Zarmani Squad

  • Home
  • Zarmani Squad

Zarmani Squad Depeyin People Defence Force (LPDF)
(1)

06/01/2025

နေပြည်တော်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အသုံးပြုလာ
-------------------------
လက်နက်ကိုင်အင်အား နည်းလာသော စစ်တပ်က နေပြည်တော်တွင် ဝန်ထမ်းများကို စစ်သင်တန်းပေး၊ စစ်မှုထမ်းဟောင်းတို့ကို ထုတ်သုံးရုံတင်မက ပြည်သူ့စစ်များဖြင့် လုံခြုံရေး အားဖြည့်ထားသည်။
ယခင်နှစ်ကုန်တည်းက စပြီး ဖွဲ့စည်းလိုက်သည့် နေပြည်တော်ပြည်သူ့စစ်များကို အပြာရင့်ရောင်ယူနီဖောင်းများဝတ်ကာ လက်ကိုင်တုတ်တစ်ချောင်းစီပေး၍ လွတ်လပ်ရေးနေ့ပွဲအတွက် လမ်းမများပေါ် ပွဲထုတ်လာသည်။

နေပြည်တော်မြို့နယ်တစ်ခုလျှင် ပြည်သူ့စစ် ၅၀ ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း ပြည်သူ့စစ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီသည် နေပြည်တော်နှင့် မကွာဝေးသော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပါအဝင် အမြန်လမ်း၊ အနီးတဝိုက်ဒေသများတွင် လက်နက်ကိုင်တော်လှန်သူတို့၏ ထိုးစစ်ဖြင့် ရင်ဆိုင်နေရသည်။ နေပြည်တော် နှင့်အနီးတဝိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလယ်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ တပ်များ အခြေစိုက်လှုပ်ရှားနေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/60162/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

ယင်းမာပင်မြို့နယ်၊ မြို့သစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ ပျက်စီး၊ ကျောက်မှော်ရွာကိုလည်း စစ်တပ် ပစ်ခတ်သော ...
06/01/2025

ယင်းမာပင်မြို့နယ်၊ မြို့သစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ ပျက်စီး၊ ကျောက်မှော်ရွာကိုလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု ပြည်သူ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း တပ်ရင်း ၂၇ သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ယင်းမာပင်မြို့ စိုက်ပျိုး‌ရေးရုံးအတွင်း တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယင်းမာပင်မြို့နယ် မြို့သစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၂ လုံး၊ ဆန်စပါးနှင့် နွားစာများ သိုလှောင်ထားသည့် အဆောက်အဦး ၄ လုံး၊ ထွန်စက် ၁ စီး၊ နွားစာစင်းစက် ၁ ခုံ ၊ ဆိုင်ကယ် ၁ စီးနှင့် စက်ဘီး ၂ စီးတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့အတွင်းကို ပြန်လည်ရောက်ရှိသွားကြောင်း၊ ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယင်းမာပင်မြို့တွင်းမှ ခရီးသွားပြည်သူများ၏ ကားများကို စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်ပြီး ငွေကြေးတောင်းခံမှုများလည်း ပြုလုပ်ကြောင်း သိရသည်။

ထို့ပြင် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာကို ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် အောင်ဇေယျ မြို့သစ်မှ အကြမ်းဖက်စစ်‌ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကျောက်မှော်ကျေးရွာမှ အသက် ၈၉ နှစ် အရွယ်အမျိုးသမီး ၁ ဦး ဘယ်လက် ပြတ်တောက်သွားပြီး အသက် ၉၀ နှစ် အရွယ် အမျိုးသား ၁ ဦး ၊အသက် ၃၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Squad

စစ်ကိုင်းတိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရောက်ရှိနေပြီး ၂၀၂၅ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တ...
06/01/2025

စစ်ကိုင်းတိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရောက်ရှိနေပြီး ၂၀၂၅ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး

ရန်ကုန်၊ ဇန်နဝါရီ ၃

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် စစ်ကိုင်းတိုင်းတွင် ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်အားပေးကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေးခဲ့ကြောင်း၊ အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စသည့် ကစားနည်းများ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့် အတူ ဒေသခံ ပြည်သူများပါ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

