Voice of Arakan(VOA)

  • Home
  • Voice of Arakan(VOA)

Voice of Arakan(VOA) VOA News Voice of Arakan(VOA)
(1)

တိုက်ပွဲသတင်းထုတ်ပြန်ချက်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစော...
07/02/2024

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်

ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်းသိရှိရသည်။

တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ဆက်တည်း၌ပင် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား (၂၀၀) အထက်သည် ဘင်္ဂလာဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ နယ်ခြားမြစ်ဖြစ်သည့် “နတ်မြစ်”ကို ကျော်ဖြတ်ပြီး မောင်တော ဖက်ခြမ်းမှ ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြသည်။

ရန်သူ့စခန်းများကျဆုံးပြီးနောက် ဖရိုဖရဲဖြစ်နေသည့်တစ်ပြိုင်နက်တည်းတွင် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်တိုက်လိုက်လံရှင်းလင်းခဲ့သည်။ စခန်းရှင်းလင်းရေးလုပ်နေစဉ်အတွင်း ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ မိမိတို့အား အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြသည်။ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။

တောင်ပြို (လက်ယာ) စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ပြီး ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း စသည့် အချက်အလက်များအား မိမိတို့ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရှိရသည်။

ထို့အပြင် မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများထံမှ ဆက်လက်သိရှိရသည်မှာ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း သိရှိရသည်။ မိမိတို့ သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် မိမိတို့သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက် များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ (၂၈) ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားသည်ကိုလည်း တွေ့ရှိရသည်။ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးသည်။ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ ထို့အပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရသည်။ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေသည်။

မူးယစ်မှောင်ခို နှင့် ဓါးပြခေါင်းဆောင် နော်ဘီဟူးဆောင်းကို ဘင်္ဂလားအစိုးရ အပူတပြင်းရှာဖွေလျှက်ရှိ၇ ၊ ၂ ၊ ၂၀၂၄(၅ ၊ ၂ ၊ ၂၀၂...
07/02/2024

မူးယစ်မှောင်ခို နှင့် ဓါးပြခေါင်းဆောင် နော်ဘီဟူးဆောင်းကို ဘင်္ဂလားအစိုးရ အပူတပြင်းရှာဖွေလျှက်ရှိ

၇ ၊ ၂ ၊ ၂၀၂၄

(၅ ၊ ၂ ၊ ၂၀၂၄)ရက်နေ့ နံနက်ပိုင်းအချိန် မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အေအေထိုးစစ်ဆင်တိုက်ပွဲကြောင့် စခန်းစွန့်ခွာကြစဥ် မူးယစ်မှောင်ခို နှင့် ဓါးပြခေါင်းဆောင်ကြီးဟု လူသိများထင်ရှားသည့် ARA-Arakan Roliar Army တပ်မှူး နော်ဘီဟူးဆောင်းအဖွဲ့သည် လစ်ဟာနေမှုကို အခွင့်ကောင်းယူကာ လက်နက်မျိုးစုံ ၁၀၀ ကျော်၊ ကာလတန်ဖိုး USD $ ၁ သန်းခန့်ကို မော်တော်ကားဖြင့် အလျှင်အမြန်ရယူသွားကြကြောင်း ၄င်းတို့ဖော်ပြသည့် ရုပ်သံအချို့တွင် တွေ့မြင်ရသည်။ လက်နက်ယူဆောင်ချိန် မြန်မြန်ယူကြ၊ မကြာမီအတွင်း အေအေ ရောက်ရှိလာတော့မည်ဟု သတိပေးပြောဆိုသံများကိုလည်း ကြားသိရသည်။

မူလက မှန်လုံအဖြူနှင့် လီဖန်းအပြာ စသည့် မော်တော်ကား ၂ စီးဖြင့် ခပ်သုပ်သုပ်သွားရောက်ရန် စီစဥ်ပုံရသော်လည်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မှန်လုံကားတစ်စီးသာ ရောက်ရှိလာသည်ကို တွေ့ရှိကြောင်းနှင့် တင်ဆောင်လာသည့်လက်နက်မျိုးစုံကို ယူဆောင်သွားကြကာ ကားကိုစွန့်ပစ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် တွေ့မြင်ရသည်။ ဖြစ်စဥ်အရ အဆိုပါ မှန်လုံကားသည် ဘင်္ဂလီများ ပြန်လည်လက်ခံရေးလုပ်ငန်းသုံး မော်တော်ယာဥ်အမျိုးအစားဖြစ်ပုံရကြောင်း ခန့်မှန်းသုံးသပ်မှုများလည်း ရှိကြသည်။

လက်နက်တင်ဆောင်ကာ ကားဖြင့်ခိုးဝင်ရောက်ရှိခဲ့သည့် ARA အကြမ်းဖက်အုပ်စုကြောင့် ဒေသတွင်းခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဘင်္ဂလားရဲတပ်ဖွဲ့က အပူတပြင်းလိုက်လံစုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းအချို့တွင် တွေ့မြင်ရသည်။

