Thanlwin Entertainment

  • Home
  • Thanlwin Entertainment

Thanlwin Entertainment ကရင်ပြည်နယ်သတင်းများ တင်ပြပေးပါသည်။

07/08/2023

မြဝတီ တောင်တက်လမ်း
ရေတိုက်စားမှူကြောင့် လမ်းပြို (တောနော်ရေတံခွန်နား)

Video credit

ယနေ့မနက်၌ အထက(၁)ကျောင်းလမ်းတွင် ရေကြီးရေလျှံနေတာကို တွေ့ရပါတယ်။Photo credit
29/07/2023

ယနေ့မနက်၌ အထက(၁)ကျောင်းလမ်းတွင်
ရေကြီးရေလျှံနေတာကို တွေ့ရပါတယ်။

Photo credit

" ရန်ကုန်မှ ခရီးမိုင် အကွာအဝေးများ "ရန်ကုန် - ပဲခူး ၅၀ မိုင်ရန်ကုန် - ဘုရားကြီး ၆၀ မိုင်ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်ရန်ကုန...
28/07/2023

" ရန်ကုန်မှ ခရီးမိုင် အကွာအဝေးများ "

ရန်ကုန် - ပဲခူး ၅၀ မိုင်
ရန်ကုန် - ဘုရားကြီး ၆၀ မိုင်
ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် - ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် - မဒေါက် ၁၁၀ မိုင်
ရန်ကုန် - ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် - ကျောက်တံခါး ၁၁၅ မိုင်
ရန်ကုန် - ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် - ဖြူး ၁၄၂ မိုင်
ရန်ကုန် - ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် - တောင်ငူ ၁၇၅ မိုင်
ရန်ကုန် - ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် - ဆွာ ၂၀၁ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) ၂၀၀ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် - ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် - မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် - တောင်သာ ၃၈၁ မိုင်
ရန်ကုန် - မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် - စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် - မန္တလေး ၄၃၀ မိုင်
ရန်ကုန် - မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် - ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် - ရွှေဘို ၅၀၀ မိုင်
ရန်ကုန် - တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် - လားရှိုး ၆၀၅ မိုင်
ရန်ကုန် - တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် - လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် - တမူး ၇၂၅ မိုင်
ရန်ကုန် - မြစ်ကြီးနား ၉၁၉ မိုင်
ရန်ကုန် - လက်ပံတန်း ၈၅ မိုင်
ရန်ကုန် - ပြည် ၁၇၉ မိုင်
ရန်ကုန် - ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် - အောင်လံ ၂၂၃ မိုင်
ရန်ကုန် - ကြံခင်း ၂၄၅ မိုင်
ရန်ကုန် - မြန်အောင် ၂၅၀ မိုင်
ရန်ကုန် - တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် - မကွေး ၃၃၁ မိုင်
ရန်ကုန် - မင်းဘူး ၃၃၂ မိုင်
ရန်ကုန် - အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် - ချောက် ၄၀၈ မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် - ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် - မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် - နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် - တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် - သံတွဲ ၃၂၃ မိုင်
ရန်ကုန် - ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် - စစ်တွေ ၆၃၄ မိုင်
ရန်ကုန် - မအူပင် ၅၁ မိုင်
ရန်ကုန် - အိမ်မဲ ၇၅ မိုင်
ရန်ကုန် - မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် - လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် - ဂွ ၁၄၆ မိုင်
ရန်ကုန် - ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် - ရေကြည် ၉၀ မိုင်
ရန်ကုန် - ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် - ဟင်္သာတ ၉၆ မိုင်
ရန်ကုန် - ထူးကြီး ၁၃၃ မိုင်
ရန်ကုန် - ပုသိမ် ၁၁၅ မိုင်
ရန်ကုန် - ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် - ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် - ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် - ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် - ညောင်တုန်း ၃၅ မိုင်
ရန်ကုန် - ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် - ဇလွန် ၈၇ မိုင်
ရန်ကုန် - ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် - ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် - ကျုံပျော် ၉၆ မိုင်
ရန်ကုန် - ရွှေလောင်း ၇၈ မိုင်
ရန်ကုန် - ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် - ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် - လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် - သာပေါင်း ၁၄၂ မိုင်
ရန်ကုန် - ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် - ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် - တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် - ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် - သထုံ ၁၅၂ မိုင်
ရန်ကုန် - မုတ္တမ ၁၉၀ မိုင်
ရန်ကုန် - မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် - မုဒုံ ၂၀၈ မိုင်
ရန်ကုန် - သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် - ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် - ဘားအံ ၁၈၀ မိုင်
ရန်ကုန် - သာမည ၂၀၀ မိုင်
ရန်ကုန် - ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် - မြ၀တီ ၂၇၉ မိုင်
ရန်ကုန် - ရေး ၂၈၇ မိုင်
ရန်ကုန် - ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် - မြိတ် ၅၅၀ မိုင်
ရန်ကုန် - ကော့သောင်း ၇၄၅ မိုင်

ထိုင်းမြန်မာနယ်စပ်က မြန်မာလူမျိုးတွေရော ထိုင်းလူမျိုးတွေပါ သဘောကျကြတဲ့ Pilok Village " နတ်အိမ်တောင် " ကျေးရွာလေး ။ဒီရွာလ...
09/07/2023

ထိုင်းမြန်မာနယ်စပ်က မြန်မာလူမျိုးတွေရော
ထိုင်းလူမျိုးတွေပါ သဘောကျကြတဲ့ Pilok Village " နတ်အိမ်တောင် " ကျေးရွာလေး ။

ဒီရွာလေးကတော့ ရာသီဥတုအေးအေးချမ်းချမ်း ပတ်ဝန်းကျင်တိတ်ဆိတ်ငြိမ်သက်ပြီးတော့ တောင်တန်းလေးတွေကြား အပန်းဖြေအနားယူလို့ကောင်းတဲ့မြို့လေးတစ်မြို့ပါ။ တည်းခိုစရာတွေနဲ့ စားသောက်ဆိုင်လေးတွေလဲပေါပါတယ်။

