Mm7news

Mm7news နေ့စဉ် သတင်းဦး သတင်းထူးများကို
အချ

လာရောက်ဖမ်းဆီးစဉ်တွင် ကျန်းမာရေးအကြောင်းပြ ရာထူးမှနှုတ်ထွက်ပေးရန်ပြောဆိုခဲ့ဟု သမ္မတဦးဝင်းမြင့်က ရုံးတော်တွင်ထွက်ဆို-----...
12/10/2021

လာရောက်ဖမ်းဆီးစဉ်တွင် ကျန်းမာရေးအကြောင်းပြ ရာထူးမှနှုတ်ထွက်ပေးရန်ပြောဆိုခဲ့ဟု သမ္မတဦးဝင်းမြင့်က ရုံးတော်တွင်ထွက်ဆို

--------- -------- --------
သမ္မတဦးဝင်းမြင့်အနေဖြင့် ၎င်းအား စွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နှင့် ပတ်သတ်ပြီး နေပြည်တော်ကောင်စီ ဝင်း အတွင်းရှိ အထူးတရားရုံးတွင် ယနေ့(အောက်တိုဘာ ၁၂) သက်သေအဖြစ် ကိုယ်တိုင်လာရောက်ထွက်ဆိုခဲ့ကြောင်း သိရ သည်။

ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက်(၅)နာရီတွင် ၎င်းအား လာရောက်ဖမ်းဆီးရာ၌ ကျန်းမာရေးအကြောင်းပြရာထူးမှနှုတ်ထွက်ပေးရန် ပြောဆိုခဲ့သည့်အကြောင်း ဦးဝင်းမြင့်က ထွက်ဆိုခဲ့သည်ဟုသိရသည်။

”ဦးဝင်းမြင့်ရဲ့ အဓိကထွက်ဆိုချက်ထဲမှာ (၁.၂.၂၀၂၁)နေ့ နံနက် ၅နာရီအချိန်လာရောက်ဖမ်းဆီးစဉ် ဦးဝင်းမြင့်အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလားမသိ ၂ဦးဝင်လာတယ်တဲ့။ ဝင်လာပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့လူတယောက် ကျန်းမာရေးကို အကြောင်းပြပြီးတော့နှုတ်ထွက်ပေးဖို့ပြောတယ်တဲ့ သူ့ကို။ အဲ့ဒီအခါ သမ္မတကြီးက သူက ကျန်းမာရေး ကောင်းမွန်တဲ့အတွက်ကြောင့် နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့” ဟု ု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအ ဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ပြောဆိုမှုအပေါ် တဖက်က ပြန်စဉ်းစားရန်နှင့် ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်ဟုပြောကြောင်း၊ ထိုအခါ ဦးဝင်းမြင့်က နှုတ်ထွက်မပေးနိုင်ကြောင်းနှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မည်ဆိုပါကလည်း မတတ်နိုင်ကြောင်း၊ “အသေပဲခံလိုက်မယ်”ဟု ပြန်ပြောခဲ့ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

“ဦးဝင်းမြင့်က နောက်တခါ ထပ်ပြီးတော့ ခင်ဗျားတို့ဥပဒေနဲ့ အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ပါဘူးလို့ပြောခဲ့တယ်လို့ အဓိကစစ်မေးချက်မှာ ဦးဝင်းမြင့်ကပြောပါတယ်”ဟု ရှေ့နေအဖွဲ့ဝင်ကပြောသည်။

ထို့အပြင် NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းတွင် အမည်ပါရုံဖြင့် စွဲဆိုထားသည့်အမှုကို ကျူးလွန်သည်ဟု စွပ်စွဲပြော ဆိုခြင်းမှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း အဓိက စစ်မေးချက်တွင် ဦးဝင်းမြင့်က ထွက်ဆိုသွားကြောင်း သိရသည်။

ပြန်လှန်စစ်မေးချက်တွင် တရားလိုရှေ့နေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဖွဲ့စည်းထားမှုကို သိပါသလားဟု မေးမြန်းမှုကို ဦးဝင်းမြင့်က ၎င်းအနေဖြင့် ထိုအချိန်က အဖမ်းခံထားရသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်ပြီး မသိရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့နောက် အဆိုပါကိစ္စများနှင့် တရားလိုရှေ့နေကဆက်လက်မေးမြန်းခဲ့ရာ မေးမြန်းမှုများမှာ အမှုနှင့်မသက်ဆိုင်သည့်အတွက် မမေးသင့်ဟု စွပ်စွဲခံရသူ၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၅၀၅(ခ)အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ပူးတွဲစွဲဆိုထားခြင်းဖြစ်သည်။

အမှုကို အောက်တိုဘာ (၁၂)ရက်နေ့တွင် သမ္မတဦးဝင်းမြင့်၊ အောက်တိုဘာ (၂၆)ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုဝင်ဘာ (၂)ရက်နေ့တွင် ဒေါက်တာမျိုးအောင် စသည်ဖြင့် ကိုယ်တိုင်သက်သေအဖြစ် ထွက်ဆိုကြမည်ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ၅၀၅(ခ)အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို စွဲဆိုထားသည့် သဘာဝဘေးအမှုတို့ကို စစ်ဆေးခဲ့သည်။

လက်ရှိတွင် သမ္မတဦးဝင်းမြင့်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် နေပြည်တော်တွင် တရားရင်ဆိုင်နေရသည်။

Pinlebu PDFမှ တစ်ပြည်လုံးရှိ PDF များအား စစ်မျက်နှာဖွင့်ပေးဖို့ အကူညီတောင်း**************************ယနေ့ နံနက် ၆နာရီဝန်...
26/09/2021

Pinlebu PDFမှ တစ်ပြည်လုံးရှိ PDF များအား စစ်မျက်နှာဖွင့်ပေးဖို့ အကူညီတောင်း
**************************

ယနေ့ နံနက် ၆နာရီဝန်းကျင်မှ စကာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ပင်လည်ဘူးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့်အတွက် တစ်ပြည်လုံးရှိ PDF ကာကွယ်ရေးတပ်များအား တိုက်ခိုက်ပေးရန် pinlebu PDF အောက်ပါအတိုင်း တောင်းဆို ထားသည်။

