Kwee HtikE Gaming

  • Home
  • Kwee HtikE Gaming

Kwee HtikE Gaming တနေ့တာ ပင်ပန်းသမျှက်ို ခဏတာနဲ့ အပန်?

05/12/2023

မဆုံနိုင်တော့ဘူး သူငယ်ချင်းတို့ရေ😞😞😞

22/09/2023

မတွေ့တာကြာပြီဖြစ်တဲ့
ငယ်သူငယ်ချင်းနဲ့တွေ့လို့

စကားပြောကြရအောင်ကွာ ဆိုပြီး
လက်ဖက်ရည်ဆိုင်ကို သွားထိုင်တယ်၊

သွားတုန်းကတော့ စကားပြောကြမယ်ပေါ့..
လက်ဖက်ရည်ဆိုင် ရောက်တော့
လက်ဖက်ရည်နဲ့ ဆေးလိပ်မှာပြီး သူလဲ သူ့ဖုန်းထုတ်
ကိုယ်လဲ ကိုယ့်ဖုန်းထုတ် အပြိုင်ပွတ်နေကြတော့တာ'...

အတော်ကြာလာလို့ 'ဘက်ထရီအားနဲလာတော့
အားသွင်းဖို့နေရာလိုက်ကြည့်တယ်'

ပလပ်ပေါက်ကိုတွေ့တော့လဲ
'အားသွင်းကြိုးက ပါမလာဘူး'

ဒါနဲ့'.....
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ဖုန်းအားသွင်းဖို့ နေရာလေးရယ်
အားသွင်းကြိုးလေး နှစ်ချောင်း'သုံးချောင်း လောက်ရယ်
လုပ်ပေးထားပါလား ပေါ့'

ကိုယ့်ဆိုင်လာတဲ့သူတွေ အဆင်ပြေတာပေါ့
စေတနာ ဆိုတာ အကျိုးပေးပါတယ် ဘာညာနဲ့'
အာချောင်ထားခဲ့တယ်'...

ဒီလိုနဲ့ တပတ်လောက်နေလို့ အာ့ဆိုင်ကိုရောက်တော့'...
ဖုန်းအားသွင်းဖို့နေရာလေး လုပ်ပေးထားပြီး'
အားသွင်းနေတဲ့ ဖုန်းတွေကိုရောတွေ့တော့
တော်တော် ကျေနပ်သွားတယ်'

"ဗျို့ ကိုသန်း ဘယ့်နှယ့်လည်း
အားသွင်းကုသိုလ်ယူတာ အဆင်ပြေတယ်မလား"

"စေတနာတော့ ရှိပါတယ်ကွာ'ဒါပေမဲ့တချို့သေဂျင်းဆိုးတွေက
'အားသွင်းပြီး အားသွင်းကြိုးပါ ဖြုတ်ဖြုတ်ယူသွားလို့
ပြန်ပြန် ၀ယ်နေရတယ်လေ"

"အင်ဟုတ်လား
'ဒီလောက်နဲ့တော့ လက်မလျှော့နဲ့..ဆက်သာလုပ်
စေတနာမှန်ရင် ပြန်အကျိုးပေးပါလိမ့်မယ်"

နောက်တလ လောက်နေလို့'
ဒီဆိုင်လေးကို ပြန်ရောက်ဖြစ်တော့
လက်ဖက်ရည်ဆိုင်လေးက အရင်လို
ခြောက်ကပ်ကပ် မဟုတ်တော့
'ရေခဲသတ္တာတွေ တီဗီတွေနဲ့ သားသားနားနား ဖြစ်နေပြီ'

ဆိုင်ရှင်က ဂျပန်ကြီးကိုမြင်တော့
အပြေးတပိုင်းနဲ့ထလာပြီး

"မောင်ဂျပန်ရေ..မင်းပြောတာ မှန်လိုက်တာကွာ
စေတနာမှန်လို့ အကျိုးပေးတယ်ဆိုတာ ဒါမျိုးပေါ့ "

''ဆိုင်က အရင်ကထက် ပိုရောင်းကောင်းလာတယ်
ဆိုပါတော့"

"ဟုတ်ပါဘူး..ဖုန်းအားသွင်းပြီး မေ့မေ့ထားခဲ့ကြလို့'
ငါရောင်းစားနေတာ ငါးလုံးရှိပြီ ၊
အခုလဲ ဟာဝေးဖုန်းတလုံး ရှိတယ် ၀ယ်မလား"

"Cင့်'..."