လက်နက်များရယူသွားသည့်နေ့က နော်ဘီဟူးဆောင်းသည် သတင်းသမားဝတ်စုံ (PRESS)စာတမ်းပါ အင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့မြင်ရသည်။

မူးယစ်ရာဇာ နော်ဘီဟူးဆောင်းအုပ်စုသည် မြန်မာပိုင် ကျီးကျွန်းတွင် မကြာခဏစခန်းချကာ စစ်ရေးစုစည်းမှုနှင့် မူးယစ်သယ်ဆောင်ရေးလမ်းကြောင်းများကို လုပ်ဆောင်လျှက်ရှိကြောင်း၊ ယင်းအဖွဲ့သည် လိပ်ရ/ကျောက်ချောင်း- ရေတွင်းပြင်- ဒိုးတန်း - ကြက်ရိုးပြင် - ငန်းချောင်း လမ်းကြောင်းအတိုင်း မူးယစ်ဆေးဝါးမှောင်ခိုလုပ်ဆောင်နေကြကြောင်း၊ ငန်းချောင်းကျေးရွာတွင် အာဏာပိုင်များနှင့်နီးစပ်သူအချို့သည် မူးယစ်ဆေးဝါးဒိုင်အဖြစ် လျှို့ဝှက်လုပ်ဆောင်လျှက်ရှိနေကြကြောင်း သတင်းရင်းမြစ်များကဆိုသည်။ လွန်ခဲ့သော ၂၀၂၃ ကာလအတွင်းက စံပယ်ကုန်းကျေးရွာသား ၂ ဦး ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသည်မှာ မူးယစ်ဆေးဝါးကိစ္စနှင့်ဆက်နွယ်နေပြီး၊ အခုထိ သတင်းအစအနမရသေး၍ သတ်ဖြတ်ခံလိုက်ရပြီဟု ယုံကြည်ရကြောင်းလည်း ဆိုသည်။ မူးယစ်ဆေးဝါးဆက်နွယ်သော ဘင်္ဂလီအချို့ ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်လျှက် ရှိကြကြောင်းလည်း သိရသည်။

source ; local news

21/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစ၍ စစ်ကောင်စီတပ် ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုထားသော ပေါက်တော မြို့သူမြို့သားများအား ယနေ့ ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ရန်သူ့လက်ထဲမှ ရက္ခိုင့်တပ်တော် ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ...
14/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် စုစုပေါင်း (၁၀) ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ မျက်မြင် (၁၀) ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့သည်။

ထို့အတူ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ရန်သူ့ဖက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးအား မိမိတို့ဖက်မှနိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိသည်။

ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးမှာ မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက် အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကလည်း အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင်(၂၂) ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်များ နှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့သည်။ ထို့အပြင် အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ (၆)ဦး တို့သည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်။

မိမိတို့ ထံဆက်သွယ်လာပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက်လက် ကြိုဆိုလက်ခံသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းတို့ သည် စခန်းပေါင်း (၄၀) နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြသည်ကိုတွေ့ရှိရသည်။ မိမိတို့ အနေဖြင့် လက်နက်ချအညံ့မခံသော သူများကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်သည်။

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြိုနယ်များတွင် ULA/AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးနေခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရှိနေရသည်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်

12/11/2023

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ကွမ်းလုံတံတားကို ကျော်ဖြတ်ပြီး ‌အောင်ပွဲခံနေကြသည့် ရုပ်သံမှတ်တမ်း။

#ကွမ်းလုံမြို့သိမ်းတိုက်ပွဲ

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့၊ ညနေ (၃:၀၀) အချိန...
11/11/2023

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့၊ ညနေ (၃:၀၀) အချိန်တွင် ထုတ်ပြန်သည်။

စစ်ဆင်ရေး (၁၆) ရက်မြောက်နေ့တွင် 1027 Operation (၁၀၂၇ စစ်ဆင်ရေး) ကို အားပေးထောက်ခံကြသော ပြည်သူလူထုများ ဘက်မှလည်း နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တစ်လေးလုံး (၁၁၁၁) လူထုလှုပ်ရှားမှုဖြင့် ဖော်ပြကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဤလှုပ်ရှားမှုသည် မိမိတို့စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး သွေးလန့်နေသောစစ်ကောင်စီ၏ သက်ဆိုးရှည်နေခြင်းကို အဆုံးသတ်ရန် ဆောင်ရွက်နေကြသည့် လူထုလှုပ်ရှားမှုများထဲမှ
ထိရောက်သောလှုပ်ရှားမှုတစ်ခုအဖြစ် မိမိတို့ မှတ်ယူပါသည်။

ပြည်သူ့စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုအဖြစ် ဤ (၁၁၁၁) လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသောပြည်သူလူထူများကို မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ များစွာကျေးဇူးတင်ရှိပါသည်။ ဆက်လက်၍လည်း မိမိတို့၏စစ်ဆင်ရေးနှင့် ဤနိုင်ငံမှ ပြည်သူလူထုတရပ်လုံး၏တော်လှန်ရေး အောင်မြင်သည်အထိ အားကြိုးမာန်တက် မရပ်မနား ဆက်လက်ဆောင်ရွက်ကြပါရန် အထူးအလေးအနက်တိုက်တွန်းပါသည်။

