Prof. Dr. Sai Naw Jar

  • Home
  • Prof. Dr. Sai Naw Jar

Prof. Dr. Sai Naw Jar Academic Professor, Author, Trainer & Speaker.
(1)

24/02/2024

အတ္တစိတ်ဟာ တစ်ကိုယ်ကောင်းဆန်စိတ်ပဲ။ ဘာပဲလုပ်လုပ် အမြတ်ထုတ်ဖို့လောက် တစ်ခုပဲကြည့်တယ်။

ကိုယ့်အကျိုကို ရှေ့တန်းတင်တယ်။ ကိုယ်ချင်းစာစိတ် ညှာတာစိတ် စာနာစိတ် ဘာတစ်ခုမှမရှိဘူး။

ခေါင်းဆောင်ဖြစ်ချင်ရင် ဘာမှများများစာစား အထွေအထူး လုပ်နေစရာတောင် မလိုပါဘူး။

အတ္တစိတ်ပြုတ်အောင်သာ အရင်ဖြိုပါ။ အတ္တနည်းသွားရင် ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ပါတယ်။

.dr.sainawjar

24/02/2024

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”

ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ

့အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

များများပြုံးပါ၊ များများရယ်ပါ။

အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

.dr.sainawjar

23/02/2024

ဘယ်လုပ်ငန်းတစ်မှာမှ တိကျတဲ့ အနာဂတ်ဆို မရှိပါဘူး။

လုပ်ငန်းတစ်ခုရဲ့ အနာဂတ်ဆိုတာက အဖွဲ့အစည်းအတွင်းမှာ အလုပ်လုပ်နေကြတဲ့ လူတွေအပေါ်မှာပဲ မူတည်ပါတယ်။

လူကောင်းတွေရထားရင် အနာဂတ်ရှိမယ်။ လူကောင်းတွေမရှိရင် အနာဂတ်မရှိပါဘူး။

Man, Money, Management, Method, Material တွေထဲမှာ လူကသာ အရေးကြီးဆုံးပဲ။

.dr.sainawjar

23/02/2024

ခေါင်းဆောင်ကောင်းစိတ်💯

အကန်းကို အကန်းကလမ်းပြရင် နှစ်ယောက်စလုံး ချောက်ထဲကျမယ်။

လုပ်ပိုင်ခွင့်ရှိသူတွေဟာ အမိုက်ပိုရင် လုပ်ပိုင်ခွင့်မရသူတွေက ရှိုက်ငိုကြရတယ်။ မှားတဲ့စရိုက် မတရားတဲ့စရိုက်တွေနဲ့ ဦးဆောင်ရင် အများထိခိုက်ပူလောင်မယ်။

ခေါင်းဆောင်က အမုန်းအဃာတကြီးရင် နောက်လိုက်တွေက အပြုံးတွေနဲ့ ခရီးမဆက်နိုင်ပါဘူး။ ခေါင်းဆောင်တော်ရင် နောက်လိုက်တွေ ပျော်ခွင့်ရမယ်။ ခေါင်းဆောင်ချော်ရင် နောက်လိုက်တွေ မျှော်လင့်ချက်ပျက်စီးမယ်။

ခေါင်းဆောင်ကောင်းရင် လူတွေခေါင်းထောင်နိုင်မယ်၊ ခေါင်းဆောင်တွေကဖိထားရင် လူတွေပိပြားနေမယ်။

ခေါင်းဆောင်ကောင်းက ခေါင်းမရှောင်ဘူး၊ သွေးကြောင်ရင် ခေါင်းဆောင်ကောင်းဖြစ်မလာနိင်ပါဘူး။ ခေါင်းဆောင်ကောင်းဟာ အမြင်ကျယ်ပြီး သွးမယ့်ခရီးကိုသိရမယ်။

မိမိက ရှေ့ကသွားပြီး နောက်လိုက်တွေကို လမ်းညွှန်ရမယ်။ မိမိက နောက်ကနေပြီး နောက်လိုက်တွေကို ရှေ့ကထားရင် လူတွေကခေါင်းဆောင် တင်ချင်ကြမှာ မဟုက်ပါဘူး။

ခေါင်းဆောင်ပညာရှိရင် နောက်လိုက်တွေ ရင်နာရမယ့်အလုပ် မလုပ်ပါဘူး။ ခေါင်းဆောင်ကောင်းဟာ ဌက်တစ်သောင်းနားခိုနိုင်တဲ့ သစ်ပင်ကြီးလိုပဲ။ အများအတွက် ပေးဆပ်တဲ့ အကြီးအကဲဟာ ကြီးမြတ်တဲ့ အကြီးအကဲပါပဲ။

ခေါင်းဆောင်ချာရင် နောက်လိုက်တွေ ဗျာများမယ်။ ခေါင်းဆောင်ကောင်းက အချင်းချင်းကို ဖေးမတယ်။ ဘေးကျအောင်မလုပ်ဘူး။ ခေါင်းဆောင်ဟာ အမိန့်နဲ့အာဏာကိုပြရင် လူတွေအရိပ်အာဝါသ မရနိုင်ဘူး။

.dr.sainawjar

''ပထမ ခြေလှမ်း''အရမ်းနာကျင်နေတဲ့ သူတွေကတစ်ချိန်ကအရမ်းကြင်နာတတ်တဲ့ သူတွေပါ။အမြဲတမ်းပြုံးနေတတ်တဲ့ သူတွေကတစ်ချိန်ကအမြဲတမ်း ...
21/02/2024

''ပထမ ခြေလှမ်း''

အရမ်းနာကျင်နေတဲ့ သူတွေက
တစ်ချိန်က
အရမ်းကြင်နာတတ်တဲ့ သူတွေပါ။

အမြဲတမ်းပြုံးနေတတ်တဲ့ သူတွေက
တစ်ချိန်က
အမြဲတမ်း မျက်ရည်ကျလွယ်တဲ့ သူတွေပါ။

တစ်ယောက်ထဲနေတတ်တဲ့ သူတွေက
တစ်ချိန်က
တစ်ယောက်ထဲ အကူညီမဲ့စွာ ဘဝကိုရင်ဆိုင်ခဲ့ဖူးတဲ့ သူတွေပါ။

တစ်ခါတစ်လေ စဉ်းစားတွေဝေနေတဲ့ သူတွေက
တစ်ချိန်က
တစ်ခါတစ်လေ အမှားနဲ့မကင်းတဲ့ သူတွေပါ။

တခြားသူတွေအမြင်မှာ အဆင်ပြေနေပြီထင်တဲ့ သူတွေက
တစ်ချိန်က
တခြားသူတွေကွယ်ရာမှာ ကျရှုံးခဲ့ဖူးတဲ့ သူတွေပါ။

လူတချို့လေးစားအားကျတဲ့ သူတွေက
တစ်ချိန်က
လူတချို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ သူတွေပါ။

ပတ်ဝန်းကျင်မှာ ရင့်ကျက်နေပြီလို့အထင်ခံရတဲ့ သူတွေက
တစ်ချိန်က
ပတ်ဝန်းကျင်မှာ သင်ခန်းစာတွေယူနိုင်ခဲ့တဲ့ သူတွေပါ။

