Never Give Up For Democracy
  • Home
  • Never Give Up For Democracy
Never Give Up For Democracy We are non-profit organization located in Myanmar focused on giving informations.
Credit💜💜💜ကိုယ်တွေအနာဂတ်မပျောက်ဖို့ CDM တွေ ကူညီစို့ 💜💜💜CDM သမားတွေကို လှူဖို့ ကတိပြုခဲ့ကြတာ မှတ်မိမယ် ထင်ပါတယ် ထိုကတိကို...
24/04/2021
Credit
💜💜💜ကိုယ်တွေအနာဂတ်မပျောက်ဖို့ CDM တွေ ကူညီစို့ 💜💜💜
CDM သမားတွေကို လှူဖို့ ကတိပြုခဲ့ကြတာ မှတ်မိမယ် ထင်ပါတယ်
ထိုကတိကိုတည်ဖို့အတွက် အခုပဲ ကြိုးစားကူကြရအောင်နော်
စာရင်းပေးထားတဲ့ သူတွေဖြစ်တာကြောင့် တကယ် CDM လုပ်နေသူတွေမို့ စိတ်ရှငိးရှင်းနဲ့ လှူလို့ရပါတယ်
အခုပဲ 👉👉 www.cdmmyanmar.org ကိုဝင်ပြီး လှူလိုက်ကြစို့နော်
တစ်ပုံခြင်း ကြည့်ပေးပါနော်
#သေနတ်ဖြင့်အုပ်စိုးမရစေရ
CREDITလတ်တလော ဖမ်းဆီးခံရရင် အတတ်နိုင်ဆုံး အမှုလျော့အောင် ဘယ်လိုဖြေမလဲ?———————————————❇️ဆန္ဒပြနေရင်း ဖမ်းခံရပါက၁။ နိုင်ငံေ...
19/04/2021
CREDIT
လတ်တလော ဖမ်းဆီးခံရရင် အတတ်နိုင်ဆုံး အမှုလျော့အောင် ဘယ်လိုဖြေမလဲ?
———————————————
❇️ဆန္ဒပြနေရင်း ဖမ်းခံရပါက
၁။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို အတက်နိုင်ဆုံးလက်စဖျောက်လိုက်ပါ။
၂။ Facebook နဲ့ Social Media တွေကို ဖျက်ထားပါ။ (acc de ထားပါ)
၃။ Mask တပ်ထားတာ သေချာနေပါစေ။
၎။ မိမိဖမ်းခံလိုက်ရကြောင်း
ဘယ်ကိုဆက်သွားနေကြောင်း
ဘယ်မှာ ထိန်းသိမ်းခံထားရကြောင်း
မိသားစု/သူငယ်ချင်းကို အတတ်နိုင်ဆုံး သတင်းပေးနေပါ။
၅။ ဆန္ဒပြတဲ့သူမဟုတ်ကြောင်း နှင့် ဆန္ဒပြဖို့ ဆန္ဒမရှိကြောင်းပြောပါ။
ဥပမာ-
✔️အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရတာဖြစ်ကြောင်း( နေမကောင်းလို့ ဆေးလာဝယ်တာ၊ ဖုန်းဘေလိုလို့ ဆင်းဝယ်တာ အစရှိသဖြင့်ပြောပါ)။
✔️သပိတ်စစ်ကြောင်းနားက ဖြတ်လျှောက်မိတာဖြစ်ကြောင်း။
✔️အတတ်နိုင်ဆုံး ခပ်ခွါခွါနေပေမဲ့ သပိတ်ကြောင်းကလူများလို့ သူတို့နဲ့ပိုနီးကပ်သွားကြောင်း ဆန္ဒပြသူလုံးဝမဟုတ်ကြောင်း။
✔️သပိတ်နဲ့ လမ်းမှာ မထင်မှတ်ပဲဆုံသွားကြောင်း။
🔴အကယ်၍ လက်ထဲမှာ နိုင်ငံရေးနဲ့ ပက်သက်သော ပစ္စည်း(ခေါင်းစည်း၊ ဆိုင်းဘုတ်၊ အလံ၊ အင်္ကျီ) တွေရှိရင်
✔️ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာဆန္ဒပြကြောင်း။
✔️မိမိဆီမှာ ဘာလက်နက်မှ မရှိကြောင်း။
✔️လူစုလူဝေးနဲ့ မဟုတ်ကြောင်း ငြင်းပါ။
❇️မိမိကိုယ်ကို ဖမ်းခံရတော့မည်ဟု သံသယရှိပါက(သို့)ဝရမ်းထုတ်ခံရပါက
၁။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို လက်စဖျောက် ရှင်းလင်းထားပါ။
၂။ Facebook နဲ့ Social Media တွေကို ဖျက်ထားပါ။(acc de ထားပါ)
၃။ sim crad ပြောင်းသုံးပါ။
၎။ လက်ရှိနေသောနေရာမှ ရှောင်နေပေးပါ။
❇️ နေအိမ်တွင်လာရောက်ဖမ်းဆီးပါက
၁။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကိုအတက်နိုင်ဆုံးလက်စဖျောက်လိုက်ပါ။
၂။ Facebook နဲ့ Social Media တွေကို ဖျက်ထားပါ။ (acc de ထားပါ)
၃။ ဖုန်းစစ်မည်ပြောပါက ဖုန်းပျောက်သွားကြောင်းပြောပါ။
၎။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခါ စိတ်အေးအေးထားပါ မတုန်လှုပ်ပါနဲ့။ သက်ဆိုင်ရာနယ်မြေစခန်းအထိ တည်တည်ငြိမ်ငြိမ်လိုက်သွားပေးပါ။
၅။ စခန်းရောက်ပါက စခန်းမှူးကိုဘာအမှုနဲ့ဖမ်းတာလဲမေးကြည့်ပါ။
အုပ်ထိန်းသူနဲ့ဆက်သွယ်ခွင့်တောင်းပါ။ ရှေ့နေခေါ်ခွင့်တောင်းပါ။
✳️စစ်ကြောရေးကိုရောက်သွားလျှင်
☑️မေးခွန်း ၁ခုမှ ၃ခုအထိကို နေ့စဉ်ရက်ဆက် ထပ်ခါတလဲလဲမေးလေ့ရှိပြီး အဖြေများကိုမှတ်သားထားပါသည်။ မိမိဖြေလိုက်သည်များ အရင်ဖြေထားသည်နှင့်မတူမှသာ စစ်ဆေးလေ့ရှိပါသည်။
သို့ဖြစ်ပါ၍ အစကတည်းက မေးခွန်းတိုင်းကို ဘူးခံငြင်းပြီးဖြေထားသင့်ပါသည်။‼️
Contact Number - +959 448536610, +959 446092800, +959 695348849 +959 973813330, +959 758712805, +959 781831313,
(9:00 A.M to 9:00 P.M ထိ ဖုန်းဆက်လို့ရပါတယ်)
ဖမ်းဆီးခံပြည်သူများအတွက် အောက်က Form မှာဖြည့်ပြီး အကူညီတောင်းလို့လည်းရပါတယ်ခင်ဗျာ
🔗 https://ee.humanitarianresponse.info/x/4hGiivPz
Facebook : https://www.facebook.com/MyanmarsEcho/
Twitter : https://twitter.com/myanmarsecho
CREDITဆန္ဒပြတဲ့သူတွေ အဖမ်းခံရရင် ဘယ်လိုရှာမလဲ?~~~~~~~~~~~~~~~~~~~~~~~~~~ဖမ်းခံရပြီဆိုပါကအရင်ဆုံး သက်ဆိုင်ရာ နယ်မြေရဲစခန်...
