IAWN

IAWN You can tell me any information you known

ဂိမ်းထဲကနေဆန္ဒပြကြရအောင် ✊✊ဆန္ဒပြတဲ့ဂိမ်းလေးကို freedom from fear ဆိုတဲ့ထောက်ပို့အဖွဲ့လေးကထုတ်ထားတာပါဒီထောက်ပို့အဖွဲ့လေး...
15/02/2022

ဂိမ်းထဲကနေဆန္ဒပြကြရအောင် ✊✊

ဆန္ဒပြတဲ့ဂိမ်းလေးကို freedom from fear ဆိုတဲ့ထောက်ပို့အဖွဲ့လေးကထုတ်ထားတာပါ
ဒီထောက်ပို့အဖွဲ့လေးကိုသိတဲ့သူနည်းနေသေးပါတယ် တနေ့မှကဝင်ငွေ2$ 3$ပဲရပါ‌တယ်(တစ်ခါတစ်လေ1$တောင်မရတဲ့ရက်တွေရှိပါသေးတယ်)
ဒါတောင်သူတို့အဖွဲ့ကလူတွေရဲ့မုန့်ဖိုးလေးတွေစုပြီး တိုရှည်တလက်ရအောင်ထောက်ပံ့ထားသေးတယ်နော် ❤️❤️
ဂိမ်း‌မဆော့တတ်ရင်တောင် ကြော်ငြာလေးကြည့်ပြီးရဲဘော်တွေကိုထောက်ပံ့လို့ရပါတယ်
ကြော်ငြာ်ဘယ်လိုကြည့်လဲ comment မှာပုံလေးပြထားပေးပါတယ်

နေ့စဉ်ဝင်ငွေတွေကို Freedom From Fear pageမှာ‌နေ့စဉ်တင်ပြပေးပါတယ်💓
ကဲကဲဂိမ်းလေးကိုစမ်းဆော့ကြည့်ဖို့အောက်မှာ link
Playstore မရသူတွေအတွက် https://we.tl/t-FSiR2GKoQD

Update ဆွဲဖို့ Playstore link: https://bit.ly/3q70SVG
Apk pure link: https://bit.ly/3J7kDF5 (ကတင်ထားတုန်းပဲ)

CRPH ရဲ့ Raffle Ticket ဆိုတာ ကံစမ်းမဲပါဗျား။တိုတိုတုတ်တုတ် ရှင်းပြမယ်။ ကော်ပီကူးပြီးဆက်ဖြန့်ပေးပါ please ✊ကံစမ်းမဲ လက်မှ...
18/08/2021

CRPH ရဲ့ Raffle Ticket ဆိုတာ ကံစမ်းမဲပါဗျား။တိုတိုတုတ်တုတ် ရှင်းပြမယ်။ ကော်ပီကူးပြီးဆက်ဖြန့်ပေးပါ please ✊

ကံစမ်းမဲ လက်မှတ် တစောင်ကို ၁၀ ဒေါ်လာ။ တကမ္ဘာလုံးက ဝယ်လို့ရမယ်။ မြန်မာပြည်ကနေဝယ်မယ်ဆို ၁၀၀၀၀ ကျပ် ပဲ။ လက်မှတ် ၅ သိန်း (ဒေါ်လာ ၅ သန်း) ပြည့်ရင် အ‌ရောင်းပိတ်မယ်။ ရောင်းရငွေတွေက PDF ရိက္ခာ/လက်နက် ဝယ်မယ်။ ကံစမ်းသူတွေအတွက် အမှတ်တရ ဆုမဲဖေါက်ပေးမယ်။ သြဂုတ်လကုန်မှာ လက်မှတ်အကုန်ရောင်းချင်တယ်။

ကံစမ်းမဲဝယ်ချင်ရင် CRPH အသိအမှတ်ပြု အလှူခံ page တွေကိုဆက်သွယ်ရမယ်။ အဲ့ page တွေရဲ့ CB ကိုသွားခိုင်းတာ။ အာ့ ကျကျ ဘယ်လိုငွေလွှဲရမယ် ပြောပြလိမ့်မယ်။ အောက်မှာ နိုင်ငံအလိုက် page တွေကို CRPH က စုပေးထားတယ်။

👇👇👇👇👇👇👇👇

✅ အရှေ့တောင်အာရှနိူင်ငံများ (မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ မလေးရှား၊ ထိုင်း အစရှိသဖြင့်)
https://www.facebook.com/101176172128315/posts/158459446399987

✅ ကျန်ရှိသော အာရှ နိုင်ငံများ (ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ် အစရှိသဖြင့်)
https://www.facebook.com/101176172128315/posts/158460399733225

✅ Australia တိုက်နှင့် အနီးတဝိုက်ရှိ နိုင်ငံများ (ဩဇီ၊ နယူးဇီလန် အစရှိသဖြင့်)
https://www.facebook.com/101176172128315/posts/158458579733407

✅ Global Fundraiser များ (နိုင်ငံ ၆ နိုင်ငံနှင့် အထက် အလှူခံပေးနေသော Fundraiser များ)
https://www.facebook.com/101176172128315/posts/158456336400298

✅ UK နဲ့ Europe နိုင်ငံများ
https://www.facebook.com/101176172128315/posts/158461516399780

✅ မြောက်အမေရိကတိုက်မှ နိုင်ငံများ (USA, Canada)
https://www.facebook.com/101176172128315/posts/158462263066372

မသိသေးတဲ့သူတွေ သိသွားအောင် ကော်ပီယူသွားလိုက်ဦး။ ခွက်ဒစ်မလို။

❗❗စစ်ထွက်ရဲထွက်အုပ်ကြီးဟောင်းများနဲ့ကြံဖွတ်ပါတီအဆက်အသွယ်ရှိသူအားလုံးကိုသတိထားကြပါဗျ ❗❗အိမ်စောင့်ခွေးကအကုန်လုံးကိုဆက်သွယ်...
12/08/2021

❗❗စစ်ထွက်ရဲထွက်အုပ်ကြီးဟောင်းများနဲ့ကြံဖွတ်ပါတီအဆက်အသွယ်ရှိသူအားလုံးကိုသတိထားကြပါဗျ ❗❗
အိမ်စောင့်ခွေးကအကုန်လုံးကိုဆက်သွယ်ပြီး ဒလန်လုပ်ဖို့တိုက်တွန်းနေပါတယ်
ဒလန်မလုပ်ချင်လို့ငြင်းလိုက်သူတွေအများကြီးရှိပေမယ့် သတိထားတာအကောင်းဆုံးပါ

Rest in power သူရဲကောင်းတို့ရေ 😢 မင်းတို့လိုချင်တဲ့ဒီမိုကရေစီရအောင်တိုက်မယ်လို့အသက်နှင့်ရင်းပြီးအာမခံပါတယ်ကွာ 🔥ဒီသတင်းကြ...
10/08/2021

Rest in power သူရဲကောင်းတို့ရေ 😢
မင်းတို့လိုချင်တဲ့ဒီမိုကရေစီရအောင်တိုက်မယ်လို့အသက်နှင့်ရင်းပြီးအာမခံပါတယ်ကွာ 🔥
ဒီသတင်းကြားပြီးစိတ်မွန်းကြပ်လာလို့ အခုမှတင်ဖြစ်တာပါ 😢

08/08/2021

ဟုမ္မလင်းတွင် SNAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ

ဩဂုတ် ၈၊ The Nation Voice

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ရှမ်းနီအမျိုးသားတပ်မတော်(SNA)ကတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် နမ့်တောရွာနှင့် ဟဲဖက်ကျေးရွာအကြား၌ ယနေ့ ဩဂုတ် ၈ရက် နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ ဖြစ်စဉ်က သူတို့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်လာတာ။ ဝင်လာတော့ လမ်းတစ်ဝက်မှာ ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့တာ” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။ SNA ဘက်က ထိခိုက်မှုမရှိဟု ၎င်း ကဆိုသည်။

SNAနှင့် စစ်ကောင်စီတပ်တို့သည် ယခုဩဂုတ်လ ၅ရက်ကလည်း ဟုမ္မလင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် ဇူလိုင်လနှင့် ဇွန်လတွင်လည်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

