Mr.Creative K

  • Home
  • Mr.Creative K

Mr.Creative K သံတောင် ကျိုရင် အရည် ပျော် နိုင်သေးတာပဲ
တဦးပေါ်တဦး စကား ဘာလို့  မချိုနိုင်ကြတာလဲ At least one,we can choose.

01/11/2024

မရှိလဲ ဖြစ်သွားတဲ့ အခြေအနေကို မရောက်စေနဲ့ ။

စိတ်ထဲ ပတ်သက်တာ ဘာမှ မရှိတော့တာ
စကားမပြောရလဲ ဘယ်လိုမှ မနေတော့တာ
မျက်နှာမြင်လဲ ဘာခံစားချက်မှ မရှိတော့တာမျိုးက
လမ်းလွှဲသွားတာမဟုတ်ဘူး ၊ ကံကုန်သွားတာပဲ ဖြစ်မယ် ။

ဒါကြောင့် မရှိလဲဖြစ်သွားတဲ့ အချိန် မရောက်စေနဲ့
ကိုယ့်လုပ်ရပ်တွေကြောင့် တစ်ဖက်လူက
ဝေးသွားတဲ့ အခါ ၊ အေးသွားတဲ့အခါမှ နောင်တမရမိစေနဲ့ ။

-crd

01/11/2024

တူရာလူဘဲပေါင်းလို့ရတယ်ဆိုတဲ့ စကားကို
တော်တော်ကြာတဲ့ အထိ လက်ကိုင်ထားခဲ့တာ။
နောက်ပိုင်းကျ စိတ်တူကိုယ်တူလို့ထင်တဲ့ လူတွေက တဖြေးဖြေး မတူလာတော့တာကိုသတိထားမိလာတော့
တော်တော်လေး အံ့ဩမိလာတယ်။
ဒီလိုဘဲ ဘယ်လိုမှ ပေါင်းလို့ရမှာမဟုတ်ဘူး လို့
ထင်ထားတဲ့ လူနဲ့ကျတော့
တော်တော် လေး အတွဲ ညီလာပြန်ရော။
ဒါပေမဲ့ ‌အဲ့ဒီပေါင်းသင်းဆက်ဆံရေးဟာလဲ
တချိန်ချိန်မှာ ဆက်လက်ပေါင်းသင်းမရတော့တဲ့အချိန်လဲ ရှိလာနိုင်တယ်။
အဲ့ဒါ ဘယ်သူမှားလဲလို့တွေးတော့ ဘယ်သူမှ မှားမနေဘူး။
အမြဲတမ်း ထာဝရအတွက်လို့တွေးမိတဲ့
ကျနော်တို့ အတွေးတွေကဘဲ မှားနေကြတာ။
ချစ်သူဘဲ ဖြစ်ဖြစ်သူငယ်ချင်းဘဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ဘဲ ဖြစ်ဖြစ်
တချိန်ချိန်မှာ ထပ်တူမကျလာတဲ့အခါ
ပေါင်းသင်းမရတော့တာဟာ သဘာဝပါဘဲလို့
စိတ်ထဲမှတ်ထားလိုက်ရင်
အရာရာက အဆင်ပြေသွားမယ်ဆိုတာသိသွားရင်
လက်လွတ် တတ်သွားမှာပါ။

01/11/2024

ငါက လူတစ်မျိုးနော်။
ငါ့ရင်ဘတ်ထဲမှာ လူတစ်ယောက်ရှိနေသ၍
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဘဝထဲကိုမခါ်ချင်ဘူး။
ဘယ်တစ်ဦးတစ်ယောက်ရဲ့ ဘဝထဲလဲ မသွားချင်ဘူး။

ဘာလို့လဲဆိုတော့ ငါကတစ်ဖက်လူကို မေတ္တာအတုအယောင်တွေမပေးချင်ဘူး
တကယ်မချစ်ပဲလဲ ငါ့ဘဝထဲကို မခေါ်ချင်ဘူး။
ဒါကြောင့် ငါတစ်ယောက်ထဲနေသွားရမယ်ဆိုလဲ ဖြစ်ပါတယ်။

31/10/2024

အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင်
လင်က ဘာပဲဖြစ်နေဖြစ်နေ
နူနူဝဲဝဲ မယားကောင်းပီသစွာ ပေါင်းဖက်ရတယ်.
ကြင်နာရမယ်။ မိန်းမ အမှု ပြုပေးရမယ်။

ချစ်လို့ ကြိုက်လို့ ယူထားပြီးကာမှ
မလိုချင် ပြန်အမ်းမရဘူး..
သူလည်း လူပျိုပြန်မဖြစ်သလို
ကိုယ်လည်း အပျိုပြန်မဖြစ်ဘူး..

ကြည်ဖြူလို့ ယူထားပြီးရင် ဘယ်မိဘ
ဘယ်အသိုင်းအဝိုင်း ဘယ်သူငယ်ချင်းက
သွေးထိုး သွေးထိုး နားမယောင်ရဘူး...
ကိုယ်ယူတဲ့လင် ကိုယ့်တောင်းကျွေးလည်း
လက်ခံရမှာပဲ..

အိမ်ထောင်ရေးကို.စမယ်မကြံသေးဘူး
ယောက်ျားတစ်ယောက်ရဲ့ အစွမ်းအစကို
အထင်သေးလို့မရဘူး..

မြန်မာမိန်းခလေး အမျိုးဘာသာချစ်ပြရုံနဲ့လည်း
မိန်းမ မပီသသေးဘူး..မိသားတစ်စုရဲ့ သမီးကောင်း
လင်ယောက်ျားအတွက် ဇနီးကောင်း အိမ်အတွက်
အမေကောင်း/အိမ်ထောင်ရှင်မကောင်း တစ်ယောက်
ဖြစ်နေရမယ်/ုကြိုးစားရမယ်။

လူ....ဆိုတာ..
အပြန်အလှန် လေးစားအထင်ကြီးတတ်မှ
အပြန်အလှန် နားလည်မှုရှိမှ အဆင်ပြေပြေပေါင်းသင်းလို့ရတာ..

နားလည်မှုမရှိတဲ့ တံခါးကို ဆက်ခေါက်နေရင်
လက်ပေါက်ရုံပဲ ရှိမယ်..

မိန်းမဆိုတာ မယားတစ်ယောက် ဖြစ်လာတာနဲ့
သမီးရည်းစားတုန်းကလို စိတ်ဆိုးစိတ်ကောက်
လုပ်နေလို့မရတော့ဘူး...game ဆော့ ကလေးလုပ်နေလို့မရဘူး..facebook တစ်နေကုန်သုံးနေလို့မရဘူး..

