Famous TV channel

  • Home
  • Famous TV channel

Famous TV channel Famous Channel မှ ကြိုဆိုပါတယ် ရှင့်
ညီမလေးတိ?

တကယ်ကြေကွဲ ဝမ်းနည်းရပါတယ်ဗျာ😭RIP ပါဗျာနိုင်ငံကျော် အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ညဦးပိုင်းတွင် ကွယ်လ...
24/01/2025

တကယ်ကြေကွဲ ဝမ်းနည်းရပါတယ်ဗျာ😭
RIP ပါဗျာ
နိုင်ငံကျော် အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီး
ဇန်နဝါရီလ ၂၃ ရက်နေ့ ညဦးပိုင်းတွင်
ကွယ်လွန်သွားကြောင်း သိရပါသည်။

Cele မနှင်းရဲ့ ခံစားချက်လေးကို ချပြလိုက်ပါတယ်
15/11/2024

Cele မနှင်းရဲ့ ခံစားချက်လေးကို ချပြလိုက်ပါတယ်

ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ အပျော်စီးပင်လယ်ဓားပြလှေ မတော်တဆမှုဖြစ်ပဲခူးတိုင်းဒေသကြီး၊ရွှေဆံတော်ဘုရားပွဲမှာ အပျော်စီးပင်...
15/11/2024

ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ အပျော်စီးပင်လယ်ဓားပြလှေ မတော်တဆမှုဖြစ်

ပဲခူးတိုင်းဒေသကြီး၊ရွှေဆံတော်ဘုရားပွဲမှာ အပျော်စီးပင်လယ်ဓားပြလှေပေါ်ကိုတက်တဲ့ အတက်အဆင်း လှေကားပြိုကျမှု နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

“လူအရမ်းများတော့ တစ်ခါတည်းပြုံတက်ရာကနေ လှေကားက နိမ့်ကျသွားတဲ့သ‌ဘောပေါ့။ ထိခိုက်တာတော့ မရှိဘူးထင်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးကတော့ ပွဲတော်လုံခြုံ‌ရေးတွေက ထိခိုက်တဲ့သတင်းကိုဖုံးထားတဲ့ သဘောရှိတယ်လို့ပြောပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ နိုဝင်ဘာ ၁၅ ရက် ဘီဘီစီမြန်မာပိုင်း သတင်းတိုက်ရိုက်ထုတ်လွှင့်ချက်ကို ဒီလင့်ခ်မှာ https://www.bbc.com/burmese/live/cq8v47l998pt နှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါပြီ။

ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ညပိုင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့ ကျော်သူမိုး အပျော်စီးပင်လယ်ဓားပြလှေ
ဓာတ်ပုံ - CJ

#ဘီဘီစီမြန်မာပိုင်း #ရွှေဆံတော်ဘုရား #ပြည်မြို့ #ဘုရားပွဲ

လပြည့်ညမှာစိတ်မ​ကောင်းလိုက်တာ🥲--------------မီးပုံးပျံပျက်ကျမှုကြောင့် အင်းလေးဟိုတယ် အကြီးအကျယ်မီးလောင်မဲခေါင်၊ နိုဝင်ဘာ...
15/11/2024

လပြည့်ညမှာစိတ်မ​ကောင်းလိုက်တာ🥲
--------------
မီးပုံးပျံပျက်ကျမှုကြောင့် အင်းလေးဟိုတယ် အကြီးအကျယ်မီးလောင်

မဲခေါင်၊ နိုဝင်ဘာ ၁၅

မီးပုံပျံပျက်ကျမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဟိုတယ်တစ်ခု ဒီနေ့နိုဝင်ဘာလ ၁၅ ရက်၊ ညပိုင်းမှာ မီးအကြီးအကျယ် လောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာက Inle Princess Resort မီးပုံးပျံ ပျက်ကျရာကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"မီးကတော့ ငြိမ်းသွားပြီ။ ဟိုတယ်တစ်ခုလုံးကတော့ ဘာမှရစရာမကျန်တော့ဘူး။ ကုန်သလောက်ဖြစ်သွားတယ်။ မီးပုံးပျံပြုတ်ကျလာ၊ ချက်ချင်းဝိုင်းငြိမ်းပေမယ့် လူနည်းတော့ မနိုင်ဘူး။ မီးကအရမ်းကြီးတော့ အနားကိုလည်း ဘယ်သူမှမကပ်နိုင်သေးတော့ သေချာမသိရသေးဘူး။ သိရတာနဲ့ ပြန်ပြောပေးပါမယ်"လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အသေးစိတ်နဲ့ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိ မရှိ အခြေအနေ၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု အခြေအနေတွေကို မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။

