Pravda Burmese

  • Home
  • Pravda Burmese

Pravda Burmese လွတ်လပ်သော တော်လှန်ရေးသတင်းစဉ်

၃-ရက်ဆက်တိုက် KIA တပ်မဟာ-(၅) အလောဘွမ်တိုက်ပွဲအတွင်း မအလ ရဲ့သားလိမ်မာများ အယောက်-(၃၀) ကို မိမိတို့ KIA မှဖမ်းဆီးထိန်းသိမ်...
13/04/2021

၃-ရက်ဆက်တိုက် KIA တပ်မဟာ-(၅) အလောဘွမ်တိုက်ပွဲအတွင်း မအလ ရဲ့သားလိမ်မာများ အယောက်-(၃၀) ကို မိမိတို့ KIA မှဖမ်းဆီးထိန်းသိမ်းထားပါတယ်....လက်နက်ခဲယမ်းမြောက်အများကိုလညီးသိမ်းဆည်းရမိထားပါတယ်......

ပြည်တွင်း/ပြည်ပ လူရာသွင်းခြင်းမခံရသော ဖက်ဆစ်ကောင်စီ၏ ဝါဒဖြန့်လက်နက်တစ်ခုဖြစ်သည့် မြဝတီ သည် ယခုအခါ Telegram platform စီရေ...
13/04/2021

ပြည်တွင်း/ပြည်ပ လူရာသွင်းခြင်းမခံရသော ဖက်ဆစ်ကောင်စီ၏ ဝါဒဖြန့်လက်နက်တစ်ခုဖြစ်သည့် မြဝတီ သည် ယခုအခါ Telegram platform စီရောက်ရှိလာပြီဖြစ်ရာ အောက်ပါလင့်ခ်များတွင် ရီပို့ထုနိုင်ပါသည်။

https://t.me/mwdnews

https://t.me/mwdnewspaper

ပြည်တွင်းသတင်း ရုပ်သံဗီဒီယိုများကြည့်ရှုနိုင်ပါ

လူသတ်ဖက်ဆစ်စစ်ကောင်စီမှ မတရားသဖြင့် သေဒဏ်များချမှတ်နေ။
13/04/2021

လူသတ်ဖက်ဆစ်စစ်ကောင်စီမှ မတရားသဖြင့် သေဒဏ်များချမှတ်နေ။

CDM မှာ ပါဝင်တဲ့ ဆရာဝန် ၂ဝ ၊ အဆိုတော် ဖြူဖြူကျော်သိန်းအပါဝင်၊ ဆိုရှယ်အင်ဖလူယင်ဇာ အယောက် ၂၀ ကိုလည်း ၅၀၅ (က) နဲ့ ဖက်ဆစ်လူသ...
13/04/2021

CDM မှာ ပါဝင်တဲ့ ဆရာဝန် ၂ဝ ၊ အဆိုတော် ဖြူဖြူကျော်သိန်းအပါဝင်၊ ဆိုရှယ်အင်ဖလူယင်ဇာ အယောက် ၂၀ ကိုလည်း ၅၀၅ (က) နဲ့ ဖက်ဆစ်လူသတ်ကောင်စီက ဒီကနေ့ ဧပြီ ၁၃ မှာ ဖမ်းဝရမ်းထုတ်ပြန်

13/04/2021

Breaking!!!

ခေတ်သစ်၊ ဧပြီလ ၁၃ ရက်။

ရန်ကုန်က ရန်ကင်း၊ ဗဟန်း၊ တောင်ဥက္ကလာ၊ မြေနီကုန်း မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီက ကားတွေကို ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ ကနဦးသတင်းရရှိပါတယ်။ ဦးချစ်မောင်လမ်းပေါ်မှာ မောင်းပြေးတဲ့ ကားတစီးကို ပစ်ခတ်လို့ လူတဦးသေဆုံးတယ်ဆိုတဲ့ သတင်းလည်း လတ်တလော ပျံ့နေပါတယ်။

#ခေတ်သစ်

မြစ်ငယ်မြို့တွင် ဖက်စစ်ခါးပိုက်ဆောင် လက်မရွံ့များ ရမ်းကားမှုကြောင့်ကျဆုံးဒဏ်ရာရသူများရှိလာ။
13/04/2021

မြစ်ငယ်မြို့တွင် ဖက်စစ်ခါးပိုက်ဆောင် လက်မရွံ့များ ရမ်းကားမှုကြောင့်ကျဆုံးဒဏ်ရာရသူများရှိလာ။

တော်လှန်သော သင်္ကြန်အကြိုနေ့တွင် ပြည်သူများ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဖက်ဆစ်စစ်‌ခွေးကိုမောင်းထုတ်လျက်ရှိ။  #ပရာပဒ...
13/04/2021

တော်လှန်သော သင်္ကြန်အကြိုနေ့တွင် ပြည်သူများ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဖက်ဆစ်စစ်‌ခွေးကိုမောင်းထုတ်လျက်ရှိ။

