ပြတင်းပေါက် - Pyadinpauk

  • Home
  • ပြတင်းပေါက် - Pyadinpauk

ပြတင်းပေါက် - Pyadinpauk Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြတင်းပေါက် - Pyadinpauk, Media/News Company, .

PyaDinPauk is to be a transitional place for professional and personal development for young people through creation of quality contents and present-day articles that are resourceful, informative and levitating.

မပေါက်သော်လည်း မပြည့်သောအိုးဂျပန်လူမျိုးတွေရဲ့ ဘဝနေထိုင်မှုလမ်းစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Wabi-sabiက လူတွေကို စောင့်ဆိုင်းမနေ...
22/09/2022

မပေါက်သော်လည်း မပြည့်သောအိုး

ဂျပန်လူမျိုးတွေရဲ့ ဘဝနေထိုင်မှုလမ်းစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Wabi-sabiက လူတွေကို စောင့်ဆိုင်းမနေတတ်ဖို့ကို သင်ပေးတယ်။

လူတော်တော်များများက တစ်ခုခုကိုစတင်ဖို့အရှိန်ယူတတ်ကြတယ်။ ကိုယ်ပိုတန်ဖိုးထားရတဲ့အရာဖြစ်လေ စတင်ဖို့အချိန်ကောင်းကိုကြာကြာပိုစောင့်တတ်ကြလေ။

တကယ်တမ်း စောင့်မနေသင့်ဘူး။ ဘာလိုလဲ? Life is full of uncertaintiesဖြစ်ပြီး ဘဝကဘယ်အချိန်ဘာဖြစ်မယ်ဆိုတာမသေချာလို့ စောင့်ဆိုင်းမနေပဲ လုပ်ချင်ရာကိုဖြစ်အောင်လုပ်ဖို့ပြောချင်တာလား?

မဟုတ်ဘူး။

Wabi-sabi ဆိုတာဟာ - လူသားအပါအဝင်အရာအားလုံးဟာ အမြဲရွေ့လျားနေတဲ့အခြေအနေမှာပဲတည်ရှိပါတယ်။ ပြောင်းလဲခြင်းတရားသည်သာ မပြောင်းလဲတဲ့ကိန်းသေဖြစ်ပါတယ်။ အဆုံးသတ်ဆိုတာမရှိပါဘူး။ အဆုံးသတ်မရှိတဲ့အရာတစ်ခုမှာ perfectionဆိုတာမရှိနိုင်ဘူး။

တနည်းအားဖြင့် အမြဲတမ်းပြောင်းလဲနေတဲ့အရာတစ်ခုဟာ ပြီးပြည့်စုံတဲ့အခြေအနေကို ဘယ်တော့မှမရောက်နိုင်ဘူး။ အချိန်လိုပဲ အဆုံးတစ်ခုကိုရောက်မှာမဟုတ်ဘူး။

တခုခုကိုလုပ်ဖို့ perfectဖြစ်တဲ့အချိန်ကောင်းဆိုတာမရှိဘူး။ readyဖြစ်အောင်ပြင်ဆင်နေလို့ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ စလုပ်တဲ့အချိန်မှာ တခုမဟုတ်တစ်ခု မှားယွင်းနေမှာပဲ။ ဆိုးတာရှိနေဦးမှာပဲ။ Imperfectionရှိနေဦးမှာပဲ။

ပစ္စည်းတစ်ခုဟာ ခြောက်ပစ်ကင်းသဲလဲ့စင်ဖြစ်မနေတဲ့အခါ လုပ်ပေးနိုင်တာ imperfectionတွေရှိတယ်ဆိုတာကိုလက်ခံပြီး ဒါဟာသဘာဝတရား​ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပေးနိုင်တယ်။ ပြီးရင်ရှေ့ဆက်သွားရမယ်။

Because everything is transforming and nothing is ever complete. Wabi-sabiရဲ့ဘဝနေထိုင်နည်းက ကိုယ့်မှာရှိတဲ့အရာတွေကို လက်ခံတဲ့စိတ်၊ ကျေးဇူးတင်တဲ့စိတ်နဲ့အတူ perfectionဖြစ်နေဖို့ထက် ပိုကောင်းပြီးရင်ပိုကောင်းနေအောင်ကြိုးစားနေရုံပဲဆိုတာကိုသိအောင်ပြောပြပေးနေပါတယ်။

ဘဝဟာ အပိတ်ရှိပြီးအဝမဆုံးတဲ့အိုးတစ်လုံးထဲကို ရေဖြည့်ခြင်းပဲဖြစ်ပါတယ်။ ဖြည့်လေဖြည့်လေ ပြည့်လေဖြစ်ပါလိမ့်မယ်။ ရပ်နေရင်တော့ သေချာပေါက်ပြည့်ဖို့နဲ့မနီးစပ်ဖို့ပဲရှိပါလိမ့်မည်။

Wabi-sabiဟာ ဗုဒ္ဓဘာသာကဆင်းသက်လာတဲ့ဘဝခံယူချက်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာတော့ ဒီဖြည့်နေ့တဲ့အိုးဟာ နိဗ္ဗာန်ဖြစ်ပါတယ်။

PyaDinPauk - ပြတင်းပေါက်
“အပြင်ကို လှမ်းကြည့်ဖို့”

#ပြတင်းပေါက်

19/09/2022

အသက်ကြီးလာရင် ပြန်သုံးနိုင်ဖို့အချိန်တွေကို စုဆောင်းနေတဲ့ ဆွစ်ဇာလန်နိုင်ငံ

အပြင်ကို လှမ်းကြည့်ဖို့
ပြတင်းပေါက်-PyaDinPauk

သူငယ်ချင်းတွေက ကျွန်တော့်အကြောင်း ပြောကြတယ် “ဒီတစ်ယောက်က လုံးဝ introvert မဖြစ်နိုင်ဘူး။ သူက ပါးစပ်ကိုမပိတ်နိုင်ဘူး။ အရမ်...
25/08/2022

သူငယ်ချင်းတွေက ကျွန်တော့်အကြောင်း ပြောကြတယ် “ဒီတစ်ယောက်က လုံးဝ introvert မဖြစ်နိုင်ဘူး။ သူက ပါးစပ်ကိုမပိတ်နိုင်ဘူး။ အရမ်းစကားများတာ”

ဒီလူက introvert တစ်ယောက်လို့ပြောလိုက်မယ်ဆိုရင် များသောအားဖြင့်ထင်ကြတာက လူတွေကြားမှာ စကားပြောဖို့တွန့်ဆုတ်နေတာမျိုး၊ ရှက်ကြောက်နေတာမျိုးလို့ စိတ်ကူးထဲပုံဖော်မိကြပါတယ်။

တကယ်တော့ introvert နဲ့ extrovert တွေရဲ့ကွာခြားချက်က အပြုအမူတွေနဲ့မဆိုင်ပါဘူး။ introvert တစ်ယောက်ဟာ သူ့ရဲ့ energy တွေကို ကိုယ့်ရဲ့အတွင်းဘက်ကနေရယူတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် introvert တွေက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊ တစ်ယောက်ထဲရှိနေတဲ့အချိန်၊ ကိုယ့်ရဲ့အတွေးကမ္ဘာထဲမှာ ထိန်းချုပ်မှု အပြည့်ရှိနေတဲ့အခြေအနေတွေကို သဘောကျကြပါတယ်။

Introvert တွေက အပြင်ဘက် ပတ်ဝန်းကျင်နဲ့စတင်ထိတွေ့ဆက်ဆံပြီဆိုရင် energy တွေ တဖြည်းဖြည်းဆုံးရှုံးပါတော့တယ်။ ဒါနေရာမှာ introvert ဖြစ်ခြင်းနဲ့ “ရှက်ခြင်း၊ ကြောက်ခြင်း” တို့ကို ကွဲပြားဖို့လိုပါတယ်။ ရှက်တာက ကြောက်တာနဲ့တစ်ပါတည်းတွဲဆက်နေပါတယ်။ တစ်ခုခုအမှားလုပ်မိမှာ ကြောက်လို့ စကားမပြောရဲတာ၊ မလုပ်ရဲတာ စသဖြင့် ဒီလိုအခြေအနေမျိုးဟာ introvert မှာလည်းရှိနိုင်သလို extrovert တွေမှာလည်းရှိနိုင်ပါတယ်။

introvert တစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ်နေနေတာဟာ စကားပြောဖို့ရှက်နေတာ၊ ကြောက်နေတာထက် သူ့ရဲ့ energy မဆုံးရှုံးချင်လို့ စကားမပြောဘဲ တိတ်တိတ်လေးနေဖို့ ရွေးချယ်လိုက်ရုံသက်သက်ပါပဲ။

ဒီတော့ introvert တွေမှာလည်း စကားများရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။