"ပင်လည်ဘူး မြို့နယ် တစ်ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီး စကစ ဖက်က အင်အားထောင်ချီ နဲ့ ဂျက်လေယာဥ် များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။ သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။

အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လဲ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။
ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။

သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။

သည်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။

တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ။
ထကြွပေးကြပါဦး။"ဆိုပြီး တောင်းဆိုထားသည်။

စက်တင်ဘာလ ၂၆ရက်၊၂၀၂၁

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော  မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ စတင်ဖြတ်တေ...
14/09/2021

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ စတင်ဖြတ်တောက်

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် အပါ အဝင် မြို့နယ်များတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်နှင့် ပုလဲ စတဲ့မြို့နယ်များ၊ မန္တလေးတိုင်းမြင်းခြံမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုရှိတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

တချို့မြို့နယ်တွေမှာတော့ မိုဘိုင်းအင်တာနက်တင်မကဘဲ ဖုန်းလိုင်းပါ ပိတ်ချလိုက်တာလို့ သိရပါတယ်။

အဆိုပါဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်ူတွေ ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုတွေလည်း မြင့်တက်‌လာနေပါတယ်။

ထန်တလန်း၌ (စကစ)က လေယာဉ်ပစ်ကူဖြင့်ပါ ခုခံခဲ့သော်လည်း CDF က စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့၂၀၂၁၊ စက်တင်ဘာ(၁၂)ရက်။စစ်က...
12/09/2021

ထန်တလန်း၌ (စကစ)က လေယာဉ်ပစ်ကူဖြင့်ပါ ခုခံခဲ့သော်လည်း CDF က စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့

၂၀၂၁၊ စက်တင်ဘာ(၁၂)ရက်။

စစ်ကောင်စီဘက်မှ လေယာဉ်သုံး၍ ခုခံခဲ့သော်လည်း အင်အား(၄၀၀)ကျော်ဖြင့် CDF မှ ဝင်တိုက်နိုင်ခဲ့သောကြောင့် ထန်တလန်းမြို့ရှိ စစ်ကောင်စီအခြေစိုက် လုံလဲရ်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း CDF မှ ယနေ့ထုတ်ပြန်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ(၁၂)ဦး သေဆုံးခဲ့ပြီး CNA/CDF ဘက်မှ အကျအဆုံးမရှိသော်လည်း (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၁၀)ရက်နေ့က လုံလဲရ်စခန်းကို CNA/CDF-Thantlang မှ အင်အား(၂၀၀)ဖြင့် ဝင်တိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်စစ်ကူဖြင့် ပြန်ပစ်ခဲ့သောကြောင့် CNA/CDF ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့နောက် (၁၁)ရက်နေ့တွင် တဖန်ပြန်၍ အင်အား(၄၀၀) ဝန်းကျင်ဖြင့် ည(၉)နာရီကျော်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်၌ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Yangon Press Agency/ Photo : Google Earth (ထန်တလန်းမြို့နယ်)
MilitaryCoupInMyanmar

Mytel တာဝါတိုင်များဖျက်ဆီးနေခြင်းမှာအစွန်းရောက်တာလီဘန်ဆန်နေဟုဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို..စက်တင်ဘာလ၁၁ရက်..My Tel တာဝါ...
11/09/2021

Mytel တာဝါတိုင်များဖျက်ဆီးနေခြင်းမှာ
အစွန်းရောက်တာလီဘန်ဆန်နေဟု
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို..

စက်တင်ဘာလ၁၁ရက်..

My Tel တာဝါတိုင်တွေကို PDF တွေဗုံးခွဲဖျက်ဆီး နေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်းမြောက်တဲ့အတွက် စစ်ကောင်စီကဖမ်းမိခဲ့ရင်သေဒဏ်မှတပါးအခြားမရှိဘူးလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကအရေးကြီးသတင်းတစ်ရပ်အနေနဲ့ယနေ့ ညနေ ၃နာရီခန့်ကပြောကြားလိုက်ပါတယ်။

မိမိတို့စစ်ကောင်စီအနေဖြင့် အထပ်ထပ် အခါခါ ခွင့်လွှတ်သီးခံ ခဲ့သော်လည်း ဤအစွန်းရောက်များက ISIS ဆန်ဆန် ၊ တာလီဘန်ဆန်ဆန် လူထုဒုက္ခရောက်အောင်အမျိုးမျိုး ဒုက္ခပေးဖျက်ဆီးနေကြခြင်းမှာတိုင်းပြည်ကို အလုံးစုံပျက်စီးရေးချောက်ထဲဆွဲချနေခြင်းသာဖြစ်ပါတယ်။

ကျွန်တော်တို့အိမ်စောင့်အစိုးရရဲ့အကြီးအကဲဖြစ်သူ ဥက္ကဌဗိုလ်ချုပ်မှူးကြီး ကလည်း တာဝါတိုင်တွေကို PDF သူပုန်တွေ ဖျက်ဆီးနေကြတာဟာအကျိုးမရှိကြောင်းမနေ့ကအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်၊ PDF တွေဒီလိုဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီဟာ အရေးပေါ် ဥပဒေတစ်ရပ်ပြဌါန်းပြီး PDF တွေရဲ့မိသားစုတွေကိုတိုင်းပြည်အတွင်းရှာဖွေဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်၊ သေဒဏ်စီရင် ခံရနိုင်တဲ့အထိ ဥပဒေပြဌါန်းရပါလိမ့်မယ်။

အခုလည်းမြို့တွင်းတိုက်ပွဲဆိုပြီး PDF တွေ ရန်ကုန် နဲ့မန္တလေးမှာ နေရာအနှံ့ဗုံးခွဲတိုက်ခိုက်နေကြခြင်းကြောင့် အပြစ်မဲ့တပ်မတော်သားတွေ ရဲဝန်ထမ်းတွေသေကြေပျက်စီးမှု့တွေဖြစ်ခဲ့ရပြီးဖြစ်ပါတယ်။

