Zinme' Block

Zinme' Block A Burmese Guide of Life in Thailand

10/09/2024

ချင်းမိုင် ရဲ့အလှတရားတွေထဲက တစ်ခုအပါအဝင်နေရာလေး 🥰

22/07/2024

ချင်းမိုင်မြို့ Doi Suthep တောင်ပေါ်တက်သွားပြီးရင် Doi Pui ဆိုတဲ့ မုမ်း (Hmong) တိုင်းရင်းသားတွေနေတဲ့ ရွာလေးရှိတယ်
ခုလိုမိုးတွင်းအခါသွားရင်လဲရသလို ဆောင်းတွင်းဘက်သွားရင်လဲ လှနေပြီ
မနက်ပိုင်းသွားလို့ ရွာထဲပတ်လျှောက်ရင် မြူတွေကြားထဲလျှောက်နေရတာ အရမ်းမိုက်တယ်
မင်မင်ကတော့ အဲ့ရွာထဲက ခေါက်ဆွိုင် ( khao soi) ဆိုတဲ့ မြောက်ပိုင်းအစားအစာကို စားခဲ့သေးတယ် ရှယ်ကောင်းပဲ 😁

20/07/2024

ခုဆို ချင်းမိုင်မှာ မြန်မာဆိုင် လုံးဝ မရှားတော့ပါဘူး၊ ကျနော်ရောက်တုန်းကဆို တစ်မြို့လုံးမှ ၃ ဆိုင်လားရှိတာ၊ ဒါတောင် အိမ်ဆိုင်လေးတွေ၊ ခုဆို မနည်းကို လိုက်ရေတွက်နေရပြီ။ အဲ့တော့ ကိုယ်လဲ စာရင်းလုပ်ပြီးသားဖြစ်၊ ခုမှရောက်တဲ့သူတွေရော နောက်လာမယ့်သူတွေရော အဆင်ပြေအောင် list လုပ်ထားလိုက်ပါတယ်။ အသစ်တိုးတဲ့ဆိုင်တွေကိုလဲ ဒီထဲမှာ update လုပ်သွားမယ်။ ကျန်ခဲ့လဲ မန့်ပေးနော်။

စားသောက်ဆိုင်များ
————

ဒေါ်တိုးတိုး (Blessing of the Lord)
မြန်မာထမင်းဟင်း၊ ကုန်ခြောက်၊ စနေဝက်သားတုတ်ထိုး
https://maps.app.goo.gl/T13z8R99QsoFs2VbA

Nong Bee
မြန်မာထမင်းဟင်း၊ ၁၅ ရက်တစ်ကြိမ်ပိတ်
https://maps.app.goo.gl/RyYn5eajYaG9t3bn8

Golden Gate
လက်ဖက်ရည်ဆိုင်၊ စနေဒန်ပေါက်ရတတ်
https://maps.app.goo.gl/Kc8Mviijor3LrKe16

Burma Kitchen
မနက်စာ၊ ညနေဘီယာရ
https://maps.app.goo.gl/W28iqXTbdLRnnq9Y7

အလွမ်းပြေ
လက်ဖက်ရည်ဆိုင်၊ စမူဆာကောင်း
https://maps.app.goo.gl/CgrytwFopeTUH95o7

အိမ်တိုင်းရင်းသားစားသောက်ဆိုင်
မြန်မာထမင်းဟင်း၊ တရုတ်စာ၊ ဟင်းပွဲစုံ
https://maps.app.goo.gl/EdzfMmtriAjTwBJo6

Outlaws Bar and Grill
မြန်မာဘား
https://maps.app.goo.gl/bXkhbo5Rr41ZgJQW9

D-Noddles
ရှမ်းခေါက်ဆွဲ
https://maps.app.goo.gl/ERybGGYLsMzimX2W9

Kitchen Mandalay
မြန်မာထမင်းဟင်း၊ မနက်စာ
https://maps.app.goo.gl/1RZ9YG3fnWcvNsXE9

Rangoon Food House
မြန်မာထမင်းဟင်း၊ မနက်စာ၊ သင်္ကြန်ထမင်းရတတ်�
https://maps.app.goo.gl/BWrGwU5qbFsTUih1A

Cherry Burmese
မြန်မာထမင်းဟင်း၊ အိန္ဒိယထမင်းဟင်း
https://maps.app.goo.gl/kc2RXsFZtsh7F6PR9

ဇင်းမယ်တီးဟောက်စ်
လက်ဖက်ရည်၊ မနက်စာ
https://maps.app.goo.gl/jFpTHDZqkbUXqoza8

CMKO
ကြေးအိုးဆိုင်
https://maps.app.goo.gl/XWrAWSETPAeZa9hu7

Nan Saw ရှမ်းဆိုင်
ရှမ်းခေါက်ဆွဲ၊ အကြော်စုံ၊ ကောက်ညှင်းငချိတ်
https://maps.app.goo.gl/tR1KovaQda17Yr6p6

ခေတ္တရာ
မြန်မာထမင်းဟင်း
https://maps.app.goo.gl/dgZrzWZsgqbhppnY8

Ohatee
မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ အသုတ်
https://maps.app.goo.gl/AVWhEyz9ZMiXGMFy8

Gatone’s Teashop
လက်ဖက်ရည်၊ မုန့်ဟင်းခါး
https://maps.app.goo.gl/Et1Nnumw2xQccC1RA

Chili Bowl
မာလာရှမ်းကော၊ တရုတ်စာ
https://maps.app.goo.gl/pUSdiyE7vFWEbjUNA

အဝေးအိမ်
ထမင်းဗူး၊ မနက်စာ
https://maps.app.goo.gl/m7bxXmsK8QQ164Ti8

Jazz Pork Sticks
ဝက်သားတုတ်ထိုး၊ အမဲအူ
https://maps.app.goo.gl/97k5NNtRX5wv1du2A

Burma iCon
မြန်မာထမင်းဟင်း
https://maps.app.goo.gl/qxg8MGMSjhHzsARKA

Chennai to Rangoon
ချစ်တီးထမင်း
https://maps.app.goo.gl/svkN24RcYU9Gy3fM8

Thai Yai
မြန်မာထမင်းဟင်း
https://maps.app.goo.gl/DdisfbgrKS4RNVN77

Weatherspoons
Old Town ထဲက မြန်မာဘား
https://maps.app.goo.gl/rivu3e8Fzd2ngtNLA

Nam Chyim - Kachin Kitchen
ကချင်စားသောက်ဆိုင်
https://maps.app.goo.gl/ZUA35v6bBkAK8jwo8

မြိန်တော် (Thin Thin Pizza အတွင်း)
ရခိုင်မုန့်တီ
https://maps.app.goo.gl/69NYHGWJP1XbTxNa9

The Root
စားသောက်ဆိုင်
https://maps.app.goo.gl/8J1exw1AAdnxisCv8

ထမင်းဟင်းမှာယူရန် နှင့် ကုန်ခြောက်
———

Burmese Food Bank
မြန်မာထမင်းဟင်း
https://www.facebook.com/burmesefoodbank

Amee’s Kitchen
အိန္ဒိယအစားအစာ
https://www.facebook.com/burmesemomkitchen

Myan Yum အိမ်ချက်စားဖွယ်စုံ
အကြော်၊ အချက်
https://www.facebook.com/profile.php?id=61560603565650

Premium Burma
ကုန်ခြောက်စုံ
https://www.facebook.com/PremiumBurma

စိုင်းသီဟ
ကယားဝက်အူချောင်း
https://www.facebook.com/sai.thiha.524

Big Brothers
ကယားဝက်အူချောင်း
https://www.facebook.com/bbsausages

18/07/2024

To the Doi Pui village

26/06/2024

SHABUKINI

Shabu ကြိုက်သူတွေအတွက် အရမ်းတန်တဲ့ buffet ဆိုင်လေးကို ညွှန်းပေးတာပါရှင်
ဆိုင်က ချင်းမိုင်မြို့ Phayap university ဝန်းထဲမှာပါ လူအရမ်းမရှုပ်ပဲ aircon ခန်းထဲမှာ အေးဆေးစားရမှာဖြစ်ပြီး
အရည် ၄ မျိုးရ၊ အသား ၄ မျိုး၊ အအေး ၇ မျိုး၊ ရေခဲမုန့် ၃ မျိုး ဆိုတော့ စားနိုင်ရင်တော့ အရမ်းတန်နေပြီနော် seafood မှာ ပုစွန်မပါတာလေးတစ်ခုတော့ ချွင်းချက်ပါ
ရှာရလွယ်အောင် google map လေးထည့်ပေးထားပါတယ်ရှင်

https://maps.app.goo.gl/p8cKE8LPrExRQhKJ6?g_st=com.google.maps.preview.copy

10/11/2023

ဒီနေရာလေးက ချင်းမိုင်မှာ ခရီးသွားတွေအသွားများတဲ့ နေရာလေးပါ (ဂျပန်လမ်းဆိုပြီးလူသိများ)
ထိုင်းတွေကတော့ ပိုက်ဆံရှာတဲ့နေရာမှာ အရမ်းတော်တယ်ပြောရမယ် ရေမြောင်းနေရာကိုတောင် လာလည်ချင်အောင်လုပ်နိုင်ကြတယ်
ကိုယ်လဲနာမည်ကြီးနေလို့ သွားလည်ထားတုန်းက video လေး တင်ပေးလိုက်ပါတယ်

