Welove mawlaik

  • Home
  • Welove mawlaik

Welove mawlaik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Welove mawlaik, Media/News Company, .

ပြည်သူ့အင်အားဦးစီးဌာနမှ အငယ်တန်းစာရေးရာထူး (၁၇)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူt.me/myanmardigitalnews_MDN
13/10/2022

ပြည်သူ့အင်အားဦးစီးဌာနမှ အငယ်တန်းစာရေးရာထူး (၁၇)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူ
t.me/myanmardigitalnews_MDN

12/10/2022

ဖောင်းပြင်မြို့နယ်တွင် လူနှစ်ဦး၌ ကိုဗစ် -၁၉ရောဂါပိုးတွေ့ရှိ
ဖောင်းပြင် အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ဆေးရုံးကြီးသို့ ယမန်နေ့က ကျန်းမာရေးစစ်ဆေးမှုခံ ယူရန်အတွက် လာရောက်ပြသသူ ၂၀ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ၂ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူနှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားရှိသော Isolation Wardတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကာ လက်ရှိအခြေအနေတွင် ၎င်းတို့နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
ဖောင်းပြင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၇၉၁ဦးရှိပြီး ထိုရောဂါဖြင့်သေဆုံးခဲ့သူ ၂၇ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရသည်။

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပ...
08/10/2022

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေး

မော်လိုက် အောက်တိုဘာ ၈

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမတွင် စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများက ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။
ထိုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ ယနေ့တွင် နှစ်ကြိမ်ပြည့် ထိုးနှံပြီး(၆)လနှင့်အထက်ပြည့်ပြီးသူ(၁၀၅)ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေး Booster Doseအနေဖြင့်လည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပြီး သတ်မှတ်ကာလပြည့်ပြီးသည့် ပြည်သူ(၃၅)ဦးတို့အား Additional Booster Dose အနေဖြင့်လည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေမော်လိုက်         အောက်တိုဘာ       ၈ စ...
08/10/2022

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေ

မော်လိုက် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေခြင်းကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာ ကူးတို့ဆိပ်တွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက မော်လိုက်-ညောင်ဝန်း မြစ်ဖြတ်ကူးတို့ဆိပ်ရှိ စျေးရောင်း စျေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် ပါးစပ်နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်ရောဂါအသိပညာပေးခဲ့ကြကြောင်း သိရသည်။

 #အမှန်တရားကိုသိတိုင်းလူတိုင်းကိုရှင်းပြလို့မရဘူး" #တစ်ချို့လူတွေကအမှန်တရားကိုမလိုချင်ပဲ"""သူတို့ဘက်ကအမြဲမှန်တာကိုပဲလိုခ...
07/10/2022

#အမှန်တရားကိုသိတိုင်း
လူတိုင်းကိုရှင်းပြလို့မရဘူး"

#တစ်ချို့လူတွေက
အမှန်တရားကိုမလိုချင်ပဲ"

""သူတို့ဘက်ကအမြဲမှန်တာကိုပဲလိုခြင်တယ် "

အဲ့တော့ ကိုယ့်ကိုယ်ကို ပါးစပ် ပိတ်နေလိုက်"
ပန်းပျိုးလက် ✍️

 #သီတင်းကျွတ်လပြည့်နေ့  🙏🙏🙏🙏🙏🙏🙏🙏      သီတင်းကျွတ်လပြည့်နေ့ သည်  ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။  က...
07/10/2022

#သီတင်းကျွတ်လပြည့်နေ့
🙏🙏🙏🙏🙏🙏🙏🙏

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဝါဒီတို့အတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ တို့ကဲ့သို့ပင် သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။

မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့် ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။

#အဘိဓမ္မာပူဇော်ပွဲ

မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍ ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊
အဗျာကတာဓမ္မာ အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။

#ဘုရားဆုပန်နေ့

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို
ဘုရားဆုပန်နေ့.ဟု ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော်

မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍ လက်ျာဖက် ရွှေစောင်းတန်းဖြင့် နတ်တို့ ခြံရံလိုက်ပါကာ လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။