"ကချင်ပြည်နယ်နဲ့ စစ်ကိုင်းက တောက်လျှောက် နယ်မြေစိုးမိုးမှုရှိနေပါပြီ။ လေကြောင်းရန် တစ်ခုကလွဲရင် မြေပြင်မှာ တော်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားတာပါ။ ဥဒဟို သွားလာလို့ ရနေပါပြီ။ ထိန်းချုပ် နယ်မြေကလည်း အင်မ တန် ကျယ် ဝန်းပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် မကြာခဏဆိုသလို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိပြီး ယမန်နှစ်အတွင်း စစ်ကောင်စီနှင့် စစ်ရေး ရင်ဆိုင်ထားသော မန္တလေး PDF ၏ ရှေ့တန်းစစ်မျက်နှာပြင်တချို့သို့ပင် သွားရောက်စစ်ဆေးခဲ့မှုများရှိကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တချို့က ပြောဆိုသည်။


Squad

ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံ...
06/01/2025

ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ သည်။

ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလည်ကိုင်းကျေးရွာမှ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ ဆက် လက်ထွက်ခွာလာရာ မှတ်ထိရွာနှင့်မင်းကုန်းကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နံနက် ၇ နာရီအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်သွားပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နှင့် ၃ နာရီ ၃၅ မိနစ်တို့တွင် လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား ၃၀ ခန့်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက် နက် ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက်တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက

01/09/2024

1/9/2024-10:15am
ဒီပဲယင်းမှ စခများ ကံပြားရွာအား
ထပ်မံမီးရှို့နေကြောင်း သတင်းရပါတယ်

Squad

31/08/2024

Breaking News

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စခများမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မူ ( 25.8.24မှ 31 .8.24) ၇ရက်ဆက်တိုက် ပြုလုပ်ကြောင်း သိရပါသည်။( ဘအိုး/မုံလှ/ ပင်ဒင်း/စည်ပုတ္တရာ/ရှားလွင်/သနပ်စိန် )

11:00am
31.8.2024
Squad

နွားထိုးကြီးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ ~~~■ မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာ...
10/08/2024

နွားထိုးကြီးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ
~~~
■ မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့မရဲစခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ရာနေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ မနက်စောစော ၅ နာရီလောက်မှာ စဖြစ်တာ။ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဝင်တိုက်တာ။ ကာကွယ်ရေးတပ်တွေဘက်ကလည်း ထိခိုက်မှုများတယ်လို့ ကြားတယ်။ ထွေအုပ်ရုံးနဲ့ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်။ အခုတော့ လေကြောင်းပစ်ကူလာပြီး လေယာဥ်နဲ့ ဗုံးကြဲနေတယ်။ အထိအခိုက်တွေ အသေးစိတ်မသိရသေးဘူး”

နွားထိုးကြီးမြို့နယ်နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ တောင်သာမြို့နယ် ဝဲလောင်ရွာအနီးမှာလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ဝဲလောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နွားထိုးကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်က ရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
_____
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာကို တွေ့ရစဥ်။ (Citizen Photo)

#နွားထိုးကြီး #တိုက်ပွဲ #ပြင်းထန် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ

“ဒီနေ့ဘာဖြစ်ခဲ့လဲ”ဒီနေ့(သြဂုတ် ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring...
10/08/2024

“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️သပိတ်ကျင်းမြို့နယ်ရှိ ခလရ( ၁၄၈)တပ်ရင်းကို TNLAနဲ့ PDFပူးပေါင်းတပ် သိမ်းပိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နဲ့ မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၁၄၈)ကို TNLA၊ မိုးကုတ်ဗျူဟာအပါအဝင် မဟာမိတ် ပူးပေါင်းတပ်များက ဒီနေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားပြီး ခလရ(၁၄၈)တပ်ရင်းရှေ့မှာ အောင်ပွဲခံနေတဲ့ တော်လှန်ရေးရဲဘော်များရဲ့ မှတ်တမ်းဓာတ်ပုံကိုလည်း တွေ့ရပါတယ်။

◾️ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီ ၂၀ဦးထက်မနည်းသေဆုံး

စစ်​ကောင်စီက ကချင်ပြည်နယ်မှာ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားတဲ့ ကာလမှာ ဝိုင်းမော်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ဝဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့ ခတ်ချိုရွာအနီးမှာ ဩဂုတ် ၃ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့တာလို့ ဒေသခံများကပြောပါတယ်။ စစ်​ကောင်စီက ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်ကစလို့ ဖုန်းလိုင်းများအားလုံးဖြတ်တောက်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ မြို့နယ်အချို့မှာ MPT ဖုန်းလိုင်းပြန်ရခဲ့ပါတယ်။ KIAဦးဆောင်တဲ့ ပူးပေါင်းတပ်များဟာ ဩဂုတ် ၁ရက်ကစလို့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနားနဲ့ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။

08/08/2024

🚨မန္တလေးမြို့🚨

8.8.2024(9:15AM)Aug

နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-8:50AM
မန်း-မတ္တရာလမ်း ကန်ပိုင်ရွာတံတား ကားများစစ်ဆေးနေ

-8:55AM
၈၄× ၃၄လမ်း ဖမ်းနေ

Squad

06/08/2024

🚨မန္တလေးမြို့🚨

6.8.2024(1:33PM)Aug

မန္တလေးတောင်မြောက်ဖက် ရွှေတောင်နှင့် Alpha ဘိလပ်မြေ စက်ရုံကြား စခများမှနံနက်၁၀နာရီထိုးအချိန်မှ စ၍ တိုက်လေယာဥ်၊ Mi35 တို့ဖြင့် ဗုံးကြဲချနေကြောင်း၊ထီးတော်မိုးစုဆောင်းရေးတပ်မှလည်းမြေပြင်စစ်ကူပို့နေကြောင်း သတင်းရရှိပါသည်။

Squad

06/08/2024

🚨ဆီဆိုင်မြို့🚨

6.8.2024(11:30AM)Aug

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် အထွက်က လွယ်ထွယ်ကျေးရွာမှာ ဒီနေ့ ဩဂုတ်လ ၆ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက်မှာရှိတဲ့ လွယ်ထွယ်ကျေးရွာမှာ PNLA တပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ ဖြစ်ပြီး စစ်ဘေးရှောင်ရသူ ၃၀၀ ခန့်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“PNLO/PNLA ဌာနချုပ်ကို လက်နက်ကြီးနဲ့ပစ်ကတည်းက စစ်ပြန်စတော့မယ်ဆိုတာ အကုန်လုံးက တွက်ဆမိပါတယ်” လို့ သူက ပြောပါတယ်။