03/10/2023

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ old town ထဲက အထှာကျတဲ့ coffee ဆိုင်

29/09/2023

ချင်းမိုင်ကနေတဲ့သူတွေကမ်းခြေလိုမျိုးသွားအနားယူတဲ့ မြို့ထဲနဲ့လဲအလှမ်းမဝေးတဲ့ တောင်ခြေကဆည်ကြီးဆီကိုသွားလည်ကြရအောင်။
ဝင်ကြေးက ထိုင်းလူမျိုးဆိုတစ်ယောက် ဘတ် ၂၀ နဲ့ နိုင်ငံခြားသားဆို ဘတ် ၅၀ ပေးရပါတယ်။
ဆည်ရဲ့ပတ်ပတ်လည်မှာ ဝါးတဲလေးတွေနဲ့အနားယူလို့ရပြီး အစားအသောက်တွေလဲမှာစားလို့ရသလို ကိုယ့်အိမ်ကနေယူသွားလို့လဲရပါတယ်။
ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေလဲရှိပါတယ်။
အရမ်းအေးချမ်းပြီး မိသားစုတွေ short trip သွားလည်လို့ကောင်းတဲ့နေရာလေးမို့ ညွှန်းပေးတာပါနော်။

https://maps.app.goo.gl/QZPqhHJH1DLDgaJP6

29/09/2023

ထိုင်းနိုင်ငံမှာသာတွေ့ရမဲ့ ထူးဆန်းတဲ့အယူသီးမှု (10) ခု

ထိုင်းလူမျိုးတွေကအယူသီးတဲ့လူမျိုးတွေ ဖြစ်ကြပြီး ရေတွက်လို့မရတဲ့ရိုးရာယုံကြည်မှုတွေလည်းရှိကြပါတယ်။ အယူသီးမှုတွေမှာတော့ သရဲတွေ ဝိဥာဥ်တွေ နဲ့ကံမကောင်းခြင်းတွေပါဝင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ Life in Thailand ကနေပြီးတော့ ထိုင်းနိုင်ငံမှာသာတွေ့ရမဲ့ ထူးဆန်းတဲ့အယူသီးမှု (10) ခုကိုပြောပြပေးချင်ပါတယ်။

(1) သရဲတွေက ထီပေါက်ဂဏန်းပြောပြမယ်လို့ယုံကြည်ခြင်း
သရဲတွေ ဝိဥာဥ်တွေကတော့ ထိုင်းရဲ့ရိုးရာယုံကြည်မှုနဲ့ပတ်သက်လာရင် မပါမဖြစ်အရာတွေပဲဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေက သရဲတွေ ဝိဥာဥ်တွေက ထီပေါက်ဂဏန်းကိုကြိုတင်ခန့်မှန်းနိုင်တယ်လို့ယုံကြပါတယ်။ ဒီလိုအရာတွေက ပုံစံမျိုးစုံနဲ့ရှိပြီး ထီဂဏန်းအတိတ်နိမိတ်ပေးတဲ့ သရဲခြောက်တဲ့သစ်ပင်ဆိုပြီးတောင်ရှိပါတယ်။

(2) ဗုဒ္ဓဟူးနေ့မှာဆံပင်မညှပ်ရ
ဆံပင်ညှပ်ဆိုင်အတော်အများကတော့ ဗုဒ္ဓဟူးနေ့မှာ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲပိတ်ကြပါတယ်။ ထိုင်းလူမျိုးတွေကဗုဒ္ဓဟူးနေ့မှာဆံပင်ညှပ်တာကကံမကောင်းစေဘူးလို့ယူဆရုံမကဘဲ ဗုဒ္ဓဟူးနေ့က မင်္ဂလာရှိတဲ့နေ့လို့လည်းယူဆကြပြန်ပါတယ်။ ဒီယုံကြည်မှုကတော့ တော်ဝင်မိသားစုတွေက ဗုဒ္ဓဟူးနေ့မှာဆံပင်ညှပ်ကြပြီး သာမာန်လူတွေကို အဲဒီနေ့မှာဆံပင်ညှပ်ဖို့တားမြစ်တာကနေစခဲ့တာလည်းဖြစ်ပါတယ်။

(3) ဘယ်လောက်အသက်ရှည်ရှည်နေရမလဲ?
ဒီအယူကနည်းနည်းတော့ရယ်စရာကောင်းပါတယ်။ တကယ်လို့နံရံမှာချိတ်ထားတဲ့ပုံကပြုတ်ကြပြီး အဲဒီပုံရဲ့မှန်ဘောင်ကွဲခဲ့တယ်ဆိုရင် အဲပုံထဲကလူကမကြာခင်သေမှာပါ။ နောက်ပြီးခေါက်ဆွဲစားရင်လည်း ခေါက်ဆွဲဖက်ကိုဖြတ်ပြီးမစားပါနဲ့။ ခေါက်ဆွဲဖက်ကရှည်လေလေ အသက်ရှည်လေလေလို့ယူဆတာကြောင့်ပါတဲ့။

(4) ကလေးတွေကိုချစ်စရာကောင်းတယ်လို့မပြောပါနဲ့
ထိုင်းကလေးလေးတွေက ဒီလောက်ချစ်စရာကောင်းတာကိုဘာလို့ချစ်စရာကောင်းတယ်လို့မပြောခိုင်းတာလဲ? ဘာလို့လဲဆိုတော့ ထိုင်းလူမျိုးတွေက ကလေးကို ချစ်စရာကလေးလေးလို့ခေါ်လိုက်ရင်အဲဒီကလေးကို သရဲကလာခေါ်သွားတယ်လို့ယုံကြည်ကြလို့ပါ။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အသုဘတွေမသွားရပါဘူး။ သွားလိုက်တယ်ဆိုရင် အသုဘမှာသေတဲ့သူက ဗိုက်ထဲက ကလေးကိုသရဲလာခြောက်တယ်လို့ယုံကြလို့ပါ။

(5) အပျိုလေးတွေသီချင်းမဆိုရ
ထူးဆန်းတယ်နော်! တကယ်လို့အပျိုမိန်းကလေးတစ်ယောက်ကသာ ဟင်းချက်ရင်း ဒါမှမဟုတ် ထမင်းစားရင်းနဲ့သီချင်းဆိုမိရင် အဘိုးကြီးနဲ့ရတတ်တယ်ဆိုပြီးပြောကြပါတယ်။ ဒီဓလေ့ကတော့ အဘိုးကြီးတွေနဲ့ရမှာကြောက်တတ်တဲ့အမျိုးသမီးတွေကိုခြောက်တာ ဖြစ်ပါတယ်။

(6) သက်တန့်ကို လက်ချောင်းနဲ့ထိုးမပြရ
အခြားနိုင်ငံတွေရဲ့ဓလေ့တွေမှာတော့ သက်တန့်က ကံကောင်းခြင်းဖြစ်ပေမဲ့ ထိုင်းနိုင်ငံမှာတော့ သက်တန့်ကို လက်ချောင်းတွေနဲ့ထိုးရင် လက်ချောင်းတွေပြတ်ကျတတ်တယ်လို့ယုံကြည်ကြပါတယ်။ တကယ်လို့သက်တန့်ကို ညွှန်ပြချင်ရင်လက်ငါးချောင်းလုံး ဒါမှမဟုတ် လက်ဖဝါးနဲ့သာညွှန်ပြပါတဲ့။ မြင့်မြတ်တဲ့ရုပ်ပုံတွေအတွက်တူတူပဲဖြစ်ပါတယ်။

(7) မတော်တဆ အာမခံ လက်ဖွဲ့အဆောင်
ထိုင်းလူမျိုးတွေ ဗုဒ္ဓရုပ်ပွားတော်ပုံကို ရွှေဒါမှမဟုတ် ငွေဘောင်ကွပ်ပြီးလည်ပင်းမှာဆွဲထားတာကို ရုပ်ရှင်တွေထဲမှာမြင်ဖူးကြမှာပါနော်။ အဲလိုဆွဲတာက အလှသက်သက်မဟုတ်ဘဲ အဲဒီအဆောင်က သူတို့ကိုနေမကောင်းဖြစ်တာ မတော်တဆဖြစ်တာတွေကနေ ကာကွယ်ပေးတဲ့မြင့်မြတ်တဲ့အဆောင်လို့ယုံကြည်ကြလို့ပါ။