ထိုသို့ နတ် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသောအခါ ( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။ တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။ ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။

#ဥပုသ်သီတင်းဆောက်တည်ကြခြင်း

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့်
ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား မည်သည့်အခါ
မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့် ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။

လူ နတ် ဗြဟ္မာ ငရဲသား အားလုံး တစ်ဦးကို
တစ်ဦး မြင်တွေ့ခြင်း

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏ လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။

အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။ လောကီတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်
အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---

ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊

ပဝါရဏာပြုကြသောနေ့၊

-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊

-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊

-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊

-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး တိုးယိုပေါက်မြင်ကြသောနေ့

စသောဂုဏ်ထူးဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။

(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)

#မူရင်းရေးတင်သူကိုCreditပေးပါတယ်✍️✍️✍️

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေမော်လ...
07/10/2022

မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေ

မော်လိုက် အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေ ပေး ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများနှင့် ကျောင်းပို့လာရောက်ကြသူများအတွက် ပါးစပ်နှာခေါင်းစည်းများအား ဖြန့်ဝေပေးခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းသား/သူလေး များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေရာ များဖြစ်သည့် မြို့မစျေး၊ စာသင်ကျောင်းများနှင့် ကူးတို့ဆိပ်များတို့တွင် ပါးစပ်နှာခေါင်းစည်း ဖြန့်ဝေ ခြင်းများကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

06/10/2022
03/10/2022

၂၀၂၂ တက္ကသိုလ် ဝင်တန်းအောင်မြင်ထားပြီး နေ့သင်တန်း အတွက်လျှောက်လွှာတင်ထားသူများအနေဖြင့်
နိုဝင်ဘာလ ဒုတိယအပါတ် တွင် မေဂျာအကြောင်းကြားစာများ အား ပေးပို့ပါမည်။
မေဂျာအကြောင်းကြားစာများရောက်ရှိမလာပါက မိမိနဲ့သက်ဆိုင်သော တက္ကသိုလ်များတွင်သွားရောက်ကာစုံစမ်း အပ်နှံရပါမည်။

မိမိ ဆယ်တန်းဖြေဆိုခဲ့သော ကျောင်း ( စာစစ်ဌာန) နဲ့သက်ဆိုင်သော တက္ကသိုလ် များ၌သာ စုံစမ်းရပေမည်။

မေဂျာပြောင်းခြင်း ကျောင်းပြောင်းခြင်း ကိစ္စများအား နေ့သင်တန်း အပ်နှံချိန်၌သာ လက်ခံဆောင်ရွတ်ပေးပါမည်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ
နေ့သင်တန်းအားလုံး စတင်ဖွင့်လှစ်ပါမည်ခင်ဗျာ။