08/08/2021

ကျောက်ထုတွင် စကစအချင်းချင်းပစ်ခတ်မှုဖြစ်ပွား၊ စစ်သား ၁၀ ယောက်ထွက်ပြေး
=====
မကွေးတိုင်း၊ ကျောက်ထု လေယာဥ်ကွင်း ထဲ
ယမန်နေ့ ဩဂုတ် ၇ရက်ညက စစ်ဗိုလ် နဲ့ တပ်သား တစ်ချို့ လစာ မပေးသော ကြောင့်
စကားများကြရင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတယ်လို့သိရပါတယ်

စစ်သား ၁၀ ဦးဝန်းကျင် လက်နက်နဲ့အတူထွက် ပြေးရာ ၎င်းတို့ထဲ မှ ၁ ဦးကိုပြန်ဖမ်းမိကြတယ်လို့ကြားသိရပါတယ်။

ရွာတစ်ရွာ ရောက်နေသော တပ်သားတစ်ဦး မှ
သေနတ် နဲ့ ကျည်ကပ် ၃ ကပ် အပ်ပြီးနေစရာ စားစရာ ပေးရင် ရပါပြီဟု ပြောကြောင်း သိရပါတယ်။

ကျောက်ထု လေယာဥ်ကွင်းထဲ ကိုဗစ်ပိုးတွေ့ လဲ များကြောင်းသိရတယ်။
Source - Zalen

08/08/2021

Edit-ထောင်တွင်းသပိတ်ကိုသေချာပါတယ်ဗျ
အိုးဘိုထောင်တွင်းသပိတ်ကမသေချာသေးပါဘူးဗျ
အကယ်၍မဟုတ်ခဲ့လျှင် ထောင်ထဲကသူတွေရဲ့မိသားစုဝင်တွေကိုဒုက္ခပေးရာရောက်ပါတယ်
ထောင်ထဲမှမတရားဖမ်းဆီခံရသူများဘေးရန်ကင်းပါစေ❤️❤️

08/08/2021

သတိပြုရန် 🛑🛑🛑
ယနေ့ညရန်ကုန်မြို့ကြီးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ဘာသံကြားကြားလိုင်းပေါ်မတင်ပဲ အချိန်ခြားပြီးမှသာတင်ဖို့အထူးသတိပေးချင်ပါတယ်။ပြည်သူပြည်သားများဘေးကင်းကျန်းမာကြပါစေ❤️❤️

မိမိက ကျဉ်ဆံဖိုးတောင် မလှူကြပဲ D Day မြန်မြန်ရောက်ချင်နေတဲ့သူတွေသိဖို့ပါD Dayဘယ်တော့လာမလဲ ဘယ်တော့တိုက်မလဲမေးကြသူတွေအတွက်...
08/08/2021

မိမိက ကျဉ်ဆံဖိုးတောင် မလှူကြပဲ D Day မြန်မြန်ရောက်ချင်နေတဲ့သူတွေသိဖို့ပါ

D Dayဘယ်တော့လာမလဲ ဘယ်တော့တိုက်မလဲမေးကြသူတွေအတွက်ကို အခက်အခဲတချို့ရှင်းပြချင်ပါတယ် ။

PDF သင်တန်းသားတစ်ယောက်ရဲ့သင်တန်းကာလ ၄၅ ရက်ရှိတယ်။အဲ့ဒီကာလအတွက် စားစရိတ် ၊လိုအပ်တဲ့ယူနီဖောင်း၊ ဦးထုတ်၊ ခြေအိပ် ၊ဖိနတ် ၊အားကစားဝတ်စုံ၊ စောင်၊ ခြင်ထောင် စသည်ဖြင့် မဖြစ်မနေသုံးရမယ့်အသုံးအဆောင်တွေ (လက်နက် ကျည်ဆံမပါအသွားအပြန်စားရိတ်မပါ) မြန်မာငွေ လေးသိန်းကုန်ပါတယ်။သင်တန်းတစ်ခုမှာသင်တန်းသား
အယောက်တစ်ရာရှိတယ်ဆိုရင်ပဲ သိန်းလေးရာကျပါပြီ။

တပြည်လုံးအတိုင်းအတာနဲ့သင်တန်းဘယ်နှစ်ခုရှိမလဲ
တကယ်တိုက်ရင်PDFအင်အားဘယ်လောက်လိုမလဲတွက်
ကြည့်ပါ။ခန့်မှန်းခြေ PDFအင်အားတစ်သိန်းအတွက်ဆိုရင်ပဲမြန်မာငွေသိန်းပေါင်းလေးသိန်းကုန်ပါမယ်။ဒါကသင်တန်းစားရိတ်ပါပဲ။တကယ်တိုက်မယ်ဆိုရင်အဲ့ဒီထက်လိုတာတွေရှိပါတယ်။

သေနတ်အတို ၉မမ ပစ်စတိုတစ်လက် ထိုင်းဘတ်၆သောင်း မြန်မာငွေသိန်း၃၀ခန့်ရှိပါတယ်။ကျည်အတောင့်၅၀ တစ်ဖာကို ဘတ်၁၅၀၀ မြန်မာငွေ ၇၅၀၀၀ခန့်ရှိပါတယ်။

သေနတ်အရှည် M16 A1ပုံဟောင်းတစ်လက်ကိုဘတ်၆၀၀၀၀ကနေ၈၀၀၀၀ထိရှိပါတယ်မြန်မာငွေနဲ့ဆိုသိန်း၃၀ က သိန်း၄၀ပါ ဒါပေမယ့်ဝယ်ဖို့ရှားသွားပါပြီ။ M4 ကတော့ဝယ်လို့ရပါတယ် အရည်အတွက်ပေါ်မူတည်ပြီး ဘတ်တစ်သိန်းဝန်းကျင် မြန်မာငွေသိန်း၅၀ခန့်ရှိပါတယ်။ကျည်ကတော့ ၁တောင့်ဘတ်၂၀ခန့်ပါ။

AK47 ကတော့ဝယ်မရတော့ပါဘူး။သူလည်းဘတ်၈၀၀၀၀ကနေ တစ်သိန်းဝန်းကျင်ပေါက်ဈေးရှိပါတယ်။ကြိုက်ရောင်းကြိုက်ဝယ်ပါ။ကျည်ကတော့၁တောင့်၃၅ဘတ်ပါ။

ပြည်တွင်းဖြစ်လက်လုပ်သေနတ်တွေဆိုရင်တော့
၃သိန်း၄သိန်းလောက်ကျပါမယ်။

လူတစ်ယောက်ကိုအနည်းဆုံးကျည် ၂၀၀ တော့ရှိရပါတယ်။တကယ်တမ်းပစ်ရင် ကျည်၂၀၀ဆိုတာ မကြာပါဘူး ခဏပဲခံပါတယ်။ကျည်ဖိုးကM16ဆိုဘတ်၄၀၀၀ မြန်မာငွေနှစ်သိန်း AK ဆိုရင်ဘတ်၇၀၀၀ ကျပ်သုံးသိန်းခွဲ ပါ။ကျည်နှစ်ရာနဲ့အလွန်ဆုံးတိုက်နိင်တဲ့အချိန်ကတစ်ရက်မကျော်ပါဘူး။

ဒါကလက်နက်တပ်ဆင်မယ်ဆိုရင်တစ်ယောက်ကိုဘယ်လောက်ကျမလဲအကြမ်းတွက်လို့ရအောင်ပါ။ဒါတောင်ကျည်ကာတွေ လက်ပစ်ဗုံးတွေမပါသေးပါဘူး။တပ်ဖွဲ့စည်းပုံအတွက်ဆို တခြားလက်နက်ကြီးတွေ ဆက်သွယ်ရေးစက်တွေ အများကြီးလိုပါသေးတယ်။