(8) တောက်တဲ့သံကြားရင်အိမ်ကနေအပြင်မထွက်ပါနဲ့
တကယ်လို့ အိမ်ကထွက်ခါနီးပြင်ဆင်နေတုန်းမှာတောက်တဲ့အော်သံများကြားမိရင်အိမ်ကနေလုံးဝမထွက်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ထိုင်းလူမျိုးတွေက အဲလိုအော်သံက အပြင်သွားရင်မကောင်းတာတစ်ခုခုဖြစ်တော့မယ် အိမ်မှာပဲနေပါလို့ပြောတယ်လို့ယုံကြလို့ပါ။

(9) Luk Thep အရုပ်
Luk Thep ရဲ့အဓိပ္ပါယ်ကတော့ ကလေးနတ်ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းလိုက်တဲ့ထိုင်းလူမျိုးတွေကတော့ ဒီသရဲခြောက်တဲ့အရုပ်လေးတွေကို ဘယ်သွားသွားယူသွားကြပါတယ်။ Luk Thep မှာဆိုရင်ကလေးရဲ့ဝိဥာဥ်ကပ်ပါပြီး သူတို့ချစ်တဲ့ပိုင်ရှင်လူတွေကို ငွေရွှင်ပြီး လာဘ်ကောင်းအောင်လုပ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။

(10) ခြေထောက်နှစ်ခုကြားကနေ ကုန်းပြီးအနောက်ဘက်ကို မကြည့်ပါနဲ့
ခန္ဓာကိုယ်ကိုအရှေ့ဘက်ကိုကုန်းပြီး ခြေထောက်နှစ်ခုကြားကနေ အနောက်ကိုကြည့်မယ်ဆိုရင် သရဲမြင်ကြတယ်လို့ ထိုင်းလူမျိုးတွေကယုံကြပါတယ်။ P*e Mak ရုပ်ရှင်ကြည့်ဖူးတဲ့သူဆိုရင်သိမှာပါ။ ထိုင်းတွေက သရဲနဲ့မျက်နှာချင်းဆိုင်တွေ့မှာကြောက်လို့ အဲဒီလိုမလုပ်ကြပါဘူး။

ဒီနေ့ပြောပြပေးသွားတာကတော့ ထိုင်းလူမျိုးတွေယုံကြည်ကြတဲ့ အယူသီးတဲ့ဓလေ့လေးတွေပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီး ထိုင်းအယူတွေနဲ့ပတ်သက်ပြီးသိတာများရှိရင် Comment မှာရေးပေးသွားကြပါဦး။ Life in Thailand ပရိတ်သတ်ကြီးကျန်းမာပျော်ရွှင်ပါစေ။

23/09/2023
06/09/2023

ဒီတစ်ခေါက်တော့ အင်းလေးကန်ကြီးနဲ့ဆင်တူတဲ့ တောင်ပတ်လည်ဝိုင်းနေတဲ့ရေကန်ကြီးထဲက restaurant on the water ဆိုတဲ့ ရေပေါ်စားသောက်ဆိုင်လေးတွေဆီသွားခဲ့ပါတယ်။ ချင်းမိုင်မြို့ထဲကနေ တစ်နာရီကျော်လေးလောက် ကားမောင်းရပါတယ်။ ချင်းမိုင်နဲ့အနီးမှာ ဒီလိုနေရာတွေရှိမယ်လို့ လုံးဝကိုမထင်ထားတာပါ။ လမ်းတစ်လျှောက်က တောတောင်တွေနဲ့ ရေပြင်ကျယ်ကြီးတွေရဲ့အလှတွေကို သင်္ဘောစီးပြီးငေးရင်း သွားခဲ့ရတဲ့ခရီးတိုလေးပါ။

https://maps.app.goo.gl/7J7QUYjDGLVahdds9?g_st=ic

01/09/2023

ချင်းမိုင်တက္ကသိုလ်နားက ပန်းတွေအများကြီးနဲ့အေးဆေးထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်လေးပါ ရေကန်ဘေးမှာထိုင်ပြီး သဘာဝတောတောင်လေးတွေကိုကြည့်ပြီး အေးဆေးသာယာစွာ ထိုင်လို့ကောင်းတဲ့ဆိုင်လေးကို ဇင်းမယ်ဘလော့မှ သူငယ်ချင်းမိတ်ဆွေများအတွက် ညွှန်းပေးလိုက်ပါတယ်
ဆိုင်နာမည်ကတော့ထိုင်းလိုရေးထားတော့ မခေါ်တတ်လို့ google map link လေးထည့်ပေးလိုက်ပါတယ်

https://maps.app.goo.gl/LbUY3FPdZVP3f9EEA?g_st=ic

ချင်းမိုင်တက္ကသိုလ်နားက ပန်းတွေအများကြီးနဲ့စားသောက်ဆိုင်လေးပါ ရေကန်ကြီးဘေးနားမှာထိုင် သဘာဝတောတောင်ကိုကြည့်ပြီး အေးဆေးစွာ...
01/09/2023

ချင်းမိုင်တက္ကသိုလ်နားက ပန်းတွေအများကြီးနဲ့စားသောက်ဆိုင်လေးပါ
ရေကန်ကြီးဘေးနားမှာထိုင် သဘာဝတောတောင်ကိုကြည့်ပြီး အေးဆေးစွာစားလို့ကောင်းတဲ့နေရာလေးမို့ ဇင်းမယ်ဘလော့မှ သူငယ်ချင်းမိတ်ဆွေများအတွက် ညွှန်ပေးလိုက်ပါတယ်
နောက်မှ video လေးထပ်တင်ပေးမယ်နော်

26/08/2023

ချင်းမိုင်နှင့်ချင်းရိုင် သွားတဲ့လမ်းခုလတ်က တစ်ဗွမ်းဗွမ်းထနေသော ရေပူစမ်း

03/06/2023

Let's go to the coffee shop & elephant camp #

ထိုင်းနိုင်ငံမှာ အမြင့်ဆုံးနေရာသို့ အလည်တစ်ခေါက်
18/04/2023

ထိုင်းနိုင်ငံမှာ အမြင့်ဆုံးနေရာသို့ အလည်တစ်ခေါက်

https://youtu.be/0Bl__UvRutUချင်းမိုင်မှာရှိတဲ့ Fernpresso ဆိုတဲ့ cafe လေး အေးဆေးစကားပြောပြီး သဘာဝအလှတရားလေးတွေလည်းကြည့်...
15/03/2023

https://youtu.be/0Bl__UvRutU
ချင်းမိုင်မှာရှိတဲ့ Fernpresso ဆိုတဲ့ cafe လေး အေးဆေးစကားပြောပြီး သဘာဝအလှတရားလေးတွေလည်းကြည့်ရင်း ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပါ

A visit to Fernpresso cafe in Chiang Mai

03/03/2023

ချင်းမိုင်မှာ အသစ်ဖွင့်တဲ့ Saung Kitchen ကို သွားစားခဲ့တုန်းက Video လေးပါ

ထိုင်းနိုင်ငံရဲ့ အချောဆုံး လိင်ပြောင်းအမျိုးသမီး ( ၁၀ ) ယောက်အထူးအဆန်းမဟုတ်တော့တဲ့ လိင်ပြောင်းအမျိုးသမီးတွေက သာမန်လူတွေလ...
30/05/2022

ထိုင်းနိုင်ငံရဲ့ အချောဆုံး လိင်ပြောင်းအမျိုးသမီး ( ၁၀ ) ယောက်

အထူးအဆန်းမဟုတ်တော့တဲ့ လိင်ပြောင်းအမျိုးသမီးတွေက သာမန်လူတွေလိုပဲ Social Media တွေပေါ်မှာ၊ အကအလှပြ ဖျော်ဖြေပွဲတွေ၊ အောင်မြင်တဲ့ Model တွေမှာ သူတို့အကြောင်းကို အများကြီး ကြားဖူးကြမှာပါ။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ သူတို့မှာ အရာ ၂ ခုရှိကြပါတယ်။ ပြီးတော့ လိင်ပြောင်းထားပြီးသားသူတွေဟာ ထိုင်းနိုင်ငံရဲ့ ကျော်ကြားတဲ့ ခေတ်ရေစီးကြောင်း တစ်ခုလိုကို ဖြစ်နေတာမျိုးပါ။

သူတို့တွေက အပြိုင်အဆိုင်ကို လှပနေကြတဲ့အတွက် Social Media တွေပေါ်မှာလည်း နာမည်တော်တော်ကြီးကြသလို ဘယ်လောက်နာမည်ကြီးတယ်ဆိုတာနဲ့ပဲ ယှဥ်ပြိုင်နေကြတာပါ။ ပုရိသတွေအတွက်တော့ သူတို့တွေက သာမန်မိန်းကလေးတွေထက်တောင် လှပနေလွန်းလို့ ခွဲမရလောက်အောင်ပါပဲ။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ Life in Thailand ပရိတ်သတ်ကြီးကို ထိုင်းနိုင်ငံရဲ့ အချောဆုံး လိင်ပြောင်းအမျိုးသမီး ( ၁၀ ) ယောက် အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ချလီဆာ ရို့စ် ရွန်ချိုင် (Chalisa Rose)
သူကတော့ တရုတ် ဟာသဇာတ်ကားတစ်ကားဖြစ်တဲ့ Lost in Thailand ဇာတ်ကားမှာ အရန်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပြီးတော့ အဲ့မှာပဲ နာမည်ကြီးသွားခဲ့ပြီး အခုဆိုရင်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို အများကြီးရနေတဲ့ နာမည်ကျော်အလှမယ်ဖြစ်နေပါပြီ။