05/04/2021
CREDIT
ဆန္ဒပြတဲ့သူတွေ အဖမ်းခံရရင် ဘယ်လိုရှာမလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~
ဖမ်းခံရပြီဆိုပါကအရင်ဆုံး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမြန်ဆုံးသွားစုံစမ်းသင့်ပါတယ်။
အကယ်၍ ၄င်းနယ်မြေရဲစခန်း မှာတွေ့ရှိပါက အုပ်ထိန်းသူ သို့မဟုတ် တာဝန်ရှိလူကြီးဖြင့် ခံဝန်နဲ့ ထုတ်ရအောင်ကြိုးစားကြည့်ပါ
(နယ်မြေရဲစခန်းမှာရှိတုန်းဆို ပိုလွယ်ကူပါတယ်)
ယခုလက်ရှိသိရသလောက်ကတော့ ရဲစခန်းမှတဆင့် ရွှေပြည်သာ စစ်ကြောရေးသို့ ပို့ပေးလေ့ရှိပြီး စစ်ကြောရေးတွင် ၂/၃ ရက်ခန့်ထားလေ့ရှိပါသည်။
ပြစ်မှုရှာမရပါက စစ်ကြောရေးမှ ပြန်လွှတ်ပေးပြီး ပြစ်မှုရှာရသူများကိုတော့ ပုဒ်မတပ်ပြီး အင်းစိန်ထောင်သို့ လွှဲပြောင်းပေးပါသည်။
အင်းစိန်ထောင်သို့ ရောက်/မရောက်သိချင်ပါက အင်းစိန်ထောင်တွင် မနက် ၇နာရီကနေ ညနေ ၂ အထိ (Sunday မပါ) လိုအပ်တဲ့အဝတ်အစား ပစ္စည်းတွေ ပို့လို့ရပါတယ်။
အဆိုပါပစ္စည်းတွေကို နာမည်၊ အဘအမည်၊ ဖမ်းဆီးခံရသည့်နယ်မြေ ၊ မှတ်ပုံတင်အမှတ် တို့နှင့်အတူ ဂိတ်မှပေးပို့ကြည့်ပါ။
အကယ်၍ ဖမ်းဆီးခံရသူသည် အင်းစိန်ထောင်မှာမရှိပါက ပေးပို့သူကိုဖုန်းဆက်၍ ပစ္စည်းများပြန်လည်လာယူဖို့ပြောပါလိမ့်မည်။
***ပစ္စည်းပြန်လာယူဖို့ အကြောင်းမကြားပါက အင်းစိန်မှာရှိတာသေချာသလောက်ရှိပါသည်။***
စခန်းမှာလဲမရှိ အင်းစိန်ထောင်မှာလဲ မရှိရင်တော့ ICRC ကို ဆက်သွယ်အကူညီတောင်းလို့ရပါသည်။
ICRC 👉 https://www.facebook.com/556205151188771/posts/2075512312591373/?d=n
ထို့ပြင် တစ်ဖက်တစ်လမ်းမှ အကူညီရစေရန် FACEBOOK မှာ အဖမ်းခံရသူ၏ details နဲ့ ဖမ်းဆီးခံနေရာပါ ဖော်ပြပြီး တင်ပေးထားပါ။(post မှာ ph no မထည့်ပါနဲ့ ကြားထဲကနေလိမ်လည်မှုများဖြစ်ပေါ်တတ်လို့ပါ ❗️)
🚨ဥပဒေရေးရာနဲ့ ပတ်သက်၍ အကြံဉာဏ်များ သို့မဟုတ် အကူညီများ လိုအပ်ပါက ကျွန်တော်တို့ Echo Of Myanmar ကို ဆက်သွယ်လို့ရပါတယ်။
Contact Number - +959 750205915, +959 758712805, +959 446092800, +959 781831313
နိုင်ငံတော်ရဲ့ သူရဲကောင်းများဘေးကင်းကြပါစေခင်ဗျာ။
Facebook : https://www.facebook.com/Hear-The-Voice-Of-Myanmar-104660264992555/
Twitter : https://twitter.com/MyanmarsEcho?s=09
https://twitter.com/myanmarsecho
Instagram : https://www.instagram.com/echo_of_myanmar/
Telegram : https://t.me/echoofmyanmar
Email address : [email protected]
CREDIT
28/03/2021
Credit
အပြင်ကိုသယ်သွားလို့ရတဲ့ Wireless device တွေမနေ့ကစပြီး Location Lock စကျပါတယ် Location Lock ကိုဖြည်တာလွယ်လွယ်လေးပါ Web browser တစ်ခုခုကနေ သူ့သက်ဆိုင်ရာ Wireless webpage ထဲသွားပြီး Unlock လုပ်တာနဲ့ အခုရောက်နေတဲ့နေရာရဲ့ Location နဲ့ Lock ပြန်ပွင့်သွားပါတယ် Location မြို့နယ်ကျော်တိုင်း Location unlock ပြန်လုပ်ရပါတယ်
Location ဖြည်လိုက်ပြီဆိုရင် ဖုန်းနဲ့ချိတ်သုံးရင်အဆင်ပြေပေမယ့် Laptop နဲ့ဆိုရင် Unidentified network Error ဖြစ်ပြီးချိတ်မရဖြစ်တက်တယ် အဲ့လိုဖြစ်ပြီဆိုရင် Laptop ရဲ့ Wifi ပုံလေးကို Right Click နှိပ်လိုက် ပုံမှာပြထားသလိုပေါ်လာရင် Troubleshoot problem နှိပ်လိုက် အဲ့ခါကျရင် Router problem ဆိုတဲ့ Box လေးတစ်ခုကျလာမယ် အဲ့လို Box ကျလာပြီဆိုရင် Wireless router ကိုပါဝါပိတ်ပြီး Skip စာကြောင်းပါတဲ့ Boxကို Click နှိပ်ပြီး Wifi ပါဝါပြန်ဖွင့်လိုက် Wifi တက်ပြီဆိုရင် Laptop မှာ Internet access ပြန်ရသွားပါလိမ့်မယ်
ကားပေါ်မှာတင်ပြီးအရင်လိုလျှောက်သွားလို့မရတော့ပေမယ့် ကိုယ် Base ထိုင်မယ့်နေရာမှာ Location Unlock လုပ်ပြီးဂျလန်းလို့ရပါသေးတယ်
ကားပေါ်မှာတို့ ကျောပိုးအိတ်တွေထဲတို့မှာ Wifi Device ထည့်ပြီးဂျလန်းတဲ့နည်းတွေသိချင်ရင် Fri only နဲ့ပို့စ်ထပ်တင်ပေးမယ်
အားလုံးအဆင်ပြေကြပါစေ
ချေ့ခြင်းများစွာဖြင့်
ခလိန်းသက်
CREDITအိမ်ထဲက ရပ်ကွက်ထဲက ပစ္စည်းတွေနဲ့ ပေ ၁၀၀-၁၂၀ အထိပစ်နိုင်တဲ့ ကော့တေး Cannon လုပ်ကြည့်တယ်။ အဓိက က ဒူးလေးခေါ်တဲ့ cross...
23/03/2021
CREDIT
အိမ်ထဲက ရပ်ကွက်ထဲက ပစ္စည်းတွေနဲ့ ပေ ၁၀၀-၁၂၀ အထိပစ်နိုင်တဲ့ ကော့တေး Cannon လုပ်ကြည့်တယ်။
အဓိက က ဒူးလေးခေါ်တဲ့ crossbow ကိုအခြေခံတာပါ။ မြှားဦးဖြစ်တဲ့ ပုလင်းကို ၄ လက်မ ပိုက်ခေါင်းထဲထည့်ဖို့လုပ်ရတာကြောင့် နည်းနည်းလေး အလုပ်ပိုလုပ်ရတာ။ မခက်ပါ။
၄ လက်မပိုက်ကို ၄ ပေအရှည်ဖြတ်မယ်။ ပိုက်ခေါင်းထဲ ပုလင်းထည့်မှာဖြစ်လို့ ပုလင်းကိုတွန်းတင်ဖို့ လိုတဲ့အခါ ပိုက်အပိုပစ္စည်းတစ်ခုကို ထုတ်ချင်းပေါက်ထိုးတယ်။ ကန့်လန့်ဖြတ် သံချောင်းထိုးတယ်။
အဲ့ဒီသံချောင်းအတွက် ပိုက်ချောင်းအလယ်မှာပြေးလမ်းလေးလုပ်ပေးလိုက်တယ်။
သရေကြိုးက သံချောင်းမှာလာချည်တယ်။
၄ လက်မပိုက်မှာ ဆွဲဖို့/တပ်ဆင်ဖို့ နတ်တွေ၊ စကူတွေ နည်းနည်းလိုမယ်။ ဒါပါဘဲ။ အကုန်လုံး အိမ်တွင်းဖြစ်။ အိမ်မှာရှိတဲ့ အဟောင်းမြန်းတွေ ဆွဲထုတ်ပီး လုပ်တာ။
အဓိက က ဒူးလေးလို့ခေါ်တဲ့ crossbow ကို အခြေံခံတာပါဘဲ။ သံမရှိလည်း သစ်သား၊ ဝါး နဲ့ လုပ်လို့ရတယ်။
