Ma Thone Nae

Ma Thone Nae "Ma Thone Nae" is an application where you can see the military related dirty businesses in one plac
(2)

စစ်အာဏာရှင်ကို သူ့လောက်မုန်းတဲ့သူမရှိသောက်နေတော့ Ruby ဆေးလိပ်ကြီးနဲ့။စစ်အာဏာရှင်ကိုတွေ့တဲ့နေရာမှာ ခြေရာတိုင်းလိုက်မယ်ဆို...
20/02/2024

စစ်အာဏာရှင်ကို သူ့လောက်မုန်းတဲ့သူမရှိ
သောက်နေတော့ Ruby ဆေးလိပ်ကြီးနဲ့။
စစ်အာဏာရှင်ကိုတွေ့တဲ့နေရာမှာ ခြေရာတိုင်းလိုက်မယ်ဆိုပြီး အမှောက်သောက်လိုက်တာက မြန်မာဘီယာ။
မ** မင်းအောင်လှိုင် လို့တစ်နေ့ဆယ်ခါလောက်ဆဲတယ်
ဘာလို့ဆိုmytel လိုင်းပြတ်သွားလို့။
အဲ့လိုလူမျိုးတွေရှိရင် ပြောလိုက်ပါ။
တော်လှန်ရေးအောင်တဲ့တစ်နေ့ကျ ကိုယ့်ရပ်တည်ချက်ကို ပြန်ပြောကြတဲ့အချိန် လိပ်ပြာသန့်သန့်နဲ့ပြုံးရယ်နိုင်နေပါဦးမလား?
စစ်အာဏာရှင်ကိုမုန်းရင် အနည်းဆုံးတော့ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ပြီး စစ်တပ်ကိုမထောက်ပံ့မိစေဖို့တော့လိုတာပေါ့။
Download Ma Thone Nae Boycott app here 👉
https://play.google.com/store/apps/details...

ကန့်ဘလူအတွက် သွေးကြွေးဆပ်ဖက်ဆစ်ထုတ်ကုန်တွေကို သေခန်းရော ရှင်ခန်းရောဖြတ်ကြ…
11/04/2023

ကန့်ဘလူအတွက် သွေးကြွေးဆပ်
ဖက်ဆစ်ထုတ်ကုန်တွေကို
သေခန်းရော ရှင်ခန်းရောဖြတ်ကြ…

"စစ်တပ်စီးပွားဒို့ငြင်းဆန်၊တော်လှန်သင်္ကြန်ပြည်သူ့အသံ"  =====================မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ်...
10/04/2023

"စစ်တပ်စီးပွားဒို့ငြင်းဆန်၊
တော်လှန်သင်္ကြန်ပြည်သူ့အသံ"
=====================

မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ?

တနိုင်ငံလုံးအနှံ့ စစ်အုပ်စုက မီးရှို့လူသတ် အကြမ်းဖက်တာကို ခံနေကြရချိန်မှာ ကိုယ်နဲ့ဘာမှမဆိုင်သလိုမေ့ပြီး စိတ်လွတ်လက်လွတ် ပျော်ကြကဲကြဖို့တော့ နှလုံးသားရှိတဲ့ ပြည်သူတွေအနေနဲ့လိပ်ပြာလုံကြမယ်မထင်ပါဘူး…

ဒါပေမယ့်လည်း ခြွင်းချက်ဆိုတာရှိတတ်ပြန်တော့ တချို့က စောဒကတက်စရာရှိမယ်… တို့တွေက တနှစ်လုံးစာ ငွေကိုရသလောက် ကုန်းရုန်းရှာ လစဉ်ရော ကြုံရင်ကြုံသလိုရော တော်လှန်ရေးကို နိုင်သလောက်ထောက်ပံ့နေခဲ့ကြတာပါ…

သင်္ကြန်ရက်ကလေးမှာတော့ မိဘဆွေမျိုးတွေဆီသွားရင်း လမ်းမှာ ဘုရားဝင်ဖူးဖို့၊ တချို့က အပြန်မှာ ကမ်းခြေဝင်ဖို့၊ တချို့ကလည်း မိသားစုလိုက်အားတုန်းလေး အပူရှောင်ဖို့ တောင်ပေါ်တက် စသည် စသည်ပေါ့…

အပျော်ကြူးဖို့မဟုတ်ပေမယ့် ရင်နဲ့မမျှအောင် ထမ်းထားရတဲ့ စိတ်ဝန်ထုပ်ကို ရသလောက်လျှော့ဖို့ ခရီးလေးဘာလေး သွားကြတာရော မဖြစ်ဘူးလားပေါ့… ဖြစ်ပါတယ်… ။

တော်လှန်ရေးကိုလည်း နိုင်သလောက်ကူနေတယ် ခဏတဖြုတ်လေး စိတ်လက်အပန်းပြေချင်တယ်ဆိုရင် ခရီးထွက်တာက ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး… ။

ဒါပေမယ့် တခုသတိထားဖို့လိုတာက အပန်းဖြေရင်းကြုံတုန်းကြိုက်တုန်းမှာ တနည်းတဖုံနဲ့ တော်လှန်သင်္ကြန်ပွဲကို ဆင်နွှဲကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုဆင်နွှဲရမလဲဆိုတော့ ခရီးပဲထွက်ထွက် မိဘဆွေးမျိုးရပ်ရွာပဲပြန်ပြန် ကျွန်တော်တို့တော်လှန်ပြည်သူအနေနဲ့ရှောင်ရန် ဆောင်ရန် တော်လှန်ရန်လေးတွေတော့ရှိပါတယ်။

ခရီးသွားပြီဆို အိမ်ကကားကို ဆီထည့်ရမှာပေါ့…
လာပါပြီ ရှောင်ရန်…

- ကြုံရာဆိုင်မှာ မထည့်ဘူးဒီဆိုင်တွေဆို ရှောင်ကြမယ်။

- အပန်းဖြေကမ်းခြေသွား အနားယူမယ်ဆိုလည်း ကြုံရာဟိုတယ် မတည်းဘူး။ ဒီဟိုတယ်တွေ ရှောင်ကြမယ်…

- လမ်းခရီးမှာ အရမ်းငြီးငွေ့လို့ ဘီယာလေးအရက်လေး တခွက် တဖလားသောက်မယ်ဆိုလည်း ဒီတံဆိပ်တွေတော့ ဝေရာမဏိ မသောက်ဘူးဟေ့ ရှောင်ကြမယ်။

- ဆေးလိပ်လေးဖွာမယ်ဆိုလည်း ဒီတံဆိပ်တွေ ဝေးဝေးနေထား စျေးကြီးပလေ့စေ တခြားတံဆိပ်သောက်မယ်။

- နေပူပူခရီးမို့ ရေသန့်ဗူးလေး ဝယ်သောက်တာကအစ ဒီတံဆိပ်ဆိုရင်တော့ ရှောင်ကြမယ်ဟ တခြားဟာရှာဝယ်ဆိုတာမျိုး…

ဟ မင်းတို့ဟာက တော်လှန်သင်္ကြန်ဆိုတာလည်းပါသေး ခရီးသွားတာလည်း ဟိုမှာ မတည်းနဲ့ ဒီဟာမသောက်နဲ့ ဒီဆီမထည့်နဲ့ ဘာတွေတုန်းကွလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ် ချစ်သော ပြည်သူတို့ အပန်းဖြေ အနားယူတာကို ကျနော်ကျမတို့ တော်လှန်ရေး ရဲဘော်တွေက တိုက်ပွဲတွေကြားကနေပဲ မုဒိတာပွါးပါတယ်။

ကိုယ့်ပြည်သူတွေ ပျော်ရွှင်နိုင်တဲ့ အနာဂတ်ရဖို့ ကိုယ့်အသက်ကိုယ်တောင် စတေးပြီး တိုက်နေကြတာပဲ… ပြည်သူတွေ စိတ်အပန်းဖြေကြတာ ဘာမနာလိုစရာ ရှိမှာလဲဗျာ..။

ဒါပေမယ့်လို့ ခုနက လုပ်ငန်းတွေ အမှတ်တံဆိပ်တွေက အကြမ်းဖက်လူသတ် စစ်အုပ်စုနဲ့ သူတို့ဆွေမျိုးအပေါင်းအပါတွေရဲ့ စီးပွါးရေးမို့လို့ ဒီလုပ်ငန်းတွေဆီကို ပြည်သူတွေပေးမိသမျှငွေက ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်ဖို့ ကျည်ဆန်တွေ အမြောက်ဆံတွေ လေယာဉ်ဆီတွေ ဖြစ်ကုန်မှာပါခင်ဗျ…။

ဒါကြောင့်မို့လို့ တနှစ်တခါကျတဲ့ အတာသင်္ကြန်ကာလနေရထိုင်ရခက်ကြရင် အပန်းဖြေတာ အနားယူတာ ခရီးသွားတာဟာ ပြဿနာမဟုတ်ပါ။
စစ်တပ်ထုတ်ကုန် စီးပွါးရေးကိုတော့ ရှောင်ကြရှားကြ ငြင်းဆန်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါခင်ဗျာ...။

မိဘပြည်သူအပေါင်းလည်း၊ နှစ်သစ်သင်္ကြန်ကာလမှာ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့လုံခြုံရေးထုတ်ပြန်ချက်များကိုမပျက်မကွက်လိုက်နာပြီး ဂရုတစိုက်သွားလာကြဖို့နဲ့၊ သွားလာတဲ့ခရီးတစ်လျှောက် ခလုတ်မထိဆူးမငြိ၊ ဘေးအန္တရာယ်ကင်းစေဖို့၊ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ... ။

"ဘူးသပိတ်နဲ့တူဆင်နွှဲ၊ တော်လှန်သင်္ကြန်ပုန်ကန်ပွဲ"

#အရေးတော်ပုံ_မုချအောင်ရမည်

Are You Ready?  #နှစ်နှစ်ပြည့်_silentstrike
29/01/2023

Are You Ready?