နောက်ပြီးတော့ ဒီဇာတ်လမ်းကလည်း ကမ္ဘာတစ်ဝှန်းမှာ ပေါက်သွားပြီးတော့ အမေရိကန်ဒေါ်လာ ၁၀၇ သန်းအထိ ရရှိထားပြီးပါပြီ။ ရို့စ်က သူ့ရဲ့ Single ဘဝကြီးကို အပြောကောင်းလွန်းတဲ့ နိုင်ငံရေးသမား တစ်ယောက်ဆီမှာ ပုံအပ်လိုက်တဲ့ အခါမှာတော့ သူမရဲ့ပရိသတ်တွေအားလုံးက အံ့အားသင့်သွားကြပါတယ်။ နောက်ပြီးတော့ ရိုစ့်က ဒီဇာတ်ကားထဲမှာ တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို သရုပ်ဆောင်ခဲ့နိုင်တာကြောင့် သူမမှာ တရုတ်ပရိတ်သတ်အင်အားတွေ အများကြီး ရှိလာပါတော့တယ်။

ပန်ဒန် နာဒီရယ် (Patta Nadia)

နာဒီရယ်ကတော့ ထိုင်းနိုင်ငံရဲ့ အလှမယ်ဆုတစ်ခုကိုပါ ရထားခဲ့ဖူးသူဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံ ပတ္တရားမှာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရလို့ သရဖူဆွတ်ခူးနိုင်ခဲ့တာကြောင့် ပရိသတ် တော်တော်များများရဲ့ အားပေးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး သူမဟာ Model တစ်ဦး၊ Dancer တစ်ယောက်အနေနဲ့ အခုအချိန်အထိ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။

ပင် (Pemika Pynk)

Facebook ပေါ်မှာတောင် Follower ပေါင်း ၁ သိန်း လောက်ရှိနေတဲ့ ပင် ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ခွဲစိတ်မှုခံယူပြီးတည်းက နာမည်ရလာတာပဲ ဖြစ်ပါတယ်။ သူမကို ဒီလိုလှပလွန်းနေအောင် ခွဲစိတ်ပေးတဲ့ ဆရာဝန်ကို ကျေးဇူးတင်ရမလိုပါပဲ။ သူမကို ပရိတ်သတ်တစ်ချို့က ဂျပန် Anime ထဲက မင်းသမီးဇာတ်ကောင်တစ်ယောက်နဲ့ တော်တော်လေး ဆင်တူတယ်လို့တောင် အမွှန်းတင်ကြပါတယ်။

ဂျင်း (Monthana Jeen)

၂၀၁၈ ခုနှစ် နှစ်စလောက်က ထိုင်းနိုင်ငံတပ်မတော်ရဲ့ စစ်မှုမထမ်းမနေရ မူကြမ်းအရ စိစစ်ရွေးချယ်တဲ့အခါမှာတော့ အသက် ၂၀ အရွယ် လိင်ပြောင်းအမျိုးသမီး “ဂျင်” က သူတို့လိုချင်တဲ့ စစ်သားပုံစံမျိုး မဟုတ်တဲ့အကြောင်း သတင်းမီဒီယာကနေ ပြောကြားခဲ့ရာကတဆင့် နာမည်ကြီးလာတာပါ။ အဲ့အချိန်တုန်းက မြန်မာသတင်းတွေမှာလည်း ပါခဲ့ဖူးလို့ သတိထားမိခဲ့ဖူးမယ် ထင်ပါတယ်။

အမှန်တကယ်တော့ သူမလို ပုံစံမျိုးလေးက စစ်တပ်မှာ တာဝန်မထမ်းသင့်ဘူးဆိုပေမဲ့ သူမဟာ ထိုင်းနိုင်ငံထဲမှာ နာမည်စတင် ရရှိလာပါတယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက သူမနဲ့အတူတူတ ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်လိုက်တာကြောင့်ပါ။

ဖရင် (Woranun Frame)

အသက်၂၂ ကျော်ပဲရှိသေးတဲ့ ဖရင်ကလည်း ထိုင်းနိုင်ငံ စစ်မှုထမ်း ဥပဒေကြောင့် နာမည်ကြီးခဲ့သူ တစ်ဦးပါပဲ။ သူမရဲ့ ချစ်စရာကောင်းတဲ့ ဖြူစင်လှပတဲ့ အကြည့်တွေ၊ အမူအရာတွေကြောင့် ယာယီစစ်မှုထမ်း ဥပဒေကနေ ရွေးချယ်ခြင်း မခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံ တီဗီအင်တာဗျူးတွေကနေ မေးမြန်းတာတွေကို တော်တော်လေး ခံလိုက်ရပါတယ်။ Crazy Love ဆိုတဲ့ ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး လူမှုဆက်သွယ်ရေး အနုပညာ မေဂျာမှာ အထူးကျွမ်းကျင် ထက်မြက်တဲ့ သူလေးလည်း ဖြစ်ပါတယ်တဲ့။

ရိုရှီ (Rinrada Yoshi)

ရိုရှီကတော့ သူမရဲ့ အရုပ်မလေးနဲ့ တူတဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် Social Media တွေပေါ်မှာ လူသိများလှပါတယ်။ သူမက အင်တာနက်ပေါ်မှာပဲ နာမည်ကြီးတာတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲက နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ သီချင်းထဲမှာတောင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူလည်းဖြစ်ပါတယ်။

တခြားဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီးတော့ ရိုရှီရဲ့ Instgram ပေါ်မှာဆိုရင် Follower ပေါင်း ၁ သန်းကျော်လောက် ရရှိထားတဲ့ နာမည်ကျော်ကြားသူလေးလည်း ဖြစ်ပါတယ်။

ဟန်နာ (Nathachat Hana)

ဟန်နာကတော့ The Face Thailand Season 3 ဆိုတဲ့ Model ပြိုင်ပွဲမှာ လူအများ သဘောကျခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ဒီပြိုင်ပွဲမှာ အဆင့်ဆင့် ရွေးချယ်ခံခဲ့ရပေမဲ့လည်း နောက်ဆုံးအဆင့်မှာ သရဖူမဆောင်းနိုင်ခဲ့တဲ့အတွက် သူမရဲ့ ပရိတ်သတ်တွေက စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း ပြိုင်ပွဲမဝင်ခင်တည်းက သူမမှာ အသက်မွေးဝမ်းကြောင်းအတွက် ကိုယ်ပိုင်လုပ်ငန်း ရှိနေပြီးသား ဖြစ်သလို အောင်မြင်တဲ့ Model တစ်ယောက်လည်း ဖြစ်ပါတယ်။

ဘလောက်ဆွန် (Chananchida Blossom)

သူမကလည်း The Face Thailand Season 3 ရဲ့ ပြိုင်ပွဲတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက ပြိုင်ပွဲရဲ့ ထိပ်ဆုံး စကာတင် ၃ ယောက်စာရင်းမှာတောင် မဝင်ခဲ့ပေမဲ့ ချောမောလှပတဲ့ နေရာမှာတော့ ပြိင်ဖက်မရှိသလောက်ပါပဲ။ ဒါပေမဲ့လည်း ပြိုင်ပွဲမဝင်ခင်ကတည်းက Social Media ပေါ်မှာရော အပြင်မှာပါ ပရိတ်သတ်ရထားပြီးသား ဖြစ်သလို ထိုင်းနိုင်ငံရဲ့ ဂုဏ်အရှိဆုံး လိင်ပြောင်း Model ပြိုင်ပွဲမှာ ပထမဆု ရထားတဲ့သူ ဖြစ်တာကြောင့် ခေသူတော့ မဟုတ်လှပါဘူး။

မို (JIratchaya Mo)

ထိုင်းနိုင်ငံရဲ့ လိင်ပြောင်း အလှပဂေးတွေ ဂုဏ်ယူရမဲ့ “မို” ဟာ နိုင်ငံတကာမှာ အလှဆုံး လိင်ပြောင်းအမျိုးသမီးဆုကို ရရှိထားသူလေးပါ။ ဒီဆုတွေ မရခင်အချိန်တုန်းက သူမဟာ သူမရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ နာမည်ကြီးလာတာဖြစ်ပြီး နာမည်ကျော် ထိုင်းသီချင်း ပြိုင်ပွဲတစ်ခုဖြစ်တဲ့ I Can See Your Voice မှာ သူမရဲ့ ယောကျာ်းပီသတဲ့ အသံနဲ့ ပါဝင်ယှဥ်ပြိုင်ခဲ့တာကြောင့် သူမရဲ့ ပရိတ်သတ်တွေကို အံ့သြသွားအောင် ပြုလုပ်နိုင်ခဲ့ သူပါ။

