News Now သတင်းဌာန

  • Home
  • News Now သတင်းဌာန

News Now သတင်းဌာန သတင်းအမှန်ကိုသာ တင်ဆက်သော သတင်းဌာန
Telegram တွင် Join ရန် t.me/NewsNow7
(1)

အရာတော်မြောက်ပိုင်း ထန်းတောကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်နေ၍ ဒေသခံများ မိုးထဲလေထဲ ပြေးလွှားနေရNews No...
25/05/2022

အရာတော်မြောက်ပိုင်း ထန်းတောကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်နေ၍ ဒေသခံများ မိုးထဲလေထဲ ပြေးလွှားနေရ

News Now သတင်းဌာန

ယနေ့ မေလ(၂၅)ရက်၊ ညနေ(၃)နာရီခွဲခန့်တွင် အရာတော်မြို့နယ်မြောက်ပိုင်း၊ ထန်းတောကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ထန်းတောကုန်းအပါအဝင် အနီးရွာများမှ ဒေသခံများ မိုးထဲလေထဲတွင် ပြေးလွှားရှောင်တိမ်းနေရကြောင်း သိရသည်။

ထန်းတောကုန်းကျေးရွာအနီးတွင် မေလ(၁၇)ရက်နေ့က စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ရွာကို လာရောက်ဖိနှိပ်နေခြင်းဖြစ်သည်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

စစ်ကောင်စီ ကို KNDF ပူးပေါင်း အဖွဲ့များ တိုက်ခိုက် စစ်ကား(၁)စီးပျက်စီး၍ စစ်ကောင်စီ အနည်းဆုံး (၁၀)ဦးသေ KNDF B-02 မှ ရဲဘေ...
25/05/2022

စစ်ကောင်စီ ကို KNDF ပူးပေါင်း အဖွဲ့များ တိုက်ခိုက် စစ်ကား(၁)စီးပျက်စီး၍ စစ်ကောင်စီ အနည်းဆုံး (၁၀)ဦးသေ

KNDF B-02 မှ ရဲဘော်(၁)ဦး အသက်ပေးခဲ့ရ

News Now သတင်းဌာန

(၂၃.၅.၂၀၂၂ ) နေ့ မနက် ၁၁ နာရီအချိန်ခန့် မှ ညနေ ၆.၃၀ ချိန်တွင် စကစ အကြမ်းဖက် တပ်ဖွဲ့ နှင့် KA. KNDF B-16 ၊ စစ်ကူအင်အားဖြည့် ညီအစ်ကို တပ်ရင်းများဖြစ်သော KNDF B-02. KPDF တို့ နှစ်ဖက်အကြား နန်းဖဲ ကျေးရွာ အနီးတဝိုက် တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်းသိရသည်။

၄င်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်မှ အနဲဆုံး (၁၀ )ဦး ကျ ပြီး ကားတစ်စီးကို ဖျက်စီးနိုင်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲ အတွင်း KNDF B02 မှ ရဲဘော်တစ်ဦး အသက်ပေးလိုက်ရပြီး စစ်ကောင်စီဖက်မှ ပြည်သူ အိမ်၃လုံးနဲ့ သစ်ပုံ (တန်၂၀ခန့်) ကို မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရှိရသည်။

Photo - ပျက်စီးသွားသော စစ်ကောင်စီ ကား နှင့် KNDF မှ တိုက်ပွဲဝင် ရဲဘော်တစ်ဦး

Photo crd Solomon Soe (KNDF)

Telegram တွင် Join ရန် >>>

t.me/NewsNow7

မြောင် တွင် စစ်ကောင်စီ ယာဥ်တန်း ကို တော်လှန်ရေးတပ်ပေါင်းစုများမှ  မိုင်းခွဲ တိုက်ခိုက် စစ်ကောင်စီ (၆) ပွဲချင်းပြီးသေ (၂)...
25/05/2022

မြောင် တွင် စစ်ကောင်စီ ယာဥ်တန်း ကို တော်လှန်ရေးတပ်ပေါင်းစုများမှ မိုင်းခွဲ တိုက်ခိုက် စစ်ကောင်စီ (၆) ပွဲချင်းပြီးသေ (၂)ဦးဒဏ်ရာပြင်းထန်
News Now သတင်းဌာန

25/05/2022

"ကသောလက်နဲ့တော်လှန်ခြင်းသာဖြစ်တယ်"ဆိုတဲ့ခေါင်းစဥ်နဲ့ ထောက်ပို့ အမျိုးသမီး ရဲဘော်တစ်ဦးရဲ့ အက

News Now သတင်းဌာန

ဒီဗီဒီယိုဖိုင်ကတော့ "ကသောလက်နဲ့တော်လှန်ခြင်းသာဖြစ်တယ်"ဆိုတဲ့
ခေါင်းစဥ်ဖြင့် စစ်ဘေးရှောင်ပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပို့လုပ်ပေးနေသည့် အမျိုးသမီးရဲဘော်တဦးရဲ့ အက ရုပ်သံ ဗီဒီယို ဖိုင်ပဲဖြစ်ပါတယ်။

Video Crd- Nan Chaw Su Khin

25/05/2022

အကြမ်းဖက်စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်မကွဲပဲ ကျန်ရှိစဥ် KNDF ရဲဘော်တဦးက အသက် အန္တရာယ်ကြီးမာစွာ ရှင်းလင်းဖယ်ရှားတဲ့ မြင်ကွင်း
News Now သတင်းဌာန

ဒီမော့ဆို ဒေါငံခါးတွင် ၂ ရက်အတွင်း စစ်ကောင်စီ ၇ ဦးသေဆုံးNews Now သတင်းဌာန မေလ၂၃ရက်နေ့ ၊၂၀၂၂ ခုနှစ် နေ့လည် ၁၂နာရီအချိန်တ...
24/05/2022