ဟိုတုန်းက ကောင်မလေးတစ်ယောက်ဟုတ်ချင်ဟုတ်မယ်
အိမ်ထောင်ရှင် ဖြစ်လာရင် အမျိုးသမီးတစ်ယောက်လို
ရင့်ကျက်တည်ငြိမ်ရမယ်..အိမ်မှုကိစ္စ၊လင်မှုကိစ္စ ၊ နှစ်ဖက်မိသားစုအရေး မျှတအောင် စီမံရမယ်။စုဆောင်းရမယ်။ ပစ္စည်းဥစ္စာဖြို စဖိုက ဆိုတာ အလကားမဟုတ်ဘူး။ယောက်ျားရှာသမျှကို မျှသအောင် ထိန်းရမယ် ။
အခု သုံး၊လှူ၊စု၊ပေး ဤလေးခုကို မျှရမယ်။

အိမ်ရှင်မဆိုတာ အိမ်ကိုရှင်အောင်မ နေရသူပါ.
လင်သားမျက်နှာကို မကြည့်ပဲ
လင်သားကို.စိတ်ဆင်းရဲအောင် လုပ်နေပြီဆိုတည်းက
မိန်းမကောင်းလို့ ဆိုမရပြန်ဘူး..
အိမ်တစ်အိမ်ရဲ့ အသွင်အပြင် ဘုရားစင်နဲ့
ရေအိမ်ကိုကြည့်တာနဲ့ အဲ့ဒီလင်မယား ရဲ့ အကျင့် စရိုက် လက္ခဏာ
ကိုမြင်လို့ရပြီ။

အထက်မှာပြောခဲ့တယ်နော်..
အပြန်အလှန် နားလည်မှု အထင်ကြီးလေးစားမှု

အိမ်ထောင်ပြုတာ လွယ်တယ်..
အဲ့ဒီ အိမ်ထောင်ရေးကို.ရေရှည်တည်တံ့အောင်
ထိန်းသိမ်းနိုင်ဖို့ကျ ခက်ခဲတယ်..

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊
အထင်ကြီး လေးစားမှူ၊ ကြင်နာဖေးမမှု..
ရှင်းရှင်းပြောရရင် သူ့မိဘဆီက ကိုယ်က လက်ခံပြောင်းယူတာပဲ..

သူ့အမေလို သူ့ကို ဂရုစိုက်ဖို့ ပြုစုယုယဖို့
သူ့အဖေလို ကာကွယ်ပေးဖို့ ဖေးမစောင့်ရှောက်ဖို့
အဓိက အဲ့ဒါပဲ..

တပ်မက်စိတ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုရင်.
အောက်ခြေမခိုင်တဲ့ ပရောဂျက်တစ်ခုလိုပဲ
ခဏလေးနဲ့ ပျက်စီးမှာပဲ...

သဝန်တိုတာ ချစ်လို့ မှန်တယ်..
သဝန်တိုတဲ့ အခြေခံအကြောင်းရင်းကိုလည်း
စီစစ်ရသေးတယ်။..

အမျိုးဘာသာချစ်ရုံနဲ့လည်း မိန်းမကောင်းမဟုတ်သေးဘူး..
မိန်းမတစ်ယောက် မိခင်နေရာရောက်လာပြီဆို
ပိုဆိုးတယ်..

ကိုယ်တိုင်တောင် ဒီဖောင်ဒေးရှင်းတစ်ခုကိုခိုင်မာအောင်
မတည်ဆောက်နိုင်တာ..မလုပ်နိုင်တာ..
ကိုယ့်သားသမီးကို ဘယ်လို ပြုစုပျိုးထောင်မလဲ..

ခလေးတွေရဲ့ ဦးနှောက်သေးသေးလေးထဲကို
ဘာတွေရိုက်ထည့်ပေးမလဲ..

ကိုယ့်ကို အသက်ထက်တမျှ ချစ်မြတ်နိုးတဲ့ မိန်းမ/ယောက်ျားဆိုတာ ဒီခေတ်မှာရှားတယ်။..

ယောက်ျားပေါတယ် လင်ကောင်းရှားတယ်။
မိန်းမပေါတယ်..မယားကောင်းရှားတယ်။

ယောက်ျားဖြစ်သူကလည်း ကိုယ်ယူထားတဲ့မိန်းမကို
အထင်သေးစရာလည်း မလိုဘူး
မိန်းမကလည်း ကိုယ်ယူထားတဲ့ ယောက်ျားတစ်ယောက် သူ့အလုပ်က ဖိနပ်စုတ်ချုပ်
ကူလီလုပ်စေဦး မထီမဲ့မြင်ပြုစရာမလိုဘူး..

လင်နဲ့မယားဆိုတာ..
ယောက်ျားယူတယ်ဆိုတာ သူ့သားကို
သူ့အမေကိုယ်စား ကိုယ်က မိခင်လိုကြည့်ရှုဂရုစိုက်ပေးခြင်းပဲ..

မိန်းမယူတယ်ဆိုတာလည်း သူ့မိဘတွေရဲ့နေရာကို
ကိုယ်ကတာဝန်ယူ
လက်လွဲပြောင်းခြင်းသဘောတရားပဲ.

အဲ့လို မှမသိပဲ တပ်မက်စိတ်တစ်ခုတည်းနဲ့ဆို
သေချာတယ်..

စိတ်ချမ်းမြေ့စရာအိမ်ထောင်ရေးဖြစ်လာမှာမဟုတ်ဘူး
အငြီအဟောက်ဆိုတာ ကြာရင် ငြီးငွေ့လွယ်တယ်။

ဒါဆို ဘယ်လိုချစ်ကြမလဲ..
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
ကိုင်းကိုကျွန်းမှီ ကျွန်းကိုကိုင်းမှီနေကြရမယ်.

အပြန်အလှန်နားလည်မှုရှိရမယ်..
ကြင်နာရမယ်..စာနာတတ်ရမယ်။
စိတ်တူကိုယ်တူ နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင်နေရမယ်.

မသိတာကို သိအောင် နားမလည်တာကို.နားလည်အောင်
သင်ယူစေရမယ်..
သူစိမ်းနှစ်ယောက် တစ်အိပ်ယာတည်း အတူနေ
စိတ်တူကိုယ်တူ ဖြစ်ဖို့ဆိုတာကလည်း
ငြိယူရတော့မှာလေ..

သေချာတာတစ်ခုကတော့.
အိမ်ထောင်ပြုတယ်ဆိုတာ လိင်ကိစ္စတစ်ခုတည်းအတွက်
ပြုတာမဟုတ်ဘူး .
အထက်မှာရေးခဲ့သလိုပဲ သူ့မိဘကိုယ်စား တာဝန်လွဲပြောင်းယူတဲ့
သဘောတရားတစ်ခုပဲ..
မတူညီတဲ့ဘဝနှစ်ခုနဲ့ ဘဝတစ်ခု မိသားတစ်စု
တည်ထောင်ခြင်းပါပဲ။

♥♥♥

မယားကျင့်ဝတ်တရား၅ပါး.
♥♥♥♥♥

အိမ်တွင်းမှုလုပ် ၊ သိမ်းထုတ်သေချာ
မိစ္ဆာကျဉ်ရှောင် ၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ ဝတ်ငါးဆူ..
အိမ်သူ ကျင့်အပ်ရာ...

မေ့နေလို့မှားရင်လည်း ပြင်ဆင်ဖတ်ရှုပေးပါ
***********************

လင်ဝတ်တရား၅ပါး
♥♥♥♥♥

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၊ဝတ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာတဲ့..