ဒီရွာလေးကိုရောက်ပီးတဲ့သူတိုင်းဟာ အရမ်းကိုစိတ်အေးချမ်းရလွန်းလို့ အိပ်မက်မြို့ငယ်လေးလို့လဲ တင်စားခေါ်ဝေါ်ကြပါတယ်။ရောက်ပီးတဲ့သူတိုင်းထပ်တလဲလဲပြန်သွားချင်တဲ့မြို့ငယ်လေးတစ်မြို့ပါပဲတဲ့ ဘန်ကောက်ကနေဆို ကား ၆ နာရီလောက်မောင်းရပါတယ် တောင်တက်တောင်ဆင်းလမ်းတွေမို့လို့ ကျွမ်းကျင်တဲ့ကားဆရာနဲ့သွားဖို့တော့လိုအပ်ပါမယ်နော်။

သွားချင်သူတွေအတွက် Google Map Location လေးချထားပေးပါမယ်နော် 👇🏻

Location >> https://goo.gl/maps/THtch5iPm5VWLLsM7

09/07/2023

ဇွဲကပင်တောင်ခြေက အပျော်စီး ကေဘယ်

Entertainment

မိုးတွင်းမှာအရမ်းလှတဲ့  ဆဒ္ဒန်ဂူ                      ⛰️ဆဒ္ဒန်ဂူက ကရင်ပြည်ထဲကဂူတွေထဲမှာ     ဝင်ပေါက်အကျယ်ဆုံးနဲ့အရှည်ဆုံ...
09/07/2023

မိုးတွင်းမှာအရမ်းလှတဲ့ ဆဒ္ဒန်ဂူ


⛰️ဆဒ္ဒန်ဂူက ကရင်ပြည်ထဲကဂူတွေထဲမှာ
ဝင်ပေါက်အကျယ်ဆုံးနဲ့အရှည်ဆုံးဂူတစ်ခုဖြစ်ပါတယ်

⛰️ကရင်ပြည်နယ်၊ဘားအံမြို့ အိန္ဒုရွာနားမှာရှိပြီးတော့
အဝင်ဝမှာဆင်ဖြူနှစ်ကောင်မုဒ်ဝလေးရှိပါတယ်

⛰️ဂူပေါက်က မြေပြင်ကနေ ပေ၅၀ အမြင့်ရှိလို့
လှေကားနဲ့အရင်တက်ပြီးတော့မှဝင်ရပါတယ်

⛰️ဂူဝလုံးပတ်က ပေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီးတော့
၂ ဖက်ပွင့်သဘာဝလှိုဏ်ဂူအမျိုးစားဖြစ်တဲ့အပြင်
အရှေ့ရပ်ကိုမျက်နှာမူနေတဲ့အတွက်ကြောင့်
နေရောင်ခြည်ကောင်းစွာရရှိပေမယ့်
ဂူထဲကတချို့နေရာတွေကမှောင်တဲ့အတွက်ကြောင့်
လျှပ်စစ်မီးထွန်းထားပေးရပါတယ်

⛰️ဂူအနီးနားမှာ ထူးဆန်းတဲ့သဘာဝကျောက်တုံး၊
ကျောက်ဆောင်တွေ၊ကျောက်ပန်းခတ်တွေရှိပြီး
ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့တဲ့နေရာနဲ့တူလို့
ဆဒ္ဒန်ဂူဆိုပြီးအမည်တွင်ခဲ့တာလို့သိရပါတယ်

⛰️ဂူပေါက်နံရံတွေမှာ အုတ်ခွပ်ဘုရားတွေရှိပြီးတော့
အရှည်က 330 ပေခန့်၊ အကျယ်က 135 ပေခန့်ရှိပါတယ်
ဂူအဝင်ကနေ ထွက်ပေါက်အထိကို မိနစ် ၃၀ ခန့်ကြာပြီး
အထွက်ကိုမြန်ချင်ရင် လူတစ်ရပ်စာသာသာဘဲရှိတဲ့။
လှိုဏ်ခေါင်းလေးတွေအောက်ကနေလှေစီးပြန်ထွက်လို့ရပါတယ်
လှေကတစ်စီးလုံးမှ ၆၀၀၀ ကျပ်သာကျသင့်ပါတယ်

ဂူထဲဝင်ဖို့စဉ်းစားထားရင်တော့ ဖိနပ်ချွတ်ပါ
နောက်ပြီးဓာတ်မီးကမပါမဖြစ်ယူသွားသင့်ပါတယ်
ဖုန်းမီးနဲ့ဆိုဂူနံရံတွေကိုသေချာမမြင်ရလို့ပါ
အထဲမှာလင်းနို့တွေလည်းရှိပါတယ်🥶🦇

#ဘားအံ #ဆဒ္ဒန်ဂူ

05/04/2021

Lord bless my karen people's

မလိကျွန်းသည် ရှေးယခင်က ဆလုံလူမျိုးများ လှည့်လှည် သွားလာနေထိုင်ခဲ့သည့် ကျွန်းဖြစ်ပြီး ယခုအခါ ကရင်တိုင်းရင်းသားများမှ အတည်...
18/09/2020

