Khaing Kyaw Moe-Kyauktaw

  • Home
  • Khaing Kyaw Moe-Kyauktaw

Khaing Kyaw Moe-Kyauktaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Kyaw Moe-Kyauktaw, Video Creator, .

30/12/2023
30/12/2023

သည်းခံခွင့်လွတ်ခြင်းဆိုတဲ့တရား

ဖြစ်နိုင်ရင် ငွေကို ကြိုမသုံးပါနဲ့။ကိုယ်တွေ အရင်တုန်းက လုပ်ငန်းတစ်ခု စာချုပ်ချုပ်ပြီးတာနဲ့ ငွေထုပ်ပိုက်ပြီး လိုချင်တာတွေ...
29/12/2023

ဖြစ်နိုင်ရင် ငွေကို ကြိုမသုံးပါနဲ့။

ကိုယ်တွေ အရင်တုန်းက လုပ်ငန်းတစ်ခု စာချုပ်ချုပ်ပြီးတာနဲ့ ငွေထုပ်ပိုက်ပြီး လိုချင်တာတွေဝယ်ခဲ့ဖူးတယ်။

ဥပမာ ဒီအလုပ်လုပ်လို့ သိန်း ၂၀၀ မြတ်မယ်ဆိုရင် အဲဒီအမြတ်ကို ကြိုသုံးတာ။

ကိုယ်တွေတုန်းက အခုလို ပြောပြပေးမယ့်သူ မရှိတော့ ပျော်ပျော်ကြီးသုံးခဲ့တာပေါ့။

အပေါင်းအသင်းတွေကလည်း ကိုယ်လိုလူတွေဖြစ်နေတော့ အတူတူသုံးကြတာပေါ့။ ပြီးတော့ အတူတူမွဲကြတာပေါ့။

အမြတ်ငွေကို ကြိုသုံးတာ အရမ်းအန္တရာယ်များပါတယ်။

သုံးတာကိုပြောတာနော်။ ငွေပိုရဖို့ လုပ်ငန်းတွေ ထပ်ချဲ့တာ၊ Investment လုပ်တာကိုပြောတာမဟုတ်ဘူး။

ကြီးကျယ်ပြီး ကားမော်ဒယ်အမြင့် ချိန်းတာတို့၊ တန်ဖိုးကြီးပြီး ငွေပြန်ဖော်လို့မရတဲ့ ပစ္စည်းတွေဝယ်တာတို့ ၊ မလိုအပ်ပဲ ဇိမ်ခံပစ္စည်းတွေဝယ်တာ တို့ကိုပြောချင်တာ။

ဒါတောင် လောင်းကစား၊ မူးယစ်ဆေးမပါသေးဘူး။ အမြတ်ကြိုသုံးတာနဲ့တင် ပြဿနာက ကြီးနေပြီ။

ကိုယ့်အနေအထားက လုံးဝအခြေခိုင်နေပြီ အိမ်လည်းရှိပြီ။ ကားလည်းရှိပြီ။ မိသားစုအရေးပေါ်ကျန်းမာရေးကိစ္စအတွက် သိန်းထောင်ဂဏန်းလောက်
ဆောင်ထားနိုင်ပြီ။

ပုံမှန် လုပ်ငန်းကလည်းနေ့စဥ် ငွေဝင်နေတယ်ဆိုရင်တော့ အမြတ်ကို ကြိုသုံးတာ မသိသာပေမယ့် ...

အဲဒါတွေ မပြည့်စုံသေးပဲ အမြတ်ငွေကိုကြိုသုံးနေရင် မကြာမီ နားကားပါမယ်။

အိမ်တစ်လုံးကို ခြောက်လလောက်ဆောက်မှ ၂၀၀ လောက်မြတ်မှာကို စာချုပ်ချုပ်ပြီးပြီးချင်း စရံရတဲ့ သိန်း၂၀၀ ကို ကားနောကိတစ်စီး သွားဝယ်ဖူးလို့ ပြောပြနေတာပါ။

အမြတ်ကို ကြိုသုံးမိထားတဲ့အတွက် တကယ်လည်းဆောက်ရကော လုပ်ငန်းခွင်မှာ ပြဿနာမရှိရင်တော့ကောင်းတာပေါ့။

