပြီးခဲ့သည့် အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် မဲပေးရန်
သင့်တော်သည့် အသက်အရွယ်သို့ပင် မရောက်ရှိသေး
သည့် ဆယ်ကျော်သက်ဆေးသမားများနှင့်သာ တွေ့ဆုံဖူး
သော မီဒီယာဟုဆိုသူများ၊ နိုင်ငံရေးသမားဟုဆိုသူများ၊
သတင်းထောက်များနှင့် ပညာရှင်ဟုဆိုသူများက ဆန်း
သစ်ဖန်တီးထားသော ပေါကား လုပ်ဇာတ်ကြီးဟုဆို ရမည်သာ ဖြစ်ပေသည်။
တတ်ကြွလူငယ်လေးတို့မှာ ကမ္ဘာ့အရှည်ကြာဆုံးသော
ပြည်တွင်းစစ်မီးရှိနေသည့် နိုင်ငံတွင် နေထိုင်နေခြင်းနှင့်
နိုင်ငံရေးနှင့်လူမူရေးဆိုင်ရာ လွတ်လပ်ခွင့်ရရန် ရန်လိုသော တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ မူးယစ်ရာဇာ
များ၏ ခြိမ်းခြောက်မှုများကို တပ်မတော်မှ ထီးမိုးပေး
ထားရခြင်းတို့ကိုလည်း ကောင်းစွာသိရှိထားခြင်းနှင့်
ခံစားတတ်ခြင်းများလည်း မရှိပါ။
ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်သူများမှ ကိုးကွယ်
မှုပြုသည့်အတိုင်းအတာ၊ မြန်မာ နိုင်ငံ၏ကန့်သတ်ချက်
များ အပေါ်ကောင်းစွာနားလည်ပြီး အေးချမ်းစွာနေလိုသူများ၏ အမြင် အပေါ် အဆိုပါဆိုးသွမ်းကလေးများ၏ လက်ခံတန်ဖိုးများမှာ တဒင်္ဂမျှလွှမ်းမိုးနိုင်ခြင်း မရှိနိုင်
ပေ။
နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မတိုင်မီဒေါ်အောင်ဆန်းစု
ကြည်အား ထိန်းသိမ်းထား ရှိသော်လည်း၊ တစ်ဖက်တွင် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်အကြာတွင် ရွေးကောက်ပွဲ
အသစ် ပြန်လည်ကျင်းပ ပေးမည်ဟူသောအာဏာထိန်း
အစိုးရ၏ ကတိစကားထုတ်ဖော်ပြောကြားမှု အပေါ်
နားလည် သင့်ပြီဟု ဆိုချင်ပါသည်။
၎င်းသိနားလည်မှု သေးသေးလေးကပင် ကမ္ဘာပေါ် တွင်
၇၃ နှစ်ကြာ သက်တမ်းအကြာဆုံးသော ပြည်တွင်း
တိုက်ပွဲ၏ခါးသီးမှုများ ခါးစည်းခံခဲ့ရသော ပြည်သူများ
အတွက်မူ မဆိုးလှသောရွေးချယ်မှုတစ်ခုဟုလည်း ပြော
ဆိုနိုင်ပေသည်။
(ဆက်ရန်)
.Ba

Address


Website

Alerts

Be the first to know and let us send you an email when SiTxu Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share