ခွဲခွာခြင်းတွေသာ ဇာတ်သိမ်းခန်းဖြစ်ခဲ့ရင်
ဘယ်သူနဲ့မှ မတွေ့ဆုံးချင်တော့တဲ့သူတွေလည်း ရှိတယ်။

မျက်ရည်ကျလောက်တဲ့အထိ ပျော်ရွှင်မှုမရှိခဲ့ဖူးသော်လည်း
ကုန်းကောက်စရာမရှိအောင် စိတ်ဓာတ်ကျဖူးတဲ့သူတွေလည်း ရှိတယ်။

အထီးကျန်ခြင်းကို တစ်ချိန်ကမုန်းတီးခဲ့ပေမယ့်
ယခုအချိန်မှာ အဖော်ပြုပြီး
အမှီအခိုကင်းစွာ ရပ်တည်ချင်နေတဲ့သူတွေလည်း ရှိတယ်။

သင်ခန်းစာတွေသာ ဘဝပျက်မတတ်
ခါးသီးတဲ့ အတွေ့အကြုံဖြစ်ခဲ့ရင်
ရင့်ကျက်ခြင်းကို ကြောက်ရွံ့နေတဲ့သူတွေလည်း ရှိတယ်။

ဘဝစာမျက်နှာမှာ လက်ရေးမလှလို့ စိတ်ဓာတ်မကျပါနဲ့
စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုကြောင့် ဂုဏ်ထူးထွက်တဲ့သူတွေ အများကြီး။

Lovely.
With by Original Uploader.

ဘယ်လိုလူက ဘဝင်မြင့်လဲဆိုတော့ပညာမရှိတဲ့ သူတွေပဲ...။ပညာတတ်တာနဲ့ ပညာရှိတာ မတူဘူးနော်...။မမြင်ဖူးတော့ မူးကိုမြစ် ထင်တယ်တဲ့လူ...
20/02/2024

ဘယ်လိုလူက ဘဝင်မြင့်လဲဆိုတော့
ပညာမရှိတဲ့ သူတွေပဲ...။

ပညာတတ်တာနဲ့ ပညာရှိတာ မတူဘူးနော်...။

မမြင်ဖူးတော့ မူးကိုမြစ် ထင်တယ်တဲ့
လူကြီးသူမတွေပြောတာကြားဖူးလေ့ ရှိတယ်။

ကျွဲခြေရာခွက်ထဲက ရေအိုင်ကို
ပင်လယ်လောက်ထင်နေတဲ့ သူတွေ ရှိတယ်..။

ဒါကို ကြည့်ပြီး ကျွန်တော် ပြုံးမိတယ်...။

အတွေးတစ်ခု ဝင်လာတယ်..ဘဝင်ရူးဆိုပြီးပေါ့..။

စိတ်မနှံရင်
စိတ်ကျန်းမာရေး အထူးကုပြရင်
ပျောက်နိုင်သေး တယ်...။

စိတ်ကြီးဝင်ပြီး
ဘဝင်ရူးနေရင်တော့..
ဘာဆေးကုကု မပျောက်ဘူးနော်...။

Lovely.
With by Original Uploader.

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "ဘဝမှာ တစ်ချို့အရာတွေကနေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေ...
20/02/2024

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "

ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။

သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။

အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။

ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။

ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။

စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

Lovely.
With by Original Uploader.

"ကြမ်းတမ်းသောနေ့ရက်များ"လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။အရှုံးကို မလိုချင...
19/02/2024

"ကြမ်းတမ်းသောနေ့ရက်များ"

လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။

အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံ့ဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။

ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်တိုင်းတော့ ရှိမယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။

Lovely.
With by Original Uploader.

19/02/2024

လူတစ်ယောက် အောင်မြင်ဖို့ Self-Motivation ရယ် Passion ရယ် လိုမယ်။

မိုတီဖြစ်ဖို့က Dream တစ်ခုခုအပေါ်မှာ Burning Desire ဖြစ်နေရမယ်။

Self-Motivation ဟာ အရာတစ်ခုခုအပေါ်မှာ လိုချင်တဲ့ စွဲလမ်းတပ်မက်စိတ်ကနေ လာပါတယ်။ အဲ့ဒီစွဲလမ်းမှုကပဲ Passion ကို ဖြစ်စေတယ်။

Self-Motivation သမားဟာ ဘယ်သူ့အပြောမှ မစောင့်တတ်ဘူး။ ဘယ်သူ့အခိုင်းမှ မခံပါဘူး။ ဘယ်သူ့မျက်နှာမှ မကြည့်ပါဘူး။ သူဟာ အလိုလိုလည်ပတ်နေတဲ့ Machine တစ်ခုလိုပဲ။

အများအားဖြင့် အလုပ်တစ်ခုခု စလုပ်ဖြစ်ဖို့ဆိုတာ All fine ဖြစ်ဖို့မလိုသလို Perfect ဖြစ်ဖို့လည်း မလိုဘူး။

အရေးကြီးတာက ဆက်လုပ်နိုင်ဖို့ Self-Motivation နှင့် Passion လိုတယ်ဆိုတာ ဒါ့ကြောင့်ပြောတာပါ။

တစ်ခုကို လိုချင်ရင် ကောက်ရိုးမီး Hay Fire ဖြစ်လို့မရဘူး။ ဖွဲမီးလို တမြေ့မြေ့လာင်ကျွမ်းနေရမယ်။ တစ်မြေ့မြေ့လောင်ကျွမ်းနေခြင်းဟာ Passion ပဲ။

အလုပ်တစ်ခုကိုစပြီးရင် ဆက်လုပ်မှရမယ်။ ဘယ်အရာကမှ အလွယ်လေးမဖြစ်နိုင်ဘူး။ ဆက်လုပ်ဖို့က Skills ရယ် System ရယ် Strategy ရယ် Vision ရယ် လိုတယ်။

ဘယ်လိုအခြေအနေနဲ့ပဲ အလုပ်တစ်ခုကို စခဲ့ခဲ့။ ရေရှည်သွာချင်ရင် စနစ်မပါလို့မရဘူး။ စနစ်မရှိရင် ပင်လယ်ထဲက လှေလိုပဲ။ မကြာခင် နစ်သွားမှာပါ။

နေက်တစ်ခုက အနာဂတ်ပုံရိပ်မြင်ကွင်း Visualization အားကောင်းရမယ်။ ကိုယ်လိုချင်တဲ့ အနာဂတ်နှင့် ကိုယ်ဖြစ်ချင်တဲ့ ဘဝမျိုးတွေကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်ရမယ်။ ဒါတွေရလာပြီဆိုရင် Self-Motivation နှင့် Passion က မခက်တော့ဘူး။

လူတစ်ယောက်က Dream ကလည်းမခိုင်မာ Visualization ကလည်းဝေဝါးနေရင် Self-Moti အဆင့်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။ Self-Moti မရှိရင် ဘယ်တော့မှ အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူး။

