15/04/2021
စာပဲထုပ်တာလား သေနတ်မထုပ်ပေးသေးဘူးလား
အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ထိန်းသိမ်းထားတဲ့လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီကို လိုလားတောင်းတလျက်ရှိတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း အမေရိကန်သံရုံးထုတ်ပြန်
==================================
အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ထိန်းသိမ်းထားတဲ့လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီကို လိုလားတောင်းတလျက်ရှိတဲ့ မြန်မာပြည်သူတွေ အားပေးထောက်ခံကြောင်း အမေရိကန်သံရုံးက ဒီကနေ့ ဧပြီလ (၁၅)ရက်က ထုတ်ပြန်လိုက်ပါတယ်။
“ဧပြီ ၁၅ရက်တွင် မုံရွာမြို့၌ ဝေမိုးနိုင်နှင့် အခြားဆန္ဒပြသူတစ်ဦးတို့ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များက ကားနှင့် ဝင်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်သတင်းများကို မြင်တွေ့ရပါသည်။ စစ်အာဏာရှင်အဖွဲ့အပေါ် မြန်မာပြည်သူများ အားပေးထောက်ခံခြင်းမရှိသည့် အကြောင်းအရင်းကို ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်မျိုးက ဆက်လက်သက်သေထူလျက်ရှိပါသည်။ စစ်အာဏာရှင်အဖွဲ့က ထိန်းသိမ်းထားသည့် လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပြီး ဒီမိုကရေစီကို လိုလားတောင်းတလျက်ရှိသည့် မြန်မာပြည်သူများကိုလည်း မိမိတို့ အားပေးထောက်ခံပါသည်။”လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။