မလိကျွန်းသည် ရှေးယခင်က ဆလုံလူမျိုးများ လှည့်လှည် သွားလာနေထိုင်ခဲ့သည့် ကျွန်းဖြစ်ပြီး ယခုအခါ ကရင်တိုင်းရင်းသားများမှ အတည်တကျနေထိုင်သော ကျွန်းဖြစ်သည်။ တနင်္သာရီအတွင်းရှိ အခြားသော ဒေသများမှ ရွှေ့ပြောင်းအခြေချလာကြသည့် ဒေသခံများလည်းရှိသည်။ အသက်မွေး၀မ်းကြောင်းပြုကြရာတွင် ကရင်တိုင်းရင်းသားအများစုက တောင်ယာ၊ ဥယျာဉ်ခြံနှင့် သစ်တောမှ ထွက်ရှိသော သစ်တောထွက်ပစ္စည်းများအပေါ် အမှီပြုကြပြီး တစ်နိုင်တစ်ပိုင်ရေလုပ်ငန်းကိုလည်း အဓိကထား လုပ်ကိုင်ကြသည်။
မလိကျွန်းသည် ပင်လယ်ဆားငံရေ ပတ်လည်၀န်းရံထားသော်လည်း ကျွန်းပေါ်တွင် ရေချိုပေါများသည်ကို တွေ့ရှိရသည်။ သစ်တောဖုံးလွှမ်းမှု ဧရိယာများသဖြင့် အောက်ခြေမြေဆီလွှာသည် မိုးရေကို ကောင်းစွာ သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ရေချိုချောင်းများနှင့် ရေတံခွန်များသည် တစ်နှစ်ပတ်လုံး ရေချိုရရှိသည်။
သစ်တောတည်ရှိခြင်းသည် နေစရာအိမ်၊ အသက်ရှင်သန်ရေးအတွက် သောက်သုံးရေနှင့် အစားအစာဖူလုံရေး၊ ကောင်းမွန်မျှတသော ရာသီဥတုရရှိရေးနှင့် သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်းကို ကောင်းမွန်စွာ သိရှိသော မလိကျွန်းသူကျွန်းသား တချို့သည် မတော်တဆ တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နေရာတွင် အစားထိုးသစ်ပင်စိုက်မှု တစ်ရပ်ကို ဇွန်လ ၁၆ ရက်၂၀၂၀ ခုနှစ်တွင် ပြုလုပ်ခဲ့ကြပါသည်။

*****************
One of the unique social characteristics of Mali Island is that the majority of its residents are from the Karen ethnic group, who typically live in mountainous areas of the mainland. In the past, there is evidence that salon(Moken) people had spend time on Island but now it is mostly occupied by Karen people although there are some non-Karen residents who migrated from other areas of Tanintharyi Region. For their livelihoods, most Karen people rely on lowland rice paddy cultivation, upland farming, orchard cultivation, and harvesting of forest products, as well as fishing for self-consumption. The more recent non-Karen residents typically make a living from commercial fishing.
There are plenty of fresh water sources on Mali Island despite the fact that it is surrounded by salty seawater. Due to the abundant forest cover, the soil can stare rainwater very well, meaning fresh water is available on the island the entire year.
The existence of forest not only provides the locals with materials for housing, fresh drinking water and food for their survival, but also protects them from natural disasters and extreme weather.
On 16th June 2020 the islanders planted forest trees on their community protected area which impacted by accidental forest fire in summer.

Credit

မဲဘောင်နေ သစ်စက်ပိုင်ရှင် စောကျော်ဦး+နန်းဖော့မုရှ မိသားစုမှ ထိုင်းထီလက်မှတ်ကို တောင်ကလေးဆရာတော်ဘုရားထံ (၁၁- ၉ -၂၀၂၀) နေ့...
17/09/2020

မဲဘောင်နေ သစ်စက်ပိုင်ရှင် စောကျော်ဦး+နန်းဖော့မုရှ မိသားစုမှ ထိုင်းထီလက်မှတ်ကို တောင်ကလေးဆရာတော်ဘုရားထံ (၁၁- ၉ -၂၀၂၀) နေ့သွားလှူ ခဲ့သည်။

ထိုထီလက်မှတ်မှာ(၁၆-၉-၂၀၂၀)နေ့ထိုင်းထီဖွင့်သော
နေ့တွင် ဘတ် ၆ သန်း ပေါက်ခဲ့ပါသည်။
ဆရာတော်ဘုရားသည်ထူးဆန်းသောဘဝကံထူးရှင်ပါ။
တပည့်ဒကာများဝမ်းသာပီတိဖြစ်ပါသည်။
#တကယ်ပါဆရာတော်ဘုရားသာသနာပြုလုပ်ငန်းအတွက်အလွန်ဝမ်းမြောက်ဝမ်းသာပီတိအခါခါဖြစ်ရပါသည်။
၁၇ - ၉ - ၂၀၂၀

https://m.facebook.com/story.php?story_fbid=1641656879345504&id=100005036229734

16/09/2020

တောင်ဝိုင်းမှာပေါ်တဲ့ တိမ်ပင်လယ် 💭💭💭

video credit :

မြဝတီမြို့ဆိုတာ~~~~~~~~~~မြဝတီဆိုတာနဲ့ မြန်မာနိုင်ငံအတွင်း တရားမဝင် without ကားတွေသွင်းတဲ့မြို့ without ကားတွေ ထည်လဲစီးတ...
12/09/2020