.dr.sainawjar

ကိုယ့်အိမ်မက်တွေကို တားဆီးတတ်သူတွေနဲ့ အတူမနေနဲ့။ကိုယ့်ရည်မှန်းချက်တွေကို သေးကွေးအောင်လုပ်တဲ့သူတွေရဲ့စကားကို နားမယောင်နဲ့...
19/02/2024

ကိုယ့်အိမ်မက်တွေကို တားဆီးတတ်သူတွေနဲ့ အတူမနေနဲ့။

ကိုယ့်ရည်မှန်းချက်တွေကို သေးကွေးအောင်လုပ်တဲ့သူတွေရဲ့စကားကို နားမယောင်နဲ့။

အယူတာရှိပြီး အပေးမရှိတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်နဲ့။

ကိုယ့်ကို တန်ဖိုးအထားမခံရတဲ့ ပတ်ဝန်းကျင်မှာ မရှင်သန်နဲ့။

ချစ်ခြင်းမေတ္တာ စာနာမှုမရှိတဲ့သူတွေနဲ့ မိတ်ဆွေမဖွဲ့နဲ့။

ကိုယ့်အကြိုက်ကိုစွန့်ပြီး လူတွေအကြိုက်နဲ့ ဘဝမဆုံးစေနဲ့။

ပျော်အောင်နေ ရည်မှန်းချက်ထား အိမ်မက်မပျောက်စေနဲ့။ အားအောင်မနေနဲ့။ ရည်မှန်းချက်တစ်ခုခုအတွက် ပိုနီးစေမယ့် ခြေလှမ်းတွေကို ရပ်မထားနဲ့။ ဆက်သွားပါ။ ခရီးဆုံးအထိရောက်ချင်ရင် အစဆိုတာရှိရတယ်။ ဆက်လုပ်နေရမယ်။ အိမ်မက်တစ်ခုခုနဲ့ရှင်သန်ပါ။

.dr.sainawjar

" စိတ်ဓာတ် "ကို ပြင်လိုက်ပါလူတစ်ယောက်ရဲ့ဘဝ အနိမ့် အမြင့်ဟာ" စိတ်ဓာတ်"အပေါ်အများကြီး မူတည်နေပါတယ်။" စိတ်ဓာတ် " မြင့်မားရင်...
18/02/2024

" စိတ်ဓာတ် "ကို ပြင်လိုက်ပါ

လူတစ်ယောက်ရဲ့
ဘဝ အနိမ့် အမြင့်ဟာ
" စိတ်ဓာတ်"အပေါ်
အများကြီး မူတည်နေပါတယ်။

" စိတ်ဓာတ် " မြင့်မားရင်
" ဘဝ "မြင့်မားမှာဖြစ်ပြီး၊

" စိတ်ဓာတ် " နိမ့်နေရင်…
ငွေချမ်းသာလည်း
ဘဝက နိမ့်ကျနေမှာပါ။

" စိတ်ဓာတ် " မြင့်မားတယ်ဆိုတာ
ဘယ်လိုဟာကို ခေါ်သလဲ-?

{ ၁ } ရိုးသားမှု။

{ ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်
အပြောတွေအပေါ် တာဝန်ယူမှု။

{ ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ
ဖော်ပြတတ်မှု။

{ ၄ } မကောင်းတာပဲ လုပ်လုပ်
ကောင်းတာပဲ လုပ်လုပ်
စည်းစနစ်ကျမှု။

{ ၅ } ကိုယ်မှားရင် မှားတယ်လို့
ဝန်ခံရဲတဲ့ သတ္တိရှိမှု။

{ ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့
အသက်မရှူတတ်သူ။

{ ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး
မလုပ်တတ်သူ။

{ ၈ } ကိုယ်မှန်တယ်ထင်ရင်
ရှင်ဘုရင်တောင် ပြန်ပြောရဲသလို…
ကိုယ်မှားပြီ ဆိုရင်လည်း
သူတောင်းစားတောင် တောင်းပန်ဖို့
ဝန်မလေးတတ်သူ။

{ ၉ } ကိုယ့်ရဲ့ လုပ်ငန်းရှင်
ဆရာသမားအပေါ် သစ္စာရှိပြီး
ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ
အပေါ်ကိုလည်း
မျှတစွာ ဆက်ဆံတတ်ကာ
အမှန်တရားကို လက်ကိုင်ထားသူ။

စသည်တို့ကို ဆိုလိုပါတယ်။

အရည်အသွေးချင်း
ယှဉ်ပြိုင်တာ မဟုတ်ဘဲ
အမြီးကျန်ရင် အမြီး
ခေါင်းကျန်ရင် ခေါင်းစား ဆိုတဲ့
စိတ်ဓာတ်ရှိနေတဲ့ လူမျိုးစုတွေကတော့
တိုးတက်လာလည်း ခဏပါ။

အခြေမခိုင်ဘဲ ယိုင်လဲနေမှာ
သေချာသလောက် ရှိပါတယ်။

စိတ် သည် ဘဝ
ဘဝ သည် စိတ်ပါ။

စိတ်ဓာတ် မကောင်းမှတော့
မှန်လိုပဲ ဘဝလည်း
ချောလာစရာ အကြောင်း မရှိပါ။

ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး
" ဂွင်"ဆိုတဲ့
တစ်နပ်စား ကြံစည်နေမှတော့
တစ်နပ်စားပြီး
စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။

ပညာတွေ ဘယ်လောက်ပဲ
တော်တော် တတ်တတ်
စိတ်ဓာတ်တွေ မကောင်းရင်တော့
အသုံးမဝင်သလို…

အရည်အချင်းတွေ
ဘယ်လောက်ပဲ ရှိရှိပါ
စည်းကမ်း မရှိရင်တော့…
ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

သူငယ်ချင်း…
" ဘဝ " မြင့်မားပြီး
အဆင့်အတန်းမြင့်တဲ့
လူသား တစ်ယောက် ဖြစ်ချင်ရင်တော့
" စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။

လေးစားစွာဖြင့်
Lovely.
With by Original Uploader.

"သင့်ကိုသင် ယုံကြည်မှုရှိပါ''အရွယ်ကောင်းတုန်းမှာ ကြိုးစားပါမဟုတ်ရင်အိုသာသွားတယ် သာမန်ဘဝနဲ့သူလို ငါလိုအခြေအနေ ဖြစ်မယ်မင်း...
16/02/2024

"သင့်ကိုသင် ယုံကြည်မှုရှိပါ''

အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ
မဟုတ်ရင်
အိုသာသွားတယ် သာမန်ဘဝနဲ့
သူလို ငါလိုအခြေအနေ ဖြစ်မယ်
မင်းကို အကောင်းမမြင်တဲ့ လူတွေကို
ဂရုမစိုက်လေလေ မင်းဘဝက
ပိုပြီး အဆင်ပြေလာလေလေပဲ။

ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား
ဆိုတာ မရှိပါဘူး
ငါ အရ ယူမလား မယူဘူးလား
ဆိုတာပဲ ရှိတာပါ
ရော်နယ်ဒို ဘောလုံး စကန်တုန်းက
သူအောင် မြင်မယ်လို့ဘယ်သူမှ မယုံခဲ့ကြပါဘူး။

အောင်မြင်မှု အလာနှေးတာ မဟုတ်ပါဘူး
သင်ကြိုးစားတာ မပြင်းထန်သေးလို့ပါ
တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး
သင်တူးတာ မနက်သေးလို့ပါ။

အောင်မြင်အောင် ကြိုးစားပြလိုက်ပါ
ပြီးရင် အထင်သေးတဲ့ သူတွေကို အပြုံးနဲ့ အနိုင်ယူ
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
အောင်မြင်တဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။

#မေတ္တာများစွာဖြင့်
Lovely.
With by Original Uploader.