#နှစ်နှစ်ပြည့်_silentstrike

🙄🙄 photo crd :TF
24/01/2023

🙄🙄


photo crd :TF

အတူတကွသပိတ်မှောက်ကြပါစို့
12/12/2022

အတူတကွသပိတ်မှောက်ကြပါစို့





◾တော်လှန်ခရီးသည်ကြီး အင်တာနက် မရတာက များ၊တော်လှန်ရေးခရီးတို့မည်သည် ပန်းခင်းလမ်း မဟုတ်ချေ၊အိမ်း.. ခက်ခဲကြမ်းတမ်းလို့လည်း ...
11/12/2022

◾တော်လှန်ခရီးသည်ကြီး

အင်တာနက်
မရတာက များ၊
တော်လှန်ရေးခရီးတို့မည်သည်
ပန်းခင်းလမ်း မဟုတ်ချေ၊
အိမ်း.. ခက်ခဲကြမ်းတမ်းလို့လည်း
"တော်လှန်ရေး" လို့ ခေါ်ရတာကိုးဗျ။

တာတိုမှာ . . . . .အင်အား
တာလတ်မှာ . . .အဆုံးအဖြတ်
တာဝေးမှာ . . . .စိတ်ဓာတ်
နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ။

ဒေါက်တာတေဇာဆန်း
၇၊ဒီဇင်ဘာ

Download Ma Thone Nae boycott app 👇
https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app

credit/coppy@

ယနေ့ ည  မြန်မာစံတော်ချိန် ၉ နာရီလောက်ကစပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဖွင့်ပွဲ ပုံရိပ်များကိုChill With P2D နဲ့ Nwa...
20/11/2022

ယနေ့ ည မြန်မာစံတော်ချိန် ၉ နာရီလောက်ကစပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဖွင့်ပွဲ ပုံရိပ်များကို

Chill With P2D နဲ့ Nway Oo Videos App/ Website ၂ ခုလုံးမှာ ဝင်ကြည့်လို့ရပါတယ်။

🍎 iOS 👉 https://testflight.apple.com/join/5wKlOET4

🤖 Play Store မှဒေါင်းလုပ် လုပ်ရန်လင့် 👉 https://bit.ly/3HD3ama

Nway Oo Videos Web 👉 http://bit.ly/3X2qUt1 (With Ouo Link)

Chill With P2D 👉 https://bit.ly/3TZOB2q


တူတူကြိုးစားအောင်ပွဲဝင်ခဲ့ကြတယ်ဆိုပေမယ့်အသီးအပွင့်တွေခံစားမယ့်အချိန် မှာတော့ တချို့တွေ တူတူရှိမနေ နိုင်ကြတော့ဘူး....ငါတိ...
11/11/2022

တူတူကြိုးစားအောင်ပွဲဝင်ခဲ့ကြတယ်ဆိုပေမယ့်
အသီးအပွင့်တွေခံစားမယ့်အချိန် မှာတော့ တချို့တွေ တူတူရှိမနေ နိုင်ကြတော့ဘူး....

ငါတို့အချင်းချင်းသာ ငါတို့အားထားရာ ✊

◾ချုပ်လေ ရုန်းလေ◾ တင်းလေ ဖြည်လေ◾ခြောက်လေ မဖြုံလေအာဏာရှင်သံသရာဘီးကြီး တစ်ပတ်လည်တိုင်း လူငယ်တွေသေပေးနေရတာ မတန်ဘူးကွာ။ ဒီတစ...
08/11/2022

◾ချုပ်လေ ရုန်းလေ
◾ တင်းလေ ဖြည်လေ
◾ခြောက်လေ မဖြုံလေ
အာဏာရှင်သံသရာဘီးကြီး တစ်ပတ်လည်တိုင်း လူငယ်တွေသေပေးနေရတာ မတန်ဘူးကွာ။ ဒီတစ်ခါ ငါတို့ကိုယ်တိုင်တော်လှန်မယ်၊ ဒီသံသရာကို ရပ်တန့်ပစ်မယ် ✊

၈၊နိုဝင်ဘာ

သူခိုးချင်းတူပေမယ့် မင်းအောင်လှိုင်ဆိုတာ နေဝင်းတို့သန်းရွှေတို့တောင် လက်ဖျားခါလောက်အောင် အောက်တန်းကျ မလည်ရှုပ် တဲ့ သူခို...
31/10/2022

သူခိုးချင်းတူပေမယ့် မင်းအောင်လှိုင်ဆိုတာ နေဝင်းတို့သန်းရွှေတို့တောင် လက်ဖျားခါလောက်အောင် အောက်တန်းကျ မလည်ရှုပ် တဲ့ သူခိုးမျိုးပေါ့။

သူခိုးပစ္စည်း တို့ငြင်းဆန်ကြမယ်။ သူခိုးစီးပွားရေးစာရင်းများကို Ma Thone Mae app တွင် စစ်ဆေးကြည့်ရှုနိုင်ပါပြီ။ Download link 👇
https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app

✈ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်း(ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြံပြု လမ်းညွှန်ချ...
30/10/2022

✈ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်း
(ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြံပြု လမ်းညွှန်ချက်များ) (အပြည့်အစုံ)

◉ ပုန်းခိုစရာနေရာ ရှာပါ

၁။ ပုန်းခိုနေနိုင်ရန် ရွေးချယ်သင့်သော နေရာအချို့ ရှိပါသည်။ ဗုံးခိုကျင်း၊ မြေအောက်ခန်း၊ မြေအောက်ရထားဥမင်စသည့် နေရာများက သင့်တော်ပါသည်။

၂။ မှန်မပါသော နံရံများအနီး ကပ်နေသင့်သော်လည်း နံရံများပေါ် မှီမထားသင့်ပါ။

၃။ မာကျောသော နံရံမျက်နှာပြင်များနှင့်
ဖိကပ်မထားသင့်ပါ။ မြေပြင် တုန်ခါသွားသည့် အချိန်၌ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကိုယ်တိုင် ဒဏ်ရာအနာတရ ဖြစ်နိုင်ပါသည်။

၄။ လမ်းပေါ်၊ ကွင်းပြင်ပေါ် ရောက်နေသည် ဆိုပါက နီးစပ်ရာ အဆောက်အအုံသို့ ဦးတည်၍ အပြေးသွားပါ။

၅။ မြေအောက် ဗုံးခိုကျင်း ရှာမတွေ့ပါက အဆောက်အအုံ တစ်ခု၏ အနိမ့်ဆုံး အပိုင်းတွင် ခိုအောင်းနေပါ။

၆။ မှန်ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ။ ဖြစ်နိုင်ပါက ပြတင်းပေါက်များကို တိပ်ကပ်ပြီး ပလပ်စတစ် အစဖြင့် ကာထားပါ။

◉ ခိုလှုံစရာနေရာ ရှာမတွေ့လျှင်

၁။ အကယ်၍ ဟင်းလင်းပြင် နေရာမျိုးသို့ ရောက်နေပြီး ရုတ်တရက် ခိုအောင်းစရာ အဆောက်အအုံမျိုး ရှာမတွေ့ခဲ့လျှင် မြေပြင်၏ အနိမ့်ဆုံး အပိုင်းကို ရွေးချယ်ပါ။ ဥပမာ လျှိုကဲ့သို့ နေရာမျိုးထဲ ဝင်ပြီး မှောက်နေပါ။

၂။ ပေါက်ကွဲ လွင့်စဉ်လာသော ဗုံးအစအနများသည် အထက်ပိုင်းသို့ ပျံတက်လာလေ့ ရှိသောကြောင့် မြေပြင်နှင့် ကပ်နေသော ဇုန်သည် အန္တရာယ် အကင်းဆုံးဟု သတ်မှတ်နိုင်ပါသည်။

၃။ ဝပ်နေသည့် အချိန်၌ မျက်နှာကို မြေကြီးနှင့် ကပ်ထားပြီး ခေါင်းအနောက်ဖက်ကို လက်ဖြင့် ယှက်၍ ကာထားပါ။

◉ အခြားသော လုံခြုံရေး အစီအမံများ

၁။ ဖြစ်နိုင်မည် ဆိုပါက ခန္ဓာကိုယ် အနှံ့ကို မီးလောင်မလွယ်သည့် ပစ္စည်းများဖြင့် ဖုံးလွှမ်း ကာကွယ်ထားပါ။ ထိုပစ္စည်းမျိုး ရှာမရလျှင်လည်း ကုတ်အင်္ကျီ၊ ဂျာကင်၊ ရေဆွတ်ထားသည့် သတင်းစာ စသည်တို့က လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် အပြင်းအထန် လောင်ကျွမ်းမှုမျိုး မဖြစ်အောင် အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။

၂။ မျက်လုံးကို မှိတ်ထားပါ။ အပျက်အစီး အစအနများ မျက်လုံးထဲ လွင့်စဉ်မလာ
စေရန် ဖြစ်ပါသည်။

၃။ ပေါက်ကွဲမှု အရှိန်ကြောင့် အဆုတ် ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်အတွက် ပါးစပ်ကို အနည်းငယ် ဟထားပါ။

◉ လိုက်နာရန် အချက်များ

၁။ နေအိမ်၏ အလုံခြုံဆုံး အခန်းကို ကြိုတင် စဉ်းစား ရွေးချယ်ထားပါ။

၂။ မြေအောက်ခန်း မရှိလျှင် ရေချိုးခန်းသည် ပုံမှန်အားဖြင့် အကျစ်လစ်ဆုံးနှင့် ပြတင်းပေါက် တပ်ဆင်ထားနိုင်ခြေ အနည်းဆုံး ဖြစ်ပါသည်။

