
18/10/2020
Afk လုပ်ရင် Permanent Ban မယ့် Wild Rift
Wild Rift က Afk တွေ Trash Talkတွေ Racism တွေကို ဘယ်လို အပြစ်ပေးမယ်ဆိုတာ Alpha Version မှာထဲက ပြောပြီးသားပါ။
Wild Rift မှာတော့ Player တစ်ယောက်ရဲ့ အပြုအမူတွေကို Daily Behavior Grade နဲ့ သတ်မှတ်ပါတယ်။
[ ML မှာဆိုရင် credit score ]
Daily Behavior Grade က lvl 5ခု ရှိတယ်။ lvl 5 ကတော့ အများဆုံးပေါ့။ Acc စဖွင့်တာနဲ့ ကိုယ့်ရဲ့ Daily Behavior Grade lvl 4 ဖြစ်ပြီးသားပါ။
Daily Behavior Grade က ပွဲတွေဆော့လို့ ပြန်မတက်ပါဘူး။ တစ်နေ့မှာ lvl တစ်ခုပဲ တက်တာပါ။ ဥပမာ ကိုယ်က afk လုပ်မိလို့ lvl ကျသွားတယ်ဆိုရင် lvl ပြန်တက်ဖို့အတွက် တစ်ရက်စောင့်ရမှာဖြစ်ပါတယ်။ နောက်နေ့ရောက်မှ lvl က သူ့ဟာသူ ပြန်တက်မှာပါ။
Daily Behavior Gradeကို lvl 5 မှာပဲ ထိန်းထားနိုင်ရင်တော့ Reward တွေရပါလိမ့်မယ်။
လူတိုင်း lvl 4 က စတာဖြစ်တဲ့အတွက် lvl 4မှာတော့ reward ရမှာ မဟုတ်ပါဘူး။
Lvl 3 အထိကျသွားတဲ့သူတွေ Rank တစ်ရက်ဆော့လို့မရပါဘူး။
Lvl 2 ဆိုရင်တော့ Rank နှစ်ရက် Normal match တစ်ရက် Ban ခံရပါမယ်။
ကိုယ့်ရဲ့ Daily Behavior Grade က lvl 1 ပဲ ကျန်တော့တဲ့အထိ ဆေးထိုးရင်တော့ ဘာမှဆော့လို့ရမှာ မဟုတ်ပါဘူး။ Rank သုံးရက် Normal match နှစ်ရက် အပြင် Bots နဲ့ဆော့ဖို့တောင် တစ်ရက် Ban ခံရမှာဖြစ်ပါတယ်။
Daily Behavior Grade lvl နည်းနေတဲ့သူတွေ ဆေးထိုးတာတို့ Trash Talk တို့ Afk တို့ ဆက်လုပ်နေအုံးမယ်ဆိုရင် Acc ကို Permanent Ban တဲ့အထိ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။
Wild Rift က စည်းကမ်းတင်းကြပ်တဲ့အတွက် သေချာဆော့ကြပါ။ အထူးသဖြင့် Afk လုပ်တာတွေ ဂိမ်းထဲမှာ ဆဲတာတွေ မလုပ်ပါနဲ့။ တစ်ခြား Moba တွေမှာလဲ မြန်မာတွေ နာမည်ပျက်ရပေါင်း များပါပြီ။ အခု Wild Rift မှာတော့ ထပ်ပြီး နာမည်မပျက်ချင်တော့ပါဘူး။
Source - Yikez