ထရီချာထာ ပွယ် (Treechada Poyd)

ထိုင်းနိုင်ငံရဲ့ အလှဆုံး လိင်ပြောင်းအမျိုးသမီးဆု အရသင့်ဆုံးသူကို လက်ညှိုးထိုးပြပါဆိုရင်တော့ သူကလွဲလို့ တခြားသူရှိမယ်တောင် မထင်မိပါဘူး။ သူမက ထိုင်းနိုင်ငံရဲ့ ပထမဆုံး လိင်ပြောင်းအမျိုးသမီးဖြစ်ပြီးတော့ လိင်ပြောင်းထားတဲ့ junior လေးတွေရဲ့ Idol လည်းဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်အကိုင်ကတော့ ရုပ်ရှင်မင်းသမီးဖြစ်ပြီး ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင်တွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့မျက်နှာအလှကို US ရုပ်ရှင် Magazine ကတောင် ဖော်ပြခဲ့ဖူးတာပါ။

အခုပြောပြပေးသွားတာတွေကတော့ ထိုင်းနိုင်ငံရဲ့ အချောဆုံး လိင်ပြောင်းအမျိုးသမီး (၁၀) ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေ၊ ဗဟုသုတလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Life in Thailand Page လေးကို Like & Follow လုပ်ထားပေးနော်။

ထိုင်းနိုင်ငံမှာရှိတဲ့ အကောင်းဆုံး Bar (၅) ခုဘန်ကောက်မြို့ရဲ့ Bar မြင်ကွင်းတွေက ဒီမြို့နဲ့ပတ်သက်တဲ့ အတွေးတွေကို ဖော်ပြနေ...
26/05/2022

ထိုင်းနိုင်ငံမှာရှိတဲ့ အကောင်းဆုံး Bar (၅) ခု

ဘန်ကောက်မြို့ရဲ့ Bar မြင်ကွင်းတွေက ဒီမြို့နဲ့ပတ်သက်တဲ့ အတွေးတွေကို ဖော်ပြနေသလိုပါပဲ။ မြို့ပြရဲ့ ညဘက်အလှတွေ အားလုံးစုပြုံနေသလိုတောင် ထင်ရတဲ့ ထိုင်းနိုင်ငံရဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေက ထိုင်းလူငယ်တွေရဲ့ ယဥ်ကျေးမှုကို အထင်းအလင်းတွေ့နိုင်မှာပါ။ ထိုင်းနိိုင်ငံရောက်လို့ မနက်ပိုင်းလျှောက်လည်ပြီး ညဘက်ကျရင် ဟိုတယ်ပြန်ပြီး အိပ်တော့မယ်လို့တော့ မတွေးလိုက်ပါနဲ့။ ထိုင်းရဲ့ ညအလှတွေကို ခံစားကြည့်ဖို့ စဥ်းစားပြီဆိုရင်တော့ တစ်ချက်လောက်သွားဖို့ စဥ်းစားကြည့်ပါ။

ဘယ်ကနေ ဘယ်လိုစသွားရမလဲဆိုတာ စဥ်းစားရခက်နေပြီဆိုရင်တော့ မပူပါနဲ့။ ဒီ Video လေးကို အဆုံးထိကြည့်ပြီးရင်တော့ ဘယ်ကစသွားရမလဲဆိုတာသိသွားမှာပါ။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ Life in Thailand ပရိတ်သတ်ကြီးကို ထိုင်းနိုင်ငံမှာရှိတဲ့ အကောင်းဆုံး Bar (၅) ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Viva 8

မြို့ပြရဲ့ ရှုပ်ယှက်နေတဲ့ မြင်ကွင်းတွေကြောင့် စိတ်မကြည်တာတွေကို ပျောက်ချင်တယ်ဆိုရင်တော့ အေးဆေးတဲ့ Viva 8 ဘားက သင့်အတွက်ပါပဲ။ ဘက်ဂျက်ချွေတာလို့လည်းရ အစုံလည်းရတဲ့ ဒီဘားက လမ်းမတန်းဘက်မှာ ဖွင့်ထားတာဖြစ်ပြီး ဆိုင်အပြင်ဘက်မှာ လှုပ်ရှားသွားလာနေကြတဲ့ စျေးဝယ်သူတွေ၊ ခရီးသွားတွေကို ဆိုင်ထဲက တီးလုံးငြိမ့်ငြိမ့်လေးတွေနဲ့ ဘီယာအေးအေးလေးတစ်ခွက်က အကောင်းဆုံး ညနေခင်းကိုပေးနိုင်ပါလိမ့်မယ်။

ဒီဘားကိုတော့ စရိတ်ချွေတာချင်တဲ့ လူငယ်တွေအလာများကြပြီး ထိုင်းနိုင်ငံရဲ့ ညနေခင်းလမ်းသွားလမ်းလာတွေရဲ့ အလှကိုခံစားချင်ရင်တော့ အကောင်းဆုံးနေရာပါပဲလို့ ညွှန်ပေးလိုက်ပါရစေ။

မက်ဂီချူးစ် (Maggie Choo’s)

မက်ဂီချူးစ် ဆိိုတဲ့ ဒီဘားကတော့ ၁၉၃၀ ပြည့်လွန်နှစ်တွေက ရှန်ဟိုင်းရဲ့ အငွေ့အသက်တွေနဲ့ မှောင်မိုက်ပြီး ကျက်သရေရှိတဲ့ မြေအောက်ခန်းနေရာမှာ ဖွင့်လှစ်ထားတာပါ။ လူကြိုက်များ ကျော်ကြားတဲ့ ဒီဇိုင်နာ အက်ရှလေ ဆက်တွန်ရဲ့လက်ရာဖြစ်ပြီးတော့ ဘားအတွင်းမှာ စက္ကူထီးတွေနဲ့ စစ်သည်တော်ရုပ်တုတွေ အပါအဝင် အပျော်တမ်းကစားနည်းတွေလည်း အများကြီးရှိတာမို့ သူငယ်ချင်းတွေနဲ့လည်း လွတ်လွတ်လပ်လပ် ထိုင်းနိုင်ငံရောက်တုန်း ပျော်ချင်တယ်ဆိုရင် ဒီဘားလေးက အသင့်တော်ဆုံးပါပဲ။

တရုတ်ရိုးရာဝတ်စုံဝတ်ထားတဲ့ Model လေးတွေလည်းရှိပြီးတော့ Private အခန်းလေးတွေနဲ့လည်း အေးအေးဆေးဆေး အရသာခံနိုင်တဲ့အပြင် နူးညံ့တဲ့ စန္ဒယားသံလေးက တစ်နေ့တာလုံးရဲ့ အမောတွေကို ပြေပျောက်သွားစေမှာပါ။

- ဟာဗားနား ဆိုရှယ် ဘန်ကောက် (Havana Social Bangkok)

ဟိုးအရင်ခေတ်တွေတုန်းက ကျူးဘားနိုင်ငံမှာရှိတဲ့ လျှို့ဝှက်ဘားဆိုင်တွေလိုပုံစံမျိုး အလှဆင်ထားတဲ့ ဒီဘားမှာတော့ သာမန်တဲ့မတူ ထူးခြားတာလေးတွေ ရှိနေပါသေးတယ်။ ဘားရဲ့အရှေ့ဘက်မှာ ဆိုင်းဘုတ်နဲ့ အရှေ့တံခါးမကြီး မရှိပါဘူးတဲ့။ အဲ့အစား တစ်မျိုးဆန်းသွားအောင် ဆိုင်ရှေ့မှာ ဖုန်းခေါ်ဖို့ထားပေးထားပြီး အဲ့ဖုန်းရုံထဲဝင်ပြီးမှ ဆိုင်ကိုဖုန်းဆက်ပြီး သူတို့ပေးတဲ့ လျှို့ဝှက်ကုတ်ကို ရိုက်ထည့်မှသာ ဖုန်းရုံနောက်က လျှို့ဝှက်တံခါး ပွင့်သွားမှာပါ။

ဆန်းလည်းဆန်းကြယ်နိုင်လွန်းတဲ့ ဒီဘားမှာတော့ ခေတ်ဟောင်းဒီဇိုင်းအပြင်အဆင်နဲ့ ပရိဘောဂတွေကြောင့် ခံစားရတဲ့အတွေ့အကြုံကလည်း ဘယ်နေရာနဲ့မှ တူမယ်မထင်ပါဘူး။ အုပ်စုလိုက်လာတဲ့သူတွေအတွက်ပါ အကန့်လေးတွေ ခွဲပေးထားပြီး ဆေးလိပ်သောက်ဖို့လည်း အခန်းသက်သက် ထားပေးထားပါသေးတယ်။ Havana Social Bangkok ကိုသွားဖို့ သောကြာနဲ့ စနေညတွေက အကောင်းဆုံးဖြစ်ပြီး ကျူးဘား ဂျက်ဇ်ဂီတကိုလည်း နားဆင်နိုင်ဦးမှာပါ။