ထိုအချိန်မှာပဲ ချာတိတ်တစ်ယောက်
ပြူးပြူးပြာပြာနဲ့၀င်လာတယ်

"အကိုရေ့ကျွန်တော့်ဖုန်းလေး အားသွင်းရင်း
မေ့ထားခဲ့တာ'မတွေ့မိဘူးလား"

ဆိုင်ရှင်က ကောင်တာမှာ ရေးထားတဲ့စာကို
မေးငေါ့ပြလိုက်တယ်'...

"အားသွင်းဖုန်းများ ကျန်ရစ် ပျောက်ဆုံးပါက'
( လုံး၀ )
တာ၀န်မယူ'......

ပုံ'/ " မိဘမေတ္တာ" လက်ဖက်ရည်ဆိုင်''

:-)

:p

crd ဂျပန်ကြီး

22/09/2023
22/09/2023

ဗိုလ်နဂါး၏ Live လွှင့်ပြောဆိုချက်များ စည်းဘောင်လွတ်ပြီး အတ္တကြီး တစ်ကိုယ် ကောင်းဆန်ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၄ ခုက စုပေါင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဗိုလ်နဂါးက MRDA နာယကများကိုပင် အသုံးမ ကျ သလို ပြောဆိုနေပြီး ပြည်သူများ လှူဒါန်းသော ငွေကြေးအားလုံးသည် လည်း ၎င်း၏ အရှိန်အဝါ၊ နာမည်ကြောင့် ရရှိသလို ပြောဆိုလေ့ရှိကာ အသက် ပေး တိုက်ပွဲဝင်နေကြသည့် ရဲဘော်များကို အသုံးချနေကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ တို့က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ဗိုလ်နဂါးက Live လွှင့်ကာ ပြောဆိုနေသော BNRA ဖွဲ့စည်းသည့်အခါ ခရိုင် တပ်ရင်း ၂ ရင်း ပြန်လည် လိုက်ပါလာပြီး တစ်ရင်း နားသည်ဟု ဆိုမှာ ပြည်သူ ကို လိမ်ညာပြောနေခြင်းဖြစ်ကြောင်း၊ ဗိုလ်နဂါး သည် မိမိရဲဘော်များအပေါ် လက် နက်အတွက် အကြမ်းဖက်ရန်ဝန်မလေးခြင်း၊ နာယကများ၊ ရဲဘော်များ ကို အသိမှတ်ပြုခြင်းမရှိသည့်အပြင် အသုံးမကျသလိုပြောဆိုခြင်း၊ တစ်ကိုယ် ကောင်းဆန် ၊ အတ္တကြီးမား လာမှုများကြောင့် ယင်းမာပင်ခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ ရဲဘော်များထဲမှ ဗိုလ်နဂါး၏ ဦးဆောင်မှု နောက် ဆက်လက်လိုက်ပါသော ရဲဘော်မှာ ၁၀ ရာခိုင်နှုန်း ပင် မပြည့်ကြောင်း၊ ဗိုလ်နဂါး နှင့် အတူရှိနေသည့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးအဖွဲ့၊ လုံခြုံရေး ရဲဘော် များ အပါအဝင် MRDA ပင်မ တပ်ရင်း (ခရိုင် တပ်ရင်း ၃) မှ ၁၅ ဦးခန့်သာ လိုက်ပါသွားကြောင်း သိရသည်။