ပထမတစ်ချက်က ပတ်ဝန်းကျင် culture တွေကြောင့်ဖြစ်ပါတယ်။ culture ဆိုတဲ့နေရာမှာ လူမှုပတ်ဝန်းကျင်နဲ့ဆက်ဆံရတဲ့ social culture, လုပ်ငန်းခွင် culture အစရှိသဖြင့် အမျိုးမျိုးမှာ extrovert ဖြစ်ခြင်းက အရာအားလုံးကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် လိုက်လျောညီထွေနေထိုင်နိုင်တဲ့ introvert တွေဟာ လူမှုဆက်ဆံရေးကောင်းဖို့၊ အလုပ်ကိုအဆင်ပြေချောမွေ့စွာလုပ်နိုင်ဖို့အတွက် extrovert အသွင်ပြောင်းပြီးနေထိုင်ကြပါတယ်။

ဒုတိယတစ်ချက်ကတော့ introvert တွေဟာ သူတို့ရဲ့ အတွေးကမ္ဘာထဲမှာ မျောလွင့်နေကြတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ အတွေးတွေကို ပြောပြချင်ကြပါတယ်။ ဒီတော့ ကိုယ်နဲ့စိတ်တူကိုယ်တူ မျှဝေပေးနိုင်တဲ့သူတွေနဲ့တွေ့တဲ့အခါ introvert တွေဟာ အဖွဲ့ထဲမှာ စကားအများဆုံးသူတွေဖြစ်လာကြပါတယ်။

ဒီလိုအချက်တွေကြောင့် introvert တွေက စကားများတဲ့သူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ပင်ကိုယ်သဘာဝကတော့ ပျောက်မသွားပါဘူး။ အပြင်လောကနဲ့ထိတွေတာများလာတဲ့အခါ energy တွေကုန်ခမ်းရတဲ့အတွက် အားပြန်သွင်းဖို့ ကိုယ့်ကိုယ်ကို အချိန်ပြန်ပေးရပါတယ်။

အကယ်၍ သင့်သူငယ်ချင်း introvert တစ်ယောက်က ခုနကတော့ တက်တက်ကြွကြွနဲ့စကားတွေအများကြီးပြောနေပြီး အခုတော့ တိတ်ဆိတ်သွားပြီးဘာမှမပြောတော့ဘူး။ ဘာဖြစ်သွားတာလဲမေးတော့လည်း ဘာမှမဖြစ်ဘူးလို့ပြန်ပြောတယ်။ ဒီလိုဆိုရင် သင့်သူငယ်ချင်းက တစ်ခုခုစိတ်အလိုမကျဖြစ်တာရှိနေတာကြောင့်မဟုတ်ပါဘူး။ introvert တစ်ယောက်အနေနဲ့ အားပြန်သွင်းဖို့လိုအပ်လို့ပါ။

သင်ရော စကားများတဲ့ introvert တစ်ယောက်လား? သင့်ပတ်ဝန်းကျင်မှာရော စကားများတဲ့ introvert တွေတွေ့ဖူးပါသလား? သူတို့ရဲ့ အပြုအမူတွေနဲ့ပတ်သတ်ပြီး သင်သတိထားမိတာလေးတွေလည်း sharing လုပ်သွားပေးပါဦးနော်။

အပြင်ကိုလှမ်းကြည့်ဖို့
ပြတင်းပေါက် - pyadinpauk

  "Jobs fill your pockets, but adventures fill your soul." Jaime Lyn Beattyပြတင်းပေါက် - PyaDinPauk"အပြင်ကိုလှမ်းကြည့်ဖိ...
19/08/2022



"Jobs fill your pockets, but adventures fill your soul."

Jaime Lyn Beatty

ပြတင်းပေါက် - PyaDinPauk
"အပြင်ကိုလှမ်းကြည့်ဖို့"

#ပြတင်းပေါက်

လူသားတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ အာရုံပေါင်းများစွာကို ပေါင်းစပ်ပြီးအလုပ်လုပ်လေ့ရှိပါတယ်။ အကြောင်းအရာတစ်ခုကို မတူညီတဲ့ ...
17/08/2022

လူသားတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ အာရုံပေါင်းများစွာကို ပေါင်းစပ်ပြီးအလုပ်လုပ်လေ့ရှိပါတယ်။ အကြောင်းအရာတစ်ခုကို မတူညီတဲ့ အာရုံပေါင်းစုံကို အသုံးချပြီး မှတ်သားတဲ့အခါ ဦးနှောက်က ဝန်မပိတဲ့အပြင် ပိုပြီးစွမ်းဆောင်ရည်ကောင်းပါတယ်။

ဥပမာ ရုပ်ရှင်ကြည့်တဲ့အခါ အသံပိတ်ပြီးကြည့်တာ၊ ရုပ်မပါဘဲ အသံချည်းပဲနားထောင်တာ၊ ရုပ်ရော အသံရောပေါင်းစပ်ကြည့်တာမှာ ရုပ်ရှင်ရဲ့ ရသကို ခံစားမိတာရော ၊ ကြာရှည်မှတ်မိနိုင်မှုမှာ ရုပ်ရော အသံရောပါဝင်ပြီး ကြည့်တာက အကောင်းဆုံးဖြစ်ပါတယ်။

ဒီလိုအာရုံတွေထဲမှာမှ အမြင်အာရုံက အားအကောင်းဆုံးဖြစ်ပြီး တခြားအာရုံတွေကိုပါ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။

စမ်းသပ်မှုတစ်ခုမှာ ဝိုင်အရက်အရသာ ကျွမ်းကျင်ပညာရှင်တွေကို ဝိုင်အဖြူကို အနီရောင်ဆေးဆိုးပြီး မြည်းစမ်းစေတဲ့အခါ ပညာရှင်တွေက ဝိုင်နီလို့ပဲ အဖြေပေးကြပါတယ်။ ဘယ်လောက်ပဲ အရသာနဲ့ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပေမယ့် အမြင်အာရုံရဲ့ လွှမ်းမိုးမှုကို မကျော်လွန်နိုင်တာကို တွေ့ရပါတယ်။

နောက်ထပ်စမ်းသပ်မှုတစ်ခုမှာ အကြောင်းအရာတစ်ခုကို အသံချည်းပဲနားထောင်မှတ်သားတဲ့သူဟာ ၃ ရက်အကြာမှာ ၁၀% ပဲမှတ်မိတော့တာကိုတွေ့ရပြီး ရုပ်ပုံတွေကိုပါထည့်ပြီး မှတ်သားတဲ့အခါ ၆၅% ခန့်မှတ်မိတာကြပါတယ်။

ဒါ့အပြင် အမြင်အာရုံမှာမှ ရုပ်ပုံတွေရဲ့ လွှမ်းမိုးမှုဟာ စာလုံးတွေထက်ပိုပြီး အား​ကောင်းပါတယ်။ ဒါကို Pictorial superiority effect လို့ခေါ်ပါတယ်။

လူတွေဟာ စာဖတ်တဲ့အခါ စာလုံးတွေကို ဦးနှောက်က ရုပ်ပုံသေးသေးလေးတွေအနေနဲ့ မှတ်ယူတာကြောင့် စာလုံးတွေအများကြီးကို မှတ်မိဖို့မလွယ်ပါဘူး။ အဲ့အစား အကုန်လုံးကို စုပေါင်းထားတဲ့ ရုပ်ပုံတစ်ပုံအနေနဲ့သာဆိုရင် တန်းပြီး မှတ်မိနိုင်မှာပါ။

သင့်အနေနဲ့ ဈေးဝယ်စာရင်းကို မှတ်တဲ့အခါ စာရွက်မှာ list နဲ့မှတ်ထားတာကို မှတ်မိဖို့ထက် ဝယ်ရမယ့်ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် မှတ်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။

ဒီသက်ရောက်မှုကို လွန်ခဲ့တဲ့ နှစ်၁၀၀ လောက်ကတည်းက သိပ္ပံပညာရှင်တွေ အတည်ပြုထားတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာလည်း မားကတ်တင်းသမားတွေက လူတွေကို ဆွဲဆောင်ဖို့ ရုပ်ပုံတွေရဲ့သက်ရောက်မှုကို အများကြီးသုံးလာကြတာဖြစ်ပါတယ်။

အပြင်ကိုလှမ်းကြည့်ဖို့
ပြတင်းပေါက် - Pyadinpauk

 "Life isn't about finding yourself. Life is about creating yourself."George Bernard Shaw ပြတင်းပေါက် - PyaDinPauk
12/08/2022



"Life isn't about finding yourself. Life is about creating yourself."