ပြဿနာပေါ်လာရင်တော့ပိုပြီး စိတ်ညစ်ရပါတယ်။

ကိုယ်တွေတုန်းက ကြိုပြီး ဇိမ်ခံမိတာတွေများတော့ အလုပ်နဲ့ပတ်သက်ရင် အမြဲလောင်ခဲ့ရပါတယ်။

ကိုယ့်တုန်းက ပြောပြမယ့်သူမရှိဘူး။ အကြံပေးမယ့်သူမရှိတဲ့ အတွက် ဆုံးရှုံးမှုတွေ များခဲ့ပါတယ်။

ဒါကြောင့် အခုမှလုပ်ငန်းငယ်လေးတွေ စမယ့် သူတွေကို ကိုယ်တွေ့လေး သိသလောက်လေး ပြောပြပေးတာပါ။

လုပ်ငန်းကော လူကော အခြေမခိုင်၊ မပြည့်စုံသေးခင် ကြိုပြီး ဇိမ်မခံမိပါစေနဲ့။ လောင်တတ်ပါတယ်။

အမြတ်အစွန်းတွေကို အချိန်မတိုင်ခင် ကြိုပြီးဇိမ်ခံတာ၊ ကြိုပြီးမသုံးပဲ၊ အချိန်တန်တဲ့အထိ သည်းခံစောင့်ပြီး ....

တိုးပွါးမယ့်နေရာတွေမှာ Invest လုပ်တာ၊ စုတာတွေ လုပ်ဖို့ သိသလောက်လေး Sharing လုပ်ပေးလိုက်ပါတယ်။

Sint Nyi

ီ_ဘာ_ဘာ

29/12/2023

လွမ်း

07/12/2022

" ဘဝမှာ
မပြေတာကို
ပြေသလို နေရတဲ့အခါ
ကွယ်ရာမှာ ပိုနာကျင်ရတယ် ။

မပျော်တာကို
ပျော်ချင်ယောင် ဆောင်ပြရတဲ့အခါ
နှစ်ဆ ပို ငိုကြွေးရတယ် ။

တခါတေလ
ဟန်ဆောင်ထားရင်း
ပြုံးထားနေရင်းနဲ့
အတွင်း ဒဏ်ရာတွေ
လှိုက်စားနေတာ
ဘယ်သူမှ မသိကြဘူး ။

ပိုပိုပြီး ပြုံးနေရတဲ့
အပြုံး အပျော်တွေ နောက်ကွယ်မှာ
ခိုးခိုး သုတ္ခဲ့ရတဲ့
မျက်ရည်တွေ ရှိ‌နေခဲ့တယ် ။

အားလုံးရဲ့ အမြင်မှာ
သိပ်အဆင်ပြေ‌နေတယ်ပေါ့
တစ်ယောက်ထဲ
ကမ္ဘာပျက်နေတာကိုတော့
ဘယ်သူမှ မရိပ်မိခဲ့ကြဘူး ။

ဒါပေမယ့် ငါ နေတတ်ခဲ့ပါပြီလေ"...။

Credit

07/12/2022

"မဟုတ်ရင်မခံ
ပြန်ပြောတတ်တဲ့ အကျင့်ကို
ဒေါသကြီးတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လို လူမျိုးတွေမှာ
ကောက်ကျစ်တဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။

စိတ်ထဲ မှန်တယ်ထင်ရင်
အပြောဆိုးတတ်တဲ့ အကျင့်ကို
စိတ်ထားပါဆိုးမယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေမှာ
ယုတ်မာတဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။

သည်းမခံနိုင်တဲ့အဆုံး
ပေါက်ကွဲစိတ်နဲ့
ချက်ကျလက်ကျပြောတတ်တဲ့အကျင့်ကို
ရိုင်းစိုင်းတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လို လူမျိုးတွေ စိတ်ထဲ
အငြိုးအတေး မထားတတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်း နေတတ်တဲ့ အကျင့်ကို
သိက္ခာမရှိဘူးလို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေစိတ်ထဲ
မကောင်းမှု မှန်သမျှ
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

တစ်ဦး တစ်ယောက်တည်း
နေတတ် သွားတတ်တဲ့အကျင့်ကို
မာနထားတယ်လို့
တစ်ချို့လူတွေက ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေ စိတ်ထဲ
လူညစ်တွေ ပေးတဲ့ သင်ခန်းစာတွေ
ကြောင့် လူတွေကို
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