ထို့အတူ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှဲလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏စခန်းများကို ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် နေ့၊ နံနက် (၆:၃၀) အချိန်ခန့်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ လောလောဆယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း (၇) ခုအား သိမ်းပိုက်ရရှိထားပြီး ရန်သူ၏ အခြားသောစခန်းများအားလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။

လက်ရှိတွင် ကိုးကန့်နှင့် တအာင်းဒေသများအတွင်း စစ်ကောင်စီနှင့်မိမိတို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မိမိတို့ ညီနောင် (၃) ဖွဲ့မှ သိမ်းပိုက်ထားသော စစ်ကောင်စီ၏စခန်းကုန်းများအား ရန်သူသည် ပြန်လည်ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသော်လည်း မြေပြင်တွင် ထိရောက်မှုမရှိသောကြောင့် လေကြောင်းတိုက်ခိုက်မှုဖြင့်သာ အဓိကထား တိုက်ခိုက်လျက်ရှိသည်။

အထူးသဖြင့် ကွမ်းလုံ၊ လောက်ကိုင်နှင့် နောင်ချိုဒေသဘက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် တစ်ရက်အတွင်း အနည်းဆုံးအကြိမ် (၂၀) ထက်မကရှိခဲ့ပြီး တစ်ချို့ရက်များတွင် တစ်နေရာတည်း၌ အကြိမ် (၄၀) ကျော်အထိ ရှိခဲ့သည်။

အခြားသောတိုက်ပွဲသတင်းများနှင့် နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA


https://twitter.com/operation1027
https://vk.com/mndaa_tnla_aa

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၅) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ ည (၁၀:၁၅) အချိန်...
10/11/2023

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၅) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ ည (၁၀:၁၅) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးထဲမှ သတ်မှတ်ထားသော စစ်ဆင်ရေးရည်မှန်းချက်ပစ်မှတ်များကို ဆက်လက် ဆင်နွှဲနေပြီး စစ်ရေးရည်မှန်းချက်များ အထမြောက်အောင် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စစ်ဆင်ရေး (၁၅) ရက်မြောက်နေ့အတွင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ရန်သူ့တပ်စခန်းများအား ယခင်ရက်များ နည်းတူ ထပ်မံချေမှုန်းသိမ်းပိုက်ခဲ့ပြီး ရန်သူ့လက်အောက်ခံရုပ်သေးတပ်ဖွဲ့ဝင်များအားလည်း စစ်ဆင်ရေး၏ပစ်မှတ်အဖြစ် ချေမှုန်းနိုင်ခဲ့သည်။

(၁) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၅:၃၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ရန်သူစစ်ကောင်စီ၏ “တာတုန်းတပ်စခန်း” အား ဒရုန်းစစ်ဆင်ရေးဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၆:၃၀) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

(၂) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၈:၀၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ ရှီယွင်ကြည်ကျေးရွာအနီး၊ လောက်ချွင်ပုနေရာသို့ စစ်ဆင်ရေးဆက်လက်ဆင်နွှဲခဲ့စဉ် မြေပြင်ထိုးစစ်ကို မခုခံနိုင်၍ ထွက်ပြေးနေ ကြသော ကိုးကန့်ရုပ်သေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက် (၈:၂၀) အချိန်ခန့် တွင် ကိုးကန့်ရုပ်သေးအဖွဲ့ဝင်များ နေရာယူထားသော လောက်ချွင်ပုနေရာအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

(၃) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၈:၂၄) အချိန်ခန့်တွင် (က) တအာင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း” မှ ခိုမုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁) ကြိမ်၊ (ခ) နံနက် (၉:၁၀) အချိန်ခန့်တွင် တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ ရန်သူစစ်ကောင်စီ၏တပ်စခန်းမှ နာငင်း ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁) ကြိမ်၊ (ဂ) နံနက် (၁၀:၀၀) အချိန်ခန့်မှ ညနေ (၄:၁၄) အချိန်ခန့်ထိ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ လက်အောက်ခံ ခလရ - ၆၈ မှ မိုင်းတင်ကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီး ဖြင့် (၁၀) ကြိမ်ခန့် နှင့် (ဃ) နေ့လယ် (၂:၄၀) အချိန်ခန့်တွင် တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ (၁၀၅) မိုင်တပ်စခန်းမှ နမ့်ပန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၇) ကြိမ်ခန့် အစရှိသဖြင့် ယနေ့တစ်နေ့လုံးတွင် အရပ်သား ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် (၂၀) ခန့်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၄) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်သူစစ်ကောင်စီသည် ပြင်ဦးလွင်မှ ကျောက်မဲဘက်သို့ Mi-17 စစ်ရဟတ်ယာဉ်ဖြင့် စစ်အင်အား၊ လူအင်အားဖြည့်တင်းခြင်းကို (၄) ကြိမ် ပြုလုပ်ခဲ့သည်။
===============
နိုဝင်ဘာလ (၉) ရက်နေ့၏ တိုက်ပွဲနောက်ဆက်တွဲသတင်းများအား တပါတည်း ပူးတွဲဖော်ပြပေးသွားပါမည်။