မူလ ၄ လက်မ ပိုက်ခေါင်းထဲ ၅ပေအရှည် ပိုက်ချမ်းပြားလေးထည့်တာက စကူဆွဲ၊ နတ်ဆွဲထားတဲ့ မူလ ၄ လက်မပိုက်အတွက် အခုအခံတွေကို အုပ်ထားလိုက်သလို၊ပိုက်အတွင်းက ပုလင်းအတွက် သီးသန့်ပြေးလမ်း လုပ်ပေးလိုက်တာပါဘဲ။ အဝေးကို ပိုရောက်သလို ပုလင်းထည့်ထည့်ရတာလည်း အဆင်ပြေတာပေါ့။ ပုံမှာကြည့်။
ပုံတွေကြည့်ရင်ပိုနားလည်မယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းနှင့် လိုသလို modified လုပ်ကြပေါ့။
————
ကော့တေး ပုလင်းကို မီးစညှိထည့်စရာမလိုဘဲ
ပုလင်း ကွဲတာနဲ့ မီးထတောက်တဲ့ နည်းရှိတယ်။
၁- အက်ဆစ်ပြင်း (အရပ်ခေါ် ငရဲမီး) တစ်ကွာတား (၄ ပုံတစ်ပုံ) ထည့်။
၂- အောက်တိန်း ၃ ဆ ထည့်။
၃ - ပိုတက် ဓာတ်မြေဩဇာ ၆၅ % နှင့် သကြာ ၃၅ % ရောထားတဲ့ အမှုန့်ကို စက္ကူ ၊ စက္ကူတိပ်သုံးပီး ပုလင်းမှာ ကပ်။ ဒါဘဲ။
———
မီးမလိုကော့တေး ပုလင်းကို သေချာ လုံအောင် ပြန်ပိတ်ပီး ခုနက cannon ထဲ ထည့်ပီး ပစ်လို့ရဘီ။
အထူးသတိပြုရမှာက အက်စက်ပြင်းခေါ် ငရဲမီးပါတဲ့အတွက် အထူးသတိပြုဖို့ပါ။
လက်နဲ့ ပစ်စရာမလို ၊ ထပီးပစ်စရာမလို၊ အဝေးကြီးရောက်တယ်။ မြေပြင်ပေါ်ဖင်ချထိုငိပီး တစ်ယောက်က ပစ်၊ ဘေးကတစ်ယောက် ပုလင်းထည့်ပေး။ ဆွဲပီးပစ်။ တစ်မိနစ်အတွင်း ၃-၄ လုံးပစ်လို့ရတယ်။ နေရာအကျယ်ကြီးမလိုဘူး။ညဘက်ဆို
ပုလင်းရာလာလမ်းကြောင်း ခန့်မှန်းလို့မရဘူး။
မရှင်းတာရှိရင်အောက်ကlinkကိုထောက်👇👇👇
cbတွင် လာရောက်မေးမြန်နိုင်သည်
https://www.facebook.com/profile.php?id=100064850594999
CREDITဖမ်းဆီးခံရပြီး အဆက်အသွယ်မရပါက အသိပေးဆက်သွယ်ဖို့ ICRC ကြေညာဧရာဝတီ၊ မတ် ၂၂၊ ၂၀၂၁မိသားစုဝင်များထဲမှ တစုံတဦးဖမ်းဆီးခံရ...
23/03/2021
CREDIT
ဖမ်းဆီးခံရပြီး အဆက်အသွယ်မရပါက အသိပေးဆက်သွယ်ဖို့ ICRC ကြေညာ
ဧရာဝတီ၊ မတ် ၂၂၊ ၂၀၂၁
မိသားစုဝင်များထဲမှ တစုံတဦးဖမ်းဆီးခံရပြီး သတင်းမရဘဲ အဆက်အသွယ်ပြတ်နေပါက ကူညီဆောင်ရွက်ပေးနိုင်ရန် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်လိပ်စာသို့ဖြစ်စေ၊ နီးစပ်ရာရုံးများသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ အသိပေးဆက်သွယ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) က ယနေ့ညနေပိုင်းတွင် ကြေညာလိုက်သည်။
ICRC ၏ ဦးစားပေးလုပ်ငန်းစဉ်များထဲတွင် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ၊ အခြားအကြမ်းဖက်မှု အခြေအနေများကြောင့်ဖြစ်စေ ကွဲကွာသွားသူများအကြား မိသားစုအဆက်အသွယ်ပြန်လည်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများလည်း ပါဝင်လျှက်ရှိသည်။
Creditios userတွေ Original hide လို့ရပါတယ်အပြင်သွားရင် ဒါမျိုးလေးလုပ်သွားပါဝင်စစ်လဲဘာappမှမပေါ်ပါဘူးsearch ကနေရှာရင်တောင...
20/03/2021
Credit
ios userတွေ Original hide လို့ရပါတယ်
အပြင်သွားရင် ဒါမျိုးလေးလုပ်သွားပါ
ဝင်စစ်လဲဘာappမှမပေါ်ပါဘူး
search ကနေရှာရင်တောင်မပေါ်ပါဘူး
အဲကောင်တွေဘာမှမသိပါဘူး
အရေးအကြောင်း အပြင်သွားမယ်ဆိုလုပ်သွားလို့ရအောင်ပါ
အဆင်ပြေပါစေ
Good Luck❤️
#အရေးတော်ပုံအောင်ရမည်
မီးပျက်တဲ့အချိန် WiFi ဘယ်လိုသုံးလိုရမလဲ?ယခုလို Mobile Data တွေ ဖြက်တောက်ခံထားရတဲ့အချိန်မှာ WiFi နဲ့ပဲ Internet သုံးကြရပါ...
19/03/2021
မီးပျက်တဲ့အချိန် WiFi ဘယ်လိုသုံးလိုရမလဲ?
ယခုလို Mobile Data တွေ ဖြက်တောက်ခံထားရတဲ့အချိန်မှာ WiFi နဲ့ပဲ Internet သုံးကြရပါတယ်။
WiFi Network အချိုက မီးပျက်ရင် အသုံးပြုလို မရတာကြောင့် မီးပျက်တဲ့အချိန်မှာ WiFi ကို ဘယ်လိုမျိုး အသုံးပြုလိုရသေးလဲ ဆိုတာကို ThiLife ကဝေမျှပေးလိုက်ပါတယ်။
( WiFi တချိုကတော့ မီးပျက်ချိန်မှာပါ ဆက်သုံးလိုရပါတယ်။)
✅အဒီနည်းလမ်းကတော့ WiFi Router စက်ကို Power Bank နဲ့ USB Cable (သို) Type-C Connector တွေ နဲ့ ချိတ်ဆက်သုံးခြင်းပဲ ဖြစ်ပါတယ်။
အမျိုးအစားအနေနဲ့ကတော့ 10000 / 20000 mAh ရှိတဲ့ Power Bank တွေက ပိုပီး အသုံးခံပါတယ်။
( 20000 mAh ဆိုရင် 7နာရီလောက် ထိ အသုံးခံပါတယ်။)
✅လိုအပ်သောပစ္စည်းများ
=================
၁။ WiFi Router
၂။ 10000/20000 mAh ရှိသော Power Bank
၃။ Male Connector/ USB Cable/ Type C Connector
Power Bank တွေက လူတိုင်းမှာ ရှိနေနိုင်တဲ့အပြင် လွယ်လွယ်ကူကူ၀ယ်လိုရတဲ့ အရာဖြစ်လို မီးပျက်တဲ့ အချိန် Internet မရလို သတင်းစီးဆင်းမှုမနှောင့်နှေးရအောင် မီးပျက်တဲ့အချိန် WiFi သုံးနည်းကို ဝေမျှပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေကြမယ်လို မျှော်လင့်ပါတယ်။
CRYH က ထုတ်ပြန်အသိပေးခဲ့သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်လုပ်ငန်းစဉ် (၅)ရပ်ကို အများပြည်သူ ပိုမိုရှင်းလင်းစွာ သိရှိ...
19/03/2021
CRYH က ထုတ်ပြန်အသိပေးခဲ့သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်လုပ်ငန်းစဉ် (၅)ရပ်ကို အများပြည်သူ ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် ရုပ်ပုံကားချက်များဖြင့် ရှင်းလင်းချက်အားဖော်ပြလိုက်ပါသည်။
Cr.
PVC pipe နဲ့ ဘယ်လို periscope လုပ်မလဲလိုအပ်သော ပစ္စည်းများအဆစ်ဆက် ပိုက် နှစ်ခုရိုးရိုးပိုက် ( အရှည် 12 လက်မ ကနေ လက်မ ၂၀ ...