ထို့ကြောင့်ပြည်သူများအနေဖြင့် အဖျက်အမှောင့်ပြုနေသူ PDF ဆိုသူများကိုသိရှိပါက တပ်မတော်စစ်ရုံးများသို့ တိုက်ရိုက်သတင်းလာပေးပို့နိုင်ကြောင်းအသိပေးအပ်ပါတယ်

စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့တဲ့ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက ကျေးဇူးပြုပြီး နားလည်ပေးပါ(မြန်မာသံအမတ်ကြီး ဦးကျော်မိ...
11/09/2021

စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့တဲ့ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက ကျေးဇူးပြုပြီး နားလည်ပေးပါ

(မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့
The Straits Times သတင်းထောက် Tan Hui Yee အင်တာဗျူးကောက်နုတ်ချက်)
၁၁ စက်တင်ဘာ ၂၀၂၁

“ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ စစ်တပ်ရဲ့ ရက်စက်ဖိနှိပ်မှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။

“ကူညီဟန့်တားပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ကြတယ်။ နိုင်ငံတကာကို မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်မှုတွေက ပိုတိုး ပိုဆိုးလာတာပဲ တွေ့ရမှာပါ။

“အာဏာသိမ်းပြီးကတည်းက အသတ်ခံခဲ့ရတဲ့ ပြည်သူ (၁,၀၀၀) ကျော်ရှိနေပြီ။ အနာဂတ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လူငယ်တွေ၊ ပညာတတ်တွေ အသတ်ခံရတယ်၊ အဖမ်းခံရတယ်။

“အသတ်ခံခဲ့ရတဲ့သူတွေရဲ့မိသားစုတွေ ဘယ်လို ခံစားရမလဲ။ ခင်ဗျားရော ကျနော်သာ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တဦးဦးဆို ဘာဖြစ်မလဲ။ ရက်စက်ကြမ်းကြုတ်မှုကြီးကို ဆက်သည်းခံနိုင်မယ်လို့ ထင်လို့လား။

“အာဆီယံ ကိုယ်စားလှယ်က အခုမှ အပစ်အခတ် ၄ လ ရပ်ဖို့ ပြောနေတယ်။ တကယ်က ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကူပေးပါလို့ နိုင်ငံတကာကို မြန်မာပြည်သူတွေ တောင်းဆိုနေခဲ့တာ အာဏာသိမ်းကတည်းကဆိုတော့ ကြာပြီလေ။

“ရလဒ်က စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေပဲလေ။ နိုင်ငံတကာကလည်း ဘာမှမလာ၊ စစ်တပ်ကလည်း ရက်စက်ကြမ်းကြုတ် ဆိုတဲ့အခြေအနေဟာ ငြိမ်းချမ်းစွာ အဖြေရှာလိုတဲ့၊ အာဏာသိမ်းတာကို လက်မခံကြောင်း ငြိမ်းချမ်းစွာတောင်းဆိုခဲ့တဲ့ မြန်မာပြည်သူတွေကို ပြည်သူ့ခုခံတော်လှန်ရေးဆင်နွှဲဖို့ လမိးကြောင်းကို တွန်းပို့လိုက်တာပါ။

“ငြိမ်းချမ်းစွာနေလိုတဲ့ မြန်မာပြည်သူတွေရဲ့ ပကတိအခြေအနေနဲ့ ခံစားချက်တွေကို နိုင်ငံတကာက ကျေးဇူးပြုပြီး နားလည်ပေးကြပါ။”

https://www.straitstimes.com/asia/se-asia/please-understand-our-peoples-frustration-myanmar-envoy-tells-united-nations

"နိုင်ငံတကာက စိုးရိမ်တာကတော့ အာဏာသိမ်းကတည်း စိုးရိမ်တာပဲ။ တချိန်လုံး စိုးရိမ်နေတယ်။ သူတို့က စိုးရိမ်တယ်။ ကျမတို့ ပြည်သူလ...
10/09/2021

"နိုင်ငံတကာက စိုးရိမ်တာကတော့ အာဏာသိမ်းကတည်း စိုးရိမ်တာပဲ။ တချိန်လုံး စိုးရိမ်နေတယ်။ သူတို့က စိုးရိမ်တယ်။ ကျမတို့ ပြည်သူလူထုက အချိန်နဲ့အမျှ ခံစားနေရတယ်။ ဒီ စိုးရိမ်မှုတွေကနေပြီးတော့ ဘာမှ လက်တွေ့တက်မလာဘူး။ ကျမတို့က ဒီလိုမျိုးတွေ ဖြစ်လာမှာ ကြိုပြီး မြင်နေတဲ့အတွက် နိုင်ငံတကာကနေ ဝင်ရောက်ပြီးတော့ ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဆောင်ရွက်ပေးဖို့ သံတမန် ဖိအားတွေ အစရှိသဖြင့် ဆောင်ရွက်ပေးဖို့ ကျမတို့ တောင်းဆိုခဲ့တာ တစာစာပါပဲ။ အားလုံးလည်း ကြားကြမှာပါ။

ဒီမှာ နိုင်ငံတကာရဲ့ intervention က ဘယ်လောက်အထိ နှေးသလဲဆိုရင် အာဆီယံ envoy ခန့်ဖို့တောင် လေးလလောက်ကြတယ်။ ဒီ လေးလအတွင်းမှာ လူ သေဆုံးမှု ဖမ်းဆီးထိန်းသိမ်းခံရမှုတွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တက်လာတာပဲ အဖတ်တင်ပြီးတော့ အခုချိန်ထိ special envoy ကို မြန်မာပြည် လာဖို့တောင် စစ်ကောင်စီကို ဖိအားပေးနိုင်တဲ့ အနေအထား ရှိမနေဘူး။