CJ - 003

#အင်းလေး

#မီးပုံးပျံ
#မီးလောင်

ဗန်းတွေထဲမှာ ရွှေတွေ အပြည့်ထည့်ပြီး အများဆုံးယူလာနိုင်တဲ့သူကို ချစ်သူရွေးမယ်” ဆိုပြီး ချစ်သူရွေးမယ့်အကြောင်းကို အရွှန်းဖ...
12/11/2024

ဗန်းတွေထဲမှာ ရွှေတွေ အပြည့်ထည့်ပြီး အများဆုံးယူလာနိုင်တဲ့သူကို ချစ်သူရွေးမယ်” ဆိုပြီး ချစ်သူရွေးမယ့်အကြောင်းကို အရွှန်းဖောက်ပြီး ပြောလာတဲ့ သဲသဲ...
#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #သဲသဲ #သဲစုညိမ်း

မြန်မာ့ပထမဆုံး VVIPအိပ်စင် Expressကားကြီးပေါ်ပေါက်လာရွှေလရောင်Express ကားဂိတ်မှ အိပ်၍လိုက်ပါစီနှင်းနိုင်အောင်ကားတစ်စီးလု...
12/11/2024

မြန်မာ့ပထမဆုံး VVIPအိပ်စင် Expressကားကြီးပေါ်ပေါက်လာ

ရွှေလရောင်Express ကားဂိတ်မှ အိပ်၍လိုက်ပါစီနှင်းနိုင်အောင်
ကားတစ်စီးလုံးရဲ့ အတွင်းခန်းပုံကို ပြောင်းလဲလိုက်တာတွေ့ရပါတယ်
ယခု မန္တလေး- ဘားအံ -မြဝတီ - ပြေးဆွဲနေပါပြီ
ကားမူးတတ်သူများတွက်လား 100%အဆင်ပြေပါသည်
#ရွှေလရောင်express

#မြဝတီ
#ဘားအံ

ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကအချောလေးနော် 😊
09/11/2024

ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကအချောလေးနော် 😊

09/11/2024

# #ပုဂံ-‌ညောင်ဦး ဟိုတယ် တစ်ခုမှာ လူရိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

နိုဝင်ဘာ ၁၀
သတင်း - 015

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး မြို့က လူအများအပြား သွားရောက်တည်းခိုနေကြတဲ့ ဟိုတယ်တစ်ခုမှာ လူရိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးကာ လေးဦးပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၃ရက်နေ့ ညနေပိုင်းလောက်က ပုဂံ-ညောင်ဦး ဟိုတယ် တစ်ခုမှာ တည်းခိုနေကြတဲ့ အမျိုးသား လူငယ်ခုနှစ်ဦးဟာ ဟိုတယ်ရဲ့ ဧရိယာဝန်းကျင် ဧရာဝတီမြစ်ဘေးမှာ သီချင်းဖွင့်ပြီး သောက်စားနေကြချိန် ဟိုတယ်ဝန်ထမ်းတွေက အသံလာတိုးခိုင်းခဲ့ရာမှာ နှစ်ဦးနှစ်ဖက် စကားပြော အဆင်မပြေ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဟိုတယ်ကို လာရောက်တည်းနေတဲ့ အမျိုးသားလူငယ် ခုနှစ်ဦးဟာ သီချင်းအသံကို တိုးပေးခဲ့တယ်လို့ အဆိုပါလူငယ်တွေရဲ့ သူငယ်ချင်းဖြစ်သူရဲ့ ပြောစကားအရ သိရပါတယ်။ အဲဒီထဲကမှ အမျိုးသားလူငယ် ငါးဦးဟာ ဟိုတယ်အခန်းထဲကို ဝင်နားချိန် သံတုတ်တွေကိုင်လာတဲ့ လူဆယ်ဦးက အခန်းတံခါးပိတ်ပြီး ဝိုင်းရိုက်ကြတယ်လို့ သေဆုံးသွားသူရဲ့ သူငယ်ချင်းဖြစ်သူတစ်ဦးကဆိုပါတယ်။