တိုင်းပြည်စီးပွားရေးကကျ ရောဂါတွေကများနေတယ်ဆိုပေ
မယ့်လည်းဒီကုန်ကျစားရိတ်တွေက တကယ့်လိုအပ်ချက်တွေဖြစ်နေတာအမှန်ပါပဲ။အသက်ကိုပေးလှူထားကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် လစာမပါရင်ဖြစ်ပေမယ့် တိုက်စရာ လက်နက် ကျည်ဆံနဲ့ ဆေးဝါးရိက္ခာတွေ လုံလောက်ဖို့တော့လိုပါတယ်။ပြည်တွင်းကပြည်သူတွေတအားကျပ်တည်းနေကြပြီဖြစ်လို့ ပြည်ပရောက်အလှူရှင်များနဲ့ငြိမ်ချက်သားကောင်းနေကြတဲ့လုပ်ငန်းရှင်ကြီးများရဲ့အကူအညီတွေလိုနေပြီဖြစ်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။

အားလုံးမျော်နေတဲ့ D Day အမြန်ဆုံးရောက်ပါစေ
စီအာတီ

ရန်ကုန်နေ ပြည်သူများခင်ဗျာ ဘယ်နေရာပဲ ဖြစ်ဖြစ် ဗုံးပေါက်တယ် အသံကြားရတယ်ဆိုရင် မြို့နယ် တခုကျော် နှစ်ခုလောက်ဆီက ကြားရတတ်ပါ...
08/08/2021

ရန်ကုန်နေ ပြည်သူများခင်ဗျာ

ဘယ်နေရာပဲ ဖြစ်ဖြစ်
ဗုံးပေါက်တယ် အသံကြားရတယ်ဆိုရင်
မြို့နယ် တခုကျော် နှစ်ခုလောက်ဆီက ကြားရတတ်ပါတယ်။ (သေနတ်သံကတော့အနီးကပ်မှ ကြားရတာမျိုးပါ)

ဒါကြောင့် ပေါက်တဲ့နေရာ ကို ချက်ချင်းအတည်ပြုဖို့ရာ
စစ်ခွေးတွေက မတတ်နိုင်ပါဘူး။

မြို့ပြပျောက်ကျားရဲဘော်တွေ ပြန်လည်ဆုတ်ခွာဖို့အတွက်
အချိန် လိုအပ်ပါတယ်။

ဒါပေမယ့် မြေပြင်က ပြည်သူတွေက ဘယ်နေရာမှာ
ဘယ်အချိန် ပေါက်တယ်လို့ သေနတ်နဲ့ပစ်တယ်စတဲ့

တည်နေရာ ကို Facebook ပေါ်က
တက်ရေးလိုက်ရင် စစ်ခွေး ရဲခွေးများက ချက်ချင်း
တည်နေရာကို Google Map ကေန ကြည့်ပီး ထွက်လမ်း တွေကို ပိတ်ဆို့လိုက်တဲ့အခါ ပျောက်ကျားရဲဘော်တွေက
ပြေးဖို့အလွန်ခက်ခဲသွားပီး အဖမ်းခံကြရပါတယ်။

အဲ့တော့ အိမ်မှာနေရင်း ဗုံးပေါက်သံကြားရင် တည်နေရာ အတိအက်ကို မိမိရဲ့ တကိုယ်ရေ အာသာပြေဖို့ စိတ်နဲ့ Facebook မွာ မတင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
သေနတ်နဲ့ ပစ်သွားလည်း မသိချင်ယောင် ဆောင်နေလိုက်ကြပါ။

အရမ်းတင်ချင်စိတ်ပြင်းပြနေရင်လည်း
ဖြစ်ပီးတော့ ၂နာရီလောက်မှ တင်ကြပါ
ဘယ်တော့မှ အောင်ပွဲခံ မစောပါနဲ့ ခင်ဗျာ

အရေးအကြီးဆုံးက တော်လှန်ရေးမှာ
မိမိကိုယ်တိုင် ဒလန် မလုပ်ဖို့ပါပဲ

အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့
ဒလန်များ စစ်ခွေးများ ကြံ့ဖွတ်များလည်း
နေရာတိုင်းလိုလို ရှိနေတာကြောင့်
ရန်သူကို ဘယ်တော့မှ လျော့မတွက်ပါနဲ့

ဘယ်အချိန် ဘယ်နေရာကို လူဘယ်နှစ်ယောက်
ဘယ်လိုပုံစံ ဘာနဲ့ လာတယ်ဆိုတာကအစ မတင်ကြဖို့
မမြင်ချင် မသိချင်ယောင်ဆောင်ပေးကြဖို့
အထူးမေတ္တာရပ်ခံပါတယ် ခင်ဗျာ ။

အရေးတော်ပုံ အောင်ရမည် 💪

06/08/2021

အလှူခံ page အချို့ရဲ့ Kpay များ Freeze အလုပ်ခံလိုက်ရတယ်လို့သိရပါတယ်

နိုင်ချင်လား ??နိုင်ချင်ရင် ဆန် ၃ ဆန် လိုတယ် ။ကျည် ဆန် ၊ ပိုက် ဆံ ၊ စားတဲ့ ဆန် ....ဒါကို အားလုံးဝိုင်းဖြည့်ပေးနှိုင်မှ အ...
06/08/2021

နိုင်ချင်လား ??
နိုင်ချင်ရင် ဆန် ၃ ဆန် လိုတယ် ။

ကျည် ဆန် ၊ ပိုက် ဆံ ၊ စားတဲ့ ဆန် ....

ဒါကို အားလုံးဝိုင်းဖြည့်ပေးနှိုင်မှ အဆင်ပြေလိမ့်မယ် ။

အခြေခံလူတန်းစားတွေ လူလတ်တန်းစားတွေရဲ့
၅၀၀၀ ၁၀၀၀၀ လှူကြတာပဲများတော့ တွေးမိတယ် ။

ပြည့်စုံတဲ့ အသိုင်းအဝိုင်းကလူတွေက
မင်းအောင်လှိုင်ထောက်ခံသူတွေများလား ။

အားလုံးစွန့်ပြီးထွက်လာခဲ့တဲ့လူငယ်တွေသာ
စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံကိုပါ စွန့်ခွာသွားခဲ့ရင်
မင်းအောင်လှိုင်နဲ့ ခများတို့ပဲ ကျန်ခဲ့လိမ့်မယ် ။

အာဏာရှင် မပြုတ်ကျသမျှ
သေချာတာတခုက

အိမ်ပြန်ခွင့် ကျွန်တော်တို့မှာမရှိဘူး ။

#အရေးတော်ပုံအောင်ရမည်

-SPDF Page

လှူချင်တဲ့သူတွေက ဒီမှာလှူပေးကြပါ။

https://www.facebook.com/105808134570359/posts/335952514889252/

02/08/2021

❗❗ဟိုဘက်ကနေခေါင်းမိုးဖာတာမှာလှူလို့ ဖမ်းခံရတယ်ဆိုပြီး psy war တွေပြန့်နှံ့လာပါလိမ့်မယ်❗❗
ရှင်းရှင်းပြောရင်ဂရုစိုက်မနေပါနဲ့လုပ်စရာရှိတာလုပ်ပါ ❤️
ဘေးရန်ကင်းရှင်းကြပါစေ ❤️

မြိုင်PDFခေါင်းဆောင် စစ်အာဏာရှင်တော်လှန်ရင်းကျဆုံးခဲ့ရသည်ဟုသိရပါသည် 😢Rest in power 🔥Source - Myaing People's Defence Tea...
02/08/2021

မြိုင်PDFခေါင်းဆောင် စစ်အာဏာရှင်တော်လှန်ရင်းကျဆုံးခဲ့ရသည်ဟုသိရပါသည် 😢
Rest in power 🔥
Source - Myaing People's Defence Team

သတင်းပေါက်ကြားလို့ရှောင်ကြပါဆိုတာကြီးက တဖက်လှည့်နဲ့ PDF တွေကိုထွက်လာအောင်လုပ်နေတာများဖြစ်လေမလားကျွန်တော်တို့ဒီအတိုင်းလို...
01/08/2021

သတင်းပေါက်ကြားလို့ရှောင်ကြပါဆိုတာကြီးက တဖက်လှည့်နဲ့ PDF တွေကိုထွက်လာအောင်လုပ်နေတာများဖြစ်လေမလား
ကျွန်တော်တို့ဒီအတိုင်းလိုင်းပေါ်မှာတင်ပြီးပြောနေလို့မဖြစ်တော့ဘူး နည်းလမ်းရှာကြရပါတော့မယ်
(ကျွန်တော်တစ်ဦးတစ်ယောက်ထဲ၏ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်ပါသည်)
PDF ညီအကိုများပြည်သူများ၏‌ မေတ္တာကြောင့်ဘေးရန်ကင်းပါစေ ❤️