ဒီမော့ဆို ဒေါငံခါးတွင် ၂ ရက်အတွင်း စစ်ကောင်စီ ၇ ဦးသေဆုံး

News Now သတင်းဌာန

မေလ၂၃ရက်နေ့ ၊၂၀၂၂ ခုနှစ် နေ့လည် ၁၂နာရီအချိန်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ DMO pdf တို့ပူးပေါင်း၍ ဒီမော့ဆိုမြို့ ၊ ဒေါငံခါး တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်တပ်ကို ရှောင်တခင် ပျောက်ကျား ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် မှ ၄ယောက်သေဆုံးပြီး ဒဏ်ရာ ရရှိမူများ ရှိခဲ့ပါသည်။ အဆိုပါ ပျောက်ကျားတိုက်ပွဲ သည် မိနစ်၃၀ကြာမြှင့်ခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ် DMO pdf မှ သုံးဦး ဒဏ်ရာ ရရှိခဲ့၍ ကျန််ရဲဘော် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ထို့နောက် မေလ ၂၄ရက်နေ့ ၊ ၂၀၂၂ ခုနှစ် နံနက် ၉နာရီ အချိန်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ DMO pdf ၊ Loikaw pdf တို့ပူးပေါင်း၍ ဒီမော့ဆိုမြို့ ၊ ဒေါငံခါး တွင် မိုင်းထောင်ရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ် တို့ကို
ကင်းထောက်သွားသော KRU ၊ DMO pdf ၊ Loikaw pdf တို့နှင့် ထိတွေ့မူဖြစ်ခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်များ မှ လက်ဦး စွာဖြင့် ပစ်ခတ် နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ဦး သေဆုံးခဲ့ကြောင်းသိရသည်။ တိုက်ပွဲ ကြာချိန် မှာ မိနစ်၃၀ ခန့် ထိတွေ့မူဖြစ်ခဲ့ပြီး KRU ရဲတစ်ဦး မစိုးရိမ် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အောင်မြင်စွာ
ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းကြောင်းKarenni Revolution Union (KRU) သတင်း နှင့် ပြန်ကြားရေးဌာနကပြောပါတယ်။

Photo crd Solomon Soe

Telegram တွင် Join ရန် >>>

t.me/NewsNow7

ကသာအထက်ပိုင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၆ ဦးထက်မနည်းသေဆုံးပြီးTelegram တွင် Join ရန် >>> t.me/NewsNow7...
24/05/2022

ကသာအထက်ပိုင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၆ ဦးထက်မနည်းသေဆုံးပြီး

Telegram တွင် Join ရန် >>> t.me/NewsNow7

ကသာမြို့မှ အထက်သို့ စစ်သင်္ဘောလုံခြုံရေးယူရန် ခြေလျှင်စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်မှ ကသာမြို့အထက်ပိုင်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြားတွင် မိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မနက် အစောပိုင်းမှာ သူတို့ ခတက်ချောင်ရွာကနေ စထွက်လာတာ။ ကျွန်တော်တို့အဖွဲ့က နေရာအနှံ့ မိုင်းထောင် ထားတယ်။ သူတို့မိုင်းကွင်းထဲ ရောက်လာချိန် မိုင်းဆွဲလိုက်တာ" ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်မှ H-22 မိုင်တဲ မမ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဖက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ကာ အထက်ဖက်သို့ ဆက်လက်ချီတက်လာသည့်အတွက် မိုင်း ၉ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြာချိန် ၇ နာရီခန့် ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ရပ်နားသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မေလ ၁၄ ရက်နောက်ပိုင်း ကသာနယ်အထက်ပိုင်းသို့ စစ်အင်အား သိသိသာသာ ဖြည့်တင်းလာပြီး လက်ရှိ ကသာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် စစ်ကြောင်း ၃ ကြောင်းခွဲကာ လှုပ်ရှားနေကြောင်း သိရသည်။

"စုစုပေါင်း အင်အားအရ ဆိုရင် ၂၀၀ ဝန်းကျင်ရှိတယ်။ သူတို့က စစ်ကြောင်းခွဲပြီးတော့ တက်နေတာ ဟုတ်တယ်" လို့ ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့မှ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်အင်အားနှင့် ရိက္ခာတင်သင်္ဘော ၃ စီးသည်လည်း ကသာမြို့ သဖန်းကိုင်းဆိပ်တွင် မေလ ၂၁ ရက်ဆိုက်ကပ်ထားပြီး လက်ရှိအချိန်ထိ ဆက်လက် ဆန်တက် ထွက်ခွာခြင်း မရှိသေးကြောင်း သိရသည်။

သင်္ဘောပေါ်မှ ဆန်နှင့် ရိက္ခာများအား ကသာစစ် ကောင်စီတပ်ရင်း ၃၀၉ သို့ FAW ကားဖြင့် ၁၀ ခေါက်ထက်မနည်း သယ်ယူနေပြီး သင်္ဘောဆိုက်ကပ်ရာ မြစ်ကမ်းတလျှောက်ရှိ လမ်းများအား ညပိုင်း ၆ နာရီမှစတင်ကာ ဖြတ်သန်းခွင့်မရှိ ပိတ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကသာနယ်အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက် ကျေးရွာများသို့ ဝင်ရောက်ကာ စစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

ယူကရိန်းတွင် စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသည့် ရုရှားစစ်သားကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်Telegram တွင် Join ...
24/05/2022

ယူကရိန်းတွင် စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသည့် ရုရှားစစ်သားကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်

Telegram တွင် Join ရန် >>> t.me/NewsNow7

ယူကရိန်းနိုင်ငံတွင် လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ဖြတ်မှုကြောင့် ရုရှား၏ ကျူးကျော်မှုအတွင်း ပထမဆုံး စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရသည့် ရုရှားစစ်သားတစ်ဦးကို မေလ (၂၃) ရက်နေ့က ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အသက် (၂၁) နှစ်အရွယ် ရုရှားတင့်ကားတပ်ဖွဲ့မှ Vadim Shishimarin က Oleksandr Shelipov အမည်ရှိ အသက် (၆၂) နှစ်အရွယ် အရပ်သားတစ်ဦးကို ယူကရိန်းအရှေ့မြောက်ပိုင်း Chupakhivka ကျေးရွာတွင် ဖေဖေါ်ဝါရီ (၂၈) ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Shishimarin သည် ၎င်း၏ အထက်အရာရှိက ရာဇဝတ်မှုမြောက်သော အမိန့်ပေးစေခိုင်းမှုကို လုပ်ဆောင်ခဲ့ပြီး သေဆုံးသူအရပ်သား၏ ဦးခေါင်းကို သေနတ်ဖြင့် တစ်ချက်ထက်မက ပစ်ခတ်ခဲ့ကြောင်း တရားသူကြီး Serhiy Agafonov က ပြောသည်။

