Missy

Missy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Missy, Digital creator, .

 ေးမို့ လိုအပ်ချက်များကို ထောက်ပြပေးနိုင်ပါတယ်။knowledge sharing မဟုတ်ပါ ။ ✍️ သင်ရေးတဲ့ Content က စာပျက် တစ်ပုဒ်ဖြစ်နေပြ...
17/06/2023

ေးမို့ လိုအပ်ချက်များကို ထောက်ပြပေးနိုင်ပါတယ်။
knowledge sharing မဟုတ်ပါ ။

✍️ သင်ရေးတဲ့ Content က စာပျက် တစ်ပုဒ်ဖြစ်နေပြီလား။

📮 စာပျက်ဆိုတာက သင်ရေးသားလိုက်တဲ့ စာတစ်ပုဒ်က သတ်ပုံမှားယွင်းနေတာကို ပြောတာပါ။
ရှေးစာဆိုတွေက လူညံ့ ဟုပင် သတ်မှတ်ကြသည်။

သင်ရေးထားသော စာတစ်ပုဒ်ရဲ့ ၀ါကျအထားအသို၊ သတ်ပုံ မှန်ကန်မှု ကလည်း သင့်ရဲ့စာပေအဆင့်အတန်းပါပဲ။

🌈 ထိမိဂွိနေတဲ့ Content တစ်ပုဒ်ကလည်း သတ်ပုံမှားယွင်းပါက စာပျက်တစ်ပုဒ်သာသာပါပဲ။

ယနေ့ခေတ်တွင် မြန်မာ စာပေနှင့် ကွာဝေးလာသည်နှင့်အမျှ စာလုံးပေါင်းသတ်ပုံ အမှန်ကို သတိပြုရေးသားသူ မှာ ရှားပါးလာခဲ့ပါပြီ။
နေ့စဥ်နေ့တိုင်း မြန်မာစကားပြောနေတယ်၊ မြန်မာစာတွေရေးနေကြတယ် ဒါပေမယ့်လည်း ဘယ်လိုပဲ ရေးရေး တခြားသူနားလည်ရင် ပြီးရော ဆိုတဲ့ အပျက်သဘော ဆောင်တဲ့ အတွေးတွေကြောင့် အသံတူပြီး သတ်ပုံ မှားနေသည့် စကားလုံးတွေကို မှန်သယောင်ထင်လာခဲ့ကြသတယ်။

ဥပမာ - ထမင်းစားပီးပီလား ။

📈 သံတူကြောင်းကွဲ စကားလုံးတွေမှာ အသံချင်းမကွဲသည့်အခါ မှားယွင်းပြီး ရေးသားတတ်ပါတယ်။

ဥပမာ- (၁) ကြက်သည် ဆိတ်ကို ခြံထဲမှ ကြည့်နေ၏။
(၂) ကျက်သီ ဆိပ်ကို ချန်ဋ္ဌဲမှ ကျိနေအိ။

ထို စာ (၂) ကြောင်းကို လေ့လာကြည့်ပါက အသံတူသည့်အတွက် သတ်ပုံမှားတတ်ကြောင်း သိနိုင်သည်။

အပင့်၊ အရစ်၊ အသတ်၊အလတ် မှန်ကန်စွာရေးသားကြရန် ရှေးက ကျမ်းဂန်တွေက သတိပေးရေးသားခဲ့ကြပါတယ်။

သာလွန်မင်းတရားကြီးလက်ထက်က မြို့ဝန်ကို နသတ် မရေးဘဲ သေးသေးတင်၍ မြို့ဝန်မဟုတ်တော့ဘဲ တောထဲမှ ဝံဖြစ်သွား၍ ထိုစာရေးလည်း ရာဇဝတ်ဒဏ်ကိုခံခဲ့ရဖူးကြောင်း စသော သာဓကများစွာ ရှိခဲ့ပါတယ်။

ရှေးအခါက သတ်ပုံမှားလျှင် လက်ဖြတ်ခံရ တယ်ဆိုပြီးလည်း ကြားဖူးနား၀ ရှိခဲ့ကြပါတယ်။

အထက်တွင် ရေးသားခဲ့သည်မှာ သတ်ပုံသည် မည်မျှအရေးကြီးကြောင်း သိစေရန် ရေးသားထားခြင်းဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when Missy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Missy:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share