We Love Sinbo

  • Home
  • We Love Sinbo

We Love Sinbo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Sinbo, Media/News Company, .

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ======================================(၂၀၂၃ခုနှစ်၊ဇွန်လ၁၀ရက်နေ့မြန်မာစံတော်ချိန်(၀၁...
10/06/2023

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
======================================
(၂၀၂၃ခုနှစ်၊ဇွန်လ၁၀ရက်နေ့မြန်မာစံတော်ချိန်(၀၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================================
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန်(၀၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
===================
အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့်ယနေ့နံနက်မှ (၁၁.၆.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

(ဂ) အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့်ယနေ့နံနက်မှ (၁၁.၆.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

(ဃ) အကြံပြုချက်
============
အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ညီလာခံရဲ့ ရလဒ်တွေက နိုင်ငံရဲ့ အနာဂတ်ပညာရေးအတွက် အင်မတန်ကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်***********************************...
22/05/2023

ညီလာခံရဲ့ ရလဒ်တွေက နိုင်ငံရဲ့ အနာဂတ်ပညာရေးအတွက် အင်မတန်ကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်
******************************************
ဒေါက်တာစိုးဝင်း
မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၁၈ မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ညီလာခံတက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာစိုးဝင်း(အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန)
ပညာရေးညီလာခံကို မေ ၁၈ ရက် က စတင်ကျင်းခဲ့တာ ဖြစ်ပါတယ်။ Panel Discussion ပြုလုပ်ခဲ့ပါတယ်။ ညီလာခံ ဒုတိယနေ့မှာ Parallel Session ၇ ခု ပြုလုပ်ပါတယ်။ Session တစ်ခုကို စာတမ်း ၆ စောင်စီ ဖတ်ကြားပါတယ်။ Session ၇ ခုအနေနဲ့ စာတမ်း ၄၂ စောင် ပါဝင်ပါတယ်။ Session တိုင်းမှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ ရလဒ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ထွက်လာပါတယ်။
ဒီနေ့မှာ Session တစ်ခုစီကနေ ရလဒ်တွေ၊ အကြံပြုချက်၊ ရှေ့လုပ်ငန်းစဉ်တွေ အတည်ပြု ဆွေးနွေးကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးကောင်းမွန်ဖို့ ဘယ်အချက်ကို ဦးစားပေး ရမလဲဆိုတဲ့အချက်တွေကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
ညနေပိုင်းမှာ ရရှိလာတဲ့ရလဒ်တွေကို စုစည်းပြီး အနှစ်ချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အကြံဉာဏ်၊ နည်းလမ်းတွေ ဝိုင်းပြီးပေးကြတာရှိပါတယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ခွဲခြားပြီး ရေတို၊ ရေရှည်စဉ်းစားပြီး ဆက်လက်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ တစ်ချို့အပိုင်းတွေက ချက်ချင်းအကောင်အထည်ဖော်လို့ရသလို တချို့ ရေရှည်လုပ်ဆောင်မယ့် အပိုင်းတွေဆိုရင် ရေရှည်အစီအစဉ်တွေ ဆွဲပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ညီလာခံက အလွန်ကောင်းမွန်တဲ့ ညီလာခံတစ်ခုဖြစ်ပါတယ်။ ဒီညီလာခံက ပညာရေးနဲ့ ဆက်စပ်တဲ့ဝန်ကြီးဌာနတွေ အားလုံး ပူးပေါင်းပါဝင်တဲ့အတွက် အမြင်မတူတာတွေ ရှိပါတယ်။ အမြင်မတူတဲ့ ဝေဖန်ဆွေးနွေးချက်တွေ ပါတဲ့အတွက် ပိုပြီး ကောင်းမွန်ပါတယ်။ ဒါကြောင့် ညီလာခံရဲ့ရလဒ်တွေက နိုင်ငံရဲ့ အနာဂတ် ပညာရေးအတွက် အင်မတန်ကောင်းမွန်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