"ကျူးလွန်ခဲ့တဲ့ပြစ်မှုက ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူသားမျိုးနွယ်နဲ့ နိုင်ငံတကာဥပဒေဆိုင်ရာအမိန့်တွေကို ဆန့်ကျင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုဖြစ်ပါတယ်။ တရားရုံးအနေနဲ့ လျော့ပေါ့တဲ့ပြစ်ဒဏ် ချမှတ်လို့မရပါဘူး" ဟု တရားသူကြီးက ဆိုသည်။။

ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရသည့် ရုရှားစစ်သားက အပြာရောင်နှင့် မီးခိုးရောင် ခေါင်းစွပ်ပါ အားကစားသမားအင်္ကျီကို ဝတ်ဆင်ထားပြီး တရားရုံးအတွင်းရှိ မှန်အခန်းငယ်ထဲတွင် တိတ်ဆိတ်စွာထိုင်နေကာ ပြစ်ဒဏ်စီရင်ချက် ဖတ်ကြားစဥ် စိတ်လှုပ်ရှားမှုမရှိခဲ့ဟု ဆိုသည်။

စီရင်ချက်ကိုဖတ်ကြားစဥ် ခေါင်းငုံ့မတ်တပ်ရပ်ပြီး ဘာသာပြန်ထံမှ ဘာသာပြန်ဆိုပြောမှုကို နားထောင်ခဲ့ကြောင်း သိရသည်။

ရုရှားစစ်သား Shishimarin ၏ ရှေ့နေဖြစ်သူ Viktor Ovsyannikov ကမူ လူ့အဖွဲ့အစည်း၏ ဖိအားအချို့ရှိခဲ့တာကြောင့် ယခုပြစ်ဒဏ်ကို မအံ့ဩကြောင်းနှင့် အယူခံဝင်သွားမည်ဟု ပြောခဲ့သည်။

Shishimarin ၏ စစ်ရာဇဝတ်မှုကို မေလ (၁၃) ရက်နေ့တွင် စတင်ကြားနာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သောအမှုများ အများအပြားရှိလာမည်ဖြစ်ပြီး ယခုအမှုမှာ ပထမဆုံးတစ်ခုဖြစ်ကြောင်း အစိုးရရှေ့နေ Andriy Synyuk က ဆိုသည်။

ကျူးကျော်တိုက်ခိုက်မှုအတွင်း ရုရှားက အရပ်သားများကို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စွာ ပြုမူခဲ့ကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် စစ်ရာဇဝတ်မှု ၁၃,၀၀၀ ကို ဖော်ထုတ်သိရှိထားကြောင်း ယူကရိန်းက စွပ်စွဲထားသည်။

ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ယူကရိန်းတွင် အထူးစစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောထားသည်။

Source: Reuters
Photo: REUTERS/Viacheslav Ratynskyi

24/05/2022

လေသံမာမာနဲ့ အာဏာသိပ်ပြသည့် မြောက်ဒဂုံက စစ်တပ်အမာခံ အုပ်ကြီး ခင်မောင်သန်း ရှင်းလင်းခံရ (ရုပ်/သံ)

News Now သတင်းဌာန ၂၄ မေ

ရန်ကုန်၊ မြောက်ဒဂုံ (၄၅) ရပ်ကွက်က ဒလန်အုပ်ချုပ်ရေးမှူးကို Civil Guerrilla Force - YGN နှင့် Southern Division PDF တို့က ယနေ့ ၂၄.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်တွင် သွားရောက်ရှင်းလင်းခဲ့တဲ့ ရုပ်သံကို The Hero က ထုတ်ပြန်လာပါတယ်။

အဲဒီရုပ်သံမှာ တော်လှန်ရေးအဖွဲ့သားတွေက လမ်းမသိလို့မေးတဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့နေအိမ်ကိုဝင်ရောက်သွားခဲ့ပြီး စကားကို မာကြောကြောပြောနေတဲ့ အဲဒီအုပ်ချုပ်ရေးမှူးက " မင်းတို့က အိမ်ငှားနေတာလား " ဆိုတဲ့ စကားအဆုံးမှာ ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ ကားပေါ်တင်သွားသည့် စစ်ကောင်စီလက်ပါးစေအုပ်စု မိုင်းကွဲ၍ အကုန် သေပခုက္ကူ၊ မေ ၂၄လူငယ့်ခေတ်မကွေးတ...
24/05/2022

ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ ကားပေါ်တင်သွားသည့် စစ်ကောင်စီလက်ပါးစေအုပ်စု မိုင်းကွဲ၍ အကုန် သေ

ပခုက္ကူ၊ မေ ၂၄
လူငယ့်ခေတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ချေ - ကျွန်းချောင်းလမ်းပိုင်းတစ်နေရာတွင် မေလ ၂၄ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များ ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက ၎င်းတို့ကားပေါ်တင်သွားစဉ် အဆိုပါ ဖုန်းမိုင်းကွဲ၍ ၁၃ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးအားဖော်ဆောင်ခဲ့သည့် (MC KC DF)အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီကောင်တွေက ကျွန်တော်တို့မိုင်းထောင်ထားရင် ဖြုတ်၊ ဖြုတ်ပြီးယူသွားတာ အရင်ကတည်းက။ အဲဒါကြောင့် မိုင်း တစ်ခုဆင်ပြီး အဲဒီမိုင်းထဲမှာမှ ဖုန်းမိုင်းသပ်သပ် ထပ်ထောင်ထားတာ။ သူတို့အထင်မှားအောင် ကျွန်တော်တို့က ဝါယာ ကြိုးလေး ၂ ချောင်း ထုတ်ပေးထားတယ်။ သူတို့က အဲဒီဝါယာကြိုးလေးကို ဖြတ်ပြီးကားပေါ်တင်ချသွားတဲ့အချိန် ကျွန်တော်တို့ကဖုန်းခေါ်ပြီး ခွဲလိုက်တာဟု ၎င်းကရှင်းပြသည်။

မိုင်းဖြုတ်ယူသွားသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများသည် ကံကြီးစုကျေးရွာထိပ်တွင် ပြည်သူပိုင် ပစ္စည်းများ လုယက်နေသည့် စစ်ကောင်စီလက်ပါးစေများဖြစ်ကြောင်း ပြည်သူများ၏သတင်းပေးချက်အရသိရှိထား ကြောင်း ၎င်းကဆိုသည်။