19/03/2021
PVC pipe နဲ့ ဘယ်လို periscope လုပ်မလဲ
လိုအပ်သော ပစ္စည်းများ
အဆစ်ဆက် ပိုက် နှစ်ခု
ရိုးရိုးပိုက် ( အရှည် 12 လက်မ ကနေ လက်မ ၂၀ )
မှန်နှစ်ချပ်
ဓားတစ်ချောင်း
ကော်
၁။ အဆစ်ဆက်ပိုက် ကို မှန်ကပ်နိုင်ဖို့ရန် ဖြတ်ပါမယ်
၄၅ degree စောင်းရမှာဖြစ်ပြီး ညီညာဖို့လည်း လိုအပ်ပါတယ်။ ပုံတွင်ပြထားသည့်အတိုင်း အမှတ်အသားပြုလုပ်ပြီး ဖြတ်ရမှာ ဖြစ်ပါတယ်။
၂။ မှန်ကို သင့်လျော်သော အရွယ်အစားပြုလုပ်ပြီး ကော် super glue အစရှိသဖြင့် ကပ်ပါ။
၃။ ရရှိလာသော အဆစ်ဆက်ပိုက်ကို ပိုက် အရှည်တွင် ပုံပါအတိုင်း တပ်ဆင်ပါမယ်။ ပိုက်ရှည်လေ ရလာသော ပုံရိပ်သေးလေကို သတိပြုရပါမယ်။
၄။ Periscope အဖြစ် အသုံးပြုနိုင်ရန် မြင်ကွင်းများရှင်းလင်းစွာ မြင်ရသည်အထိ ပိုက်ခေါင်းနှစ်ခုကို ထိန်းညှိရပါမယ်။
၅။ Then, you will have a functioning periscope.
အောက်ဖော်ပြပါ link မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
https://youtu.be/dOp1EoKh1kA
ပြည်သူ့ဘက်တော်သားများအားလုံး ဘေးကင်းကြပါစေ။
အရေးတော်ပုံ အောင်ရမည်။
Source : YouTube
Post Crd. Original Uploader
အသက်၁၈နှစ်အောက်ကလေးငယ်များဖမ်းခံရပါက ဥပဒေလမ်းကြောင်းအရအကူအညီပေးနိုင်မယ့်နည်းလမ်းများကို UNICEFမှထုတ်ပြန်ထားပါတယ်ဗျ
18/03/2021
အသက်၁၈နှစ်အောက်ကလေးငယ်များဖမ်းခံရပါက ဥပဒေလမ်းကြောင်းအရအကူအညီပေးနိုင်မယ့်နည်းလမ်းများကို UNICEFမှထုတ်ပြန်ထားပါတယ်ဗျ
🔴 ရပ်ကွက်ထဲက ဒလန် (သို့) စစ်သူလျှိုတွေကို ဘယ်လိုဖမ်းမလဲ၁။ စစ်အုပ်စု၏ ထောက်လှမ်းရေး ကွန်ရက်အကြောင်းထောက်လှမ်းရေး လုပ်ရာတွ...
16/03/2021
🔴 ရပ်ကွက်ထဲက ဒလန် (သို့) စစ်သူလျှိုတွေကို ဘယ်လိုဖမ်းမလဲ
၁။ စစ်အုပ်စု၏ ထောက်လှမ်းရေး ကွန်ရက်အကြောင်း
ထောက်လှမ်းရေး လုပ်ရာတွင် လူအသုံးပြု ထောက်လှမ်းခြင်း (HUMINT)၊ ဆက်သွယ်ရေးလမ်းကြောင်းကို ကြားဖြတ် နားထောင်၍ ထောက်လှမ်းခြင်း (SIGINT) နှင့် ဆိုက်ဘာ ထောက်လှမ်းခြင်း (CYBINT) စသည်ဖြင့် ထောက်လှမ်းရေး နည်းလမ်း အများအပြားရှိပါသည်။ ဖက်စစ် စစ်အုပ်စုသည် လူအင်အား အသုံးပြု၍ ထောက်လှမ်းသည့် နည်းလမ်းကို အဓိက လုပ်နေပါသည်။ ဆန္ဒပြပွဲ ခေါင်းဆောင်များနှင့် တက်ကြွ လှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်း၍ သတ်ဖြတ်ရာတွင် ဒလန် ခေါ် စစ်သူလျှိုများမပါဘဲ စစ်အုပ်စု မလုပ်နိုင်ပါ။
စစ်အုပ်စုသည် လူအသုံးပြု ထောက်လှမ်းရေး ကွန်ရက်ကို အသုံးပြု၍ ပြည်သူများကို ဖိနှိပ် ညှင်းပန်းခဲ့သည့် သာဓကများ ရှိပါသည်။ ယခင်က ခင်ညွှန့်ဦးဆောင်သည့် စစ်ထောက်လှမ်းရေးအဖွဲ့သည် ဒီမိုကရေစီအရေးအတွက် လှုပ်ရှားသူများကို ခြေရာခံ၍ ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ယခုအခါတွင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများကိုဖမ်းဆီးရန် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) လက်အောက်ခံ ဒလန် ခေါ် စစ်သူလျှိုများကို မြို့ရွာရပ်ကွက်များတွင် ဖြန့်ကျက်ချထားပြီး ဖြစ်သည်။ ဒလန်များ၏ တာဝန်များမှာ
🔻 ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူများကို ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်သား၍ ရဲများကို သတင်းပေးခြင်း
🔻 ရဲများမှ ဖမ်းဆီးချင်သည့် လူများ ၎င်းနေထိုင်ရာရပ်ကွက်သို့ လာရောက် တိမ်းရှောင်ပါက သတင်းပေးခြင်း
🔻 ရဲများ ရပ်ကွက်အတွင်းသို့ ဝင်စီးသည့်အခါ ၎င်းတို့ ဖမ်းချင်သည့် သူများရှိရာ နေအိမ်ကို ပြသခြင်း တို့ဖြစ်သည်။
၂။ ဒလန်များကို မည်သို့ရှာမည်နည်း။
ဒလန်များကြောင့် ဆန္ဒပြသူများစွာ ဖမ်းဆီး သတ်ဖြတ်ခံနေရသောကြောင့် ဒလန်တွေကို ဖော်ထုတ်ရန် မဖြစ်မနေ လိုအပ်လာသည်။ ဆိုရှယ်မီဒီယာပေါ်တွင် ဒလန်မဟုတ်သူများကို ဒလန်ဟု စွပ်စွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ နစ်နာရပါသည်။ ထို့ကြောင့် ဒလန်များကို ထိထိရောက်ရောက် ဖော်ထုတ်ရန် အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်နိုင်သည်။
⭕️ ဒလန် ရှာဖွေရန် အဖွဲ့ ဖွဲ့ခြင်း
◾️ ဒလန်ဖော်ထုတ်ရာမှာ ရပ်ကွက်ရဲ့ ထောက်ခံ‌မှု အပြည့်အဝ လိုအပ်ပါသည်။ သို့သော် ရပ်ကွက်က လူရာပေါင်းများစွာ တစ်ယောက်တစ်ပေါက် ဆုံးဖြတ်လျှင် တွင်တွင်ကျယ်ကျယ် အလုပ်မလုပ်နိုင်ပါ။
▪️ထို့ကြောင့် ရပ်ကွက်တိုင်းတွင် ဒလန်ရှာဖွေရန် အဖွဲ့ကို အဖွဲ့ဝင် မဂဏန်းဖြင့် ဖွဲ့ပါ ( လူ ၅ယောက်၊ ၇ ယောက်၊ ၉ ယောက်ပါဝင်သော ကော်မတီ)။ ထိုအဖွဲ့ကို ရပ်ကွက်ထဲရှိ လူတွေက မဲပေးရွေးချယ်နိုင်ပါသည်။ ဒီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ရပ်ကွက်မှ လူများက လိုက်နာရမည်။
⭕️ မည်သူသည် ဒလန်နည်း
▪️ ဒလန်ရှာဖွေသောအခါ “မည်သူမဆို အပြစ်ရှိကြောင်း သက်သေမရှိသရွှေ့ အပြစ်ကင်းသည်” ဆိုသော ဥပဒေသမားများ၏ လက်သုံးစကားကို လိုက်နာရပါမည်။ ဆိုလိုသည်မှာ သံသယဝင်သောကြောင့် လူတစ်ယောက်ကို ဒလန်ဟု မသတ်မှတ်သင့်ပါ။ ထို့အပြင် ရုပ်ရည် မသန့်ပြန့်သောကြောင့်၊ အသားမဲသောကြောင့်၊ လူစိမ်းဖြစ်သောကြောင့် ဒလန်အဖြစ် မသတ်မှတ်သင့်ပါ။
▪️ ဒလန်များတွင် တူညီသော အချက်များရှိသည်။ ၎င်းတို့မှာ လူအများ ထင်သာမြင်သာအောင် မနေပဲ စစ်အုပ်စုအတွက် အချက်အလက်များ စုဆောင်းနေခြင်း ဖြစ်ပါသည်။ ဒလန်များသည် လူထု ဆူပူစေရန် သွေးထိုးလှုံ့ဆော်သော သူများ မဟုတ်ပါ။