**********************
မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ခင်ဗျာ ။
Crd_op

ဘဝမှာ ငွေကိုရေလိုသုံးနိုင်တဲ့အချိန်လဲရှိခဲ့သလိုဗိုက်ဆာနေချိန် မုန့်လေးတစ်ခုတောင် ဝယ်မစားနိုင်အောင် အဆင်မပြေခဲ့တဲ့အချိန်တ...
31/10/2024

ဘဝမှာ ငွေကိုရေလိုသုံးနိုင်တဲ့အချိန်လဲရှိခဲ့သလို
ဗိုက်ဆာနေချိန် မုန့်လေးတစ်ခုတောင်
ဝယ်မစားနိုင်အောင် အဆင်မပြေခဲ့တဲ့အချိန်တွေရှိခဲ့ဖူးတယ်။

ဘာတွေ သင်ခန်းစာရလိုက်လဲဆိုတော့
ငွေဟာ စကားသိပ်ပြောလွန်းတဲ့ သက်မဲ့ဆိုတာရယ်
တချို့ လူတွေဟာ ငွေမျက်နှာမြင်ရင် ပြောင်းလဲတတ်တယ်ဆိုတာရယ်
ဘယ်သူတွေက ကိုယ့်အပေါ် စိတ်ရင်းအမှန်ရှိသလဲဆိုတာရယ်ပဲ။

ငွေဟာ အရာရာကို ဖန်တီးနိုင်စွမ်းမရှိပေမဲ့
အများဆုံးသော ကိစ္စတွေမှာ ငွေဟာ မရှိမဖြစ်လိုအပ်နေတာမျိုးပဲ။
𝗔𝐥𝐢𝐲𝐚𝐬

31/10/2024

စကားတွေဟာ မတော်တဆ ပြောမိလိုက်တာမျိုး
မရှိဘူး …
သူ့စိတ်ထဲမှာ အမြဲရှိနေတဲ့ အစိုင်ခဲတစ်ခုကို
ပြဿနာနဲ့ရောပြီး ဖွင့်ချမိလိုက်တာပဲ ရှိတယ် ။

ဒါကို မတော်တဆ ပြောမိတာပါလို့ တောင်းပန်လည်း
ကြားလိုက်ရတဲ့သူဘက်ကတော့ စိတ်ထိခိုက်သွားရမှာ
အမှန်ပဲ ။

သူက ငါ့ကို အမြဲ အဲ့ဒီလို ထင်နေခဲ့တာလား
အမြဲတမ်း အဲ့ဒီ့စိတ်နဲ့ ငါ့ကို ပတ်သက်နေခဲ့တာပေါ့
ဆိုတဲ့ အသိက ဖျောက်မရတော့ဘူး ။

စကားတွေဟာ မတော်တဆ မဟုတ်ဘူး … ဆိုတဲ့
အဓိပ္ပာယ်ကို ပိုသိလာလေ ပိုနာကျင်ရလေပဲ ။

ဘယ်လောက်ချစ်ချစ် / ခင်ခင်
စကားတစ်ခွန်းကြောင့် ကမ္ဘာတွေခြားအောင်
ဝေးသွားကြရတယ်ဆိုတာ တကယ်ရှိတယ် …. ။
Crd

29/08/2024

တခြားလူရဲ့ပါးစပ်မှာ
သင်ပုံစံဘယ်နှမျိုးရှိမှန်း သင်မသိသလို
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့
သင့်ကို ဘယ်လိုအပုပ်ချခဲ့မှန်းလည်း
သင်သိမှာ မဟုတ်ပါဘူး။

ဒါတွေကို လိုက်ရှင်းပြစရာမလိုပါဘူး။
သင့်ကိုနားလည်တဲ့သူက
သင့်ကိုအမြဲယုံကြည်နေလို့ပါ။

အရမ်းကြိုက်မိတဲ့စကားတစ်ခွန်းက
"သင်သာ မျက်စိမကန်းရင်
တခြားလူရဲ့ပါးစပ်ကနေ ကိုယ့်ကိုမသိချင်ပါနဲ့" တဲ့။
crd

29/08/2024

လိုင်းပေါ်မှာ သူတော်ကောင်းတွေ များလွန်းတယ်၊ နည်းနည်း လျှော့ကြပါအုံး။

တကယ်အပြင်မှာ ကောင်းတာလဲ မဟုတ်ပဲနဲ့။
crd

29/08/2024

နောက်ကွယ်က ပြောတဲ့စကားတွေကို ဂရုလည်း မစိုက်ဘူး...ပြန်လည်း ရှင်းပြနေမှာမဟုတ်ဘူး...
ဘာလို့ဆို ကိုယ့်နောက်ကွယ်မှာပြောတယ်ဆိုကတည်းက ကိုယ့်နောက်မှာပဲ ရှိနေမယ့်အဆင့်အတန်းတွေမို့လို့ပဲ...
မဟုတ်ရင် ကိုယ့်ကို တည့်တည့်ကြည့်ပြီး တည့်တည့်လာပြောရဲမှာပေါ့...
ဘဝမှာ ကိုယ်မရခဲ့တာတွေ သူများရနေတော့ တော်တော်လော||င်ကြတာပဲနော်...
(ချစ်ခင်ဂရုစိုက်ယုံကြည်ပေးတဲ့သူတွေအများကြီးကိုတော့ အရမ်း ကျေးဇူးတင်)

-crd

''နှုတ်ဆိတ်နေခြင်းသည်  Relationship နှင့် အိမ်ထောင်ရေးကို ပျက်စီးစေနိုင်ပါသည်။'' ◾သင့်လက်တွဲဖော်က မူမမှန်တာ လုပ်တဲ့အခါ ထ...
29/08/2024

''နှုတ်ဆိတ်နေခြင်းသည် Relationship နှင့် အိမ်ထောင်ရေးကို ပျက်စီးစေနိုင်ပါသည်။''

◾သင့်လက်တွဲဖော်က မူမမှန်တာ လုပ်တဲ့အခါ ထုတ်ဖော်ပြောဆိုတတ်ဖို့ သင်ယူပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက အမှားတွေလုပ်မိတဲ့အတွက် ပြုပြင်ဖို့ မေတ္တာတရားလိုတယ်။

◾သင့်လက်တွဲဖော်အမှားလုပ်မိတဲ့အခါ အမှားတွေကိုထောက်ပြဖို့မကြောက်ပါနဲ့ နူတ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်က အဝတ်စား ဘယ်လိုဝတ်ရမှန်းမသိရင် ဘယ်လိုဝတ်ရမလဲဆိုတာပြောပြပါ။

◾ မင်းရဲ့လက်တွဲဖော်က သူများမကောင်းအကြောင်းပဲ ပြောလွန်းရင် ပြုပြင်ဖို့ နူတ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်က မင်းကိုလိမ်တာ ဒါမှမဟုတ် လှည့်စားခဲ့တယ်ဆိုရင် ထုတ်ပြောပါ၊ နူတ်တိတ်မနေပါနဲ့. တိတ်တိတ်လေးမသေပါနဲ့။

◾မင်းရဲ့လက်တွဲဖော်ရဲ့စိတ်နေ သဘောထားကို မကြိုက်ရင် ထုတ်ပြောပါ။ နူဆ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်သည် မကောင်းသောသူငယ်ချင်းများနှင့် ပေါင်းသင်းတယ်ဆိုရင် ထုတ်ပြောပါ၊ နူတ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်သည် သင့်အပေါ် အခွင့်ကောင်းယူလွန်းပါက ထုတ်ပြောပါ။
နူတ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်သည် သူ/သူမ၏ကတိကို မလိုက်နာပါက ထုတ်ပြောပါ။ နူတ်ဆိတ်မနေပါနဲ့။

◾ မင်းရဲ့လက်တွဲဖော်မှာ သင်သည်းမခံနိုင်တဲ့ အားနည်းချက်ရှိနေရင် ထုတ်ပြောပါ။

◾ မင်းရဲ့လက်တွဲဖော်သည် တွန့်တိုတတ်သူ သို့မဟုတ် သူ့အိမ်ထက် အပြင်လူများကို ပိုဂရုစိုက်သောသူဖြစ်ပါက ထုတ်ပြောပါ။

◾ သင့်လက်တွဲဖော်သည် စိတ်ကောက်တတ်သူဖြစ်ပါက ထုတ်ပြောပါ။

◾ သင့်လက်တွဲဖော်သည် အမှားတစ်ခုခုလုပ်မိပါက၊ ထုတ်ပြောပါ၊ သင့်လက်တွဲဖော်ရဲ့ အမှားတွေကို ထောက်ပြဖို့ မကြောက်ပါနဲ့ ဆွေးနွေးရန် သင်ယူပါ၊ သင့်လက်တွဲရဲ့အားနည်းချက် နဲ့ အမှားတွေကို ထောက်ပြခြင်းဖြင့် သင့်အိမ်ထောင်ရေးမှာ မလိုလားအပ်တဲ့ ပြဿနာများစွာ နှင့် နားလည်မှုလွဲမှားခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

.