အချိန်ကပေးတဲ့ ရင့်ကျက်မှု ဖြတ်ရခက်တဲ့ သံယောဇဉ်နှောင်ကြိုးတွေလည်း အချိန်ကြာလာတော့ ပြေလျော့သွားတာပါပဲ ။သူမရှိရင် မဖြစ်ပါဘူ...
06/02/2024

အချိန်ကပေးတဲ့ ရင့်ကျက်မှု

ဖြတ်ရခက်တဲ့ သံယောဇဉ်နှောင်ကြိုးတွေလည်း
အချိန်ကြာလာတော့ ပြေလျော့သွားတာပါပဲ ။

သူမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အတွေးတွေလည်း
လက်တွေ့မှာတော့ ဘောင်မဝင်ခဲ့ပါဘူးလေ ။

တကယ်ထွက်သွားတဲ့အခါ အဆင်ပြေအောင်
နေတတ်ဖို့ အချိန်ကပဲ သင်ပေးသွားတယ် ။

မျှော်လင့်ချက်တိုင်း ဖြစ်မလာတတ်တဲ့အခါ
ဘာကိုမှ သိပ်ပြီး မျှော်မှန်းမထားတတ်တော့ဘူး ။

ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းတွေဆိုတာ
ကိုယ်သတ်မှတ်ထားတဲ့ အရာတွေပဲဆိုတာ သိပြီးတဲ့နောက်
ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ထားတတ်လာတယ် ။

တိတ်ဆိတ်ခြင်းတွေနဲ့ အခန်းကျဉ်းလေးထဲမှာ
အဖော်ပြုနေရလည်း အထီးကျန်သလို မခံစားရတော့ဘူး ။

တစ်ယောက်ထဲနေရတာလေးကိုပဲ နှစ်သက်ခုံမင်မိလာတယ် ။

သူတို့စိတ်ကြိုက် လိုက်လုပ်မပေးနိုင်တဲ့အခါ လူဆိုးစာရင်း
သွင်းသွားတတ်ကြတာများတော့ သင်ခန်းစာတွေရလိုက်ပါပြီ ။

တကယ်တော့လည်း ကိုယ်ရှင်သန်နေတာ
သူတို့သတ်မှတ်ချက်နဲ့မှ မဟုတ်ပဲ
ကိုယ့်စံနှုန်းနဲ့ကို ရှင်သန်နေရတာပဲမို့
အရာအားလုံးကို လိုက်ပြီး ခံစားခွင့်မပြုတော့ဘူး ။

ရယူလိုခြင်းဆိုတာ ပူလောင်ရပါ့လားလို့ သိပြီးတဲ့နောက်
ပိုင်ဆိုင်ရမှာထက် ပေးဆပ်ရမှာကို ပိုနှစ်သက်လာတယ် ။

ပြဿနာတစ်ခုကြုံလာတိုင်း ရှောင်ပြေးဖို့မကြိုးစားတော့ဘူး ။

အကောင်းဆုံးဖြေရှင်းရမှာ ကိုယ့်တာဝန်ဆိုတာ
အချိန်တွေက သင်ပေးပြီးတဲ့နောက်
ကိုယ် အဆင်ပြေလာခဲ့တယ် ။

လေးစားစွာဖြင့်
Lovely
With by Original Uploader.

"အားမလျှော့နဲ့ "ဘ ဝ မှာ လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလိုတန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး။စစ်မှန်တဲ့ အောင်မြင်မှ...
05/02/2024

"အားမလျှော့နဲ့ "

ဘ ဝ မှာ
လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလို
တန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး။

စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာ
မှန်ကန်တဲ့ ကြိုးစားအားထုက်မှုဆိုတာ ရှိကို ရှိတယ်။

ဒုက္ခနဲ့ ဝေဖန်ခံရမှုကလွဲရင်
ကျန် တာ အ လ ကား မ ရ ဘူး။

ရောက်ချင်ရင် လျှောက်ရမယ်
ရ ချင် ရင်ကြိုး စား ရ မယ်
ပိုတော်ချင်ရင် ပိုလေ့ကျင့်ရမယ်
သူများထက်ပိုသိချင်ရင် သူများထက်ပိုလေ့လာရမယ်
ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ရာတော့ ပေးရတာပဲ။

သူကြိုးစားနေတဲ့အချိန်မှာ ကိုယ်ကအိပ်နေပြီး
ကိုယ်ကျရှုံးချိန်မှာ သူအောင်မြင်သွားမှ
မင်းက ကံကောင်းတယ်လို့ သွား မ ပြော နဲ့
ကိုယ့်ရဲ့ ကြိုစားအားထုက်မှုဟာ ကိုယ့်ဘဝဖြစ်လာမှာပဲ။

လိုချင်တာတစ်ခု ရဖို့
အခက်အခဲ များစွာကျော်ဖြတ်ရသလို။

ပန်းတိုင်းကို ရောက်ဖို့ဆိုတာလဲ
အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းပြီး
ကြိုးကြိုးစားစား ဇွဲလုံလနဲ့ သွားနိုင်မှ ရတာပါ။

ကိုယ့်ကိုယ်ကို ပြန်မေးပါ
ဒီအရာကို ငါ တကယ်လိုချင်တာဟုတ်ရဲ့လားလို့။

တ ကယ် လို ချင် တယ် ဆို ရင်
တကယ်ကြိုးစားပါ ဘယ်တော့မှ အားမလျှော့နဲ့
ဝိရီယထားပြီး လိုချင်စိတ်နဲ့ လုပ်တဲ့သူအတွက်
ထိုက် တန် တဲ့ နေ ရာ တစ် ခု တော့ . ရှိ စ မြဲ ပါ ပဲ။

အ ရေး ကြီး တာ က
မင်း အား မ လျှော့ လိုက် ဖို့ ဘဲ လို တယ် ။

Lovely.
With by Original Uploader.

ဘယ်လို အတားဆီးဘယ်လို အခက်အခဲပဲရှိရှိမိမိရဲ့ အိမ်မက်ပန်းတိုင်ကို ရောက်အောင်သွားပါ။ ဘယ်သူ့ကြောင့်နဲ့မှ အပျက်စီးမခံပါနဲ့ Lo...
05/02/2024

ဘယ်လို အတားဆီး
ဘယ်လို အခက်အခဲပဲရှိရှိ
မိမိရဲ့ အိမ်မက်ပန်းတိုင်ကို ရောက်အောင်သွားပါ။ ဘယ်သူ့ကြောင့်နဲ့မှ အပျက်စီးမခံပါနဲ့

Lovely
With by Original Uploader.