၃။ ပြတင်းပေါက်များကို တိပ်ကပ်ပြီး ပလပ်စတစ်အလွှာဖြင့် ကာထားရန် ကြိုတင် စီမံထားသင့်ပါသည်။ ယင်းသို့ လုပ်ဆောင်ထားခြင်းက ပေါက်ကွဲမှု အရှိန်ကြောင့် မှန်များ တုန်ခါ ကွဲကြေခြင်းကို လျှော့ချပေးနိုင်သည်။

၄။ အိမ်ထဲတွင် ဖျာများ၊ မွေ့ရာများ၊ စားပွဲများကို အသုံးပြုပြီး ယာယီ ရွက်ဖျင်တဲသဖွယ် ဗုံးခိုနေရာငယ်တစ်ခု ပြုလုပ်ထားပါ။

၅။ ခေါင်းအနောက်ဖက်တွင် လက်နှစ်ဖက် ယှက်တင်ပြီး မြေပြင်ပေါ် မှောက်လျက် လှဲလျောင်းနေပါ။ ပါးစပ်ကို အနည်းငယ် ဟထားပါ။

၆။ သောက်သုံးရေနှင့် အစားအသောက် ရရှိနိုင်အောင် ကြိုတင် စီမံထားပါ။ ဥပမာအားဖြင့် ရေချိုးကန်ကို ရေဖြည့်ထားခြင်းမျိုး ဆောင်ရွက်ထားသင့်ပါသည်။

၇။ လျှပ်စစ်မီးနှင့် ဂတ်စ်ပိုက်လိုင်းများကို ပိတ်ထားပါ။

◉ ရှောင်ရှားရမည့် အချက်များ

၁။ လေကြောင်းတိုက်ခိုက်မှုကို ထွက်ကြည့်ခြင်း

၂။ အိမ်အပြင်ထွက်၍ လေကြောင်းတိုက်ခိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း

၃။ ပြတင်းပေါက်နှင့် နီးကပ်သော နေရာများတွင် ဗုံးခိုနေခြင်း

၄။ နံရံပေါ် မှီထားခြင်း

၅။ လူဦးရေ အများအပြားဖြင့် (အထူးသဖြင့် ဟင်းလင်းပြင် ဧရိယာမျိုးတွင်) စုဝေးနေကြခြင်း

ူထုနွေဦး

ကိုယ့်အိမ်မီးတောင် လွတ်လွတ်လပ်လပ် ပိတ်ချင်ပိတ်၊ ဖွင့်ချင်ဖွင့်လို့ မရဘူးလား? ဦးနောက်မရှိတဲ့ အာဏာရူးတွေ...
29/10/2022

ကိုယ့်အိမ်မီးတောင် လွတ်လွတ်လပ်လပ် ပိတ်ချင်ပိတ်၊ ဖွင့်ချင်ဖွင့်လို့ မရဘူးလား? ဦးနောက်မရှိတဲ့ အာဏာရူးတွေ...

ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်တို့တွင် မီးပိတ်သပိတ် ပါဝင်သော ရပ်ကွက်တချို့မှ ပြည်သူများ အဖမ်းခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် စစ်အာဏာရှင် တော်လှန်ရေးနှင့် ဖားကန့်မှ ကျဆုံးပြည်သူများအတွက် ဝမ်းနည်း ကြောင်း ထုတ်ဖော်ပြသသည့် ယနေ့ ည မီးပိတ်သပိတ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူတချို့ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် မန္တလေးမြို့၊ ၁၉ လမ်းနှင့် ၈၇ လမ်းအနီးရှိ အိမ်တစ်အိမ်ကို မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းထားသဖြင့် မီးပိတ်သပိတ် ပါဝင်သည်ဟုဆိုကာ အရပ်ဝတ်များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အိမ်ထဲရှိ လူများကို ရိုက်နှက်ကြောင်း၊ ယင်းနောက် ရပ်ကွက်ထဲတွင် သေနတ် ၄ ချက်ဖောက်ပြီး အိမ်တစ်အိမ်လုံးမှ လူများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ယနေ့ည ၈ နာရီ ၃၅ မိနစ်အချိန် မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ အကွက်၁၂၄ ၊ မြောက်ပုလင်းဝင်းရပ်ကွက်၊ စေတနာလမ်းသွယ်၂ ထဲမှ နေအိမ်တစ်အိမ်ကို မီးများ ပိတ်ထား၍ မီးပိတ်သပိတ်တွင်ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဝင်ရောက် ရိုက်နှက် ဖမ်းဆီးကြောင်း၊ ယင်းနောက် ရပ်ကွက်ကို ဆဲဆိုပြီး သေနတ်များ ဖောက်သွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ လှိုင်မြို့နယ် ၁၀ ရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်များက ယနေ့ည ၉ နာရီ နှင့် ၁၀ နာရီအကြားရောက်ရှိလာပြီး ပြည်သူတချို့ ဖမ်းဆီးခံရကြောင်း၊ ဧည့်စာရင်း အကြောင်းပြ ၍ ဖမ်းဆီးသည်ဟု သိရှိရသော်လည်း အသေးစိတ်အခြေအနေများကို မသိရှိရသေးဟု ဒေသခံများက ပြောဆိုကြသည်။

"မီးပိတ်သပိတ်လုပ်လို့ ဝင်လာတာ။ ဒါပေမယ့် ဧည့်စာရင်း အကြောင်းပြ ဖမ်းတာ။ ၄ ၊ ၅ ဦး လောက်တော့ ပါသွားတယ်။ ငွေနဲ့ ပြန်ရွေးရမယ်ပြောတယ်။ အမြင်ကတ်ပုဒ်မနဲ့ ဝင်ဖမ်းတာပြောတယ်" ဟု မရမ်းကုန်း ၂ ရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်လော်ဘီများက မန္တလေးတိုင်း၊ ယနေ့ည ၈ နာရီခွဲအချိန် မီးပိတ်ထားသည့်နေအိမ်များကို စာရင်း ကောက်ယူကာ ရဲနှင့်စစ်တပ်ကို ဖမ်းဆီးရန် နာမည်နှင့်တကွ တယ်လီဂရမ် လူမှုကွန်ရက်များမှတစ်ဆင့် လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။

ပြည်သူများက မီးပိတ်သပိတ် ဆင်နွှဲရန် ပြင်ဆင်နေချိန် မြို့နယ်လျှပ်စစ်ရုံးများက မီးပိတ်သပိတ် မလုပ်နိုင်ရန် မီးဖြတ်ချမှုများ လုပ်ဆောင်ခဲ့ကြကြောင်း၊ တောင်ဒဂုံ၊ တာမွေ နေရာတချို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် EPC က ယနေ့ ည ၈ နာရီခွဲ မီးပိတ်သပိတ် မတိုင်မီ မီးများ ဖြတ်တောက်ခဲ့သည်ဟု သိရှိရသည်။

"မြစ်ကြီးနား လျှပ်စစ်ရုံးက အဲဒီချိန် တခါတည်း မီးဖြတ်လိုက်တယ်။ ရပ်ကွက် အမှောင်ပဲ။ မြစ်ကြီးနားတစ်မြို့လုံး တစ်ပြိုင်နက်တည်း ပြတ်လို့ ပြည်သူတွေနဲ့ တသားတည်း မီးပျက်တာလားတောင် တွေးမိတယ်။ မီးပြတ်တာကလည်း ၁၀ မိနစ်ကျော်လောက်ပဲ။ အဲဒီအချိန် MPT ကပါ အင်တာနက်လိုင်းဖြတ်ထားတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့ ည ၈ နာရီခွဲအချိန် စစ်အာဏာရှင် တော်လှန်ရေး မီးပိတ်သပိတ် ပါဝင်နေကြစဉ်။

ယုတ်ညံ့ လူသားများစစ်ကောင်စီရဲ့ အောက်တန်းစား စီးပွားရေး စာရင်းကို Ma Thone Nae Boycott application တွင် စစ်ဆေးကြည့်ရှုနို...
26/10/2022

ယုတ်ညံ့ လူသားများ

စစ်ကောင်စီရဲ့ အောက်တန်းစား စီးပွားရေး စာရင်းကို Ma Thone Nae Boycott application တွင် စစ်ဆေးကြည့်ရှုနိုင်ပါပြီ။ 👇👇Download here
https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app

◾အော်ရီဒူးမြန်မာအရောင်းအဝယ်ကို      အဓိကကြိုးကိုင်ခဲ့သူတကယ်တမ်း​ကြ​တော့ ဦးဉာဏ်ဝင်းရဲ့ နောက်ကွယ်က အင်အားစုဟာ ဦးဇော်ဝင်းရှ...
25/10/2022

◾အော်ရီဒူးမြန်မာအရောင်းအဝယ်ကို
အဓိကကြိုးကိုင်ခဲ့သူ

တကယ်တမ်း​ကြ​တော့ ဦးဉာဏ်ဝင်းရဲ့ နောက်ကွယ်က အင်အားစုဟာ ဦးဇော်ဝင်းရှိန်နဲ့ ဧရာဟင်္သာကုမ္ပဏီတို့မဟုတ်ဘဲ သူတို့ထက်ပိုပြီးအင်အားကြီးမားသလို အရင်းအမြစ်လည်း ပိုကြွယ်ဝတဲ့အဖွဲ့ဖြစ်ပါတယ်။ဒေါ်လာ ၅၇၅ သန်းတန် စီးပွားရေး လုပ်ငန်းကြီး တစ်ခုက လက်လွှဲရောင်းချတယ် ဆိုတာမျိုးက နိစ္စဓူဝ ကြုံ​နေရတဲ့ကိစ္စမျိုးတွေလောက်တော့ မရိုးရှင်းပါဘူး။ ဒီအ​ရောင်းအဝယ်မှာ​ အဓိကပိုင်ရှင်​တွေက ကိုယ်​​ယောင်ဖျောက်ထားချင်တာ​ကြောင့် ပိုမိုရှုပ်​ထွေး လျှို့ဝှက်နေပါတယ်။