ဒေါက်တာခင်မျိုးမြင့်ကြူ (ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပညာရေး
စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
ပညာရေးညီလာခံကို သုံးရက်ကျင်းပသွားတယ်။ အတော်အားရပါတယ်။ လူသား အရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်တာက ပညာရေးဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးက အဓိကဖြစ်ပါတယ်။ ပညာရေးက မွေးထုတ်ပေးလိုက်တဲ့ လူသားအရင်းအမြစ်တွေက နောင်တစ်နေ့မှာ နိုင်ငံကို အထောက်အပံ့ပြုမယ့်လူတွေ ဖြစ်ပါတယ်။ ပညာရေးကို ပုံဖော်ပေးလိုက်တာက နိုင်ငံကို ပုံဖော်ပေးလိုက်တာနဲ့ အတူတူပါပဲ။
ဒီလို ညီလာခံ၊ နှီးနှောဖလှယ်ပွဲတွေ ကျင်းပတာက မှန်ကန်တဲ့စနစ်တွေ ကျင့်သုံးဖို့ အဖြေရှာတာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြပြီး ဒါကို ဘယ်လိုကျော်လွှားမလဲ အဖြေ ရှာကြပါတယ်။ ပထမနေ့က ဆွေးနွေးသွားတဲ့ ခေါင်းစဉ်တွေဆိုရင် နိုင်ငံမှာ တကယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြပါတယ်။ ဒုတိယနေ့က ပထမနေ့က ဆွေးနွေးတာ တွေကို အခြေခံပြီး အခန်းခွဲအလိုက် အသေးစိတ် ထပ်မံဆွေးနွေးကြပါတယ်။
ထူးခြားချက်က ဒီညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အောက်ခြေအဆင့်ထိ ပါပါတယ်။ အပေါ်မှာ လုပ်နေရတဲ့ မူဝါဒချမှတ်သူတွေက အောက်ခြေမှာ ဘာဖြစ်နေတယ်ဆိုတာကို တစ်ခါတစ်ရံမှာ မသိကြပါဘူး။ ဒီမှာ အောက်ခြေဝန်ထမ်းက တင်ပြကြတော့ လူကြီးတွေကိုလည်း အသိပေးရာရောက်ပါတယ်။ တကယ်အကောင်အထည်ဖော်နေတဲ့သူက ဘယ်လိုဖြေရှင်းကြရင် ကောင်းမလဲဆိုပြီး လက်တွေ့ပိုဆန်လာပါတယ်။ လက်တွေ့ဆန်လာရင် ပိုပြီး အကောင်အထည်ဖော်လို့ ရပါတယ်။ ဒီညီလာခံမှာ အခြေခံပညာနဲ့ ပတ်သက်ပြီး ကျောင်းနေမြဲရေး၊ ကျောင်းတက်နှုန်း မြင့်မားရေးတွေကို ဆွေးနွေးလိုက်တယ်ဆိုရင် ကလေးတွေ ကျောင်းနေပျော်လာ အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ခေါင်းစဉ်တစ်ခု ရလာပါတယ်။ ကျောင်းနေပျော်ပြီး စာတတ်မှသာ နိုင်ငံကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ဒီကလေးတွေထဲက နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ပညာရေးအဆင့်မြင့်ဖို့အတွက် အခရာအကျဆုံးက ဆရာတွေ ဖြစ်ပါတယ်။ ဆရာကဏ္ဍကို အရေးကြီးတဲ့ ကဏ္ဍကြီးတစ်ခုအနေနဲ့ ဆွေးနွေးသွားကြတယ်ဆိုတော့ ပညာရေးတိုးတက် ဖွံ့ဖြိုးဖို့ တကယ်စွမ်းဆောင်ပေးနိုင်တဲ့ ညီလာခံကြီးလို့ ဆိုချင်ပါတယ်။
ဒေါက်တာချိုချိုမြတ်အောင် (ပညာရေးမှူး - မွန်ပြည်နယ်)
ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံထောင့်စုံက အားလုံးဝိုင်းဝန်း ဆွေးနွေး အဖြေရှာကြတာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့် ပျိုးထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာတမ်းငယ် နံပါတ် ၂ ဖြစ်တဲ့ “ဆရာ၊ ဆရာမများ ပြုန်းတီးမှုလျော့ပါးစေရေးနှင့် လုပ်ငန်းခွင်ပျော်မွေ့စေရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတစ်ခု တင်သွင်းခဲ့ပါတယ်။