▪️ ၎င်းတို့၏ တာဝန်သည် နေ့ဘက် ဆန္ဒပြချိန်တွင် တိုးတိုးတိတ်တိတ်နေပြီး မည်သူခေါင်းဆောင်ဖြစ်သည်၊ မည်သည့်နေရာတွင် နေသည် စသော အချက်အလက်များကို မှတ်သားထားပြီး ညဘက် ရဲဖမ်းရာတွင် ထိုသူနေထိုင်သည့် နေအိမ်ကို လိုက်ပြလေ့ ရှိကြသည်။
▪️ ထို့ကြောင့် ရပ်ကွက်တွင် ဆန္ဒပြနေစဉ် ဆန္ဒပြသူများ၏ မျက်နှာပေါ်အောင် ဓာတ်ပုံ၊ ဗီဒီယိုလိုက်ရိုက်နေသော သူသည် ဒလန် ဖြစ်နိုင်ပါသည်။ ထို့အပြင် ယခင်က စစ်အုပ်စုနှင့် ကြံ့ဖွံ့ပါတီဖြင့် အဆက်အသွယ်ရှိသူများသည်လည်း ဒလန် ဖြစ်နိုင်ပါသည်။
⭕️ ဒလန်ကို ဖမ်းခြင်း
▪️ လူတစ်ယောက်အား ဒလန်ဟု သံသယရှိပါက ရပ်ကွက်နေသူများက ထိုသူကို ထိန်းသိမ်း၍ ဒလန်ရှာဖွေရေး အဖွဲ့ရှေ့မှောက်ထံသို့ ပို့ပေးရမည်။
▪️ ဖမ်းဆီးသောအခါ ရပ်ကွက်နေပြည်သူများကို ရန်ပြု တိုက်ခိုက်ခြင်း မရှိပါက ထိုသူကို ရိုက်နှက် ကန်ကျောက်ခြင်း မလုပ်ရ။ ဒလန်ဟု သံသယရှိသောသူသည် အပြစ်ရှိကြောင်း သက်သေမရှိသေး‌သောကြောင့် ထိုသူကို အပြစ်သားသဖွယ် မဆက်ဆံသင့်ပါ။
▪️ ဒလန်ဟု သံသယရှိသူအား ၎င်းကို စစ်ဆေးရန် ဒလန်ရှာဖွေရေး တာဝန်ပေးထားတဲ့ အဖွဲ့ဝင်တွေထံသို့ ခေါ်သွားဖို့သာဖြစ်ကြောင်း ငြိမ်းချမ်းစွာ ပြောပြပါ။
၃။ တရားစီရင်ခြင်း
တရားစီရင်ရေးအာဏာကို စစ်အုပ်စုက သိမ်းပိုက်လိုက်သည့်အတွက် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ တရားစီရင်နိုင်သည်။ သို့သော် တရားစီရင်ရာတွင် အောက်ပါ စည်းမျဉ်းနှစ်ရပ်ကို လိုက်နာရမည်။
🔻 မည်သူမဆို အပြစ်ရှိကြောင်း သက်သေမရှိသရွှေ့ အပြစ်ကင်းသည်။
🔻 လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာရမည်။
⭕️ သံသယရှိသူကို စစ်ဆေးခြင်း
▪️ဒလန်ရှာဖွေရန် ဖွဲ့ထားသည့် အဖွဲ့မှသာ သံသယရှိသူများကို စစ်ဆေးနိုင်သည်။ ကျန်သည့် ဘေးလူများအနေဖြင့် ဝင်ရောက် ဆွေးနွေး ဆုံးဖြတ်ခြင်း မလုပ်ရ။
▪️ဘေးလူများ တစ်ယောက်တစ်ပေါက် ဝင်ပြောခြင်း မဖြစ်စေရန် ဒလန်ရှာဖွေရေး အဖွဲ့ဝင်များသည် ဖြစ်နိုင်ပါက သံသယရှိသူကို အခန်းလွတ် တစ်ခန်းထဲ ခေါ်ထားသင့်သည်။ ထို့နောက် သံသယရှိသူ၏ ကိုယ်ရေးအချက်အလက်ကို မေးမြန်း မှတ်တမ်းတင်ပါ။
▪️သူခိုးသည် ခိုးကြောင်း ဝန်ခံဖို့ ခက်သလို သံသယရှိသူသည် ဒလန်ဖြစ်သည်ဟု ဝန်ခံမည် မဟုတ်ပါ။ ထို့ကြောင့် ၎င်း၏ ဖုန်းကို ယူစစ်ပါ။ ယခုအခါ ဒလန်များသည် အထက်သို့ သတင်းပို့သည့်အခါ ကိုယ်ပိုင်ဖုန်းများကို တွင်ကျယ်စွာ သုံးကြပါသည်။
▪️ဖုန်းတွင် ဓာတ်ပုံ၊ ဗီဒီယိုများ ထားရှိရာ Gallery၊ ဖုန်းခေါ်ဆိုထားမှုကို ပြသည့် call log၊ Viber၊ Messenger စသည်တို့ကို စစ်ဆေးပါ။ ၎င်း၏ Facebook ကိုလည်း ကြည့်ရှုစစ်ဆေးပါ။
▪️ထိုသို့ စစ်ဆေးမှုအရ ဆန္ဒပြသူများ၏ ဓာတ်ပုံ၊ ဗီဒီယိုများကို ရဲများ စစ်သားများထံသို့ ပေးပို့ခြင်း၊ ဆန္ဒပြသူများ၏ အမည်၊ နေရပ်လိပ်စာ စသည်တို့ကို ရဲနှင့် စစ်သားများကို လက်ထောက်ချထားသည့် သက်သေများ တွေ့ပါက သံသယရှိသူကို ဒလန်ဟု သတ်မှတ်နိုင်သည်။
▪️ဖုန်းခေါ်ဆိုထားမှု မှတ်တမ်းနှင့် မက်ဆေ့ခ်ျများတွင် သံသယရှိသူသည် လဝ (လျှို့ဝှက်)၊ စအဖ (ဗက (ဗိုလ်ကြီး)၊ ဗမ (ဗိုလ်မှူး)၊ ရကရ (ရန်ကုန်ရဲ)၊ ဒစက (ဒေသဆိုင်ရာစစ်ကွပ်ကဲရေး)၊ စဖရ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ )စသည့် စကားလုံးများသုံးထားပါက စစ်အုပ်စုနှင့် ဆက်သွယ်နေခြင်း ဖြစ်သည်။
▪️ဒလန်ဖြစ်သည်ဟု လုံလောက်သော သက်သေမရှိပါက သံသယရှိသူကို လွှတ်ပေးရမည်။ သက်သေအထောက်အထား ရှိပါက ဒလန်ကို အပြစ်ပေးရမည်။
⭕️ ဒလန်ကို အပြစ်ပေးခြင်း
▪️ဒလန်ကို အပြစ်ပေးသည့်အခါ လူသားဂုဏ်သိက္ခာ ညိုးနွမ်းအောင် မလုပ်ရပါ။ ၁၉၈၈ တွင် လူစိမ်းများကို ခေါင်းဖြတ်သတ်ဖြတ်ခြင်းကြောင့် တော်လှန်ရေးတွင် လူထုယုံကြည်မှု လျော့ကျသွားသည်။ ၂၀၂၁ တွင် ထိုသို့ မဖြစ်စေရန် သတိထားပါ။▪️ဒလန်ကို ၎င်းနေထိုင်ရာ ရပ်ကွက်မှ နှင်ထုတ်ခြင်း၊ ၎င်းနေထိုင်သည့်အိမ်ကို ချိတ်ပိတ်ခြင်းများကို လုပ်ဆောင်ပါ။ ဒလန် ဖုန်းထဲမှ လိုအပ်သည့် အချက်အလက်များ ရရှိပြီးသည့်အခါ စစ်အုပ်စုနှင့် ဆက်သွယ်ခြင်း မလုပ်နိုင်ရန် ဖုန်းကို သိမ်းဆည်း သို့မဟုတ် ဖျက်စီးလိုက်ပါ။ ဒလန်ကို လုံးဝ ပြန်မပေးပါနှင့်။
▪️ရက်ရှည်လများ ချုပ်နှောင်ထားရန် လုပ်သည့်အခါ အစာ‌ရေစာ လုံလုံလောက်လောက်ပေး၍ စောင့်ကြည့်မည့ အစောင့် တစ်ဦးထားပါ။ လိုအပ်ပါက ထွက်မပြေးနိုင်ရန် ခြေကျင်းစွပ်ခြင်း လုပ်နိုင်သည်။
၎။ အခြားရပ်ကွက်များသို့ သတင်းပေးခြင်း
▪️ဒလန်များသည် အုပ်စုလိုက် လှုပ်ရှားလေ့ရှိကြသည်။ ထို့ကြောင့် ဒလန်တစ်ယောက်ကို တွေ့ရှိပါက အခြား ဒလန်များကိုလည်း ရှာတွေ့နိုင်သည်။
▪️ဒလန်၏ ဖုန်းရှိ Viber သို့မဟုတ် Messenger တွင် ဒလန် ကွန်ရက်များ ရှိမရှိ ရှာဖွေပါ။ ဒလန်ကွန်ရက်များတွေ့ပါက ဒလန်များနှင့် ဒလန်များကို ကြီးကြပ်သော ရဲနှင့် စစ်သားများ၏ ဖုန်းနံပါတ်၊ ဓာတ်ပုံများကို လူအများသိစေရန် Facebook မှ ဖြစ်စေ၊ Messenger မှဖြစ်စေ ဖွင့်ချပါ။ သို့မဟုတ် သက်ဆိုင်ရာ ရပ်ကွက်ရှိ လူများကို ထိုသူတို့၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်များ ပို့ပါ။
▪️ဤသို့လုပ်ဆောင်ခြင်းဖြင့် အခြားရပ်ကွက်မှ ဒလန်များကိုလည်း ရပ်ကွက်နေ ပြည်သူများက အရေးယူနိုင်မည်။
Credit : BBP - Resistance
အခုလို နိုင်ငံရေး မငြိမ်သက်ချိန်မှာ "Emergency Bag" အဆင်သင့်ပြင်ထားပါ။ 🚨၁) မှတ်ပုံတင်များ၂) သန်းခေါင်စာရင်း၃) အိမ်စာချုပ...