George Bernard Shaw

ပြတင်းပေါက် - PyaDinPauk

စာဖတ်တဲ့သူထက်၂၃လအသက်ပိုတိုတဲ့ စာမဖတ်တဲ့သူ အမေရိကန်ထိပ်တန်းတက္ကသိုလ် Yale Universityက စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူကြားမှာရှိ...
11/08/2022

စာဖတ်တဲ့သူထက်၂၃လအသက်ပိုတိုတဲ့ စာမဖတ်တဲ့သူ

အမေရိကန်ထိပ်တန်းတက္ကသိုလ် Yale Universityက စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူကြားမှာရှိတဲ့ အသက်အရွယ်/ကျန်းမာရေး ကွာခြားချက်တွေကို သိသာမြင်သာလာအောင် သုတေသနပြုလုပ်နိုင်ခဲ့ပါတယ်။

Yaleရဲ့သုတေသနပြုသူတွေက အသက်၅၀ကျော်လူပေါင်း၃,၆၃၅ယောက်ကို စမ်းသပ်လေ့လာခဲ့ပြီး

• စာလုံးဝမဖတ်ဖြစ်သူ(non-reader)

• တစ်ပတ်စာဖတ်ချိန် ၃နာရီခွဲအောက်ရှိသူ(>3.5hr/w reader)

• တစ်ပတ်စာဖတ်ချိန် ၃နာရီခွဲအထက်ရှိသူ(

ကျွန်တော်တို့လူသားတွေက ပြောင်းလဲဖို့ဆိုရင် ကြောက်ရွံ့ကြတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မှာရှိပြီးသားအရာကို ဆုံးရှုံးလိုက်ရမှာ...
10/08/2022

ကျွန်တော်တို့လူသားတွေက ပြောင်းလဲဖို့ဆိုရင် ကြောက်ရွံ့ကြတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မှာရှိပြီးသားအရာကို ဆုံးရှုံးလိုက်ရမှာကြောက်လို့ပါတဲ့။

ဒီလိုမျိုးဖြစ်လာရခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင် လူသားတွေရဲ့ ပြောင်းလဲမှုလုပ်ငန်းစဉ်ကို နားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်။

လူတွေဟာ အခြေခံအားဖြင့် ခေါင်းထဲမှာ မှတ်ယူထားတဲ့ ညီမျှခြင်းနှစ်ခုရှိကြတယ်။

Sameness = Safety နဲ့

Change = Danger ဆိုပြီးပဲ ဖြစ်လို့

စိတ်ပညာရှင်တစ်ဦးဖြစ်သူ Jennifer Kunst ကဆိုတယ်။

ဒီအချက်ကို နားမလည်တဲ့အခါ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ကို အရမ်းဖိအားပေးတတ်ကြတယ်။ အဲ့အချိန်မှာ အများစုက ကျရှုံးသွားခဲ့ကြတယ်။

၂၀၀၉ ခုနှစ် European Journal of Social Psychology လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်အနေနဲ့ အပြောင်းအလဲအသစ်ကို နေသားကျဖို့ အနည်းဆုံး ၁၈ရက်ကနေ အများဆုံး ၂၅၄ရက်အထိ လိုအပ်ပါတယ်တဲ့။ ပျမ်းမျှအားဖြင့် အလေ့အကျင့်တစ်ခု တည်ဆောက်မယ်ဆိုလျှင်လည်း ရေရှည်မှာ တည်မြဲဖို့ အနည်းဆုံး၆၆ရက် လုပ်နေဖို့လိုအပ်ပါတယ်လို့လဲ ဖော်ပြထားတယ်။

ဒီလိုမျိုး လေ့လာတွေ့ရှိချက်တွေရဲ့ ခိုင်မာတဲ့ထောက်ပြမှုဟာ ကျွန်တော်တို့အားလုံးအနေနဲ့ ဖြည်းဖြည်းမှန်မှန်နှင့် အချိန်အတိုင်းအတာတစ်ခုယူပြီး ပြောင်းလဲရင်ထိရောက်မှုရှိကြောင်း တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ဦးနှောက်မှာ မှတ်ဉာဏ်ရှိသလိုမျိုး ကြွက်သားတွေမှာလည်း မှတ်သားနိုင်စွမ်းရှိပါတယ်။ ကိုယ်လုပ်နေကြအလုပ်ဆိုရင် မြန်မြန်ဆန်ဆန် အမှားနည်းနည်းနဲ့လုပ်နိုင်ပြီးတော့ အဲ့လိုမျိုး တနေရာရာမှာ ကျွမ်းကျင်နေဖို့ဆိုတာ တနေ့တမနက်ထဲနဲ့ မဖြစ်နိုင်ပါဘူး။

​မှတ်ဉာဏ်တွေကို မှတ်မိအောင်လုပ်ပေးရမယ်။
​ပြောင်းလဲမှုနဲ့ တဖြည်းဖြည်းယဉ်ပါးလာအောင် လုပ်ပေးရမယ်။
ဒါမှ ရေရှည်တည်မြဲတဲ့ အပြောင်းအလဲတခုကို ဖန်တီးလာနိုင်လိမ့်မယ်။

ဒါကြောင့် လူတွေဟာ အပြောင်းအလဲလုပ်တော့မယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်ဖို့ မရတဲ့အတွက်ကြောင့် ပြောင်းလဲချင်ရင် ကြိုးစားဖို့လိုကြောင်း အသိပေးအပ်ပါတယ်။

နောက်ထပ်တန်ဖိုးရှိတဲ့စာလေးတွေ ဖတ်ချင်သေးတယ်ဆိုရင် ပြတင်းပေါက်-PyaDinPauk မီဒီယာကို Like and Followလုပ်သွားဖို့ မမေ့ကြနဲ့နော်။

အပြင်ကို လှမ်းကြည့်ဖို့
ပြတင်းပေါက်-PyaDinPauk

နည်းပညာရဲ့ အကူအညီကြောင့် လူသားတွေဟာ သဘာဝတရားတွေ၊ အချိန်တွေ၊ အကွာအဝေးတွေ စသဖြင့်ကို ထိန်းချုပ်လာနိုင်ပေမယ့် ဒီနည်းပညာကပဲ ...
05/08/2022

နည်းပညာရဲ့ အကူအညီကြောင့် လူသားတွေဟာ သဘာဝတရားတွေ၊ အချိန်တွေ၊ အကွာအဝေးတွေ စသဖြင့်ကို ထိန်းချုပ်လာနိုင်ပေမယ့် ဒီနည်းပညာကပဲ လူသားတွေရဲ့ ဦးနှောက်ကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။

လူတွေရဲ့ ဦးနှောက်ဟာ တစ်သမတ်တည်းမဟုတ်ဘဲ ပြောင်းလဲနိုင်တဲ့ plastic ဂုဏ်သတ္တိရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဇီဝဗေဒပညာရှင် Eric Kandel က ပက်ကျိလေးတွေနဲ့ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပက်ကျိလေးတွေမှာ အာရုံခံနာဗ်ဆဲလ်လေးတွေက အလွန်အားကောင်းသလို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဆန့်ကျုံ့ပေးနိုင်တဲ့ နာဗ်ဆဲလ်လေးတွေနဲ့ ချိတ်ဆက်ထားကြောင့် ၎င်းတို့ကို နည်းနည်းလေးသွားထိလိုက်တာနဲ့ ခန္ဓာကိုယ်ကို ချက်ချင်းကျုံ့နိုင်တာဖြစ်ပါတယ်။

Eric Kandel ဟာ ပက်ကျိတွေကို ဘာအန္တရာယ်မှမပေးဘဲ အကြိမ်များစွာသွားတို့ကြည့်တဲ့အခါ ပက်ကျိတွေဟာ ထိတွေ့မှုကို အသားကျသွားပြီး ခန္ဓာကိုယ်ကို အရင်လောက်သိပ်မကျုံ့တော့တာတွေ့ရပါတယ်။ လူတွေရဲ့ ဦးနှောက်ဟာလည်း အလားတူပါပဲ။ ဦးနှောက်ဟာ တူညီတဲ့အတွေ့အကြုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါကြုံရမယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက ပြောင်းလဲလာပါတယ်။

ဦးနှောက်ဟာ ‌ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုပေမယ့် အလေ့အကျင့်တစ်ခုကို နေသားကျသွားတဲ့အခါ အချိန်အတော်ကြာ အဲ့အတိုင်းပဲဆက်လက်လုပ်ဆောင်လေ့ရှိပါတယ်။ အင်တာနက်ကနေ တစ်နေ့ကို ထောင်သောင်းချီတဲ့ သတင်းအချက်အလက်တွေဝင်ရောက်နေတာပါ။ ဒါနဲ့ ထိတွေ့တာများလာတဲ့ ဦးနှောက်ဟာ အရည်အသွေးထက် အရေအတွက်ကို ပိုပြီးဦးစားပေးဖို့ ပြောင်းလဲလာရပါတော့တယ်။ ဒီလိုနဲ့ လူသားတွေရဲ့ ဦးနှောက်ဟာ ဘယ်အရာကိုမှ လေးလေးနက်နက်မစဉ်းစားတော့ဘဲ အာရုံစူးစိုက်နိုင်စွမ်းကျဆင်းလာပါတော့တယ်။