#ပရာပဒါး

✊🏼 အာဏာရှင်ပညာရေးကို သပိတ်မှောက်ကြ။ ရရာနည်းနဲ့ ဆန့်ကျင်ကြ၊ တွန်းလှန်ကြ၊ တော်လှန်ကြ! ဖက်ဆစ်အောက်က ပညာကို ဖက်ဆစ်တွေပဲသင်လိ...
13/04/2021

✊🏼 အာဏာရှင်ပညာရေးကို သပိတ်မှောက်ကြ။ ရရာနည်းနဲ့ ဆန့်ကျင်ကြ၊ တွန်းလှန်ကြ၊ တော်လှန်ကြ! ဖက်ဆစ်အောက်က ပညာကို ဖက်ဆစ်တွေပဲသင်လိမ့်မယ်။

Visual: UY Student
Twitter: https://twitter.com/uystudentsunion/status/1381926982779248644?s=21

"သမဂ္ဂရုံးခန်းမှ စတီခုံများ၊ဂစ်တာများကွန်ပျူတာ နှင့်အခြားပစ္စည်း​​တော်​တော်များများ ကို စစ်တပ်က ခိုးယူခဲ့ပြီးစာအုပ်စင်ကိ...
13/04/2021

"သမဂ္ဂရုံးခန်းမှ စတီခုံများ၊ဂစ်တာများကွန်ပျူတာ နှင့်အခြားပစ္စည်း​​တော်​တော်များများ ကို စစ်တပ်က ခိုးယူခဲ့ပြီး
စာအုပ်စင်ကိုချန်ထားခဲ့သည်။

​ကျောင်းသားများက စစ်​ခွေးများ စာမဖတ်တတ်၍စာအုပ်စင်ကိုမယူသွားခြင်းဖြစ်​ကြောင်း သုံးသပ်​ပြော​ဆို​နေကြသည်။"

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

တမူးမြို့အား ဖက်ဆစ်စစ်အုပ်စုမှ စစ်ဆင်ရေးဆင်နွှဲဧပြီ ၁၀ ရက်နေ့တွင် တမူးမြို့၌ ဖက်ဆစ်စစ်အုပ်စု၏ ခါးပိုက်ဆောင်တပ်ဖွဲ့ဝင် ၁၈...
13/04/2021

တမူးမြို့အား ဖက်ဆစ်စစ်အုပ်စုမှ စစ်ဆင်ရေးဆင်နွှဲ

ဧပြီ ၁၀ ရက်နေ့တွင် တမူးမြို့၌ ဖက်ဆစ်စစ်အုပ်စု၏ ခါးပိုက်ဆောင်တပ်ဖွဲ့ဝင် ၁၈ ဦး‌ သေဆုံးမှုကြောင့် တမူးမြို့အား ဖက်စစ်စစ်အုပ်စုမှ အကြီးအကျယ် လက်စားချေလျက်ရှိသည်။

ယမန်နေ့ ဧပြီ ၁၂ တွင် ၎င်းတို့၏ အကြမ်းဖက်မှုကြောင့် တမူးဒေသခံ ၂၀၀ ကျော် အိန္ဒိယနိုင်ငံအတွင်းသို့ ရှောင်တိမ်းနေပြီး ညဖက်တွင် ပုဒ်မ ၁၄၄ အားဖောက်ဖျက်သည်ဟု စွပ်စွဲကာ ပြည်သူနှစ်ဦးအား ပစ်သတ်ခဲ့သည်။

ယနေ့ ဧပြီ ၁၃ တွင် တမူးမြို့အား ၄၈နာရီ မာရှယ်လောထုတ်ပြီး ဖက်ဆစ်လက်မရွံ့များ တမူးမြို့လမ်းမများတွင် နေရာယူထားကြကာ တွေ့သမျှလူများအား ပစ်ခတ်လျက်ရှိသည်။

ဈေးတန်း ၇၊၈ နှင့် စန္ဒကူးရပ်ကွက်တို့တွင် စစ်ဆင်ရေးသဖွယ် တစ်အိမ်တတ်ဆင်း ခြိမ်းခြောက်ရန်မူလျက်ရှိသည်။

ထိုသို့ စစ်ဆင်ရာတွင် ဂေါ်ရခါးလူမျိုးများအား အထူးပစ်မှတ်ထား၍ ၎င်းတို့၏ ရွှေ၊ငွေ၊ ဖုန်း စသည်တို့အား ဓားပြတိုက်လျက်ရှိသည်။

လက်ရှိတွင် တမူးမြို့အား တင့်ကားများနှင့် ပိတ်ဆို့ဝန်းရံထားကာ ဝေဟင်မှ ဒရုန်းများနှင့်လည်း ထောက်လှမ်းလျက်ရှိသည်။

#ပရာပဒါး

ဖက်ဆစ်စစ်အုပ်စုကြောင့် သင်္ကြန်ပွဲတော်မကျင်းပကြ။ ရန်ကုန်နှင့် မန္တလေးတွင် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ။
13/04/2021

ဖက်ဆစ်စစ်အုပ်စုကြောင့် သင်္ကြန်ပွဲတော်မကျင်းပကြ။

ရန်ကုန်နှင့် မန္တလေးတွင် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ။

Address


Website

Alerts

Be the first to know and let us send you an email when Pravda Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share