SENG in JAPAN

  • Home
  • SENG in JAPAN

SENG in JAPAN Photographer📷 / Videographer 🎞
🏠 Living in Yokohama 🇯🇵, from Myanmar 🇲🇲
📌 Sh

04/01/2025

ဆောင်းရာသီမှာ တိုကျိုမြို့ကနေကျည်ဆံရထားနဲ့နာဂနိုဘက်ကိုနေ့ချင်းပြန်ခရီးသွားပြီး နှစ်ရာချီသက်တမ်းရှိနေတဲ့ထင်းရူးပင်တန်းတွေသွားရောက်ကြည့်ရှုနိုင်ပါတယ်။

တိုကျိုကနေ နာဂနို - နေ့ချင်းပြန်ခရီး။ ရာစုနှစ်တွေကြာ ရှင်သန်နေတဲ့သစ်ပင်ကြီးတွေဆီ။
04/01/2025

တိုကျိုကနေ နာဂနို - နေ့ချင်းပြန်ခရီး။
ရာစုနှစ်တွေကြာ ရှင်သန်နေတဲ့သစ်ပင်ကြီးတွေဆီ။

Join us on a magical winter day trip to Nagano using the JR Tokyo Wide Pass (3-Day Pass)! This pass made our journey both convenient and affordable.We starte...

21/10/2024

ဒီနှစ်တော့ နွေရာသီရှည်သွားပြီး ခုထိ ဖူဂျီတောင်ပေါ်နှင်းမကျသေးဘူး 🥹။

Caught Tsuchinshan-atlas (C-2023 A3) over Tokyo. 😍 I can see with naked eyes but it’s very little and blurry. What an em...
14/10/2024

Caught Tsuchinshan-atlas (C-2023 A3) over Tokyo. 😍 I can see with naked eyes but it’s very little and blurry. What an emotional experience 🥹!

I took this with iPhone 14 Pro. It’s enough.

01/09/2024

Tokyo ကနေ နေ့ချင်းပြန်ခရီးထွက်ကြမယ်ဆိုရင်တော့ Izu ကျွန်းစွယ်ဘက်က အသင့်တော်ဆုံးပဲ။

09/08/2024

အိုကီနာဝါလည်ပါတ်စရာနေရာများ

နေစောင်းတော့ ညနေလမ်းထွက်လျှောက်_
03/08/2024

နေစောင်းတော့ ညနေလမ်းထွက်လျှောက်_

နွေရာသီဆိုတော့ ညနေစောင်းမှ Yokohama ဘက်မှာ လေညင်းခံထွက်ဖို့ အကောင်းဆုံးပဲ။ ပင်လယ်ဘေးလမ်းလျှောက် အေးအေးလူလူ လမ်းလျှောက်ရင...
02/08/2024

နွေရာသီဆိုတော့ ညနေစောင်းမှ Yokohama ဘက်မှာ လေညင်းခံထွက်ဖို့ အကောင်းဆုံးပဲ။ ပင်လယ်ဘေးလမ်းလျှောက် အေးအေးလူလူ လမ်းလျှောက်ရင်း မြို့ပြအလှကို တစ်ဝကြီးခံစားလို့ရတယ်။

ဆောင်းဆိုလဲ ဒီနေရာမှာ ရေခဲပြင်စကိတ်ကွင်းထဲ လူတွေအပြည့်။ သူ့ရာသီနဲ့သူပေါ့။

နေရာက Sakuragicho Station 🚉 ကနေ အေးအေးဆေးဆေး လမ်းလျှောက်သွားရုံပဲ။

#ဂျပန် #မြန်မာ

ရာသီမရွေး ပန်းမျိုးစုံတဲ့ ဂျပန် ❤️.🥰
31/07/2024

ရာသီမရွေး ပန်းမျိုးစုံတဲ့ ဂျပန် ❤️.
🥰

At Japan’s  #1 The University of Tokyo! It was a cloudy evening in a weekend when I get there. Saw some students around ...
25/06/2024

At Japan’s #1 The University of Tokyo!
It was a cloudy evening in a weekend when I get there. Saw some students around the campus.
Yes, they looked like Nerds 😄!

#東大 

Ajisai in June!
14/06/2024

Ajisai in June!

ဂျပန်မှာ ၆ လပိုင်းရောက်လို့ကတော့ တစ်ရက်လောက် ကာမာကုရမြို့ကိုအေးအေးဆေးဆေး လျှောက်လည်ဖို့အကောင်းဆုံးအချိန်ပါပဲ။ မြို့ထဲမှာ...
12/06/2024

ဂျပန်မှာ ၆ လပိုင်းရောက်လို့ကတော့ တစ်ရက်လောက် ကာမာကုရမြို့ကိုအေးအေးဆေးဆေး လျှောက်လည်ဖို့အကောင်းဆုံးအချိန်ပါပဲ။
မြို့ထဲမှာ အာဂျိဆိုင်ပန်းတွေနေရာတကာပွင့်နေကြပြီး ဂျပန်ဘုရားကျောင်းတွေ ပန်းခြံတွေထဲ အေးဆေးလမ်းလျှောက် အပန်းဖြေရင်း လမ်းဘေးမုန့်ဆိုင်လေးတွေတွေ့တိုင်း လျှောက်ပါတ်စားလို့ အကောင်းဆုံးပါပဲ။
ညနေဆိုရင်လဲ မိနစ်၂၀လောက်ဘူတာကနေ လမ်းလျှောက်သွားရင် ပင်လယ်ကမ်းခြေရှိတာမို့ သံဗူးလေးတွေကိုင်ပြီး နေဝင်ချိန်သွားကြည့်ဖို့လောက် ကြည်နူးစရာမရှိတော့ဘူး ထင်ပါတယ်။

Kamakura in June 🇯🇵
It’s the peak season of Ajisai flowers. People are strolling around the beautiful city of Kamakura.
If you’re in Japan in June, Kamakura is a must!