ကာတာအ​ခြေစိုက် Ooredoo လုပ်ငန်းစုက သူတို့ရဲ့ မြန်မာနိုင်ငံ ကဆက်သွယ်ရေး လုပ်ငန်းခွဲ Ooredoo မြန်မာကို ရောင်းချတော့မယ်လို့ စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ အဲဒီ အရောင်းအဝယ် ကိစ္စကို နောက်ကွယ်ကနေ အဓိက ကြိုးကိုင်ခဲ့သူဟာ ဧရာဟင်္သာကုမ္ပဏီပိုင်ရှင် ဦးဇော်ဝင်းရှိန် ဖြစ်နိုင်တယ်လို့ သတင်းအချို့ထွက်လာပါတယ်။

​အော်ရီဒူးမြန်မာကို စင်ကာပူနိုင်ငံမှာ ဇူလိုင်လလယ်ကမှတည်​ထောင်ထားတဲ့ Nine Communications Pte. Ltd က အမည်ခံ ဝယ်ယူခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီသစ်ကို Horizon Telecom က ဦးဉာဏ်ဝင်းနဲ့ထိုင်းနိုင်ငံက B Grimm Groupက တစ်စိတ်တစ်ပိုင်းပိုင်တဲ့ Link Family Office တို့ကဝယ်ယူတာလို့အမည်ခံထားတာပါ။

Horizon မှာရာထူး​ကြီး​ပေးခံထားရတဲ့ ဦးဥာဏ်ဝင်းဟာ ဧရာဟင်္သာကုမ္ပဏီက ပိုင်ဆိုင်တဲ့ A ဘဏ်နဲ့ တခြား စီးပွားရေး လုပ်ငန်းတွေမှာ ရှယ်ယာရှင် ဖြစ်နေတာကြောင့်လည်း ​​အော်ရီဒူးဝယ်သွားသူဟာ​ဦးဇော်ဝင်းရှိန်ဖြစ်နိုင်တယ်လို့ ထင်ကြေးတွေကို ပိုပြီး အားကောင်းလာစေခဲ့ပါတယ်။

တကယ်တမ်း​ကြ​တော့ ဦးဉာဏ်ဝင်းရဲ့ နောက်ကွယ်က အင်အားစုဟာ ဦးဇော်ဝင်းရှိန်နဲ့ ဧရာဟင်္သာကုမ္ပဏီတို့မဟုတ်ဘဲ သူတို့ထက်ပိုပြီးအင်အားကြီးမားသလို အရင်းအမြစ်လည်း ပိုကြွယ်ဝတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒေါ်လာ ၅၇၅ သန်းတန် စီးပွားရေး လုပ်ငန်းကြီး တစ်ခုက လက်လွှဲရောင်းချတယ် ဆိုတာမျိုးက နိစ္စဓူဝ ကြုံ​နေရတဲ့ကိစ္စမျိုးတွေလောက်တော့ မရိုးရှင်းပါဘူး။ ဒီအ​ရောင်းအဝယ်မှာ​ အဓိကပိုင်ရှင်​တွေက ကိုယ်​​ယောင်ဖျောက်ထားချင်တာ​ကြောင့် ပိုမိုရှုပ်​ထွေး လျှို့ဝှက်နေပါတယ်။

သန်း ၅၇၅ သန်းဆိုတာ တန်ဖိုးသာဖြစ်ပါတယ် တစ်ကယ်အ​ရောင်းအဝယ်ဖြစ်တဲ့နှုန်းမဟုတ်ပါဘူး ။ အဲဒီထဲ က သန်း ၄၂၀ ဟာ အော်ရီးဒူးမြန်မာကို ပိုင်ဆိုင်တဲ့ အော်ရီးဒူး စင်ကာပူကိုပေးချေဖို့
အ​ကြွေးလိုင်း​ဖော်ထားတာသာဖြစ်ပါတယ်။ တကယ်တော့ အဒီလို အကြွေးလိုင်းဖော်ထားတာဟာ နိုင်ငံတကာ ရင်းနှီးမြုပ်နှုံမှုလုပ်သူများရဲ့ လုပ်လေ့လုပ်ထရှိတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ် ။ အဲလိုလုပ်ထားခြင်းဟာ ရရှိတဲ့ ဝင်ငွေကို အခွန်မဆောင်ခင် မူလကုမ္ပဏီကို ပြန်ပေးတဲ့အခါလွယ်စေဖို့ အတွက်ဖြစ်ပါတယ် ။ အကြွေးဆပ်ဖို့ဆိုရင်တခြားနိုင်ငံတကာကိုငွေလွှဲမှုလုပ်ဖို့ခွင့်ပြုချက်ယူတဲ့အခါ ဦးစားပေးဖြစ်ပါတယ်။ တကယ်လို့အရောင်းအဝယ်ဖြစ်ရင် အဒီအကြွေးဟာ ပယ်ဖျက်သွားမှာဖြစ်ပြီး တကယ့်ဝယ်ယူဈေးဟာ သန်း ၁၅၀ သာရှိပါတယ်။

နိုင်ငံတကာဆက်သွယ်​ရေး ကုမ္ပဏီကြီးဆီက​နေ လုပ်ငန်းလက်လွှဲဝယ်ယူဖို့ရယ် ၊ စစ်​ကောင်စီသ​​​တောတူဖို့အတွက်က အချိတ်အဆက်​တွေ၊ မူဝါဒရေးရာ အထောက်အပံ့တွေနဲ့ အကာအကွယ် အစီအမံတွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ပို့ဆောင်​ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အင်ဂျင်နီယာချုပ်လုပ်ခဲ့ဖူးတဲ့ ဦးဉာဏ်ဝင်း အနေနဲ့ မူဝါဒပိုင်းဆိုင်ရာ အဝန်းအဝိုင်းမှာတော့ သိပ်ပြီး မဝင်ဆံ့လှပါဘူး။

စစ်​ကောင်စီရဲ့ဝန်ကြီးဌာနထဲက ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် အချို့ရဲ့ အဆိုအရ ဦးဉာဏ်ဝင်းဟာ စစ်တပ်က​နေယူနီ​ဖောင်း​ပြောင်းဝတ်ပြီးအုပ်ချုပ်တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဆယ်သွယ်​ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ဝန်ကြီးဌာနသုံးခုမှာ ဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဦး​ဇေယျာ​အောင်နဲ့ ဆရာတပည့်ဆက်ဆံ​ရေးရှိခဲ့ပါတယ်။ ဦး​ဇေယျာ​အောင်က ရင်းနှီးမြှပ်နှံမှု​ကော်မရှင် ဥက္ကဌလည်း လုပ်ခဲ့​သူပါ။ ဦးဇေယျာအောင် ဟာဂျော်နသန်ကျော်သောင်းရဲ့ အဒေါ်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် ​ဆွေးမျိုး​တွေလည်းဖြစ်ပါတယ်။ New York Times သတင်းစာကလည်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးစပ်မှုကို ၂၀၂၁ နှစ်ကုန်ပိုင်းတုန်းက ထုတ်ဖော် ရေးသားခဲ့ဖူးပါတယ်။

အသက် ၄၀ ခန့်အရွယ် ​ဂျော်နသန်​ကျော်​သောင်းဟာ ​ကျော်​သောင်းမိသားစုရဲ့ ​ရှေ့ထွက်မင်းသားဖြစ်ပြီး​တော့ KT Group ကုမ္ပဏီအပါအဝင် သူ့ရဲ့​မြောက်များစွာ​သော ကုမ္ပဏီ​တွေဟာအိမ်ခြံမြေနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်း​တွေဆောင်ရွက်တယ်လို့ အယောင်ပြထား​ပေမယ့် သူတို့ရဲ့အဓိက ငွေတွင်းကြီးကစစ်အုပ်စုအတွက် ရဟတ်ယာဥ်​တွေ အပါအဝင်စစ်လက်နက်​တွေကို ကန်ထရိုက်ရယူတင်သွင်း​ပေးခဲ့တာဖြစ်တယ်လို့ New York Times သတင်းစာကစုံစမ်း​ဖော်ထုတ်​ရေးသားထားပါတယ် ။

“ကျော်သောင်းမိသားစုရဲ့ရာဇဝင်ဟာမြန်မာနိုင်ငံရဲ့ သမိုင်း ​အချိုးအ​​ကွေ့တွေနဲ့အပြိုင် ဖြစ်ပျက်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး​တော့ ရမ်းရမ်းကားကားစစ်တပ်နဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး အရာရာစတေးတတ်တဲ့ မိသားစုတို့က အညွန့်တလူလူနိုင်ငံတစ်ခုကို ချိုးဖဲ့ဖျက်ဆီးခဲ့ကကြတာဖြစ်တယ်”လို့ New York Times သတင်းစာက ​ကျော်​သောင်းမိသားစုကိုပုံ​​​ဖော်​ရေးသားထားပါတယ်။

လူရည်လည်လှသလို စည်းရုံးတတ်တဲ့၊ အနောက်တိုင်းမှ ပညာသင်လာပြီး အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့ကျော်သောင်းမိသားစုဝင်​တွေဟာ စစ်​ခေါင်း​ဆောင်​တွေနဲ့တိတ်တဆိတ် လက်ဝါးချင်းရိုက်ထားတဲ့ သဘောတူညီချက်​တွေကို အဓိက အားကိုးပြီး စီးပွားဖြစ်နေကြတယ်လို့ ကမ္ဘာ​ကျော်သတင်းစာကြီးကရေးသားထားတာပါ။