ပြည်သူများထည့်ဝင်သော ငွေကြေးအားလုံးသည် ဗိုလ်နဂါး၏ အရှိန်အဝါ ၊ ဗိုလ်နဂါး နာမည်ကြောင့် လှူ ခြင်းဖြစ်၍ ရဲဘော်များ၏ ပေးဆပ်တိုက်ပွဲ ဝင်ရခြင်းနှင့် မသက်ဆိုင်သလို ပြောလေ့ရှိသည့် ဗိုလ်နဂါး၏ ပြောဆိုခံယူချက် လုပ်ရပ်များသည် ဒီမိုကရေစီတော်လှန်ရေးအတွက် ရည်ရွယ်ပြီး တိုက်ပွဲ ဝင်နေသော ရဲဘော်များအား အသိအမှတ်မပြုသည်ကို ပြည်သူများ သိစေလို ကြောင်း၊ အသက်ပေး တိုက်ပွဲဝင် သွားရ သည့် ကျဆုံး ရဲဘော် ၄၀ ကျော်ကို BNRA ကြေညာ ဖွဲ့စည်းသည့်အချိန်အထိ NUG ၊ MOD ထံ စာရင်းပေး သွင်း ခဲ့ခြင်းမရှိသည်က ဗိုလ်နဂါးနာမည်ကြီးရေးအတွက် ပေးဆပ်နေရသလို ဖြစ်နေခဲ့ရ ကြောင်း တပ်ရင်း ၄ ခု၏ ထုတ်ပြန်ချက်က ဆိုသည်။

PPDF ၊ MRDA အဖွဲ့သို့ ပြည်သူများထည့်ဝင်သော အလှူငွေမည်မျှ ရရှိသည် ကို ယခုအချိန်ထိ MRDA ၏ နာယကများ ၊ တပ်ရင်းမှူးများ (လုံးဝ) မသိရှိရဘဲ တပ်ရင်းထောက်ပံ့စရိတ်ငွေ ကျပ်သိန်း ၃,၁၈၀ (ကျပ် သိန်းသုံးထောင် တစ်ရာ့ရှစ်ဆယ်)မှ သိန်း၂,၆၈၀(ကျပ်သိန်းနှစ်ထောင့်ခြောက်ရာ့ရှစ်ဆယ်) သည် MRDA ဘဏ္ဍာရေးအဖွဲ့သို့ ရောက်ရှိပြီး သိန်း ၅၀၀ (ကျပ်သိန်းငါးရာ) သည် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ထံ စစ်ဒေသရုံးက ပို့ပေးခဲ့ကြောင်း၊ MRDA ဘဏ္ဍာရေးအဖွဲ့မှ ခရိုင်တပ်ရင်း ၆ သို့ ထောက်ပံ့ပေးငွေမှာ ကျပ် သိန်းနှစ်ဆယ် မပြည့်ကြောင်း၊ ဗိုလ်နဂါးက ထောက်ပံ့ပေးနေရသည် ဆို သည်မှာ မဟုတ်ဘဲ MOD ၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျန်တပ်ရင်း ၃ ရင်းသည်လည်း တစ်လလျှင် ၃ ရင်းပေါင်း ကျပ်သိန်း ၅၀ ပြည့် အောင် မသုံးစွဲရဘဲ ဒေသ နေ ပြည်သူများ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုဖြင့် ရပ်တည်ခဲ့ရကြောင်း၊ ပြည်သူများလှူဒါန်းသောငွေ၊ MOD မှ တပ်ရင်းစရိတ် ထောက်ပံ့ ငွေများဖြင့် ဝယ်ယူရရှိထားသော လက်နက်ခဲယမ်းများ၊ စစ်သုံး ပစ္စည်း များ၊ စစ်ကြောင်းသုံးယာဉ်များ၊ ပွိုင့်ဖိနပ် စသည်တို့ကို ဗိုလ်နဂါးက သူ့ဦးဆောင်မှုဖြင့် ရသည်ဟု အ ကြောင်းပြချက်ဖြင့် သိမ်းယူ သောကြောင့် လက်တွေ့တိုက်ပွဲဝင်နေသော ရဲဘော်များက အပ်နှံခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