ဒါ့ကြောင့်
တစ်ချို့လူတွေကို
အပေါ်ယံကြည့်ပြီး မဝေဖန်ကြဖို့၊
တစ်ချို့လူတွေ
အကြောင်း ခရေစေ့တွင်းကျ
မသိဘဲ
အထင်မကြီး
အထင်မသေးတတ်ဖို့၊
တစ်ချို့လူတွေ မသိကြပြန်ဘူးလေ။"

Credit To Original writer

01/12/2022

( မျက်နှာလွဲနေလိုက်ပါ )

တချို့လူတွေက လိမ်နေတယ် ။
လိမ်နေမှန်းသိရက်နဲ့
မသိချင်ယောင်ဆောင်လိုက်ရတယ်။

တစ်ချို့လူတွေက အကျင့်ယုတ်တယ်။
အကျင့်ယုတ်မှန်းသိရက်နဲ့
မျက်နှာ ပျက်မရလို့ သည်းခံနေလိုက်ရတယ်။

တချို့လူတွေက လေများတယ်။
လေများမှန်းသိရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖက်ပိတ်နေလိုက်ရတယ်။

တချို့လူတွေ ကသိပ်အပြောကောင်းတယ်။
မဟုတ်မှန်းသိရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ်ယုံလိုက်ရတယ်။

တချို့လူတွေက ဟန်ဆောင်ကောင်းတယ်။
ဟန်ဆောင်နေမှန်းသိရက်နဲ့
ကိုယ်ပါမသိချင်ယောင်ဆောင်
ဟန်ဆောင်လိုက်ရတယ်။

လူ့လောကကြီးဟာ
အရမ်းရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း
မသိလိုက်တာကပိုကောင်းသလို
မြင်နေပေမယ့်လည်း
မမြင်ချင်ယောင်ဟန်ဆောင်လိုက်ရတာ
ပိုပြီးငြိမ်းချမ်းပါတယ်။

အဖြေမထွက်တဲ့ အရာတစ္ခုကို
တစ်ဒေါက်ခေါက်ပြီး
ထိုင်တွက်ချက်နေလည်း
ဘာမှမထူးလာတာတွေရှိတတ်ပါတယ်။

ကိုယ်ပြုပြင်လို့မရမယ့်အတူတူ
တစ်ခါတလေမျက်နှာလေးလွဲနေတာက
ပိုပြီးကောင်းပါတယ်။
Crd.

01/12/2022

ကုန်းကောက်စရာမရှိလောက်အောင်ကို
ပြိုလဲသွားတဲ့အချိန်..
ချစ်ပါတယ်ဆိုတဲ့ လူတွေဆီက”စားပြီးပြီလား”လောက်တောင်
အမေးမခံရတော့တာကိုလည်း ဘဝရဲ့
ပထမဆုံးပေးတဲ့ သင်ခန်းစာအဖြစ်ယူလိုက်တယ်
ပြန်လည်တည်ဆောက်ပြီးတဲ့အခါ
အနားရောက်မလာခြင်းနဲ့ ကူညီပါလို့လည်း
တောင်းဆိုပါရစေ ။ ✌🏿

01/12/2022

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။

ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။

စည်းစိမ်နဲ့လည်း မဆိုင်ဘူး။

ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။

ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။

အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။

လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။

မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။

မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။

လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။

ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။
ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။

ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း
နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။

သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။
လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။

မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။
Credit :

01/12/2022

ဘယ်လောက်ပဲ
ဟန်ဆောင် ကောင်းနေပါစေ
အချိန်တန်ရင်တော့
မျက်နှာဖုံးဆိုတာ ချွတ်ရတာပါပဲ။

01/12/2022

အိမ်ထောင်ပြုတော့မယ်ဆိုရင်

အိမ်ထောင်ပြုတယ်ဆိုတာ
ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘူး
လေးနက်သော ပေါင်းဆက်ခြင်းဖြစ်သည်။

ဒါကြောင့်.....
ကာမစိတ်တစ်ခုပဲသိရင် မက်မောရင်
အိမ်ထောင်မပြုပါနဲ့..... ချစ်တာတစ်ခုပဲ
သိနေရင်လဲ
အိမ်ထောင်မပြုသေးပါနှင့်....

