Gaming Geek

Gaming Geek First E-Sports TV In Myanmar

13/02/2020

Gaming Geek အတွက် မြန်မာနိုင်ငံရဲ့အကောင်းဆုံးသော
CS-GO အသင်းတစ်သင်းလာမယ်နော်

Guess Who ?

13/02/2020
Popular Journal

နောက်ထပ်ကျေးဇူးအထူးပါ
Popular

PES SEA GAME ကိုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီလတွင်ကျင်းပသွားမည်

ပြည်တွင်း ၌ E Sports အားကစားနယ်ပယ်ပိုမိုတိုးတက်လာရေးအတွက် ပြည်တွင်းESports ကုမ္ပဏီသစ်တစ်ခုဖြစ်သည့် Gaming Geek ကစီစဥ်ကျင်းပသည့် ကုမ္ပဏီမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်း၊ VISTA BARတွင် ဖေဖော်ဝါရီလ ၉ရက် ညနေ၄နာရီခွဲကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်တွင်း ESports အသင်းများ၏ စုဖွဲ့မှုပိုမိုကောင်းမွန်စေရန်၊ ကစားသမားများ အပြောင်းအရွေ့ဈေးကွက်ဖြစ်ပေါ်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုသဖွယ် Professionalကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြည်တွင်း ESports League များကို စီစဥ်ကျင်းပရခြင်းဖြစ်သည်ဟု Gaming Geek ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဉီးသူရထွန်းကပြောကြားခဲ့ပါသည်။ ယင်းအပြင် PES SEA GAME ကိုလည်းမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီလတွင်ကျင်းပသွားမည်ဖြစ်သည်။

13/02/2020

ကျေးဇူးအထူးပါ Popular

PES SEA GAME ကိုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီလတွင်ကျင်းပသွားမည်

ပြည်တွင်း ၌ E Sports အားကစားနယ်ပယ်ပိုမိုတိုးတက်လာရေးအတွက် ပြည်တွင်းESports ကုမ္ပဏီသစ်တစ်ခုဖြစ်သည့် Gaming Geek ကစီစဥ်ကျင်းပသည့် ကုမ္ပဏီမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်း၊ VISTA BARတွင် ဖေဖော်ဝါရီလ ၉ရက် ညနေ၄နာရီခွဲကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်တွင်း ESports အသင်းများ၏ စုဖွဲ့မှုပိုမိုကောင်းမွန်စေရန်၊ ကစားသမားများ အပြောင်းအရွေ့ဈေးကွက်ဖြစ်ပေါ်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုသဖွယ် Professionalကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြည်တွင်း ESports League များကို စီစဥ်ကျင်းပရခြင်းဖြစ်သည်ဟု Gaming Geek ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဉီးသူရထွန်းကပြောကြားခဲ့ပါသည်။ ယင်းအပြင် PES SEA GAME ကိုလည်းမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီလတွင်ကျင်းပသွားမည်ဖြစ်သည်။

ရွှေရည်
ဓါတ်ပုံ-အောင်နိုင်စိုး

11/02/2020

မန္တလေး နဲ့အတူ
မြန်မာနိုင်ငံအတွက် SEAFINALS

10/02/2020

မြန်မာ နိုင်ငံမှာ FIFA Pro တွေရှိလားဗျို့
သိခြင်မိတယ် ၊ Comment လေးတွေပေးသွားကြပါ

မကြာမီပေါ့နော်

10/02/2020

PES SEA Game Myanmar 2020 (ဆုကြေး ဒေါ်လာ 9000)

မြန်မာငွေနဲ့ဆိုရင် ၁၃၅ သိန်းပါ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် PES SEA Game ကို ကျွန်တော်တို့ Gaming Geek နဲ့ PES Myanmar Society တို့ ပူးပေါင်းပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

PES SEA Game ကို အိမ်ရှင်မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက် နမ်၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဘရူနိုင်း နိုင်ငံ (၉) နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ SEA Game ဆိုလို့ အရှေ့တောင်အာရှအားကစားပွဲကြီးနဲ့ မမှားစေချင်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် PES ပြိုင်ပွဲမို့လို့ PES SEA Game လို့ နာမည်ပေးထားတာပါ။

ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နဲ့ ၅ ရက်တို့မှာ မြန်မာတို့ရဲ့ နှလုံးသား မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မန္တလေးမြို့ကို ရွေးချယ်ရတာကတော့ နိုင်ငံခြားခရီးသွားလုပ်ငန်းကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

မြန်မာကိုယ်စားပြုယှဉ်ပြိုင်မယ့် အသင်းတွေကိုတော့ PES Myanmar Society က ပြိုင်ပွဲကျင်းပပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ PES Myanmar Society ရဲ့ page မှာ အသေးစိတ်ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလံကို မန္တလေးမြေမှာ အမြင့်ဆုံးလွှင့်ထူကြပါစို့။

10/02/2020

BRACE YOUR SELF ပါ
ဒီရက်ပိုင်း Gaming Geek ကကြေညာစရာတွေများတယ်

ဂိမ်း ( ၆ ) မျိုးပါတယ် ... လောလောဆယ်တော့ဒါပဲပြောထားဦးမယ်ဗျို့

09/02/2020

ယနေ​့ E-Sports Party
မိမိကြိုက်နှစ်သက်ရာပုံကိုရွေးချယ်ပါ














GGWP

09/02/2020

VISTA BAR LOCATION ပါ

Bus ကားနဲ့ လာမယ့် ရဲဘော်တွေအနေနဲ့ ရွှေဂုံတိုင်မှတ်တိုင်မှာဆင်းပြီး တိုက်အနီရောင် ၃ လွှာကိုတက်ခဲ့ပါ ....