ဒီလို ပြုန်းတီးလျော့ပါးမှုတွေက ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းအရင်းကိုသိတော့မှ တစ်ဖက်ကလည်း လျော့ပါးသွားတဲ့ ဝန်ထမ်းကို ပြန်လည်ဖြည့်ဆည်းဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ လျော့ပါးမှုနည်းအောင် ပြင်ဆင်ရမယ့်ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေအားလုံးက လုပ်ငန်းခွင်မှာပျော်ရွှင်မှု ရှိနေဖို့နဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း အပေါ်မှာ ကျေနပ်အားရမှုရှိဖို့က အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်တယ်ဆိုရင် လုပ်ငန်းခွင်မှာ တည်မြဲမှာဖြစ်ပါတယ်။ အလုပ်ကိုလည်း ပိုမိုအာရုံစိုက်ပြီး သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားရင်းနဲ့ တစ်ပြိုင်တည်း ပတ်ဝန်းကျင်ကိုလည်း တိုးတက်အောင်ကြိုးစားလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်ကြားသင်ယူမှုကိုလည်း အောင်မြင်အောင် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ လျော့ပါးပြုန်းတီးမှုကို ကာကွယ်ဖို့ဆိုရင် အဆင့်ဆင့်သော တာဝန်ရှိသူတွေက ဆရာ ဆရာမတွေ အားလုံးရဲ့ ခံစားချက်တွေကို တစ်ပြေးညီထည့်သွင်းစဉ်းစားပြီး ဖြည့် ဆည်းပေးနိုင်သမျှကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ရှိနေတဲ့ သတင်း အချက်အလက်တွေ၊ နိုင်ငံတော်က ပံ့ပိုးပေးနေတဲ့ကိစ္စရပ်တွေ၊ တချို့လက်လှမ်း မမီလိုက်လို့ မသိလိုက်လို့ဖြစ်သွားတဲ့ ကိစ္စရပ်တွေမဖြစ်ပေါ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပညာရေးဆိုင်ရာ သတင်းအချက် အလက်တွေ၊ ကျန်တဲ့စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် တွေ အားလုံးကို ဆရာ ဆရာမတွေ သိရှိအောင် မျှဝေပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းရေးရာကိစ္စတွေ စီမံခန့်ခွဲတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ မူဝါဒအတိုင်း ထင်သာမြင်သာ ရှိအောင် ဝန်ထမ်းတိုင်း ကျေနပ်လက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမအသစ်တွေ နေရာချထားတဲ့အပိုင်းမှာလည်း ရပ်ရွာပြည်သူလူထုရဲ့ ကူညီစောင့်ရှောက် ဖေးမမှုနဲ့ တန်ဖိုးထားကြိုဆို မှုရရှိဖို့အတွက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒေါက်တာသက်သက်သင်း (ကျောင်းအုပ်ကြီး၊ အ.ထ.က(၁၁) နေပြည်တော်)
အခြေခံပညာကဏ္ဍမှာ ရွေ့လျားသိပ္ပံနဲ့ပတ်သက်တဲ့ သင်ကြားသင်ယူမှု အထောက်အကူပြု သိပ္ပံဘာသာရပ်အတွက် စက်ပစ္စည်းတွေကို လာရောက် ခင်းကျင်းပြသတာဖြစ်ပါတယ်။ Draw A Star စက်တွေမှာဆိုရင် ကြယ်ပုံဆွဲပါတယ်။ ကြယ်ပုံဆွဲတယ်ဆိုရင် ကြယ်ပုံကို Mirror Effect နဲ့ ဆွဲတာဖြစ်ပါတယ်။ ကြေးမုံကနေ သက်ရောက်တဲ့ပုံက ပုံရိပ်ယောင်ဖြစ်နေတာပါ။ ပုံရိပ်စစ်ဆိုပေမယ့် အတည့်မပေါ်ဘဲ ပြောင်းပြန်ပေါ်နေတာ ဖြစ်ပါတယ်။ အမြင်အာရုံကနေ မြင်တာနဲ့ ဦးနှောက်နဲ့လက်က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ဒီကြယ်ပုံလေးတွေက ထပ်တူကျဖို့ ခက်ခဲတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ပြခန်းကို လာရောက်လေ့လာ တဲ့ ကျောင်းသား ကျောင်းသူတွေက ဒီကြယ်ပုံလေးကို ခက်ခက်ခဲခဲနဲ့ ထပ်တူကျအောင် ဆွဲကြည့်ပြီး ပျော်ရွှင်နေကြ တာကို တွေ့ရပါတယ်။