"ပိုက်ဆံဆိုတဲ့အမျိုးက ဦးနှောက်နဲ့သုံးတတ်မှကုန်ရကျိုးနပ်တာ"ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်ကိုထည့်မသုံးတတ်ရင် မကုန်သင့်တဲ...
17/02/2024

"ပိုက်ဆံဆိုတဲ့အမျိုးက
ဦးနှောက်နဲ့သုံးတတ်မှကုန်ရကျိုးနပ်တာ

"ပိုက်ဆံသုံးတဲ့နေရာမှာ
ဦးနှောက်ကိုထည့်မသုံးတတ်ရင်
မကုန်သင့်တဲ့အရာတွေနဲ့ကုန်ပြီး
ဘ၀ရှေ့ရေးအတွက်စိုးရိမ်ရတယ်...

"ဒီခေတ်ဒီခါမှာအားကျစရာတွေ
များတဲ့အတွက် အားကျပြီးရလာတဲ့
အရာတွေထဲမှာ တကယ်မလိုအပ်တဲ့
အရာတွေကလဲများတယ်...

"သူများကိုအားကျတော့မယ်ဆိုရင်
ကိုယ့်အခြေနေကိုယ်မြင်အောင်
ကြည့်တတ်ဖို့လိုတယ်...

"ဒီလိုမှမကြည့်တတ်ရင်
ကိုယ့်ရဲ့ပိုက်ဆံအိပ်မှာတချိန်က
ရှိဖူးတယ်ဆိုတဲ့အတိတ်ပဲကျန်မယ် ...

//MT. Story
Credit

ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်။▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪၁။ မကြောက်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်တ...
27/11/2023

ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

၁။ မကြောက်နဲ့

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကိုမဆို ဖယ်ရှားပစ်လိုက်ပါ။

၂။ ခက်ခဲမယ်

ဝန်ထမ်းဘဝက အေးအေးဆေးဆေးလေး ဖြတ်ကျော်လို့ရပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုရင်တော့ အခက်အခဲတွေများစွာကို ကျော်လွှားနိုင်မယ့် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ အဲလို သတ္တိမရှိသေးဘူးဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ နေပါအုံး။

၃။ ယုံကြည်မှု

ဝန်ထမ်းလုပ်နေတာ အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် ပိုပြီး ဝါသနာပါတယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အောင်မြင်အောင် လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှု ရှိရပါလိမ့်မယ်။ အဲဒီလို သေချာတဲ့ ယုံကြည်မှု မရှိသေးရင်တော့ ဝန်ထမ်းဘဝကို စွန့်လွတ်ပြီး ကိုယ်ပိုင်စီးပွားရေး မလုပ်ပါနဲ့အုံး။

၄။ ဘယ်လို ကိုယ်ပိုင် အလုပ်မျိုးလဲ

ကိုယ်ပိုင်စီးပွားရေး ပြောင်းတော့မယ်ဆိုရင် တိတိကျကျ ခိုင်ခိုင်မာမာ လုပ်ရမယ့် အလုပ်တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဒီလို မဟုတ်ဘဲ စိတ်ကူးယဉ်ဆန်ပြီး အစီအစဉ်မရှိတဲ့ အလုပ်တွေကို ကိုယ်ပိုင်စီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့တော့ မသင့်တော်ပါ။

၅။ ကိုယ်ကျွမ်းကျင်မှ လုပ်တာကောင်းတယ်
ရေရှည်လုပ်ဖို့ဆိုတာ
ကိုယ်ထူထောင်လုပ်တဲ့ စီးပွားရေးတစ်ခုကို မိမိကိုယ်တိုင်ကျွမ်းကျင်မှ လုပ်တာကောင်းပါတယ်။ မိမိ မကျွမ်းကျင်တဲ့အလုပ်ကို တကယ်တော့ မလွယ်ကူးပါဘူး။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးဟာ မိမိကျွမ်းကျင်ပြီး တကယ်လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါစေ။

၆။ သူများလုပ်တဲ့အရာကို ကော်ပီကူးဖို့မလို

ခုခေတ်မှာ သူများက အွန်လိုင်းရှော့ပင်လုပ်လို့ အောင်မြင်တာကို မြင်ပြီး ကိုယ်လည်း အွန်လိုင်းရှော့ပင်း လိုက်လုပ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ တကယ့်အမှန်တော့ ကောင်းတာကိုယ်တကယ်ဝါသနာလည်းပါပြီးမဟုတ်ပါဘူး။ ဒါကြောင့် သူများလုပ်လို့ အောင်မြင်တဲ့လုပ်ငန်းကို ကော်ပီကူးပြီး လိုက်လုပ်တာထက်စာရင် လုပ်ရမှာကို ကြိုက်နှစ်သက်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။

နေရာလေးတခုရှိတယ် ကိုယ်ပိုင်လုပ်ငန်း လေးစလုပ်ချင်တယ်ဆိုရင်တော့ ပီတိချမ်းသာ ကို သတိရလိုက်ပါနော်။

ဟုတ်ကဲ့ခင်ဗျ။ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်
ဒီအချက်လေးတွေက အဓိကထည့်သွင်းစဉ်းစားရမယ့်
အကြောင်းအရာလေးတွေပါ။

ဒီစာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်ဆို
Like & Share လုပ်သွားပေးပါခင်ဗျ။

အားလုံးကိုလေးစားစွာဖြင့်...crd

18/11/2023

အောင်မြင်တဲ့ လုပ်ငန်းရှင်အများစုဟာ
ပိုက်ဆံအရင်ရှိတာ မဟုတ်ပါဘူး
လေကြီးမိုးကြီးတေ အရင်ပြောတာပါ

ပြီးမှ ကို့လေနဲ့ကိုယ် $ ရှက်ကွဲမှာကြောက်ပီး
အလုပ်တွေ မနားမနေ လုပ်ရင်း
အောင်မြင်ကြတာပါ