Spring brings green to lake Ashinoko, Hakone 🗻
03/05/2024

Spring brings green to lake Ashinoko, Hakone 🗻

ဖူဂျီတောင်နဲ့ ဆာကူရာတွေပေါင်းလိုက်ရင်ဖြင့် ဘယ်လိုနေနေလှနေရော။Lake Kawaguchiko and Mt. Fuji in 🌸 Sakura time is just PERF...
13/04/2024

ဖူဂျီတောင်နဲ့ ဆာကူရာတွေပေါင်းလိုက်ရင်ဖြင့် ဘယ်လိုနေနေလှနေရော။
Lake Kawaguchiko and Mt. Fuji in 🌸 Sakura time is just PERFECT 😍 !

#河口湖

Majestic 😍 Mt. Fuji with Sakura.
13/04/2024

Majestic 😍 Mt. Fuji with Sakura.

Okinawa - American Village အိုကီနာဝါကိုတစ်ကျွန်းလုံးလည်ရင် နေရာတကာ အမေရိကန်စစ်တပ်နေရာတွေတစ်ပုံကြီး တွေ့ရပါတယ်။ ဒီနေရာဆို...
10/04/2024

Okinawa - American Village
အိုကီနာဝါကိုတစ်ကျွန်းလုံးလည်ရင် နေရာတကာ အမေရိကန်စစ်တပ်နေရာတွေတစ်ပုံကြီး တွေ့ရပါတယ်။ ဒီနေရာဆိုရင် လေတပ်နားမှာရှိပြီး အမေရိကန်ရွာလို့နာမည်ပေးထားပါတယ်။ ဂျပန်နဲ့ ဘယ်နေရာမှကိုမတူတာပါ။ သွားလည်သင့်တဲ့ အချိန်ကတော့ ညနေ-ည ဖြစ်ပါတယ်။ စျေးဆိုင်သေးသေးလေးတွေနဲ့ အနောက်တိုင်းစားသောက်စာတွေပြည့်နေတဲ့ ဘားတွေအများကြီးရှိပါတယ်။
နိုင်ငံခြားသားတွေအများဆုံးစုစည်းပျော်ပါးရာနေရာလို့လဲဆိုနိုင်ပါတယ်။ ဘားတွေက ဂျပန်မှာပုံမှန်မြင်နေကျပုံတွေမဟုတ်တော့ ထူးထူးခြားခြားသွားသင့်တဲ့ နေရာပါ။
စနေနေ့ဆိုရင်တော့ ညနေ ၈ နာရီတိတိမှာ Hanabi 花火大会 မီးပန်းဖောက်လေ့ရှိပါတယ်။ ကမ်းခြေဘေးက ဆိုင်တစ်ဆိုင်မှာ စားသောက်စရာတွေမှာပြီး စားပွဲတစ်လုံးမှာ ဝင်နေရာယူထားပြီး Hanabi ကြည့်ရမယ့် အချိန်ပါ။
လေအေးအေးနဲ့ တီးလုံးလေးတွေနဲ့ သာယာရမယ့် အချိန်ပါပဲ။
အိုကီနာဝါရောက်ရင်တော့ အိုကီနာဝါမှာပဲရှိတဲ့ Orion Beer ကို သောက်ပြီးစောင့်ကြည့်သင့်ပါတယ်နော်။

မှတ်ချက်-ဒီနားတစ်ဝိုက်မှာရှိတဲ့ Kona's Coffee ဆိုင်က ကော်ဖီကတော့ လုံးဝကို သောက်သွားသင့်ပါတယ်။

#အိုကီနာဝါ

Okinawa - Peace Memorial Park ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးခဲ့တဲ့ စစ်သားတွေကို မြုပ်နှံထားတဲ့ ငြိမ်းချမ်းရေးအမှတ်တရပန်းခြံ။...
10/04/2024

Okinawa - Peace Memorial Park ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးခဲ့တဲ့ စစ်သားတွေကို မြုပ်နှံထားတဲ့ ငြိမ်းချမ်းရေးအမှတ်တရပန်းခြံ။
ဒီပန်းခြံထဲမှာ အမေရိကန်စစ်သားတွေရော ဂျပန်စစ်သားတွေပါမကျန် ကျဆုံးရဲဘော်တွေအားလုံးကို မြုပ်နှံထားရှိပါတယ်။
စစ်နဲ့မကင်းတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုနေရာကို သွားကြည့်သင့်တဲ့ အရေးအကြီးဆုံးအချက်ကတော့ ဒီပန်းခြံထဲက ပြတိုက်ပါ။
ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ကို အမေရိကန်တွေပင်လယ်ထဲကနေ တစ်ဖြေးဖြေးကုန်းပေါ်တက်တိုက်ခဲ့တဲ့ တိုက်စစ်အကြောင်း စစ်ဖြစ်နေတုန်းရိုက်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတွေကို အံသြတုန်လှုပ်ရလောက်စွာ မျက်မြင်ကြည့်ရှုနိုင်ပါတယ်။ အထဲမှာ ရိုက်ခွင့်မရှိလို့ မရိုက်ခဲ့ရပါဘူး။
အိုကီနာဝါရောက်ရင် မဖြစ်မနေ တစ်ခါလောက်ကို ကြည့်ကိုသွားကြည့်ခဲ့သင့်တဲ့ ပြတိုက်ပါ။

#အိုကီနာဝါ

Address


Alerts

Be the first to know and let us send you an email when SENG in JAPAN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share