20/10/2023
ကြိုးစားမှု့ရဲ့ ရလာဒ်
The result of effort
မိတ်ဆွေ အရာရာတိုင်းမှာ အခက်ခဲတွေနဲ့
လူတိုင်းမှာလဲ ဒုက္ခတွေနဲ့
ဖြစ်တည်မှု့ခြင်းမတူသလို
ဒုက္ခနဲ့သောက ရောက်နေတာခြင်းကလည်း တူမှာတော့မဟုတ်ဘူး
မိတ်ဆွေ အောင်မြင်ဖို့အတွက်
ဘယ်လောက်ထိ ကြိုးစားပြီးပြီလဲ
ဘယ်လောက်ထိ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးပြီလဲ
ဘယ်လောက်ထိ သောကတွေများပြီးပြီလဲ
ဘယ်လောက်ထိ စိတ်ညစ်ပြီးပြီလဲ
ဘယ်လောက်ထိ အချိန်တွေပေးပြီးပြီလဲ
အဲ့လောက်ထိ ပေးဆပ်ထားတာတောင် မအောင်မြင်သေးပဲ
ကျရှူံးနေတုန်းပဲလား
ဒါပေမဲ့ စိတ်ဓာတ်မကျလိုက်ပါနဲ့ စိတ်ဓာတ်ကိုအမြဲတမ်းမြှင့်တင်ပါ
တချိန်ကျရင် ထိုက်တန်တဲ့ အောင်မြင်မှုဆိုတဲ့
ပေးဆပ်မှု့နဲ့ ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုရလာမှာ အသေအချာပါ။
မိတ်ဆွေ စိတ်ဓာတ်ကျလိုက်တဲ့ နေ့ဟာ
မိတ်ဆွေ ပေးဆပ်လိုက်ရတဲ့ အရာတွေက
သဲထဲရေသွန်းလိုက်သလို
ဘာမှ အရာထင်မှာတော့ မဟုတ်ဘူး
ပေးဆပ်သမျှ အကုန်အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ် မိတ်ဆွေ။
ဒါကြောင့် ကျရှူံးတိုင်းလဲ စိတ်ဓာတ်ကျစရာမလိုဘူး
အခက်ခဲတွေ့တိုင်းလဲ သောကများစရာမလိုဘူးလေ
ကိုယ့်စိတ်ဓာတ်ကိုပဲ ကိုယ်မြှင့်တင်နေရမှာ မိတ်ဆွေ💪💪💪💪💪