12/12/2024
MPT က ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်
ရန်ကုန်၊ ဒီဇင်ဘာလ
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်သည်။
ယင်းအပြင်MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခြင်းအောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT သည် ထပ်မံပြီး ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် တယ်လီကွန်းဆုများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပြီး“ကံထူးပျော်ရွှင်ဆုများစုံလင်” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ရာအစီအစဉ်တွင် အထူးဆု ကျပ် သိန်း (၁,၀၀၀) ဆုရှင် (၁) ဦး ၊လစဉ်ကျပ် သိန်း (၁၀၀) ဆုရှင် (၁၀) ဦး၊လစဉ်တယ်လီကွန်းဆုများဖြစ်သည့် 100 GB ဒေတာနှင့် ဖုန်းပြောမိနစ် (၁၀၀) မိနစ် ဆုရှင် (၄၀) ဦး တို့ ပါဝင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် MPT သုံးစွဲသူများအားလုံး ပါဝင်နိုင်ပြီး သုံးစွဲသူများအနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူပြီး ကံစမ်းမဲလက်မှတ်များ ရရှိမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များများဝယ်လေ ကံထူးလက်မှတ်များ များများရရှိလေဖြစ်ပြီး ကံထူးဆုများ ကံထူးနိုင်ရန် အခွင့်အရေး ပိုမိုရရှိလေ ဖြစ်ပါသည်။
ထို့အပြင် သုံးစွဲသူများအနေဖြင့် လစဉ်လတိုင်းတွင် ပြုလုပ်လျက်ရှိသော Special Flash အစီအစဉ်ကို *5555 # သို့ အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး ပါဝင်ခြင်းအားဖြင့်လည်း “ကံထူးပျော်ရွှင်ဆုများစုံလင်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ စာရင်းသွင်းပြီးနောက် လစဉ် လတိုင်း၏ (၅) ရက်၊ (၁၅) ရက် နှင့် (၂၅) ရက်တွင်5555% အထိ ငွေသားပြန်အမ်းငွေ၊ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် ၊MPT Club points ၂၀၀ အထိရရှိကံထူးနိုင်မည် ဖြစ်ရာအသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင်ဝက်ဘ်ဆိုက်https://mpt.com.mm/mm/mpt-special-flash-promotion-day-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကံထူးရှင်များစာရင်းကို လစဉ်လတိုင်း၏ ပထမပတ်တွင် MPT ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားမည် ဖြစ်သည်။