မြစ်ဘေးမှာ ကျန်ခဲ့တဲ့ အမျိုးသားနှစ်ဦးက တံခါးခေါက်ပြီး ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့ကိုပါ လိုက်ရိုက်လို့ ထွက်ပြေးခဲ့ရပြီး နယ်ခံရဲကို ဆက်သွယ်ခေါ်ဆောင်လာမှသာ အခန်းတံခါး ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရိုက်ခံရတဲ့ အမျိုးသားငါးဦးအနက် အသက် ၂၅ နှစ်အရွယ် မောင်ရဲထက်နိုင် ဦးခေါင်း ပြင်းထန်ဒဏ်ရာရပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ သေဆုံးသွားကာ ကျန်တဲ့ အမျိုးသား လူငယ် လေးဦးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြင်းထန်တဲ့အတွက် အများဆုံး ၁၅ချက်ကနေ အနည်းဆုံး ၇ချက်အထိ ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

"သတင်းက လူသေသွားတဲ့အချိန်မှ ထွက်လာတာ။ ဒီဖြစ်ရပ်ကို ကျွန်တော်တို့လည်း သိတယ်။ အဲဒီနေ့က အဲဒီဟိုတယ်မှာ တည်းတာ။ သွေးထွက်ပြီး လူသတိလစ်တဲ့အထိ ကိစ္စအကြီးကြီး ဖြစ်သွားတော့ ကျွန်တော်တို့ မနေရဲကြလို့ကို ဟိုတယ် ပြန်ပြောင်းရတဲ့အထိပဲ။ တော်တော်ကို မိုက်ရိုင်းလွန်းပါတယ်ဗျာ။ ကိုယ်တိုင်ကြုံလာတော့ စိတ်မကောင်းဘူး" လို့ ဖြစ်ရပ်ကို ကြားတွေ့ခဲ့တဲ့ ခရီးသည်တစ်ဦးက The Nation Voiceကို ပြောပါတယ်။

အခုလူသတ်တဲ့အထိ ကျူးလွန်သူတွေဟာ ဟိုတယ်ဝန်ထမ်းတွေနဲ့ နယ်ခံလူဆိုးလူမိုက်တချို့ ပါတယ်လို့ စုံစမ်းသိရပါတယ်။

ပုဂံ ခရီးသွားလိုသူများ ဖေ့ဘုတ်စ်ဂရုတွေထဲမှာလည်း အဲဒီ အမှုဖြစ်ပွားခဲ့တဲ့ ဟိုတယ်ကို ရှုတ်ချနေကြပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ ပြောဆိုနေကြတယ်လို့ သိရပါတယ်။

အမြန်လမ်းတိုးဂိတ် နဲ့ ဇီးရိုးမိုင်အနီးမှာ  ခရီးသည်တင် Expressယာဥ် ငါးစီးဆင့်တိုက်မိ  တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ အောက်တို...
03/11/2024

အမြန်လမ်းတိုးဂိတ် နဲ့ ဇီးရိုးမိုင်အနီးမှာ ခရီးသည်တင် Expressယာဥ် ငါးစီးဆင့်တိုက်မိ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

အောက်တိုဘာလ ၃၊ The Nation Voice
သတင်း - 231

ရန်ကုန်- မန္တလေး အမြန်လမ်းတိုးဂိတ်နဲ့ ဇီးရိုးမိုင်အနီးမှာ နိုဝင်ဘာလ ၃ရက် ဒီနေ့မနက်အစောပိုင်းက ခရီးသည်တင် Express ယာဉ် ငါးစီး ဆင့်တိုက်မိခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ ရန်ကုန်- မန္တလေး အမြန်လမ်းတိုးဂိတ်နဲ့ (၀)မိုင်အနီးယာဥ် ၅ စီးဆင့်တိုက်ခဲ့တာပါ။

" ဒီနေ့မနက် ရန်ကုန်မြို့ဝင်နားမှာ ဖြစ်သွားတာပါ။ ညပ်နေတဲ့တစ်ယောက်ကို ထုတ်နေတာ တွေ့တယ်။ ယာဥ်ကြောတွေ ပိတ်ကုန်တာ အတော်‌လေးကြာသွားတယ်။ ဘယ်ကဘယ်လိုစဖြစ်တာလဲတော့ မသိသေးဘူး "လို့ ဒေသခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။

