Dawei Media

Dawei Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Media, Media/News Company, .

တောင်ပျောက်တိုက်နယ်တွင်စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ် ဒက္ခိဏ၊ အောက်တိုဘာ ၃ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျေ...
03/10/2021

တောင်ပျောက်တိုက်နယ်တွင်စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်

ဒက္ခိဏ၊ အောက်တိုဘာ ၃

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ ယနေ့နံနက်စောစောမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာတွင် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှစ၍ ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ရှစ်နာရီခွဲတွင် ရပ်နားလိုက်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"သူတို့ဘက်က တစ်ဆယ်ကျော်လောက်ကျနိုင်တယ်။ ထိခိုက်ဒဏ်ရာလည်း ၁၀ ကျော်လောက်ရှိနိုင်တယ်။ ကျနော်တို့က အနီးကပ်ပစ်ကြတာဆိုတော့" ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင်ကဆိုသည်။

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံတချို့ကပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များသည် ပြည်သူများ၏နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်းသိရသည်။

Dakkhina Insight

တန့်ဆည်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တက် ချေမှုန်းရေး ပြည်သူများ ချီတက် ဆန္ဒပြ ရန်ကုန်၊ စက်တင်ဘာ ၂၆  တန့်ဆည်မြို့န...
26/09/2021

တန့်ဆည်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တက် ချေမှုန်းရေး ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၆

တန့်ဆည်မြို့နယ်တွင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တက် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

photo Crd - Taze News

26/09/2021

ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်၌ စကစများအမြန်ယာဉ်7စီးဖြင့် ‌ေရာက်ရှိနေ ပင်လည်ဘူးသို့ဆင်းမည့်ဟု ခန့်မှန်းရ...📢😍

26/09/2021

⚠️မန္တလေးမြို့⚠️

👉26.9.2021👈
59မဥ္ဇူလမ်း ၆နာရီခွဲဝန်းကျင်
ကျော်ကျော်မင်းခေါ်
ဒလန်တစ်ကောင်ဖောင်းဒိုင်းခံရ
သေမသေမသိရသေး📢📢

Source-Revolution & Voice informer

မြောက်ဥက္ကလာတွင် အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရ ရန်ကုန်၊ စက်...
26/09/2021

မြောက်ဥက္ကလာတွင် အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် စျစျေးလမ်းဆုံအနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃နာရီခန့်က အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေးလုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

"စျစျေးလမ်းဆုံနားမှာ ညနေ ၃နာရီလောက်က ပစ်သွားတာလို့သိရတယ်။ အရပ်ဝတ်နဲ့ ရဲတစ်ယောက် သေနတ်ဒဏ်ရာနဲ့ မှောက်နေတာတွေ့တယ်။ ရင်ဘတ်ကိုထိတာ သေဖို့များတယ်။ အခုတော့ စစ်ခွေးတွေရောက်နေပြီး ဆဲဆိုနေတယ်" ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ခေတ်သစ်မီဒီယာမှကူးယူဖော်ပြသည်

Address


Website

Alerts

Be the first to know and let us send you an email when Dawei Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share