‌လက်နက်ပစ္စည်း ဝယ်ယူရေးများကို ဗိုလ်နဂါးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သယ်ယူရောက်ရှိ စာရင်းများ ကို ဗိုလ်နဂါးထံတွင် ရှိကြောင်း၊ ရောက်ရှိစာရင်း၊ ထိန်းသိမ်းမှု၊ ဖြန့်ဝေတပ်ဆင်မှုတွေကို ရုံးအဖွဲ့မှလည်း စာရင်းအချက်အလက် ပြုစုထားသဖြင့် “တပ်ရင်းမှူး တစ်ဦးက ဒုစစ်ဦးစီးချုပ်နေရာမရလို့ သစ္စာ ဖောက် တယ် လက်နက်ပစ္စည်းတွေ ကဲ့ထားတယ်” ဗိုလ်နဂါးက Live လွှင့် ပြောဆိုချက်သည် မှား ယွင်းသော စွပ်စွဲချက်သာဖြစ်ကြောင်း ခရိုင်တပ်ရင်း ၄ ရင်းက ထုတ်ပြန် ငြင်းဆိုထားသည်။

MRDA ခေါင်းဆောင်တစ်ဦးအနေဖြင့် အလုပ်များပြားသည် မှန်ကန်သော် လည်း မြေပြင်စခန်းများကို ၇ ရက်ပင်ပြည့်အောင်မနေဘူးသဖြင့် ပစ္စည်းသိမ်း ဆည်းသိုလှောင်ထားမှုကို စော်ကား စွပ်စွဲခဲ့ကြောင်း၊ ရဲဘော်များ၏ သစ္စာရှိမှု၊ ယုံကြည်မှုများကို စော်ကားခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မြို့နယ် ၄ ခုမှ ပကဖများနှင့် ပူးပေါင်း၍ ဖမ်းရန့်ကြံစည်သည်ဟု ဆိုသော ပြောဆိုချက်မှာလည်း လုံးဝ မမှန်ကန်ဘဲ မိမိတို့ တပ်ရင်းမှူများအနေဖြင့် မြို့နယ် ပအဖ၊ ပကဖ အစည်းအဝေး ဖိတ်ကြားပါ က လည်း ဗိုလ်နဂါးကို အသိပေးပြီးမှ တက်ရောက်ခဲ့ကြောင်း၊ ဗိုလ်နဂါးနှင့် မြို့နယ် ပအဖ၊ ပကဖ ပွတ်တိုက် မှုများ ရှိလာသည့်အခါ မိမိတို့ ခေါင်းဆောင်၏ ကွပ်ကဲ ညွှန်ကြား မှုအတိုင်းသာ ရပ်တည်၍ မြို့နယ် ပအဖ၊ ပကဖနှင့် ဆက်ဆံရေး အေးစက်ခဲ့ကြောင်း၊ အခြားသော မြို့နယ် ပကဖ၊ ပအဖများမှာ မည်သူများ ဖြစ် သည်ကို ယနေ့အချိန်ထိ မသိရှိကြောင်း၊ MOD ကိုလည်း ဆက်သွယ်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ ဩဂုတ်လ ၁၈ ရက်နေ့ ဗိုလ်နဂါး လက်နက်သိမ်းပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှ MOD အတွင်းဝန်ရုံးကို ပထမဆုံး အကြိမ် ချိတ်ဆက်ခဲ့ကြောင်း၊ ပြင်ပ ဆက် သွယ်ရေးကဏ္ဍအားလုံးကို ဗိုလ်နဂါးသာ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