ဆိုတော့ ကျမတို့ ပြည်သူလူထုက ဒီအပေါ်မှာ အင်မတန်မှ frustrated ဖြစ်နေပြီ။ ကျမတို့ ပြည်သူလူထုရဲ့အသံတွေ ပြည်သူလူထုတွေရဲ့ဒုက္ခတွေ ခံစားမှုတွေကို ကျမတို့ ကိုယ်စားပြုနိုင်ဖို့ reflect လုပ်နိုင်ဖို့ NUG မှာ တာဝန်ရှိပါတယ်။ ဒါက ဘာကို ပြလဲဆိုရင် ကျမတို့ စောင့်စားခဲ့ရတဲ့ ပြည်သူလူထုတွေဟာ နိုင်ငံတကာကယူတဲ့ action တွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရာကနေပြီးတော့ ပေါ်ပေါ်လာတဲ့ အရွေ့တခု တုံ့ပြန်မှုတခုလို့ပဲ ကျမတို့က ပြောချင်ပါတယ်။

ကျမထင်တယ်။ ပြည်သူလူထုက စိုးရိမ်ထိတ်လန့်တာထက် စိတ်လှုပ်ရှားနေကြတယ်။ သူတို့ ဒီရက်ကို မျှော်နေကြတယ်။ NUG က ကြေညာတာတောင် နောက်ကျနေသေးတယ်ဆိုပြီး ပြည်သူလူထု အများစု ကတော့ ဒီလိုမျိုး စိတ်ခံစားမှု ရှိနေတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်တာက NUG က လုပ်တာမဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာစပြီး အာဏာသိမ်းလိုက်တဲ့ အာဏာရှင်တွေကသာလျှင် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ဧရာဝတီသတင်းဌာနရဲ့ အင်တာဗျူးမှကောက်နှုတ်ချက်

Credit - The Irrawaddy - Burmese Edition
Link - https://burma.irrawaddy.com/opinion/interview/2021/09/09/245860.html?fbclid=IwAR1Ur3aDDBtsiMw8vI7a2APE9Uh5GzVUoGyussIEr-LFvxi97nFGz6_gp80

တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလိုမတင်ရန် KNU အသိပေးစက်တင်ဘာ ၉၊ ၂၀၂၁ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) နှင...
09/09/2021

တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလိုမတင်ရန် KNU အသိပေး

စက်တင်ဘာ ၉၊ ၂၀၂၁

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားခြင်း၊ KNU မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ကြားသိရပါက အွန်လိုင်းပေါ် အလျင်စလို မတင်ရန် အသိပေးသည့် ကြေညာချက်တစောင်ကို KNU က ယနေ့ ထုတ်ပြန်လိုက်သည်။

"ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်လာသည့် အဆိုပါ အသိပေးစာတွင် စစ်ရေးလှုပ်ရှားမှု အကြောင်းအရာများကို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာ သက်ရောက်ပြီး စစ်မြေပြင်၌ KNU က ဆက်လက် လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှု ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဖော်ပြထားသည်။

"ပုံမှန်အားဖြင့် KNU နှင့် အကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခြင်းနှင့် စစ်ကူတပ်ဖွဲ့များ စေလွှတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် KNU မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျှင် အွန်လိုင်း (Online) ပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်" ဟူ၍လည်း ပြောဆိုထားသည်။

ပုံစာ - KNU တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-KNU)
WhatsHappeningInMyanmar

ပြည်သူများရေဒီယိုတစ်လုံးစီဝယ်ထားရန်NUGတိုက်တွန်း18 Aug 2021အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှထုတ်လွှင့်မည့် Radio NUGအစီစဉ်...
18/08/2021

ပြည်သူများရေဒီယိုတစ်လုံးစီဝယ်ထားရန်NUGတိုက်တွန်း

18 Aug 2021

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှထုတ်လွှင့်မည့် Radio NUGအစီစဉ်စတင်တော့မည်ဖြစ်သည့်အတွက်ပြည်သူများရေဒီယိုတစ်လုံးစီဝယ်ထားကြရန် ဩဂုတ်လ၁၈ရက်နေ့တွင်NUGကသတင်းစကားပါးလိုက်ပါသည်။

ပြည်သူလူထုနှင့်အဆက်အသွယ်မပြတ်ရှိနေစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတင်းစကားပါးခဲ့ခြင်းဖြစ်သည်။

Radio NUG အစီအစဉ်ကိုဩဂုတ်လ ၂၀ ရက်နေ့ တွင်မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မည်ဟုသိရသည်။

Radio NUGအစီစဉ်တွင်မည်သည့်အစီစဉ်များပါဝင်မည်ဟူသည့်အသေးစိပ်အချက်အလက်များကို အသိပေးထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင်စစ်တပ်မှအာဏာသိမ်းသည့်နေ့ရက်များတွင် အင်တာနက်ဖြတ်တောက်ခြင်းများကြောင့် ပြည်သူလူထုအနေဖြင့် အဆက်အသွယ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူများကို ဩဂုတ်လ၁၇ရက်နေ့ကD-dayအတွက် ပြင်ဆင်မှုများပြုလုပ်ရန်ပြောကြားပြီး နောက် ယခုကဲ့သို့ ရေဒီယိုများဆောင်ထားရန်သတင်းစကားပါးခဲ့ခြင်းဖြစ်သည်။

Photo-MPA

တော်လှန်ရေးတွင် ပူးပေါင်းသည့်အနေဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကိုကံစမ်းကြဖို့ NUG ဝန်ကြီး တိုက်တွန်း================...
14/08/2021

တော်လှန်ရေးတွင် ပူးပေါင်းသည့်အနေဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကိုကံစမ်းကြဖို့ NUG ဝန်ကြီး တိုက်တွန်း