16/03/2021
အခုလို နိုင်ငံရေး မငြိမ်သက်ချိန်မှာ "Emergency Bag" အဆင်သင့်ပြင်ထားပါ။ 🚨
၁) မှတ်ပုံတင်များ
၂) သန်းခေါင်စာရင်း
၃) အိမ်စာချုပ် (သို့) အရေးကြီးစာရွက်စာတမ်းများ
၎) အဖိုးတန်လက်ဝတ်လက်စားများ၊
၅) ငွေများ၊ ဘဏ်စာအုပ်များ၊
(၆) မိသားစု အားလုံးရဲ့ အဝတ် (၂စုံ)စီ
(၇)ဆေးစာအုပ်
(၈) မိသားစုအတွက် မပါမဖြစ်ပါရမယ့် ဆေးဝါးတွေပါ အပိုထည့်ထား၊ ဥပမာ - ပန်းနာရင်ကျပ်သမား၊ TB သမား၊ ကင်ဆာရောဂါသည် တို့ရဲ့ဆေးတွေကိုပြောတာပါ။ ဘိုင်အိုဂျက်ဆစ်တို့၊ ပါရာဆီတမောတို့ ရှူဆေး၊ပလာစတာ၊ဒဏ်ရာထည့်တဲ့ဆေး၊ပတ်တီး၊ကတ်ကြေး
(၉) လက်သန့်ဆေးဆေးရည် Mask
(၁၀) Daily pads ၊tissues ၊ wet tissues
(၁၁)တာရှည်ခံမုန့်ခြောက်၊ခေါက်ဆွဲခြောက်၊ရေ၊ရေသန့်ဆေးရည်
(၁၂)ဓာတ်မီး၊ဓာတ်ခဲ၊၊ဖယောင်းတိုင်၊မီးခြစ်
(၁၃)ဖုန်းအားသွင်းကြိုး၊power bank
(၁၄)ခြေအိတ် (ဖိနပ်မရှိတော့ရင်တောင်ခြေအိတ်နဲ့ဆို ဒဏ်ရာရနည်းန်ုင်သေးပါတယ်)
(၁၅)မောင်းချဓား၊ကတ်ကြေး(အနည်းဆုံးကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ရယ်၊ပိတ်မိနေရင် တစ်ခုခုအသုံးဝင်နိုင်ပါတယ်
(၁၆)မိုးကာ(နေရာထိုင်ခင်းအတွက်)
(၁၇)ရေဒီယို
(၁၈) whistle
အရမ်းအလေးကြီး မထည့်ပါနဲ့၊ မနိုင်ရင် လူကော ပစ္စည်းရော အန္တရယ်များပါတယ်
လွယ်အိတ်or cross body bag နဲ့ထည့်တာအကောင်းဆုံးပါ။
Crd.
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် နှင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး(Military Administratio...
15/03/2021
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် နှင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး(Military Administration)စနစ်
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ်နှင့် အာဏာတည်ဆဲအစိုးရတစ်ရပ်သည် တပ်မတော်အား ခေတ္တအုပ်ချုပ်ရေး လွှဲပြောင်းပေးသဖြင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး (Military Administration) )စနစ် တို့ မတူပေ။
စစ်ဥပဒေအရအာဏာကျင့်သုံးမှုစနစ် (Martial Law) သည် စစ်မြေပြင်တွင် တပ်မှူးကအာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူ ကျင့်သုံးခွင့်ရှိသည့် အာဏာမျိုးဖြစ်သည်။
စစ်အာဏာပိုင်များအနေဖြင့် အခြေခံဥပဒေကို ထောက်ထားခြင်း၊ အထက်အဆင့်ဆင့် တင်ပြအစီရင်ခံခြင်း၊ အခွင့်အာဏာရယူခြင်းများ လုပ်ဆောင်စရာမလိုဘဲ၊ မိမိကိုယ်တိုင် တာဝန်ခံဆုံးဖြတ် လုပ်ဆောင်နိုင်သည့် အခြေအနေကို မာရှယ်လောဟုခေါ်သည်။
စစ်အာဏာပိုင်များအထက်တွင် မည်သည့် အာဏာပိုင်အဖွဲ့အစည်းမျှမရှိဆိုသည့် သဘောမျိုးဖြစ်သည်။
စစ်အုပ်ချုပ်ရေးစနစ် (Military Administration) ဆိုသည်မှာ အခြေခံဥပဒေအရ လွှဲပြောင်းတာဝန်ပေးအပ်ရခြင်းဖြစ်ပြီး မာရှယ်လောနှင့် များစွာကွာခြားသည်။
စစ်အုပ်ချုပ်ရေးစနစ်သည် အဖွဲ့ဖြင့် အုပ်ချုပ်ရခြင်းဖြစ်ပြီး ထိုအဖွဲ့သည် အခြေခံဥပဒေ၏ ထိန်းချုပ်မှုကိုခံယူရပါသည်။ စစ်အာဏာပိုင်များ၏အထက်တွင် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ် ရှိနေသေးသည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် မာရှယ်လောကျင့်သုံးရလောက်အောင် အခြေအနေဆိုးရွားနေပါက မာရှယ်လောထုတ်ကာ အုပ်ချုပ် လေ့ရှိကြသည်။
မာရှယ်လောအမှန်တကယ်ကျင့်သုံးလျှင် အခြေခံဥပဒေကို ဘေးဖယ်ထားခြင်းခံရတတ်သည်။
အခြေခံဥပဒေမှ လိုအပ်သည်များကို သုံးကောင်းသုံးနိုင်သော်လည်း စစ်အာဏာပိုင်များအပေါ်တွင် မည်သည့်အဖွဲ့အစည်းကမှ လွှမ်းမိုးထိန်းချုပ်၍ မရပေ။
စစ်အာဏာ ပိုင်များအပေါ်တွင် လုံးဝအာဏာတည်ပြီး အခြေအနေ အချိန်အခါ လိုအပ်ချက်အရ စစ်အာဏာပိုင်များက မှန်ကန်သည်ဟု ယူဆလျှင် အမိန့်၊ ကြေညာချက်များထုတ်ပြန်ပြီး အာဏာကိုကျင့်သုံးပိုင်ခွင့်ရှိ သည်။
မာရှယ်လောကိုကျင့်သုံးလျှင် ထုတ်ပြန်သည့် အမိန့်နှင့်ဥပဒေ များကို မလိုက်နာသူမရှိရလေအောင် လုပ်ပိုင်ခွင့်အာဏာများ ပေးထားတတ်သည်။
မာရှယ်လောကို မည်မျှအထိအခွင့်အာဏာပေးထားသနည်းဆိုသော် စိတ်စေတနာအမှန်ဖြင့် ယုံကြည်ချက်အတိုင်း ဆောင်ရွက်သည့်အတွက် မှားယွင်းသွားခြင်းဖြစ်လျှင်လည်း ခွင့်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားချက်များတွေ့ရသည်။
မာရှယ်လောကျင့်သုံးလိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးချင်း ကာကွယ်နိုင်၊ ရယူနိုင်သည့်အခွင့်အရေးများ ရပ်ဆိုင်းသွားတတ်သည်။
ထို့ကြောင့် မာရှယ်လောဆိုသည်မှာ ပြင်းထန်သည့် စီရင်ခွင့်တစ်ခုဟုဆိုနိုင်သည်။
မာရှယ်လောအရ ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး နစ်နာခဲ့သူတစ်ဦးသည် နောင်အစိုးရလက်ထက်တွင် အရပ်ဘက်တရားရုံးများမှ အမှုဖွင့် တိုင်တန်းခွင့်၊ စုံစမ်းစစ်ဆေး ခွင့်လည်းမရှိပေ။
ထို့ကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်သည်ဆိုလျှင် ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသော အကန့်အသတ်မဲ့အာဏာဟူ၍ ပြောနိုင်သည်။
ထို့ကြောင့် မာရှယ်လောသည် စစ်အုပ်ချုပ်ရေးထက် အဆပေါင်းများစွာ ပြင်းထန် သည်ဟုဆိုနိုင်သည်။
(Credit-ကျမ်းကိုး)ဆရာမဒေါ်လှလှမော်
အင်တာနက်ပျက်သွားရင် အချင်းချင်း ဘယ်လိုဆက်သွယ်မလဲ❓ CREDITအဖြေကတော့ အင်တာနက်မလိုတဲ့ Mesh Network Connection ပဲဖြစ်ပါတယ်။ ဒ...