ရင့်ကျက်ပြီး အသိပညာပြည့်စုံမှသာ
အိမ်ထောင်ပြုသင့်ပါသည်။

ယခုခေတ်က အသက် ၁၅ ၁၆ အရွယ်ဆို
တစ်လင်ကွာ နှစ်လင်ကွာ သုံးလင်ကွာ
ဖြစ်နေကြပြီး

ယောကျာ်းလေးဆိုလဲ မိန်းမ
တစ်ယောက်ပြီးတစ်ယောက်
ပေါင်းဖက်နေကြတဲ့ ခေတ်ပျက်ကြီးပါ။

အကြောင်းက ဘုမသိ ဘမသိပဲ
ချစ်ကြ ကြိုက်ကြ ညာကြတယ်.....
ရင့်ကျက်မှုမရှိ အတွေးအခေါ်နည်းပြီး
အလုပ်အကိုင်မနိုင်ရင် ရန်ဖြစ်စကားများပြီး
ကွဲကြပါတယ်။

"အိမ်ထောင်မပြုမှီ ကိုယ့်ကိုကို
အရင်သုံးသပ်ကြည့်ပါ။"

#ယောကျာ်းလေးဆို

အိမ်ထောင်ဦးစီးနေရာ ကျေပွန်စွာ
ထမ်းဆောင်နိုင်ပါ သလား ....?

မိသားစုကိုရော ရှာဖွေကျွေးမွေးနိင်ပါသလား .....?

အလုပ်အကိုင်ကိုရော ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်ပါသလား.... ?

ကိုယ့်မိန်းမနဲ့ ပတ်သက်တဲ့ ကိစွအဝဝကို
တာဝန်ယူနိုင်ပါသလား.... ?

လေ့လာသင်ယူမှုရော ပြည့်စုံပြီးလား..... ?

#မိန်းကလေးဆိုရင်

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်အောင်
လုပ်တတ်ကိုင်တတ်ပါသလား....?

လင်ဝတရားကိုရော ကျေပွန်စွာ ထမ်းဆောင်နိုင်ပါသလား...?

ရှာဖွေသမျှကိုရော ဘယ်လိုစုဆောင်းပြီး
ဘယ်လိုတိုးတက်အောင် ကြံဆောင်နိုင်ပါသလဲ...?

မိခင်နေရာ ရောက်လာရင်လဲ
ကိုယ့်သားသမီးကို
သေချာ သွန်းသင်ဆုံးမတတ်ပါသလား....?

အပျိုဘဝလို ပေါ့ပျက်ပျက်
နေထိုင်လို့မရတော့သဖြင့်
ရင့်ကျက်တည်ငြိမ်စွာ နေနိုင်ပါသလား....?

တစ်ကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ
တွေးတတ် စဉ်စားတတ်ရင် အရမ်းခက်ခဲပါတယ်။

ဖြစ်သလိုပဲ ဖြစ်ပါစေ ညားပြီးရင်
သူ့အလိုလို အနေသာကျသွားမယ်လို့
စောက်ပိန်းဦးနှောက်မျိုး မတွေးပါနဲ့...

အနာဂတ်မှာ ဇနီးကောင်း
လင်ကောင်းဖြစ်အောင်ပဲ
ကြိုးစားပြီး နေထိုင်နိုင်မှသာ
အိမ်ထောင်ပြုစေချင်တယ်။

လင်ရယ် မယားရယ် ဖြစ်လာပြီးဆိုရင်
တစ်ယောက်အပေါ် တစ်ယောက်
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရမယ်။

အကောင်းအဆိုးကိုလဲ
တူတူမျှဝေခံစားနိုင်ရမယ်။

အခက်အခဲဆိုတာ ရှိစမြဲပါ။
တစ်ယောက်ကိုတစ်ယောက်လဲ
အပြစ်မတင်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့
အကျင့်ပါသွားနိုင်တယ်။

ဒေါသနဲ့ ပြောလဲ ဒီစကားပါပဲ
ပြေပြေလည်လည်ပြောလဲ ဒီစကားပါပဲ

သို့သော်....
ကောင်းကောင်းမွန်မွန် ပြောဆိုညှိုနှိုင်းခြင်းက
အရမ်းကို တန်ဖိုးရှိစေပြီး ပြေလည်စေပါတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်
အရက်သေစာ နဲ့ လောင်းကစားလုပ်ခြင်း
ရှောင်ကြည်ပါ။

