Big Boss gaming

  • Home
  • Big Boss gaming

Big Boss gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Big Boss gaming, Gaming Video Creator, .

21/07/2021
နောင်ဘဝလူတောင်ပြန်ဖြစ်မှာမဟုတ်ဘူး လူစိတ်မှမရှိတာ တရိစ္ဆာန်စိတ်ပဲရှိတာကို တစ်နေ့နေ့ကို မျှော်နေတယ် ma aa loe
18/07/2021

နောင်ဘဝလူတောင်ပြန်ဖြစ်မှာမဟုတ်ဘူး လူစိတ်မှမရှိတာ တရိစ္ဆာန်စိတ်ပဲရှိတာကို တစ်နေ့နေ့ကို မျှော်နေတယ် ma aa loe

အာဏာသာ အမိ အာဏာသာ အဖ

14/06/2021
WTF
12/06/2021

WTF

မိုး ... ပြည်မကိုပဲ ငြိုးပါတောတွေ တောင်တွေတော့ နွေးထွေးပါစေ ...။Gen Z   PDFလေးတွေ ကျန်းမာအောင်လို့ပါ။❤️
11/06/2021

မိုး ... ပြည်မကိုပဲ ငြိုးပါ
တောတွေ တောင်တွေတော့ နွေးထွေးပါစေ ...။
Gen Z PDFလေးတွေ ကျန်းမာအောင်လို့ပါ။❤️

11/06/2021

ငါ့အဖေက စစ်ဗိုလ်ချုပ်ကွ ပြည်ထဲရေးဝန်ကြီးကွ ဘာမှတ်လဲ ဗြင်းထည့်ရမှာအဲ့လိုအသံထွက်

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်စိုးထွဋ်ရဲ့သားအငယ်ဆုံး စည်သူထွဋ်နဲ့ အပေါင်းအပါ အမျိုးသား ၂ယောက် အမျိုးသမီး ၂ ယောက်တို့ နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ Excellent Bar & Restaurant မှာ သွားရောက်စားသောက်ရင်း ဖျော်ဖြေရေးတေးဂီတတွေကို ခံစားနေကြတယ်။ သူတို့အတွက် ကိုယ်ရံတော်တွေကလည်း တဖက်စားပွဲဝိုင်းမှာ ရှိတယ်လို့ သိရပါတယ်။ ညမထွက်ရ အမိန့်ရှိလို့ ဆိုင်ကို ည ၉ နာရီမှာ ရပ်ပြီး ၁၀နာရီမှာ ပိတ်သိမ်းတာ ဖြစ်လို့ ည ၉ နာရီ ဆိုင်ရပ်နားလိုက်ချိန်မှာ စည်သူစိုးထွဋ်နဲ့ အဖွဲ့ဟာ မပြန်သေးဘဲ ရှိနေပြီး သူတို့နဲ့ မလှမ်းမကန်းမှာ စားသောက်နေတဲ့ လူငယ် ၃ ယောက်ကလည်း မပြန်ကြသေးဘဲ တဖက်နဲ့ တဖက် နောက်ပြောင်ကြရင်း ရန်စဖြစ်ကြ ထိုးကြိတ်တာတွေဖြစ်လာတဲ့ အတွက် တဖက်က လူငယ် ၂ယောက်ဟာ အင်အားမမျှတဲ့အတွက် ဆိုင်ပြင်ဖက်ကိုထွက် ပြေးနိုင်ခဲ့ပေမဲ့ တယောက်ကတော့ စားသောက်ဆိုင် မီးဖိုထဲ ဝင်ပြေးလို့ စည်သူထွဋ်တို့က လိုက်ထိုးရင်း စားသောက်ဆိုင် စားဖိုမှူးက ဝင်တားတော့ စားဖိုမှူးကိုပါ ဝင်ထိုးလို့ စားသောက်ဆိုင်က အလုပ်သမားတွေက ဝင်ကူချတဲ့အထိ ဖြစ်ကုန်တယ်။ သူတို့က ပြည်ထဲရေးဝန်ကြီးရဲသားနဲ့ ဖြစ်နေတယ်ဆိုတာ မသိကြဘူး။ အဲဒီအချိန်မှာ စည်သူထွဋ်က သူဘယ်သူ့သားဆိုတာကို အော်ဟစ်ပြောဆိုပြီး သူ့ကိုယ်ရံတော်တွေက ဖုံးဆက်ခေါ်လို့ ရဲကားအစီး၂၀လောက် ရောက်လာပြီး အားလုံးကို ဖမ်းဆီးလိုက်တယ်။ စီစီတီဗွီရှိရင် ဖျက်လို့ ရဲအရာရှိက ပြောပေမဲ့ စီစီတီဗွီက ဆိုင်မှာ တပ်မထားလို့ ဆိုင်ကို ရိုက်ဖျက်ကြတယ်။ နောက်အလုပ်သမားတွေကို လက်ပြန်ကြိုး တုတ်ဖမ်းတယ်။ ဆိုင်ရှင် ဦးမျိုးဝေလင်းက အခင်းဖြစ်တော့ ဆိုင်မှာမရှိဘူး သတင်းကြားတာနဲ့ ဖြေရှင်းဖို့ ပြန်လာတာကို ဆိုင်ရှင်ကိုပါဖမ်းပြီး လက်ပြန်ကြိုးတုတ်တယ်။ ဆိုင်ဝန်ထမ်း ၃၃ ယောက်လုံးကို ဖမ်းသွားပြီး နောက်တနေ့မှာ မိန်းကလေး ၁၇ ယောက်ကို ပြန်လွှတ် ပေးတယ်။ စားဖိုမှူးရဲ့မိန်းမက ငွေစာရင်းကိုင်တဲ့သူ၊ သူက သူ့ယောက်ျားကို ဝိုင်းထိုးနေလို့ကာပြီး အော်တဲ့ အတွက် သူ့ကိုလည်း တရားစွဲတဲ့ထဲပါပြီး ဖမ်းတယ်။ ဆိုင်ကို ချိပ်ပိတ်လိုက်တယ်။ ဖမ်းထားတဲ့ လူတွေကို