ယခု Page ကို PDF များအတွက်အလှူခံဖို့အတွက်အသုံးပြုမှာဖြစ်ပါတယ်PDF အတွက်သီးသန့်အလှူခံသွားမှာဖြစ်ပြီးလှူတန်းထားသောငွေများတပ...
01/08/2021

ယခု Page ကို
PDF များအတွက်အလှူခံဖို့အတွက်အသုံးပြုမှာဖြစ်ပါတယ်
PDF အတွက်သီးသန့်အလှူခံသွားမှာဖြစ်ပြီး
လှူတန်းထားသောငွေများတပြားတစ်ချပ်မှအလေအလွင့်မဖြစ်စေရန်အာမခံပါသည်
ကိုယ်ထူကိုယ်ထ PDF များကိုအဓိကထားလှူတန်းသွားမှာဖြစ်ပါသည်။
အလှူရှင်များရဲ့အချက်အလက်များကိုလဲလုံခြုံအောင်ဆောင်ရွက်သွားပါမည်။

ရန်ကုန်မှာ​ ​အောက်ဆီဂျင်အိုး ရနိုင်မယ့်​ ​နေရာများ=================================(ရန်ကုန်မြို့တွင်း အခြား ရနိုင်တဲ့လိပ...
04/07/2021

ရန်ကုန်မှာ​ ​အောက်ဆီဂျင်အိုး ရနိုင်မယ့်​ ​နေရာများ
=================================
(ရန်ကုန်မြို့တွင်း အခြား ရနိုင်တဲ့လိပ်စာများရှိရင် comment မှာ ​ရေး​ပေးပါ​နော်၊ listမှာ ထပ်ဖြည့်​ပေးချင်လို့ပါ)

(လိုအပ်ရင် အလွယ်တကူရှာလို့ရ​အောင်ပါ၊
Panic buying ​တော့ မဖြစ်​စေချင်ပါ)

🌻 ဘုရားလမ်း လူမှုကူညီ​ရေးအသင်း
ပန်းပဲတန်းမြို့နယ်
09786012786

🌻 ​ပေးဆပ်ခြင်း ပရဟိတအသင်း
ပုဇွန်​တောင်မြို့နယ်
09421139525
09263876640
09263876644

​🌻 စေတနာ လူမှုကူညီ​ရေးအသင်း
အမှတ်(၃/၄)ရပ်ကွက်၊ ပုဇွန်​တောင်မြို့နယ်
09254839779
09253381448
092500800100
09440470636
09793622114
095184798

🌻 ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း
အ​နော်မာရပ်ကွက်၊ သာ​ကေတမြို့နယ်
09421004119
095077446
09420259094

🌻 နွယ်​အေး ဗလီ
​ဒေါပုံမြို့နယ်
09976544981
09250011562
095500787

🌻 ဖို့​မြေရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
01290782
095047868
0940044545
09443219152

🌻 သ​ပြေကုန်းရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၃၅ ဘီ) ၁၂၅လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
09424777120
09424777150
09424777160
09424777180

🌻 ချမ်း​မြေ့ဆည်းဆာ လူမှုကူညီ​ရေးအသင်း
မရမ်းကုန်းမြို့နယ်
09254191610
09761965504

🌻 ရတနာအောင်လူမှုကူညီကယ်ဆယ်ရေးအသင်း
(၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်း၊ ကမာရွတ်မြို့နယ်
09448006765
09403077227
09880996991

🌻 လှည်းတန်း လူမှုကူညီ​ရေးအသင်း
ကမာရွတ်မြို့နယ်
09403789779
09788526300

🌻 အ​မေ - ​အောက်ဆီဂျင် ကုသိုလ်ဖြစ်
အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက်၊ ကမာရွတ်မြို့နယ်
095122487

​🌻 ရောင်စဥ်မဲ့ လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
09259967778
09799639331

​🌻 အေးချမ်း​မေတ္တာ လူမှုကူညီ​ရေးအသင်း
အင်းစိန်မြို့နယ်
09751072309

🌻 မွန်မြတ်သန့်ရှင်း ပရဟိတအသင်း
၄၀ စျေးအနီး၊ ၃၅ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြောက်ဒဂုံမြို့နယ်

🌺 မာဃ​အောက်ဆီဂျင်
မာဃလမ်းမကြီး ၁၂လမ်းကွေ့ အနီး
09423490499

🌺 Naing Family - အ​ရောင်း/အငှား
အမှတ်(၂၈၈)၊ ကုန်သည်လမ်း၊ ဗိုလ်တ​ထောင်မြို့နယ်
09952218898

🌺 Naing Family - အ​ရောင်း/အငှား
အမှတ် ၁၉/၂၀၊ ပုဇွန်​တောင်စက်မှုဇုံလမ်း၊ ​တောင်ဥက္ကလာပမြို့နယ်
09443043094
09443196913

🌺 ​အောင်မြန်မာ - အ​ရောင်း
ဟံသာဝတီပျိုးဥယျာဥ်ဝန်း၊ ကျွန်း​တောလမ်းမ၊ ကမာရွတ်မြို့နယ်
0973009532
098612738
09266027185
0973011903

🌺 Unity Oxygen - အ​ရောင်း
အမှတ် ၂၈၆၊ စက်မှုလမ်းသွယ် (၆)လမ်း၊ ဇုံ (၁)၊ ​ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

ဒါက​တော့ ရန်ကုန်အတွက် Yangon Directory က စု​ပေးထားတဲ့ Link ပါ https://cutt.ly/umkP7YK

ဒါက မန္တ​လေးအတွက် link ပါ
https://facebook.com/107690241086965/posts/298322988690355/

အခြား နယ်မြို့များအတွက်လဲ စုစည်း​ပေးချင်လို့ ဒီ link ကို share ​ပေးပါ​နော်
https://facebook.com/107690241086965/posts/298567828665871/

ကနဦး စုစည်းထားတဲ့သူ​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

Dr. NI

လူထုက အင်အားကောင်းလာပြီး စစ်တပ်ဟာ အင်အားချိနဲ့လာပါပြီ လူထုနဲ့ စစ်တပ်ဟာ လက်နက်အင်အားအရ ကွာခြားပါတယ်။ ဒါပေမယ့် လူထုဆီက လက်...
31/05/2021

လူထုက အင်အားကောင်းလာပြီး စစ်တပ်ဟာ အင်အားချိနဲ့လာပါပြီ

လူထုနဲ့ စစ်တပ်ဟာ လက်နက်အင်အားအရ ကွာခြားပါတယ်။ ဒါပေမယ့် လူထုဆီက လက်နက်အင်အား၊ လူအင်အားနဲ့ စိတ်ဓာတ်အင်အားဟာ တစ်ရက်ပြီး တစ်ရက် တိုးလာပြီး စစ်တပ်ဖက်ကတော့ တဖြည်းဖြည်း လျော့လာပါတယ်။