MRDA အဖွဲ့အစည်းတွင် တိကျခိုင်မာသော မူဝါဒ အားနည်းခြင်း၊ မူဘောင် မရှိ ခြင်း များ အပြင် ရဲဘော် များ၏ စည်းကမ်းပျက်ကွက်ခြင်း၊ လူမှုရေး အပြစ် ကျူးလွန်ခြင်း၊ ကိုယ်ကျင့်တရားဖောက် ပြန်ခြင်းများ ဖြစ်ပေါ်လာပါက အဆင့် ဆင့် ကွပ်ကဲမှုအောက်တွင် ထိန်းချုပ် အရေးယူနိုင်သလို ခေါင်းဆောင်လူကြီး ၏ ကျူးလွန်ဖောက်ပြန်မှုကို မည်သူကမျှ အရေးယူနိုင်ခြင်းမရှိပဲ ဥပဒေ အထက် ခေါင်းဆောင် တစ်ဦးရှိနေသည့် အဖွဲ့အစည်းပုံစံ ဖြစ်နေကြောင်း သိရသည်။

ယင်းမာပင် ခရိုင်တပ်ရင်း ၄ ရင်းကို MOD က ထုတ်ပယ်သည့်အချိန်က MOD ကွပ်ကဲမှုအောက်ရှိ ခရိုင်တပ်ရင်း တပ်ရင်းမှူးများဖြစ်သဖြင့် MOD ထံ ချိတ် ဆက် မေးမြန်းခွင့်ရှိသည်ဟု ယူဆ၍ အစည်းအဝေး၌ တင်ပြခဲ့ ရာ အသစ် ဖွဲ့စည်းသည့် BNRA သို့ လုံးဝ ဝင်ရောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ဗိုလ်နဂါး က ၎င်း ၏ ဦးဆောင်မှုကို အလုံးစုံ မလိုက်ဘဲ MOD နှင့် ချိတ်ဆက်လိုပါက လက်နက်များ ၂ ရက် အတွင်း အပ်နှံ ရမည်ဟု ၎င်းတစ်ဦးတည်း သဘောဆန္ဒ ဖြင့် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်များ မအပ်လျှင် မြို့နယ်ခြား မဟာမိတ်နှင့် ၎င်း၏လက် အောက် ခံ များကို ခေါ်ယူ၍ တိုက်ယူမည်ဖြစ်ကြောင်း၊ မြို့နယ် စစ်တလင်း ဖြစ်အောင် လုပ်ပစ်မည် ခြိမ်းခြောက်သဖြင့်MRDA ၏ နာယကများက တပ်ရင်းမှူးများ၊ ရဲဘော်များကို လက်နက်များ အပ်လိုက်ကြရန် အချင်းချင်း ပစ်ခတ်မှုများဖြစ်ပြီး တော်လှန်ရေး သမိုင်းဆိုးတရပ် ဖြစ်မည် စိုးရိမ်သဖြင့် ၎င်း၏ အကြမ်းဖက်မှုများကို ရှောင်တိမ်းကြရန် စခန်းသို့ လာရောက် ပြောဆိုခဲ့ ကြောင်း၊ ထိုသို့ MRDA ၏ နာယကများ လာရောက်ပြောဆိုနေချိန်တွင် ဗိုလ်နဂါး သည် မြို့နယ်ခြား ရဲဘော်များကိုခေါ်၍ နောက်ကလိုက်လာခဲ့ပြီး မြို့နယ်ခြားအဖွဲ့တို့သည် လည်း အချင်းချင်း ပစ်ခတ်ရမည်ကို မသိရှိသဖြင့် လိုက်ပါလာရခြင်း ဖြစ်သည်ဟု ဆိုသည်။