ဥပမာအားဖြင့် အရင်က အကြောင်းအရာတစ်ခုခုကို သိချင်တယ်ဆိုရင် လေးလေးနက်နက်စဉ်းစားပြီး အဖြေရှာတာ၊ သို့မဟုတ် စာကြည့်တိုက်သွားပြီး စာအုပ်ပေါင်းများစွာထဲက ကိုယ်လိုချင်တဲ့အဖြေရအောင် အားစိုက်ထုတ်ပြီးရှာဖွေရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ မတူတော့ပါဘူး။ ဘယ်လောက်ပဲ သေးငယ်တဲ့ အကြောင်းအရာလေးဖြစ်ဖြစ် ကိုယ်သိချင်တာရှိရင် google လိုမျိုး search engine တွေမှာ ရိုက်ရှာလိုက်ရင် စက္ကန့်ပိုင်းအတွင်း တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ အကြောင်းအရာတစ်ခုတည်းကို အချိန်ကြာကြာ လေးလေးနက်နက် အာရုံစိုက်နိုင်တဲ့ စွမ်းရည်ဟာ တဖြည်းဖြည်းမှေးမှန်လာရပါတယ်။

အာရုံစိုက်နိုင်တဲ့ စွမ်းရည်လျော့ကျလာတာနဲ့အမျှ မှတ်ဉာဏ်စွမ်းရည်ကိုပါ တဖြည်းဖြည်းထိခိုက်လာပါတယ်။ ဦး​နှောက်ဟာ ကိစ္စတစ်ခုကို ခဏ​လေးအတွင်းမှာ မြန်မြန်​မေ့​ပျောက်လွယ်ပါတယ်။ ​ရေရှည်မှတ်မိဖို့ဆိုရင် ဦး​နှောက်ဟာရှုပ်​ထွေးတဲ့ လုပ်​ဆောင်မှု​တွေပြုလုပ်ရသလို မြင့်မားတဲ့အာရုံစိုက်နိုင်စွမ်းလိုအပ်ပါတယ်။ အင်တာနက်အသုံးပြုတာများတဲ့အခါ မှတ်ဉာဏ်တည်ဆောက်မှုလုပ်ငန်းစဉ်ဟာလည်း ချို့ယွင်းလာပါ​တော့တယ်။

ဒါတင်မက အင်တာနက်ဟာ လူသားတွေရဲ့ လူသားဆန်မှုကိုပါ တဖြည်းဖြည်းခြိမ်းခြောက်လာပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ လူ့ဦးနှောက်ဟာ တစ်ဖက်လူရဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကိုတော့ လျင်လျင်မြန်မြန်ကိုယ်ချင်းစာတတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုတော့ အချိန်ယူစဉ်းစားပေးမှ နားလည်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေများနေတဲ့အခါ လူသားတွေက တစ်ဖက်လူကို ကိုယ်ချင်းစာပေးနိုင်ဖို့ ခက်ခဲလာပါတော့တယ်။

အင်တာနက်ကြောင့် တိုးတက်ပြောင်းလဲမှုတွေအများကြီးဖြစ်လာရသလို တစ်ဖက်မှာလည်း အင်တာနက်ကြောင့် လူသားတွေရဲ့စိတ်က ပေါ့ပျက်ပျက် ဖြစ်လာတာကိုလည်း သတိမူမိဖို့လိုပါတယ်။ တစ်ခါတစ်ရံ အချိန်တစ်ခုပေးပြီး အင်တာနက်မသုံးပဲနေတာ၊ သဘာဝရေမြေတောတောင်တွေနဲ့ မကြာခဏထိတွေ့ပေးတာက မွန်းကြပ်စရာကောင်းတဲ့ လူနေမှုဘဝကနေ ရုန်းထွက်စေပြီး သင့်ရဲ့ပင်ကိုယ်စိတ်ကို ပြန်လည်လန်းဆန်းစေမှာပါ။

အပြင်ကို လှမ်းကြည့်ဖို့
ပြတင်းပေါက် - pyadinpauk

 "Smile, breathe and go slowly."Thich Nhat Hanhပြတင်းပေါက် - PyaDinPauk
05/08/2022



"Smile, breathe and go slowly."

Thich Nhat Hanh

ပြတင်းပေါက် - PyaDinPauk

လူတစ်ယောက်နဲ့တစ်ယောက် ပင်ကိုယ်သဘာဝအားဖြင့် အိပ်ချိန်၊ နိုးချိန်တွေဟာ မတူကြပါဘူး။ တစ်ချို့လူတွေက မနက်ခင်းပိုင်းမှာ လန်းဆန...
04/08/2022

လူတစ်ယောက်နဲ့တစ်ယောက် ပင်ကိုယ်သဘာဝအားဖြင့် အိပ်ချိန်၊ နိုးချိန်တွေဟာ မတူကြပါဘူး။ တစ်ချို့လူတွေက မနက်ခင်းပိုင်းမှာ လန်းဆန်းတက်ကြွမှုအရှိဆုံးဖြစ်ကြပြီး တစ်ချို့က ည​နေ​နှောင်းပိုင်းမှာ လန်းဆန်းတက်ကြွမှုအရှိဆုံးဖြစ်ကြပါတယ်။ ဒီလိုနဲ့ Morning Person နဲ့ Night Owl ဆိုပြီး ခွဲခြား​ခေါ်ဆိုကြပါတယ်။

Morning Person ​တွေက ညဘက်​စော​စောအိပ်ရာဝင်ပြီး မနက်​စော​စောထ​လေ့ရှိကြသလို Night Owl ​တွေက​တော့ ညဘက်ဆိုလုံးဝအိပ်မရဘဲ မနက်မိုးလင်းခါနီး ၃ ၄ နာရီလောက်မှ အိပ်ချင်စိတ်ပေါ်လာပြီး အိပ်ကြပါတယ်။

လေ့လာမှုတွေအရ ကမ္ဘာ့လူဦးရေရဲ့ ၁၀% လောက်က morning person၊ နောက်ထပ် ၁၀% လောက်က Night Owl တွေဖြစ်ပြီး ကျန်တဲ့ ၈၀% ရဲ့အိပ်ချိန်တွေကတွေ morning person နဲ့ night owl ရဲ့ ကြားထဲမှာရှိကြပါတယ်။

ဒီလိုမျိုးလူတစ်ယောက်နဲ့ တစ်ယောက်အိပ်ချိန်တွေမတူကြတာက သဘာဝက ဖန်တီးပေးထားတဲ့ လက်ဆောင်လို့ပြောလို့ရပါတယ်။ ရှေးခေတ်ကလူသားတွေဟာ အမဲလိုက်ကြတဲ့အခါ အလှည့်ကျကင်းစောင့်ရပါတယ်။ လူတွေအကုန်လုံးအိပ်မောကျနေတဲ့အချိန်ဟာ အန္တရာယ်ဖြစ်နိုင်ချေအမြင့်ဆုံးအချိန်ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အိပ်ချိန်မတူကြတာက လူသားတွေအတွက် အသက်ရှင်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

လူတွေရဲ့အိပ်ချိန်၊ နိုးချိန်တွေဟာ ခန္ဓာကိုယ်အပူချိန်၊ ဟော်မုန်းထုတ်လုပ်မှု၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ အစရှိသဖြင့် ခန္ဓာကိုယ်ရဲံ့ လုပ်ဆောင်မှု အားလုံးနီးပါးအပေါ်လွှမ်းမိုးမှုရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု ပျက်ပြားစေတာက စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်းတို့အပြင် ဆိုးသွမ်းတဲ့အပြုအမူတွေဖြစ်လာစေဖို့ကိုလည်း အားပေးပါတယ်။

သူနာပြု ၃၂၀၀၀ ကို စမ်းသပ်လေ့လာမှု တစ်ခုပြုလုပ်ကြည့်တဲ့အခါ Night owl တွေဟာ Morning Person တွေထက် depressed ဖြစ်မှုနှုန်းပိုမြင့်တာကို တွေ့ရပါတယ်။ ဒါ့အပြင် Night owl တွေက Morning Person တွေထက် အသက်ရှည်နှုန်းနည်းကြပါတယ်။ ဒီလိုနဲ့ သင်က Night owl တစ်ယောက်ဖြစ်တာနဲ့ပဲ အသက်မရှည်တော့ဘူးလို့ မဆိုလိုပါဘူး။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပြုလုပ်ထားတဲ့စနစ်တွေက morning person တွေအတွက် အထောက်အကူပြုပြီး Night person တွေအတွက် စိန်ခေါ်မှုတွေဖြစ်စေလို့ပါပဲ။ ဥပမာအားဖြင့် မနက်စောစောတက်ရတဲ့ အတန်းချိန်တွေ၊ မနက် ၈နာရီတက်ရတဲ့ ရုံးချိန်တွေ၊ မနက်စောစောသွားဝယ်မှရမယ့် မနက်ခင်းဈေးတွေ အစရှိသဖြင့်ဖြစ်ပါတယ်။ ဒီလိုနဲ့ Night owl တွေက ရွေးချယ်စရာမရှိဘဲ မနက်ခင်းထဖို့ ကြိုးစားပြီးညှိယူရတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုနဲ့ဆန့်ကျင်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာရတာပါပဲ။