မကြာသေးမီက နောင်ရင်း၊ လွယ်တဖြီးတောင်ခြေ၊ ထီဟန်ခွီ၊ ထီဟန်ထွိုင်း၊ လုဲင်းပေး၊ ပွဉ်ရင်း၊ လွယ်ပွတ်၊ ပင်ညိုး၊ ထမ်းသုဲင့်၊ ထီလုံးသူ၊ ပင်လဲမ် စတဲ့ကျေးရွာတွေကို တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကြား သတိပေးချက်တွေ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ စစ်ကောင်စီရဲ့နောင်ကျော့ အခြေပြုလက်နက်ကြီးနဲ့ PNLO ဌာနချုပ်ရှိရာ ဗန်းမက်ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆီဆိုင်နယ်ရဲ့ တကျော့ပြန်စစ်မီးကို စစ်ကောင်စီနဲ့ PNO တွေက ထပ်မံမီးမွှေးလိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ဖက်အရင်းအမြစ်တစ်ခုကတော့ တိုက်ပွဲ ဦးတည်နေတာ ဦးအောင်ခမ်းထီနေတဲ့ ကျောက်တလုံးကြီး၊ ခွန်သိန်းဖေနဲ့ ခွန်စံလွင်အိမ်တွေရှိတဲ့ နောင်ကားစံပြရွာအပါအဝင် စစ်ကောင်စီတပ်တွေရှိတဲ့ ဟိုပုံးမြို့ကို ဦးတည်တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ရှမ်းတောင်၊ ပအိုဝ်းဒေသမှာ ဇန်နဝါရီ ၂၁ ရက်က စခဲ့တဲ့ PNLO မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဆီဆိုင်မြို့ကြီးရဲ့ ၈၀% နီးပါပျက်စီးခဲ့ရသလို PYO ရဲ့ ဇူလိုင်လ ၂၉ ရက်အထိ အရပ်သားသေဆုံးမှု ၉၆ ဦး၊ ဒဏ်ရာရ ၁၄၈ ဦး၊ အဆောက်အဦထိခိုက်ပျက်စီးမှု ၁၀၈၈ ခုနဲ့ စစ်ဘေးရှောင် ၆၇၈၀၀ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပြီး အခု တကျော့ပြန်ဖြစ်ပွားလာတဲ့ ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ပြည်သူတွေ စစ်ဘေး ထပ်မံရှောင်တိမ်း လာကြရတာဖြစ်ပါတယ်။

Squad

06/08/2024

🚨မန္တလေးမြို့🚨

6.8.2024(11:20AM)Aug

ယနေ့နံနက် 8:45AM အချိန်တွင် မန္တလေးတက္ကသိုလ် အထက်မြန်မာပြည် ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲသို့ မန်းတိုင်းဝကခနှင့် ပညာရေးဝကခ တက်ရောက်မည့်‌ မြေပြင်သတင်းအတိအကျရရှိမှုကြောင့် အရာရှိများဝင်ရောက်လာချိန်တွင် ရွှေဘိုခရိုင်တပ်ရင်း လက်အောက်ခံ CM-SRDF လက်ရွေးစင် ရဲ‌ေဘာ်များမှ တက္ကသိုလ်အတွင်းထိ ဝင်ရောက်ဖောက်-ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်

နောက်ဆက်တွဲ အထိခိုက်သတင်း ဆက်လက်စုံစမ်းဆဲပါခင်ဗျာ

Squad

23/07/2024

23-2024(2:07)
ဒပယ/ရဲတပ်ကြပ်ကြီး
အိုက်ထွန်းမိသားစုလက်နက်အပြည့်စုံနှင့်အတူပြည်သု့ရင်ခွင်ခိုလုံလာ ဟုသိရ။
Squad

ယင်းမာပင်၊ ပုသိမ် -မုံရွာ လမ်းမပေါ်တွင် စခန်းချတပ်စွဲထားသော စစ်ကြောင်းမှ လုံခြုံရေးကင်းပတ်သော စစ်သားများကို  တိုက်ခိုက်မ...
22/07/2024

ယင်းမာပင်၊ ပုသိမ် -မုံရွာ လမ်းမပေါ်တွင် စခန်းချတပ်စွဲထားသော စစ်ကြောင်းမှ လုံခြုံရေးကင်းပတ်သော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အင်အား ၁၅၀ ခန့်ဖြင့် စခန်းချတပ်စွဲ ထားသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ယင်းမာပင်ပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်း ပေါ် ၌ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက် လာ သော အကြမ်းဖက် စစ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား လမ်းခု လတ်တွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအသုံးပြုသော MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပုသိမ်-မုံရွာလမ်းပေါ်မှာက တပ်စွဲထားတာကြာပြီ၊ ကြေးနီသယ်တဲ့ ကားတွေကို လုံခြုံရေးယူပေးဖို့ လမ်းပိုင်းစိုးမိုးရေးယူထားတဲ့စစ်ကြောင်းပဲ၊ အဲဒီအထဲကမှာ ၆ ယောက်က ကင်းပတ်ထွက်လာတာ၊ အဲဒီ ၆ ဦးနဲ့ ကျနော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကနဲ့က ကျေးစာကျရွာနဲ့ အုံတုံပင်ရွာကြားမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်- ၃၀ - ADPRA တပ်ခွဲ ၂ (Black Shadow PDF) ၊ မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်း တပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Squad

မန္တလေးတိုင်းအတွင်း KIA တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ခိုက်နေပြီး အင်းနက်ရွာ တာဝါ တိုင်စခန်းကို သိမ်းပိုက်ရရှိဧရာဝတီတိုင်း...
22/07/2024

မန္တလေးတိုင်းအတွင်း KIA တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ခိုက်နေပြီး အင်းနက်ရွာ တာဝါ တိုင်စခန်းကို သိမ်းပိုက်ရရှိ

ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ အင်းနက်ကျေးရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် KIA ဦး ဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များက အင်းနက်ကျေးရွာရှိ စစ်ကောင်စီ၏ဆက်သွယ်ရေးတာဝါတိုင် စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။