အထက်ပါစစ်ဆင်ရေးကို မြစ်ချေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC KC DF) ကရဲဘော်ရှောင်လင် ဆိုသူ၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မနေ့ကပွဲချင်းပြီးသေတာတော့ ၅ ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း အကုန်သေတယ်လို့ ကျွန်တော်တို့သတင်းရတယ်။ ဒီကောင်တွေ ကျွန်တော်တို့ထောင်ထားတဲ့မိုင်းတွေ ဖြုတ်ယူတာ ခဏခဏ ခံရတာ များလာတော့ အခုလိုစီစဉ်လိုက်တာဟု ၎င်းကဆိုသည်။

ထို့ပြင် တန့်ကြည့်တောင် အနောက်လမ်းပိုင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ မောင်းနှင် လာသော ကားနှစ်စီးကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC - KC DF )၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSP ) ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၂ ဦး သေဆုံးသွားကြောင်း သိရသည်။

ဓာတ်ပုံ- မိုင်းကွဲ၍ ပျက်စီးသွားသည့်ကား

သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲရ စစ်ကြောင်းကို ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုNews Now သတင်းဌာန ကရင်ပြည်နယ်၊ သေ့...
24/05/2022

သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲရ စစ်ကြောင်းကို ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

News Now သတင်းဌာန

ကရင်ပြည်နယ်၊ သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲ အနေဖြင့် ကော်ဘရာစစ်ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော KNDO တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့များအား ဒေသခံပြည်သူလူထုမှ ယနေ့ ၂၄.၅.၂၀၂၂ ရက်နေ့နံနက်ပိုင်းတွင် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Cobra Column

တန်ဆည် တွင် အကြမ်းဖက် မီးရှို့နေသော စစ်ကောင်စီကို PDF ၅ ဖွဲ့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ (၁၃)ဦးသေNews Now သတင်...
24/05/2022

တန်ဆည် တွင် အကြမ်းဖက် မီးရှို့နေသော စစ်ကောင်စီကို PDF ၅ ဖွဲ့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ (၁၃)ဦးသေ

News Now သတင်းဌာန

တန့်ဆည်မြို့နယ်အတွင်း ပြည်သူများ၏အသက်၊အိုးအိမ် စည်းစိမ်များကိုဖျက်စီးနေသော စကစ အကြမ်းဖက်များအား (22.05.2022) ရက်နေ့တွင် စိမ်းစားကျေးရွာအနီး၊ချောင်းရိုးနှင့်လှည်းသွင်းကျေးရွာတို့ကြားတွင် တိုက်ခိုက်ခဲ့ရာ ထိုတိုက်ပွဲအပြီးတွင် စုစုပေါင်း စစ်ကောင်စီ (၁၃)ဦးသေဆုံး ၍ အယောက်(၂၀)ခန့် ဒဏ်ရာ ရရှိကြောင်း အတည်ပြု သတင်းရရှိထားသည်။

စကစ ဘက်မှ လက်နက်ကြီးဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရသည်။

ထိုနေ့တိုက်ပွဲအား တန့်ဆည်ဖီးနစ် ( Phoenix Defence Force Taze ) တပ်မဟာ (၂) တပ်ရင်း (၇)၊ Dragon Warrior ၊ TY Local အဖွဲ့များ ၊ နီးစပ်ရာ ကျေးရွာမြေပြင်အဖွဲ့များ ၊ ရွှေဘိုခရိုင် တပ်ရင်း (၆)၊(၇) တို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

Photo crd Solomon Soe

Telegram တွင် Join ရန် >>>

t.me/NewsNow7

23/05/2022

သေ့ဘော်ဘိုးစခန်းက ဖမ်းမိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ (ရုပ်သံ)

News Now သတင်းဌာန

ဒီဗီဒီယိုဖိုင်ကတော့ သေ့ဘော်ဘိုးစခန်းက ဖမ်းမိထားတဲ့ စစ်ကောင်စီ တပ်သားများမှ မင်းအောင်လှိုင် နဲ့ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေဟာ အောက်ခြေစစ်သားတွေ အပေါ် သစ္စာမရှိကြတဲ့အတွက် ၄င်းတို့ကို လာခေါ်ရင်တောင် ပြန်မလိုက်တော့ဖူးလို့ ပြောနေသော စစ်ကောင်စီတပ်သားများ ၏ ဗီဒီယို ဖိုင် ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလဲ ၄င်းစစ်သားများက နာမည်နဲ့တကွ ထုတ်ဖော်ပြောဆိုနေကြတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။

မေလ(၁၈)ရက်နေ့က သေ့ဘောဘိုစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ကြီးတွေ၊သေနတ်တွေ၊ကျည်တွေ အပါအဝင် သုံ့ပန်း(၇)ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

Video- Saw Brody

ယင်းမာပင် တွင် စစ်ကောင်စီ ကို တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ (၁)ဦးအပါအဝင် (၄)ဦးသေဆုံး ...
23/05/2022

ယင်းမာပင် တွင် စစ်ကောင်စီ ကို တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ (၁)ဦးအပါအဝင် (၄)ဦးသေဆုံး ပြီး အများပြားဒဏ်ရာရ

News Now သတင်းဌာန

ယနေ့ ၂၃.၅.၂၀၂၂ ရက်နေ့နံနက်စောစောပိုင်း တွင် ယင်းမာပင်မြို့နယ် မိုးကောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ခွေးအင်အား (၁၀၀)ဝန်းကျင်ခန့်ရှိသည့် စစ်ကြောင်းအား အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ယင်းမာပင်မြို့နယ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၊ မုံရွာခရိုင် တပ်ရင်း(၂) စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ (၁)ဦး အပါအဝင် (၄)ဦး သေဆုံးပြီး စစ်ကောင်စီ ဘက်က ထိခိုက်မှုအများအပြားရှိနိုင်ကြောင်းသိရှိရသည်။

ပြည်သူ့တော်လှန်ရေးရဲဘော်များဟာ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သော်လည်း မိုးကောင်းရွာအတွင်းရှိ ပြည်သူ့နေအိမ် (၂၀) ကျော်ကို မီးရှို့ဖျက်စီးပြီး ထွက်ပြေးသွားကြောင်း ရှေ့တန်းရဲဘော်များမှ သတင်းပေးပို့လာပါတယ်။