Night owl တွေမှ မဟုတ်ပါဘူး။ ကိုယ်က morning person ဖြစ်ပေမယ့် ညဆိုင်းဆင်းရတာတွေ၊ ညဘက်အလုပ်လုပ်ရတာမျိုးဖြစ်ခဲ့ရင် morning person အတွက်လည်း အထက်ပါအကျိုးသက်ရောက်မှုတွေက အတူတူပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ပင်ကိုယ်အိပ်ချိန်နဲ့ မကိုက်ညီတဲ့ နေထိုင်မှုမျိုးမှာ ရှင်သန်နေရတယ်ဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း စသဖြင့်ကိုယ့်ရဲ့ အစားအသောက်၊ နေထိုင်မှုပုံစံကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။

ပြတင်းပေါက် - pyadinpauk

02/08/2022

Facebook အောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲကတစ်ခု😲

အပြင်ကို လှမ်းကြည့်ဖို့
ပြတင်းပေါက်-PyaDinPauk

လူတွေက ပြောင်းလဲရမှာ ဘာလို့ကြောက်ကြတာလဲလူတွေက ကိုယ့်အိတ်ကပ်ထဲ အသံမကြားသရွေ့ အပြောင်းအလဲတွေမလုပ်ချင်ကြဘူးဆိုတဲ့ အနောက်တို...
31/07/2022

လူတွေက ပြောင်းလဲရမှာ ဘာလို့ကြောက်ကြတာလဲ

လူတွေက ကိုယ့်အိတ်ကပ်ထဲ အသံမကြားသရွေ့ အပြောင်းအလဲတွေမလုပ်ချင်ကြဘူးဆိုတဲ့ အနောက်တိုင်းစကားပုံတခုတောင် ရှိပါတယ်။

လူဆိုတာက အကြောက်တရားရှိကြတယ်။ ဒါပေမဲ့ အပြောင်းအလဲကို ကြောက်နေသရွေ့ ဘဝမှာ တိုးတက်ဖို့က ခက်ခဲနေဦးမှာပါပဲ။

ဥပမာ ဝိတ်ကျချင်လို့ Gym သွားပြီး လေ့ကျင့်တယ်။ ဒါပေမဲ့ တရက်သွားပြီး နောက်ရက်ဆက်မသွားတော့ဘူး။ ဘာလို့လဲ စိတ်ထဲကမှ တကယ်အပြောင်းအလဲ လုပ်ဖိုကို မပြင်ဆင်ရသေးတာ။ ကျွန်တော်တိုရဲ့ ဦးနှောက်က တခါတရံ ကျွန်တော်တို့တွေကို မပြောင်းလဲအောင် တားဆီးနေတတ်တယ်။

ကျွန်တော်တို့ ပုံမှန်လုပ်နေကြ Routine တခုကိုဖောက်ထွက်ဖို့ကို စိတ်မှာ မပြင်ဆင်ထားခဲ့ဘဲ ပြောင်းလဲဖို့ကို ကြိုးစားမယ်ဆိုရင် အဲ့အပြောင်းအလဲက ရေရှည်ခံလေ့မရှိပါဘူး။ နောက်ထပ်အကြောင်းအရင်းတခုကတော့ ကိုယ်ပိုင်ဆိုင်ပြီးသားအရာတခုဆုံးရှုံးသွားရမှာကို တွေးကြောက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ဘဝကို ပိုမိုကောင်းမွန်စေမယ့် အပြောင်းအလဲတွေကို လုပ်နိုင်ဖို့ “How to Change” စာအုပ်ကို ရေးသားသူ အမူအကျင့်ဆိုင်ရင် သိပ္ပံပညာရှင် ပရော်ဖက်ဆာ Katy Milkman ရဲ့ နည်းလမ်း သုံးခုကို ဝေမျှပေးချင်ပါတယ်။

(၁) Fresh Start Effect လို့ခေါ်တဲ့ အစပိုင်းမှာ ရရှိတဲ့ ခံစားချက်ကို အသုံးချပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Katy Milkman က Google မှာ သူရဲ့ အမူအကျင့်ပိုင်းဆိုင်ရာ လေ့လာစမ်းသပ်မှုနဲ့ ပတ်သက်လို ဝေမျှခဲ့တာလေးရှိပါတယ်။ အဲ့ထဲမှာ Fresh Start Effect ဆိုတဲ့ လူတွေရဲ့ ကောက်ရိုးမီးဖြစ်တဲ့ စိတ်ဓာတ်ကို အကောင်းဆုံးအသုံးချတဲ့နည်းလမ်း အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်။

လူတွေက အသစ်တခုကို စတင်တော့မယ်ဆိုရင် Endorphin ဟော်မုန်း လိုခေါ်တဲ့ စိတ်လှုပ်ရှားစေတဲ့ ဟော်မုန်းကို ဦးနှောက်က ထုတ်လွှတ်တယ်။ အဲ့ ဟော်မုန်းတွေကို အသုံးချပြီးကိုယ်စိတ်ဓာတ်ကျလာတဲ့အချိန် ရပ်တန့်ချင်တဲ့ အချိန်ရောက်တိုင်း

"ဒီကိစ္စကို ငါ ဘာလိုစခဲ့လဲ၊
အစတုန်းက ဘယ်လိုခံစားရလဲ"

ဆိုတဲ့ မေးခွန်းတွေနဲ့ Fresh Start Effect ကို အသုံးချပြီး အပြောင်းအလဲ လုပ်နိုင်ပါတယ်။

(၂) အခက်အခဲတွေကို အထင်လည်းအရမ်းမသေးနဲ့၊ အထင်လည်းအရမ်းမကြီးပါနဲ့။

Katy Milkman အကြံပေးခဲ့တာတွေထဲကမှ လူတွေအများစု ကျရှုံးရတဲ့အကြောင်းအရင်းက အခက်အခဲတွေကို လျော့တွက်ခဲ့တာကြောင့်လို့ ဆိုတယ်။

အရှိကို အရှိအတိုင်း မြင်အောင်ကြည့်ပြီးတော့ ကြုံလာရမယ့် အခက်အခဲ တွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို ပြင်ဆင်သင့်တယ်။ အချိုအခက်အခဲတွေဟာ ခန့်မှန်းနိုင်တယ်။ ဥပမာအားဖြင့် Gym စကစားရင် တကိုယ်လုံးကိုက်ခဲနေမယ်။ အဲ့လိုကိုက်ခဲနေရင် သက်သာအောင် ဆေးဝယ်ထားမယ်၊ အားရှိအောင် စားမယ် စသဖြင့် ကြိုတင်စီစဉ်ထားလို့ရမယ်။

(၃) သူများကို အကြံပေးပါ။

လေ့လာတွေ့ရှိချက်တွေအရ သူတပါးကို ကူညီပေးခြင်းနဲ့ လမ်းပြပေးခြင်းက ကိုယ့်ရဲ့ Goalကိုရောက်ရှိအောင် ကူညီပေးတယ်လိုဆိုတယ်။

ရှေ့ဆောင်လမ်းပြ လုပ်ရာကနေ ရရှိတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု (Self-Confidence) တွေဟာ ခန္ဓာကိုယ်နဲ့ ကိုယ့်ရဲ့ စွမ်းဆောင်မှုတွေကို တိုးမြင့်ပေးပါတယ်။

နောက်ထပ် ကျောင်းတွင်းကလပ်တွေမှာ ကျောင်းသားတွေနဲ့ စမ်းသပ်မှုတွေပြုလုပ်တဲ့အချိန်မှာလည်း ရလဒ်ကောင်းတဲ့ ကျောင်းသားတွေထဲမှာ အများစုက ကိုယ့်ထက်ငယ်တဲ့ ဂျူနီယာကျောင်းသားလေးတွေကို သင်ပြတဲ့ကျောင်းသားတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရကြောင်း Katie Milkman က ဝေမျှခဲ့ပါသေးတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ အ ပြောင်းအလဲကို လုပ်ဖိုကို တွန့်ဆုတ်နေခဲ့သည်ဖြစ်စေ၊ အပြောင်းအလဲကို ကြောက်နေခဲ့သည်ဖြစ်စေ ဒီစာလေးဖတ်ပြီးတော့ အတွေးတစ်စ ရသွားလိမ့်မယ်လို ယုံကြည်ပါတယ်။နောက်ထပ် ဒီလိုမျိုးစာလေးတွေ ဖတ်ချင်သေးတယ်ဆိုရင်တော့ ပြတင်းပေါက် - PyaDinPauk ကို အရောက်လှမ်းခဲ့ဖိုကို ဖိတ်ခေါ်လိုက်ပါတယ်နော်။