အစကောင်းမှ အနှောင်းသေချာသလို
မွေးလာတဲ့ သားသမီးကို လမ်းစ မခင်းပြပါနဲ့

တန်ဖိုးရှိစွာ နေထိုင်ရင် အဖိုးတန်တဲ့
ကလေးများသာ ရပါလိမ့်မည်။

အိမ်ရှင်မဆိုလဲ သားသမီးများကို
လိမ်မာရေးခြားရှိအောင်
သွန်သင်ဆုံးမနိုင်ပါစေ အဆဲတော့ မပါစေနဲ့

ကြားပါများရင် ကလေးတွေက
ပါးစပ်ထဲ စွဲနေတတ်သည်။

သင်လွယ် တတ်လွယ်တဲ့အရွယ်မှာ
အကောင်းဆုံးဖြစ်အောင် လမ်းပြပါ။

သံဆိုတာ ပူတုန်းပဲ လိုချင်တဲ့ပုံစံ ထုဆစ်လို့ရမယ်။
အေးခဲလာလေ မာကျောလာလေပဲ....

သားသမီးမကောင်းရင် မိဘခေါင်းတဲ့

သာယာသော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီစာကို အဆုံးထိဖတ္တဲ့လူဟာ
အသိပညာတိုးပွားပြီး အများကြီး
မဟုတ်ရင်တောင် အသိတရားတစ်ခု
ရလာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။

Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}

01/12/2022

တစ်ခါတစ်လေ လောကကြီးမှာ
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ
တစ်ခုတည်းကိုပဲကြည့်လို့မရဘူး...

သူတစ်ပါးကို
ဘယ်လိုလေးဖြည့်ဆည်းပေးရမလဲဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးတတ်ဖို့လဲ
လိုတယ်...

အရာရာတိုင်းမှာ..
ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ဦးစားမပေးပါနဲ့...
တစ်ကိုယ်ကောင်းမဆန်ပါနဲ့...

တစ်ခြားတစ်ဖက်ကိုလဲစာနာပြီးဦးစားပေးတတ်တဲ့စိတ်ကောင်းလေးရအောင်လဲ မွေးမြူပါ...။

♡ကေကေ♡

😱အရမ်းကောင်းတယ်2 ဗူးတောင် သုံးမကုန်သေးဘူး ရလဒ်တွေကို တကယ်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်😱အသားရည်ကြည်လင်ဝင်းပပြီး တဖြည...
01/12/2022

😱အရမ်းကောင်းတယ်2 ဗူးတောင် သုံးမကုန်သေးဘူး ရလဒ်တွေကို တကယ်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်😱
အသားရည်ကြည်လင်ဝင်းပပြီး တဖြည်းဖြည်း အသားအရေ ဖြူလာတဲ့အပြင်
တင်းတိတ် ဝက်ခြံ အမဲစက်ပြောက်
ခြေသဲ လက်သဲသန်မာ ဆံပင်သန်မာ
မျက်နှာ ချိုက်ခွက်
ဝက်ခြံကြောင့်ရောင်ရန်းခြင်း မှ ကာကွယ်တဲ့အပြင်
အိုမင်းရင့်ရောင်ချင်းကာကွယ် ပေးသေးတယ်ခ...
အရည်အသွေးပြည့်မှီ ပြီး ဝင်ငွေလဲရအောင်ပြန်လုပ်လို့ရပါသေးတယ်။

ကြိုးစားတိုင်းမအောင်မြင်ပေမဲ့အောင်မြင်တဲ့သူတိုင်းကြိုးစားကြတယ်မိတ်ဆွေ💪💪👑👑
26/11/2022

ကြိုးစားတိုင်းမအောင်မြင်ပေမဲ့
အောင်မြင်တဲ့သူတိုင်းကြိုးစားကြတယ်မိတ်ဆွေ💪💪👑👑

တစ်သက်မှာတစ်ခါဘဲ ရင်နှီးပြီးတစ်သက်လုံးငွေရှာလိုရတဲ့အလုပ်သေချာစဉ်စားကြည့်နော် ဖုန်းလေးနဲ့ဘဲ ထိုင်လုပ်နေရတာအပြင်မှာလို စက်...
26/11/2022