Taxi နဲ့ လာမယ့်သူဆိုရင် Grab မှာ Vista Bar လို့ရိုက်ပြီးရှာလိုက်ပါ။ ဒီအတိုင်းငှားမယ်ဆို ရင်
The One Music Entertainment နဲ့မျက်စောင်းထိုး ။ ရွှေဂုံတိုင်နဲ့ ရေတာရှည်လမ်းဟောင်းဒေါင့်မှာဆိုရင်ရပါပြီ

ညနေလေးနာရီမှာတွေ့ကြမယ်နော်

08/02/2020

ကျွန်တော်တို့ Gaming Geek ရယ်လို့ ဖြစ်လာအောင် အကြံဉာဏ်တွေပေးတယ်။

ပြိုင်ဘက်လို့ သဘောမထားဘဲ လက်တွဲကူပေးတယ်။ လိုအပ်တဲ့ အကူအညီတွေကို အများကြီးပေးခဲ့တယ်။

ဒီလို အဖွဲ့ကို မေ့ထားခဲ့လို့ဖြစ်ပါ့မလား။

X Gaming က အစ်ကိုတွေကို ကျွန်တော်တို့ရဲ့ အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားထားပါတယ်။

X Gaming ရဲ့ Fan တွေရော သူတို့နဲ့တူတူ လာပြီး ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကို အတူခံစားကြမယ်မဟုတ်လား။

Vista Bar မှာ ဆုံကြမယ် ရဲဘော်တို့။

08/02/2020

E-Sports ဆိုတော့ Caster တွေက ယောက်ျားလေးတွေပဲလား လို့ မမေးပါနဲ့။

ကျွန်တော်တို့ရဲ့ Special Guest အနေနဲ့ Girl Caster တစ်ယောက်ဖြစ်တဲ့ Show Show ကို ဖိတ်ကြားထားပါတယ်။

Show Show ရဲ့ Fan တွေရှိလား။ ခင်ဗျားတို့ ပြောကြည့်။ ကိုယ့်ရဲ့ idol Show Show နဲ့ဓာတ်ပုံတွဲရိုက်ရမယ့် အခွင့်အရေးကို လက်လွတ်ခံမှာလား။

မနက်ဖြန် ညနေ ၄ နာရီ Vista Bar မှာ ဆုံကြမယ် ရဲဘော်တို့။

06/02/2020

10 Mile ESports ကို ချစ်တဲ့သူ ဘယ်လောက်များသလဲ သိချင်မိတယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံး ESports Partyမှာ Special Guest အနေနဲ့ ဖိတ်ကြားချင်တာကတော့ အခုတလောနာမည်ကြီးနေတဲ့ 10 Mile ESports ပါပဲ။

ခင်ဗျားတို့ 10 Mile ကို ချစ်တယ်ဆိုရင်၊ ကျွန်တော်တို့ Gaming Geek က Team တွေ၊ Streamer တွေ၊ Caster တွေကို ချစ်တယ်ဆိုရင် လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဆုံကြမယ် ရဲဘော်တို့။

04/02/2020

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး E-Sport Party ကို Vista Sports Bar မှာလုပ်ဖို့ စီစဉ်ထားပါပြီနော်။

ပျော်ရွှင်စရာ အထူးအစီအစဉ်တွေနဲ့ အတူတူ မိမိကြိုက်နှစ်သက်တဲ့ ဂိမ်းအကြောင်းတွေကို တစ်ဝကြီးဆွေးနွေးနိုင်မယ့် ပွဲတစ်ခုလည်းဖြစ်ပါတယ်။

E-Sport ကစားသမားတွေ၊ Streamer တွေနဲ့ Caster တွေ အများကြီးလာရောက်ပါဝင်ကြမယ့်အပြင် Gaming Geek ရဲ့ E-Sport team တွေ၊ Streamer တွေ Caster တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံနိုင်ဖို့ စီစဉ်ထားပါတယ်။

Team Veteran ၊ Vital ၊ Xcripted ၊ PES Myanmar Society ၊ Don Steven ၊ Nga Mizz ၊ Shantain ၊ Doggy ၊ Ayote ၊ Sophia တို့က Gaming Geek ရဲ့ မိသားစုတွေအနေနဲ့ Fan တွေနဲ့ တွေ့ဆုံပြီး ပျော်ရွှင်စရာ အစီအစဉ်တွေကို
ဖန်တီးပေးသွားမှာ မို့လို့ အတူတကွခံစားကြရအောင်ပါ။

အောက်မှာပြောထားတဲ့အစီအစဉ်အတိုင်းကျင်းပသွားမှာမို့လို့ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်နော်။

Time ။ ။ 4: 00 PM to 5:00 PM (Media)
5: 00 PM to 9:00 PM (Party Time)

Place ။ ။ Vista Sport Bar (အနောက်ရွှေဂုံတိုင်လမ်း နှင့် ရေတာရှည်လမ်းဟောင်း ထောင့်)

Date ။ ။ 9.2.2020 (Sunday)

Address


Alerts

Be the first to know and let us send you an email when Gaming Geek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

GG KWAR

Welcome to Gaming Geek!

Gaming Geek strive to be the first in the industry to develop, build and expand our community that will not only be sustainable locally, but to flourish internationally.

Tune in to get to know our latest news and improvement in the gaming industry firsthand.