၁။ ပုဒ်မ ၃၇၉ လုယက်မှု ၊ခိုးမှု
၂။ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှု။
၃။ ပုဒ်မ ၂၉၄ ဆဲဆိုမှု၊
၄။ ပုဒ်မ ၅၀၆ ခြောက်လှန့်မှု ။
၅။ ပုဒ်မ ၁၁၄ အားပေးကူညီမှုတွေနဲ့ ပုဒ်မ ၅ ခု တပ်ပြီး တရားစွဲပြီး နေပြည်တော် အချုပ်ထောင်ထဲ ထည့်ထားတယ်။

ပြည်ထဲရေးဝန်ရဲ့သား မင်းသန်းထွဋ်၊ စိုးမင်းထွဋ် နဲ့စည်သူထွဋ်တို့ ၃ ယောက် ပိုင်ဆိုင်တဲ့ Cherry Chapter Myanmar Company LTd. နဲ့ Strong Step Company Ltd. စီးပွားရေးလုပ်ငန်းတွေကတော့ သတ္တု၊ ရေနံ၊ သဘာဝသတ္တုထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကုန်ပစ္စည်းလက်ကားရောင်းဝယ်ရေးလုပ်ငန်း တို့ကိုပိုင်ဆိုင်ပြီး လုပ်ကိုင်နေကြသူများဖြစ်ပါတယ်။

အချုပ်ပြောရရင် စစ်ဗိုလ်ချုပ် တယောက်ဖြစ်တာနဲ့ သူ့မိသားစုကြီး တခုလုံး စီးပွားရေးသမားတွေ စီးပွားရေး အင်ပါယာကြီးတွေ ပိုင်ဆိုင်သူတွေ သာမန်ပြည်သူတွေနဲ့ ထိပ်တိုက်တိုးရင် သူတို့ကသာ အမှန် သူတို့ကသာ တရားစွဲဆို အနိုင်ယူ နိုင်တယ်၊ ပုဒ်မမျိုးစုံတပ်ပြီး ဒုက္ခပေးနိုင်တယ် တရားဥပဒေဆိုတာ လိုသလို သူတို့အတွက် သုံးနေတဲ့ ဖိနှိပ်မှု ယန္တရားတခုဆိုတာ ဒီအဖြစ်အပျက်ကလေးတခုက ထင်ရှားစွာ မီးမောင်းထိုး ပြလိုက်ပါတယ်။