သင်အောင်မြင်ချင်လျှင် လူတွေကို
$ကြီး $ ကျယ်တွေ အရင်ပြောပါ 🌚
crd

18/11/2023

လူဟာ sensitive သိပ်ဖြစ်လွန်းရင် မကောင်းဘူး။ too sensitive လို့ခေါ်တယ်။
ပိုဆိုးတာက insensitive ဖြစ်တာပဲ။
အများသူငါ ဒုက္ခရောက်နေချိန် ခက်ခဲနေချိန်မှာ ဘာမှမဖြစ်သလိုခံစားနိုင်သူဟာ insensitive ဖြစ်သူ။ သူများအပူဟာ သူနဲ့ဘာမှမဆိုင်သည့်ပမာ ပုံမှန် သွားလာမြဲ၊ ပျော်ပါး စားသောက်မြဲ။

insensitive ရဲ့ အဓိပ္ပာယ်က ကိုယ်ချင်းမစာသော။ စာနာစိတ်ကင်းမဲ့သော။

insensitive remark ကိုယ်ချင်းမစာတဲ့စကား

insensitive behaviour/manner ငတေမာရင်ပြီးရောဆိုတဲ့ အပြုအမူ

insensitive person စာနာစိတ်ကင်းသူ

​sensitive ဖြစ်ကြသူများအတွက်ကတော့ လက်သည်းဆိတ် လက်ထိပ်နာသတဲ့။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာတဲ့။

insensitive ဖြစ်သူအချို့ကတော့ Nero fiddled while Rome burned. ဆိုသလို ရောမမြို့ကြီး လောင်မီးကျနေသော်လည်း နီရိုမင်းကြီး တယောထိုးမပျက်ဘူးပေါ့။ မြင်နေ ကြားနေရတာတွေ.........

I keep seeing poeple who are completely insensitive to the pains and feelings of the others.

CreditToTheOwner

10/11/2023

အကယ်၍ သင်သာအချစ်စစ်ကို
ရှာမတွေ့ရင် အလုပ်ကြိုးစားပါ
ပိုက်ဆံရှာပါ ပြီးတော့
တစ်ယောက်ထဲ ဘ၀ကိုအေးချမ်းစွာ
ဖြတ်သန်းပါ တစ်ယောက်ထဲနေတာက
ဘယ်သူမှမသေပါဘူး
ဒါပေမဲ့ မှားယွင်းတဲ့ ဘ၀လက်တွဲဖော်နဲ့
အတူရှိနေတာကြောင့် အများအပြား
ဘ၀သေဆုံးရတယ်
မကောင်းတဲ့ ဘ၀လက်တွဲဖော်နဲ့
အချိန်ဖြုန်းဖို့ ဘ၀ဟာတိုတောင်းလွန်းတယ်

 #ဘုရင်၏နောင်တ++++++++++++++++++တစ်ခါကဘုရင်တစ်ပါးရှိခဲ့တယ်။ သူ့မှာအမဲလိုက်ခွေးဆယ်ကောင်မွေးထားတယ်။ သူဝန်ကြီးတွေထဲကတစ်ယောက...
09/11/2023

#ဘုရင်၏နောင်တ
++++++++++++++++++
တစ်ခါကဘုရင်တစ်ပါးရှိခဲ့တယ်။ သူ့မှာအမဲလိုက်ခွေးဆယ်ကောင်မွေးထားတယ်။ သူဝန်ကြီးတွေထဲကတစ်ယောက်ယောက်အမှားလုပ်ပြီဆို အဲ့ဒီခွေးတွေရှေ့မှာပစ်ချခိုင်းလေ့ရှိတယ်။ခွေးတွေကအဲ့ဒီဝန်ကြီးကိုအရိုးအသားတစ်ခြားဆီဖြစ်အောင်လုပ်ပစ်လိုက်တယ်။

တစ်နေ့ ဘုရင့်ရဲ့အထူးအရေးပါတဲ့ဝန်ကြီး တစ်ဦးက ဘုရင်ကိုမှားယွင်းစွာအကြံပေးမိတယ်။ ဒီအကြံကိုဘုရင်ကမနှစ်မျို့ခဲ့ဘူး။.ဒါနဲ့အဲ့ဒီဝန်ကြီးကိုလည်း ခွေးတွေရှေ့မှာပစ်ချဖို့အမိန့်ချလိုက်တယ်။ ဝန်ကြီးကဘုရင်ဆီမှာတောင်းဆိုမှုတစ်ခုပြုတယ်။

ဘုရင်ကြီးခင်ဗျားကျွန်တော်ဘုရင်ကြီးဆီမှာနေ့မှန်းမသိညမှန်းမသိအလုပ်အကြွေးပြုစုခဲ့တယ်။.ခုဘုရင်ကြီးကတော့ကျွန်တော့အမှားတစ်ခုလေးအပေါ်မှာဒီလောက်ကြီးမားတဲ့ပစ်ဒဏ်ကိုပေးနေတယ်။ ဘုရင့်အမိန့်အတိုင်းနာခံဖို့အသင့်ပါပဲ။ ဒါပေမယ့်ကျွန်တော်အနွံတာခံအလုပ်အကျွေးပြုစုခဲ့တာလေးကိုထောက်ထားပြိးဆယ်ရက်လောက်ကျွန်တော့်ကိုအခွင့်အရေးပေးပါ။.ပြီးရင်မုချကျွန်တော့်ကိုခွေးတွေရှေ့မှာပစ်ချလိုက်ပါ"

ဒါနဲ့ဘုရင်ကလည်း ဆယ်ရက်အခွင့်အရေးပေးလိုက်တယ။ဝန်ကြီးလည်း ဘုရင့်ဆီကနေ တန်းတန်းမတ်မတ်ခွေးတွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့သူဆီကိုထွက်လာတယ်။.ပြီးတော့ခွေးထိန်းကိုပြောတယ်။

"ငါဒီခွေးတွေနဲ့ဆယ်ရက်လောက်အတူနေချင်တယ်.သူတို့ရဲ့ဝေယျာဝစ္စအားလုံးလည်းတာဝန်ယူမယ်"

ခွေးထိန်းကဝန်ကြီးစကားကြားတော့အံသြမှင်သက်သွားတယ်။ ဒါပေမယ့်ခွင့်ပြုပေးလိုက်တယ်။ အဲ့ဒီဆယ်ရက်အတွင်း ဝန်ကြီးက ခွေးတွေရဲ့စားသောက်ဖို့အိပ်ဖို့ရေချိုးပေးဖို့ကအစအလုပ်အားလုံးကိုသေချာတာဝန်ယူလုပ်ကိုင်တယ်။ ဆယ်ရက်ပြည့်တော့ဘုရင်ကသူ့အခိုင်းအစေတွေဝန်ကြီးကိုခွေးတွေရှေ့မှာပစ်ချဖို့အမိန့်ပေးတယ်။ဒါပေမယ့်အဲ့ဒီမှာရပ်ကြည့်နေတဲ့သူတွေအားလုံးမြင်ကွင်းကိုကြည့်ပြီးအံ့အားသင့်သွားကြတယ်။

ဘာလို့လည်းဆိုတော့ဒီ‌‌ေန့ဒီအချိန်ထိဒီခွေးတွေရှေ့မှာမရေမတွက်နိုင်အောင်ဝန်ကြီးတွေအသက်ပေးသွားခဲ့ပြီးပြီ။ ဝန်ကြီးတိုင်းကိုအဲ့ဒီခွေးတွေက အပိုင်းပိုင်းအစစလုပ်ပစ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီခွေးတွေပဲ ဒီနေ့ဒီဝန်ကြီးရဲ့ခြေထောက်တွေကိုယက်ပေးနေကြတယ်။ ဘုရင်ကလည်း ဒါကိုမြင်တော့အံသြပြီးမေးတယ်။