အပြင်ကို လှမ်းကြည့်ဖို
ပြတင်းပေါက် - PyaDinPauk

နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်းကရရှိတဲ့ စိတ်ပျော်ရွှင်မှုနဲ့ ခန္ဓာကိုယ်အပေါ်သက်ရော်မှုဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝပတ်ဝန်းကျင်ကနေ...
30/07/2022

နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်းကရရှိတဲ့ စိတ်ပျော်ရွှင်မှုနဲ့ ခန္ဓာကိုယ်အပေါ်သက်ရော်မှု

ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝပတ်ဝန်းကျင်ကနေ ကြုံရတဲ့အခက်အခဲပြဿနာတွေကို တန်ပြန်ဖြေရှင်းနိုင်ဖို့ ခွန်အားတွေကို ပတ်ဝန်းကျင်ကပြန်လည်ပေးအပ်တဲ့ သဘာဝတရားတစ်ခုရှိပါတယ်။

ထိုသဘာဝတရားတွေထဲမှာ နေရောင်ခြည်ဓာတ်ကိုခံယူခြင်းက လူရဲ့ ခန္ဓာကိုယ်ခံအားကောင်းမွန်အောင်၊စိတ်ကျန်မာရေးကောင်းမွန်တဲ့အပြင် စိတ်ပျော်ရွှင်လာအောင်မြှင့်တင်ပေးနိုင်တဲ့အကျိုးအာနိသင်တွေကို လူတွေအတွက် ဖန်တီးပေးထားပါတယ်။

သင့်တင့်တဲ့နေရောင်ခြည်နဲ့ထိတွေ့ခြင်းက -

(၁) ကောင်းကောင်းအိပ်ပျော်စေတယ်။

မနက်နေရောင်ကို တစ်နာရီလောက်ပဲထိတွေ့ပေးခြင်းက ညမှာကောင်းကောင်းအိပ်ပျော်စေဖို့ကို အထောက်အကူပြုပါတယ်။ သဘာဝနေရောင်ခြည်နဲ့ထိတွေ့ခြင်းက ခန္ဓာကိုယ်ရဲ့biological clock ဇီဝနာရီကိုကောင်းကောင်းလည်ပတ်စေပါတယ်။

(ဇီဝနာရီဆိုတာက နေ့အချိန်မှာလူကိုတက်ကြွလန်းဆန်းစေဖို့ serotonin ဆယ်ရိုတိုနင်းဟော်မုန်း၊ ညအခါရောက်ရင် အိပ်စက်အနားယူးစေဖို့ melatoninမယ်လတိုနင်းဟော်မုန်း ၂မျိုးကို အချိန်မှန်မှန်တစ်လှည့်စီထုတ်ပေးနေတာပဲဖြစ်ပါတယ်။)

မနက်ခင်းနိုးတာနဲ့နေရောင်ခြည်ကိုထိတွေ့ပေးတာက melatonin ဟော်မုန်းတွေကို ရပ်တန့်ဖို့ အသိပေးသလို၊ ညရောက်လာတဲ့အခါမှာလည်းserotoninဟော်မုန်းတွေကို လုံလုံလောက်လောက်ထုတ်ပေးပြီး အိပ်စက်အနားယူနိုင်ဖို့ အကူအညီပေးလို့ပဲ ဖြစိပါတယ်။

ဒါ့ကြောင့်ညအိပ်မပျော်ဘူးဆိုရင် မနက်ခင်းနေရောင်အောက်မှာတစ်နာရီလောက် ပုံမှန်အမြဲနေပေးလိုက်ပါ။

(၂) စိတ်ပိုပျော်ရွှင်စေတယ်။

နေရောင်ခြည်ကြောင့်ရတဲ့ Vitamin Dဓာတ်က စိတ်ဓာတ်ကျခြင်း(depression)မှကာကွယ်ပေးသလို စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတွေကိုလည်းသိသာစွာ‌လျော့ကျစေပြီး စိတ်ကျန်းမာရေးကိုပိုကောင်းမွန်ကာ ပျော်ရွှင်စေပါတယ်။

တစ်နေ့တာလုံး အပြင်မထွက်ပဲအိမ်ထဲမှာနေခြင်းက Vitamin Dဓာတ်ကိုလျော့နည်းစေလို့ depressionစိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေပိုများပြီး ပုံမှန် အိမ်အပြင်ဘက်ကိုထွက်ပြီးနေရောင်ခံခြင်းမျိုးက မိမိရဲ့စိတ်အခြေအနေကောင်းမွန်အောင်ထိန်းသိမ်းပေးပါတယ်။

(၃) အလုပ်လုပ်ဖို့Energyပိုရစေတယ်။

နေရဲ့အလင်းရောင်က ဦးနောက်ကိုပိုပြီးတက်ကြွစေပြီး လန်းဆန်းနိုးကြားလာစေဖို့လှုံ့ဆော် အချက်ပေးပါတယ်။ အခန်းထဲမှာ နေရောင်ရတဲ့နေရာနားမှာအလုပ်လုပ်ရင် အလုပ်ပိုပြီးတာဟာ ဦးနှောက်ကပိုတက်ကြွပြီး အလုပ်ပိုလုပ်နိုင်လို့ဖြစ်ပါတယ်။

(၄) ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းကောင်းအလုပ်လုပ်စေတယ်

၂၀၂၀ခုနှစ်ရှာဖွေတွေ့ရှိချက်အရ နေရဲ့အလင်းရောင်က သွေးတိုး၊ဆီးချို၊အဝလွန်စတဲ့ရောဂါတွေဖြစ်လာစေမယ့်အန္တာရယ်ကို လျော့ကျစေပါတယ်။ဒီရောဂါတွေကိုmetabolic syndromesလို့ခေါ်ပြီး နေရောင်က metabolic syndromeကိုကာကွယ်ပေးနိုင်တဲ့ အဆီတစ်ရှူးတွေကိုထုတ်လုပ်တဲ့နေရာမှာ အကူအညီပေးတာကြောင့်ဖြစ်ပါတယ်။

(၅)အသက်ရှည်စေတယ်

ဆွီဒင်နိုင်ငံမှာအသက်၂၀ကျော် အမျိုးသမီးအယောက်သုံးသောင်းကိုသုတေသနပြုလုပ်တဲ့အခါမှာ နေရောင်ထဲမှာအချိန်ကုန်ဆုံးတာများတဲ့အမျိုးသမီးတွေဟာ နေရောင်ခြည်သိပ်မရဘဲနေလေ့ရှိတဲ့အမျိုးသမီးတွေထက် ပျှမ်းမျှအသက်၂နှစ်ပိုရှည်တာကိုတွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် တစ်ရက်ကို အချိန်အတိုင်းအတာတစ်ခုပေးပြီး နေရောင်ခြည်ဓာတ်ခံယူပြီး Vitamin Dဓာတ်လုံလုံလောက်လောက်ရအောင်နေသင့်တာပဲ ဖြစ်ပါတယ်။

နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာ နေရောင်(visible light)အပြင် လူကိုထိခိုက်စေတဲ့ UV Rayတွေလည်းပါတာဖြစ်ပါတယ်။ UV Rayကိုသေသေချာချာကာကွယ်ပြီး နေရောင်ခြည်နဲ့ ပုံမှန်ထိတွေ့ပေးခြင်းက စိတ်ပျော်ရွှင်စေဖို့နဲ့ ကိုယ်ကျန်းမာရေးအတွက်များစွာအပြောင်းအလဲဖြစ်စေပါတယ်။

ယနေ့ ပြတင်းပေါက်ရဲ့ articleက စာဖတ်သူမိတ်ဆွေအတွက်အကျိုးရှိခဲ့တယ်ဆိုရင် like & share လုပ်ခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။

PyaDinPauk - ပြတင်းပေါက်
“အပြင်ကို လှမ်းကြည့်ဖို့”

#ပြတင်းပေါက်

ဘာလို့ တချို့ဆရာမတွေ စာသင်တာ ပျင်းဖို့ကောင်းပြီး တချို့အချိန်ဆို ပျော်ဖို့ကောင်းတာလဲ?အဲ့အကြောင်းလေးမပြောပြခင် ပြောပြချင်...
28/07/2022

ဘာလို့ တချို့ဆရာမတွေ စာသင်တာ ပျင်းဖို့ကောင်းပြီး တချို့အချိန်ဆို ပျော်ဖို့ကောင်းတာလဲ?

အဲ့အကြောင်းလေးမပြောပြခင် ပြောပြချင်တာကတော့ ကျွန်တော်တို့လူတွေဟာ အချင်းချင်းဆက်သွယ်နေကြတဲ့အခါ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်နေကြတယ်။

စကားနဲ့ဆက်သွယ်မလား...
စာပိုပြီးဆက်သွယ်မလား...
ကိုယ်အမူအရာနဲ့ ပြပြီးပဲ ဆက်သွယ်မလား...