မြဝတီမြို့ဆိုတာ
~~~~~~~~~~

မြဝတီဆိုတာနဲ့ မြန်မာနိုင်ငံအတွင်း တရားမဝင် without ကားတွေသွင်းတဲ့မြို့ without ကားတွေ ထည်လဲစီးတဲ့မြို့လို့ အသိများကြပါတယ်။

မြန်မာနိုင်ငံ တနံတလျားကို ဖြန့်ချီပေးနေတဲ့ without ကား ဝယ်ရောင်းသမားတွေသိကြတာက ဒီ without ကားတွေဟာ ဂျပန်နိုင်ငံမှ လေလံဆွဲပြီး မဲဆောက် သောင်ရင်းမြစ်ကမ်းပါးဂိတ်မှာ (များသောအားဖြင့် ပါကစ္စတန်ကုလားတွေ)ရောင်းချကြတယ်ပေါ့လေ။ အဲ့ဒါကို မြန်မာတွေက သွားဝယ်။ ဂိတ်ကိုတာဝန်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ကမ်းကူးခ ဂိတ်ကြေးပေးပြီး ညနေပိုင်းမှာ ဝယ်ထားတဲ့ ကားတွေကိုလှေနဲ့တင် ဒီဘက်မြဝတီကမ်းဘက်ရောက်။

နောက် မြဝတီမြို့ကတဆင့် မြန်မာနိုင်ငံအတွင်းက ဝယ်မယ့်သူတွေရှိရာမြို့ကို အမျိုးမျိုးသောနည်းတွေနဲ့အရောက်ပို့တဲ့ without ကားလောကပါပဲ။

ထိုင်းအာဏာပိုင်တွေဟာလည်း ဂျပန်ကျ ကားတွေကို ထိုင်းဆိပ်ကမ်းတွေကတဆင့် မဲဆောက်မြို့ကို ဖြတ်သန်းရောင်းချခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲ့ဒီကား ကွန်တိန်နာတွေကို မဲဆောက်မြို့တွင်းရှိ ဂျပန်ကားရောင်းတဲ့ ကားဝင်းထဲမှာမှ ဖောက်ခွင့်ပေးထားပါတယ်။ ကမ်းနားမှာ လမ်းမှာ လုံးဝဖောက်ခွင့်မရှိပါဘူး။ ရောင်းခွင့်မရှိပါဘူး။ အဲ့ဒီကားတွေကို မြန်မာနိုင်ငံသို့သာရောင်းချစေပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်းကိုရောက်ပြီး ကြိုက်တဲ့နံပါတ်တွေအလွယ်တကူ ကောက်တပ်ထားတဲ့ အဲ့ဒီ without ကားတွေကိုတော့ ကျန်ခဲ့တဲ့ နှစ်လလောက်ထိ ချစ်ကြည်ရေးတံတားပေါ်ကတဆင့် သူတို့နိုင်ငံအတွင်းကို နေ့ချင်းပြန်အလည်သွားလိုပါကလည်း ခွင့်ပြုပေးပါတယ်။ ခုတော့ လိုင်စင်ကားအစစ်အမှန်တွေနဲ့ ကလိုထူးဘော အဖွဲ့လက်မှတ်လုပ်ထားတဲ့ ကားတွေကိုသာ တံတားပေါ်ကဖြတ်သန်းပြီး မဲဆောက်မြို့တွင်း လည်ပတ်ခွင့်ပြုပါတော့တယ်။

ကားဝယ်ရောင်းသမားအများစုနဲ့အတူ မြဝတီနယ်ခံအချို့ပါမသိသေးတဲ့ without ကားလောကတစ်ခုကလည်း မြဝတီမှာသီးခြားရှိနေပါသေးတယ်။ ဒီလမ်းကိုတော့ တချို့အရမ်းလည်တဲ့ ကားဝယ်ရောင်းတချို့နဲ့
မြဝတီနယ်ခံလူတချို့သာသိကြပါသေးတယ်။ အဲ့ဒီလောကကတော့ Vigo, Tiger စတဲ့ယိုးဒယားကားတွေကို မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် မတရားသောနည်းလမ်းများဖြင့်ခိုး သွင်းနေတဲ့ ခိုးကူးကားလောကပါပဲ။

ထိုင်းနိုင်ငံအတွင်းမှာ အရစ်ကျစနစ်နဲ့ရောင်းချပေးတဲ့ Vigo, Tiger စတဲ့ ထိုင်းနိုင်ငံထုတ်ကားတွေကို ထိုင်းနိုင်ငံသားတွေက အရစ်ကျစနစ်နဲ့ဝယ်ယူခွင့်ရှိပါတယ်။ တချို့ထိုင်းနိုင်ငံသားတွေက အဲ့ဒီလို အရစ်ကျနဲ့ဝယ်ယူပြီး မြန်မာကားဝယ်ရောင်းသမားတွေကိုထက်ဝက်ဈေးနဲ့ လက်ငင်းပြန်ရောင်းချပြီးငွေကစားကြပါတယ်။

အဲ့ဒီလိုရောင်းချတဲ့ကားတွေကို မြန်မာနိုင်ငံသားတွေက ဝယ်ယူပြီး(ထိုင်းနိုင်ငံကတရားဝင်ဂိတ်တွေကတဆင့် ဂျပန်ကားတွေလို အန္တရာယ်ကင်းကင်းနဲ့ အလွယ်တကူ ဖြတ်ပြီးသယ်ယူလို့မရတဲ့အတွက်) ခိုးကူးဂိတ်လို့ခေါ်တဲ့ ဂိတ်မဟုတ်တဲ့ သောင်ရင်းမြစ်ကမ်းပါး ထိုင်းဘက်ကမ်းက လယ်မြေပိုင်ရှင်နဲ့ မြန်မာဘက်ကမ်းက လယ်မြေပိုင်ရှင်ကို ဖြတ်သန်းခပေးပြီး ခိုးကူးကြပါတယ်။ မြန်မာဘက်ကမ်းက လက်နက်ကိုင်အဖွဲ့အစည်းများက တာဝန်ယူ အခွန်အခတောင်းယူပြီး သယ်ဆောင်ပေးကြပေမယ့် ထိုင်းဘက်ကမ်းက ရဲများကတော့ပူးပေါင်းခြင်းမရှိဘဲ
အမြဲလိုက်လံဖမ်းဆီးတတ်ကြပါတယ်။

ခိုးကူးနောက်တစ်မျိုးကတော့ အရစ်ကျဝယ်ယူထားတဲ့ကားများကို ပြန်လည်ဝယ်ယူခြင်းမဟုတ်ဘဲ မဲဆောက်မြို့မှာ ရပ်ထားတဲ့ကားများကို ကားခိုးအဖွဲ့က နေ့ခင်းကြောင်တောင်လိုက်လံခိုးယူခြင်းပါပဲ။ အဲ့ဒီလို
ခိုးယူမယ့်အဖွဲ့ဟာ ကားကိုခိုးမယူခင် နှစ်ရက် သုံးရက်စောင့်ကြည့်ဆဲကာလမှာပဲ အဲ့ဒီကားကိုဓါတ်ပုံရိုက်ယူပြီး မြဝတီဘက်ခြမ်းက ဝယ်လက်နဲ့ချိတ်ပါတယ်။

ကားတန်ဖိုးကတော့ ပေါက်ဈေးရဲ့ထက်ဝက်ပါ။ ဝယ်လက်ရပြီဆိုတာနဲ့ ကားကို တာဝန်ယူ ခိုးကူးပေးမယ့် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့နဲ့ထပ်ချိတ်ရပါတယ်။ ကူးခကတော့ ဂျပန်ကားကူးခရဲ့နှစ်ဆပါ။ အားလုံးပြီးရင်တော့ အဆင်ပြေတဲ့နေ့မှာပဲ ကားကိုခိုးယူပြီး မဲဆောက်ဘက်ကမ်းက အချိန်းအချက်လုပ်ထားတဲ့သောင်ရင်းမြစ်ကမ်းပါး လယ်တောထဲကို ကားမောင်းပြေးရပါတယ်။ တခါတလေ ထိုင်းရဲတွေ သတင်းရသွားတဲ့အခါ လိုက်လံဖမ်းဆီးတတ်တာမျိုးလည်းရှိတတ်ပါတယ်။