15/03/2021
အင်တာနက်ပျက်သွားရင် အချင်းချင်း ဘယ်လိုဆက်သွယ်မလဲ❓ CREDIT
အဖြေကတော့ အင်တာနက်မလိုတဲ့ Mesh Network Connection ပဲဖြစ်ပါတယ်။
ဒီ mesh network နဲ့ပဲ ဟောင်ကောင် protest တုန်းကလည်း အချင်းချင်းရော public ကိုပါ ဆက်သွယ်မှုတွေပြုလုပိခဲ့တာပါ။
Bridgefy mesh network က Bluetooth connection နဲ့တင်အလုပ်လုပ်တာပါ။ တော်တော်များများက internet ပျက်သွားတုန်းက bridgefy ကိုစမ်းသုံးပေမယ့် မရလို့ဆိုပြီး ဆက်မသုံးဖြစ်ပါဘူး။
Bridgefy အလုပ်လုပ်ဖို့က -
✅Bluetooth on ထားရပါမယ်
✅အင်တာနက်ရှိတုန်း အနည်းဆုံး တစ်ကြိမ်တော့ အချင်းချင်း Bridgefy ကိုဖွင့်ဖူးရပါမယ်
✅Bridgefy latest version ရှိရပါမယ် (Update လုပ်ထားလား စစ်ပါ)
✅ပေ 330 (100 မီတာ) အတွင်းမှာ ရှိရပါမယ်
ဒါဆို ပေ 330 ကျော်ရငိ အလုပ်မလုပ်တော့ဘူးလား❓
နောက်ဆုံးပုံမှာပြထားသလိုပဲ အဝေးကြီးမှာရှိနေတဲ့ device ထိကိုလည်း ဆက်သွယ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်း ၂ လုံးထဲမှာပဲ Bridgefy ရှိနေလို့မရပါဘူး။
လူတိုင်း အိမ်တိုင်း နေရာတိုင်းမှာ Bridgefy ဖွင့်ထားရင် ဖုန်းတွေက အချင်းချင်း ချိတ်ဆက်ပြီး ဆက်သွယ်မှုတွေပြုလုပ်နေလို့ရမှာဖြစ်ပါတယ်။
ဒါကြောင့် အရေးကြီးတာက လူတိုင်းဆီမှာရှိနေမှ mesh network က အလုပ်လုပ်မှာပါ။
ညီစေနော်!
Please feel free to REPOST AND SHARE.
🚨လှိုင်သာယာ အတွက် 🚨 CREDITအသက်အန္တရာယ် အရမ်း ရှိပြီး ခွဲစိတ်ရမည့် ဒဏ်ရာဆိုပါက လှိုင်တော်ဝင် ဆေးရုံ သို့ သွားပါသာမာန် အနာတ...
15/03/2021
🚨လှိုင်သာယာ အတွက် 🚨 CREDIT
အသက်အန္တရာယ် အရမ်း ရှိပြီး ခွဲစိတ်ရမည့် ဒဏ်ရာ
ဆိုပါက
လှိုင်တော်ဝင် ဆေးရုံ သို့ သွားပါ
သာမာန် အနာတရ ဆိုပါက
အောင်မေတ္တာ ဓမ္မာရုံမှာ medical team လုပ်ထားပြီးသားပါ
🚑 လှိုင်သာယာ အရေးပေါ်ကားလိုရင် 🚑
( 09-420318317 )ယခု Ph-no ကိုဆက်ပေးပါနော်
ကူညီဖို့အဆင်သင့်ပါ ဖြစ်တဲ့နေရာလေးကို အတိအကျပြောပေးပါနော်
💊💉 လိုင်သာယာဆေးအကူလိုရင်ဆက်သွယ်ပါ
☎️( 09962907865 )
လှိုင်သာယာ အရေးပေါ်ကားလိုရင်
09-420318317 ကိုဆက်ပေးပါ
ကူညီဖို့အဆင်သင့်ပါ
ဖြစ်တဲ့နေရာလေးကို အတိအကျ
ပြောပေးပါ
လှိုင်သာယာ ၁၁ ကွေ့ ဘောလုံးကွင်း
အနီးမှာMedical Team ရှိပါတယ်
Ph no- 09972896471
လိုင်သာယာဆေးအကူလိုရင်
ဆက်သွယ်ပါ
Ph no- 09962907865
လှိုင်သာယာ အတွက်
အသက်အန္တရာယ် အရမ်းရှိပြီး
ခွဲစိတ်ရမည့် ဒဏ်ရာဆိုပါက
လှိုင်တော်ဝင် ဆေးရုံသို့သွားပါ။
သာမာန် အနာတရဆိုပါက
အောင်မေတ္တာ ဓမ္မာရုံမှာ medical
team လုပ်ထားပြီးသားပါ။
Sharing is caring
တစ်နိုင်ငံလုံးရပ်ကွက်မြို့နယ်အတွင်းခံစစ်အပြီးဆောက် ❗️❗️❗️ ရေစိုတဲ့သဲအိတ်တွေချတာ ကွန်ကရစ်တုံး ချတာတွေကတော့ ဉာဏ်ရှိသလိုသာ ...
15/03/2021
တစ်နိုင်ငံလုံးရပ်ကွက်မြို့နယ်အတွင်း
ခံစစ်အပြီးဆောက် ❗️❗️❗️
ရေစိုတဲ့သဲအိတ်တွေချတာ ကွန်ကရစ်တုံး ချတာတွေကတော့ ဉာဏ်ရှိသလိုသာ စီမံကြပါ။ ရပ်ကွက်မြေပင်အနေအထားပေါ် မူတည်ပီး ပြောင်းလဲ လို့ရတယ်။
အရေးကြီးတာက သဲအိတ်ဘန်ကာ တန်း တခုနဲ့တခုကြားမှာ ဆူးညောင့်တွေ ဖန်ပုလင်းကွဲစတွေကို ကိုယ် ဆုတ်ခွာတဲ့အခါ ပစ်ချ ထားခဲ့ဖို့ပဲ။
အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးအရာ ၂ ခုကို ဖော်ပြပါမယ်။
အဲ့တာကတော့ ဆောက်လုပ်ရေး ငြမ်း ကို ကွန်ကရစ် ပြား ကပ်ပီး defense ရော Attack ပါ တွဲလုပ်လို့ရတယ် ဆိုတာပါ။
ငြမ်းမှာ ကွန်ကရစ်ပြား ၂ ခု ရှေ့နောက် ကပ်ထားတယိ။ ကွန်ကရစ်ပြားကို မလောင်းခင်မှာ နောက်ခံ ဖရိန်နဲ့တွဲဖို့ Bolt n Nut ကို တခါတည်း ထည့်လောင်းပေးပါ။ ပီးမှ နောက်ခံဖရိန်မှာ Drill နဲ့အပေါက်‌ဖောက်ပီး တွဲချုပ်ပါ။
တကယ့်လက်တွေမှာ အဲ့ weight ကို လူတွေ အလွယ်တကူ တွန်းလို့ရမရ ဆန်းစစ်ရပါမယ်။ အောက်ခံဘီးကို ကားတာယာ လိုပုံစံမျိုး modify ပြန်လုပ်ရမယ်။ ဘီးနဲနဲ ကြီးမှ ရွေ့တာ ပိုအဆင်ပြေမယ်။ ဘီးသေးရင် weight ပိနေပြီး ရွေ့ရတာ ခက်မယ်။ ကြာမယ်။ ငြမ်းအပေါ်မှာ သစ်သားပြားခင်းပီး attack အတွက် စဉ်းစားနိုင်တယ်။ attack က မဖြစ်မနေ လိုပါတယ်။ Attack မပါပဲ လုံးဝ မထွက်ပါနဲ့။
နောက်တခုက လက်တွန်းလှည်း ပါ။ သဲအိတ်နဲ့ ကားတာယာ ကို ပုံပါအတိုင်း စီမံနိုင်ပါတယ်။ ပိုကောင်းတာက ပတ်လည်ကို သံဇကာခြင်း ပုံစံ ဝရိန် တို့ လိုက်ပါ။ အဲ့ထဲမှာမှ သဲအိတ်နဲ့တာယာ ထည့်ပါ။ တကယ်ပြေးတဲ့အခါ သဲအိတ်က စီ ထားရင် ဘေးကို ရွေ့ပြီး လမ်းပေါ်ပြုတ်ကျနိုင်တယ်။ ဒါကြောင့် သံဇကာခြင်းပုံစံလုပ်ဖို့လိုတယ်။
တရားသောတိုက်ပွဲ နိုင်ရမည်။
(ပုံနဲ့စာကို တွဲလျက် ကူးယူ ဖော်ပြပေးပါ။ ပုံချည်း ပါသွားရင် စာပါအညွန်း ကို နားလည်မှာ မဟုတ်တော့လို့ပါ
ကူးပီး တင်ပေးကြပါ)
Wifi မရရင် ဘာလုပ်မလဲ ‼️ CREDITဖုန်းအင်တာနက်တွေလည်း ဖျက်ထားပြီး မကြာသေးခင် wifi ဖျက်မယ်လို့လည်းကြားရပါတယ်။ကောလဟလ ဖြစ်စေ အ...