"သပိတ်ကျင်းထဲက တိုက်ပွဲတွေမှာ KIA ဦးဆောင်ပြီး တိုက်နေပါတယ်။ အခုရထားတဲ့ စခန်းအပြင် အခြားထိုးစစ်ဆင်နေတဲ့ စခန်းတွေလည်း ရှိပါတယ်" ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တာဝါတိုင်စခန်းကုန်းတည်ရှိရာ အင်းနက်ကျေးရွာ သည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ကြားတွင်တည်ရှိပြီး တကောင်းနီကယ်စက်ရုံနှင့် နီးကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းအဆက်အနေဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ရှမ်းမန်းစစ်ဆင်ရေးအဖြစ် တိုက်ပွဲများ ဖော်ဆောင် ရာတွင် KIA ကလည်း တော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနယ်မြေစခန်းကို တော်လှန် ရေးပူးပေါင်း အဖွဲ့များက ယနေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၉နာရီ၄၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်လျက်ရှိနေပြီး ချောင်းကြီးနယ်မြေစခန်းကို ခဲယမ်းအလုံအလောက် ထပ်မံ ဖြည့်တင်းပေးရန် လုံခြုံရေးအဖွဲ့များက တောင်းဆိုလျက်ရှိနေကြောင်း စစ်ကောင် စီထောက်ခံ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည်။

ရှမ်းမန်းစစ်ဆင်ရေးအနေဖြင့် MDY-PDF က စဉ့်ကူးနှင့် မတ္တရာရှိတပ်စခန်းပေါင်း များစွာကို သိမ်းပိုက်ထားပြီး စဉ့်ကူးမြို့တစ်ခုလုံးကိုပါ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-KIA
ပုံစာ-KIA PDF ပူပေါင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#မန္တလေး #သပိတ်ကျင်း #ပူးပေါင်းအဖွဲ့ #ထိုးစစ်ဆင် #စစ်ကောင်စီ #တာဝါတိုင်စခန်း #သိမ်းပိုက်

Squad

တောင်အာဖရိက တရားရုံးချုပ်က မြန်မာနိုင်ငံကို  လက်နက်တင်ပို့ခွင့် ပယ်ဖျက်လိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်လာပါတယ...
22/07/2024

တောင်အာဖရိက တရားရုံးချုပ်က မြန်မာနိုင်ငံကို လက်နက်တင်ပို့ခွင့် ပယ်ဖျက်လိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်လာပါတယ်။

တရားရုံးချုပ်ရဲ့ အမိန့်မှာ NCACC အနေနဲ့ '' ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားတဲ့နိုင်ငံ'' ၊ '' အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂရဲ့ အပ်နှင်းအာဏာနဲ့ လုပ်ဆောင်နေတဲ့ အခြားပုဂ္ဂိုလ်တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားတယ်လို့ ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရတဲ့ နိုင်ငံ'' ကို စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားဖို့ တာဝန်ရှိတယ်လို့ ကြေညာပါတယ်။

Justice For Myanmar ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုပြီး အာဏာပိုင်တွေဘက်က အပြည့်အဝအသက်ဝင်အောင်‌ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းပြောထားတာပါ။

တောင်အာဖရိကကနေ မြန်မာကိုလက်နက်ဘယ်လောက်တင်ပို့ထားပြီးပြီလဲ...
ဒီသတင်းအပြည့်အစုံနဲ့ ဇူလိုင် ၂၂ ရက် ထူးခြားသတင်းတွေကို တင်ဆက်ပေးနေတဲ့ ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ဒီလင့်ခ် https://www.bbc.com/burmese/live/c10l722zr31t မှာနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်လ် လင့်ခ် https://t.me/bbcnewsburmese မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ - AFP
#ဘီဘီစီမြန်မာပိုင်း #စစ်ကောင်စီ #စစ်လက်နက် #မြန်မာ #တောင်အာဖရိက

Zalman Squad

တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့ ဇူလိုင်လ ၂၁ ရက် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး...
22/07/2024

တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့

ဇူလိုင်လ ၂၁ ရက်

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က စဥ့်ကူးမြို့ အပါအဝင် စဥ့်ကူးတစ်မြို့နယ်လုံးကို ဇူလိုင် ၁၇ ရက်ကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး​နောက် ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့ ရှိလာပြီဖြစ်ပါတယ် ။ People's Spring အရင်အင်ဖိုဂရပ်​တွေမှာ မပါ​သေးတဲ့ အခြားမြို့က တာမိုးညဲမြို့ဖြစ်ပါတယ် ။ ကွတ်ခိုင်မြို့နယ် ထဲက တားမိုးညဲ ​ဒေသက ဒတ်နှိုင်း(Daknai) စစ်ကောင်စီတပ်စခန်းကို KIA က ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်စစ်တပ်စခန်းတွေကို လည်း၁၀၂၇ စစ်ဆင်​ရေး ပထမလှိုင်းအတွင်းမှာပဲ​တော်လှန်​ရေးတပ်​​တွေက သိမ်းပိုက်ပြီး တာမိုးညဲ မြို့ကို ထိန်းချုပ်ခဲ့တာပါ။

အဆက် - ⤵️⤵️
Crd #
Zarmani Squad

Address


Website

Alerts

Be the first to know and let us send you an email when Zarmani Squad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share