-စစ်ကောင်စီကို လက်နက်ရောင်းတာ၊ ဆက်သွယ်ဆောင်ရွက်တာဟာ သူတို့ကိုသိက္ခာကျစေတယ် သူတို့ပြည်သူတွေက လက်မခံဘူးဆိုတာကို နိုင်ငံတကာက သိနေတယ်၊
- စစ်ကောင်စီဆီမှာ လက်နက်ဝယ်ဖို့ ငွေကြေးလမ်းကြောင်းတွေကိုလည်း လူထုနဲ့ နိုင်ငံအတော်များများကပိတ်ချလိုက်တယ်
- တပ်အတွင်းမှာ တပ်ပြေးတွေ များလာတယ်၊
- အရင်က လက်နက်နဲ့ အနိုင်ကျင့်လို့ရတဲ့ ကာလမို့ မာကျောပြခဲ့တဲ့ စစ်သားတွေဟာ သူတို့စစ်သားတွေ အတုံးအရုံးကျကုန်တာမြင်ရတဲ့အခါ မအေလိုးရဲ့ အကျိုးစီးပွားအတွက် သူတို့ အသက်တွေ စတေးရတယ်ဆိုတာ နားလည်လာတယ်။
- သူတို့ရင်ဆိုင်နေရတဲ့ ရန်သူတွေဟာ ဘယ်တော့မှ နောက်မဆုတ်မယ့် ဖိနှိပ်သူအောက် ခေါင်းငုံ့မခံဘူးဆိုတဲ့ ခံယူချက်နဲ့ ပြန်လည် တိုက်ခိုက်နေတဲ့ တစ်နိုင်ငံလုံးသော လူထုဆိုတာကို သူတို့ သတိပြုမိလာတယ်။
-အဲတော့ တစ်ခုခုဆို ရေကုန်ရေခမ်း အသက်သေသည်အထိ မတိုက်ခိုက်ပဲ ထွက်ပြေးဖို့သာ ကြိုးစားလာကြတယ်။
- စစ်တပ်ကို ထောက်ခံခဲ့သူတွေကိုယ်တိုင်က သူတို့ကို မယုံမကြည်ဖြစ်လာတယ်။
-ဒါဟာ စစ်တပ်နဲ့ စစ်သားတွေ စစ်ဓာတ်ပိုင်းဆိုင်ရာ ပြိုကျလာတာကို ဖော်ပြတာဖြစ်ပါတယ်။

ဒါဟာ တော်တော်လေး အားရစရာကောင်းပါတယ်။ မြို့ပြမှာ နေကြသူတွေလည်း လက်နက် လူသူ နည်းပညာ စစ်ရေးစစ်ရာတွေကို တစ်ယောက်ချင်းစီကနေ မူးစုမတ်စု နည်းနည်းစီစုရင်း တစ်နိုင်ငံလုံးဖြစ်သွားတဲ့အခါကျတော့ အတော်အင်အားကောင်းတဲ့ အစုအဖွဲ့ဖြစ်သွားပြီး စစ်ကောင်စီကို အတော် ခေါင်းကိုက်စေခဲ့ပါတယ်။ ဒါတောင် အများကြီးမလုပ်နိုင်သေးဘူး။ ဟိုနား ဗုံးပေါက်၊ ဒီနား ဝင်ပစ်ဆိုတာလောက်ပဲရှိသေးတယ်။

လူထု တော်လှန်ရေးဟာ လူထုကြားမှာရှိတာမို့ စစ်တပ်အတွက် ဘယ်သူက ပျောက်ကြားရဲဘော်၊ ဘယ်သူက သာမာန်လူဆိုတာမျိုး ခွဲခြားဖို့ ခက်သွားစေပါတယ်။ ဒါဟာ လူထုထောက်ခံမှုကို ရထားတဲ့ တော်လှန်ရေးရဲ့ အားသားချက်ပါ။

တလျှောက်လုံး ပြောခဲ့တဲ့ အကြံပြုစကားတွေကို ထပ်ပြောပါရစေ။

- ကိုယ်ယုံကြည်ရတဲ့ ရဲဘော် မိတ်ဆွေတွေနဲ့ ချိတ်ဆက် စုဖွဲ့ထားပါ။ တိုက်ပွဲအတွက် ပြင်ဆင်နေတဲ့လူ ၅ ယောက်ရရင် ၅ ယောက်၊ ၅၀ ရရင် ၅၀ အင်အားဟာ မနည်းပါဘူး။

- ကိုယ့်အဖွဲ့အတွက် စစ်သင်တန်း၊ လက်နက်၊ ငွေကြေး၊ အထောက်အပံ့၊ ရိက္ခာ၊ စစ်ဗျူဟာ၊ နည်းနာ၊ စိတ်ဓာတ်ခွန်အား အစရှိတာတွေ အမြဲ စုဆောင်းပြင်ဆင်ပါ။ ရသလောက်ချင်း မူးစု မတ်စု စုပါ။ ငါတို့တော့ ဖြစ်ရင် ထ ချမယ်ဆိုပြီး လက်ဖက်ရည်ဆိုင် ထိုင်အာလူးဖုတ်ရုံတော့ မလုပ်ပါနဲ့။ တကယ်ယုံယုံကြည်ကြည်လုပ်ပါ။

- ဆက်သွယ်ရေးတွေ ဖြတ်ချလိုက်ရင်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်ချလိုက်ရင်၊ ဘာဆက်လုပ်မလဲဆိုတာ ကြိုတင် စီစဥ်ထားပါ။ ရေဒီယိုတွေ၊ စကားပြောစက်တွေ ရနိုင်ရင် ဝယ်ထားပါ။

- ကလေး၊ ဟားခါး၊ မင်းတပ်၊ ကနီ၊ ကရင်နီပြည်၊ AA ၊ KIO KNU အစရှိတဲ့ ဒေသတွေရဲ့ တိုက်ပွဲဖော်ပုံ ဗျူဟာတွေဟာ တစ်ခုနဲ့ တစ်ခု မတူပါဘူး။ လေ့လာကြည့်ပါ။ ဆွေးနွေးကြည့်ကြပါ။ ကိုယ့်ဒေသမှာ ဘယ်လို ဖော်ရင် ကောင်းမယ်ဆိုတာ တစ်ခါတည်း ကြိုစဥ်းစားထားကြပါ။

- စိတ်ဓာတ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ပိုင်းဆိုင်ရာ ခိုင်မာအောင် လေ့ကျင့်ထားပါ။ ထစ်ခနဲရှိ ငိုလိုက် ရီလိုက် စိတ်ဓာတ်ကျလိုက် စိတ်တက်ကြွလိုက်နဲ့ ၁၀၀ ဖိုး ၃ ပုဒ် မိုတီဗေးရှင်းစပိကာတွေ အကြိုက် ဘဝနေနည်းနဲ့ မနေပါနဲ့။ ကိုယ့်ဖာသာ တော်လှန်ရေးကို အာရုံစိုက်ပြီး တစ်ချိန်လုံးပြင်ဆင်ပါ။ စိတ်ကို ခိုင်ခိုင်မာမာထားပါ။ ဘုံရန်သူကို အာရုံစိုက်ပါ။ (ဘုံရန်သူကို အာရုံစိုက်ဖို့ ပြောရတာ တမျိုးကြီးပဲ။ သူတို့ထောက်ခံတဲ့သူကို မဝေဖန်စေချင်တိုင်း ဘုံရန်သူကို အာရုံစိုက်ဆိုပြီး ဝင်ဝင်ဖာတဲ့ ငါလိုးမတွေကြောင့်)

- လက်သွေးထားပါ။ လူသတ်ရတာ တိုက်ပွဲဝင်ရတာ မလွယ်ပါဘူး။ အတန်အသင့်သတ္တိရှိသူတောင် တကယ် နှဖူးတွေ့ ဒူးတွေကျတော့ ဒူးတုန်ပါတယ်။ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် လုပ်နိုင်တာလေးတွေကို လေ့ကျင့်တဲ့သဘောနဲ့ လုပ်နေကြပါ။ ဗုံးထောင်တာ၊ ဒလန်ရှင်းတာ၊ ပစ္စည်းသယ်တာ၊ အစရှိသဖြင့် လုပ်ငန်းတွေမှာ ပါနိုင်သလောက် ဝင်ပါပါ။ အဖမ်းမခံရပါစေနဲ့၊ အသတ်မခံရပါစေနဲ့။ သတိထားပါ။

- အခြားအဖွဲ့တွေနဲ့ ချိတ်ဆက်ထားပါ။ သူတို့လှုပ်ရှားပုံတွေကို လေ့လာပါ။ ကျွန်တော်တို့ဟာ ပြောရဲဆိုရဲ အော်ရဲဟစ်ရဲရင် လိုချင်တာတချို့ ရတဲ့ ခေတ်မှာ ၁၀ နှစ်နေခဲ့ရပါတယ်။ မြေအောက်တော်လှန်ရေးဆိုတာကို မကြားဖူးတဲ့ မျိုးဆက်တွေများပါတယ်။ ရှေ့ ၁၀ နှစ်က အမူအကျင့်တွေဟာ မြေအောက်တော်လှန်ရေးမှာ အန္တရာယ်သိပ်များပါတယ်။ သိုသိုသိပ်သိပ်လုပ်ကြပါ။ အခြားလုပ်နေသူတွေဆီကနေ ချိတ်ဆက်လေ့လာပါ။ ကံကောင်းရင် သူတို့ဆီကနေ အထောက်အပံ့တွေပါ ရနိုင်ပါတယ်။