ဘန်ဘူး ဘား (Bamboo Bar)

မန်ဒရင်း အော်ရီရန်တယ် ဘန်ကောက် အနားမှာရှိတဲ့ Bamboo Bar ကတော့ ဘန်ကောက်ရဲ့ ဂန္တ၀င် ဂျက်ဇ်ဂီတကိုခံစားကြည့်ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ တစ်ပတ်မှာ ၆ ညလုံး ဖျော်ဖြေပေးပြီးတော့ တနင်္ဂနွေနေ့တွေမှာဆိုရင် တီးဝိုင်းနဲ့လည်း ဖျော်ဖြေပေးနေတာကြောင့် ဂီတနဲ့မှစီးမြောချင်တယ်ဆိုရင် ဒီနေရာက သင့်အတွက်ပဲပေ့ါ။ စျေးတော့နည်းနည်းကြီးပေမဲ့ ထိုင်းနိုင်ငံထဲမှာရတဲ့ ကော့တေးအားလုံးနီးပါးကို ဒီဘားမှ တစ်နေရာတည်းနဲ့ စုံနေအောင်သောက်လို့ရတော့ တစ်ညတာလုံးအတွက် အေးဆေးငြိမ့်ဖို့ အကောင်းဆုံးနေရာတစ်ခုဆိုရင် မမှားပါဘူး။

မဟာနက်ခွန်ဘား (Mahanakhon Bar)

ဘန်ကောက်မြို့ရဲ့ အကောင်းဆုံး မြင်ကွင်းကို ခံစားနိုင်မဲ့အပြင် အကောင်းဆုံး အစားအသောက်နဲ့ အဖျော်ယမကာတွေလည်း မြည်းကြည့်ချင်တယ်၊ အမြင့်လည်း မကြောက်ဘူးဆိုရင်တော့ ဒီနေရာကိုသာ ရွေးလိုက်ပါ။ ဘန်ကောက်ရဲ့အမြင့်ဆုံး၊ အကျော်ကြားဆုံး ဘားလို့တောင် ဆိုရမဲ့ ဒီနေရာက အဆောက်အဦးကြီးရဲ့ ၇၇လွှာမှာ ရှိပြီးတော့ အပေါ်ဆုံးထပ်ကနေ ဘန်ကောက်မြို့ရဲ့အလှတွေကို ခံစားနိုင်ပါသေးတယ်။

ပြင်သစ်နှင့် ထိုင်းဒီဇိုင်းကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အဆင့်မှီ ဟင်းလျာတွေ၊ အရသာရှိသော ကော့တေးတွေကလည်း ဇိမ်ခံဖို့အကောင်းဆုံးညကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားရှုခင်းကို ထူးခြားတဲ့ဆွဲဆောင်မှုတွေနဲ့ ခံစားနိုင်ဖို့ ရွေးမယ်ဆိုရင်တော့ ဒီဘားက အလိုက်ဖက်ဆုံးဖြစ်နေမှာပါ။

အခုပြောပြပေးသွားတာတွေကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အကောင်းဆုံး Bar (၅) ခုအကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေ၊ ဗဟုသုတလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Life in Thailand Page လေးကို Like & Follow လုပ်ထားပေးနော်။

ထိုင်းနိုင်ငံမှာ အပန်းဖြေဖို့ အကောင်းဆုံး ပန်းခြံ (၄) ခုအကြောင်းထိုင်းနိုင်ငံဆိုတာ မိုးမျှော်တိုက်တွေ၊ Shopping Mall တွေ...
23/05/2022

ထိုင်းနိုင်ငံမှာ အပန်းဖြေဖို့ အကောင်းဆုံး ပန်းခြံ (၄) ခုအကြောင်း

ထိုင်းနိုင်ငံဆိုတာ မိုးမျှော်တိုက်တွေ၊ Shopping Mall တွေ၊ ခေတ်မှီအဆောက်အအုံတွေနဲ့ပဲ ပြည့်နှက်နေတာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ လည်ပတ်စရာတွေများပြားပါစေ ထိုင်းနိုင်ငံ မြို့တော်မှာရော၊ နယ်စွန်ဖက် မြို့တွေမှာပါ လေကောင်းလေသန့်ရဖို့၊ အပန်းဖြေဖို့ လည်ပတ်စရာပန်းခြံတွေမှ အများကြီးပါ။

တိုက်အမြင့်ကြီးတွေ၊ ကွန်ဒိုတွေမှာနေတဲ့ မိသားစုတွေအတွက်ရော၊ ကလေးတွေ၊ သက်ကြီးရွယ်အိိုတွေနဲ့ ခရီးသွားတွေအတွက်ပါ အမြင်အေးပြီး စိတ်အပန်းပြေစရာလေးမို့ မြို့တစ်မြို့ရဲ့ အထာကိုသိချင်ရင် ပန်းခြံကိုတစ်ခေါက်လောက် သွားကြည့်သင့်ပါတယ်။ ပန်းခြံတိုင်းမှာ ကျန်းမာရေးအတွက် အားကစားပစ္စည်းတွေ၊ ဘောလုံးကွင်းလေးတွေ ပါတတ်ပြီး တစ်ချို့ပန်းခြံတွေမှာဆိုရင် ရေကူးကန်တွေနဲ့ အစုံအလင်ရှိတတ်သလို ဝင်ကြေးနည်းနည်းလေးနဲ့ စိတ်ချမ်းသာစရာမို့ ထိုင်းနိုင်ငံကို ခရီးတစ်ခေါက်သွားမယ်ဆိိုရင် ထိုင်းနိုင်ငံရဲ့ပန်းခြံတွေအကြောင်း လေ့လာထားရင် မမှားပါဘူး။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ Life in Thailand ပရိတ်သတ်ကြီးကို ထိုင်းနိုင်ငံမှာ အပန်းဖြေဖို့ အကောင်းဆုံး ပန်းခြံ (၄) ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဘန်ဂျကစ်တီ ပန်းခြံ (Benjakitti Park)

ဘန်ဂျကစ်တီ ပန်းခြံကတော့ Queen စရီကစ် National Convention Centr ရဲ့ အရှေ့ဘက် စတုရန်းမီတာ 208,000 ခန့်ရှိတဲ့ စတုရန်းပုံ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းတည်ဆောက်ထားတဲ့ ပန်းခြံကြီးပါ။ ကျယ်ပြောလှတဲ့ ရေကန်ကြီးရဲ့ ဘေးတစ်ဝိုက်တွင် စိမ်းစိမ်းလန်းလန်းနဲ့ စက်ဘီးစီးဖို့ ပြေးလမ်းတွေ၊ လမ်းလျှောက်ဖို့ သီးသန့်လမ်းတွေနဲ့ အေးဆေးနားပြီး အပန်းဖြေဖို့ နေရာတွေအများကြီးရှိတဲ့အပြင် သက်တမ်းရင့်အပင်ကြီးတွေရဲ့ အလှကလည်း ခံစားလို့ မဝစေပါဘူး။

ရောင်စုံပန်းလေးတွေနဲ့ ငြိမ်သက်အေးချမ်းတဲ့ ပန်းခြံရဲ့မြင်ကွင်းတွေကြောင့်လည်း မနက်ရော ညပါ စည်ကားနေတာ မဆန်းတော့သလိုပါပဲ။ အနီးနားမှာ ရုံးတွေ၊ ကွန်ဒိုတွေ အများကြီးရှိပြီးတော့ ပျော်ပွဲစားပွဲတွေအတွက်လည်း စက်ဝိုင်းပုံစံ ခြံဝင်းကြီးတစ်ခုကိုပါ တည်ဆောက်ပေးထားပါသေးတယ်။

ဘန်ဂျာစီရီ ပန်းခြံ

ထိုင်းပန်းပုရုပ်တုတွေကို လေ့လာချင်တယ်၊ အပန်းလည်းဖြေချင်တယ်ဆိုရင်တော့ ဘန်ဂျာစီရီ ပန်းခြံက ပန်းပုဝါသနာရှင်များအတွက် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ပန်းပုပညာရှင် မက်ဆီယမ် ယီပင်ဆွိုင်းရဲ့ လက်ရာတွေကိုပြသထားတဲ့ ရေပန်းအကကိုလည်း နေ့တိုင်း ၃ ကြိမ် ပြသပြီးတော့ ဒီပန်းခြံမှာ ဘတ်စကက်ဘောကွင်း၊ စကိတ်ဘုတ်ကွင်း၊ တင်းနစ်ကွင်း၊ ပြင်ပရေကူးကန်နှင့် အားကစားအတွက် ဘက်စုံသုံးကွင်းတွေအပါအဝင် ဘန်ကောက်မှာရှိတဲ့ အခြား အများပြည်သူပန်းခြံတွေမှာ တွေ့ရခဲ့သော ပြင်ပအားကစားပစ္စည်းတွေကိုလည်း ပန်းခြံမှာ ထားပေးထားတာကြောင့် အပန်းလည်းပြေ၊ အားကစားလည်းလုပ်လို့ရတဲ့ ပန်းခြံကောင်းတစ်ခုပါ။