Flying Bird In the Cage စက်မှာဆိုရင် လှောင်အိမ်ထဲမှာ ငှက်တွေပျံသန်းတာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ လှောင်အိမ်ထဲမှာ ငှက်တွေ ပျံသန်းထားတာမရှိပါဘူး။ ရွေ့လျားမှုဖြစ်လိုက်တဲ့ အခါမှာ ငြိမ်နေတဲ့ပုံရိပ်တွေက လှောင်အိမ်ထဲမှာဝင်ပြီး ပျံသန်းနေတဲ့ ပုံသဏ္ဌာန်ဖြစ် နေပါတယ်။ အဖြူနဲ့ အမည်းငှက်ပုံသဏ္ဌာန်လေးတွေ တည်ဆောက်မှုပုံစံလေးတွေကနေ အမြင်အာရုံကို လှည့်စားသွားတဲ့ သဏ္ဌာန်ကို ပြသထားတာဖြစ်ပါတယ်။ Varying Landscape မှာဆိုရင် ရှုခင်းပုံစံ ပန်းချီတွေကို ဖလင်တစ်ခုနဲ့ခံပြီး ကြည့်လိုက်တဲ့အခါမှာ အလင်းအမှောင် အရောင်အမျိုးမျိုး ကွဲပြားသွားပါတယ်။ ဒီပုံစံကို ဗီဒီယိုစက်နဲ့ ရုပ်ရှင်ရိုက်တဲ့စက်တွေမှာလည်း အသုံးပြုပါတယ်။
Resonant Ring မှာဆိုရင် အသံထုတ်နိုင်တဲ့ ကွင်းတွေ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ လူရဲ့အသံ ထုတ်လာပြီးဆိုရင် လျှာရဲ့တည်ဆောက်ပုံ၊ တုန်ခါမှုကြောင့် အသံတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို ဒီကွင်းတွေကနေ ကြိမ်နှုန်းအနည်း အများကနေ စမ်းသပ်လို့ရတယ်ဆိုတာကို ပြသထားပါတယ်။ Aerial Imaging က ဝေဟင်ပုံရိပ်ဖမ်းစက်ဖြစ်ပါတယ်။ LED မီးလုံးလေးတွေကနေတစ်ဆင့် လှည့်လိုက်တဲ့အခါမှာ အရှိန်နဲ့ ဒီမီးလုံးလေးတွေနဲ့ စာတမ်းလေးတွေ ဖော်လို့ရပါတယ်။ ရုပ်ပုံလေးတွေလည်း ဖော်လို့ရပါတယ်။
ဒီပြသမှုတွေကနေတစ်ဆင့် သင်ခန်းစာအထောက်အကူ ပြုနိုင်တယ်ဆိုပြီးတော့ ရွေ့လျားသိပ္ပံအနေနဲ့ ဒီပြခန်းမှာ ပြသထားတာ ဖြစ်ပါတယ်။
ဦးမျိုးဦး(ဌာနမှူး၊ (စီမံ/ဘဏ္ဍာ) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်))
ဒီပြခန်းမှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ တက္ကသိုလ်နှစ်ခုက ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ဆိုတဲ့ ဌာနကြီးငါးခုရဲ့ လုပ်ဆောင်ချက်တွေကို ပါဝင်ပြသတာ ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ရန်ကုန်က ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်နဲ့ မန္တလေးတက္ကသိုလ်ကတော့ ပန်းချီ၊ ပန်းပုဆိုပြီး ပြသထားပါတယ်။
ဒါ့အပြင် ပန်းချီလက်ရာကို ချစ်မြတ်နိုးတတ်စေဖို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ကလေးတွေကို Hand Painting ရေးဆွဲ ပေးတာဖြစ်ပါတယ်။ ဒီဇိုင်းအမျိုးမျိုးမှာ ကလေးတွေကြိုက်နှစ်သက်ရာကို ရေးချယ်ပေးပါတယ်။ ကလေးတွေလည်း အတော့်ကို စိတ်ဝင်စားကြပါတယ်။
မဟာဝိဇ္ဇာဘွဲ့ယူကျမ်း၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ပြဋ္ဌာန်းချက်များ၊ တက္ကသိုလ်က ပြုစုထုတ်ဝေ သောစာအုပ်များ၊ သစ်သားပန်းပုထု ကိရိယာများ၊ Drawing Pencils၊ Brushes၊ Pallet တို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာနဲ့ ရုပ်ရှင် နှင့် ပြဇာတ်တို့ရဲ့ ဆောင်ရွက်ထားမှုတွေလည်း ပါဝင်ပါတယ်။
ဗဟုသုတရရှိစေဖို့ ရည်ရွယ်ချက်အနေနဲ့ ရသစာတမ်းများ စာအုပ်၊ သုတေသနစာတမ်းစာအုပ်၊ နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများစာအုပ်နဲ့ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းများကို ရောင်းချပေးပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့ မန္တလေးရဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ရုပ်သေးရုပ်ကပြမှုနဲ့ တေးသီချင်းဖျော်ဖြေ မှုတွေကိုလည်း အားဖြည့်ထားပါတယ်။