(၁) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့၊ ညနေ (၂:၁၅) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့် ရုပ်သေးအဖွဲ့ (၄) ဖွဲ့ထဲမှ (၁) ဖွဲ့ဖြစ်သော “မင်ရှယ်ချန်အဖွဲ့” ၏ ရှီယွင်ကြည်ကျေးရွာအနီးတွင်ရှိသော တပ်စခန်းအား စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၂) မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။ ယမန်နေ့ကပင် ကိုးကန့်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များသည် ရှီယွင်ကြည်ကျေးရွာအနီးရှိ ရန်သူစစ်ကောင်စီ၏ ပင်မဗျူဟာကုန်း အပါအဝင် အရံစခန်းများအားလုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

(၂) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့၊ နံနက် (၇:၀၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် နိုဝင်ဘာလ (၈) ရက်နေ့က သိမ်းပိုက်ခဲ့သော “ရှောက်ထောင်ကျိုင့်စခန်း” ၏ ဘယ်ဘက်တွင်ရှိသော “အမည်မသိတောင်ကုန်း” တစ်ခုအား စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ (၃:၀၅) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

(၃) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ကြည်ရှမ်း ကျေးရွာတွင် အခြေချထားသော ရန်သူ့တပ်စခန်းအား လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ထိုးစစ်ဆင်ခဲ့ပြီး နံနက် (၃:၃၀) အချိန် ခန့်တွင် ခြေလျင်တပ်ဖြင့် ချီတက်ကာ ဆက်လက်တိုက်ခိုက်ခဲ့သည်။ ညနေ (၃:၀၀) အချိန်ခန့်တွင် ရန်သူစစ်ကောင်စီ၏ “ကြည်ရှမ်းစခန်း” အား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။ ရန်သူဘက်မှ (၃) ဦး ကျဆုံးခဲ့၍ စစ်သုံ့ပန်း (၁) ဦးအား ဖမ်းဆီး ရရှိခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့တိုက်ပွဲသတင်းများ-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ စစ်ကောင်စီတပ်စခန်းများကိုထပ်မံ...
07/11/2023

နိုဝင်ဘာလ ၆ ရက်နေ့တိုက်ပွဲသတင်းများ-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ စစ်ကောင်စီတပ်စခန်းများကိုထပ်မံ သိမ်းယူရရှိပြီး စစ်‌ကောင်စီဘက်မှ တပ်မမှူးတစ်ယောက်ကိုချေမှုန်းနိုင်ခဲ့
ကိုးကန့်မီဒီယာ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့

နိုဝင်ဘာလ ၆ ရက်နေ့ (၁၀၂၇)စစ်ဆင်ရေး Operation ကြီးဆောင်ရွက်လာသည်မှာ (၁၁)ရက်နေ့မြောက်တွင် ကိုးကန့်(MNDAA)မှ ကိုးကန့် ၊ မုံးကိုး နှင့် မူပန်(သိန္နီ)နေရာများတွင် တိုက်ပွဲများကိုဆက်လက်ဆင်နွှဲခဲ့ကြပါသည်။ ထို့ပြင် စစ်ကောင်စီ၏ တပ်စခန်းများထပ်မံသိမ်းယူနိုင်ခဲ့ပြီး တပ်မမှူးတစ်ယောက်လည်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရှိရပါသည်။
ကိုးကန့်တိုက်ပွဲ

(၆) ရက်နေ့ နံနက် (၄)နာရီခန့်တွင် ကိုးကန့်(MNDAA )နှင့် ရက္ခိုင့်တပ်တော်(AA)တို့ပူးတွဲပြီး သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ ညအချိန်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၄)ယောက်ကျဆုံးပြီး လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။

ထို့ပြင် ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စုရှိ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်း နှင့် ကျင်ဖိုင်ဟော် တပ်စခန်းများ၊ တုန်းရှမ်းဒေသရှိ ရှင်ရွှေထန်တပ်စခန်း နှင့် ဟုန်ရှင်း(မော့ထိုက်)ဒေသ ၊ ရှင့်ထန်ကျေးရွာအုပ်စုရှိ လုံခိုင်ချင်ရှူဖင်ကျန်တပ်ခစန်းများကိုလည်း တချိန်တည်း ထိုးစစ်တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ပါသည်။