=====================

စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို မမှုဘဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်သည့် သဘောဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကို ထိုးကြရန် ပြည်သူများကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”ကို လာမည့်ဩဂုတ် ၁၅ ရက်တွင် စတင် ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ ထီထိုးတယ်ဆိုတာထက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ အောင်စိတ်နဲ့ နွေဦးထီကို အားပေးကြပါ။ ဘဏ်အကောင့်တွေနဲ့ မချိတ်ဆက်တဲ့ သာမန်ငွေပေးချေမှုပုံစံနဲ့သာ ဆောင်ရွက်ပေးပါ။ ထီထိုးတဲ့သူနဲ့ စာတိုပေးပို့ ဆက်သွယ်မှာက ပြည်ပမှာရှိတဲ့ ဆားဗစ်စင်တာကနေ ဆက်သွယ်မှာဖြစ်ပြီး ထီထိုးသူရဲ့ အချက်အလက်လုံခြုံရေးကို အထူးအာမခံချက် ပေးထားပါတယ်။ ငွေပေးချေမယ့် ပုံစံကို ရွေးချယ်ရာမှာ ပုဂ္ဂိုလ်ရေးအချက်အလက် ခြေရာခံလို့ မရတဲ့ ဆင်းကဒ်အသစ် တစ်ခုသီးသန့်ထားပြီး ဆောင်ရွက်စေချင်ပါတယ်။ အထူး မေတ္တာရပ်ခံလိုတာက နွေဦးထီက တစ်ရက်ထဲရောင်းမှာ မဟုတ်တဲ့အတွက် ထီစဖွင့်မယ့် ၁၅ ရက်နေ့အမီ အလောတကြီး ထိုးစရာမလိုအပ်ပါဘူး။ အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုမှသာ ထီကို စတင်ထိုးသင့်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါသည့်
ထီကို စတင်ဖွင့်လှစ်မည့် ဩဂုတ် ၁၅ ရက်တွင် စစ်ကောင်စီဘက်က အင်တာနက်လိုင်းများ ပိတ်ခဲ့ပါက နောက်ရက်များတွင် ပြန်ရောင်းမည် ဖြစ်ပြီး ပိတ်ဆို့မှုတစ်စုံတစ်ရာ ပြုလုပ်ပါက ကျော်လွှားသွားနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“ပြည်သူတွေ စိတ်ရှည်ရှည်နဲ့ ဆောင်ရန်ရှောင်ရန်တွေကို အတိအကျ လိုက်နာပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်ရင် သေချာပေါက် အောင်မြင်မှာပါ။ သူတို့လုပ်နိုင်တာက အကုန်လုံး လိုက်ပိတ်တာလောက်ပဲ တတ်နိုင်မှာပါ။ အဲ့သလိုဆိုရင်လည်း သူတို့ရဲ့ ယန္တရားကို အကြီးအကျယ် ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။ ပြည်သူက ထီမထိုးရလို့ ဘာမှမဖြစ်ပါဘူး” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ထီကံစမ်းနိုင်ရန်အတွက် NUG ၏တရားဝင် ဖေ့စ်ဘွက် စာမျက်နှာများတွင် မျှဝေထားသည့် လင့်ခ်ကို နှိပ်ကာ အဆင့်ဆင့် ရွေးချယ်ထိုးနိုင်ပြီး ထီပေါက်ခဲ့ပါက ဆုငွေကို "ယူမှာလား ပြန်လှူမှာလား" ဆိုသည့် ရွေးချယ်မှုလဲ ပါရှိမည် ဖြစ်သည်။

ပြန်လှူခဲ့လျှင် လှူသည့်ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လိုအပ်နေသည့်နေရာများတွင် သုံးစွဲသွားမည်ဖြစ်ပြီး လှူဒါန်းသူများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်သွားမည်ဟု သိရသည်။

ထီတစ်စောင်ကို ၂၀၀၀ ကျပ်သက်မှတ်ထားပြီး အနည်းဆုံး ငါးစောင်ကနေ အများဆုံး အစောင်၅၀ အထိ ကံစမ်းနိုင်မည် ဖြစ်သည်။ ထီရောင်းချရသည့်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ထမ်း CDM သမားများထံသို့ လွှဲအပ်သွားမည် ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။

ထီဆုတစ်ဆုလျှင် ၁၅ သိန်းအညီအမျှ သတ်မှတ်ထားပြီး ရောင်းရငွေ၏ ၃၀ရာခိုင်နှုန်းအား ဆုကြေးအဖြစ်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကရောင်းချမည့် E-Lottery ဖြစ်သည့် “အောင်လံလွှင့်ချီ နွေဦးထီ” များကို ၀ယ်ယူသူများ၏ ငွေပေးချေမှုနှင့် ဆက်စပ်သည့် ဘဏ်စာရင်းများကို ပိတ်သိမ်းခြင်း၊ငွေများကို ထိန်းချုပ်ခြင်းတို့ ဗဟိုဘဏ်က ပြုလုပ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောသည်။

NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောအွန်လိုင်း လက်မှတ်များ စုဆောင်း၊ ပြည်သူများ ပ...
13/08/2021

NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောအွန်လိုင်း လက်မှတ်များ စုဆောင်း၊ ပြည်သူများ ပါဝင်လက်မှတ်ထိုးကြရန် နှိုးဆော်