Photo - တော်လှန်ရေး ရဲဘော်တစ်ဦး
Photo crd Solomon Soe

Telegram တွင် Join ရန် >>>

t.me/NewsNow7

ကျည်တစ်တောင့် ၅၅၀၀၀ တန်ဖိုးရှိ သိန်း ၃၆၀ တန် 338 Sniper တစ်လက်ကို DMO PDF တပ်ရင်း-Aမှ ထပ်မံဝယ်ယူနိုင်ခဲ့ ကျည်များလိုအပ်န...
23/05/2022

ကျည်တစ်တောင့် ၅၅၀၀၀ တန်ဖိုးရှိ သိန်း ၃၆၀ တန် 338 Sniper တစ်လက်ကို DMO PDF တပ်ရင်း-Aမှ ထပ်မံဝယ်ယူနိုင်ခဲ့ ကျည်များလိုအပ်နေ

News Now သတင်းဌာန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ရင်း-A မှ R***r precision rifle 338 sniper တစ်လက်ကို ထပ်မံဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

၄င်း လက်နက်၏ တန်ဖိုးမှာ သိန်း ၃၆၀ ကျပ်ကုန်ကျခဲ့ပြီး ၎င်း၏ ကျည်တစ်ထောင့်မှာ ၅၅၀၀၀ ကျပ်ကုန်ကျကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီကို ကောင်းစွာတိုက်ခိုက် နိုင်ဖို့ရန်အတွက် မိဘပြည်သူများ၊ ပြည်တွင်းပြည်ပရှိ အလှူရှင်များတစ်ဦးစီသော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း ကျည်ဆံဖိုးတစ်ထောင့်ကစ ပါဝင်လှူဒါန်းပေးကြပါရန် အကူအညီတောင်းခံအပ်ကြောင်း DMO Local PDF ကပြောသည်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

မွန်ပြည်နယ် ၊ ရွာကလေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို လိုက်လံပိတ်ဆို့ပြီး ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ  ၁၀ ဦး သေ...
23/05/2022

မွန်ပြည်နယ် ၊ ရွာကလေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို လိုက်လံပိတ်ဆို့ပြီး ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ ၁၀ ဦး သေဆုံး
News Now သတင်းဌာန

ရေစကြို တွင် စျေးဝယ်ထွက်လာသည့် ရဲတပ်သား (၇)ဦး ကို PDF ကတိုက်ခိုက် ရဲတပ်သား (၃)ဦးသေ (၂)ဦး ဒဏ်ရာပြင်းထန် လက်နက် များသိမ...
23/05/2022

ရေစကြို တွင် စျေးဝယ်ထွက်လာသည့် ရဲတပ်သား (၇)ဦး ကို PDF ကတိုက်ခိုက် ရဲတပ်သား (၃)ဦးသေ (၂)ဦး ဒဏ်ရာပြင်းထန် လက်နက် များသိမ်းဆည်းရမိ

News Now သတင်းဌာန

ယနေ့ ၂၃.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်တွင် မကွေးတိုင်းရေစကြိုမြို့နယ် မြေတော်ကျေးရွာရှိ မြေတော် ရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲတပ်သား ၇ဦးအား PDF ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၃ဦး သေဆုံးပြီး ၂ဦးအပြင်းအထန်ဒဏ်ရာရရှိကာလက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း

သိမ်းဆည်းရမိသောလက်နက်များမှာ G3-၂လက်၊G3ကျဉ် ၃၅တောင့်၊နာနတ်သီး-၁လုံး၊ဖုန်း ၂လုံး၊
ငွေ-၃၁၄၅၀ကျပ်တို့ သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှူတွင်

၁. Bagan-Nyaung Oo PDF

၂.MGN-Tiger

၃.YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)

၄.Black Wolf PDF -Mdy

မဟာမိတ်ညီနောင်တို့အတူပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

Photo - ပုံလွှဲတင်ထားသည်

Photo crd Solomon Soe

Telegram တွင် Join ရန် >>>

t.me/NewsNow7

23/05/2022

မုံရွာ သို့လာသော စစ်ကောင်စီ ယာဥ်တန်း ကို တော်လှန်ရေးတပ်ပေါင်းစု များမှ ပဒေသာ မိုင်းဖြင့်တိုက်ခိုက် စစ်ကေဘက်က အသေပြောက် များမည်

News Now သတင်းဌာန

ယနေ့ ၂၀၂၂ ခုနှစ်၊ မေလ၊ ၂၃ရက်နေ့ နံနက်တွင် မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People's Defence Force Myinmu-MMU PDF ၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ Myinmu Civil Revolution Force-CRF(Myinmu) ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်း၍စစ်ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား များ သေဆုံးသူ များနိုင်ကြောင်း သိရသည်။

ဖြစ်စဥ်(၁) စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီကား (၁၆) စီးပါ ယာဥ်တန်းကို ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာ အကြား နံနက်(၁၁:၁၉)နာရီခန့်တွင် ပဒေသာမိုင်း (၃)လုံးတို့ ဖြင့်တိုက်ခိုက် ခဲ့ရာ (၈)စီးမြောက်ကားမှာလုံးဝထိမှန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်(၂) စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီကား (၁၆) စီးပါ ယာဥ်တန်းကို ဘိုးမင်းကြီးကင်းကျေးရွာ နှင့် ဂွေးပင်တောကျေးရွာ အကြား နံနက်(၁၁:၃၀)နာရီခန့်တွင် ပဒေသာမိုင်း (၄)လုံးတို့ ဖြင့် တိုက်ခိုက်ခဲ့ရာ (၅)စီးမြောက်ကားမှာလုံးဝထိမှန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်(၃) မုံရွာ မှ စစ်ကိုင်းသို့ သွားသော စစ်ကောင်စီကား (၁၇) စီးပါ ယာဥ်တန်းကို ဝမ်းပြည့်ကျေးရွာ နှင့် မြင်းမူမြို့ အကြား နံနက် (၁၂:၀၅)နာရီခန့်တွင် ပဒေသာမိုင်း (၃)လုံး တစ်ဖက်ပွင့်ပြောင်း(၂)လုံး တို့ ဖြင့် တိုက်ခိုက်ခဲ့ရာ (၁၃)စီးမြောက်ကားမှာလုံးဝထိမှန်ခဲ့ကြောင်းသိရသည်။