စသဖြင့် ဆက်သွယ်လို့ရတယ်။ ဒါပေမဲ့ ဒီလိုမျိုးတွေဆက်သွယ်နေရဲ့သားနဲ့မှ ထိရောက်မှုမရှိဘဲ ပျင်းဖို့ကောင်းနေတယ်ဆိုရင် "မျက်စိနဲ့ ဆက်သွယ်မှု" သေချာမလုပ်နိုင်သေးလို့ ဖြစ်နိုင်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ၊ ဆရာမ စာသင်တာ ပျော်ဖို့ကောင်းတယ် မကောင်းဘူးဆိုတာ ဆရာမရဲ့ ကျောင်းသားတွေကို ဘယ်လိုဆက်သွယ်ဖို့ ကြိုးစားလဲဆိုတာနဲ့ အများကြီးဆိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တိုရဲ့မျက်လုံးအိမ် ကျယ်လာခြင်း၊ ကျဉ်းသွားခြင်းတွေဟာ ကျွန်တော်တို့တွေရဲ့ attention ဘယ်လိုရှိသလဲပေါ်မူတည်နေကြောင်း ဖော်ပြထားတယ်။ အဲ့လေ့လာစမ်းသပ်ချက်မှာပဲ စိတ်ဝင်စားစရာကောင်းစွာတွေ့ရှိရတဲ့အချက်က လူတွေက ဝမ်းနည်းစရာကောင်းတဲ့အကြောင်းတွေ၊ အားကျစရာကောင်းတဲ့ အကြောင်းစတဲ့ စိတ်ခံစားချက်တွေပါနေတဲ့အကြောင်းအရာတွေကို နားထောင်တဲ့အချိန်မှာ အာရုံစူးစိုက်မှုများကြောင်းတွေ့ရှိရပါတယ်။

နောက်တခုက မျက်စိနဲ့ဆက်သွယ်ဖိုကြိုးစားတာဟာ မျက်နှာအနေအထား၊ ကိုယ်ဟန်အမူအရာတွေထက် ထိရောက်မှုရှိကြောင်းကို ၂၀၀၉ခုနှစ် World Conference on Educational Sciences 2009က ကျောင်းသားတွေနဲ့ စမ်းသပ်မှုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်ရှိပါတယ်။

ကျောင်းသား သုံးပုံနှစ်ပုံလောက်က မျက်စိနဲ့ဆက်သွယ်ဖို့ကြိုးစားပြီး စာသင်တာဟာ ပိုပြီးစိတ်ဝင်စားဖိုကောင်းသလို ပျင်းဖိုမကောင်းကြောင်း တွေ့ရှိရပါတယ်။ Eye Contact လို့ခေါ်တဲ့ မျက်လုံးချင်းဆက်သွယ်ခြင်းဟာ စိတ်ဓာတ်တက်ကြွမှု၊ အာရုံစူးစိုက်မှု၊ attention ကိုဖမ်းစားထားနိုင်မှု၊ သင်တဲ့ခေါင်းစဉ်ကို ပိုနားလည်စေခြင်း၊ ဆရာမရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှုတွေကို ခံစားနိုင်ကြောင်း တွေ့ရှိရပါတယ်။

ကျွန်တော်တို့တွေအားလုံးဟာ မျက်စိနဲ့ဆက်သွယ်ဖို့ကို မေ့နေတတ်ကြတယ်၊ မကြိုးစားမိကြဘူး။ ဒါပေမဲ့ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ Presentation လုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ် ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင်တော့ မျက်စိရဲ့အရေးပါပုံကို သေချာအသုံးချဖို့လိုပါလိမ့်မယ်။

ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ စာလေးတွေ ဖတ်ချင်သေးရင်တော့ PyaDinPauk Media မှာ လာဖတ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။

အပြင်ကိုလှမ်းကြည့်ဖို့
ပြတင်းပေါက် - PyaDinPauk

2021 ခုနှစ် ​ဒေတာ​တွေအရ ကမ္ဘာ့လူဦး​ရေ ၇.၈၇ ဘီလီယံမှာ ဂိမ်းကစားသူဦး​ရေ​ဟာ ၃.၂၄ ဘီလီယံရှိတယ်လို့သိရပါတယ်။ ၎င်းဟာ ကမ္ဘာ့လ...
27/07/2022

2021 ခုနှစ် ​ဒေတာ​တွေအရ ကမ္ဘာ့လူဦး​ရေ ၇.၈၇ ဘီလီယံမှာ ဂိမ်းကစားသူဦး​ရေ​ဟာ ၃.၂၄ ဘီလီယံရှိတယ်လို့သိရပါတယ်။ ၎င်းဟာ ကမ္ဘာ့လူဦး​ရေရဲ့ ၄၀ရာခိုင်နှုန်း​ကျော်က ဂိမ်းကစား​နေကြတယ်လို့ ဆိုလိုတာဖြစ်ပြီး ​နောက်ပိုင်းနှစ်​တွေမှာ ဂိမ်းကစားသူအ​ရေအတွက်ဟာ ဆက်လက်တိုးတက်ဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဂိမ်းကို ရံဖန်ရံခါအပန်း​ဖြေဖို့ ကစားတာကို စွဲလန်းတယ်လို့မဆိုနိုင်ပါဘူး။ ဒါ​ပေမယ့် အအိပ်ပျက်အစားပျက် နဲ့ အလုပ်အပျက်ခံပြီး စွဲစွဲလန်းလန်း​ကစား​နေပြီဆိုရင်​​တော့ စွဲလန်းတယ်လို့ဆိုရပါမယ်။

ဂိမ်းဖန်တီးသူ​တွေက ဂိမ်းကစားသူ​တွေ ဂိမ်းကိုစွဲလန်း​စေဖို့ ဘယ်လိုနည်းဗျူဟာ​တွေသုံးပြီး ဖန်တီးထားသလဲ?

၁။ ပန်းတိုင်များသတ်မှတ်​ပေးခြင်း
ယ​နေ့​ခေတ်မှာ ပန်းတိုင် (goal) နဲ့ မှတ်တမ်း (record) ​တွေကို ​နေရာတိုင်းမှာ​တွေ့နိုင်ပါတယ်။ လက်​တွေ့ဘဝမှာ လူ​တွေဟာ ​အောင်မြင်မှုပန်းတိုင်​တွေကိုရှာ​ဖွေဖို့၊ ပန်းတိုင်ကို​ရောက်ရှိဖို့ကြိုစားကြသလို စိတ်ကူးယဥ်ကမ္ဘာ (Virtual World) ဖြစ်တဲ့ ဂိမ်းကစားတဲ့အခါမှာလည်း ကစားသမား​တွေဟာ ပန်းတိုင်​တွေတစ်ခုပြီးတစ်ခု ​ရောက်ရှိဖို့စိတ်အားထက်သန်ကြပြီး သူ့ထက်ငါအပြိုင် အမှတ်များ​အောင် record လုပ်နိုင်ဖို့ကြိုးစားကြပါတယ်။ ပန်းတိုင်​တွေကို အလွန်အကျွံရှာ​ဖွေခြင်းက ဂိမ်းစွဲလန်းမှုကိုဖြစ်​စေပါတယ်။ ဒီအချက်ကိုအသုံးပြုပြီး ဂိမ်းဖန်တီးတဲ့သူ​တွေဟာ ပန်းတိုင်အမျိုးမျိုးသတ်မှတ်​ပေးပြီး ဂိမ်းကိုစွဲလန်း​စေပါတယ်။

၂။ ​ကောင်းမွန်တဲ့တုံ့ပြန်မှု (positive feedback)များ ဖန်တီး​ပေးခြင်း
လူအများစုဟာ တခြားလူဆီက ကောင်းမွန်တဲ့တုံ့ပြန်ချက်တွေကို အလွန်သဘောကျကြပါတယ်။ ဆိုရှယ်မီဒီယာမှာပုံတစ်ပုံတင်ထားပြီးရင် like အရေအတွက်ဘယ်လောက်ရလဲဆိုတာ အာရုံစိုက်မိနေသလိုပါပဲ။

အလားတူပဲ ဂိမ်းတွေမှာ ဥပမာအနေနဲ့ Candy crush saga ဆိုတဲ့ game မှာ အရောင်တူသကြားလုံးတွေကို စုပေါင်းမိပြီဆိုရင် တောက်ပတဲ့အရောင်ထွက်လာပြီး အံ့ဩဖို့ကောင်းတဲ့ အသံနဲ့အတူ သကြားလုံးတွေပျောက်ကွယ်သွားပြီး အမှတ်တက်လာမှာဖြစ်ပါတယ်။ ဒီအချက်ဟာ ကစားသူကို စိတ်ကျေနပ်မှုအပြည့်အဝရစေပြီး ဂိမ်းကို ပိုမိုစွဲလန်းစေပါတယ်။