ရန်ကုန်၊ ဩဂုတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအသိအမှတ်ပြုရေး လက်မှတ်ပေါင်း တစ်သိန်းခွဲ စုဆောင်းလျက်ရှိပြီး ပြည်သူများ အနေဖြင့် ပါဝင်ကြရန် တက်ကြွလှုပ်ရှားသူများက နှိုးဆော်လိုက်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်း တွင် ကမ္ဘာ့ကုလသမဂ္ဂ ၏ ၇၆ ကြိမ်မြောက် ပုံမှန် ညီလာခံကိုကျင်းပမည်ဖြစ်ပြီး အထွေထွေညီလာခံ သမ္မတ မှ အဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားပြု ကိုယ် စားလှယ်များကို စိစစ်လက်ခံသည့် ကော်မတီ ၏ အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးမည်ဖြစ် ကြောင်း၊ စိစစ်လက်ခံရေးကော်မတီ ၏ အဓိကတာဝန်မှာ နိုင်ငံ့ကိုယ်စားပြုကိုယ်စားလှယ်များ၏အချက်အလက် များကိုစီစစ်၍ ညီလာခံသို့ တင်ပြရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စိစစ်ရေးကော်မတီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) နှင့် အာဏာသိမ်းစစ်တပ် (SAC) တို့တွင် မည်သည့် အဖွဲ့သည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုမှုရှိသည်ကို စိစစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းလက်မှတ်များ ပါဝင်ထိုးကြခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ၏ ရလဒ်များကို ပယ်ဖျက်၍ အပြစ်မဲ့ ပြည်သူ ၁၀၀၀ နီးပါးကိုအကြမ်းဖက် သတ်ဖြတ်ခဲ့ ပြီး သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသော၊ ထောင်နှင့်ချီသော ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးထားကာ အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်သတ်ဖြတ်နေသော၊ အရပ်သားကျေးရွာများကို မတရားလေကြောင်းမှတိုက်ခိုက်၍ ပြည်သူရာကျော်သေဆုံးပြီး အိုးအိမ်မဲ့ပြည်သူ တသန်းကျော် မှာ ဘေးလွတ်ရာသို့ ပြေးဝင်ခိုလှုံနေရသော၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးနှင့် ကုသရေးလုပ်ငန်းများကို မြန်မာပြည်သူများထံမှ လုယူပြီး စစ်ဗိုလ်ချုပ်များ၊ အရာရှိများနှင့် ၎င်းတို့၏ လက်အောက် ခံ များကိုသာ ကုသစောင့်ရှောက်မှုပေးနေသော မြန်မာစစ်တပ်ကို ကိုယ်စားပြုသူ အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်း မဟုတ်ကြောင်း ပြသရန် နှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန် မာနိုင်ငံသားများ၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်ကြောင်းစိစစ်ရေးကော်မတီ သည် ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ ကို အစီရင်ခံတင်ပြရန် အွန်လိုင်းလက်မှတ်ပါဝင်ရေးထိုးကြစေလိုကြောင်း တိုက်တွန်းထားသည်။

ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး အွန်လိုင်းလက်မှတ်ထိုးလိုပါက
http://chng.it/PgsF2kQkxF တွင်ပါဝင်လက်မှတ်ထိုးနိုင်ကြောင်း သိရှိရသည်။

အွန်လိုင်းလက်မှတ်များကို ဩဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လက်ရှိတွင် လက်မှတ်ပေါင်း ၈၂၀၀၀ ကျော် စုစည်းရရှိထားကြောင်း သိရှိရသည်။

ရန်ကုန်မြို့ မော်တင်ရှိ ရွှေလမင်းဆေးရုံမှ ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိထားရန်ကုန်၊ ဇူလိုင် ၃တတိယလှိုင်းအဖြစ် ကိုဗ...
03/07/2021

ရန်ကုန်မြို့ မော်တင်ရှိ ရွှေလမင်းဆေးရုံမှ ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိထား

ရန်ကုန်၊ ဇူလိုင် ၃

တတိယလှိုင်းအဖြစ် ကိုဗစ်ရောဂါ တဖန်ပြန်လည် ကူးစက်ပျံ့နှံ့နေချိန် ရန်ကုန်မြို့ရှိ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ရွှေလမင်း ဆေးရုံတွင် ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေး တွေ့ ရှိထားကြောင်း ယင်းဆေးရုံနှင့် နီးစပ်သူ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

ယင်းဆရာဝန်များသည် လက်ရှိအချိန်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဆေးရုံကို အသွားအလာကန့်သတ်မှု ပြုလုပ်ရန်ရှိကြောင်းလည်း သိရသည်။

ယင်းဆေးရုံသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကလည်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံလည်း ပြန်လည် လည်ပတ်နိုင်ခဲ့သည်။

ပြည်တွင်းကူးစက်မှုများ ပြန်နှံ့လာချိန်တွင် မနေ့က လူပေါင်း ၉၁၄၆ ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၁၈၆၃ ဦး၊ ပိုးတွေ့ သူ ၂၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သလို ရန်ကုန်မြို့တွင် အင်းစိန်မြို့နယ်သည် ပိုးတွေ့ရှိရသူ အများဆုံး ဖြစ်နေကြောင်း သိရှိရသည်။

ပုံစာ - ရွှေလမင်းဆေးရုံ အတွင်းပိုင်း မြင်ကွင်း

ရန်ကုန်​​တောင်ဒဂုံတွင် မင်း​အောင်လှိုင် ​မွေး​နေ့ အသုဘ  မီးရှို့ သဂြိုလ်ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်​တောင်ဒဂုံတွင် ဇူလိုင်...
03/07/2021

ရန်ကုန်​​တောင်ဒဂုံတွင် မင်း​အောင်လှိုင် ​မွေး​နေ့ အသုဘ မီးရှို့ သဂြိုလ်

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကုန်​တောင်ဒဂုံတွင် ဇူလိုင်လ ၃ ရက်​နေ့ မင်း​အောင် လှိုင် ​မွေး​နေ့ အသုဘ အခမ်းအနားပြုလုပ်ပြီး မင်း​အောင်လှိုင် အ​ခေါင်းကို မီးရှို့သဂြိုလ်ကြသည်။

NUG သို့ ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ ကြားဖြတ်၍ စောင့်ကြည့်ခြင်း မပြုနိုင်သည့် Cryptocurrency ဖြင့...
02/07/2021