BTS Skytrain Station ၏ အနောက်မြောက်ဘက် မီတာ 100 ခန့်အကွာမှာ တည်ရှိတဲ့ ဘန်ဂျာစီရီ ပန်းခြံက ထင်ရှားတဲ့ အန်ပိုရီယံ ရှော့ပင်းမောလ်ဘေးမှာ တည်ရှိတာမို့ လူမပြတ်စည်ကားနေတာ နေ့တိုင်းပါပဲ။ ရေကန်ကြီးလည်းရှိတာကြောင့် လိပ်လေးတွေကိုအစာကျွေးလို့လည်းရ၊ မိသားစုနဲ့အတူလာဖို့၊ ကလေးထိန်းဖို့လည်း မြက်ခင်းကျယ်ကြီးရှိတာကြောင့် အပန်းဖြေဖို့ သွားသင့်တဲ့ နေရာကောင်းလေးတစ်ခုပါ။

လန်ပီနီ ပန်းခြံ

လန်ပီနီ ပန်းခြံကတော့ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အကြီးဆုံး စိမ်းလန်းတဲ့ နေရာတွေထဲက တစ်ခုပါ။ 1920 ခုနှစ်တည်းက တည်ထောင်ခဲ့တဲ့ ဒီမြို့တွင်းပန်းခြံကြီးက စတုရန်းမီတာ 500,000 ကျော် ကျယ်ဝန်းပြီးတော့ ပုံစံစုံလင်တဲ့ သစ်ပင်ပန်းမန်တွေ၊ တိရစ္ဆာန်တွေရဲ့ နေအိမ်လို့တောင် ဆိုရမလိုပါပဲ။ ဘန်ကောက်မြို့ခံအများစုကတော့ ဒီပန်းခြံကြီးမှာ အပြေးလေ့ကျင့်တာ၊ အပေါ့စား လေ့ကျင့်ခန်းလုပ်တာ၊ အေရိုးဗစ်နှင့် အပန်းဖြေဖို့ အမြဲစည်ကားနေကြပြီး ပန်းခြံတစ်လျှောက် လမ်းလျှောက်တာ အကြိုက်ဆုံးပဲဆိုရင်တော့ စိမ်းလန်းစိုပြေတဲ့ ပန်းခြံပတ်ဝန်းကျင်၊ ပျော်ပွဲစားထွက်တဲ့နေရာတွေနဲ့ ရေကန်ကျယ်ကြီးကို တဝကြီးမြင်နိုင်ပြီး လမ်းလျှောက်ဖို့ ဝင်္ကပါပုံစံဖန်တီးထားတဲ့ လန်ပီနီ ပန်းခြံက အကောင်းဆုံးလည်ပတ်စရာဖြစ်နေမှာပါ။

ရာမ ၉ ပန်းခြံ

ရာမ ၉ ပန်းခြံက ဘန်ကောက်မှာရှိတဲ့ အကြီးဆုံး စိမ်းလန်းတဲ့ နေရာတွေထဲကမှ တစ်ခုဖြစ်ပြီးတော့ လှပတဲ့ ရုက္ခဗေဒ ဥယျာဉ်၊ ကြီးမားတဲ့ ရေကန်ကြီးနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေဆီကနေ စိတ်ကူးစိတ်သန်းရယူထားတဲ့ ဥယျာဉ်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒီမြို့ပြပန်းခြံကို လည်ပတ်တာက ပန်းတွေရဲ့အလှကိုခံစားနိုင်မှာဖြစ်သလို ထိုင်းနိုင်ငံမှာရှိတဲ့ ပန်းတွေရဲ့အကြောင်းကိုလည်း တစ်နေရာတည်းနဲ့ စုံသွားအောင် ရှုစားနိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘန်ကောက်မြို့စွန်တွင် တည်ရှိတဲ့ ရာမ ၉ ပန်းခြံက ကမ္ဘာလှည့်ခရီးသွားတွေအတွက် အခမဲ့လေ့လာနိုင်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ နေ့လည်ပိုင်းအားလပ်ချိန်ကို ဘယ်လိုဖြတ်သန်းကြသလဲဆိုတာ သိချင်ရင်တော့ ရေပတ်လည်ဝိုင်းနေတဲ့ ဒီပန်းခြံကြီးက အရွေးချယ်သင့်ဆုံး၊ အလည်ပတ်သင့်ဆုံး နေရာတစ်ခုပါပဲ။

အခုပြောပြပေးသွားတာတွေကတော့ ထိုင်းနိုင်ငံမှာ အပန်းဖြေဖို့ အကောင်းဆုံး ပန်းခြံ (၄) ခုအကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေ၊ ဗဟုသုတလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Life in Thailand Page လေးကို Like & Follow လုပ်ထားပေးနော်။

ဆွဲဆောင်မှုအပြည့်နဲ့ ထိုင်းနိုင်ငံရဲ့ နေရာ (၆)ခုထိုင်းနိုင်ငံသည် ၎င်း၏ ရင်သပ်ရှုမောဖွယ်ကမ်းခြေတွေ၊ အရသာရှိတဲ့ အစားအသောက်...
20/05/2022

ဆွဲဆောင်မှုအပြည့်နဲ့ ထိုင်းနိုင်ငံရဲ့ နေရာ (၆)ခု

ထိုင်းနိုင်ငံသည် ၎င်း၏ ရင်သပ်ရှုမောဖွယ်ကမ်းခြေတွေ၊ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ယဉ်ကျေးမှုနေရာတွေကြောင့် လူသိများပေမဲ့လည်း သေချာစူးစမ်းလေ့လာကြည့်ရင် ပုံမှန်မဟုတ်တဲ့ ဆွဲဆောင်မှုတွေလည်း အများအပြားရှိပါသေးတယ်။ ပွင့်လင်းတဲ့စိတ်၊ စူးစမ်းလိုစိတ်နှင့် ပြင်းပြတဲ့စိတ်တွေ အတူပြင်ဆင်ပြီး ထိုင်းနိုင်ငံရဲ့ အထူးဆန်းဆုံး ဆွဲဆောင်မှုရှိတဲ့နေရာတွေကိုမှ သွားကြည့်ချင်ရင်တော့ ဒီနေရာလေးတွေအကြောင်း သိထားဖို့တော့ လိုမယ်နော်။

ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ Life in Thailand ပရိတ်သတ်ကြီးကို ဆွဲဆောင်မှုအပြည့်နဲ့ ထိုင်းနိုင်ငံရဲ့ နေရာ (၆)ခု အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Wang Saen Suk ငရဲဥယျာဉ်

"ငရဲပြည်မှကြိုဆိုပါတယ်" ဆိုတဲ့ ဆိုင်းဘုတ်ကို ဝင်ကတည်းကတွေ့ရမဲ့ Wang Saen Suk Hell ဥယျာဥ်က ထိုင်းနိုင်ငံရဲ့ ရာဇဝင်ထဲက သရဲ၊ တဘက်တွေကို ရုပ်ထုအကြီးအငယ်အလိုက် ပြထားတဲ့ ဥယျာဥ်တစ်ခုပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် ငရဲကိုရောက်ရင် ဘယ်လိုရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံရနိုင်လဲဆိုတာ ပြသထားတာကြောင့် ဗဟုသုတလည်းရအောင် သွားကြည့်သင့်တဲ့ နေရာတစ်ခုပါပဲ။

ကြေးအိုးကြီးထဲမှာ ပြုတ်ထားတဲ့ပုံစံ၊ ငရဲခွေးတွေဆွဲလို့ ကွဲပြဲနေပြီး နံရိုးအပြူးပြူး ထွက်နေတဲ့ အပြစ်သားများကို တွေ့ရပါလိမ့်မယ်။ ဥယျာဉ်တခွင်လုံးမှာ မင်းရဲ့ကောင်းမှုကုသိုလ်တွေက မင်းဆိုးတာထက် ပိုနေရင် ငရဲကို ရှောင်နိုင်ပြီး ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေကို မင်းမျက်ကွယ်မပြုနိုင်ဘူးလို့ ကောင်းမှူကိုပဲ လုပ်စေချင်တဲ့ ပညာပေးထားတဲ့ သဘောပါပဲ။

Luang Pho Dang ရဲ့ မံမီရုပ်အလောင်း

Ko Samui မှာရှိတဲ့ Wat Khunaram ရဲ့ နောက်ထပ်ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုကတော့ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က တရားထိုင်ရင်း ကွယ်လွန်သွားပြီး အလိုလိုသေသွားတဲ့ ဘုန်းကြီးတစ်ပါးအကြောင်းပါ။ Luang Pho Dang ရဲ့ရုပ်အလောင်းကို ယနေ့ထိတိုင် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးတော့ ကြာပန်းပုံစံနဲ့ တရားထိုင်နေသလိုမျိုး မပျက်မယွင်းရှိနေတုန်းပါပဲ။