နေ့လည် (၁၃း၀၀) နာရီတွင် ကိုးကန့်ခရိုင်၊ တာပတုနေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ ပါပြီး ညနေ(၁၈း၀၀) နာရီအချိန်ထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေပါသည်။ လက်ရှိအချိန်မှာတော့ တာပတုတံတား ၏တစ်ဖက်ခြမ်း ပန်းလုံတောင်ဘက်ကိုတော့ သိမ်းပိုက်ထားနိုင်ခဲ့ပါသည်။
မုံးကိုးတိုက်ပွဲ
=====
(MNDAA)မှ စစ်ကောင်စီ၏ ပန်းလုံတောင်ဗျူဟာကုန်းကို ဒရုန်းဖြင့်ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် နံနက် ၅ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပူးတွဲပြီး မြေပြင်မှခြေလျင်တပ်နှင့် ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ နံနက် (၇း၁၅)နာရီတွင် ပန်းလုံတောင်အနီးရှိ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ညနေ(၁၇း၀၅)နာရီအချိန်တွင် ပန်းလုံဗျူဟာကုန်းကို လုံးဝသိမ်းယူနိုင်ခဲ့သည်။ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့ပါသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ(၁၅း၃၀)နာရီမှစတင်ပြီး ကိုးကန့်(MNDAA)သည် မုံးကိုးဒေသတွင် အခြေချနေထိုင် သော စစ်ကောင်စီ၏ ဗျူဟာကုန်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ၆ ရက်နေ့တစ်နေ့လုံးလည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တစ်ကြိမ်ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ချိန်တွင် ၎င်းဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်တစ်ခုပေါက်ကွဲခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း တပ်မမှူးတစ်ယောက်လည်း တိုက်ပွဲတွင် သေဆုံးခဲ့ပါသည်။

မူပန်(သိန္နီ)တိုက်ပွဲ
=====
နံနက်(၆း၃၈)နာရီမှ (၇)နာရီအချိန်အထိ (MNDAA)သည် စစ်ကောင်စီ၏စကခ(၁၆)ဌာနချုပ်နှင့် မီတာ(၂၀၀)အကွာ နေရာတွင် စစ်ကူလာသောစစ်ကောင်စီအင်အားတစ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။
နေ့လည်(၁း၂၄)နာရီတွင် မူပန်(သိန္နီ)ခရိုင် ၊ ဟိုပင်ကျေးရွာအုပ်စု ၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီးဖြင့်(၁)ကြိမ် ပစ်ခတ်ခဲ့ပါသည်။

Happy birthday ပါ ဗိုလ်ချုပ် လိုချင်ရေ ပန်းတိုင်အရောက်လှမ်းနိုင်ပါဇီ
06/11/2023

Happy birthday ပါ ဗိုလ်ချုပ် လိုချင်ရေ
ပန်းတိုင်အရောက်လှမ်းနိုင်ပါဇီ

"Operation 1027" ၁၀၂၇ စစ်ဆင်ရေး-တတိယနေ့ တိုက်ပွဲသတင်းများ                                                               ...
29/10/2023

"Operation 1027" ၁၀၂၇ စစ်ဆင်ရေး-တတိယနေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ (၁) နာရီ (၃၀) မိနစ်အချိန်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၌ စစ်ဆင်ရေး-တတိယနေ့အဖြစ် မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော ရန်သူ့ စခန်းများနှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက်သိမ်းပိုက်ရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နွေဦးတော်လှန်ရေးမှပေါက်ဖွားလာပြီး တော်လှန်ရေးထဲတွင် လက်ရှိအချိန်အထိ ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့်လည်း မိမိတို့သည် ဟန်ချက်ညီစစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

မိမိတို့စစ်ဆင်ရေး၏ တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိသည်။

(၁) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက် (၄) နာရီခန့်အချိန်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ အတွင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းခဲ့သည်။

(၂) မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာဘက်တွင်လည်း ယနေ့ နံနက် (၅း၀၀)နာရီ အချိန်ခန့်တွင် မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အကောင်းဆုံးခုခံတိုက်နိုင်ခဲ့သည်။

(၃) နံနက် (၅:၀၀) နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ခရိုင်၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်း ကျေးရွာ၌လည်ကောင်း တအာင်းတပ်မတော် + မိုးကုတ်ဗျူဟာ (PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(၄) နံနက် (၇) နာရီ (၃၀) ခန့်အချိန်တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာဖြစ်သော တအာင်းပြည်နယ်၊ တပ်မဟာ (၂) ဒေသအတွင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအား ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

(၅) နံနက် (၃) နာရီ (၀:၀၈) မိနစ်အချိန်ခန့်တွင် ကိုးကန့်ပြည်နယ်၊ ချင်းရွှေဟော်ဒေသ၊ မာလီလင်ရွာအား စစ်ကောင်စီသည် တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းရွာအတွင်းရှိ အရပ်သား နေအိမ်တစ်လုံးအား ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သည်။

(၆) နံနက် (၉:၀၀) နာရီအချိန်တွင် ကိုးကန့်ပြည်နယ်၊ ချင်းရွှေဟော်ဒေသတွင်း ညိုဖင်ကျီပရွာအတွင်းသို့ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌ကျေးရွာတွင်း နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

(၇) “သိန္နီ” ရဲစခန်းကိုလည်း နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အတူ သိန္နီမြို့နယ်အတွင်းရှိ “နမ့်စလပ်” ရဲစခန်းကို ယမန်နေ့ အောက်တိုဘာလ(၂၈) ရက်နေ့တွင် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။