NUG သို့ ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ ကြားဖြတ်၍ စောင့်ကြည့်ခြင်း မပြုနိုင်သည့် Cryptocurrency ဖြင့် အလှူငွေများ လှူဒါန်းနိုင်ပြီ
~~~~~~~~~~~~~~~~~~~~~~~

● Cryptocurrency ဖြင့် ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ စောင့်ကြည့်ခြင်း မပြုလုပ်နိုင်သဖြင့်၊ အထူးသဖြင့် မြန်မာနိုင်ငံမှပြည်သူများမှ ဘေးအန္တရာယ်ကင်းစွာဖြင့် စိတ်ချစွာ လှူဒါန်းနိုင်ပါသည်။

● USD နှင့် တန်ဖိုးညီမျှသော Cryptocurrency ကွိုင်များဖြစ်သည့် “BUSD” (သို့မဟုတ်) “USDT” တို့ကို အသုံးပြု၍ လှူဒါန်းနိုင်ပါသည်။ (“BUSD” ကွိုင်သည် လွှဲခပို၍သက်သာပါသည်။)

● “BUSD” ကို အသုံးပြုသူများအတွက် Binance Smart Chain Network ဖြစ်သော BEP20 ကို အသုံးပြုပြီး လွှဲပြောင်းလှူဒါန်းနိုင်ပါသည်။

● “USDT” ကို အသုံးပြုသူများအတွက် Ethereum Network ဖြစ်သော ERC20 ကို အသုံးပြုပြီး လွှဲပြောင်းလှူဒါန်းနိုင်ပါသည်။

● လွှဲပြောင်းလှူဒါန်းရာတွင် Cryptocurrency အကောင့် လိပ်စာနံပါတ်များ လွဲမှားမှုမရှိစေရန် အထူးဂရုပြု၍ လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

● လှူဒါန်းရမည့် Cryptocurrency အကောင့်လိပ်စာကို NUG နှင့် unitedxyz.com Website များမှလည်းကောင်း၊ NUG (Blue Mark ရထားသော) page များမှလည်းကောင်း၊ တိုက်ရိုက်ကူးယူပြီး လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (Social Media နှင့် Messaging App များတွင် Share ထားသော Cryptocurrency အကောင့် လိပ်စာများသည် လွဲမှားမှုရှိနိုင်ပြီး၊ လှူဒါန်းမှုများ ဆုံးရှုံးနိုင်ပါသည်။)

● Cryptocurrency ဖြင့် လှူဒါန်းရာတွင် လွှဲခသက်သာသည့် “BUSD” ဉီးစားပေး အသုံးပြုပြီး လှူဒါန်းနိုင်ပါသည်။
အောက်ပါ Cryptocurrency အကောင့်လိပ်စာများကို တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။

BUSD (BEP20) Address:
0x6108d91147194064F0F10e4B13317CFe841a1eF0

USDT (ERC20) Address:
0x6108d91147194064F0F10e4B13317CFe841a1eF0

(သို့မဟုတ်)
အောက်ပါ QR Code ကို Scan ဖတ်၍ လှူဒါန်းနိုင်ပါသည်။
BUSD (BEP20) Address​USDT (ERC20) Address (ပုံထဲတွင် ရှိပါသည်)

(သို့မဟုတ်)
Trust Wallet အသုံးပြုသူများအတွက် အောက်ပါလင့်များသို့ဝင်ရောက်၍ လှူဒါန်းနိုင်ပါသည်။

BUSD (BEP20) Address:
https://link.trustwallet.com/send?coin=20000714&address=0x6108d91147194064F0F10e4B13317CFe841a1eF0&token_id=0xe9e7CEA3DedcA5984780Bafc599bD69ADd087D56

USDT (ERC20) Address:
https://link.trustwallet.com/send?coin=60&address=0x6108d91147194064F0F10e4B13317CFe841a1eF0&token_id=0xdAC17F958D2ee523a2206206994597C13D831ec7

" ယနေ့ ကလေးမြို့တွင် ကိုဗစ်ရောဂါနဲ့ ၂၃ ယောက်သေဆုံးခဲ့" ကလေးမြို့တွင် ဒီနေ့ ဇူလိုင် ၂ ရက်နေ့တွင် ကို‌ဗစ်ရောဂါနဲ့သေဆုံးသူ ...
02/07/2021

" ယနေ့ ကလေးမြို့တွင် ကိုဗစ်ရောဂါနဲ့ ၂၃ ယောက်သေဆုံးခဲ့"

ကလေးမြို့တွင် ဒီနေ့ ဇူလိုင် ၂ ရက်နေ့တွင် ကို‌ဗစ်ရောဂါနဲ့သေဆုံးသူ ၂၃ ယောက်ရှိတယ်လို့သိရပါတယ်။ခရစ်ယာန်သချိုင်းတွင် ၁၀ ယောက်သဂြိုလ်ပြီး ဗုဒ္ဓဘာသာသချိုင်းတွင် ၁၃ ယောက် သဂြိုလ်ပါတယ်။မနေ့ကလည်းခရစ်ယာန်သချိုင်းတွင် အလောင်း ၁၃ လောင်းသဂြိုလ်ထားပါတယ်။ကလေးမြို့တွင် ဇွန်လမှာ ကိုဗစ်ကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Source -Zalen

ကောလင်းတိုက်ပွဲမှာ ကောလင်းမြို့နယ်မှူး နဲ့စစ်ကောင်စီတပ်က အရာရှိ ၂ ဦး အပြင် တပ်သား ၃၀ ဦးမျှ သေဆုံး______၂ ဇွန်လိုင် ၂၀၂၁စ...
02/07/2021

ကောလင်းတိုက်ပွဲမှာ ကောလင်းမြို့နယ်မှူး နဲ့
စစ်ကောင်စီတပ်က အရာရှိ ၂ ဦး အပြင် တပ်သား ၃၀ ဦးမျှ သေဆုံး
______
၂ ဇွန်လိုင် ၂၀၂၁
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်း
တွင် KIA တပ်မဟာ ၈ တပ်ဖွဲ့ နဲ့ KLPDF တို့
ပူးပေါင်းပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေကို
ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်ကစပြီး ဝင်ရောက် တိုက်ခိုက်မှုပြုခဲ့ကြောင်း သိရတယျ။

စစ်ကောင်စီ တပ်ဖွဲ့ဟာ စစ်ကိုင်းကနေ
ကချင်ပြည်နယ်သို့ လက်နက်များ တင်ဆောင်လာတဲ့ယာဉ်တန်းကို လမ်းလုံခြုံရေး ယူပေးနေစဉ်
KIA နဲ့ PDF တို့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ
ပါ။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ
တပ်ဖွဲ့မှ ကောလင်းမြို့နယ်မှူး၊ ခလရ (၁၁၁)
မှ အရာရှိတစ်ဦး၊ ခလရ (၁၂၀) မှ အရာရှိ
တစ်ဦး အပြင် တပ်သား ၃၀ ဦး မျှ ကျဆုံး
ခဲ့ကာ ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း