သွားဖူးတဲ့လူတိုင်း မေးကြမှာက ဘုန်းကြီးရုပ်အလောင်းမှာ ဘာလို့နေကာမျက်မှန်ကြီး ဝတ်ထားတာလဲဆိုရင်တော့ အနားမှာရှိတဲ့ တောက်တဲ့တွေက စားသွားလို့ပါ။ ဒါတင်မဟုတ်သေးဘဲ ဒီရုပ်အလောင်းထဲမှာ တောက်တဲ့တွေက ဥပါဥတဲ့အတွက် မပျက်မယွင်းသွားအောင် သေချာထိမ်းသိမ်းထားရပြန်ရပါတယ်တဲ့။ ဒီကွယ်လွန်သွားတဲ့ ဆရာတော်ရုပ်အလောင်းကို ဖူးမြော်ဖို့ဆိုပြီး ရပ်ဝေးက ထိုင်းလူမျိုးတွေကလည်း အမြဲလာရောက်တတ်ကြပါသေးတယ်။

Bangkok's Ghost Tower: The Sathorn Unique

သဘာဝလွန်ဖြစ်ရပ်တွေ၊ စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေကိုမှ နှစ်သက်တဲ့သူဆိုရင်တော့ ဒီနေရာက ပြီးပြည့်စုံတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်လာမှာပါ။ အထပ် ၄၉ ထပ်ရှိတဲ့ Sathorn Unique Skyscraper မှာ တစ်ချိန်တုန်းက တောက်ပတဲ့ ရုံးခန်းတွေနဲ့ စျေးတန်တဲ့ လူနေတိုက်ခန်းတွေအဖြစ် အသုံးပြုခဲ့ကြပေမယ့် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းအပြီးမှာတော့ တိုက်တစ်ခုလုံး လူသူမရှိတော့ပဲ အခွံအတိုင်းကျန်နေပါတော့တယ်။

စွန့်ပစ်ထားတဲ့ အခန်းတွေမှာ ကွယ်လွန်သူ ဘုရင်မင်းမြတ်ရဲ့ ရုပ်ပုံတွေအပါအဝင် ရှေးဟောင်းလူသုံးအရာဝတ္ထုတွေနဲ့ ပြည့်နေဆဲပါ။ ဒေသခံတွေက ဒီအဆောက်အဦမှာ သရဲခြောက်တယ်လို့ ယုံကြည်ကြပြီး သဘာဝလွန်လှုပ်ရှားမှုတွေရှိတတ်လို့ ဗီဒီယိုတွေရိုက်ပြီးတောင် သတင်းပို့ကြပါတယ်။

The World Museum of Insects and Natural Wonders

ချင်းမိုင် အရသာရှိတဲ့ မြစ်ကမ်းနံဘေးမှာ နေ့လည်စာမစားဘဲ ဝိတ်လျှော့မယ်၊ အစာစားချင်စိတ် ကုန်ချင်ရင်တော့ ကမ္ဘာ့အင်းဆက်နဲ့ အမျိုးသား အံဖွယ်ပြတိုက်သို့ သွားလည်ပတ်သင့်ပါပြီ။ ပြတိုက်ထဲက ဖုန်ထူတဲ့ ပြကွက်တွေပေါ်မှာ ချိတ်ဆွဲထားတဲ့ တွားသွားသတ္တဝါ မျိုးကွဲအားလုံးရဲ့ ကြောက်စရာကောင်းပြီး ထူးဆန်းကျယ်ပြောလှတဲ့ စုဆောင်းမှုတွေကို မြင်တွေ့ရမှာပါ။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီပြတိုက်ကို ထူးဆန်းတဲ့ ဗေဒင်ဝါသနာရှင်နဲ့ သူ့ရဲ့ဇနီး Rampa “ခြင်လူ” လို့ ချစ်စနိုးခေါ်ကြတဲ့ Manop Rattanarithikul က ဦးစီးဆောင်ရွက်နေပါတယ်။

သူတို့နှစ်ဦးလုံးက တစ်သက်တာလုံးမှာ အင်းဆက်ပိုးမွှားတွေကို လေ့လာစုဆောင်းခဲ့ကြပြီးတော့ ပြတိုက်ကို ၂၀၀၂ ခုနှစ်မှာ အတူတကွ တည်ထောင်ခဲ့ကြတာပါ။ ပြတိုက်ရဲ့ ထူးခြားချက်ကတော့ ခြင်မျိုးစိတ်ပေါင်းများစွာကို ဖော်ပြထားပြီး ထိုင်းနိုင်ငံမှာ ခြင်မျိုးစိတ်ပေါင်း ၄၃၆ မျိုး ရှိတယ်ဆိုတာ ဖော်ထုတ်ပြသထားပါတယ်။

Koh Hingham ကျွန်း

အနက်ရောင် ကျောက်စရစ်ခဲ ကျိန်စာကျွန်းလို့လည်း လူသိများတဲ့ Koh Hingham ဆိုတာ တာရူတောင်ဘုရားရဲ့ ကျိန်စာသင့်နေတယ်လို့ ယူဆကြပြီး လူမနေတော့တဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ လာကြတဲ့ ခရီးသွားဧည့်သည်တွေက အနက်ရောင် ကျောက်စရစ်ခဲတွေနဲ့ ဆော့ကစားနိုင်ပြီး အဆောက်အအုံလိုမျိုးဆောက်လို့ အမှတ်တရ ဓာတ်ပုံရိုက်နိုင်ပေမဲ့လည်း တစ်သက်တာ ကျိန်စာမသင့်ချင်ဘူးဆိုရင်တော့ ကျွန်းပေါ်က မြင့်မြတ်တဲ့ ကျောက်တုံးတွေကို ယူသွားဖို့ မစဥ်းစားလိုက်ပါနဲ့တော့။

ယူသွားမိတဲ့သူတွေမှာ ကံမကောင်းတာတွေ၊ သေဘေးကြုံတာတွေ ဖြစ်တတ်ကြပြီး ယူသွားမိတဲ့သူတွေက နှစ်စဉ်နှစ်တိုင်း ကျိန်စာကို ဖယ်ရှားပေးဖို့ ကျောက်တုံးဒါဇင်ပေါင်းများစွာကို စာတိုက်ကနေ ပြန်လည်ပေးပို့ကြရပါတယ်။ ဒီကျွန်းပေါ်ကိုရောက်ရင်တော့ ကံဆိုးတာတွေမကြုံချင်ရင် ကျောက်တုံးလေးတွေလှတယ်ဆိုပြီး မယူလာဖို့တော့ သတိထားနော်။

Bangkok Airplane Graveyard

ဘန်ကောက်မှာရှိတဲ့ လေယာဉ်ပျံသင်္ချိုင်းသို့ သွားလည်မယ်ဆိုရင် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော နေရာရဲ့ အရသာကိုခံစားမိမှာပါ။ ဒီခြံဝန်းကြီးထဲမှာ အသုံးမပြုတော့တဲ့ ဘိုးအင်း 747၊ MD-82 လေယာဉ်ငယ် နှစ်စင်းနဲ့ လေယာဉ်ဟောင်း အစိတ်အပိုင်းတွေကို စွန့်ပစ်ထားပြီး ဒီခြံကြီးကိုတော့ လေယာဉ်အစိတ်အပိုင်းတွေရောင်းချတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်တာပါ။

လေယာဉ်အတွင်းပိုင်း ထိုင်ခုံတွေ၊ TV တွေ၊ ခရီးဆောင်အိတ်တွေ၊ လေယာဉ်ပေါ်က မဂ္ဂဇင်းအဟောင်းတွေ၊ အောက်ဆီဂျင်မျက်နှာဖုံးတွေနဲ့ အသက်ကယ်အင်္ကျီတွေကို ခြံဝန်းအတွင်းမှာ အများကြီး တွေ့ရပါလိမ့်မယ်။ တစ်ချိန်က ထိုင်းနိုင်ငံတဝိုက်မှာ ခရီးသည်တွေကို ပို့ဆောင်ဖို့အသုံးပြုခဲ့တဲ့ လေယာဉ်တွေက အခုဆိုရင် အနီးနားမှာနေထိုင်တဲ့ မိသားစုတွေအတွက်တော့ ခိုလှုံရာအိမ်လည်း ဖြစ်သလို ဝင်ငွေတစ်ခုလည်း ရရှိနေကြပါပြီ။

အခုပြောပြပေးသွားတာတွေကတော့ ဆွဲဆောင်မှုအပြည့်နဲ့ ထိုင်းနိုင်ငံရဲ့ နေရာ (၆)ခု အကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေ၊ ဗဟုသုတလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Life in Thailand Page လေးကို Like & Follow လုပ်ထားပေးနော်။

Address


Website

Alerts

Be the first to know and let us send you an email when Zinme' Block posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zinme' Block:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share