Saya Zaw Linn Oo

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနို...
03/10/2022

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်။

03/10/2022

နိုင်ငံခြားငွေလဲလှယ်နှုန်း ဘာကြောင့်ပြောင်းလဲသွားလဲ ကျပ်ငွေဘာလို့တန်ဖိုးတက်လာတာလဲ
စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျပ်ငွေတန်ဖိုး ဘာလို့တက်လာတာလဲဆိုတဲ့ မေးခွန်းကို စျေးကွက်အတွင်းမှ importer, exporter များကို မေးကြည့်နဲ့အခါ -----
ဝယ်လိုအားမရှိတာပါ ဆီသမားတွေ အဝယ်သိသိသာသာလျော့သွားတာပါ။ ဆန်စပါးနဲ့ကောက်ပဲ သီးနှံပေါ်ချိန်ရောက်သွားလို့ ကျပ်ငွေအသုံးလိုချိန်ပါ။ တရုတ်ရက်ရှည်ပိတ်ရက်ရှိလို့ ကျပ်ဖော်နေ တဲ့အချိန် တာချီလိတ်ဘက်ကလဲ ငွေဝယ်မထွက်တဲ့အချိန် အဓိကတော့လူတွေက အကျလို့မြင် သွားလို့ စျေးဆင်းကြမ်းတာပါ။ လကုန်လစာငွေနဲ့ဆို ရှေ့ရက်ပိုကျနိုင်တယ်ထင်ပြီး ကျနေတာပါ။ ဗဟိုဘဏ်က ထိန်းတဲ့မူက ပိုအရေးပါနေပါတယ်။ အခုဆို ဗဟိုဘဏ် ဘာလုပ်မလဲလို့ လူတွေက စိတ်ဝင်စားနေတာပါ။ တခြား media တွေကို သိပ်စိတ်မဝင်စားတော့ပါ။ (ဥပမာ- ဒီနေ့ရွှေရောင်း ပေးမယ်ဆိုတဲ့ သတင်း) စျေးကျခြင်းအတွက် လူတွေဖမ်းတာထက် မူကပိုအရေးပါနေတယ်လို့ မြင်ပါတယ်။
စျေးကွက်အတွင်းမှ Analyst တစ်ဦးကတော့-
သန်း ၂၀၀ ချေးတာလဲရှိတာတစ်ကြောင်း၊ ဆီသမားထွက်မဝယ်တာလဲရှိတာတစ်ကြောင်း၊ လှိုင်းစီးတဲ့သူတွေပြန်ထုတ်တာလဲရှိတာတစ်ကြောင်း၊ ကြောက်ရောင်းတွေလဲရှိတာတစ်ကြောင်း၊ USD ဈေးဟာ အကျကို ထိုးဆင်းပါတယ်။
ဘယ်အချိန်ပြန်တက်မလဲစဥ်းစားတာထက် ဘယ်အထိကျမလဲဆိုတာကို ချိန်တာပိုအဆင်ပြေ ပါတယ်။ ၂၅၀၀ ပတ်ဝန်းကျင်ထိကျမယ်လို့မှန်းကြပါတယ်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိကြီး တစ်ဦးကတော့-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Trade Financing အတွက် ဆက်တိုက်ဆောင်ရွက်နေပါတယ်။ အခု စက်သုံးဆီတင်သွင်းသူများအတွက် နိုင်ငံခြားငွေပံ့ပိုးပေးနေသလို အခြားအဓိကကုန်စည်များ အတွက်လည်း Financing များ ပေးဖို့စဉ်းစားနေပါတယ်။ ဒါ့အပြင် ပြည်ပပို့ကုန်မြှင့်တင်ရေး အတွက် Export Financing ကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အခုလိုမျိုးအကြောင်းအကျိုးတွေ သိလိုက်ရတော့ ကျပ်ငွေတန်ဖိုးဟာ ဖြစ်သင့်သည့်အခြေအနေသို့ ဦးတည်နေတယ်ဆိုတာ သိလိုက်ရပါတယ်။

မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ သတင်း၊မှတ်တမ်း ဓါတ်ပုံရိုက်ကူးနည်း ရက်တိုသင်တန်းဖွင့်လှစ်သင်ကြားမော်လိုက်        စက်တ...
27/09/2022

မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ သတင်း၊မှတ်တမ်း ဓါတ်ပုံရိုက်ကူးနည်း ရက်တိုသင်တန်းဖွင့်လှစ်သင်ကြား

မော်လိုက် စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ သတင်း၊မှတ်တမ်းဓါတ်ပုံရိုက်ကူးနည်း ရက်တိုသင်တန်းကို စက်တင်ဘာ လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဇေယျာဝင်း က အမှာစကားပြောကြားပေးခဲ့ပြီး၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးကျော်ဖြိုးဝေက Digital Camera အကြောင်းများနှင့် လုပ်ဆောင်ချက်များ၊ ဓါတ်ပုံကောင်းတစ်ပုံကို အကဲဖြတ်နိုင်သည့် စံ(၇)ချက်၊ ဓါတ်ပုံဆရာတစ်ဦး သိထားရမည့်အချက်(၅)ချက်၊ အလင်းရောင် အမျိုးအစားနှင့် အသုံးပြုမှုများ၊ Lens အမျိုးအစားများ၊ ကင်မရာ ထိန်းသိမ်းနည်းများ၊ ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်း အမျိုးအစားနှင့် မြင်ကွင်းရှုထောင့် အမျိုးအစားများ၊ သတင်း/မှတ်တမ်း ဓါတ်ပုံရိုက်ကူးရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များနှင့် ကင်မရာရိုက်ကူးခြင်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါ သတင်း၊မှတ်တမ်း ဓါတ်ပုံရိုက်ကူးနည်း ရက်တိုသင်တန်းကို ပြန်/ဆက်ဝန်ထမ်းများ အားလုံးအနေဖြင့် Digital Cameraများအကြောင်းကို သိရှိနားလည်းတတ်စေရန်၊ သတင်း/မှတ်တမ်း ဓါတ်ပုံများကို ကောင်းမွန်စွာဖြင့် ရိုက်ကူးပေးပို့၊ ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသင်တန်းသို့ မော်လိုက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဆက်နှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဝက်များ တစ်နိုင်တစ်ပိုင်မွေးမြူဖောင်းပြင် စက်တင်ဘာ ၂၇ကျေးလက်နေပြည်သူများအား  လူမှုစီးပွားဘ...
27/09/2022

မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဝက်များ တစ်နိုင်တစ်ပိုင်မွေးမြူ
ဖောင်းပြင် စက်တင်ဘာ ၂၇
ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွှမ်းပါးမှုလျှော့ချစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေများကို ထုတ်ချေးပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ ဒေသခံတစ်ဦးက အဆိုပါစီမံကိန်းဖြင့် ဒေသဝက်များ တစ်နိုင်တစ်ပိုင်မွေးမြူထားရှိသည်။
ထိုသို့မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနေပြီး ဝက်များထံမှစွန့်ပစ် ပစ္စည်းဖြစ်သည့် ဝက်ချီးများကို မြေဩဇာအဖြစ်အသုံးပြုကာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပင် များမှာလည်း ဖြစ်ထွန်းကာ မိသားစုဝင်ငွေရရှိနေကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူထံမှသိရသည်။
မွေးမြူသည့်ကာလ ၇လအတွင်း ရောင်းချနိုင်သည့်အရွယ်သို့ ရောက်ရှိနေပြီး ဆက်လက်မွေးမြူထားမည် ဆိုပါက အမြတ်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဝက်မွေးမြူရေးကို ၈လဖြတ်ဝန်းကျင်တွင် တစ်ကြိမ်နှုန်း ဖြင့် စဉ်ဆက်မပြတ်မွေးမြူလျက်ရှိကြောင်း၊ လက်ရှိကာလပေါက်ဈေးနှုန်းအနေဖြင့် ဝက်သား တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် အကောင်လိုက်ရောင်းချရပြီး အသားသတ်လိုင်စင်များမှ ကွင်းဆင်းဝယ်ယူလျက်ရှိကာ ဝက်မွေးမြူရေးလုပ်ကိုင်ရာတွင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

25/09/2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် များ၌ ကလေး အလုပ်သမားပပျောက်ရေး မြေစိုက် ပိုစတာများ စိုက်ထူ

25/09/2022

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် မြို့နယ် များ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မော်လိုက်မြို့၌ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ချက်ချင်းဝေ၊ ချက်ချင်းတပ် စနစ်ဖြင့် Mask Campaign ပြုလုပ်မော်လိုက်     ...
23/09/2022

မော်လိုက်မြို့၌ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ချက်ချင်းဝေ၊ ချက်ချင်းတပ် စနစ်ဖြင့် Mask Campaign ပြုလုပ်

မော်လိုက် စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron(အိုမီခရွန်) BA-4၊ BA-5 ရောဂါပိုးများ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာစေရန် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ပြည်သူ့အားကစားကွင်းတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မော်လိုက်ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များက ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြသည့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ပြည်သူများအတွက် ချက်ချင်းဝေ၊ ချက်ချင်းတပ် စနစ်ဖြင့် ပါးစပ်၊ နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏အတွင်းရေးမှူး ဖြစ်သည်။
22/09/2022

ပြည်ထောင်စုအစိုးရအဖွဲ့၏အတွင်းရေးမှူး ဖြစ်သည်။

ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ရွှေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေးလျက်ရှိဖောင်းပြင် စက...
22/09/2022

ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွှေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေးလျက်ရှိ
ဖောင်းပြင် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေ ချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ်ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေတိုး ပွားလာစေရေးအတွက် ရွှေ့လျားစနစ်ဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း စာအုပ်များကို လှည့်လည်ငှားရမ်းပေးလျက်ရှိရာ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ သုတ၊ ရသစာပေများကို အခမဲ့ငှားရမ်း ပေးခဲ့သည်။
ထိုသို့ စာအုပ်စာပေများငှားရမ်းပေးစဉ် စာဖတ်သူဦးရေတိုးပွားလာစေရေးနှင့် စာဖတ်သူများ အဆင် ပြေစေရေးအတွက် စာဖတ်ပရိတ်သတ်များ၏ ဖတ်ရှုလိုသောစာအုပ်များနှင့် အကြံပြုချက်များကို မှတ်တမ်းရယူခဲ့ကြောင်း သိရသည်။

ယာမြေ၌ တိုက်ရိုက်အစေ့ချစိုက်စိုက်ပျိုးသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းဖောင်းပြင် စက်တင်ဘာ ၂၂စစ်ကိုင်းတိုင်းဒေသကြီး၊ ...
22/09/2022

ယာမြေ၌ တိုက်ရိုက်အစေ့ချစိုက်စိုက်ပျိုးသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း
ဖောင်းပြင် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူဦးတင်အောင်၏ ယာမြေ၌ မိုးစပါးကို စမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းနေပြီး စပါးရိတ်သိမ်းပြီးပါက သီးထပ်စနစ် အနေဖြင့် ပဲအမျိုးမျိုးနှင့် နှမ်း၊ နေကြာ၊ ပြောင်းတို့ကို ထပ်မံစိုက်ပျိုးနိုင်ကြောင်း တောင်သူ ဦးတင်အောင်ထံမှ သိရသည်။
“ စပါးမျိုးကတော့ ဒေသအခေါ် ရွှေမန်းစပါးမျိုးဖြစ်ပါတယ်။ စပါးကို ဇွန်လ ၇ရက်က စိုက်ခဲ့တာပါ။ စိုက်တဲ့နည်းစနစ်ကတော့ ထွန်စက်ကြီးနဲ့ ထယ်ရေးနှစ်စပ် ထွန်ရေးနှစ်စပ် ထွန်ယက်ပြီးတော့ ပက်ကြဲစိုက်ပျိုးခဲ့ပြီး မြက်နှင့်အခြားပေါင်းတွေကို ပေါင်းသတ်ဆေး အသုံးပြုပြီး နှိမ်နှင်းခဲ့ပါတယ်။ ဒီနှစ်မှာပဲ စမ်းပြီးစိုက်တာဆိုတော့ လိုအပ်ချက်လေးတွေတော့ရှိပါတယ်။ စိုက်ပျိုးနည်းကတော့ အတန်းလိုက်စိုက်တာက ပိုပြီးအဆင်ပြေပါမယ်။ ယခုစပါးရိတ်သိမ်းပြီးပါကလည်း ပဲအမျိုးမျိုးနဲ့ နှမ်းတို့ နေကြာတို့ ပြောင်းတို့ကို ထပ်စိုက်ဖို့ ရာသီမီတော့ မိုးစပါးကို စမ်းစိုက်ခဲ့တာ အဆင်ပြေပါတယ်” ဟု ဦးတင်အောင်က ပြောပြသည်။
ထိုသို့ ယာမြေ၌မိုးစပါးစိုက်ပျိုးရာတွင် မိုးရေကိုအသုံးပြုစိုက်ပျိုးပြီး စိုက်ပျိုးရခြင်းကြောင့် မိုးကြိုကာလ မှ စတင်စိုက်ပျိုးခြင်း၊ သက်နုစပါးမျိုးကိုစိုက်ပျိုးခြင်း၊ မြေ၏အစိုဓာတ်အနည်းငယ်ရရှိကာမျှဖြင့် အောင် မြင်ဖြစ်ထွန်းနိုင်သည့် စပါးမျိုးများကို ရွေးချယ်စိုက်သင့်ကြောင်း ၎င်းကအကြံပြုပြောကြားသည်။
ပိုးစာကုန်းကျေးရွာမှ တောင်သူများအနေဖြင့် မိုးစပါးကို လယ်မြေ၌စိုက်ပျိုးလေ့ရှိကြပြီး ယာမြေ၌ ဆောင်းသီးနှံတစ်မျိုးတည်းကို စိုက်ပျိုးကြရာ မိုးရာသီအတွင်း စိုက်ပျိုးခြင်းမရှိသည့် ယာမြေတွင် စပါး စိုက်ပျိုးခြင်းဖြင့် ဆန်စားသုံးဖို့ဖူလုံမည့်အပြင် ဆောင်းသီးနှံကိုထပ်မံစိုက်ပျိုးနိုင်သည့်အတွက် မိသားစု ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူမော်လိုက်        စက်တင်ဘာ         ၂၂ စစ်ကိုင်းတိုင်းဒေသကြ...
22/09/2022

မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူ

မော်လိုက် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီက လူစည်ကားရာ မြို့တွင်းနာရီ စင်လမ်းဆုံအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးပိုစတာစိုက်ထူခြင်းသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မော်လိုက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်း ဆောင် ရွက်မှုအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ် တွင် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိခြင်း၊ မြို့နယ် လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဇွန်လ(၂၅) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်း စေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးအသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာများ ပိုမိုသိရှိစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲများ၊ နံရံ ကပ်စာစောင်/ဓါတ်ပုံပြပွဲများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရ သည်။

မော်လိုက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပမော်လိုက်        ...
20/09/2022

မော်လိုက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊
နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မော်လိုက် စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် စာပေများ ဖတ်ရှုလေ့လာချင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကာ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တပ်နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟော ပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မော်လိုက်မြို့၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတပ်နယ်မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိ ဒေါ်ယဉ်လှက ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးအကြောင်းကို လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇေယျာက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းသာယာလှပရေးအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဉီးဇေယျာဝင်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ၊ ဓါတ်ပုံပြန်ခန်းများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးတို့မှ ကျောင်းသား/သူလေးများအတွက် လက်ကမ်း စာစောင်များနှင့် ပါးစပ်၊နှာခေါင်းစည်းများကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျန်ရစ်သူမိသားစုဝင်များသိရှိစေရန် ကြေညာခြင်း
20/09/2022

ကျန်ရစ်သူမိသားစုဝင်များသိရှိစေရန် ကြေညာခြင်း

ဖောင်းပြင်မြို့နယ်မှ အသက် ၂လမှ ၅နှစ်အတွင်းကလေးငယ်များကို ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေးလျက်ရှိဖောင်းပြင် စ...
20/09/2022

ဖောင်းပြင်မြို့နယ်မှ အသက် ၂လမှ ၅နှစ်အတွင်းကလေးငယ်များကို ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေးလျက်ရှိ
ဖောင်းပြင် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာန၌ ယခုလပထမပတ်မှစတင်၍ အသက် ၂လသားအရွယ်မှ ၅နှစ်အတွင်း ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန် အဆုပ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဉီးနှောက်ရောင်နှင့်( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဉီးနှောက်အမြှေးရောင်) ငါးမျိုးစပ်ကာကွယ်ဆေးတို့ကို အသက်အပိုင်း အခြားအလိုက် ထိုးနှံပေးပြီး ကလေးငယ်များကို ကိုယ်အလေးချိန်တိုင်းတာ၍ မှတ်တမ်းထားရှိကာ အသက် ၆လမှ ၅နှစ်အတွင်း ကလေးများကို ဗီတာမင် Aများ တိုက်ကျွေးကြောင်းသိရသည်။
အဆိုပါကလေးငယ်များအတွက် ကာကွယ်ဆေးများထိုးနှံ/ တိုက်ကျွေးပေးခြင်းကို စက်တင်ဘာလကုန်အ ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ကလေးငယ်များအားလုံးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ပင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Welove mawlaik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share