မင်း လုပ်နိုင်တယ်မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို ဘယ်အရာကမှ ဖျက်စီးလို့ မရဘူးဖန်ခွက် တစ်လုံးလို နေရင်တော့ နည်းနည်းထိတ...
05/02/2024

မင်း လုပ်နိုင်တယ်
မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို
ဘယ်အရာကမှ ဖျက်စီးလို့ မရဘူး
ဖန်ခွက် တစ်လုံးလို နေရင်တော့
နည်းနည်းထိတာနဲ့ မင်း တစစီ
ကြေမွပျက်စီး သွားမှာပဲ။

လောကမှာ မင်းသာ ကံအဆိုးဆုံး
ထင်တယ်ပေါ့. No No No...
မင်းထက်ဆိုးတဲ့သူတွေ တပြုံကြီး
မင်းဘဝကို ကံဆိုးမုန်တိုင်း တိုက်ပါစေ
ကံဆိုးမိုးမပြတ် ရွာနေပါစေ..
မပူနဲ့ ဘယ်လောက် အချိန်ကြာအောင် သဲကြီးမဲကြီး ရွာပါစေ..
အချိန်တန်ရင် တိတ်မှာပဲ ...
အချိန်တစ်ခုပဲ လိုမှာ။

အားငယ်စရာ မလိုဘူး...
တွေးပူတတ်တဲ့ အလေ့အကျင့်ထဲက ရုန်းထွက်လိုက်တော့....
မင်း ရဲရင့်ရမယ့် အချိန်ကျပြီ။

အမြဲတမ်း တစ်ယောက်တည်း
ဖြစ်နေတတ်လို့ စိတ်အားငယ်တာလား..
တစ်ကောင်ကြွက် ဘဝကို ခံယူထားရင် စိတ်ဓာတ်ကို အမြန်ပြန်ပြင်ဆင်တော့တစ်ကောင်တည်းဆိုလဲ မင်း ခြင်္သေ့ပဲ ဖြစ်ရမယ်။

မင်းလျှောက်လှမ်းနေတဲ့ လမ်း
ဘယ်လောက်ကြမ်းကြမ်း
စိတ်မာမာနဲ့ ဇွဲကောင်းရင်
လမ်းဆုံးရင် အောင်မြင်မှုရဲ့
အသီးအပွင့်ကို မင်းခံစားရလိမ့်မယ်
လမ်းတစ်ဝက်က လှည့်ပြန်လာရင်
မင်းပိုရှုံးတယ် အချိန်ရော စိတ်ပိုင်းဆိုင်ရာရော ပေါ့....

မင်းရည်မှန်းချက် မင်းအိမ်မက်ကို
မင်းစိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ်..
ရည်မှန်းချက်တို့ အိမ်မက်တို့ဆိုတာ
ဒိတ်ကုန်ရိုး ထုံးစံမရှိဘူး....

အမြဲ မှန်မှန်လေးသာ ကြိုးစား..
မင်းလုပ်နိုင်တယ်....
မင်းလုပ်နိုင်တယ်....

မင်းသာ အတော်ဆုံးပဲ...

#လေးစားစွာဖြင်
Lovely.
With by Original Uploader.

▪ဖြစ်ချင်စိတ်သာရှိပြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့ဇွဲမရှိရင် ဘယ်လောက်ထိစိတ်ပြင်းပြနေပါစေသင်...တိုးတက်မှာ မဟုတ်ဘူး...▪လူကသာ အော...
05/02/2024

▪ဖြစ်ချင်စိတ်သာရှိပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဇွဲမရှိရင် ဘယ်လောက်ထိ
စိတ်ပြင်းပြနေပါစေ
သင်...တိုးတက်မှာ မဟုတ်ဘူး...

▪လူကသာ အောင်မြင်ချင်တာ
စိတ်ဓါတ်က ခဏခဏကျနေရင်
သင့်...အတွက် ပန်းတိုင်မရှိဘူး...

▪လူရယ်လို့ဖြစ်လာရင်
ခံယူချက်၊ဦးတည်ချက်၊ရည်မှန်းချက် ရှိရတယ်...
လေထဲတိုက်အိမ်ဆောက်နေသရွေ့
ဘဝက လေဘောလုံးလိုပဲ
တရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ...

▪ဘဝမှာ အရာရာကိုကိုယ်ဖြစ်ချင်တာ
လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့
အောင်Uploader အတွက် ကတော့.....

➀...ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။

➁...စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။

➂...ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိုင်ရတယ်။

➃...အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။

➄....အရှုံးကို လက်ခံနိုင်ရတယ်။

➅....ဝေဖန်မှုတိုင်းကို အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီး
လက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။

➆....သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်
မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်
သင်ယူသင့်တာသင်ယူပြီး ၊လေ့လာသင့်တာ
လေ့လာပါ။

➇....စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင် ပြန်ကောက်သေးတာပဲ သင့်စိတ်ဓါတ်က
ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။

➈....စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်
စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေ
ကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့အကျိုးကိုတော့
ကိုယ်တိုင်ခံစားရမှာပါ။

➉.....စာများများဖတ်ပါ
စာမဖတ်တဲ့သူက မျက်မမြင်တစ်ယောက်နဲ့
အတူတူပါပဲ
မှောင်နေတဲ့ ဘဝ
အားငယ်နေတဲ့စိတ်
ပျောက်ကွယ်နေတဲ့ အသိညဏ်တွေ
ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိုင်တာ
စာအုပ်၊စာပေတွေပါပဲ။

လေးစားစွာဖြင့်
Lively.
With by Original Uploader.

" မင်းလျှောက်နေတယ်ဆိုရင်တော့ တစ် နေ့ ရောက် မှာ ပေါ့" ရင်ဆိုင်ရဲတယ်ဆိုတဲ့ အသိနဲ့တင် အရာရာကို ကျော်ဖြတ်သွားစေချင်တယ်။ အရှု...
31/01/2024

" မင်းလျှောက်နေတယ်ဆိုရင်တော့
တစ် နေ့ ရောက် မှာ ပေါ့"

ရင်ဆိုင်ရဲတယ်ဆိုတဲ့ အသိနဲ့တင်
အရာရာကို ကျော်ဖြတ်သွားစေချင်တယ်။

အရှုံးဆိုတာ ကိုယ်ကလက်ခံလိုက်မှ
တ ကယ် ရှုံး ရ တာ ဖြစ် ပြီး တော့။

အ မှား ဆို တာ လဲ
သင်ခန်းစာယူပြီး မဆင်ခြင်နိုင်သရွေ့
ဘယ်တော့မှ မှန်လာမှာ မဟုတ်ပြန်ဘူး။

