19/12/2022
တိုက်ပွဲသတင်းထုတ်ပြန်ချက်
(18.12.2022)ရက်နေ့ ကမ္ဘာဖလားဗိုလ်လုပွဲလာနေသော ည၉နာရီခွဲတွင်
မူးရူးသောက်စား
ဘောလုံးပွဲကြည်ပြီး
စကားများနေကြသောမြောင်မြို့ပေါ်မှ
စခများအခြေအနေကိုအခွင့်ကောင်းယူပြီး မြောင်မြို့ပေါ်ရှိ
ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ နှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသည်။
တိုက်ပွဲအတွင်း စခ(၃) ကောင် ဘဝကူးပြီး (၅)ကောင်ဒဏ်ရာရသည်ဟု အတွင်းသတင်းရသိရပါသည်။
ယင်းတိုက်ခိုက်မှုကို မိမိတို့မန္တလေးခရိုင်တပ်ရင်း(၅)
မြစ်ငယ်(MNPDF)နှင့်အတူ
ဇာမဏီပြောက်ကျားတပ်ဖွဲ့.၊
၊မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊
စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA၊
မြောင်မြို့နယ် ပ.က.ဖ၊
၊ မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊
တို့မှ
ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိူင်ခဲ့သည်။