ကမ်းနားရောက်ရင်တော့ အသင့်စောင့်နေတဲ့ မြန်မာဘက်ကမ်းက ကားတက်နိုင်အောင် ပျဉ်နှစ်ချပ်ကန့်လန့်တင်ထားတဲ့လှေပေါ် ကားကိုမောင်းယူရပါတယ်။ လှေဟာ ရေလယ်ခေါင်ရောက်ပြီဆိုရင်တော့ ထိုင်းရဲတွေဘယ်လိုမှလုပ်လို့မရတော့ပါဘူး။ တခါတရံသေနတ်နဲ့လှမ်းပစ်တာမျိုးရှိတတ်ပေမယ့် ဖမ်းလို့လည်းမရတော့ပါဘူး။ ဒါဟာ နှစ်နိုင်ငံကြားက အရမ်းကိုကြီးမားတဲ့ ဥပဒေအားနည်းချက်ပါ။

အဲ့လိုနဲ့ မြဝတီဘက်ခြမ်းရောက်ရင်တော့ ကိစ္စအားလုံးပြီးငြိမ်းသွားပါပြီ။ မြဝတီဘက်ရောက်တဲ့ကားကို ထိုင်းဘက်ခြမ်းက လာဖမ်းလို့ လာသိမ်းလို့လည်းမရတော့ပါဘူး။ ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံထုတ်ကားများဖြစ်တဲ့ Vigo, Tiger စတဲ့ကားများကိုတော့ ချစ်ကြည်ရေးတံတားပေါ်ကဖြတ်ပြီး သူတို့နိုင်ငံအတွင်းကို လာရောက်လည်ပတ်ခွင့်ကိုတော့လုံးဝပိတ်ပင်ထားပါတယ်။

မြဝတီမြို့မှာ without ကားပေါများတာ လူတိုင်းနီးပါးသိပြီးလောက်ဖြစ်ပါတယ်။ သင်ဟာ ဂျပန်နိုင်ငံထုတ် without ကားတစ်စီး ဝယ်စီးဖို့ဆန္ဒရှိရင်တော့မြဝတီမြို့ကို လာခဲ့ပါ။ သင့်ကို မြဝတီမြို့က နိုင်ငံတော်လစာစားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက တာဝန်ယူဖွင့်လှစ်ထားတဲ့ သောင်ရင်းမြစ်ကမ်းနားက ၁၃ ဂိတ်သစ်ကို ခေါ်ဆောင်သွားပေးပါ့မယ်။

သင်ဟာ ကားနဲ့သွားတဲ့သူဖြစ်ရင်တော့ ဂိတ်အဝင်အဝမှာ သင့်ကိုကဒ်ပြားလေးတစ်ခုပေးပါလိမ့်မယ်။ အဲ့ဒီကဒ်ပြားလေးကို သင်ဟာ သင့်ကားဒတ်ရ်ှဘုတ်ပေါ်တင်ထားရပါမယ်။ ပြန်ထွက်ရင်တော့ အဲ့ဒီကဒ်ပြားလေးပြန်အပ်ရပါတယ်။ အဲ့ဒီကဒ်ပြားမပါတဲ့ကားတွေကိုတော့ ခုမှကမ်းကူးလာတဲ့ကားလို့သတ်မှတ်ပြီး ဂိတ်ကြေးထပ်မံကောက်ယူမှာဖြစ်ပါတယ်။

ပြီးတာနဲ့ သင့်ကားကို ဂိတ်တလျှောက် သောင်ရင်းမြစ်ကမ်းပါးအထိမောင်းယူသွားရပါမယ်။ကမ်းနားရောက်ရင်တော့ ဂိတ်ထဲက ကျယ်ဝန်းလှတဲ့ ကားပါကင်မှာသင့်ကားကိုပါကင်ထိုးပြီးရင်တော့ သင်ဟာ မြဝတီဘက် သောင်ရင်းမြစ်ကမ်းပါးမှ မဲဆောက်ဘက် သောင်ရင်းမြစ်ကမ်းပါးကိုကူးဖြတ်ပို့ဆောင်ပေးနေတဲ့ လှေကြီးကိုစီးပြီးမဲဆောက်ဘက်ကမ်းကို ကူးရပါတော့မယ်။ လှေစီးခက တစ်ယောက်ကို ဘတ် ၂၀ ပါ။

ဒီလိုနဲ့ မဲဆောက်ဘက်ခြမ်းရောက်ပြီဆိုရင်တော့ သင်ဟာ ကျယ်ဝန်းလှတဲ့ ကားပင်လယ်ကြီးကို စမြင်ရပါပြီ။ လှေပေါ်ကဆင်းဆင်းခြင်းပဲ ကားပြပေးမယ့်ပွဲစားအသေးလေးတွေ သင့်ဘေးကိုရောက်လာပါလိမ့်မယ်။ ဘာကားလိုချင်သလဲ လိုက်ပြပေးမယ်လို့ပြောတာကို အားကိုးတကြီးနဲ့ လက်မခံလိုက်ပါနဲ့။ သူတို့သင့်ဘေးမှာပါသွားပြီဆိုတာနဲ့ သင်ဘယ်ကားကြည့်ကြည့် ကားပိုင်ရှင်တွေဟာ အဲ့ဒီပွဲစားတွေအတွက် အနည်းဆုံး ဘတ် ၁၅၀၀ သင့်ကားဖိုးကို တင်တော့မှာမို့ပါ။

ဒီလိုနဲ့ ဆက်လျှောက်သွားရင်တော့ ကားဝင်းအကြီးကြီးထဲမှာမှ ခြံမခတ်ဝင်းမခတ်ဘဲ ကားပိုင်ရှင်တွေရဲ့ သူ့အကွက်နဲ့သူချပြထားတဲ့ အမျိုးစုံ အရောင်စုံ မော်ဒယ်စုံကားများကိုစတင်မြင်ရပါမယ်။ တချို့ကားရှေ့ဘက်မှန်တွေမှာ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်တွေရေးပေးထားတာကြောင့် ကားဘေးနားမှာ ကားတံခါးဖွင့်ပြ စမ်းပြ ရှင်းပြ ပေးမယ့်သူအလွယ်တကူမတွေ့ရင်လည်း အဲ့ဒီဖုန်းနံပါတ်လေးကိုလှမ်းဆက်လိုက်ရုံပါပဲ။



အဲ့ဒီလိုဆက်လိုက်တာနဲ့တပြိုင်နက် သေ့ာပြင်ကုလားထက်များတဲ့ သော့တွဲကြီးကိုကိုင်ဆောင်ထားတဲ့ ကားပိုင်ရှင် သို့ ကားလွှဲအပ်ခြင်းခံထားရသူချက်ချင်းရောက်လာပြီး သင့်ကိုကားအကြောင်းရှင်းပြပါလိမ့်မယ်။ကားကို စမ်းပြပါလိမ့်မယ်။ သင်စိတ်ကြိုက်စမ်းသပ်လို့ကြိုက်ပြီဆိုရင်တော့ ဈေးဆစ်လို့ရပါတယ်။ ဈေးမတည့် ကားမကြိုက်ဘူးဆိုရင်တော့ သင်ဟာ နောက်ကားတစ်စီးကို စိတ်ကြိုက်မဖြစ်မချင်း ဆက်လက်ရှာဖွေနိုင်ပါတယ်။



များသောအားဖြင့် ကားရောင်းသူများဟာ ပါကစ္စတန်တွေဖြစ်နေတတ်ပါတယ်။ အကယ်၍ ကားစိတ်ကြိုက်မတွေ့ပါကလည်း ဂျပန်နိုင်ငံမှ စက္ကန့်နှင့်အမျှတင်နေသောကားများထဲမှ သင့်စိတ်ကြိုက်ကားကို ဝန်ဆောင်ခယူ၍ လေလံဆွဲပေးသော လေလံရုံးငယ်လေးထဲသို့ဝင်၍ သင်ကိုယ်တိုင်လေလံဆွဲယူနိုင်ပါသေးတယ်။ လေလံဆွဲပြီးချိန်မှ မဲဆောက်သို့ သင့်ကားရောက်ရှိဖို့ အချိန်ကတော့ ကြာမြင့်ချိန် ၂ ပါတ်ပါ။

ကားစိတ်ကြိုက်ရပြီ ဈေးတည့်ပြီဆိုရင်တော့ သင်ဟာ ကားတန်ဖိုးအပြင် ကားကိုကမ်းကူးခ ၄၇၀၀ ဘတ်အပိုထပ်ဆောင်းပေးဆောင်ရပါမယ်။ တကယ်လို့ သင်ဟာကားဝယ်ချိန်နောက်ကျပြီး သင့်ကားမြဝတီဘက်ခြမ်းကူးဖို့မမှီတော့ဘူး သင်ကလည်းမစောင့်နိုင်ဘဲ ဒီနေ့ပဲချက်ချင်းကူးချင်တယ်ဆိုရင်တော့ ဒဏ်ကြေးအဖြစ် ၅၀၀ ဘတ်ထပ်မံပေးဆောင်ရပါမယ်။