လမ်းမှန်နေတယ်ဆိုပြီး ရပ်နေကြည့်ပါလား
သေချာတယ် ကားတက်ကြိတ်တာ ခံရလိမ့်မယ်။

လမ်းမှန်နေဖို့ လိုသလို
ဆက်လျှောက်ဖို့လဲ လိုသေးတယ်
အကြိမ်ကြိမ် လဲကျရင် , အကြိမ်ကြိမ် ပြန်ထ
ကိုယ့်ဒဏ်ရာ ကိုယ်ဆေးထည့်ပြီး
ကိုယ်ရည်ရွယ်ရာ ပန်းတိုင်းကိုရောက်ဖို့
ကိုယ်တိုင်ဘဲ လျှောက်ရမှာမဟုတ်ဘူးလား။

အမှောင်ထဲ ရောက်တဲ့အခါ
ကိုယ့်အရိပ်တောင် ကိုယ့်နားမှာ ရှိမနေဘူး
အနားမှာ အမြဲရှိနေမှာမဟုတ်တဲ့အရာတွေကို
အားကိုတကြီး တွယ်ကပ်နေသရွေးတော့
ဘဝက အေးချမ်းလာဖို့ မလွယ်ဘူး။

ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်အား ကိုယ်ကိုး, ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်တာဝန် ကိုယ်ယူပြီးတော့
ကိုယ်ကြိုက်ရာ ကိုယ်လုပ်ခွင့် ရှိတယ်
ကောင်းရင် , စံလိုက်
မကောင်းရင် , ခံလိုက်ရုံပေါ့
ဘယ်သူကိုမှ ဒုက္ခမပေးသလို
ဘယ်သူ့ကြောင့်ပါလို့ လက်ညှိုးမထိုးတဲ့အတွက်
အ နည်း ဆုံး တော့
ကိုယ် လိပ်ပြာလုံလုံနဲ့ နေနိုင်တာပေါ့။

ကိုယ်အမြင့်ရောက်ဖို့အတွက်
တစ်ပါးသူရဲ့ဘဝကို ချမနင်းခဲ့ဘူး
ကိုယ်ပျော်ရွှင်ဖို့တစ်ခုတည်းအတွက်
သူတစ်ပါးကို စိတ်ဆင်းရဲအောင် မလုပ်ဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
တစ်ပါးသူရဲ့ မျက်ရည်စက်တွေလဲ မပါဘူး။

ရိုးသားမှုနဲ့ လျှောက်တဲ့အခါ
ကျန်ခဲ့တဲ့ ခြေရာတောင် သိက္ခာရှိတယ်။

စာနာစိတ်နဲ့ လူဖြစ်ရတဲ့အခါ
ရှင်သန်နေတဲ့အခိုက်တိုင်းဟာ တန်ဖိုးရှိတယ်။

မရှိတဲ့ဂုဏ်ကို ရှိပါတယ်လို့ ထုတ်မကြွားတာ
မသိတဲ့အရာကို သိပါတယ်လို့ ထုတ်မပြောတာ
အဆောင်အယောင် ပကာသနတွေနဲ့
လူပုံလယ်မှာ ဟိတ်ကြီးဟန်ကြီးမလုပ်တတ်တာ
ဒါတွေဟာလဲ ရိုးရှင်းတဲ့ ဘဝနေနည်းတစ်ခုဘဲ။

လေယာဉ်ပျံတွေဟာ မြေပြင်မှာနေရင်
ပြုတ်ကျပြီး ပျတ်စီးစရာ အကြောင်းမရှိပါဘူး။

ဒါပေမယ့် ဒါဟာ
လေယာဉ်ကို တီထွင်ခဲ့တဲ့
ရည်ရွယ်ချက်တော့ မဟုတ်ဘူး။

ဒီလို ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ဘူး
ဘယ်မှမလျှောက်ရင်လဲ ဘယ်မှမရောက်ဘူး။

လျှောက်လှမ်းနေတဲ့အခိုက်မှာတော့
အခက်အခဲတွေ ကြုံမယ်
အဆင်မပြေတာတွေ ပြဿနာတွေ
နာနာကျင်ကျင် ကြေကွဲဝမ်းနည်းရတာတွေ။

ဒါပေမယ့် အားတင်းပြီး သွားနေရမှာဘဲ
ထိုင် ငို နေ လို့
ပျော်လာမှာမဟုတ်တဲ့ အခြေအနေမှာ
မျက်ရည်သုတ်ပြီး ဆက်လျှောက်နေရဦးမှာဘဲ။

စိတ်ဓာတ်တွေ ကျမနေပါနဲ့
စိတ်ပျက် အားငယ် မနေပါနဲ့
နာကျင်စရာတွေ ပြန်ပြန် မတွေးပါနဲ့
အကောင်းဆုံးဟာ လက်ရှိအချိန်ဖြစ်ပြီးတော့
အ ရင်း အ နှီး ဆို တာ
ကိုယ့်ရဲ့အသိဥာဏ်နဲ့ ကိုယ့်ရဲ့စွမ်းအားပါဘဲ။

လေမုန်တိုင်းတွေ လာနေလဲ
သစ်ပင်မှာ နားနေတဲ့ ငှက်တွေကတော့
အကြောက်အလန့်မရှိ စိတ်အေးလက်အေးပါဘဲ။

သစ်ကိုင်းကျိုးကျမှာ သူမကြောက်ဘူး
ဘာလို့လဲ ဆိုတော့
သူ့အတောင်ကို သသူယုံကြည်မှုရှိနေလို့ပါပဲ။

ငါ အချိန်မရွေးထပျံနိုင်တယ်ဆိုတဲ့
အတွင်းစိတ်ထဲမှာရှိတဲ့ ယုံကြည်မှုဟာ
ကြုံလာသမျှလောကဓံကို ရင်ဆိုင်ဖို့အတွက်
အကောင်းဆုံး သတ္တိကို ဖြစ်စေခဲ့တယ်လေ။

ပြောချင်တာ ဘာလဲဆိုတော့
ဘဝရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဟာ
ယုံကြည်မှုပေါ် မှီတည်နေတယ်ဆိုတာပါဘဲ။

ဒါကြောင့် ယုံကြည်မှုနဲ့ လုပ်ပါ
ဇွဲလုံ့လ , ဝီရိယနဲ့ ကြိုးစားပါ
အရှုံးမပေးဘဲ ဆက်လျှောက်ပါ။

လျှောက် ပါ
ဘယ်အခြေအနေမှာ ဖြစ်ဖြစ်
ဆက် ပြီး တော့ လျှောက် ပါ
မင်း လျှောက် နေ တယ် ဆို ရင် တော့
တစ် နေ့ ရောက် မှာ ပေါ့ ။

Lovely.
With by Original Uploader.

" လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ "အလိမ္မာ စာမှာရှိ "စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်းစာဖတ်တဲ့သူဟာ လိမ္မာရေးခြားရ...
20/01/2024

" လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ "

အလိမ္မာ စာမှာရှိ "
စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။

စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။

မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~~~~~။

သုတ စာပေတွေက
ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့
အထောက်အကူပေးပါလိမ့်မယ်။

ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့
အထောက်အကူပေးပါလိမ့်မယ်။

အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။

ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးစေဖို့ အလိမ်ညာမခံရေစဖို့
အမှားအမှန်ခွဲခြားသိစေဖို့အတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။

ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့

အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့
အမုန်း အာဃာတတွေ လျော့နည်းစေဖို့
ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့

သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်

ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်

တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။

စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။

စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။

စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။

စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။

စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။

စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။

စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိျုး စွန်းစာရှာဖွေလာနိုင်တယ်။

စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။

စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။

စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။

စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။

လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
မသေမချင်း လေ့လာ သင်ယူနေရမယ်။

ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။

Lovely.
With by Original Uploader.