သေဆုံး စစ်ကောင်စီ တပ်သားများ၏အရေအတွက်ကို အတည်မပြုရသေး ကြောင်းသိရပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်ဆင်ရေး အတွင်း စကစ ယာဥ်တန်းနှင့် ကပ်ပါလာသော ကြက်သွန်နီကား တစ်စီးအား ရှောင်ဖယ်ပေးလိုက်ရသည့် အတွက် အဓိက ကျသော ကားအား လွှတ်ပေးလိုက်ရပြီး နောက်မှ ကားအား မိုင်းဆွဲတိုက်ခိုက် ခဲ့ရခြင်းဖြစ်ခဲ့ရပြီး နောက်နောင်တွင် စကစယာဥ်တန်းနှင့် ပြည်သူများ ကပ်မလိုက်ရန် အထူးမေတ္တာရပ်ခံ အသိပေးချင်ကြောင်း Black Eagle Defense Force - MMU ကပြောလိုက်တာပါ။

Telegram တွင် Join ရန် >>>

t.me/NewsNow7

ကရင်နီပြည်နယ် တွင် KNDF B04 နှင့် KA ပူးပေါင်း၍ စစ်ကောင်စီ ယာဥ်တန်းကို အန်တရယ် ကြားက  ချုံခိုတိုက်ခိုက် တိုက်ပွဲပြင်းထန်...
23/05/2022

ကရင်နီပြည်နယ် တွင် KNDF B04 နှင့် KA ပူးပေါင်း၍ စစ်ကောင်စီ ယာဥ်တန်းကို အန်တရယ် ကြားက ချုံခိုတိုက်ခိုက် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကား (၃)စီးပျက်စီး၍ အသေပြောက် များ

News Now သတင်းဌာန

၂၀၂၂ ခုနှစ်၊ မေလ (၂၂) ရက်နေ့ ယမန်နေ့ည က KNDF B - 04 နှင့် KA တို့ပူးပေါင်းပြီး ညနေ (၃) နာရီအချိန်တွင် ထားလဲကျေးရွာနှင့်ကျွန်းပင်ကုန်းကြားမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ၂ နာရီခွဲနီးပါး တိုက်ပွဲကြာချိန်မြင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီတို့ မောင်းနှင်းလာသောကားများကို KNDF B04 နှင့် KA အဖွဲ့တို့မှပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်စီးခဲ့ကြောင်းသိရသည်။

တိုက်ပွဲမှာ အထူးပြင်းထန်ခဲ့ကာ စစ်ကောင်စီ ကို KNDF ပူးပေါင်း အဖွဲ့များမှ အကြိတ်အနယ် ထိုးစစ်ဆက်တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံး တိုက်ပွဲပြီးချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်က အထိအခိုက်များကာ သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ အရေအတွက်တော့ KNDF ဘက်က အတည်မပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ကာ အချိန်ကြာလာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီဘက်မှ သာလွန်သော အင်အားစစ်ကူ အသုံးပြုသောကြောင့် မိမိတို့ KNDF/ B - 04 နှင့် KA တို့ဘက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းKNDF/ B - 04 သတင်းနှင့်ပြန်ကြားရေးဌာနကပြောလိုက်တာဖြစ်ပါတယ်။

Specially credit for photos to Solomon Soe
( KNDF တပ်ဖွဲ့ဝင် ဓါတ်ပုံ ပညာရှင် Solomon Soe ကို ဓါတ်ပုံများအတွက် အထူး Crd ပေးပါတယ်)
Telegram တွင် Join ရန် >>>

t.me/NewsNow7

ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး(HPM-01(အသေး))ကို ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။N...
23/05/2022

ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး(HPM-01(အသေး))ကို ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
News Now သတင်းဌာန

မေမြို့ အောင်ချမ်းသာရွာက စကစ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခံရ၊Telegram တွင် Join ရန် >>> t.me/NewsNow7မန္တလေ...
23/05/2022

မေမြို့ အောင်ချမ်းသာရွာက စကစ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခံရ၊

Telegram တွင် Join ရန် >>> t.me/NewsNow7

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဒီကနေ့ မေ(၂၃)ရက် မနက်ပိုင်းက နေအိမ်မှာ ရှိနေချိန် သေနတ်နဲ့နှစ်ချက် ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ မနက်(၅)နာရီကျော်က မေမြို့၊ အောင်ချမ်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် (၇၄)နှစ်ဟာ မန္တလေး - မေမြို့ ကားလမ်းဘေးက သူရဲ့ နေအိမ်မှာ ရှိနေချိန် လူတစ်ဦး ရောက်လာပြီး အုပ်ကြီးလား လို့ မေးကာ သေနတ်နဲ့ နှစ်ချက် ပစ်သတ်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မေမြို့က ဒေသခံ အရပ်သား ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ လက်ရှိအချိန် မေမြို့ အပါအဝင် နိုင်ငံတဝန်းက သူတို့ကို ဆန့်ကျင်တဲ့ ဒေသခံ အရပ်သား ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေပြီး တချိန်တည်းမှာပဲ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ဥပဒေမဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေမှာ ပူးပေါင်းပါဝင်တဲ့ သူတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေလည်း ပစ်မှတ်ထား တိုက်ခိုက် ခံနေရပါတယ်။

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး အဖြစ် သာယာဝတီမြို့နယ်၏ တပ်ထောက်ခံသူ တစ်ဦး ကို ပစ်မှတ်ထား၍ မိုင်းခွဲတိုက်ခိုက်။ News Now...
23/05/2022

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး အဖြစ် သာယာဝတီမြို့နယ်၏ တပ်ထောက်ခံသူ တစ်ဦး ကို ပစ်မှတ်ထား၍ မိုင်းခွဲတိုက်ခိုက်။

News Now သတင်းဌာန ၂၀၂၂ ခုနှစ်၊ မေလ (၂၃)ရက်

ယနေ့ မနက် (3:00)နာရီကျော်ခန့်က သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာရှိ ဦးမြင့်သိန်း ဆိုသူ၏ ဆန်စက်အား မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းသည် တပ်မ ၆၆ ၏ ခလရ ၃၅ တပ်ရင်းသို့ ဆန် ရိက္ခာများထောက်ပံ့ပေးနေသူဖြစ်သည်။