" ခွေးတွေဒီတစ်ခါဘယ်လိုဖြစ်သွားကြရတာလဲ?"ဆိုတော့မှဝန်ကြီးကပြန်ဖြေတယ်။

"ဘုရင်ကြီးကျန်းမာပါစေ။ ကျွန်တော်ဘုရင်ကြီးကိုဒီမြင်ကွင်းကိုပဲပြချင်နေတာပါ။ ကျွန်တော်ဆယ်ရက်ပဲဒီခွေးတွေကိုပြုစုခဲ့တယ်။ ဒါပေမယ့်ဒီခွေးတွေက ဒီနေ့ကျွန်တော်ပြုစုစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေကိုမေ့မသွားခဲ့ဘူး။ ကျွန်တော်ဟာ ဘုရင်ကြီးဆီမှာနေ့ရောညပါဆယ်နှစ်ထိပြုစုစောင့်ရှောက်ခဲ့တယ။ဒါပေမယ့်လည်းဘုရင်ကြီးက ကျွန်တော့်ရဲ့အမှားတစ်ခုအတွက် ကျွန်တော့်ရဲ့နှစ်ပေါင်းများစွာပြုစုခဲ့တာတွေကို ကျောခိုင်းပစ်လိုက်တယ်."

ဘုရင်ကသူ့ရဲ့အမှားအပေါ်မှာပြင်းပြင်းထန်ထန်ခံစားမိသွားတယ်😔😔😔။

ဝန်ကြီးကို အဲ့ဒီနေရာကနေ ထသွားခိုင်းပြီး မိကျောင်းကန်ထဲကို ပစ်ချခိုင်းလိုက်တယ်...😁😁!!

"ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ကဗျာလေးသတိ ရသွားတယ်.

မတရားလုပ်ဖို့ကိုပဲစ်ိတ်ပိုင်းဖြတ်ထားတဲ့ သူတစ်ယောက်ကို အထောက်အထားသက်သေသာဓကတွေ

ပြနေရင်လည်း အလကားပါပဲ....!!

Credit

09/11/2023

“ခင်မင်ခြင်းမှာလည်း expired ရှိပါတယ်”

မူလတန်းတုန်းက အရမ်းခင်ခဲ့တယ်၊ ကလေးတွေခင်တော့ မိဘတွေချင်းပါလိုက်ခင်ကြတယ်

အချိန်တစ်ခုရောက်တော့ expired date ကုန်ခဲ့တာပါပဲ

- မုန်းသွားတာလည်းမဟုတ်ဘူး၊
- မခင်တော့တာလည်း မဟုတ်ဘူး ဆက်ခင်ဖို့ အခြေနေလေး ထပ်မရှိတော့ရုံသာ

အလယ်တန်းမှာ သူငယ်ချင်းထပ်ရတယ်
အထက်တန်းမှာ သူငယ်ချင်းထပ်ရတယ်
တစ်ဦးချင်းခင်ကြသလို အဖွဲ့လိုက်ကြီး ခင်ကြတာ အကြီးကြီးမှ အကြီးကြီး

အချိန်တစ်ခုရောက်တော့လည်း ဝေးသွားခဲ့ကြတာပါပဲ

- မခင်တော့တာလည်း မဟုတ်ဘူး
- ဆက်ခင်ဖို့ အခြေနေလေး ထပ်မရှိတော့ရုံသာ

တက္ကသိုလ်ရောက်တော့ ဆိုးတူကောင်းဖက် ဘော်ဒါတွေ ထပ်ဖြစ်ကြတယ်
အသက်ပြည့်ကြပြီမို့ ခရီးတွေတူတူသွားကြတယ်
တချို့လည်း အလုပ်လေးတွေ လုပ်နေကြပြီ
တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြတယ်

လူငယ်အထာ သမီးရည်းစားတွေလည်း ရှိလာကြပြီ

အချိန်တန်တော့လည်း တစ်ခန်းရပ်ကြပြန်တယ်

- မခင်တော့တာလည်း မဟုတ်ဘူး
- ဆက်ခင်ဖို့ အခြေနေလေး ထပ်မရှိတော့ရုံသာ

ဖြူခြင်း - မည်းခြင်း
လင်းခြင်း - မှောင်ခြင်း
ကြီးခြင်း - သေးခြင်း
အရာရာမှာ ဆန့်ကျင်ဖက်ဆိုတာ ရှိတယ်

ချစ်ခြင်းရဲ့ ဆန့်ကျင်ဖက်မှာလည်း မုန်းခြင်းရှိနေတယ်

ခင်မင်ခြင်းကတော့ ထူးဆန်းတယ်

ခင်မင်ခြင်းရဲ့ဆန့်ကျင်ဖက်မှာတော့ ဘာမှ ရှိမနေဘူး

“ငါတို့ သိပ်မတွေ့ဖြစ်ကြတော့ပါဘူး” ဆိုတာလောက်ပဲရှိတယ်

ဆွေးဆွေးလေးပြောရရင်တော့

ငါ သူ (သူတို့) နဲ့ နည်းနည်းဝေးသွားကြပြီ ပေါ့

Nov 2023

Credits:

08/11/2023

" ကိုယ်အခု မကြိုးစားရင်...
နောင်ကျရင် ကိုယ့်သားသမီးက
ပိုကြိုးစားရမယ်။

" ကိုယ်အခု ပေါ့ပေါ့နေရင်...
နောင်ကျရင် ကိုယ့်သားသမီးက
ပိုရုန်းကန်ရမယ်။

" တာဝန်ယူစိတ်မရှိတဲ့ မိဘသာလျှင်...
သားသမီးတိုင်း သူ့ထိုက်နဲ့သူ့ကံရှ်ိပြီးသား ဆိုတဲ့စကား ပါးစပ်ထဲအမြဲပြောတယ်။

" သားသမီးတွေရဲ့ကံဆိုတာ...
မိဘခင်းပေးတဲ့လမ်း
မိဘခင်းပေးတဲ့ဘဝစမှတ်ပေါ်မှာ
အများကြီးမူတည်တယ်။

" သားသမီးတွေရဲ့ပဲ့ကိုင်ရှင်ဟာ ...
တကယ်တော့မိဘတွေပါဗျာ ။
Credit:

04/11/2023

🚩 #လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...

သေလောက်အောင်မုန်းနေလည်း
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တစက်ကလေးမှ အဆင်မပြေလည်း
အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း
မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့
မျက်နှာဖုံးကိုစွပ်ပါ...

ချုံးပွဲချပြီး ငိုချပစ်ချင်လည်း
ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဒရယ်ပေါက်လို ချိုနဲ့နေလည်း
ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ...

ဘာတစ်ခုမှ လက်မခံချင်လည်း
အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဘာသိဘာသာ နေလိုက်ချင်လည်း
ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း
ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ
လူပါးဝလာလေ မျက်နှာဖုံးများလေ
အရေထူလာလေ မျက်နှာဖုံးစုံလေ...

ရှင်းလား...

မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ
Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်
ခံတွင်းတွေ့လာပါလိမ့်မယ်...

ကဲပါ...မထူးပါဘူး...

တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်
အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့
သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ...

အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး
အသက်ရှင်ကြတာပေါ့...