သိရတယ်။

ထို့အပြင် စစ်ယာဉ်တန်းကိုလည်း ကောလင်း
အလွန်မှာ KIA နဲ့ PDF တို့ ဖြတ်တိုက်ခဲ့ရာ
ကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့
ဆိုပါတယ်။

စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုများပြား
တာကြောင့် ကောလင်းမြို့ထဲ လက်နက်ကြီးငယ်
များ ရမ်းတမ်း ပစ်ခတ်မှု ရှိခဲ့ပြီး ပြည်သူ ၂ ဦး
ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်အချို့ ပျက်စီး
ခဲ့ပါတယ်။

ယနေ့ တစ်ရက်တာ အတွင်း ကောလင်း
အနီး တဝိုက်မှာ KIA, PDF ပူးပေါင်းတပ်
တွေနဲ့ စစ်ကောင်စီတပ် တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

"တောင်ငူမြို့တွင် သေဆုံးလျက်တွေ့ရှိသည့် သူများတွင် ကိုဗစ်ပိုးတွေ့ရှိ"ဇူလိုင် ၂ ၊ ၂၀၂၁ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့တွ...
02/07/2021

"တောင်ငူမြို့တွင် သေဆုံးလျက်တွေ့ရှိသည့် သူများတွင် ကိုဗစ်ပိုးတွေ့ရှိ"

ဇူလိုင် ၂ ၊ ၂၀၂၁

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့တွင် သေဆုံးလျက်တွေ့ရှိသော ရုပ်အလောင်းနှစ်ခုအား စစ်ဆေးကြည့်ရာ ၎င်းရုပ်အလောင်းနှစ်ခုတွင် COVID 19 ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း တောင်ငူမြို့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကွပ်ကဲမှုစခန်းမှ သိရသည်။

လက်ရှိအခြေအနေအရ အဆိုပါ အမျိုးသားနှစ်ဦး၏ ခရီးသွားရာဇဝင်ကို သိရှိခြင်းမရှိသေးဘဲ သေဆုံးမှု နှင့် ပတ်သက်၍ Contact များစစ်ဆေးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တောင်ငူမြို့ COVID 19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကွပ်ကဲမှုစခန်းမှ သိရသည်။

"ကျွန်တော်တို့ တောင်ငူမြို့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကွပ်ကဲမှုစခန်း အနေနဲ့ကတော့ ဆေးရုံက သတင်းပို့လာတာကိုပဲ ပြန်ပြီးတော့ တင်ပေးတာပါ။ သေဆုံးသူ နှစ်ယောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ဘာမှ မသိသေးပါဘူး" ဟု တောင်ငူမြို့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကွပ်ကဲမှုစခန်းမှ ဒေါက်တာဌေးမင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင်လ ၁ ရက်တည်း၌ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၅ ဦးတွေ့ရှိခဲ့ပြီး စတင်ဖြစ်ပွားချိန်မှ ယနေ့အချိန်အထိ ပိုးတွေ့ရှိသူ ၁၆၅ ဦးအထိရှိကြောင်း ယခင်က တောင်ငူမြို့တွင် ပိုးတွေ့ရှိမှုသည် နည်းပါးခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်းသိရသည်။

TRN04
ကိုဗစ်၁၉_တောင်ငူ

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ချစ်ကိုကို ကွယ်လွန် ==============မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင် ဘိလိယက်ကစားသမား ကိုချစ်က...
02/07/2021

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ချစ်ကိုကို ကွယ်လွန်
==============
မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင် ဘိလိယက်ကစားသမား ကိုချစ်ကိုကိုဟာ ဇွန်လ တတိယအပတ်လောက်က ဖျားနာရာကတဆင့် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း ကို ရင်းနှီးသူအချို့က ဆိုပါတယ်။

" ဒီနေ့မနက်မှာ ကောင်လေးတစ်ယောက်က သူကိုတက်နိုးရမှာ သူဆုံးနေတယ်ဆိုတာ ကိုသိတယ်။ အခုသူကို ကိုဗစ်ဟုတ်မဟုတ် ဆေးစစ်ဖို့လုပ်ဆောင်နေတယ်လို့ကြားသိရတယ် " ဟု ရင်းနှီးသူအချို့က မဇ္ဈိမသတင်းဌာနကိုပြောပါတယ်။

ကိုချစ်ကို ဟာ မြန်မာ့လက်ရွေးစင်ဘိလိယက်အားကစား အတွက် ရန်ကုန်မြို့ရှိ အောင်ဆန်းအာကစားကွင်းတွင် စခန်းသွင်းလေ့ကျင့်နေသူတစ်ဦး ဖြစ်ကြောင်း ရင်းနှီးသူအချို့ကဆိုပါတယ်။

" သူငယ်ချင်းတွေပဲ ပြိုင်ပွဲတွေလည်းအတူတူဝင်ခဲ့တာပါဲ အသက်ငယ်ငယ်လေးနဲ့နုမြောတာပေါ့ နိုင်ငံဂုဏ်ဆောင်ကစားသမားတစ်ဦး ၊ ရှေလျှောက် အောင်မြင်မှုတွေရရှိလာမဲ့ကစားသမားတစ်ဦးလည်း ဖြစ်တယ်။ ပြောပြမတတ်အောင်ဝမ်းနည်းပါတယ် " ရင်းနှီးသူအချို့က ဆိုပါတယ်။

ကိုချစ်ကိုဟာ ဇွန်လ ၂၃ ရက်နေ့မှာ စတင်ဖျားနေကြောင်းကို သူရဲ့လူမှုကွန်ယက်စာမျက်နှာ ကတဆင့်အသိပေးခဲ့ပါသေးတယ်။

မော်လမြိုင်ဇာတိ ကိုချစ်ကိုကိုဟာ ၂၀၁၃ ခုနှစ်မှာစတင်ပြီး မြန်မာ့လက်ရွေးစင်ကစားအဖြစ် စတင်ခဲ့ပြီး အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲ နှင့် ဆီးဂိမ်းပြိုင်ပွဲတွင်လည်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သည့်ကစားသမားတစ်ဦး ဖြစ်ကာ အသက် (၃၇) အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်သည်။

Address


Alerts

Be the first to know and let us send you an email when Mm7news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share