‌ယာဉ်တိုက်မှုကြောင့် သေဆုံး ခရီးသည်အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိထားတဲ့ သူတွေကို ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးပြီးတဲ့နောက် Medical လူငယ်အသင်းပိုင် သူနာတင်ယာဉ်နဲ့ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

" တကယ့် လူမို-က်အစစ် ခေါ်သုံးပြီးရင်တော့ ငပေါ ပုံစံတွေထက် နေရာတစ်နေရာစာ ပေးစေချင်တယ် " လို့ဆိုလာတဲ့ ဂန်းစတားအစစ်ကြီး ဝင်...
15/10/2024

" တကယ့် လူမို-က်အစစ် ခေါ်သုံးပြီးရင်တော့ ငပေါ ပုံစံ
တွေထက် နေရာတစ်နေရာစာ ပေးစေချင်တယ် " လို့ဆို
လာတဲ့ ဂန်းစတားအစစ်ကြီး ဝင်းထွဋ်ဝင်း

( အော်ရယ်ဂျင်နယ် ဂန်းစတား ဇာတ်ကား မိတ်ဆက်ပွဲ )

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ...
21/09/2024

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

စက်တင်ဘာ ၂၀၊ ၂၀၂၄

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။

ထွန်းထွန်းမင်းက သူ့အသက်နဲ့ရင်းပြီး ရယူထားလို့ တန်ဖိုးထားတယ်ဆိုတဲ့ အဲဒီ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ရိုးရာလက်ဝှေ့ ဝါသနာရှင်တစ်ယောက်က ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

"မြန်မာကျပ်ငွေ သိန်းပေါင်း ၅၀၀ နဲ့ ဝယ်ယူသွားပြီ။ တနည်းအားဖြင့်တော့ လေလံအောင်သွားတယ်ဆိုရမှာပေါ့။ ရေဘေးလှူဖို့ ရောင်းချတာကို အမည်မဖော်လိုသူတစ်ဦးက ဝယ်ယူသွားတာဖြစ်ပါတယ်” လို့ လေလံတင်ရောင်းချပေးသူတွေနဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

ရေဘေးသင့် ဒေသတွေကို ကူညီမယ့် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ် လေလံပွဲကို ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချန်ပီယံခါးပတ် ရောင်းရငွေအားလုံးကို ရေဘေးသင့်ပြည်သူတွေဆီ တစ်ပြားမကျန် လှူဒါန်းသွားမယ်လို့ ထွန်းထွန်းမင်းက ပြောထားပါတယ်။

လှည်းတန်းအနီး ဗဟိုလမ်းဂုံးတံတားမှာ ယာဥ်တိုက်မှုဖြစ်လို့ နှစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရဩဂုတ် ၂၉ - ၂၀၂၄ရန်ကုန်တိုင်း၊ ကမာရွတ...
29/08/2024

လှည်းတန်းအနီး ဗဟိုလမ်းဂုံးတံတားမှာ ယာဥ်တိုက်မှုဖြစ်လို့ နှစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရ

ဩဂုတ် ၂၉ - ၂၀၂၄

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ လှည်းတန်းအနီး ဂုံးတံတားမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ သုံးယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဩဂုတ်လ ၂၈ ရက်နေ့ည ၁၁ နာရီလောက်မှာ အိမ်စီးကားအဖြူရောင်တစီးဟာ အရှိန်များပြီး ဂုံတံတားနံရံကိုဝင်တိုက်မိကာ နှစ်ယောက်ကနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလိုဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ကားက Honda Fitအဖြူရောင် ပါ။ကျွန်တော်တို့ရောက်တော့ ကား အနောက်ခန်းမှာပါတဲ့လူ သုံးယောက်ထဲက တစ်ယောက်က ဇောက်ထိုးဖြစ်ပြီး သေနေပြီ ။ရှေ့ခေါင်းခန်းဒရိုင်ဘာဘေးက တစ်ယောက်ကလည်း ဆွဲထုတ်တော့ သေနေပြီ။ ကျန်သုံးယောက်ကလည်း သွေးတွေတအားထွက်နေတာတွေ့ရတယ်။ တံတားပေါ်မဟုတ်ဘူး။တံတားအောက် နံရံကိုတိုက်တာ။အသက်ရှင်တဲ့သူသုံးယောက်ကအရက်မူးနေကြတာ ။" လို့ ၃ ရပ်ကွက်နေထိုင်သူတယောက်က ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေက အမျိုးသားတွေချည်းဖြစ်ပြီး အားလုံးကို လူမှုကူညီရေး အသင်းတွေက ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းစျေးမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကို ကားတစီးကဝင်တိုက်ခဲ့ရာမှ ကားစောင့်နေသူ သုံးယောက်သေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ညကလည်း ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ကားလမ်းမအလယ်မျဥ်းပေါ်တက်ပြီး အရက်စုသောက်တဲ့အမျိုးသားအဖွဲ့ ကားတိုက်ခံရပြီး တယောက်သေကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ကလည်း လိူင်သာယာမြို့နယ်မှာ ဖယ်ရီကားတိမ်းမှောက်လို့ လူ ၆၀ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မှော်ဘီမှာ ကားနှစ်စီးတိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