15/03/2021
Wifi မရရင် ဘာလုပ်မလဲ ‼️ CREDIT
ဖုန်းအင်တာနက်တွေလည်း ဖျက်ထားပြီး မကြာသေးခင် wifi ဖျက်မယ်လို့လည်းကြားရပါတယ်။
ကောလဟလ ဖြစ်စေ အမှန်ဖြစ်စေ ကြိုတင်ပြင်ဆင်ထားဖို့ပါ။
အမှန် တကယ် Wifi မရခဲ့ရင်
video record ယူပါ။
Video ကို Horizontal အလျားလိုက်ရိုက်ပါ။
record ယူရင်း စကားပြောဖို့အခွင့်သာခဲ့ရင် ဘယ်ရက် ,ဘယ် အချိန် ,ဘယ်သူတွေကို ဘာလုပ်နေပါတယ်လို့ ပြောပေးပါ။
စကားပြောဖို့ အခွင့်မသာခဲ့ရင် အသေအချာ အချိန် ,နေရာ,ဖြစ်ရပ်တွေကို မှတ်သားထားပြီး internet ပြန်ရချိန်မှာ မှန်ကန်တဲ့ media တွေဆီ ရောက်အောင်ပို့ပါ။
CCTV ရှိတဲ့သူများလည်း CCTV ဖွင့်ထားကြပါ။
ဓာတ်ပုံရိုက်မည်ဆိုပါက effect တွေ
မထည့်ပဲ original cameraနဲ့သာရိုက်ပါ။
အချို့ phoneတွေက original camera နဲ့ ရိုက်လျှင် Date,Time auto ပါ ပါတယ်။
နောက်ထပ်အကြံညဏ်လေးတွေရှိရင်ပေးကြပါ လို့ မေတ္တာရပ်ခံပါတယ်။
.
ရန်ကုန်မှာ အခြေစိုက်တဲ့ တရုတ် နိုင်ငံသား အပြည့်အဝပိုင် ပြည်ပ ကုမ္ပဏီစာရင်းကို ရသလောက် စုပေးထားပါတယ်။ လိုအပ်သလို ဆက်လက် ဆ...
14/03/2021
ရန်ကုန်မှာ အခြေစိုက်တဲ့ တရုတ် နိုင်ငံသား အပြည့်အဝပိုင်
ပြည်ပ ကုမ္ပဏီစာရင်းကို ရသလောက်
စုပေးထားပါတယ်။ လိုအပ်သလို ဆက်လက် ဆောင်ရွက် နိုင်ကြပါတယ်။
◾ လှိုင်သာယာ
🇨🇳 CHINA JIANGSU SANHE GROUP MYANMAR SHOES COMPANY LIMITED
မြေကွက် အမှတ် ၁၇၉၊ စက်မှုဇုန် အမှတ် ၂၊ လှိုင်သာယာမြို့နယ်။
🇨🇳 P & S UNION GROUP CO.,LTD (CHINA)
အမှတ် ၃၉၆၊ မြေကွက် အမှတ် ရလပ-၂၅၊ ရွှေလင်ပန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်။
🇨🇳 ENJOY FASHION COMPANY LIMITED (CHINESE)
မြေကွက် အမှတ် ၁၀၁၊ ၁၄ ရပ်ကွက် (ရွှေသံလွင်)၊ လှိုင်သာယာမြို့နယ်။
◾ ရွှေပြည်သာ
🇨🇳 CHINA PALETTE GARMENT MYANMAR COMPANY LIMITED
မြေကွက် အမှတ် ၁၄၂၊ မြေတိုင်းအမှတ် ၄၉၊ ဝါးတရာ စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်။
🇨🇳 DA CHENG MYANMAR COMPANY LIMITED (CHINESE)
မြေကွက် အမှတ် ၈၈၊ မြေတိုင်းအမှတ် ၅၁၊ စက်မှုဇုန် အိမ်ယာ၊ ရွှေပြည်သာမြို့နယ်။
◾ ကျောက်တံတား
🇨🇳 CHINA UNICOM (MYA) OPERATIONS COMPANY LIMITED
အခန်း အမှတ် ၁၇၀၆၊ ၁၇ ထပ်၊ ဆာကူရာ တာဝါ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတား မြို့နယ်။
◾ မင်္ဂလာဒုံ
🇨🇳 YANCHENG FOOTWEAR COMPANY LIMITED ( CHINA)
မြေကွက် အမှတ် ၈၇၁၊ ရန်ကုန် စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်။
🇨🇳 VUINO GEAR MYANMAR COMPANY LIMITED (CHINESE)
မြေကွက် အမှတ် ၂၅၊ ၂၆၊ မြေတိုင်း ဧရိယာ (၅၂၅/A)၊ ရေစု အနောက်၊ မင်္ဂလာဒုံမြို့နယ်။
◾ ဒဂုံဆိပ်ကမ်း
🇨🇳 FULL STRONG TEXTILE COMPANY LIMITED (CHINESE)
မြေကွက်အမှတ် ၆၉၊ စက်မှုဇုန် အပိုင်း (၂)၊ ဒဂုံဆိပ်ကမ်း မြို့နယ်။
🇨🇳 HUIYUAN GARMENT COMPANY LIMITED (CHINESE)
မြေကွက်အမှတ် ၁၂၆၊ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်။
🇨🇳 MYANMAR YULIN COMPANY LIMITED (CHINESE)
မြေကွက် အမှတ် စီ-၁၀၊ မြေတိုင်းအမှတ် ၁၇၅၊ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်။
◾ တောင်ဒဂုံ
🇨🇳 MYANMAR SUNWAY SHOES LIMITED (CHINESE)
မြေကွက်အမှတ် ၁၁၊ မြေတိုင်း အမှတ် (၁၄၃/၁)၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်။
Crd🙏
14/03/2021
🚨 တောင်ဒဂုံ medical cover team များ🚨
09-770875656
09-767423234
09-977844143
09-757721612
09-421087304
Dr ACM (09 -778524795)
Dr HMC (09-767423234)
Dr SPN (09-770875656)
🚨မြောက်ဒဂုံ ဘေလီ🚨
Medical team & ambulance
09791797577
(NH) Clinic
09887766945
09887766054
09250311652
🚨မ/ဥ Medical Team များ🚨
09-888867180
09-899992218
09-899992281
09-775027749
09-972626184
09-5153822
09-43065446
09-797944777
09-791797577
CREDITစစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင...
14/03/2021
CREDIT
စစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်
အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ
အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ
ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...
ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..
ဝယ်ထား/ဆောင်ထားသင့်တာတွေက
Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)
သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်
ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ
ဒဏ်ရာရတဲ့သူ တွေ့ရင်
(၁) သွေးတိတ်အောင် လုပ်ပါ..
အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..
သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..
အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..
Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ
သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..
ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ
(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..
ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..
နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..
လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..
ဓာတ်ဆားရည် တိုက်ထားပေးပါ..
ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....
နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..
Address
Website
Alerts
Be the first to know and let us send you an email when Never Give Up For Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share