တစ်သက်မှာတစ်ခါဘဲ ရင်နှီးပြီးတစ်သက်လုံးငွေရှာလိုရတဲ့အလုပ်
သေချာစဉ်စားကြည့်နော် ဖုန်းလေးနဲ့ဘဲ ထိုင်လုပ်နေရတာ
အပြင်မှာလို စက်ရုံတွေလိုအပင်ပန်းမခံရဘူး မထရဘူး
စက်ရုံက ရတဲ့ ငွေနဲ့ ယှဉ်ကြည့်နော် တစ်ခါပဲဝယ်ရမှာ
ကြောက်နေရင် နေ့စားဘဝက လွတ်မှာမဟုတ်ဘူးနော်

#စိတ်ဝင်စားလို့ စီးပွားရေးလုပ်မယ်ဆို လာခဲ့ပါအားလုံးကို ကြိုဆိုပါတယ် နားမလည်တာကို အသေးစိတ် ရှင်းပြပေးတယ်နော်

သင့်ရဲ့မိသားစု  အနာဂတ်လှစေချင်ရင်ကိုယ်ပိုင်     စီးပွားရေးလုပ်ပါ။ ပစ္စည်းနစ်ခုဝယ်..2400  ဘတ်နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်...
24/11/2022

သင့်ရဲ့မိသားစု အနာဂတ်လှစေချင်ရင်ကိုယ်ပိုင် စီးပွားရေးလုပ်ပါ။

ပစ္စည်းနစ်ခုဝယ်..2400 ဘတ်နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရပါပြီရှင့်

ပစ္စည်း၀ယ်ယူတိုင်းအပိုလက်ဆောင်ကအများကြီးပေးတယ်နော်
ကိုယ်စလှယ် PN..အကောက်ရပီဆိုဝင်ငွေရှာနည်း

ပစ္စည်းပိုစရာမလို...ကုန်ပစ္စည်းတစ်ခုဝယ်ယူ..PN..တယောက်ရတိုင်းအမြတ်..300ဘတ်..
PN..1..300BPN..10..3000B

လက်ရှိအလုပ်ကထွက်စရာမလို..တစ်သက်လုံး ဝင်ငွေရှာလို့ရတဲ့..Droprich app ပြန် ဖြန့် ဝေတဲ့ ခေတ်သစ်အွန်လိုင်း ရဲ့ကိုယ်ပိုင်စီးပွားရေးစနစ်.ကိုယ်ဘဝပြောင်းလဲချင်းရင်..ကိုယ်တိုင်ဖန်းတီးယူပါ..

စိတ်ဝင်စားရင် cb ဖြစ် hi လုပ်ပေးပါနော်။

OMG😱တကယ်လုပ်တော့ တကယ်ရတယ်နော်တစ်သက် မှာ တစ်ခါရင်းရုံနဲ့ ရလာတဲ့ အမြတ်က တကယ်အားကျစရာကြီး၄, ၅ထောင်ရင်းပြီး...အဲလိုအမြတ်အမျာ...
17/11/2022

OMG😱တကယ်လုပ်တော့ တကယ်ရတယ်နော်
တစ်သက် မှာ တစ်ခါရင်းရုံနဲ့ ရလာတဲ့ အမြတ်က တကယ်အားကျစရာကြီး
၄, ၅ထောင်ရင်းပြီး...အဲလိုအမြတ်အများကြီး..ပြန်ရချင်ရင် ကိုကြီးဆီလာပြီးတော့ မေးလို့ရတယ်နော်
အလုပ်မရှိတဲ့လူဘဲမဟုတ်ဘူးနော် ဒီအလုပ်က လက်ရှိအလုပ်နဲ့တွဲလုပ်လို့ရတယ် အပိုဝင်ငွေရအောင်ကြိုးစားချင်ကြတဲ့ ညီမလေး မောင်လေးတွေပေါ့နော် အားလုံးကြိုဆိုပါတယ်နော်😍

မဂ်လာပါ
16/11/2022

မဂ်လာပါ

Address


Website

Alerts

Be the first to know and let us send you an email when Khaing Kyaw Moe-Kyauktaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share