#ကမာရွတ် #ယာဥ်တိုက် #သေဆုံးဒဏ်ရာရ

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ YouTube channel မှာ "Goat" လို ဝင်ရောက်ရေးသားခဲ့တဲ့ Official YouTube Account 🥳မနေ့ညကမှ စဖွင့်ခ...
22/08/2024

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ YouTube channel မှာ "Goat" လို ဝင်ရောက်ရေးသားခဲ့တဲ့ Official YouTube Account 🥳မနေ့ညကမှ စဖွင့်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ချန်နယ်ဟာ လက်ရှိမှာ Subscriber ပေါင်း ၁၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ 😱ရော်နယ်ဒိုရဲ့စံချိန်ကိုဘယ်သူမှအခုထိလိုက် မမှီသေးပါဘူး...🤣







😢😢😢😢😢17.8.2024 3:00 AMအမြန်လမ်း 143 မိုငိ 6ဖာလုံ Express တစ်စီးမီးလောင်မှု....ဖြစ်edit တော်ဝင်ထွန်း ယာဥ်လိုင်း ရန်ကုန် ပ...
19/08/2024

😢😢😢😢😢
17.8.2024 3:00 AM

အမြန်လမ်း 143 မိုငိ 6ဖာလုံ Express တစ်စီးမီးလောင်မှု....
ဖြစ်
edit တော်ဝင်ထွန်း ယာဥ်လိုင်း ရန်ကုန် ပဲခူး မန္တလေး
Crd..

အကယ်ဒမီများရှင်ရန်အောင်ရဲ့ မိခင် ဒေါ်သိန်းသိန်း ကွယ်လွန် အကယ်ဒမီများရှင်ရန်အောင်ရဲ့မိခင်ဖြစ်သူဒေါ်သိန်းသိန်းဟာ ဩဂုတ်လ ၁၈...
19/08/2024

အကယ်ဒမီများရှင်ရန်အောင်ရဲ့ မိခင် ဒေါ်သိန်းသိန်း ကွယ်လွန်

အကယ်ဒမီများရှင်ရန်အောင်ရဲ့မိခင်ဖြစ်သူဒေါ်သိန်းသိန်းဟာ ဩဂုတ်လ ၁၈ရက်နေ့ ည ၁၂နာရီ နာရီ ၄၃ မိနစ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

■ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားလှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်တွင် မီးလောင်မှု...
18/08/2024

■ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်တွင် မီးလောင်မှု သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်၊ နံနက် ၁ နာရီခန့်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ၊ ငွေပင်လယ်စက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများမှ သွားရောက်ခဲ့ကြောင်း သိရသည်။

ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအား Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

"အထည်ချုပ်စက်ရုံက အထည်လိပ်စတွေထားတဲ့ ဂိုထောင် မီးလောင်တာလို့ သိရပါတယ်။ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး"ဟု မီးလောင်ရာသို့ ရောက်ရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မီးလောင်မှုအား နံနက် ၂ နာရီကျော်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီခွဲကျော်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

“ ဗီဒီယိုလေး ရိုက်တင်ပေးပြီးသွားတဲ့ အချိန်မှာ သမီးလေး မေသဇင်ချစ်က မင်းသမီး ဖြစ်သွားတယ်။ လူချစ် လူခင်ပေါများပြီး ကြော်ငြာ...
18/08/2024