- ရန်သူမရှာပါနဲ့။ စိတ်ခံစားချက်လေးဖြစ်လာတိုင်း ဟိုပတ်ရမ်း၊ ဒီပတ်ရမ်း၊ ဟိုလူမျိုးကိုဆဲ၊ ဒီလူမျိုးကိုဆဲ၊ ဟိုဘာသာဝင်တွေကို ရမ်းကား၊ ဒီဘာသာဝင်တွေကို ရမ်းကား၊ ဒါမျိုးတွေ မလုပ်ပါနဲ့။ အကျိုးရှိမယ် မထင်ပါ။

- ပုဂ္ဂိုလ်ရေးကိစ္စတွေ လျှော့ချပါ။ ဟိုစပရိုက်ဂစ်လိုချင် ဒီမင်းသားမင်းသမီးလိုချင်၊ ရည်းစားနဲ့ ရန်ဖြစ်၊ လင်ပူမိ၊ မယားပူမိ၊ ဟိုစနိုက်ကြော်ဇာတ်လမ်းထဲ ဝင်ဖွ၊ ဒီမင်းသား relatiomship ကိစ္စ ဝင်ပြီး ဖင်နာ၊ အဲဒီ စောက်ရေးမပါတာတွေ လျှော့ပါ။ ပုဂ္ဂိုလ်ရေးပြဿနာတွေဟာ လူ့စိတ်ကို အင်မတန် ညှိုးနွမ်းစေပါတယ်။ ဒီကာလမှာ ပုဂ္ဂိုလ်ရေးပြဿနာမရှိပါ။ လူ့အဖွဲ့အစည်းရဲ့ ပြဿနာသာရှိပါတယ်။

- မင်းဘာလုပ်နေလဲ ငါဘာလုပ်နေလဲ အာမချောင်ပါနဲ့။ တော်လှန်ရေးဟာ သေနတ်ကိုင်စစ်သားတွေနဲ့ချည်း လုပ်ရတာ မဟုတ်ပါ။ ငွေရှာပေးမယ့်လူလိုပါတယ်၊ ကျည်ဝယ်ပေးမယ့်လူလိုပါတယ်၊ ရိက္ခာဝယ်ပေးရမယ့်သူလိုပါတယ်၊ ဆေးကုပေးမယ့်သူလိုပါတယ်၊ ဝါဒဖြန့်ပေးမယ့်သူလိုပါတယ်၊ ကိုယ့်ဘေးမှာ ဘာမှမလုပ်သူရှိနေရင် လုပ်လာအောင် စည်းရုံးပါ။ သူလုပ်လို့ရနိုင်မယ့် နေရာတစ်ခု ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ပံ့ပိုးပေးပါ။

- ပုဂ္ဂိုလ်ရေးမတည်ဆောက်ပါနဲ့။ ဖေ့ဘုတ်ဆယ်လီဖြစ်ချင်တာကစလို့ တော်လှန်ရေးခေါင်းဆောင်ဖြစ်ချင်တာအဆုံး ပြောရေးဆိုခွင့်ရှိသူပုံစံဖမ်းတာအလည် ကိုယ့်ကိုယ်ကို မတည်ဆောက်ပါနဲ့။ လူစောက်မြင်ကတ်ပါတယ်။ လူစောက်မြင်ကတ်ခံရရင် ကိုယ်လုပ်နေတာတွေ အောင်မြင်နိုင်ချေနည်းပါတယ်။

အရေးတော်ပုံက အောင်လိမ့်မယ် ထင်ပါတယ်။ စကားလုံးတွေနဲ့ အာသာဖြေတာ မဟုတ်ပါ။ တကယ် အောင်မြင်လိမ့်မယ်လို့ ထင်တာပါ။

"First aid & BLS အတွက် Training Video များကို တွံတေးချန်နယ်မှ ကူးယူတင်ပြပေးအပ်ပါသည်"တော်လှန်ရေးကာလအတွက် အသက်ကယ်နည်းများ ...
29/05/2021

"First aid & BLS အတွက် Training Video များကို တွံတေးချန်နယ်မှ ကူးယူတင်ပြပေးအပ်ပါသည်"

တော်လှန်ရေးကာလအတွက် အသက်ကယ်နည်းများ (အပိုင်း ၁ မှ ၁၈ အထိ) စုစည်းမှု
---
စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတဲ့ကာလမှာ ကျွန်တော်တို့အသက်တွေကို ကျွန်တော်တို့ကိုယ်တိုင် တန်ဖိုးထား ကြိုးစားရှင်သန်ကြရမှာဖြစ်ပါတယ်။
မိမိပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေနဲ့ လူတိုင်း အသက်ကယ်နိုင်ပါတယ်။ လူတိုင်း သိထားသင့်တဲ့ အခြေခံအသက်ကယ်နည်းတွေကို ဆရာဝန်တွေကိုယ်တိုင် သေသေချာချာ ရှင်းပြပေးထားတာဖြစ်လို့ အချင်းချင်း နည်းပေါင်းစုံနဲ့ ဆက်လက် မျှဝေထားသင့်တဲ့ ဗီဒီယိုဖိုင်တွေဖြစ်ပါတယ်။

(အစ အဆုံးကို ZIP file နဲ့ ဒေါင်းလုတ် လုပ်ပြီး သိမ်းထားချင်ရင် ကောမန့်မှာ link ရှိပါတယ်၊ မိမိပတ်ဝန်းကျင်က အင်တာနက်မရနိုင်တဲ့ အသိမိတ်ဆွေတွေဆီကိုလည်း ဒေါင်းလုတ်ဆွဲပြီး ဆက်လက်မျှဝေထားပေးဖို့ လေးနက်စွာ မေတ္တာရပ်ခံအပ်ပါတယ်)

တွံတေးချန်နယ်(https://www.facebook.com/TwantayChannel/)
-----

တော်လှန်ရေးကာလအတွက် အသက်ကယ်နည်းများ (အပိုင်း ၁ မှ ၁၈ အထိ) စုစည်းမှု

အပိုင်း (၁) ဒဏ်ရာပြင်းထန်မှုအဆင့်ခွဲခြားနည်း
https://www.facebook.com/1920834428001220/posts/3809617882456189/

အပိုင်း (၂) အသက်ရှူနှုန်းတိုင်းတာနည်း
https://www.facebook.com/1920834428001220/posts/3811305318954112/

အပိုင်း (၃) သွေးခုန်နှုန်းတိုင်းတာနည်း
https://www.facebook.com/1920834428001220/posts/3809637145787596/

အပိုင်း (၄) အရေးပေါ်ဆေးအိတ်ပြင်ဆင်နည်း
https://www.facebook.com/TwantayChannel/videos/1063384394151544/

အပိုင်း (၅) သွေးထိန်းပတ်တီးစည်းနည်း
https://www.facebook.com/TwantayChannel/videos/164589068784565/

အပိုင်း (၆) သုံးနားပိတ်ပတ်တီးစည်းနည်း
https://www.facebook.com/TwantayChannel/videos/286513436299629/

အပိုင်း (၇) အသက်ရှူလမ်းကြောင်းဖွင့်နည်း
https://www.facebook.com/TwantayChannel/videos/755982498440105/

အပိုင်း (၈) အရိုးကျိုးဒါဏ်ရာအရေးပေါ်ဖြေရှင်းနည်း
https://www.facebook.com/TwantayChannel/videos/788510748747777/

အပိုင်း (၉) ရှေးဦးအသက်ကယ် ပြုစုနည်း
https://www.facebook.com/TwantayChannel/videos/446580076644605/

အပိုင်း (၁၀) ခြေပြတ်၊ လက်ပြတ် လူနာစီမံနည်း
https://www.facebook.com/TwantayChannel/videos/282706310121088/