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့၅ နှစ်ပဲ။အဲဒီ ၅ နှစ်မှ...
20/01/2024

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့
တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။
အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့
၅ နှစ်ပဲ။

အဲဒီ ၅ နှစ်မှာ မနားမနေကြိုးစားတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်မှာ သာမန်လို ဖြတ်သန်းတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်ပြည့်လို့ အသက် ၄၀ ကျော်တဲ့အခါ
အဲ့ဒီ ၅ နှစ်က လုပ်ရပ်တွေက လူတယောက်ဘဝ
ဘယ်လိုဖြစ်မလဲ ဆုံးဖြတ်ပေးသွားတယ်။

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်သူတွေက
ကိုယ်ပိုင် စနစ်တကျ ဖြစ်တည်သွားသလို
ဝန်ထမ်းအဖြစ် ထူးချွန်သူတွေကလည်း ဝန်ထမ်း
အဖြစ် ရပ်တည်သွားကြတယ်။
Artist အဖြစ် အောင်မြင်သူတွေလည်း ရှိသလို
ပင်စင်သက်တမ်းသာ မျှော်ရတဲ့သူတွေလည်း
ရှိလာတယ်။

အသက် ၄၀ ကျော်တဲ့အခါ အရာအားလုံးက
အသက် ၄၀ မတိုင်ခင် လုပ်ခဲ့တဲ့အရာတွေကြောင့်
ကောင်းရင်လည်း တည်မြဲတယ်
ဆိုးရင်လည်း ဆိုးတဲ့အတိုင်း တည်မြဲလာတယ်။
ဒါက ဘဝနဲ့ရတဲ့ ဘဝနဲ့ရင်းခဲ့တဲ့ အကြောင်းအရာမို့
အသက် ၃၅ နဲ့ ၄၀ ကြားဟာ ဘဝအတွက် အရမ်း
အရေးကြီးကြောင်း သိစေချင်တယ်။

သင့်ရဲ့ ၄၀ ကျော် ဘဝအကျိုးပေးက
အသက် ၃၅ မှာ သင်ဘာလုပ်ခဲ့လဲ အပေါ်
မူတည်တယ်။

Lovely.
With by Original Uploader.

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်********************ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။...
20/01/2024

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်
********************
ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။

နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့
မှတ်ချက် ။ ။ "ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)" တဲ့။

ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့အမေကို လေပြေလေးနဲ့ပြောတယ်။

"ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ"

ဘန်ဂျမင့်အမေရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။
၃ တန်းသာအောင်တဲ့ ဘန်ဂျမင့်အမေတွေးတာက " ငါ့သားတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ပညာရေး ပဲ"

ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။ သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေးကို ငါ့အိမ်က စမှ ဖြစ်တော့မယ်။

ဘန်ဂျမင့် အမေဟာ စည်းကမ်း ၃ချက် နဲ့ စတင်လိုက်တယ်။

၁။ တစ်ပတ်မှာ တီဗီ အစီအစဉ် (၂) ခုသာကြည့်ရမယ်။
( ကြည့်ရမယ့် အစီအစဉ်ကို သူမကိုယ်တိုင် သေချာရွေးချယ်ပေးထားတယ်)

၂။ အိမ်စာတွေပြီးမှသာ တီဗီကြည့်ခြင်း အပြင်ထွက်ဆော့ကစားခြင်းကို ပြုလုပ်ရမယ်။

၃။ စာကြည့်တိုက်ကနေ တစ်ပတ်လျှင် စာအုပ် ၂အုပ်ငှားပြီးဖတ်ရမည်။ ဖတ်ပြီးသားစာအုပ်အကြောင်းကို အနှစ်ချုပ် ရေးတင်ရမယ်။

ဘန်ဂျမင်ဟာ ဒီစည်းကမ်းချက် အသစ်ကို လုံးဝလက်မခံနိုင်ဘူး။ သူ့အမေကို ပြောဖို့ ခက်ခဲစွာကြိုးပမ်းတယ်။ ဒါပေမယ့်မအောင်မြင်ဘူး။ သူ့အမေဟာ ဒီတစ်ခါ စည်းကမ်းချက်ကိုတော့ အလျော့ပေးမယ့်ပုံ မရဘူး ဆိုတာ ဘန်ဂျမင်သိတယ်။ နောက်ဆုံး စည်းကမ်းနောက် လိုက်လုပ်ရတော့တယ်။

သိပ်တောင်မကြာလိုက်သလိုပါပဲ။

ပထမဆုံးအသီးအပွင့်အနေနဲ့
ဆရာမမေးတဲ့ မေးခွန်းကို ဖြေနိုင်သော တစ်ဦးတည်းသောကျောင်းသားဟာ ဘန်ဂျမင် ဖြစ်လာတယ်။

ဒုတိယအကြိမ် ခက်ခဲတဲ့ ဆရာမရဲ့ မေးခွန်းကို ဖြေဆိုနိုင်လိုက်တဲ့ အခိုက်အတန့် ပြီးနောက်မှာတော့ ဆရာမရောအတန်းဖော်တွေပါ အံ့သြကုန်ကြတယ်။ အမှန်တော့သူ့ကိုယ်သူလဲ နဲနဲတော့ အံ့သြမိပေမယ့် သူ့သိတဲ့အဖြေတွေဟာ သူ့ဖတ်တဲ့စာအုပ်တွေထဲက လာတယ်ဆိုတာ သူသိလိုက်တယ်။

နောက်ပိုင်းမှာတော့ ဘန်ဂျမင်ဟာသူမသိသေးတဲ့ လိုနေတဲ့အရာတွေကို စာကြည့်တိုက်က စာအုပ်တွေကနေ ဖြည့်ပါတော့တယ်။ ပြီးရင် စာအုပ်တစ်အုပ်ချင်းစီကို မှတ်ချက်တို့ သုံးသပ်ချက်တို့ ရေးတယ်

သူဟာ စာဖတ်ခြင်းကို မြတ်နိုးလာတယ်။
စာဖတ်ခြင်းဟာ သူအကြိုက်ဆုံး တီဗီအစီအစဉ် တစ်ခုပဲ။
မကြာခင်မှာပဲ ဘန်ဂျမင်ဟာ ကျောင်းရဲ့ အထင်ကရ ဦးဆောင်ပြသူဖြစ်လာတယ်။သုံးတန်းသာအောင်တဲ့ ဘန်ဂျမင့်အမေဟာလည်း သူ့ကလေးတွေအတွက် ထပ်ခါ ထပ်ခါ ပညာရေးဘက်ကို မြှင့်တင်ပေးခဲ့တယ်။