“ ဗီဒီယိုလေး ရိုက်တင်ပေးပြီးသွားတဲ့ အချိန်မှာ သမီးလေး မေသဇင်ချစ်က မင်းသမီး ဖြစ်သွားတယ်။ လူချစ် လူခင်ပေါများပြီး ကြော်ငြာတွေလည်း ရိုက်နေရပါပြီ။ ဆရာဖြစ်တဲ့ ကျွန်တော်ကတော့ ဗီလိန်ကြီးပေါ့ ”

လို့ပြောပြလာတဲ့ သမီးလေး မေသဇင်ချစ် ဆရာဖြစ်သူ ကိုခြူးလွင်စိုး တို့နှင့် တွေ့ဆုံခြင်း

ပြင်သစ်မှာ တိုက်လေယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိ၊ လေယာဉ်မှူး နှစ်ဦးသေပြင်သစ်နိုင်ငံမှာ တိုက်လေယာဉ်နှစ်စီး လေထဲ တိုက်မိရ...
15/08/2024

ပြင်သစ်မှာ တိုက်လေယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိ၊ လေယာဉ်မှူး နှစ်ဦးသေ

ပြင်သစ်နိုင်ငံမှာ တိုက်လေယာဉ်နှစ်စီး လေထဲ တိုက်မိရာက လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ရဲ့ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားတွေထဲမှာ ပါဝင်တဲ့ Rafale နှစ်စီးဟာ ဩဂုတ် ၁၄ ရက်နေ့က နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်တစီးပေါ်မှာ တစ်ဦးတည်း မောင်းနှင်လာတဲ့ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် တခြားလေယာဉ်ရဲ့ လေယာဉ်မှူးနဲ့ အမောင်းသင် လေယာဉ်မှူးတို့ကတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ သူတို့နှစ်ဦး ပျောက်ဆုံးနေလို့ လေတပ်က အပူတပြင်း ဖြန့်ကျက် ရှာဖွေခဲ့ပေမယ့် အဆုံးမှာတော့ ဗိုလ်ကြီး ဆီဘက်ရှန် မာဘီရီနဲ့ ဗိုလ်လေး မက်သီးရက်စ် လော်ရန်စ်တို့ဟာ လေကြောင်း မတော်တဆမှုကြောင့် သေဆုံးခဲ့တယ် ဆိုတာကို ဝမ်းနည်းဖွယ်ရာ အတည်ပြုနိုင်ခဲ့ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုလွမ်ဘီလက်စ်ဘဲလက်စ် မြို့ပေါ်မှာ လေယာဉ်နှစ်စီး တိုက်မိခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လတ်တလောမှာတော့ စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ မာခရွန်က ဆိုပါတယ်။

Rafaleတွေဟာ ဘက်စုံသုံး အဆင့်မြင့် တိုက်လေယာဉ် အမျိုးအစားတွေဖြစ်ပြီး လုံခြုံရေး စံနှုန်းတွေ ကောင်းမွန်တာကြောင့် မတော်တဆ ဖြစ်ရပ်တွေ ကြုံတွေ့မှု အရမ်းရှားပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလတုန်းက ပြင်သစ် အနောာက်တောင်ပိုင်းမှာ ရာဖေးလ်တစ်စီး ပထမဆုံး ပျက်ကျဖူးပြီး လေယာဉ်မှူးရဲ့ လမ်းကြောင်းမှားမှုကြောင့်လို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတုန်းကတော့ စမ်းသပ်ပျံသန်းမှုအပြီး ပြင်သစ်ရဲ့ လေယာဉ်တင်သင်္ဘော Charles de Gaulle ဆီ ပျံသန်းလာတဲ့ Rafale နှစ်စီး ပြဿနာပေါ်ပြီး ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြင်သစ်ဟာ အဲဒီ တိုက်လေယာဉ်တွေကို အီဂျစ်၊ အိန္ဒိယ၊ ဂရိ၊ အင်ဒိုနီးရှား၊ ခရိုအေးရှား၊ ကာတာနဲ့ ယူအေအီး နိုင်ငံတွေဆီကိုလည်း တင်ပို့ရောင်းချထားပါတယ်။

ကိုးကား: Guardian⁩

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#လူထုနွေဦး *sSpring #ပြင်သစ် #တိုက်လေယာဉ်

Address


Website

Alerts

Be the first to know and let us send you an email when Famous TV channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share