အပိုင်း (၁၁) ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများသယ်ယူနည်း
https://www.facebook.com/TwantayChannel/videos/293628069096898/

အပိုင်း (၁၂) သတိပြုသင့်သည်များ
https://www.facebook.com/TwantayChannel/videos/180222587269141/

အပိုင်း (၁၂/ခ) တော်လှန်ရေးကာလအတွင်းကြိုတင်ပြင်ဆင်ထားသင့်သည်များ
https://www.facebook.com/TwantayChannel/videos/508317300551607/

--
လူနာ စနစ်တကျ သယ်ယူနည်းများ
--

အပိုင်း(၁၃) ပုဆိုးဖြင့်လူနာသယ်ယူနည်း
https://www.facebook.com/TwantayChannel/videos/949063229247060/

အပိုင်း (၁၄) လူနာသယ်နည်း (၃ယောက်သယ်နည်း)
https://www.facebook.com/TwantayChannel/videos/837979507064595/

အပိုင်း (၁၅) လူနာသယ်ယူနည်း (၂ယောက်သယ်နည်း)
https://www.facebook.com/TwantayChannel/videos/757804768262314/

အပိုင်း (၁၆) လူနာသယ်ယူနည်း (ပုခုံးထမ်းတင်နည်း)
https://www.facebook.com/TwantayChannel/videos/1220746138342096/

အပိုင်း(၁၇) လူနာစနစ်တကျဆွဲထုတ်နည်း
https://www.facebook.com/TwantayChannel/videos/1216224755546087/

အပိုင်း(၁၈) လူနာသယ်ယူနည်း (ကျောပိုးသယ်ယူနည်း)
https://www.facebook.com/TwantayChannel/videos/1921432374680711/

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသူတွေအတွက် ဆန့်ကျင်ဖို့နည်းလမ်းတွေအများကြီးရှိတယ်- - - - - - - - - - - - - - - - - - - - -...
27/05/2021

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသူတွေအတွက် ဆန့်ကျင်ဖို့နည်းလမ်းတွေအများကြီးရှိတယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ .........
မလင်းသေးတဲ့ တိုင်းပြည်ဟာ အမှောင်ထပ်ဖုံးခဲ့တယ်။ အခုမှ ခြေလှမ်းလေးတစ်လှမ်း လှမ်းဖို့ ကြွလိုက်ရုံလေးပဲ ရှိသေးတာပါ။ အခုတော့ ရိုက်ချိုးခံခဲ့ရပြီ။ အဲ့ရိုက်ချိုးလိုက်တဲ့ဒုတ်က စစ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ပါပဲ။

ဒီလို စစ်တပ်အာဏာသိမ်းတဲ့လုပ်ရပ်ကို လက်မခံနိုင်လို့ နိုင်ငံရဲ့ မြို့တိုင်း ရွာတိုင်းကပြည်သူတွေ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လမ်းမထက်ထွက်ပြီး ကန့်ကွက်ခဲ့ကြတယ်။ လက်နက်ဆိုလို့အပ်တိုတစ်ချောင်းတောင်မဆောင်ဘဲ သန်းချီတဲ့ ပြည်သူတွေ ညီညီညွတ်ညွတ် နဲ့ စစ်တပ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြတယ်။ ဒါတစ်ကမ္ဘာလုံးအသိပါ။

ဆန္ဒထုတ်ဖော်မှုတွေဟာ အစကထင်ထားသလိုမျိုး ကောက်ရိုးမီးလို မဟုတ်ဘဲ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာတာကို တွေ့လိုက်ရတယ်။ ဒီတော့ အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သလို တကယ်လဲ လမ်းမထက် ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြတယ်။ သက်သေအထောက်အထားအခိုင်အမာရှိပေမဲ့ စ.က.စ ကတော့ ဗြောင်ငြင်းနေဆဲပါ။

အခုဆိုရင် ကျဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၈၀၀ ကျော်လာခဲ့ပါပြီ။ အဲ့လိုလူသေတဲ့အထိ ရက်ရက်စက်စက် ဖြိုခွဲခံရပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေဟာ မဖြိုခွင်းခင်ကလို မစည်ကားတော့ပဲ ကြဲသွားခဲ့တယ်။ ဘယ်လောက်ထိလဲဆိုရင် ည၈နာရီတိုင်းသံပုံးတီးပြီး စ.က.စ ကို နေ့စဉ် ကန့်ကွက်တာတောင် လူမညီတော့တဲ့ မြို့တွေ၊ ရပ်ကွက်တွေမှာ တိတ်ဆိတ်သွားခဲ့ပြီ။ အချို့မြို့တွေဆို လုံးဝ ငြိမ်ကျသွားကြသလို အလှူတွေ မင်္ဂလာဆောင်တွေတောင် ပုံမှန်ပြန်လုပ်လာကြတယ်။

ဟုတ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာနားလည်ပါတယ်။ စစ်ကောင်စီကို လက်မခံပေမဲ့ သူတို့ရဲ့ကမ်းကုန်အောင်ရက်စက်မှုကြောင့် အားမတန်မာန်လျှော့လိုက်ကြတယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီကို မကြိုက်ရင် မကြိုက်ဘူးဆိုတာ တစ်နည်းမဟုတ် တစ်နည်းနဲ့ပြသနေဖို့ လိုကိုလိုပါတယ်။ ဆန့်ကျင်ကြောင်း ပြသဖို့အတွက်နည်းလမ်းတွေကလည်းအများကြီးပါ။

ဒါကြောင့် လက်ရှိ စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသနေတဲ့ နည်းနာတွေကို သိထားသလောက် ရှာဖွေစုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

၁) စတစ်ကာကမ်ပိန်း (လမ်းတွေလမ်းတွေမှာ စ.က.စ လက်ပါးစေတွေ အလစ်မှာ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေမှာ စတေကာကပ်ပြီး ဆန့်ကျင်လို့ရပါတယ်)

၂) ဓာတ်ပုံကမ်ပိန်း (စ.က.စ ကိုဆန့်ကျင်ကြောင်းပိုစတာတစ်ခုကိုကိုင် အိမ်ထဲမှာပဲ ရိုက်ပြီး လိုင်းပေါ် ကိုတင်ပါ။ ဒါမှမဟုတ် သတင်းမီဒီယာတွေဆီပို့လို့လဲ ရပါတယ်။ စိုးရိမ်ရင် မျက်နှာကို ဝါးထားတာ၊ မက်စ်တပ်ထားတာလုပ်လို့ရပါတယ်။)

၃) ပျောက်ကျားသပိတ် (မိမိတို့စိတ်ချရတဲ့လမ်းပိုင်းအတိုလေးတွေမှာ ရသလောက်ဆန္ဒပြ။ လုံခြုံတဲ့အကွာအဝေးရောက်တာနဲ့ တန်းဖျောက်ပါ။ ပြီးရင် ပျောက်ကျားသပိတ် လုပ်ခဲ့ကြောင်း ပုံရိုက်ပြီး လိုင်းပေါ်တင်ပါ၊ မီဒီယာတွေဆီဖြန့်ပါ)

၄) စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပုံစံမျိုးစုံနဲ့ ဘဝရင်းပြီး လှုပ်ရှားနေသူအစုအဖွဲ့တွေကို လှူဒါန်းပါ။ ( ဘာပဲလုပ်လုပ် အဓိက လိုအပ်တာက ပိုက်ဆံပါ၊ ပြန်ချမယ်ဆိုပြီးသင်တန်းသွားတတ်တဲ့သူတွေဆိုရင် လမ်းစာရိတ်တောင်မရှိသလို ဟိုရောက်ချိန်မှာလဲ စားစရာရှားပြီး အမျိုးမျိုးခက်ခဲနေကြတာပါ။ Federal Army အတွက် လှူလိုက်တာတွေ က သူတို့ဆီမရောက်ပါဘူး။ သူတို့ဆီ တိုက်ရိုက်သာလှူကြပါ။ ပိုထိရောက်ပါတယ်။)