(၈) နံနက် (၀၄း၄၀) မှ (၀၆း၄၀) အထိ လားရှိုးမြို့၊ အရှေ့ဘက်ခြမ်း၊ (၄၀၀) ကီလိုမီတာကျော်အကွာအဝေးရှိ ရန်သူ့စစ်စခန်း (၂)ခု ကို တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့သည်။

(၉) နံနက် (၀၉း၀၀) မှ (၁၀:၁၅)အထိ အတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း၌လည်း သိန္နီမြို့နယ် "မာချီနော့" စစ်တပ် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

(၁၀) နံနက် (၁၀:၁၅)နာရီတွင်လည်း ချင်းရွှေဟော်ဒေသ "ယာခုတ်ကိုက်" စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

(၁၁) နံနက်(၁၀:၀၀) နာရီကျော်တွင်လည်း မုံးကိုးခရိုင် "နမ်ယမ်" စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

အခြားသောနေရာအချို့၌ရှိသော စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာတပ်စခန်းများကို မိမိတို့အနေဖြင့် စစ်ဆင်ရေး ဆက်လက် ပြုလုပ်လျက်ရှိသည်။

ရန့်သူ့အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိ သကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်။

မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါက အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။

ညီနောင်မဟာမိတ်(၃) ဖွဲ့
(AA+MNDAA+TNLA)


https://t.me/threebrotherhoodalliance
https://twitter.com/3BHA434098
https://vk.com/mndaa_tnla_aa

"Operation 1027" ၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့ တိုက်ပွဲသတင်းများ"၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊  ည (၁၀) နာရီ (၃၀) မိနစ်အချ...
28/10/2023

"Operation 1027" ၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့ တိုက်ပွဲသတင်းများ"

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ည (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် ထုတ်ပြန်သည်။

Operation 2017 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့တွင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့်အတူ ၁၀၂၇-စစ်ဆင်ရေးကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင် ရန့်သူ့စခန်းကြီး၊ စခန်းငယ် (၄၀) ကျော်ကို တစ်ရက်တည်း (၂၄ နာရီ) အတွင်း သိမ်းပိုက်ရယူနိုင်ခဲ့သည်။

ဤကဲ့သို့သော ရန်သူ့စခန်း (၄၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရယူရာတွင် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြသော မိမိတို့ ရဲဘော်များအားလုံးနှင့် အခြားသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော်တစ်ယောက်ချင်းစီကို လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုပါသည်။

ကိုယ်လက်အင်္ဂါ၊ အသက်၊ သွေး၊ ချွေး၊ ဘဝ တို့ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်တစ်ယောက်ချင်းစီ၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း မိမိတို့မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ထို့အပြင် ဤစစ်ဆင်ရေးအတွင်း မိမိတို့ ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာဝင်ရောက်ထမ်းဆောင်ပေးခဲ့ကြသော သူများအားလုံးကိုလည်း "အထူး အထူး အထူး" လေးနက်စွာ ကျေးဇူးတင် ဂုဏ်ယူအပ်ပါသည်။

++++++++++++

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၌ ၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့အဖြစ် မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော ရန်သူ့စခန်းများ နှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက် သိမ်းပိုက် ရယူနိုင်ရေးအတွက် စစ်ဆင်ရေးကို အတူတကွ ဆက်လက်ဆင်နွှဲခဲ့ကြသည်။

မိမိတို့ စစ်ဆင်ရေး၏ ဒုတိယနေ့တွင်----

(၁) နံနက် (၆:၀၀) နာရီခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ တပ်မ (၉၉) ၊ ခမရ (၄၁၉) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၈၈) တို့ တပ်စွဲထားသော နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၉:၀၀) အချိန်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

(၂) ကိုးကန့်- အထူးဒေသ (၁) မုံးကိုးခရိုင်၊ မုံးကိုးဒေသ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်တွင်ရှိသော စစ်ကောင်စီအခြေစိုက်တပ်စခန်းအား နေ့လယ် (၁၂) နာရီ (၃၀) မိနစ်ခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

(၃) ထို့အပြင် နေ့လယ် (၁၂:၀၀) နာရီအချိန်ခန့်တွင် ကိုးကန့်၊ အထူးဒေသ (၁)၊ ရန်တော်ရှမ်းအိုင်လတွင်ရှိသော စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း အပြီးသတ်ထပ်မံ သိမ်းပိုက်ချေမှုန်းရယူနိုင်ခဲ့သည်။

(၄) ကိုးကန့်-အထူးဒေသ (၁) ၊ တောင်ပိုင်းတိုက်နယ်အတွင်း (ချင်းရွှေဟော်အတွင်းရှိ) မာကျားတိပေါက်ပေါက် တောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤစခန်းသည် ချင်းရွှေဟော်အတွင်းရှိ ရန်သူ့စခန်းများစွာထဲမှ မိမိတို့ နောက်ဆုံးသိမ်းပိုက်ရယူနိုင်ခဲ့သော သံချပ်ကာကားများရှိရာ စခန်းလည်းဖြစ်သည်။