MRDA ၏ နာယကများ ပြောဆိုသည့် အတိုင်း လိုက်နာ၍ ဗိုလ်နဂါးထံသို့ လက်နက်များ အပ်နှံပေးခဲ့ ပြီး ဗိုလ်နဂါးမှ စခန်း၊ ဂိုဒေါင် အသီးသီးတွင် ထားရှိ သော ခဲယမ်း၊ ဆန်၊ ဆီ၊ ရဲဘော်စီး ပွိုင့်ဖိနပ်များ၊ အဝတ် အစားများ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာကအစ အားလုံး သိမ်းယူသည့်အပြင် ရဲဘော်များ စီး နေသော ဖိနပ်များ၊ ဝတ်ထားသော အဝတ်အစားများ ချွတ်၍ ပေးအပ်ခဲ့ရကြောင်း သိရသည်။

လက်နက်ငယ်များမှာ တပ်ရင်းစည်းကမ်း အတိုင်း တိုက်ပွဲဝင်ရဲဘော်များထံ တပ်ဆင် ပေးထား ခြင်းဖြစ် ပြီး စက်လက်ငယ် ၆ လက်သည် တိုက်ပွဲဝင် ရဲဘော်များထံမှလည်းကောင်း၊ စက်လက်အကြီး(.5) သည် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦး၏ ဂိုဒေါင်မှလည်းကောင်း အပ်နှံပေးခဲ့ကြောင်း ယင်းမာပင် ခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ဗိုလ်နဂါး၏ Live လွှင့် ပြောဆိုချက်များထဲမှ လက်နက်အားလုံးယူ၍ MOD လက်အောက်သို့ ဝင်ရောက် မည်ဖြစ်သော သတင်းကြောင့် လက်နက် များ သိမ်းရ သည်ဆိုသည်မှာ မိမိရဲဘော်များ အပေါ် ဗိုလ်နဂါးက အကြမ်းဖက် လိုသော လုပ်ရပ် အမှန်ကို ဖုံးဖိလိုခြင်းကြောင့် ပြောကြားခြင်းသာ ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ တို့က တုန့်ပြန်ဖြေရှင်းထားသည်။

ယခုထုတ်ပြန်ရှင်းလင်းချက်သည် MRDA ၏ နာယကများထံ ခွင့်ပြုချက်ယူ ပြီးမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ဗိုလ်နဂါးမှ ဖွဲ့စည်းပေးထားသည့် ခရိုင်တပ်ရင်း ၃ တပ်ရင်းမှူးကလည်း ခရိုင်တပ်ရင်းအနေဖြင့် နေခဲ့ရ မည် ဆိုပါက မူဘောင် တိတိကျကျချပေးရန်၊ လက်ရှိတပ်ရင်းမှူးရာထူကိုလည်း တာဝန်ပေးခြင်းခံရ သည်ဟု ခံယူကာ မလိုအပ်ပါက လက်ရှိမြို့နယ်တွင် မနေတော့ဘဲ ထွက်ခွာ ပေးသွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ရာထူးနေရာသည် အရေးမကြီးဘဲ လုပ်နိုင်သမျှလုပ်ရန်သာလိုအပ်သည်ဟု MRDA နာယကတစ်ဦး၏ ရှေ့၌ ကတိပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

03/08/2023

Me Girlfrient is Fist time 🤧🤧🤧

03/08/2023

fri: : မင်းမိန်းမ မင်းကို ဘီယာ ဝယ်တိုက်လား

Me: :👇👇👇👇👇

01/08/2023

ဘာပေါတာလဲ????

15/12/2021

နည်းနည်းလေး စားမယ် ပျိုတို့ရေ
သေသေချာချာ ကြည့်
အခါခါ ပြန်ကြည့်
အကြိမ်ကြိမ် ပြန်မှတ်
ပါ...မပါ...မန့်မှာပြန်ပြောပေး😁😁

26/11/2021

မမြင်ဖူး မတွေ့ဖူး မကြုံဖူးတာကို
မြင်တွေ့လိုက်ရသောအခါ😂🤣

faတသိုက် သနားပါတယ် 😁😁

26/11/2021

ငိုးမ ကျော်ကြီးသား😡😡😡

Address


Telephone

+66991391379

Website

Alerts

Be the first to know and let us send you an email when Kwee HtikE Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kwee HtikE Gaming:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share