အသက်ရှူကြပ်တယ်ဆိုပေမယ့်လည်းလေ...
ဒါပေမဲ့...မျက်နှာဖုံးစွတ်ပါ

Credit
မောင်သာချို

04/11/2023

♦️ ကြွားဝါခြင်း၏အကျိုး အပြစ် ♣️

#လောကမှာ သတ္တဝါတွေဟာ
မရှိတာကို အရှိ လုပ်ပြီး
အမျိုးမျိုး ကြွားဝါ နေကြတယ်၊

💰 ဓနကိုကြွားတဲ့ လူ ရှိသလို
💃အလှကို ကြွားတဲ့ သူတွေလဲ ရှိတယ်၊

ဓနကို ကြွားရင် အန္တရာယ် ကြီးသလို
အလှကို ကြွားလွန်းရင်လဲ
ဘဝ ပျက်တတ်တယ်၊

📚 ပညာကို ကြွားတဲ့လူ ရှိသလို
👨‍✈️ ပါဝါကို ကြွားတဲ့သူတွေလဲ ရှိတယ်၊

ပညာကို ကြွားရင် မာန်တက် တတ်သလို ပါဝါကို ကြွားရင် လူမုန်း တတ်တယ်၊

အလှူကို ကြွားတဲ့လူ ရှိသလို
အယူကို ကြွားတဲ့သူလဲ ရှိတယ်၊

အလှူကို ကြွားရင်
အကျိုးပေး နည်းသလို
အယူကို ကြွားရင် ၊
အယူ များရင် ဆင်းရဲ တတ်တယ်၊

သီလကို ကြွားတဲ့လူ ရှိသလို
ကာမကိုလဲ ကြွားတဲ့သူ ရှိတယ်၊

သီလကို ကြွားလွန်းရင်
ယုတ်ညံ့ သွားသလ်ို
ကာမကို ကြွားရင်လဲ
အသက်အန္တရာယ် ရှိတယ်၊

ဆဲတာကို ကြွားတာ ရှိသလို
ကဲတာတွေ ကြွားတာလဲ ရှိတယ်၊

ဆဲတာ ကြွား
ဆဲတာ များရင် •••
ဖြစ်လေရာ ဘဝမှာ ရန်သူ များတယ်၊

ကဲတာကြွား ကဲတာများလွန်းရင်
ဥစ္စာ ပျက်စီးတယ်၊
အနာရောဂါ ဖြစ်တယ်၊
အသက် သေနိုင်တယ်၊

အမှားကို ကြွားတာ ရှိသလို
တရားကို ကြွားတာတွေလဲ ရှိတယ်၊

အမှားကို ကြွားပါများရင်
ကိုယ်လဲ ပျက်စီးသလို
သူများတွေလဲ ထိခိုက် ပျက်စီးတယ်၊

တရားကို အကြွား လွန်ရင်တော့
မဂ်ဖိုလ် အန္တရာယ် ရှိတယ်၊
အပါယ်လဲ ကျတတ်တယ်၊

*ချစ်သူနဲ့_ပြိုင်ကြွားမိရင်
မုန်းသူတွေ ဖြစ်သွားတတ်တယ်၊

*မိတ်ဆွေနဲ့ ပြိုင်ကြွားမိရင်
မိတ်ဆွေ ဆုံးရှုံး သွားတတ်တယ်

*သူဌေးနဲ့ ပြိုင်ကြွားမိရင်
စီးပွားဥစ္စာ ဆုံးရှုံးတတ်တယ်၊

*နိမ့်ကျတဲ့သူကို ကြွားမိရင်
သူတို့တွေ
စိတ်အား သိမ်ငယ် နေလိမ့်မယ်၊

*မြင့်လွန်းတဲ့ သူကိုကြွားမိရင်
အပြစ်တင် ကဲ့ရဲ့လိမ့်မယ်၊
တန်းတူ ကြွားမိရင် ငြိုငြင် တတ်တယ်၊

#အနှစ်ချုပ်_ပြောရရင်တော့
ကြွားဝါခြင်းမှာ
ဘာအကျိုးအမြတ် မှ မရရှိနိုင်ဘူး❗
ဆုပ်ယုတ်ခြင်း တရားတွေကို
ဖြစ်ပေါ်စေနိူင်တယ်၊

ကြွားဝါမူ့တွေ လွန်ကဲ လာရင်
သံသရာ တလျှောက်လုံးကို
ထိခိုက် နိုင်တယ်၊

မရှိတာကို အရှိ
လုပ်နေရတဲ့ အတွက်ကြောင့်
အမြဲတမ်း ဟန်ဆောင် နေရတယ်၊

ကိုယ့်အဖြစ်မှန်ကို သူတပါး သိမှာကြောက်တဲ အတွက်
အမြဲတမ်း ဖုံးကွယ် နေရတယ်၊

မလွတ်လပ် မပေါ့ပါးတော့ဘူး၊
အမြဲသတိထားပြီး နေနေရတယ်၊
အမြဲတမ်း
ပင်ပန်း စိတ်ဆင်းရဲ နေရတယ်၊

ပူလောင် နေရတယ်၊
ကိုယ့်ကိုလဲ လှည့်စားလာတယ်၊
လိမ်ညာ ကောက်ကျစ်လာတယ်၊
ကြည်ညိုမူ့ နည်းပါးလာတယ်၊

ကြွားဝါးခြင်း၊ လိမ်ညာခြင်းကြောင့်
ရရှိလာသော အကျိုးကျေးဇူးသည် နောင်တချိန်မှာ နောင်တကြီးစွာ
ရတတ်သည်၊

ကြွားဝါခြင်းကြောင့် တခဏာတာ
ရရှိလာသော ပျော်ရွှင်မူ့၊
သာယာမူ့တို့သည့်
တဘဝတာ ယူကြိုးမရ ပေးဆပ်
ရတတ်တယ်၊

ကြွားခြင်းသည် အန္တရာယ်တွေကို၊
ဆုံးရှုံးမူ့တွေကို
အမြဲလက်ယက် ခေါ်နေသလို
ဖြစ်နေတယ်၊

ဒါကြောင့် •••
ကိုယ့်ကိုကိုယ် တကယ် ချစ်ရင် •••

သူတပါး အကျိုးစီးပွားကိုလဲ
တိုးတက် စေချင်ရင် •••

လိမ်ညာ လှည့်ဖြား ကြွားဝါမူ့ ကင်းပြီးအရှိကို အရှိ အတိုင်း
မှန်မှန်ကန်ကန် လက်ခံပြီး
ရိုးသား ကြိုးစား ကြပါ။

#အရှင်ကောဝိဒ
( ရခိုင်ရိုးမ တောင်တန်း )

Credit to HTET OO HLAING

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလားရှိပါတယ် . .​1။`အပြစ်တင်လွန်းတဲ့မိဘ´ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .တစ်နည်းဆိုရရင်...
01/11/2023

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား

ရှိပါတယ် . .

1။`အပြစ်တင်လွန်းတဲ့မိဘ´

ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...

2 ။`ဘက်လိုက်တာ´

သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..

3 ။`ဆဲဆိုလွန်းတာ´

နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်

4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´

"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို သတိထားသင့်ပါတယ်...

သားသမီးဆိုတာ မိဘကိုအစစအရာရာ ပြောပြချင်တဲ့အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်...

သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...

5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´

အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...

စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုေတာ့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...…

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘ်ို့ဆိုတာမလွယ်ကူပါဘူး

အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။

တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်

တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...

အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ

မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။

Credit

မြန်မာ့စာပေ ဂဏန်းသင်္ချာ ရေတွက် ခေါ်ဝေါ်ပုံ
30/10/2023

မြန်မာ့စာပေ ဂဏန်းသင်္ချာ ရေတွက် ခေါ်ဝေါ်ပုံ

28/10/2023

တူရာ တန်ရာ
သစ္စာ မရှိတဲ့ ယောက်ျား နဲ့
တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
ဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။

မြင်မြင်သမျှ မိန်းမ ကို ကြိုက်တတ်တဲ့ ယောက်ျားနဲ့ယောက်ျား မှန်သမျှ ကို လက်ခံတဲ့ မိန်းမ တွေ့ဆုံတဲ့အခါစနိုက်ကြော်ခြင်း ဆိုတာဖြစ်ပေါ်လာတယ်။

အိမ်ထောင် တစ်ခုကိုတည်တည်တံ့တံ့ မထူထောင်ချင်တဲ့ ယောက်ျားနဲ့အိမ်ထောင်ပြုတာကို ပေါ့ပေါ့တန်တန်သဘောထားတဲ့
မိန်းမ တွေ့ဆုံတဲ့ အခါနောက်အိမ်ထောင် ဆိုတာ ဖြစ်ပေါ်လာတယ်။

ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ထင်တဲ့ယောက်ျားနဲ့သူများအထောက်အပံ့ ကို ယူချင်တဲ့ မိန်းမ တွေ့ဆုံတဲ့အခါစပွန်ဆာ ဆိုတာ ဖြစ်လာတယ်။

ဒါကြောင့်တူရာတူရာတွေ့ပြီး တန်ရာတန်ရာ ရကြတယ်ဆိုတာဒီလို တွေ့ဆုံခြင်းမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ကိုယ် နဲ့ က စိတ်ရော ဗီဇေရာ မတူလို့ ထွက်သွားတဲ့ အပေါ် မှာ လိုက်ပြီး ခံစားမနေပါနဲ့ သူနဲ့ မကောင်းတဲ့ အကျင့်စရိုက် ဗီဇ တူတဲ့ တန်တဲ့ သူနဲ့ တွေ့ဆုံ နေလို့ပါ။

Credit

28/10/2023

လျှာ သွက်စေဖို့ လေ့ကျင့်ခန်းများ 🙂
***********************

ရွှန်းရွှန်းဝေ ရွှေလိုဝင်း
ဝေလီဝေလင်း ဝေါနဲ့ ဆင်း

ဘီလူး ဂတုံး တစ်ကောင်
ဒူ နှစ်လုံး ထောင်
ဘီလူး ဂတုံး ဒူးနှစ်လုံး

တာတီးတို့တာတေတို့တတွေ
တွံတေးတောတန်းတွင်တောတက်တော့ တောက်တဲ့တွေတစ်တီတူးတွေတွေ့တယ်တဲ့တော့

ရွံပေါ်ရှဉ့်ပြေး ရှဉ့်မွှေး ရွံမလူး

ထုပ်ပေါ်ခွက်တင်
ခွင်တင်ကြွက်တိုး
ကြိုးတိုးခွက်လဲ
ခွက်လဲလဲ ကြွက်လဲလဲ
ခွက်မထနိုင် ကြွက်မထနိုင်
ခွက်ပလို့ပလက် ကြွက်ပလို့ပလက်

အဖိုးနဲ့အဖွါးခေါင်းမှီးခြုံ
စောင်မွှေးရှည်လည်းခြုံ
စောင်မွှေးတိုလည်းခြုံ

တောင်ပေါ်က ရှမ်းလေး
လျှော်ထမ်း လို့ ပြေး
တို တဲ့ လျှော် က တို
ရှည် တဲ့ လျှော် ရှည်

ထုံးဖြူကြီးလူးတဲ့ အိုးလေး နဲ့
ထုံးဖြူလေးလူးတဲ့ အိုးကြီး

တောင်ကျောင်းက ထနောင်းကိုင် မြောက်ကျောင်းကိုကူး
မြောက်ကျောင်း ထနောင်းကိုင်း တောင်ကျောင်းကိုကူး။
နှစ်ကျောင်းပေါင်းတော့
နှစ်ထနောင်းကိုင်း

တော်လတီ တော်လတက်
ခနော်နီ ခနော်နဲ့
တော်တက် ခနော်နက်

ပြာပူ ရွာသူ အလံထူ
တောင်ပေါ်တက် တက်တူ ချက်စူ

တုံးအောက် က ဖား
ပြားတဲ့ ဖား က ပြား
ဖောင်း တဲ့ ဖား က ဖောင်း

ရှမ်းမကြီး သမီး စောက်စားကြီး
စောက်အီး တဘူဘူ

တောတောင် တောတောင်
တောတောင်သာလှ တောကြက်ဖ
မတွန့် တတွန် တွန့်တတွန်
တွန်သံ သာလှ တောကြက်ဖ

မှတ်စုကြမ်း မှ မျှဝေပါသည်။

တပုဒ် ချင်းစီအား တစ်ဦးတည်း အမြန်ရွတ်၍
လေ့ကျင့်ခန်း ပြုလုပ်ပါ ရန် 🙂 🙂

( စကားပြောသွက်လက် စေရန် အထောက်အကူ ပြု မြန်မာ့ ရိုးရာ စကားစု များ )

■■ ဂျပန်တွေ        ကျင့်သုံးတဲ့        နည်းပညာတစ်ခု ■■ ရေသန့်ဗူးခွံ       တစ်လုံးကို           အထက်ပိုင်း        လည်ရစ်က...
28/10/2023

■■ ဂျပန်တွေ
ကျင့်သုံးတဲ့
နည်းပညာတစ်ခု

■■ ရေသန့်ဗူးခွံ
တစ်လုံးကို
အထက်ပိုင်း
လည်ရစ်ကနေ ဖြတ်ပါ။

•• နေ့စဉ်စားဖိုဆောင်မှ
ဘေးထွက်ပစ္စည်းများ
ဖြစ်သော

•• သားငါးအကြေးခွံများ၊

•• ဟင်းသီးဟင်းရွက်
အပိုင်းအစများ၊

•• ကြက်သွန်ခွံ၊

•• အာလူးခြံ
အစရှိသည်များကို
ရေသန့်ဗူးခွံထဲ ထည့်ပါ။

•• ရသလောက်
ဆန့်သလောက်ထည့်ပါ။

•• ပလပ်စတစ်စဖြင့်
ပိတ်ပြီးကြိုးဖြင့်
လုံအောင်စည်း၍

•• အေးသောနေရာတွင်
ထောင်ထားပါ။

•• နေ့စဉ် တနေ့တစ်ဗူး
မပျက်မကွက်
စုဆောင်းပါ။

•• ရက်ကြာလာသောအခါ

•• ဗူးတွင်းရှိ စွန့်ပစ်
ပစ္စည်းများ ဆွေးမြည့်ကာ

•• အနက်ရောင်
အမှုန့်များ
အဖြစ်(သို့)အနှစ်များ

•• ဖြစ်သွားလျှင်
ထုတ်ယူ၍

•• မိမိစိုက်ပျိုးသော
အပင်များကို
မြေသြဇာအဖြစ်
ထည့်သွင်းနိုင်ပါသည်။

•• အပင်အတွက်
အာဟာရကြွယ်ဝသော

•• သြဂဲနစ်မြေသြဇာ
ဖြစ်ပါသည်။

Credit-NayLyn

Address


Website

Alerts

Be the first to know and let us send you an email when Mr.Creative K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr.Creative K:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share