ဒါကြောင့် ဒီလိုမတရားမှုတွေကို ငါတို့ပြည်သူတွေက ငုံမခံနိုင်တော့ဘူးဟေ့။ အဓမ္မနဲ့ ဓမ္မ ယှဉ်လာရင် ဓမ္မကသာ နိုင်ရမယ်။

ငါတို့နိုင်ကိုနိုင်ရမယ်။
Cpy

Gameဆော့တဲ့လက်တွေကမောင်းပြန်လဲ ကိုင်နိင်ကြတယ် နေမွန်းတည့်မှ အိပ်ယာထတဲ့ကောင်တွေက၅နာရီထိုးတာနဲ့ အပြေးအလွှားလေ့ကျင့်နေတယ်ပါ...
15/05/2021

Gameဆော့တဲ့လက်တွေက
မောင်းပြန်လဲ ကိုင်နိင်ကြတယ်

နေမွန်းတည့်မှ အိပ်ယာထတဲ့ကောင်တွေက
၅နာရီထိုးတာနဲ့ အပြေးအလွှားလေ့ကျင့်နေတယ်
ပါးစပ်ကလည်းဘာလိုချင်လဲ ဒီမိုကရေစီ
ဘယ်သူ့အတွက်လဲ ပြည်သူအတွက်ပဲ ဆိုပြီး
ဟစ်ကြွေး ပြေးနေကြတယ်

အိမ်မှာကူဖော်လောင်ဖက်မရတဲ့ကောင်တွေက
ဘယ်သူတစ်ဦးတစ်ယောက်မှ မတိုက်တွန်းဘဲ
ကိုယ်ပိုင်အသိ ကိုယ်ပိုင်ညဏ်နဲ့ တိုင်းပြည်ကိုထမ်းတင်နေကြတယ်

ငါးဟင်းဆိုမစားနိင်ဘူးဆိုတဲ့ကောင်တွေက
ငါးသေတ္တာ ရွှေဖရုံသီး က ဟင်းကောင်းဖြစ်မှန်းမသိဖြစ်လာတယ်

နေပူတယ်အပြင်မသွားဘူးဆိုတဲ့ကောင်တွေက
အမိုးအကာမရှိ နေပူပူကွင်းပြင်လယ်မှာ မောင်းတင်နေကြတယ် ဒိုက်ထိုးကျင့်နေကြတယ်

မိုးချိန်းရင်နေစရာမရှိတဲ့သူတွေကလည်း
မိုးရေထဲလျှပ်စီးတွေထဲ လေ့ကျင့်နေကြတယ်

ကျောခင်းယုံအိပ်ယာမှာ ခြင်ကိုက်လို့မသေဘူး
မနက်အတွက်အားပြည့်မှဖြစ်မယ် အိပ်ပျော်အောင်အိပ်မယ်တဲ့

ဘာလုပ်နေလဲမေးရင်
လေ့ကျင့်နေတယ် လို့ဖြေတယ်

ဘာလုပ်ဖို့လဲမေးရင်
တိုက်ပွဲ၀င်ဖို့တဲ့

ဘယ်သူအတွက်လဲမေးရင်
တိုင်းပြည်အတွက် အနာဂတ်အတွက် နောက်မျိုးဆက်အတွက်တဲ့

ဘာစိတ်ဓာတ်လဲမေးရင်
စွန့်လွှတ်စိတ်ဓာတ် စွန့်စားစိတ်ဓာတ်

#လေးစားပါတယ်ရဲဘော်တို့🙏🙏🙏

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်အလိုမရှိ

15/05/2021

မင်းတပ်မြို့ Genocide ဖြစ်နေပါပြီတဲ့။
မြို့ထဲကိုလူဒိုင်းလုပ်ပြီးဝင်လာတာပါ။လေယာဉ်၅စီး။လက်နက်ကြီးတွေနဲ့ကော အဆက်မပြတ်ပစ်နေတာ။speak out ဆက်လုပ်ပေးကြပါ plz.

28/10/2020

screen recording sound error တက်နေတော့ စိတ်ပျက်မိ

13/10/2020

cast နာလား rap ရႊတ္ေနတာလားမသဲကြဲ

Address


Website

Alerts

Be the first to know and let us send you an email when Big Boss gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share