ကားထဲက စပါယ်ယာဘီး ဂျိုက် tv စတာတွေလည်းစစ်ယူဖို့မမေ့ပါနဲ့။ သေချာမစစ်တဲ့သူတွေဆို သူတို့က ဖြုတ်ယူထားတတ်လို့ပါ။ အဲ့ဒီကိစ္စတွေပြီးရင်တော့ သင်ဟာ လှေခ ဘတ် ၂၀ ပေးပြီးမြဝတီဘက်ခြမ်းမှာပြန်လာနားလို့ရပါပြီ။
ညနေ ၄ နာရီထိုးပြီးဆိုတာနဲ့ မြန်မာနိုင်ငံတနံတလျားက ကားလာဝယ်သူတွေ သင့်လိုပဲဝယ်ယူထားတဲ့ တမျှော်တခေါ်ရှည်လျားတဲ့ကားတွေကို လှေနဲ့စတင် သယ်ယူပေးပါပြီ။



မဲဆောက်ဘက်ကမ်းမှာ ရပ်ထားတဲ့သင်တို့ကားတွေကို ဂိတ်ထဲက ကားမောင်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက သစ်သားတန်းတွေထိုးထားတဲ့လှေပေါ်ကို စနစ်တကျကွက်တိဖြစ်အောင် မောင်းတက်ကြမှာဖြစ်ပါတယ်။ နည်းနည်းမှ လွဲချော်လို့မရပါဘူး။ ။ နည်းနည်းကလေးလွဲလိုက်တာနဲ့ ကားဟာရေထဲကိုထိုးကျသွားမှာပါ။ဒါပေမယ့် အဲသည်လို တစ်ခုခုလွဲချော်မှုတွေကိုတော့ သင် လုံးဝ စိုးရိမ်ပူပန်နေစရာမလိုပါဘူး။



သူတို့ကားမောင်းဆင်းရင်းတိုက်မိတာပဲဖြစ်ဖြစ် ကားရေထဲကိုပြုတ်ကျသွားတာပဲဖြစ်ဖြစ် ဂိတ်က အစအဆုံး အားလုံးတာဝန်ယူလျော်ပေးပါတယ်။ လှေတစ်စီးကို ကား၃ စီးနှုန်းနဲ့ အခေါက်ခေါက်အခါခါသယ်ယူပေးပါတယ်။နေ့စဉ် တစ်ရက်ကို ပုံမှန်ကားကူးနှုန်းဟာ အစီးရေ ၂၀၀စီးမှ ၄၀၀ စီးထိ ပိတ်ရက်မရှိပုံမှန်ကူးနေပါတယ်။ သင့်ကား ဒီဘက်ကမ်းရောက်ပြီဆိုရင်တော့ သင်ဟာ သင့်နာမည်ပြောပြီးကားကိုအလွယ်တကူသွားယူမောင်းလာရုံပါပဲ။

သည်အဆင့်တွေအားလုံးကို သင်ဟာ တရားဝင်သကဲ့သို့ အဖမ်းအဆီးအတွက်ကြောက်ရွံ့မှုမရှိဘဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သင့်ကိုမြဝတီက ဘယ်ရဲ ဘယ်ဌာနကမှ ဖမ်းဆီးခြင်းပြုမှာမဟုတ်ပါဘူး။ ဂိတ်ထဲမှတဆင့် သင်တည်းခိုရာမြဝတီမြို့ထဲကိုရောက်ဖို့ဆိုရင်တော့ သင်ဟာ လမ်းမှာဂိတ်ကြေး ၅၀၀၀ + ၅၀၀၀ + ၃၀၀၀ ထပ်မံပေးဆောင်ရပါမယ်။

မြဝတီမြို့ထဲရောက်ရင်တော့ ကားကိုသင့်စိတ်ကြိုက်နံပါတ်ပြားတပ်ခြင်း စတစ်ကာတပ်ခြင်းများပြုလုပ်ဖို့ ဆိုင်တွေကတော့အများကြီးပါ။ သင့်စိတ်ကြိုက်ရွေးချယ်အပ်နှံနိုင်ပါတယ်။ သင်ဝယ်ယူထားတဲ့ ကားတွေကိုသင်နေထိုင်ရာမြို့သို့ အခက်အခဲမရှိသယ်ယူဖို့ဆိုရင်တော့ လမ်းကြောင်းက ၂ ခုရှိပါတယ်။

တစ်ခုက ကညန မှထုတ်ပေးသော မီးထိုးခံသောကားဝှီးတက် အသားတံဆိပ်ပါသောကားနံပါတ်ပြား မူလီကအစ အစစ်နှင့်ခွဲမရအောင် ချွတ်စွတ်တူသောအတုများကို မြန်မာငွေကျပ် ၆ သိန်းမှ ၁၀ သိန်းအကြားပေးလုပ်ပြီး သင့်ကားကို လိုင်စင်ကားသကဲ့သို့ သင်ကိုယ်တိုင် ခပ်တည်တည်မောင်းယူသွားခြင်းဖြစ်ပါတယ်။ သင်စိတ်မရဲ၍ မောင်းမယူချင်ပါကလည်း ရန်ကုန်အထိမောင်းကြေး ၂ သိန်းမှ ၄ သိန်းထိဈေးအစားစားဖြင့် လိုက်ပို့ပေးသောမောင်းသမားများကို အလွယ်တကူခေါ်ယူ၍ ရပါသေးသည်။



တချို့ ကားကိုအလုံးလိုက်ချိန်းချင်သောလိုင်စင်ကားပိုင်ရှင်များဟာလည်း သူတို့ရဲ့ လိုင်စင်ကားအစစ်မှ ဝှီးတက် နံပါတ်ပြားစတာတွေကိုယူဆောင်လာပြီး မြဝတီမှကားဝယ်ကာ ပုံမှားရိုက်မောင်းယူသွားတာမျိုးလည်းရှိတတ်ပါသေးတယ်။ နောက်တစ်ခုက သင်ကိုယ်တိုင်လိုင်စင်တွေကို အတုမလုပ်ဘဲ ကားပို့စားသူများကို သင့်ကားအပ်လိုက်ခြင်းပါပဲ။



အဲ့ဒီလို ကားအပ်လိုက်တာနဲ့ သူတို့က သင့်ကိုကားတန်ဖိုးအလိုက် ငွေပေါင်ပြန်ပေးပါလိမ့်မယ်။ သင်က ပို့ရမယ့်လိပ်စာအတိအကျသာပေးလိုက်ရုံပါပဲ။ ကား သင့်အိမ်ရှေ့ရောက်မှ သူတို့ပေးထားသောငွေပေါင်နှင့် ကားပို့ခကိုရှင်းပေးရုံပါပဲ။ ကဲ....သည်လိုနဲ့ သင်ဟာ အဖမ်းအဆီးမရှိ သင့်အိမ်ရှေ့အရောက်ရောက်လာမယ့် without ကားတစ်စီးကို ပိုင်ဆိုင်နိုင်ပါပြီ။

ဤကဲ့သိုသောနည်းဖြင့် မြဝတီမြို့မှ တစ်ရက်အနည်းဆုံး အစီးရေ ၂၀၀ တစ်လ အစီးရေ ၆၀၀၀ သောကားများဟာ မြန်မာနိုင်ငံတနံတလျားမှာပြန့်ကျဲရောက်ရှိနေတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပါပြီ။ မည်သည့်အရပ်ကိုရောက်၍ မည်သို့သောနည်းဖြင့် မည်သူတွေစီးနေသည်ဆိုတာကတော့...

(ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေခြင်းသာ ဖြစ်သည်)

11/08/2020

H P A - A N

Song Name - အလှကမ္ဘာမြေ
Vocalist - Ni Ni Khin Zaw + DJ Wine

ကိုယ့်ဌာနေဝန်းကျင်မှာကွယ်
တကယ်ပင်အလှရှိတယ် 😍

Credit : Dee Vlogs

၂၀၂၀ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် အာဇာနည်နေ့အား ​ပြန်လည်အောက်မေ့လွမ်းမောကာ ဤဆောင်းပါးဖြင့် ဂုဏ်ပ...
19/07/2020