၄င်း၏ သားဖြစ်သူ ရန်ကျော် သည်လည်း သာယာဝတီခရိုင် လုံခြုံရေးတာဝန်ခံ ဗိုလ်မှူး ရဲလင်းနိုင်နှင့် အမြဲသောက်စားမူးယစ်ရမ်းကားကာ ပြည်သူလူထုကို ထိတ်လန့်အောင် ပြုမူနေခြင်း၊ ပြည်သူများအား ဖမ်းဆီး နှိပ်စက်ခြင်းများကို အကြမ်းဖက်စကစ ဗိုလ်မှူးအားကိုးကာ ၎င်းကိုယ်ပိုင်ရရှိထားသော သေနတ်ဖြင့် ခြိမ်းခြောက် လုပ်ဆောင်လေ့ရှိသူဖြစ်သည်။ နွားပွဲသမားများထံမှလည်း မတရားသဖြင့် မိုက်ကြေးခွဲ ငွေကြေးကောက်ခံပြီး စစ်အာဏာရှင် အလိုကျ ဆောင်ရွက်ပေးနေသူဖြစ်သည်။

အဆိုပါ ဆန်စက်အား မိုင်းခွဲမှုကြောင့် နံနက် (6:00)နာရီကျော်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရောက်ရှိလာချိန် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးမှ အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂နှင့်သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၏ "နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု" အဖြစ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးပစ်မှတ်များနှင့် ၄င်းတို့၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo crd

ထောက်ခံစာလုပ်မယ်ဆိုတဲ့ သူကသေနတ်နဲ့ (၇) ချက်ပစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း သေဆုံးTelegram တွင် Join ရန် >>>...
23/05/2022

ထောက်ခံစာလုပ်မယ်ဆိုတဲ့ သူကသေနတ်နဲ့ (၇) ချက်ပစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း သေဆုံး

Telegram တွင် Join ရန် >>> t.me/NewsNow7

ထောက်ခံစာလုပ်မယ်ဆိုပြီး အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ ဝင်ပစ်ခဲ့လို့ မနေ့ညက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မင်းဘူးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းနေအိမ်ကို မနေ့ည (၈) နာရီက အမည်မသိအမျိုးသားနှစ်ဦးက ထောက်ခံစာလုပ်မယ်ဆိုပြီး သေနတ်နဲ့ (၇) ချက် ဝင်ပစ်ခဲ့လို့ သေဆုံးခဲ့ရတာပါ။

မင်းဘူးမြို့က ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုဟာ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ ပျူစောထီးခေါင်းဆောင်တွေ ဖြစ်လို့ သေနတ်နဲ့ ပစ်သတ်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတချို့ ပြောဆိုပါတယ်။

မင်းဘူးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက PDF စာရင်းတွေထွက်လာပြီးနောက် အုပ်ချုပ်ရေးမှူးတွေ သတင်းပေးမှုကြောင့် ရွှေဝါကုန်းရပ်ကွက်က PDF ကိုးဦး ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

စားနပ်ရိက္ခာများရှားပါးလာ၍ နေရပ်ပြန် စားနပ်ရိက္ခာ ပြန်ယူလိုသော စစ်ဘေးရှောင်ပြည်သူများ ကို မိုးဗြဲ PDF မှ လုံခြုံရေး ရယူပ...
22/05/2022

စားနပ်ရိက္ခာများရှားပါးလာ၍ နေရပ်ပြန် စားနပ်ရိက္ခာ ပြန်ယူလိုသော စစ်ဘေးရှောင်ပြည်သူများ ကို မိုးဗြဲ PDF မှ လုံခြုံရေး ရယူပေးစဥ် စစ်ကောင်စီ နှင့် တိုက်ပွဲ ဖြစ်ပွား

News Now သတင်းဌာန

မေလ (၂၂)ရက်နေ့တွင် မိုးဗြဲမြို့အနီးရှိ ဝှါရီဆူးပလိုင်ရွာမှ ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူအညီတောင်းခံလာသည့်အတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့လုံခြုံရေးယူပေးနေစဥ် ညနေ (၄:၀၀) နာရီဝန်းကျင်ခန့်တွင် ဝှါရီဆူးပလိုင်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း MBPDF တပ်ဘက်မှ ရဲဘော်တစ်ဦး အသေးစား(မစိုးရိမ်ရ)ဒဏ်ရာသာရရှိခဲ့ပြီးပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည့်အပြင် ပြည်သူများသည်လည်း လိုအပ်သည့်ရိက္ခာများကို အချိန်မီယူဆောင်နိုင်ခဲ့သည်ဟုမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်- MBPDFဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကပြောပါတယ်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

အိမ်သာတက်နေသော သွေးသောက် (ကြံဖွတ် /ပျူစောထီး) ခေါင်းဆောင် သန့်ဇင်ဦး ကို ပြောက်ကျား အဖွဲ့က အိမ်သာထဲထိဝင်ပစ်သန့်ဇင်ဦး သေဆ...
22/05/2022

အိမ်သာတက်နေသော သွေးသောက် (ကြံဖွတ် /ပျူစောထီး) ခေါင်းဆောင် သန့်ဇင်ဦး ကို ပြောက်ကျား အဖွဲ့က အိမ်သာထဲထိဝင်ပစ်သန့်ဇင်ဦး သေဆုံး အီးပုံးတွေကြားမှာ လဲကျနေလို့ အလောင်းသယ်တဲ့ ပရဟိတ်သမားများ အခက်တွေ့

ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အလုပ်အမှုဆောင် ဦးသန့်ဇင်ဦး အိမ်သာတက်ချိန် မနေ့ညပိုင်းက အမည်မသိ သေနတ် ကိုင်ဆောင်ထားသူတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက
သိရပါတယ်။

"အမှန်က သူက ပျူစောထီးဆိုတော့ လာရှာတာ။ အိမ်သာတက်နေတာ အိမ်သာထဲထိ ဝင်ပစ်တာ။ ရှစ်ချက်ဒဏ်ရာရပြီး သေသွားတယ်လို့ ကြားတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ ကိုသန့်ဇင်ဦး ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သလို ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"အီးပုံတွေကြားမှာ ရွံလိုက်တာဗျာ အခြားနေရာပုန်းလို့ ရရဲ့သားနဲ့ အီးတွေအရင်ဆေးပြီးမှ သူ့ကိုသယ်ရတာ"လို့ ဒေသခံတစ်ဦးက ပြောသည်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