အော်ရီဒူးမြန်မာ လက်လွှဲ​ရောင်းချတာမှာ​​ဂျော်နသန်​ကျော်​သောင်းနဲ့ ဦး​ဇေယျာ​အောင်တို့က ​နောက်ကွယ်ကအဓိက ကြိုးကိုင်သွားသူ​တွေဖြစ်ပါတယ်။

▪︎ပြည်တွင်းပြည်ပကစိတ်ဝင်စားမှု​​တွေရှိခဲ့တယ်

စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းတွေ မြန်မာပြည်က ပြန်လည် ထွက်ခွာဖို့ ပြင်ဆင်လာချိန်မှာ ပြည်တွင်းကစစ်​ကောင်စီနဲ့နီးစပ်တဲ့ခရိုနီကုမ္ပဏီတွေဟာ နိုင်ငံခြားဆက်သွယ်​ရေးကုမ္ပဏီ​တွေကိုချဥ်းကပ်ပြီး​တော့ မိတ်ဖက်အဖြစ် ပူးပေါင်းပြီး​တော့ အစားထိုးဝင်နိုင်ဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။​စစ်​ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို ​သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ​ထောင်ချီ​သေဆုံးလာတဲ့အတွက် စစ်​ကောင်စီကို ပြည်သူ​တွေက ခုခံ​တော်လှန်​နေကြချိန်၊သပိတ်​မှောက်​နေချိန်မှာ စစ်အုပ်စုနဲ့နီးစပ်တဲ့ ခရိုနီ​တွေက​တော့ စီးပွား​ရေးဂွင်ကြီးကြီးရဖို့အပြိုင်ကြိုးစား​နေကြတာဖြစ်ပါတယ်။

နော်​ဝေအ​ခြေစိုက် တယ်လီ​နော်ကုမ္ပဏီဟာဆိုရင်လည်း သူ့ရဲ့လုပ်ငန်းခွဲ တယ်လီ​နော်မြန်မာ ကုမ္ပဏီကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နဲ့ ပြည်တွင်းကရွှေဗျိုင်းဖြူကုမ္ပဏီ တို့က ၂၀၂၁ ကတည်းကလက်လွှဲဝယ်ယူဖို့သ​ဘောတူပြီးဒီနှစ်ဆန်းမှာ အပြီးသတ်လွှဲ​ပြောင်းဝယ်ယူခဲ့တာပါ။ စစ်​ကောင်စီထိပ်ပိုင်း​ခေါင်း​​ဆောင်​တွေနဲ့ရင်းနီးပြီး အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုဝင်​တွေရှယ်ယာပါတဲ့လို့သတင်းထွက်​နေတဲ့ ရွှေဗျိုင်းဖြူ ပိုင်ရှင် ဦးသိန်း​ဇော်ဝင်းကလည်း ကာလတိုအတွင်းချမ်းသာကြွယ်ဝလာသူဖြစ်ပါတယ်။ သူတို့ကတယ်လီ​နောမြန်မာကို စင်ကာပူနိုင်ငံမှာ ကြားခံကုမ္ပဏီထူထောင်ပြီး​တော့ အဆင့်ဆင့်လွှဲပြောင်းဝယ်ယူခဲ့တာဖြစ်ပါတယ်။

တယ်လီ​နောလိုပဲမြန်မာစျေးကွက်ကနေ Ooredoo ဆုတ်ခွာမယ့် အစီအစဥ်ဟာ ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုတွေရယ်၊ စျေးကွက် အခြေအနေနဲ့ လက်လွှဲ​ရောင်းချဖို့ အဆင်မပြေသေးတာ​တွေကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။

ထိုင်းအခြေစိုက် စီးပွားရေး သုတေသီ တစ်ဦးရဲ့ အဆိုအရ တရုတ် ဆက်သွယ်ရေး လုပ်ငန်းစုကြီး တစ်ခုဆီက ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရောင်းချထားတဲ့ ထိုင်းထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုကလည်း Ooredoo Myanmarကို ဝယ်ယူဖို့ စိတ်ဝင်စားဟန် ပြသခဲ့ပါသေးတယ်။ ဒါပေမဲ့ လုပ်ငန်းပိုင်း ရှုပ်ထွေးမှုတွေက ထိုင်းရဲ့ B Grimm Groupက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Link Family Office ဟာ ​ခေတ္တအမည်ခံ ကြားခံဝယ်ပြီး​တော့ပြန်​ရောင်းတဲ့(warehouse)အခြေအနေကိုပဲ ဖြစ်​ပေါ်​စေခဲ့ပါတယ်။

Link Family Office နဲ့ ​ဂျေ်ာနသန်​ကျော်​သောင်းရဲ့ KT Groupတို့ကြားမှာ လုပ်ငန်းပိုင်း ဆက်စပ်မှု​တွေကြောင့် အသွယ်တွေ ရှိနေတာကို စီးပွားရေး လုပ်ငန်းဆိုင်ရာ မှတ်တမ်း ပြုစုသူ တစ်ယောက်ကအခုလိုအချက်အလက်​တွေနဲ့ပြောပါတယ်။ ထိုင်းနိုင်ငံက အဲဒီ စီးပွားရေး လေ့လာ ဆန်းစစ်သူက ၂၀၂၂ ခုနှစ်၊ ပထမသုံးလပါတ်အတွင်းမှာ B Grimmရဲ့ လုပ်ငန်းပိုင်းနဲ့ ဆက်စပ်ပုဂ္ဂိုလ်တွေအကြောင်း အပါအဝင် အစီရင်ခံစာ တစ်စောင်ကို ပြုစုခဲ့ပါတယ်။ ၂၀၂၂ နှစ်လယ်ပိုင်းမှာတော့ B Grimmဟာ ဂျော်နသန်ကျော်သောင်းနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိလာခဲ့တယ်လို့ဆိုပါတယ်။

▪︎အာဏာသိမ်းစစ်ကောင်စီရဲ့ခွင့်ပြုမှုလိုအပ်နေခြင်း

ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက သဘောထား တင်းမာသူလို့ လူသိများတဲ့အငြိမ်းစားဝန်ကြီး ဦး​အောင်​သောင်းသား ဦး​နေ​အောင် ရဲ့ IGE ကုမ္ပဏီကလည်း Ooredoo Myanmarကိုကိုယ်တိုင်လက်လွှဲ ဝယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါ​သေးတယ်။ ဆက်သွယ်​ရေး ကုမ္ပဏီ​တွေအ​ရောင်းအဝယ်ကိစ္စ​တွေမှာ အ​တွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ နည်းပညာအကြံ​ပေး ​ဒေါက်တာမျိုးအုန်း ​ခေါ် ဦးမျိုးမြင့်အုန်း နဲ့ Ananda CEO ဟောင်း Alan Sinfield တို့ပူးပေါင်းထူထောင်ထားတဲ့ The One Matrix Investment (TOMV) ကတစ်ဆင့် ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါ​ပေမယ့် ဦးဇေယျာအောင်က သာ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကောင်စီရဲ့ လိုလားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဦးဇေယျာအောင်ဟာ ပြည်ခိုင်ဖြိုးပါတီ အုပ်ချုပ်တဲ့ ခေတ်ကာလ ပြီးဆုံးသွားချိန် ကတည်းက သိုသိုသိပ်သိပ်ပဲ နေထိုင်နေခဲ့သူပါ။ ဝန်ကြီးဟောင်း ဖြစ်ခဲ့ဖူးသူတွေ၊ လက်ရှိ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဦးသန်းဌေး၊ ဦးခင်ရီတို့နဲ့ မတူဘဲ သူဟာ လူမြင်ကွင်းရှေ့ကို ပေါ်ပေါ်ထင်ထင် ထွက်မလာသလို မင်းအောင်လှိုင်နဲ့ ပတ်သက်လို့လည်း အတိုက်အခံ ဆန့်ကျင်ပြောဆိုတာတွေ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။

နောက်တစ်ချက်က ၂၀၁၃ မှာ Ooredooက မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပြီး ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းလည်ပတ်တဲ့အခါ သူဟာ မူဝါဒရေးရာချမှတ်သူ၊ ခွင့်ပြုချက်​ပေးရသူ အဖြစ် ပါဝင်ပတ်သပ်ခဲ့ဖူးပါတယ်။ Ooredoo Myanmarရဲ့ ပြည်တွင်း ဝန်ထမ်းတွေကလည်း သူ့ကို ချဉ်းကပ်ခဲ့ကြဖူးပါတယ်။

ဦး​ဇေယျာအောင်ဟာ စစ်တပ်အသွင်​ပြောင်းအစိုးရမှာ ဆက်သွယ်​ရေးဝန်ကြီးတာဝန်မတိုင်ခင် မီးရထားဝန်ကြီး ၊ စွမ်းအင်ဝန်ကြီးတို့အဖြစ်တာဝန်ထမ်း​ဆောင်ခဲ့ပါ​သေးတယ်။ဒါ့အပြင် ရင်းနှီးမြှပ်နှံမှု​ကော်မရှင်မှာလည်းဥက္ကဌလုပ်ခဲ့ဖူးပြီး​တော့ ဦးသိန်းစိန်အစိုးရရဲ့အားထားရသူဖြစ်ပါတယ်။ ဒါအပြင် ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊အမှတ် ၈၈ ​ခြေမြန်တပ်မ ဌာနချုပ်တပ်ရင်းမှူး တာဝန်​တွေထမ်း​ဆောင်ခဲ့သူဖြစ်ပါတယ် ။ အဲဒီ တပ်ရင်းနှစ်ခုလုံးဟာဆယ်စုနှစ်​ပေါင်းများစွာ မြန်မာပြည်သူ​တွေအ​ပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေနဲ့ပတ်သက်မှု ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ်ထားပါတယ် ။