ကျောင်းတွေကို စတင်တည်ထောင်ကတည်းက အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်တွေကို နောင်မျိုးဆက်သစ်လူငယ်တွေက ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အနုပညာဝါသနာပါတဲ့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူတွေကို ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွေက ဖိတ်ခေါ်ပါတယ်လို့ ပြောကြားလိုပါတယ်။
ဒေါ်ခင်လေးလွင် (ဒုတိယညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန)
ဒီပြခန်းပြသရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာ သင်ရိုးညွှန်းတမ်းနဲ့ စက်မှုအထက်တန်း ကျောင်းတွေမှာသင်ကြားမယ့် ဘာသာရပ်တွေကို မိတ်ဆက်တာ ဖြစ်ပါတယ်။ အဓိကကတော့ KG+9 အောင်မြင်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ သက်မွေးပညာရပ်အနေနဲ့ အထောက်အကူဖြစ်စေဖို့ မိတ်ဆက်တာ ဖြစ်ပါတယ်။ KG+9 အောင်မြင်ပြီးတဲ့အခါ Grade 10 စိုက်ပျိုး ရေး၊ မွေးမြူရေး အတတ်ပညာသင်ရိုး ညွှန်းတမ်းတွေကို ပြသထားပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာ ပါဝင်တဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုလည်း ပြသထားပါတယ်။
ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ၊ ဒီနှစ်မှာ ဖွင့်လှစ်မယ့် ခရိုင် ၅၀ မှာ ရှိတဲ့ ကျောင်းပေါင်း ၅၁ ကျောင်းရဲ့ တည်နေရာမြေပုံတွေကို ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေ၊ အများပြည်သူတွေ သိရှိစေဖို့ ပြသထားခြင်းဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးတဲ့အခါ အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ တိုးတက်မှုရှိစေဖို့နဲ့ ဆက်လက်ပညာသင်ယူနိုင်တဲ့ အခွင့်အရေးတွေကို သိရှိစေချင်တဲ့အတွက် ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကို အခြေခံတဲ့လုပ်ငန်းကို လုပ်ကိုင်ချင်စိတ် ဖြစ်ပေါ်အောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ပညာရေးညီလာခံ ကျင်းပပေးတာ အလွန်ကောင်းမွန်ပါတယ်။ ဒီလိုညီလာခံ ကျင်းပပေးခြင်းက အခြေခံပညာအဆင့်၊ သက်မွေးပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်တွေမှာရှိတဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးခွင့်ရမယ့် အခွင့်အလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်နေတဲ့မူဝါဒတွေကိုလည်း ချမှတ်နိုင်တဲ့အပြင် ဆက်လက်ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
မဖြူဖြူစိုး(ကျောင်းသူ)
သူငယ်ချင်းတွေနဲ့အတူ ပညာရေးညီလာခံမှာခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လာရောက်လေ့လာတာ ဖြစ်ပါတယ်။ ပြခန်းတွေ အားလုံးကိုလည်း လေ့လာခဲ့ပြီးပါပြီ။ ပြခန်းတွေအားလုံးထဲမှာ သိပ္ပံနဲ့နည်းပညာပြခန်းကို စိတ်ဝင်စားပါတယ်။ သမီးရဲ့ ရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့အတွက် ကျန်းမာရေးပြခန်းကို ပိုပြီးလေ့လာဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပြခန်းက သမီးရဲ့ ရည်မှန်းချက်အတွက် အထောက်အကူပြုစေမယ့် ပြခန်းတစ်ခုလို့ မြင်မိပါတယ်။ ပြခန်းတွေလည်း အများကြီးပြသထားတဲ့အတွက် သမီးတို့ မသိသေးတဲ့ပညာရပ် တွေကို တွေ့မြင်လေ့လာရလို့ ဗဟုသုတတွေလည်း ရရှိပါတယ်။ ပညာရေးအတွက် အထောက်အကူ ပြုစေမယ်လို့ ယုံကြည်ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းသန့်
ဓာတ်ပုံ- ထိန်နန်နော်