ပြည်တွင်းပြည်ပကူညီပံ့ပိုးမှုကြောင့် KNDF/B-07 မှ Drone တစ်စင်းရရှိထားပြီဖြစ်ကြောင်း အသိပေးထားသည်။News Now သတင်းဌာန
22/05/2022

ပြည်တွင်းပြည်ပကူညီပံ့ပိုးမှုကြောင့် KNDF/B-07 မှ Drone တစ်စင်းရရှိထားပြီဖြစ်ကြောင်း အသိပေးထားသည်။
News Now သတင်းဌာန

ဒီမော့ဆို မြို့မတံတားရှိစစ်ကောင်စီ ကင်းပုန်းကို DMO PDF နှင့် ပူးပေါင်း အဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက (၄)ဦးခန့်သေ...
22/05/2022

ဒီမော့ဆို မြို့မတံတားရှိစစ်ကောင်စီ ကင်းပုန်းကို DMO PDF နှင့် ပူးပေါင်း အဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက (၄)ဦးခန့်သေဆုံး

News Now သတင်းဌာန

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့မတံတားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကင်းပုန်းတစ်ခုကို ယမန်နေ့မေလ(၂၁)ရက် နံနက်(၈)နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုအပြင် ဒီးမော့ဆိုမြို့နယ်၊ မြို့မအားကစားကွင်းအနီးတွင် မနာပလော့ရပ်ကွက်မှ ရဲစခန်းသို့ အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နံနက်(၉)နာရီအချိန်တွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

၎င်းတိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဝင်(၄)ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု DMO-PDFကပြောသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ် ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း ၁၁၀၂ နှင့် KNDF BO-19 တို့ပူးပေါင်းတိုက်ခိုက်ပြီး တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ( ၂)ဖြစ်ပွားကာပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

ကြားဖြတ်မိုင်းဆွဲတိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများပြီး 40-mm လက်ထောက်ကျည်များ သိမ်းဆည်းရမိမေ ၂၂ ၊ ၂၀...
22/05/2022

ကြားဖြတ်မိုင်းဆွဲတိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများပြီး 40-mm လက်ထောက်ကျည်များ သိမ်းဆည်းရမိ

မေ ၂၂ ၊ ၂၀၂၂ ။

ရွှေကူနယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား မြို့လှ KPDF အရံကာကွယ်ရေးတပ်ဖွဲ့မှ လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိသည့်အပြင် လက်ထောက်ကျည် (40-mm) များသိမ်းဆည်းရမိခဲ့သည်ဟု မြို့လှ PDFက သတင်းထုတ်ပြန်ထားသည်။

အင်အား ၄၀ ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွေကူမြို့နယ် သင်္ဘောအင်းရွာမှ မိုးစစ်ရွာဖက်သို့ ခြေလျှင်ဆုတ်ခွာလာစဥ် ယနေ့နံနက် ၈နာရီခွဲခန့်တွင် မြို့လှ KPDF အရံကာကွယ်ရေးတပ်မှ H-22 လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံးဖြင့် လမ်းခုလတ်တွင် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုနှင့် အများအပြား ဒဏ်ရာရခဲ့ပြီးမြို့လှ KPDF အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာ လက်ထောက်ကျည် (40 - mm) ၁၃ လုံး သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းရွာဦးမှ
တဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။

လေးကေ့ကော်စစ်ရှောင်စခန်းရှိ နေအိမ်တဲများအနီးထိ သောင်ရင်းမြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်News Now သတင်းဌာန မိုးသည်းထန်စွာ ဆက်...
22/05/2022

လေးကေ့ကော်စစ်ရှောင်စခန်းရှိ နေအိမ်တဲများအနီးထိ သောင်ရင်းမြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်

News Now သတင်းဌာန

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ သောင်ရင်းမြစ်အနီးတွင် တည်ရှိသော လေးကေ့ကော်စစ်ရှောင်စခန်း၌ မြစ်ကမ်းပါးပြိုကျမှုအချို့ဖြစ်ပေါ်ခဲ့သည်။

မေလ ၁၉ ရက်မှစကာ မိုးဆက်တိုက်ရွာခဲ့ပြီး မေလ ၂၁ ရက်တွင် နေရာအချို့၌ မြေသားပြိုကျမှုများဖြစ်ပေါ်ခဲ့သည်ဟု စစ်ရှောင်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

"မိုးရွာတာများတော့ ရေစီးကြောင်းလိုဖြစ်နေတဲ့ နေရာက ပြိုကျသွားတယ်။ သောင်ရင်းမြစ်ရေကလည်း အပြည့်ဖြစ်နေပြီ " ဟု စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသတိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀၀ ကျော်မှာ သောင်ရင်းမြစ်တစ်လျှောက်ရှိ ကျောက်ခက်၊ ဝေါလေ၊ ကနဲလေး၊ သေ့ဘောဘိုးနှင့် လေးကေ့ကော်စစ်ရှောင်စခန်းများတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။

Telegram တွင် Join ရန် >>>

t.me/NewsNow7

စစ်ကောင်စီက မြောင် တွင် ကျေးရွာ များအတွင်း ဝင်ရောက်မွှေနှောက်၍ မင်းတန်းရွာကို မီးရှို့News Now သတင်းဌာနမြောင်မြို့နယ် မင...
22/05/2022

စစ်ကောင်စီက မြောင် တွင် ကျေးရွာ များအတွင်း ဝင်ရောက်မွှေနှောက်၍ မင်းတန်းရွာကို မီးရှို့

News Now သတင်းဌာန

မြောင်မြို့နယ် မင်းတန်းရွာကို မီးရှို့ခဲ့သော စစ်ကောင်စီက ယနေ့ ၂၂.၅.၂၀၂၂ ရက်နေ့တွင်လည်း သာဒွန်းအနောက်ရွာကို ဝင်ရောက် မွှေနောက် ၍ ဆက်လက် ၍ မီးရှို့ ဖျက်ဆီးမွှေနှောက်ရန် အညွန့်ရွာ ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်းသိရသည်။

မင်းတန်းရွာမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ရာနှင့်ချီ မီးလောင်ပျက်ဆီးခဲ့ရပြီဖြစ်ကြောင်းသိရသည်။

Address


Alerts

Be the first to know and let us send you an email when News Now သတင်းဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share