(၅) နေ့လယ် (၂) နာရီ (၁၃) မိနစ်ခန့်တွင် မူဆယ်မြို့နယ်၊ ကောင်းဝိန်ကျေးရွာအနီးရှိ မန်နိမ်မှ မန်ခမ်းတံတားအနီးတွင် စစ်ကောင်စီ၏ ဒကစ၊ ခမရ (၂၆၁) နှင့် မိမိတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အချိန် (၂) နာရီကျော်ကြာမြင့်သောတိုက်ပွဲအတွင်း ရန်သူ၏ တပ်ဖွဲ့ဝင်အများစုကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၆) နေ့လယ် (၁) နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ မန်ပန်ကျေးရွာ ပတ်ဝန်းကျင်အနီးသို့ စစ်ကောင်စီသည် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက် လေယာဉ်ဖြင့် (၃) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(၇) စစ်ကောင်စီသည် ၎င်းတို့၏ စခန်းများ တစ်ခုပြီး တစ်ခု ကျဆုံးလျက်ရှိသောကြောင့် ၎င်းတို့၏ အကျင့်ဝသီဗီဇအတိုင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မိုက်ရူးရဲစွာ ကျူးလွန်လျက်ရှိသည်။

(၈) နေ့လယ် (၁) နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နမ္မတူမြို့နယ်၊ ရွာသစ်ပါင်ဆာကျေးရွာ အတွင်းသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ (၃) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသစ်ပါင်ဆာကျေးရွာမှ အမျိုးသား ( ၂) ဦး၊ အမျိုးသမီး (၁) ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၅)လုံး ထိမှန် ပျက်စီးခဲ့သည်။

(၉) မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါက အချိန်နှင့်တပြေးညီ ဆက်လက် တင်ပေးသွားပါမည်။

(ယခုဓာတ်ပုံအတွင်းပါရှိသော ရဲဘော်များအားလုံးမှာ ရက္ခိုင့်တပ်တော် (Arakan Army-AA) မှ အာရက္ခစစ်သည်တော်များဖြစ်ကြသည်။)

ညီနောင်မဟာမိတ်သုံးဖွဲ့
(MNDAA + TNLA + AA)


https://t.me/threebrotherhoodalliance
https://twitter.com/3BHA434098
https://vk.com/mndaa_tnla_aa

21/09/2022
မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းထုတ်ပြန...
31/08/2022

မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းထုတ်ပြန်

ဩဂုတ် ၃၁/၂၀၂၂ Voice of Arakan(VOA)

ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

အဆိုပါစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သည်မှာ သြဂုတ်လ (၂) ရက်နေ့ကတည်းကပင် ဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ၌ ရက်ဆက်တိုက်ပွဲများဖြစ်ပွားကာ ယခုဆိုလျှင်တစ်လနီးပါး အထိကြာမြင့်ခဲ့ပြီဖြစ်သည်။

နယ်စပ်မိုင်တိုင် အမှတ် (၃၇) မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ ရန်သူ့ဖက်မှ မိမိတို့အား ပိတ်ဆို့ ဖြတ်တောက် ထားသည့်နည်းတူ မိမိတို့ဖက်မှလည်း ရန်သူ့စခန်းအချို့အား ၎င်းတို့နည်းတူ ပိတ်ဆို့ဖြတ်တောက်ထားသည့် အခင်းအကျင်းဖြစ်သည်။

ရန်သူသည် တစ်ရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည့်အပြင် ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက် လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ မိမိတို့ ရက္ခိုင့်တပ်တော်က,စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်း အား လက်တုံ့ပြန်သည့်အနေဖြင့် ယနေ့တွင် မိမိတို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် (၉) နာရီ (၁၂) မိနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ ဤစခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော နေရာများထဲမှ တစ်ခုဖြစ်သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီသည် အပြစ်မဲ့ အာရက္ခပြည်သူများကို လက်နက်ကြီး များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။ ၎င်းနေ့တွင် စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀) တို့အပြင် ၎င်းတို့တပ်စွဲ ထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ် အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စသည့်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့သည်။ ဤဖြစ်စဉ်အပေါ်ချက်ချင်း လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) စခန်းအား မိမိတို့မှ ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။ ယခင်ရက်များအတွင်း၌ ဤစခန်းအတွင်းမှ သေဆုံးသူများအား စခန်း အတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရသည်။ မိမိတို့ဖက်မှလည်း ဤစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်။

ယမန်နေ့ဖြစ်သော သြဂုတ်လ (၃၀) ရက်၊ ညနေ(၆) နာရီ (၃၈) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက် ၊ မီတာ (၇၀၀) အကွာအဝေးရှိကားလမ်းမအနီး၌လည်း ထိတွေ့ တိုက်ခိုက်မှုရှိခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူတချိုရှိခဲ့ပြီး မိမိတို့ဖက်မှလည်း ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။