အလွန်ထုံတဲ့ ညံ့တဲ့ ငါးတန်းကျောင်းသား ဘန်ဂျမင်ဟာ ကမ္ဘာ့အတော်ဆုံး ကလေးအာရုံကြော ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။တက္ကသိုလ်ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့ပေါင်းများစွာ ရခဲ့တယ်။ မေရီလန်းက ဂျွန်ဟော့(ပ)ကင်းဆေးရုံမှာ ၁၉၈၄ ကနေ ၂၀၁၃ အထိ ဦးဆောင်သူပါမောက္ခ အနေနဲ့ လူနာတွေကိုကုရင်း စာအုပ်တွေဖတ်နေခဲ့တယ်။ သူကုသခဲတဲ့ အထဲမှာ ခေါင်းချင်းဆက်အမွှာတွေ ပါတယ်။ ဆေးနဲ့ကုသလို့မရတဲ့ အတက်ရောဂါသည်ကလေးတွေရဲ့ ဦးနှောက်ကို ခွဲစိတ်ထုတ်ပေးခဲ့တာတွေပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကြောင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတကိုယ်တိုင် ပေးအပ်တဲ့ Presidential Medal of Freedom ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၆ အမေရိကန် သမ္မတ အလောင်းအလျာရွေးပွဲမှာ ရီဗက်ပလစ်ကန် တွေက ငါးတန်းတုန်းက စာသိပ်ညံ့တဲ့ ဘန်ဂျမင်ကို ထည့်သွင်းရွေးချယ်ခဲ့ကြပါတယ်။

သူ့အကြောင်းကို Gifted Hand ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ရာလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

Source : Washington Times
Wikipedia
The Resilience Project

လေးစာစွာ Credit ပေးပါသည်

" ဆက်လျှောက် သတိနဲ့ပေါ့ "အတိတ်ဆိုတာ ထားခဲ့လိုပဲ ရတယ်ပြန်သွားလို့ မရဘူး။အနာဂတ်ဆိုတာ မျှော်လင့်ခွင့်ပဲ ရှိတယ်ကြိုသိခွင့် မ...
20/01/2024

" ဆက်လျှောက် သတိနဲ့ပေါ့ "

အတိတ်ဆိုတာ ထားခဲ့လိုပဲ ရတယ်
ပြန်သွားလို့ မရဘူး။

အနာဂတ်ဆိုတာ မျှော်လင့်ခွင့်ပဲ ရှိတယ်
ကြိုသိခွင့် မရှိဘူး။

လက်ရှိအခြေအနေက
ဖြတ်သန်းလို့ပဲ ရတယ်
ချန်ထားခဲ့လို့ မရဘူး။

အိပ်မက်ဆိုတာမက်ခွင့်ပဲ ရှိတယ်
ဆံ ခွင့် မရှိဘူး။

စကားဆိုတာ ပြောလို့ပဲ ရတယ်
ပြင်လို့မရဘူး။

အမှန်တရားဆိုတာ ဖိထားခွင့်ပဲ ရတယ်
ဖုံးထားခွင့်တော့ မရဘူး။

အမှားဆိုတာ သိခွင့်ပဲ ရှိတယ်
ပြုလုပ်ခွင့် မရှိဘူး

ဒုက္ခဆိုတာ ရင်ဆိုင်ခွင့်ပဲ ရှိတယ်
ကွေ့ရှောင်သွားခွင့် မရှိဘူး။

မာနဆိုတာ ထားခွင့်တော့ ရှိတယ်
ကြီးခွင့်တော့ မရှိဘူး။

သိက္ခာဆိုတာ ထိန်းခွင့်ပဲ ရှိတယ်
ကျခွင့် မရှိဘူး။

တန်ဖိုးဆိုတာ နားလည်ခွင့်ပဲ ရှိတယ်
ဖြတ်ခွင့်တော့ မရှိဘူး။

ကံဆိုတာ ကြုံခွင့်ပဲ ရှိတယ်
ပုံချခွင့် မရှိဘူး။

အချစ်ဆိုတာ ရူးသွပ်ခွင့်တော့ ရတယ်
အပြစ်လုပ်ခွင့်တော့ မရဘူး။

ဘဝဆိုတာ ဒီလိုပါပဲ
ရသမျှအချိန်ကို တန်ဖိုးထားသင့်။ပါတယ်

ဘယ်လိုအရာမျိုးနဲ့ပဲ ကြုံကြုံ
ဆုံခွင့်ရှိနေသ၍ ဖြတ်သန်းပါ။

ရပ်တည်နေသ၍ကတော့
ကံတရားက မိမိဘက်မှာပါပဲ။

ဘာပဲလုပ်လုပ် ယုံကြည်ချက်နဲ့ပဲ လုပ်ပါ
လူတိုင်းဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပဲလေ။

အချိန်ကပဲ ဆုံးဖြတ်ပေးလာမှာပါ
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး
မဖြစ်သေးတာပဲ ရှိတယ်

ကြိုးစားမှုသာ ဘဝလက်တွဲဖော်ပါ
ပြီးပြည့်စုံမှုရချင်ရင်တော့ ဒါတွေ
ကျော်လွှားနိုင်ရမှာပါပဲ

အားမွေးထားပါ ပြီးတော့
ဆက်လျှောက် သတိနဲ့ ပေါ့။

Lovely.
With by Original Uploader.

လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။ အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင် အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှ...
19/01/2024

လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင် အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာလူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို အရည်အချင်းလို့ခေါ်ပါတယ်။

အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား” ဆိုပြီး တချို့ကမေးကြတယ်။ အဖြေက “မဟုတ်ပါဘူး။”

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့
* အရာမှန်သမျှ သင်ယူလေ့လာလို့
* သူများထက် ပိုဖတ်လို့
* သူများထက် ပိုကြည့်လို့
* သူများထက် ပိုကြုံတွေ့ရလို့
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ

လူတစ်ယောက်ကို သူများထက်ပိုတော်အောင် ဖန်းတီးပေးတာပါ။
ဒါဆိုရင် နောက်မေးခွန်းတစ်ခုက“ပါရမီက တကယ်ရှိလား”လို့ မေးလိမ့်မယ်။ အဖြေက “တကယ်ရှိပါတယ်။”ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကိုအကြောင်းပြချက်မရှိပဲ အရာတစ်ခုကို နှစ်သက်အောင် လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအရာကိုအာရုံစိုက်ပြီးလုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့် ဘယ်အရာမဆို ကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်မှ အဲ့ဒီအရာအပေါ် တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။

လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။ ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။ အဲ့ဒီကနေ ကျွန်တော်တို့လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပန်းတိုင်ကိုဆက်ပြီး ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင် သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့ နောက်ဆုတ်သလိုဖြစ်နေမှာပါ။

“ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။ တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။”

ဒါကြောင့် တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ "သူဘာဖြစ်လို့ တော်တာလဲ?”
ဆိုတဲ့မေးခွန်းကို ထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဖြေကတစ်ခုပဲရှိပါတယ်။

“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

Lovely.
With by Original Uploader.

Address


Website

Alerts

Be the first to know and let us send you an email when Prof. Dr. Sai Naw Jar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share