၂၀၂၀ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် အာဇာနည်နေ့အား ​ပြန်လည်အောက်မေ့လွမ်းမောကာ ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။

ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် (၁ဝ)နာရီခွဲ။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။

၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတဗုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသား သုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်)လမ်း ရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ)လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။

လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြ လာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန် အောက်မေ့မိသည်။

ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သိုပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။

ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္ဈရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည်လေ။

လွတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည် ရုံးစေသုံးယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြော မနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။

‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာ ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည်၍ ‘အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။

ရုံးစေသည် ဘာမျှ မပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။

ဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမျှမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍ နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များ ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်။ ဆိတ်ငြိမ်၍ နေသည်ကို အံ့ဩလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ ‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။

‘လက်ဖက်ရည်ဆိုင် သွားရအောင်’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းဘေးပေါ်ရောက်မှ ကျွန်တော် မနေနိုင်၍ ‘ဘာဖြစ်လို့လဲ ဆရာ’ ဟု မေးမိသည်။

‘မင်း မကြားသေးဘူးလား’ ဟု ဇော်ဂျီက အံ့ဩနေသည်။

‘ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေးက ဆင်းပြီး ရုံးကို တန်းလာတာ’

ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့ အတွင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော မရောက်မီ တစ်နာရီကျော်ကျော်တွင်ခန့်က ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍ လာသည်။

အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ’

‘သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းထွားလျက် ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်း တရပ်ပဲ’ဟု တသသပြောသည်။

‘ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှ မပြောဘူး’

‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘ဘယ့်နဲ့လဲ’ ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

‘ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။

‘မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်’

ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့က ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘ဟုတ်ကဲ့’ ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီးနှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဆုတောင်း၍ နေကြသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။

သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက ‘အားကီး ရက်စက်တာပဲ’ဟု ကျွန်တော့်ဘက်သို့ လှည်၍ ရေရွတ်လျက် ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်လာသောအခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။

ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်းအမိန့် ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။