https://t.me/iprdrnd/76305

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

ဒါ့အပြင် ပန်းချီလက်ရာကို ချစ်မြတ်နိုးတတ်စေဖို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့ မန္တလ...

15/05/2023

မုန်တိုင်းငယ် သတိပေးချက်အမှတ်စဉ် (၃၄/၂၀၂၃)
၂၀၂၃ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီ ထုတ်ပြန်ချက်
============================
(က) မုန်တိုင်းငယ်(Depression)အခြေအနေ
---------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှ အရှေ့-အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ နောက်(၃)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။
(၂) မုန်တိုင်းငယ်သည် မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
------------------------
(၁) မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင် ပါသည်။
(၃) မုန်တိုင်းမြန်မာနိုင်ငံမှ ဖြတ်ကျော်သွားပြီးဖြစ်သော်လည်း မုန်တိုင်းမှအကြွင်း အကျန်တိမ်တိုက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့် ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြု အပ်ပါသည်။

Source: မိုး/ဇလ

15/05/2023
15/05/2023

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၃/၂၀၂၃)
========================================
(၂၀၂၃ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အခြေအနေ
---------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်း ပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

(၂) မုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီး ရောက်ရှိ နေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့ကို အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်
------------------------------
(၁) ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်ခန့် တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ် နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသ များအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင် ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မုန်တိုင်းနဲ့အတူ ရေတွေဝင်ရောက်လာတာဖြစ်တဲ့အတွက် တိရိစ္ဆာန်တွေလဲ ​မျောပါလာတတ်ကြပါတယ်ဒီလိုအချိန်မှာ မြွေတွေလည်းပါလာတတ်လို့ ...
14/05/2023

မုန်တိုင်းနဲ့အတူ ရေတွေဝင်ရောက်လာတာဖြစ်တဲ့အတွက် တိရိစ္ဆာန်တွေလဲ ​မျောပါလာတတ်ကြပါတယ်

ဒီလိုအချိန်မှာ မြွေတွေလည်းပါလာတတ်လို့ မြွေကိုက်ခံရပါက ပုံပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ကြပါ

အနီးစပ်ဆုံး ကယ်ဆယ်ရေး အဖွဲ့ကို
ရှာပါ မြွေဆိပ်ဖြေဆေး ပါပါတယ်

14/05/2023

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၁/၂၀၂၃)
===========================================

(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===============================================

(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အခြေအနေ
------------------------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တွေ မြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။
(၂) မုန်တိုင်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ ဆက်လက်ရွေ့လျားလျက် ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
------------------------------------------
အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီး(မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ နောက် (၂၄)နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်
--------------------------------
(၁) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် ယနေ့ ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။
(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာ တစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင် ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

14/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၀/၂၀၂၃)
===========================================
(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
============================================

(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
--------------------------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာ နိုင်ငံ၊ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်လျက်ရှိပါသည်။
(၂) မုန်တိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီး မှ ဖြတ်ကျော်လျက်ရှိပါသဖြင့်အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ညပိုင်းတွင် ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့ကို အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့်လည်းကောင်း၊ (၁၅.၅.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်ကို ကုန်းတွင်း မုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါ သည်။

(ဂ) သတိပေးနှိုးဆော်ချက်
---------------------------------
(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့ညနေမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄)ပေမှ ပေ(၁၈)ခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
(၃) ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင် (၁၀၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ ပေ(၁၈)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန် ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေ အန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန် ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

14/05/2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၂၉/၂၀၂၃)
==========================================
(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
==============================================

(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
--------------------------------------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၀)မိုင် ခန့်၊ မောင်တောမြို့(Maungdaw)၏ တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်၊ မာန်အောင်မြို့(Manaung)၏ အနောက်မြောက်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်ဘက် ရေမိုင် (၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်း၏ ဗဟိုချက်သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
-----------------------------------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာ စံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.၀)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၉၂.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၂၀)မှ (၁၃၀)မိုင်နှုန်းခန့် ဖြစ်ပါ သည်။

(ဂ) နောက်(၃၂)နာရီအတွင်း ခန့်မှန်းချက်
---------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့် စတင်ဖြတ် ကျော်လျက်ရှိပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ကို အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်ကို အားကောင်း သောကုန်းတွင်းမုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်
--------------------------------
(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၆)ပေမှ ပေ(၂၀)ခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
(၃) ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင် (၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန် ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေ အန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန် ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when We Love Sinbo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share