▪︎တူအရီးနှစ်​ယောက် ပူး​ပေါင်းကြိုးကိုင်ခဲ့ခြင်း

အ​ရေးကြီးဆုံက ဦး​ဇေယျာ​အောင် ဟာ ​ဂျော်နသန်​ကျော်​သောင်းရဲ့အ​ဒေါ် ဝမ်းကွဲနဲ့အိမ်​ထောင်ပြုထားလို့ ဂျေ်ာနသန်​ကျော်​သောင်းနဲ့ တူအရီးဖြစ်​နေတာပါ။

Link Family Office နဲ့ အချိတ်အဆက် တည်ဆောက်ခဲ့ပြီးတဲ့နောက် ​ဂျော်နသန် ကျော်သောင်းဟာ ဦးဇေယျာအောင်ကို ချဉ်းကပ်ပြီး သူ့အလုပ်ကိစ္စ အထမြောက်အောင် ကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ ဦးဇေယျာအောင်ဟာ သူ့လူတွေကို ချက်ချင်းစုစည်းပြီး နေပြည်တော်နဲ့ ကာတာနိူင်ငံက ဩဇာညောင်းသူတွေကို စည်းရုံးဖို့ လုပ်ငန်းစဉ် အကောင်အထည် ဖော်ရေး အဖွဲ့ငယ်တစ်ခု ဖွဲ့လိုက်ပါတယ်။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကာတာ သံအရာရှိတွေကိုလည်း ဆက်သွယ်ခဲ့ပါတယ်။

ဦးဇေယျာအောင်က လိုအပ်တဲ့ လုပ်ထုံးလုပ်ငန်း အဆင့်ဆင့်ကိုအကောင်အထည်ဖော်ဖို့ ဦးဉာဏ်ဝင်းကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီထဲမှာ ဦးဉာဏ်ဝင်း၊ Campana Groupက ဦးမျိုးအုန်းနဲ့ Link Family Officeတို့ ပါဝင်တဲ့ ​ခေတ္တဝယ်ပြီး​တော့ပြန်​ရောင်းတဲ့(Warehousing) ပုံစံကို Nine Company ဆိုတဲ့ နာမည်နဲ့ ထူထောင်ဖို့လည်း ပါဝင်ပါတယ်။

​ဂျော်နသန်ကျော်သောင်းက​တော့ Ooredoo Myanmarရဲ့ ပြည်တွင်းကဒေါ်လာ သန်း ၅၀ လောက် ငွေပင်ငွေရင်းကို တာဝန်ယူ ကိုင်တွယ်​​​ဖြေရှင်း​ပေးရဖို့ ဖြစ်လာပါတယ်။ ​အော်ရီဒူးအတွက် ပြည်တွင်းက​ဒေါ်လာသန်း ၅၀ ကို​ပေးဖို့အတွက် ​နောက်ထပ်မြှပ်ကွက်တစ်ခုရှိ​နေ​သေးတယ်လို့ စစ်​ကောင်စီနဲ့ နီးစပ်နဲ့သတင်းရင်းမြစ်အချို့ဆီကသိရပါတယ် ။

ဒါက​တော့ ​အော်ရီဒူးကပြည်တွင်းမှာလည်ပတ်ပြီး မြှပ်သွားတဲ့ ​ဒေါ်လာသန်း ၅၀ ​ကိုပေးဖို့အတွက် ​ဂျေ်ာနသန်​ကျော်​သောင်းနဲ့ အတူလက်တွဲလုပ်မယ့် ခရိုနီတစ်ဦးရှိ​နေသေးတာဖြစ်ပါတယ်။
ယခင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်ကတည်းက စစ်တပ်နဲ့နီးစပ်တဲ့ လက်ဟောင်း ခရိုနီတစ်ဦးလို့ သိရ​ပေမယ့် ဘယ်သူလဲ ဆိုတာကို​ People’s Spring ကဆက်စုံစမ်း​နေဆဲဖြစ်ပါတယ်။

ဩဂုတ် လကုန်ပိုင်းမှာတော့ သဘောတူညီမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီး နေပြည်တော်က Kempinski ဟိုတယ်မှာ လက်လွှဲရောင်းချမှု အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Campana Groupက ဒီအရောင်းအဝယ် သဘောတူညီမှုထဲမှာ ပါဝင်ဖြစ်ခဲ့တယ် ဆိုတာဟာ ဒေသတွင်း ဆက်သွယ်ရေး နည်းပညာ ကဏ္ဍမှာ တစ်ခုတည်းသော အကြံပေးလုပ်ငန်း ဖြစ်နေတာကြောင့်ပါ။ အကြံပေး အနေနဲ့သာ ပါဝင်မယ်လို့ နောက်ကွယ်မှာ သဘောတူညီထားတဲ့ အခြေအနေအရ Nine Companyမှာ Campanaရဲ့ ဆက်စပ်မှု ကဏ္ဍကို တဖြည်းဖြည်းချင်းစီ လျှော့ချသွားရမယ်လို့သိရပါတယ်။

▪︎​အော်ရီဒူးရဲ့ပိုင်ရှင်အသစ်​တွေ

ဒါ​ကြောင့် ​အော်ရီဒူးမြန်မာရဲ့အဓိက ပိုင်ရှင်သစ်​တွေက ဘယ်သူလဲဆိုရင် ​​ဂျော်နသန်​ကျော်​သောင်းနဲ့ ​ပြည်တွင်းက​နေဒေါ်လာသန်း ၅၀ ရှာ​ပေးမယ့် ခရိုနီတစ်ဦးတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အာဏာလုစစ်​ကောင်စီနဲ့နီးစပ်သလို ​သူတို့နောက်ကွယ်မှာအာဏသိမ်းစစ်​ကောင်စီရှိ​နေမှာလည်း​သေချာတယ်လို့ ​တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တစ်ဦးက​ပြောပါတယ်။​ သူတို့နှစ်ဦးအပြင် Ooredoo Myanmar ကိုပြည်တွင်းမှာ လည်ပတ်လုပ်ကိုင်ဖို့အတွက် ဦး​နေ​အောင်ရဲ့ IGE လက်​အောက်က Ananda ကလည်းပါဝင်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။ဒါ​ကြောင့် ဦး​နေ​အောင်ကလည်း ရှယ်ယာနဲ့အကျိုးအမြတ်​​​တစိတ်တပိုင်းရမှာဖြစ်ပါတယ်။

ဂျော်နသန်​ကျော်​သောင်းဟာ ၂၀၁၃ မှ ဖုန်း​အော်ပ​ရေတာ​တွေကိုခွင့်ပြုခဲ့ချိန်က လိုင်စင်ရဖို့ကြိုးစားခဲ့​ပေမယ့်မ​အောင်မြင်ခဲ့တာက ဒီတစ်ကြိမ်ရည်မှန်းချက်ပြည့်လာတာဖြစ်ပါတယ်။

အော်ရီဒူးမြန်မာနိုင်ငံကိုစတင်ဝင်လာချိန်က​နေ လုပ်ငန်းပြန်​ရောင်းထွက်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ လူမသိသူမသိ အဓိက​နေရာက ပါဝင်ခဲ့သူက ဒီအ​ရောင်းအဝယ်တစ်ခုလုံးရဲ့ အဓိကဇာတ်​ဆောင်တစ်ဦးက​တော့ ဦး​ဇေယျာ​အောင်ပဲဖြစ်ပါတယ်။

People’s Spring က အခု​​ဆောင်းပါးအတွက် ​ဒေါက်တာမျိုးအုန်းရဲ့ Campana Group ၊ ဦး​နေ​အောင်ရဲ့ IGE Group နဲ့ Alan Sinfield တို့ဆီကို အီး​မေးလ်က​နေတစ်ဆင့်ဆက်သွယ်​မေးမြန်းခဲ့​ပေမယ့် ဘယ်သူဆီကမှ ပြန်မ​ဖြေကြပါဘူး။

အော်ရီဒူး အရောင်းအဝယ် လုပ်သွားတာဟာ သုံးစွဲသူတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိသလို၊ အရောင်းအဝယ်ကိစ္စကလည်း ကာလတိုအတွင်းမှာ ဖြစ်ပျက်သွားတာဟာ အံ့ဩဖို့ ကောင်းတယ်လို့ ​ခေတ်ပညာတက်ပြည်သူတစ်ဦးက​ပြောပါတယ်။

“စစ်အုပ်စုဘက်က ဒါမှမဟုတ် ဆက်နွယ်သူတွေရဲ့ နောက်ကွယ်ကနေ စီစဉ်တဲ့ ဟန်ပြကုမ္ပဏီ (အရောင်းအဝယ် မဖြစ်ခင် လပိုင်းအတွင်းမှာ စင်ကာပူမှာ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို ဆိုလို) ကနေ ဝယ်ယူတာလို့ နားလည်မိတယ်။ ပြောမယ်ဆိုရင် အော်ရီဒူးကိုယ်တိုင်က သုံးစွဲသူတွေအပေါ် မရိုးသားခဲ့ဘူး။ အခုချိန် ဆက်သွယ်ရေးကုမ္ပဏီအားလုံး စစ်အုပ်စုလက်အောက် ကျရောက်သွားတာမို့ သုံးစွဲသူတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။သုံးစွဲသူအတွက် လုံခြုံမှုဆိုတာ လုံးဝမရှိတော့ပါဘူး”လို့ ​ရန်ကုန်မြို့ မှာ​နေတဲ့သက်လတ်ပိုင်းအရွယ် ပြည်သူတစ်ဦးက သူ့ရဲ့အမြင်ကို​ပြောပါတယ်။