၅) ဒလန်စာရင်းပြုစုခြင်း (ဒလန်စာရင်းတွေ ပြုစုထားပြီး လိုင်းပေါ်မှာ ရတဲ့နည်းနဲ့ အကောင့်ပုန်းနဲ့ဖြစ်ဖြစ် ဖြန့်ပြီး တင်ပေးပါ။ ဒါ့အပြင်ဘယုံကြည်ရပြီး မိမိ လက်လှမ်းမီတဲ့ ကင်းထောက် အစုအဖွဲ့များထံ သတင်းပေးပို့လို့ရပါတယ်)

၆) စ.က.စ လုပ်ရပ်ကို မထောက်ခံတဲ့သူ၊ ကိုယ့်မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ (တစ်ယောက်တည်းစဉ်းစားတာထက် သုံးလေးယောက်စဉ်းစားတာက ပိုပြီး ထောင့်စေ့ပါတယ်။ သုံးလေးယောက်ထက်ပိုပြန်ရင် လဲ စကားများရပြန်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ကိုယ့်လူအချင်းချင်း ဘယ်လိုဒီနွေဦးတော်လှန်ရေးထဲမှာ ပါဝင်ကြမလဲတိုင်ပင်ကြပါ။ ဆွေးနွှေးကြပါ။)

၇) စစ်တပ်ပိုင်စီပွားရေးနှင့် ဆက်နွယ်နေသော အရာများကို မသုံးစွဲ၊ မဝယ်ယူဘဲ သပိတ်မှောက်ပါ။ ( ဒါက အဓိက ပါပဲ။ မဟုတ်ရင် ကိုယ်ဝယ်လိုက်တဲ့ပိုက်ဆံတွေဟာ ကျည်ဆံဖိုးတွေ၊ မြေမြှုပ်မိုင်းဖိုးတွေ ဖြစ်ကုန်ပါလိမ့်မယ်။)

သူများတွေ ဘာတွေလုပ်နေကြလဲ။ ငါ ဘာတွေလုပ်နိုင်မလဲ ဆိုတာကို စူစမ်းနိုင်ဖို့ အောက်ကလင့်တွေထဲ ဝင်ကြည့်၊ ဝင် Join ပြီး တက်လာတဲ့ သတင်းတွေထဲက အခြားသူတွေရဲ့လှုပ်ရှားမှုတွေ ကို နမူနာယူပြီး ကိုယ်လုပ်နိုင်လောက်မဲ့ အရာလေးတွေ လိုက်လုပ်ကြည့်နိုင်ပါတယ်။

FB page
1) စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု https://www.facebook.com/AJMMCommittee/

2) မိုလိုတော့ဗ် စာစဉ်
https://www.facebook.com/Molotov.to.Read/

3) Federal FM
https://www.facebook.com/federalfmradio/

4) Boycott Myanmar
https://www.facebook.com/Boycott.Burma/

5) MSI Revolutionary Diary
https://www.facebook.com/MSIrevolutiondiary2020/

Telegram Channel
1) Anti Junta Mass Movement
https://t.me/AJMM2021

2) Update Information Myanmar
https://t.me/UpdateInformationMyanmarUIM

3) EDM 017's Channel
https://t.me/edm017

4) 2021 Revolutionary Tweet
https://t.me/RevolutionTweets2021

မလုပ်နိုင်တာကြီးကို အတင်းလိုက်လုပ်ခိုင်းနေတာမဟုတ်ပါဘူးမိတ်ဆွေ။ မိမိသာ တကယ် စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး၊ သေချာတယ် လက်မခံဘူးဆိုရင် မကြိုက်တဲ့ အဲ့ဟာကြီးကို ပြုတ်ကျအောင် တစ်ခုခုတော့လုပ်နေဖို့လိုတယ်။ လုပ်နိုင်သလောက်ပဲလုပ်ပါ။ အဓိက အရေးကြီးတာ တစ်ခုခု လုပ်နေဖို့လိုတယ်။

ဒီလို လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိရက်နဲ့ မလုပ်ဘူး "ထားလိုက်ပါတော့ကွာ" ဆိုပြီး တွေးမိတယ် ဆိုရင်တော့ မိမိကိုယ်တိုင်ဟာ စစ်အုပ်စု ရဲ့ ခွေးသွားစိတ်လေးတွေအဖြစ်နေရတာနဲ့တင် ကျေနပ်နေကြပါပြီ။ ကိုယ့်ကိုယ်ကို ရှက်သင့်ပါတယ်။

အရေးတော်ပုံအောင်ဖို့ ပြည်သူတိုင်း ပါဝင်ဖို့ လိုတယ်။
ဘယ်သူ့မှ လာမကယ်ပါဘူး။
ကိုယ်တိုင်လုပ်မှ ဒီတိုက်ပွဲဟာ မြန်မြန်အဆုံးသတ်မှာ။

အရေးတော်ပုံ .............. အောင်ရမည်။

ယနေ့ ၂၇.၅.၂၀၂၁, ကယား(ကရင်နီပြည်) တွင် စစ်ဘေးရှောင် ပြည်သူများထံသို့ ရိက္ခာပို့ပေးတဲ့ လူငယ်နှစ်ဦး ကို စစ်ကောင်စီတပ်ဖွဲ့၀င...
27/05/2021

ယနေ့ ၂၇.၅.၂၀၂၁, ကယား(ကရင်နီပြည်) တွင် စစ်ဘေးရှောင် ပြည်သူများထံသို့ ရိက္ခာပို့ပေးတဲ့ လူငယ်နှစ်ဦး ကို စစ်ကောင်စီတပ်ဖွဲ့၀င်များ မှ ပစ်သတ်ခဲ့ကြောင်း စုံစမ်း သိရှိထားရပါတယ်။

ယခုကဲ့သို့သောအခြေအနေများကြောင့် ရိက္ခာပို့သော သူများအနေဖြင့်အစစအရာရာ သတိဆောင် ဖို့လိုအပ်လာပြီး ရိက္ခာပို့လမ်းကြောင်းများ ကို သိုသိုသိပ်သိပ်နဲ့ လုပ်ဆောင်ကြပြီး Social Media များတွင် လည်း ယခုအခြေ အနေများကြောင့်မတင်ကြဖို့မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။

ပုံများတင်မှ အလှူဒါနမြောက်တာ မဟုတ်တာကိုလည်း နားလည်ဖို့လိုပါတယ်ခင်ဗျာ။
Be Smart.Be Safe 🙏🙏🙏🙏

Amazon company ကြီးက သူတို့ဆီမှာ ကျောင်းတွေ ပိတ်ထားရလို့ ဒီနေ့မှစပြီး ကျောင်းတွေပြန်မဖွင့်မခြင်းတကမ္ဘာလုံးမှ အိမ်တွင်းအေ...
26/05/2021

Amazon company ကြီးက သူတို့ဆီမှာ ကျောင်းတွေ ပိတ်ထားရလို့ ဒီနေ့မှစပြီး ကျောင်းတွေပြန်မဖွင့်မခြင်း
တကမ္ဘာလုံးမှ အိမ်တွင်းအောင်းနေကြရတဲ့ ခလေးများ အခမဲ့ ဖတ်နိုင်အောင်လို့ audio book အသံထွက် ဖတ်ပြထားတဲ့ စာအုပ်ပေါင်းများစွာကို အောက်က link မှာ ဖတ်နိုင်အောင် ပညာဒါနပြုထားပါတယ်။
ဒါမျိုးတွေက သာမန်အချိန်မှာ ပိုက်ဆံပေးပြီး download လုပ်ရတာတွေပါ။
ခလေးရှိတဲ့ မိဘတွေ အတွက် အသိပေးတာပါ။

https://stories.audible.com/start-listen

ကျွန်တော်တို့သိသမျှ information များကိုမျှဝေပေးခြင်းဖြစ်သောကြောင့် အမှားပါသွားခဲ့လျှင်သက်သေနှင့်တကွဝေဖန်ထောက်ပြနိုင်ပါသည...
26/05/2021

ကျွန်တော်တို့သိသမျှ information များကိုမျှဝေပေးခြင်းဖြစ်သောကြောင့် အမှားပါသွားခဲ့လျှင်သက်သေနှင့်တကွဝေဖန်ထောက်ပြနိုင်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when IAWN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share