၃။ တိုးတက်မှု နှင့် ဇာတ်ရှိန်မြင့်လာမှု
ဂိမ်းဟာ အရမ်းလွယ်လွန်းနေရင် ကြာလာရင်ပျင်းသွားမှာဖြစ်သလို အရမ်းခက်လွန်းရင်လည်း ဆော့ရတာ စိတ်ကျေနပ်မှုရစေမှာမဟုတ်ပါဘူး။ ဒါကြောင့် ဂိမ်းတိုင်းဟာ အစပိုင်းမှာ အလွယ်တကူအောင်မြင်နိုင်တဲ့ အဆင့်တွေပေးထားပြီး အချိန်ကြာလာတာနဲ့အမျှ ခက်ခဲမှုဟာ မြင့်တက်လာပါတယ်။ စိန်ခေါ်မှုတွေ အဆင့်မြင့်လာတာနဲ့အမျှ ကစားသူရဲ့ ပြဿနာဖြေရှင်းလိုစိတ်ဟာ ပိုမိုပြင်းထန်လာပါတယ်။

အိမ်ဆောက်/ တုံးစီဂိမ်းလို့ ခေါ်ကြတဲ့ Tetris ဂိမ်းဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ အတုံးလေးတွေကို နေရာလွတ်မရှိ အံဝင်ခွင်ကျဖြစ်အောင်ဆော့ရတဲ့ ဂိမ်းဖြစ်ပါတယ်။ ၎င်းဟာ level မြင့်လာတာနဲ့ အမျှ အတုံးလေးတွေကျလာတဲ့ အရှိန်လည်းမြန်လာပြီး ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်တာနဲ့အမျှကိုယ့်ကိုယ်ကို တယ်လက်မြန်ပါလားဆိုတဲ့ စိတ်ကျေနပ်မှုရလာပါတယ်။ ဒီလိုနဲ့ ဂိမ်းမှာစီးဝင်သွားပြီး အချိန်ကုန်လို့ကုန်မှန်းမသိအောင် ဆော့ကစားနေမိတော့တာပါပဲ။

မိမိအနေနဲ့ ဂိမ်းကိုစွဲလန်းနေတဲ့သူတစ်‌ယောက်ဖြစ်နေပြီဆိုရင် ဒီအချက်တွေကို သိရှိပြီးနောက်မိမိကိုယ်ကို ဘယ်အခြေအနေမှာ စီးဝင်သွားခဲ့သလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်။

ပြတင်းပေါက် - pyadinpauk

ဘဝမှာ ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေအောင်လုပ်ပေးတဲ့အရာတွေထဲက မိုးစက်သံလေးတွေ တဖွဲဖွဲကျနေတာကလည်း တခုအပါအဝင်ပဲ ဖြစ်ပါလိမ့်...
24/07/2022

ဘဝမှာ ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေအောင်လုပ်ပေးတဲ့အရာတွေထဲက မိုးစက်သံလေးတွေ တဖွဲဖွဲကျနေတာကလည်း တခုအပါအဝင်ပဲ ဖြစ်ပါလိမ့်မယ်။

မိုးရွာတာလေးကို ကြည့်ပြီး ဘာကိုဆွေးလို့ဆွေးနေမှန်း မသိ ဆွေးမိနေတာမျိုး၊ အလွမ်းဓာတ်ခံကြောင့် လွမ်းနေမိတာမျိုးတွေကို ဘဝမှာ တကြိမ်တခါတော့ကြုံဖူးကြလိမ့်မယ်။

ဒီလိုပဲ မိုးရွာတာလေးကို ငေးရင်း စာပေအနုပညာရှင်တွေဟာ မိုးနဲ့သက်ဆိုင်တဲ့ ဖန်တီးမှုတွေကို ဖန်တီးလာကြတဲ့နောက် မိုးရာသီမှာ သီချင်းနားထောင်ရတာဟာ ဘာနဲ့မှမလဲချင်လောက်အောင် ဖြစ်လာပါတော့တယ်။

ဒါဆိုရင် မိုးရွာနေတုန်းမှာ သီချင်းနားထောင်တာဟာ ကိုယ့်အတွက် ဘယ်လိုအကျိုးကျေးဇူးလေးတွေရှိမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်…

(၁) တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်

မိုးဖွားလေးတွေကျတဲ့အသံက လူကို relax ဖြစ်စေတဲ့အပြင် productivity နဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသေးတယ်။

၂၀၁၉ခုနှစ် လေ့လာတွေ့ရှိချက်တွေအရ မိုးရွာသံဟာ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ပေးပြီး သင်္ချာတွက်တဲ့အချိန်မှာ အထောက်အကူပြုပါတယ်တဲ့။

လေ့လာစမ်းသပ်ချက်မှာ သင်္ချာပုစ္ဆာကို လူတွေအာူဖြေခိုင်းပြီး သူတို့ကို မိုးသံရယ် ဂန္တဝင်သီချင်းသံရယ် နဲ့ ဘာမှနားမထောင်ခိုင်းတာရယ်နဲ့ စမ်းသပ်ကြည့်တဲ့အချိန်မှာတော့ မိုးသံနားထောင်တဲ့သူတွေက သင်္ချာပုစ္ဆာတွေကို တိကျသေချာစွာနဲ့ ပိုဖြေရှင်းနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်။

(၂) စိတ်လက်ပေါ့ပါးစွာ အိပ်ပျော်စေနိုင်ပါတယ်

CDC လို့ခေါ်တဲ့ The Centre of Disease Control and Prevention လေ့လာတွေ့ရှိချက်အရ အမေရိကန်အရွယ်ရောက်ပြီးသား လူငယ်တွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က ညညအိပ်မပျော်တတ်ကြပါဘူးတဲ့။

ဒီလိုမျိုး အိပ်မပျော်ခြင်းဟာ မိုးရွာသံရဲ့အကူအညီဖြင့် အိပ်ပျော်အောင် အိပ်နိုင်ပါတယ်။ ဆူညံသံတွေထဲမှာမှ အိပ်စက်ခြင်းကို အထောက်အကူပြုတဲ့ ဆူညံသံ နှစ်မျိုးရှိပါတယ်။ White Noise နဲ့ Pink Noise ပဲဖြစ်ပါတယ်။

White Noise ဆိုတာဟာ သက်တံ့လိုမျိုးပဲ အရောင်ခုနှစ်ရောင်နဲ့ ဖန်တီးထားသလိုမျိုး White Noise ကိုလည်း Noise ခုနှစ်မျိုးနဲ့ ဖန်တီးထားပါတယ်။ Noise ရဲ့အရောင်တွေကို Frequency ရယ် မြန်နှုန်းရယ်ပေါ်ကြည့်ပြီး ခွဲခြားနိုင်တယ်။

White Noise ပါဝင်တဲ့ အသံများကတော့ ပန်ကာလေတိုက်သံ၊ ရေဒီယို၊ တိဗီသံ၊ ရေဒီယိုသံ၊ အဲယားကွန်းသံတို့ ဖြစ်ပါတယ်။

အဲ့တာအပြင်ကို Pink Noise ဟာလည်း အိပ်စက်ခြင်းမှာ အထောက်အကူပြုပေးပါတယ်။

Pink Noiseမှာ ကိုယ်တွေ နားထောင်နိုင်တဲ့ ဆူညံသံ၊ အသံလှိုင်းတွေ အကုန်ပါပါတယ်။ Pink Noise တွေထဲမှာဆိုရင်
ရှဲရှဲလို့မြည်တဲ့ သစ်ရွက်ခြောက်သံတွေ၊
သာမန်ရွာတဲ့ မိုးသံတွေ၊
လေတိုက်သံတွေ၊
နှလုံးခုန်သံတွေ စသဖြင့် ပါဝင်ပါတယ်။
လူတွေရဲ့နားထဲမှာတော့ Pink Noise ဟာ တူညီတဲ့အသံတွေကို ထပ်ခါတလဲလဲ ကြားရတယ်။

၂၀၁၂ ခုနှစ် Theorical Theory ဂျာနယ်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ပုံမှန် Pink Noise ဟာ ဦးနှောက်လှိုင်းတွေကို လျော့ချပေးပြီး ပိုမိုအိပ်ပျော်စေနိုင်မှာပဲ ဖြစ်တယ်။

နောက်ထပ် ဒီလိုမျိုးစိတ်ဝင်စရာကောင်းတဲ့စာလေးတွေဖတ်ချင်သေးတယ်ဆို ပြတင်းပေါက် - PyaDinPauk Media ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါနော်။

အပြင်ကိုလှမ်းကြည့်ဖို့
ပြတင်းပေါက် - PyaDinPauk

Address


Website

Alerts

Be the first to know and let us send you an email when ပြတင်းပေါက် - Pyadinpauk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြတင်းပေါက် - Pyadinpauk:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share