ကန့်​ကော်

credit/coppy@

[ မနေ့ညက စကစ လေတပ်က အရပ်ဖက်ပစ်မှတ်ဖြစ်တဲ့ ကချင်ကျေးရွာဂီတပွဲအပေါ် အလစ်အငိုက် ပြင်းထန်စွာတိုက်ခိုက် ခဲ့မှု့ဟာ တင်ကြိုရည်ရ...
24/10/2022

[ မနေ့ညက စကစ လေတပ်က အရပ်ဖက်ပစ်မှတ်ဖြစ်တဲ့ ကချင်ကျေးရွာဂီတပွဲအပေါ် အလစ်အငိုက် ပြင်းထန်စွာတိုက်ခိုက် ခဲ့မှု့ဟာ
တင်ကြိုရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားအစုလိုက်
အပြုံလိုက် သေစေခဲ့တဲ့ စစ်ရာဇဝတ်
မှု့ကြီးတခု ထပ်မံကျူးလွန်ခြင်းပါ။ ]


ဖားကန့် တေးဂီတ ဖျော်ဖြေပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ကျဲမှုကြောင့် အနုပညာရှင် နှင့် ပြည်သူ ( ၅၀ ) ကျော်သေဆုံးမှုတွင် ကချင် နာမည်ကြီး သရုပ် ဆောင် ဇော်ဒိန် Zau Ding Lahtaw ၊ အဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi ( Yungwi Shayi )
အပါအဝင် ဂီတသမားများ ပါဝင်

ရန်ကုန်၊ အောက်တိုဘာ ( ၂၄ )

အကြမ်းဖက်စစ်တပ်က ဖားကန့်တွင် ယမန်နေ့ ညပိုင်းပြုလုပ်သော တေးဂီတ ဖျော်ဖြေပွဲကို ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူနှင့် အနုပညာရှင် ၅၀ ထိခိုက်သေဆုံးခဲ့ပြီး ယင်းတို့ထဲတွင် ကချင် နာမည်ကြီး သရုပ်ဆောင် ဇော်ဒိန် Zau Ding Lahtaw ၊ အဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi (Yungwi Shayi) အပါအဝင် ဂီတသမားများပါ ကွယ်လွန်သွားကြောင်း ကချင်ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်။

လတ်တလော ရန်ကုန်ခေတ်သစ်က အတည်ပြုရရှိထားသော စာရင်းများအရ အနုပညာရှင်များတွင် ကချင်တိုင်း ရင်းသား နာမည်ကြီး သရုပ်ဆောင် အနုပညာရှင် ဇော်ဒိန် Lahtaw Zau Ding (Sumla Hkrung Kaba) ၊
အဆို တော် Aura Li (Yungwi Shadang)၊ အဆိုတော် Galau Yaw Lwi (Yungwi Shayi၊ ကီးဘုတ်တီးခတ်သူ Ko King (Keyboard) အပါအဝင် ဂီတနှင့်အနုပညာရှင်အများအပြား သေဆုံးကြောင်း သိရှိရသည်။

"ကချင်နာမည်ကြီး အနုပညာရှင် ဇော်ဒိန်က ဒဏ်ရာပြင်းထန်လို့ ဆုံးတယ်လို့ ကြားရပါတယ်။ အလောင်းတွေက စိစစ်နေတုန်းလို့ ပြောတယ်။ ရုပ်အလောင်းချည်းပဲ ၅၀ လောက်ရှိမယ်ပြောတယ်။ ဒဏ်ရာရသူတွေလည်းများတယ်" ဟု ကချင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လက်ရှိအနေအထား သေဆုံးသူများအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ရရှိထားပြီး အသေးစိတ် ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တချို့က ဆိုသည်။

+ 𝐊𝐇𝐈𝐓 𝐓𝐇𝐈𝐓 +

💥ယခုအခါ ပဋိပက္ခများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာလျက်ရှိတာကြောင့် ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်...
22/10/2022

💥ယခုအခါ ပဋိပက္ခများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာလျက်ရှိတာကြောင့် ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ အပိုင်းလိုက် ထုတ်ပြန်ချက်များကို ထပ်မံ ဝေမျှလိုက်ပါတယ်။

📣📣ပုံတစ်ပုံချင်းကို ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်ဒ်စာမျက်နှာ https://mohadm.nugmyanmar.org/my/awareness-posters-my/ မှာလည်း အချိန်မရွေး ရယူဖတ်ရှုနိုင်သလို အောက်ပါ Facebook post တွေကလည်း ရယူနိုင်ပါတယ်။

အပိုင်း (၁) ➡️ https://www.facebook.com/mohadmNUG/posts/160623262874089
အပိုင်း (၂) ➡️ https://www.facebook.com/mohadmNUG/posts/160626366207112
အပိုင်း (၃) ➡️ https://www.facebook.com/mohadmNUG/posts/161999992736416
အပိုင်း (၄) ➡️ https://www.facebook.com/mohadmNUG/posts/162721162664299
အပိုင်း (၅) ➡️ https://www.facebook.com/mohadmNUG/posts/163716175898131

ပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။


သေမှာလည်း မကြောက်တာတော့မဟုတ်ဘူးအာဏာရူးခေတ်မှာ ရှင်သန်ရမှာကို ပိုကြောက်ကြတာ။ပေးဆပ်လိုက်ရတာနဲ့ တန်တဲ့တန်ကြေးတော့ဘယ်တော့မှ ...
21/10/2022

သေမှာလည်း မကြောက်တာတော့မဟုတ်ဘူး
အာဏာရူးခေတ်မှာ ရှင်သန်ရမှာကို ပိုကြောက်ကြတာ။

ပေးဆပ်လိုက်ရတာနဲ့ တန်တဲ့တန်ကြေးတော့ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး။ပေးဆပ်လိုက်ရတောတွေက တန်ကြေးအရမ်းကြီးတာကိုး။

သို့သော်လည်း ဒီတန်ဖိုးမဲ့ အာဏာရူး လောဘသားတွေကိုမြန်မာမြေပုံကပျောက်အောင် ဖျောက်ပစ်ရမှာပဲ။
Art_credit_wooh_hmo

စင်္ကာပူတွင် တိမ်းရှောင်နေသော တေဇတေဇသည် စင်္ကာပူတွင် တိမ်းရှောင်နေသည် ဆိုသော်လည်း စင်တိုစာ ကျွန်းပေါ်ရှိ ဒေါ်လာ ၁၅ သန်း ...
19/10/2022

စင်္ကာပူတွင် တိမ်းရှောင်နေသော တေဇ

တေဇသည် စင်္ကာပူတွင် တိမ်းရှောင်နေသည် ဆိုသော်လည်း စင်တိုစာ ကျွန်းပေါ်ရှိ ဒေါ်လာ ၁၅ သန်း တန် သူ၏ သုံးထပ်မြင့် ဗီလာကြီး ရှေ့တွင် အမြဲလို ရပ်ထားသော Ferrari 8 Spider နှင့် မာစီဒီးစ် ကားကြီး နှစ်စင်းဖြင့် မာရီနာ ဘေး ကာဆီနို သို့ ငွေအိတ်ကြီး သယ်ကာ သွားရောက် သုံးဖြုံးကစားနေနိုင်သူ ဖြစ်သည်ဟု ဘဏ္ဍာရေး သတင်းများကို ဦးစားပေး ဖေါ်ပြလေ့ရှိသည့် Bloomberg News တွင် ဖေါ်ပြထားသည်။

စင်္ကာပူတွင် အိမ် နှစ်လုံး ပိုင်ဆိုင်ထားပြီး တေဇ တို့ မိသားစုအတွက် အပန်းဖြေစရာ ကစားကွင်း တခုလို အသုံး ချနေသည်မှာ ကာလကြာမြင့်လှပြီလည်း ဖြစ်သည်။

အမေရိကန်သည် တေဇ ကို နာမည်ပျက်စာရင်း သွင်းပြီး ပိတ်ဆို့ ဒဏ်ခတ်ထားခဲ့မှုအား ၂၀၁၆ တွင် ပြန်လည် ရုပ်သိမ်းပေးခဲ့သော်လည်း စစ်တပ်မှ အာဏာလု ပြီးနောက် ပြန်လည် ထားရှိလာသည်။ အဓိက သည်က စစ်တပ်အား လက်နက် နှင့် လိုအပ်သည့် ပစ္စည်းများ ရရှိအောင် ပံ့ပိုးပေးနေသော ကြောင့် ဖြစ်သည်။ တေဇ၏ သား နှစ်ဦး ဖြစ်သော ပြည့်ဖြိုး နှင့် ထူးထက်အားလည်း အလားတူ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။

စင်္ကာပူ အပါအဝင် အာရှ နိုင်ငံ အတော်များများက မြန်မာအား စီးပွားရေး ဒဏ်ခတ်မှု လုပ်ရန် လိုလိုလားလား မရှိခဲ့ပေ။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံးက ထိုသို့လုပ်မည်ဆိုလျှင် မြန်မာပြည်သူများသာ ထိခိုက် နစ်နာလိမ့် မည်ဟု ပြောခဲ့ဖူးသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလာခရစ်ရှန်ကလည်း မိမိတို့ နိုင်ငံ ၏ ဩဇာသက် ရောက်နိုင်မှု အတိုင်းအတာကို အလွန်အကျွံ ယူဆမထားသင့်ဟု ဆိုသည်။

အမေရိကန်၏ ဖိအားများ နှင့် ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်ကြီး ဖြစ်သော FATF မှ နာမည်ပျက်စာရင်း သွင်းရန် ရှိနေမှုများကြောင့် စင်္ကာပူသည် ထိုအနေအထားကို ကြာရှည် တောင့်ခံထားဖို့ ခဲယဉ်းလာမည် ဖြစ်သည်။ ထို့ပြင် အခြားနိုင်ငံ ပြည်တွင်းရေးကို မစွက်ဖက်ရေး ဆိုသော မူမှ လမ်းခွဲထွက်လာပြီး စစ်အာ ဏာသိမ်း အဖွဲ့အား ပြစ်တင် ရှုတ်ချလာခဲ့ပြီး မြန်မာသို့ ငွေကြေးစီးဝင်မှုများကို အသေအချာ စီစစ်ရန် ဘဏ်များအား ညွှန်ကြား လာခဲ့သည်။