ထိုအတူ သြဂုတ်လ( ၃၁) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်၌လည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးရန်သူ့ဖက်မှ (၁၀) ဦး မျက်မြင်ကျဆုံးခဲ့သည်။ တိုက်ပွဲသည် ညနေ (၅) နာရီအထိ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ရှိနေခဲ့သည်။

အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များ ၊ ထူးချွန်မြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
နောက်ဆက်တွဲတိုက်ပွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်ဟု ပါရှိသည်။

ရက္ခိုင့်တပ်တော် (AA) မှ ဖြစ်ပွားခဲ့သောတိုက်ပွဲနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများစာရင်းသတင်းထုတ်ပြန်infoဩဂုတ် ၁၅/၂၀၂...
15/08/2022

ရက္ခိုင့်တပ်တော် (AA) မှ ဖြစ်ပွားခဲ့သောတိုက်ပွဲနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများစာရင်းသတင်းထုတ်ပြန်info
ဩဂုတ် ၁၅/၂၀၂၂

ရက္ခိုင့်တပ်တော် (AA) မှ ဩဂုတ် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများစာရင်းကို ယနေ့ ထုတ်ပြန်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

------------

“ရက္ခိုင်ပြည် နှင့် ပလက်ဝဒေသ တိုက်ပွဲသတင်း”

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း (၁) နေရာ စသည်ဖြင့် စုစုပေါင်း (၄) နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

(၁) အဆိုပါနေ့၌ ပထမဆုံးသောတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်၊ နံနက် (၇) နာရီ (၃၅) မိနစ်မှ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အထိ နှစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပူးပေါင်းတပ်သည် မိမိတို့ တပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသောတပ်ဖွဲ့ဝင် အနည်းငယ် နှင့် ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်။

ရန်သူ၏ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့သည်။

(၂) ဒုတိယတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူ ကျေးရွာ၏ မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို့ ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။

တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှ မျက်မြင် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စား ဒဏ်ရာရသူ (၂) ဦးမှလွဲ၍ ကျဆုံးသူများမရှိခဲ့ဘဲ ရန်သူ၏ လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

(၃) တတိယတိုက်ပွဲမှာ ရက္ခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ်လ (၁၃) ရက်၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် မြန်မာစစ်တပ်၏ ခမရ (၃၅၂) တပ်ရင်းသည် မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်။ ရန်သူသည် မိမိတို့အား နေရာ (၃) နေရာမှ ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် တိုက်ပွဲသည် ညနေ (၅) နာရီကျော်အထိ ဆက်လက်ရှိနေခဲ့သည်။ ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ည (၈) နာရီအထိရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သော မိုင်တိုင် (၄၀) နေရာပတ်ဝန်းကျင်၌ ယခုကဲ့သို့သော ကြီးကြီးမားမား တိုက်ပွဲမရှိခဲ့သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နေခဲ့ကြသည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီး သြဂုတ်လ (၁၃) ရက်နေ့တွင်မှ ရန်သူသည် မိမိတို့အား ထိုးစစ်ကို စတင် ပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲမှာ ပြင်းထန်ခြင်းနှင့်အတူ ရန်သူလည်း အထိနာခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ် အချို့၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့သည်။

(၄) သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာ မြောက်ဖက် (၁.၂) ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ ဤနေရာ၌လည်း နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာ နေရာသို့ အဝေးမှ လက်နက်ကြီးများကို အဓိကအားကိုးပြီး ပစ်ခတ်နေပြီး ရန်သူသည် မြေပြင်မှ မတက်လာ သောကြောင့် တိုက်ပွဲများ ကြီးမားစွာဖြစ်ပွားခြင်း မရှိသေးပါ။ ဤတိုက်ပွဲအတွင်းရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိခဲ့ရပါ။

ဩဂုတ်လ (၁၃) ရက်နေ့ တိုက်ပွဲများအတွင်း မိမိတို့ဖက်မှ ရန်သူ့သုံ့ပန်း တစ်ဦးကိုမှ လက်ရဖမ်းဆီးခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသာ သိမ်းဆည်းရမိခဲ့သည်။

သြဂုတ်လ (၁၄) ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြန်မာစစ်တပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ ၎င်းတို့အခြေချ အထိုင် စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်မှ စတင်ပြီး တစ်နေ့လုံးနီးပါး တောက်လျှောက်ပြုလုပ်နေခဲ့သည်။

သြဂုတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။

အလားတူ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် မိမိတို့တပ်စခန်းရှိရာ နေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချ တိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက် ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမို များပြားလာဖွယ်ရှိသည်။

မိမိတို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်သည်။

မိဘပြည်သူများအနေဖြင့်လည်း စစ်ရေးသတိ၊ အသွားအလာသတိများကို အထူးဂရုပြုကြပါရန်ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Address


Website

Alerts

Be the first to know and let us send you an email when Voice of Arakan(VOA) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share