ဒဂုန်တာရာ၏ "ဦးအောင်ဆန်း၏နောက်ဆုံးနေ့" စာအုပ်ထဲမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။

အာဇာနည်နေ့သမိုင်းကြောင်းအနည်းငယ်အားအောက်ပါဓာတ်ပုံများတွင်ဖော်ပြထားပါသည်။


လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏သမိုင်းဝင် ရှားပါးဓာတ်ပုံ အကြည်များ ။  #ဗိုလ်ချုပ်အောင်ဆန်း
18/07/2020

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏
သမိုင်းဝင် ရှားပါးဓာတ်ပုံ အကြည်များ ။


#ဗိုလ်ချုပ်အောင်ဆန်း

ချင်းပြည်နယ်က မင်းတပ်မြို့ အလှ ❤
17/07/2020

ချင်းပြည်နယ်က မင်းတပ်မြို့ အလှ ❤

ကရင်ပြည်နယ် ဘားအံ ရောက်ရှိနေတဲ့ Sinon LorescaCredit: Sinon Loresca
16/07/2020

ကရင်ပြည်နယ် ဘားအံ ရောက်ရှိနေတဲ့ Sinon Loresca

Credit: Sinon Loresca

 #ပိုက်ဆံရှာရာတွင်ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။လူတစ်ယောက်ဟာ ...
16/07/2020

#ပိုက်ဆံရှာရာတွင်

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။
အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်
တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်
မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း
အားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်
ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

#ပိုက်ဆံသုံးရာတွင်

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလို
အပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံး
အဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်
ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများ
လုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူ
မချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့
iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား
ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့
အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

#ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်
ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး
သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး
စုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါ
ဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချ
ဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို
မြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရ
ပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ
ပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။

#စွန့်စားရာတွင်

ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။

မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း
မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့
ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ
ပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

#ရင်းနီးရာတွင်

ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲ
စုပြုံမထည့်ထားပါနဲ့။

အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ
အားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်း
ဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အား
လုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့
အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

# မျှော်လင့်ရာတွင်

ရိုးသားခြင်းဆိုတာ ၇ှားပါးစျေးကြီးတဲ့ လက်ဆောင်မွန်တစ်ခု
ပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။

သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှ
အသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်
ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး
မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်
လင့်မိပါစေနဲ့။

Credit မိုးရှင်း (I.M.T)

ပြန်လည်မျှဝေပေးပါသည်

Address


Website

Alerts

Be the first to know and let us send you an email when Thanlwin Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share