သို့သော် လက်နက် ကုန်သည်ဟု စွပ်စွဲခံထားရသူ တေဇ ကတော့ စင်္ကာပူမှ နေ၍ သူ့လုပ်ငန်းများကို ပြောင် ပြောင်တင်းတင်း ဆက်လက်လုပ်ကိုင်နေနိုင်ဆဲပင် ဖြစ်သည်။


စင်္ကာပူသည် မြန်မာ စစ်တပ်အား ဘဏ္ဍာရေးအရ အသက်ဆက်နိုင်အောင် နှင့် လက်နက်ခဲယမ်းများ နှင့် အပိုပစ္စည်း ရရှိနိုင်သည့် လမ်းကြောင်းကြီး အဖြစ် ဆက်လက်ရှိနေဆဲပင် ဝါရှင်တန် ရှိ အမျိုးသား စစ် ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက ထောက်ပြခဲ့သည်။

၂၀၀၇ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပေါက်ကြားလာသော ကြေးနန်းများတွင် တေဇသည် ရုရှား သံအမတ်ကို ချဥ်းကပ်ပြီး MI-17 ရဟတ်ယာဉ်များ နှင့် MIG-29 တိုက်လေယာဉ်များ ဝယ်ယူနိုင်အောင် တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည့် နံပတ်ဝမ်း ကရိုနီ ဟု ဖေါ်ပြထားခဲ့သည်။ ၂၀၁၇ ခုနှစ် အတွင်း ပေါက်ကြား လာသော စာရွက်စာတမ်းများအရ တေဇ၏ Myanmar Avia Export Co. သည် JSC Russians Helicopter ၏ အစုစပ် ပါတနာ ဖြစ်သည်ဟု သိရသည်။

၂၀၂၁ မေလ အတွင်း တွင် တေဇသည် ရုရှားသို့ အာဏာသိမ်း အဖွဲ့ လေတပ် ဦးစီးချုပ် ခရီးစဉ် မတိုင်မီ ရုရှားသို့ အရင် ရောက်ရှိလာခဲ့ပြန်သည်။ နိုင်ငံ အများအပြားလည်း လက်နက်များ ဝယ်ယူနေသော်လည်း နိုင်ငံ ကာကွယ် ရေး အတွက် စုဆောင်းထားခြင်းမျိုးသာ ဖြစ်ပြီး မြန်မာ စစ်တပ်ကတော့ ထိုလက်နက်များကို ၎င်းတို့ နိုင်ငံသား များအား သတ်ဖြတ် နှိမ်နှင်းရာတွင် ထုတ်သုံးနေသည့် နိုင်ငံ ဖြစ်သည်။

၂၀၁၉ ခုနှစ် တွင် ထုတ်ပြန်သော ကုလ လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် တေဇ၏ ထူး ဂရု အား မြန်မာ၏ “အကြီးမားဆုံး ရပ်တည်နေသော ကရိုနီ ကုမ္ပဏီများ” တွင် တခုအပါအဝင် ဖြစ်သည်ဟု ပါရှိခဲ့သည်။
တေဇနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းအား မေးမြန်းသည်ကို “ဒီကိစ္စနဲ့ပတ်သက်ပြီး အကြိမ် တထောင် မေးလည်း မဖြေ” ဟု အီးမေးလ်ဖြင့် အကြောင်းပြန်လာခဲ့သည်။

အသက် ၅၈ နှစ်ရှိ တေဇ သည် ပူတာအိုရှိ ၎င်း၏ ကိုယ်ပိုင် အပန်းဖြေ စခန်း တွင် ပြုလုပ်ခဲ့သော မိနစ် ၉၀ ကြာ အင်တာဗျူးတွင် မိမိသည် သယ်ယူပို့ဆောင်ရေး ပစ္စည်း များကိုသာ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး လက်နက် မပါဟု ငြင်းဆိုသွားခဲ့သည်။ ဒဏ်ခတ်ခံရမှုကြောင့် အာမခံ ထား၍မရတော့သဖြင့် သူ၏ လေကြောင်းလိုင်းကို ပိတ်ပစ် ခဲ့ရပြီး ယခုအခါ ကျန်းမာရေးကြောင့် ယခင်ကထက် စာလျှင် အလုပ်ကို တဝက်ခန့် လျော့ပြီး အနားယူနေ သည် ဟု ဆိုသည်။ ၂၀၂၁ တွင် ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုရှားသို့ သွားခဲ့ခြင်းလည်း မရှိဟု ငြင်းဆိုသွားသည်။ စင်္ကာပူ လူဝင်မှု ရုံးကတော့ ၂၀၂၁ တွင် တေဇ ၏ ခရီးသွားမှု ရာဇဝင်ကို ဖြေကြားရန် ငြင်းဆိုခဲ့ပြန်သည်။ ထိုသတင်းကို ဖေါ်ပြခဲ့သော ဧရာဝတီကမူ ကမူ ၎င်းတို့၏ သတင်းခိုင်မာမှုရှိကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ် စောစောပိုင်း တွင် အမေရိကန် ၏ လပ်ဗီဂပ်စ် ဆင်း ကော်ပိုရေးရှင်း ပိုင် စင်္ကာပူရှိ မာရီနာ ဘေး ဆင်း ကာဆီနိုမှ တေဇအား လာရောက် ကစားခွင့် မပြုတော့စု ဆိုသည်။ ယင်းသည် တေဇ အတွက် သက်သာရာ သက်သာကြောင်း ဖြစ်သွားခဲ့ပုံရသည်။ ၎င်းနှင့် နီးစပ်သော လောင်းကစား အသိုက်အဝန်းမှ ကိုးမီး ကစားရာတွင် ဒေါ်လာ သန်း ၇၀ ရှုံးသွားခဲ့သည်ဟု ဆိုသည်။

တေဇ၏ ထူး ဂရုသည် ယခင် ဝန်ထမ်း အင်အား ၆၀,၀၀၀ ရှိရှာမှ ၁၅,၀၀၀ အထိ လျော့ချခဲ့ရကြောင်း သား ဖြစ်သူ ပြည့်ဖြိုးက ဆိုသည်။

အမေရိကန်၏ နောက်ထပ် စာရင်းတွင် ပါဝင်သော လက်နက်ကုန်သည် များ သည် နိုင်ထွဋ်အောင်၊ အောင် လှိုင်ဦး၊ ထွန်းလှိုင် နှင့် သမီးဖြစ်သူ မသက်နှင်းလှိုင် (တေဇ၏ သား ပြည်ဖြိုး၏ ဇနီး) တို့ဖြစ်ပြီး ၎င်းတို့ အားလုံး သည် စင်္ကာပူတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီများကို အခြေပြု၍ လှုပ်ရှားနေကြသည်။

သို့သော် ပဲရစ်တွင် အခြေစိုက်သည့် ကမ္ဘာ ဘဏ္ဍာရေး ပုလိပ် ကြီး Financial Action Task Force ၏ အစည်း အဝေးသည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် စတင်စည်းဝေးနေပြီး မြန်မာ အား အီရန် နှင့် မြောက်ကို ရီးယား ပြီးလျှင် တတိယမြောက် နာမည်ပျက် အမည်စာရင်းထဲ ထည့်သွင်းဖို့ အရေး ဆွေးနွေးနေကြပြီဟု သိရသည်။ မြန်မာသည် အာဏာမသိမ်းမီ နှစ် များက စီးပွားရေး တိုးတက်မှု နှုန်း ၁၀.၅ ရာနှုန်း ဖြင့် ကမ္ဘာတွင် လျှင်မြန်စွာ တိုးတက်နေသော နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်ဟု Bloomberg News မှ ရေးသားထားသော ဆောင်းပါးရှည်ကြီးအား အကျဉ်းချုံး တင်ပြလိုက်ရပါသည်။

ဆောင်းပါး အရှည် ဖတ်လိုပါက အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။

https://www.bnnbloomberg.ca/sanctioned-myanmar-tycoons-find-shelter-in-singapore-1.1833840

နောက်ထပ် ထွက်ပေါ်လာသော သတင်းအရ အောက်တိုဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ထုတ်ပြန်ခဲ့သော မြန်မာ နိုင်ငံ အတွက် USAID (နိုင်ငံတကာ ဖွံ့ဖြိုးမှု အမေရိကန် အေဂျင်စီ) ၏ စာတွင် FATF ၏ နာမည်ပျက်စာရင်းထဲ ထည့်သွင်းရန် ရှိနေသည့် အလားအလာများကြောင့် လူတဦးချင်းစီ၊ စီးပွားရေး လုပ်ငန်း များ နှင့် အဖွဲ့အစည်း များသည် ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အတွက် နိုင်ငံတကာ တွင် ငွေပေးငွေယူ ပြုလုပ်ခြင်းများ အခက်အခဲရှိလာနိုင်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင် နိုင်ရန် မိမိတို့၏ ပါတနာ များကို အကြောင်းကြားပါသည် ဟု ပါရှိလာခဲ့ပြီ ဖြစ်သည်။

Hla Soewai
credit/coppy@

တပ်ပိုင်ပစ္စည်းများကို သပိတ်မှောက်ဆန့်ကျင်ဖို့
Ma Thone Nae boycott application ကိုဒေါင်းလုပ်ပြုလုပ်ထားပါ။ 👉https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app

Address


Website

Alerts

Be the first to know and let us send you an email when Ma Thone Nae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share