Emi NeedU

Emi NeedU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Emi NeedU, Gaming Video Creator, .

08/11/2023

jsရှိရင်တောင်ဒါမျိုးjoine ပေးနိုင်မဲ့လူရှိဖို့ဆိုတာတော်ရုံမလွယ်ဘူး 😝😝

ဘယ်ကနေစပြောရမလဲဆိုရင်ဘယ်ကမှန်းမသိတဲ့ကောင်လေးတွေပေါ့မတူညီတဲ့ရပ်၀န်း၁ခုစီကနေတူညီတဲ့အိမ်မက်တစ်ခုအတွက်လာရောက်စုစည်းခဲ့ကြတယ် ...
23/06/2023

ဘယ်ကနေစပြောရမလဲဆိုရင်ဘယ်ကမှန်းမသိတဲ့ကောင်လေးတွေပေါ့မတူညီတဲ့ရပ်၀န်း၁ခုစီကနေတူညီတဲ့အိမ်မက်တစ်ခုအတွက်လာရောက်စုစည်းခဲ့ကြတယ်
ဝေဖန်သမျှကိုလဲခံနိုင်ရည်ရှိခဲ့တယ်တိုက်ခိုက်လာသမျှကိုလဲရဲရဲကြီးခုခံနိုင်ခဲ့တယ် နေရာကောင်း၁ခုကိုရောက်လာတဲ့အချိန်မှာအဲ့နေရာနဲ့ထိုက်တန်ပ့မလားဆိုပြီးစိုးရိမ်စိတ်တွေရော ပူပင်သောကတွေရော ရောထွေးနေခဲ့ပေမဲ့ ငါတို့ingameကိုရောက်တဲ့အချိန်မှာအားလုံးကိုခေါင်းထဲကနေအားလုံးရှင်းလင်းပြီးဆော့ရမဲ့ပွဲကိုပဲအာရုံစိုက်ခဲ့ကြတယ်

၀ါသနာတွေရူးသွတ်မှုတွေပြီးခဲ့တဲ့နောက်မှာဒီဂိမ်းသည်ငါတို့ရဲ့ဘ၀ဖြစ်လာခဲ့တဲ့အတွက်ဒီဂိမ်းသည်ငါတို့ကိုစိတ်ပင်ပန်းစေသလိုဒီဂိမ်းသည်ငါတို့ရဲ့စိတ်ထွက်ပေါက်ဖြစ်ခဲ့တယ်ငါတို့၂လနေလို့campရဲ့အပြင်၁ခေါက်မထွက်ခဲ့ဘူးနားရက်ရယ်လို့လဲမထားခဲ့ဘူးအရမ်းပင်ပန်းကြရင်တောင်သီးသန့်Trainningတွေနဲ့ကိုယ်ပိုင်cls timeတွေကအပြည့်နဲ့ဒီဂိမ်းနဲ့ဘယ်အရာကမှကင်းမနေခဲ့ဘူး

အကောင်းဆုံးကြိုးစားမှုတွေနဲ့အကောင်းဆုံးအစုအဖွဲ့ကိုပိုင်ဆိုင်ခဲ့ကြပေမဲ့အရေးကြီးတဲ့ပွဲတွေအရေးကြီးတဲ့အချိန်တွေမှာတော့ကျနော့ရဲ့အတွေ့အကြုံနဲ့အတွေးအခေါ်တွေကအားနည်းလွန်းခဲ့တာ၀န်ခံပါတယ်ဒါကကျနော့အတွက်နောက်ဆုံးခရီးပါအချိန်တွေအကြာကြီးကျနော်နဲ့အတူဆော့လာခဲ့တဲ့သူတွေတော်တော်များများသိမှာပါ ကျနော်player life စတင်ခဲ့တဲ့အချိန်ကစပြီးခုမတိုင်ခင်အချိန်ထိဒါငါ့ရဲ့နောက်ဆုံးပွဲပါလို့ထုပ်မပြောဘူးခဲ့ပါဘူးအခုအချိန်မှာတော့ကျနော့ရဲ့အိမ်မက်တွေမပြည့်၀သေးဘူးဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ဒီcommunity ကနေသေချာပေါက်အနားယူပါပြီအိမ်မက်နောက်လိုက်ရင်းနဲ့တချို့အရာတွေဆုံးရှုံးခဲ့ပြီးပြိီနောက်ထပ် ထပ်ပြီးမဆုံးရှုံးချင်တော့ဘူး

ဘာပဲပြောပြောကျနော်အရင်ကအားကျခဲ့ရတဲ့player တွေcoach တွေနဲ့အတူရင်ဘောင်တန်းပြီးဆော့ကစားခဲ့ရသလိုတချို့တချို့တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရရှိခဲ့တဲ့အတွက်ဂုဏ်လဲယူသလို၀မ်းလဲ၀မ်းသာပါတယ်ရွှာကတက်လာတဲ့ကောင်လေး၁ယောက်အနေနဲ့ဒါကတော့ဘ၀ကြီးပေါ့ဗျာ😅

ပြီးတော့FALCON ရဲ့အတောင်ပံ၁စုံအဖြစ်ပါ၀င်ခွင့်ရခဲ့လို့တကယ်ကိုဂုဏ်ယူခဲ့ရပါတယ်အခွင့်အရေးပေးခဲ့တဲ့founderအကိုသော်အပါအ၀င် အမြဲအနားကဂရုစိုက်ပေးခဲ့တဲ့ကိုထက် အကူညီလိုတိုင်းအမြဲနားညီးခံခဲ့တဲ့ ကိုရဲနောင် ညီအကို၁ယောက်လိုအနားကနေအမြဲကူညီပေးခဲ့တဲ့မီဒီယာteamရဲ့Hopking,Orange,Royal .broတို့အားလုံးကိုလဲတကယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ကတော့ကျနော့ရဲ့ညီအကိုတွေပေါ့
Goblin,D2Y,Chanlone,Saycloud,Andrew,နဲ့အသစ်ရောက်လာတဲ့ညီလေးJeX ခုတော့၁ယောက်၁လမ်းစီဆိုပေမဲ့ဆုံတွေခဲ့ရတာတကယ်ကို၀မ်းသာပါတယ် နောက်ထပ်တောက်ပတဲ့အနာဂတ်တွေမှာဆက်လက်မြင်ချင်ပါသေးတယ်.....

စာရှည်သွားရင်တောင်းပန်ပါတယ်ဒီစာကိုကျနော်တို့ကိုအားပေးနေတဲ့လူနည်းစုအတွက်ရေးခဲ့ချင်းဖြစ်ပါတယ်

week 2 မှာတော့အပြောင်းအလေးတွေနဲ့Falcon ကိုအားလုံးပဲတွေ့မြင်ရမှာပါ ဘယ်လိုအပြောင်းအလဲတွေလဲဆိုတာတော့စောင့်ကြည့်ပေးကြပါအုံး😉...
07/06/2023

week 2 မှာတော့အပြောင်းအလေးတွေနဲ့Falcon ကိုအားလုံးပဲတွေ့မြင်ရမှာပါ ဘယ်လိုအပြောင်းအလဲတွေလဲဆိုတာတော့စောင့်ကြည့်ပေးကြပါအုံး😉



Time to rewrite the script👌

Week 2 Day 1 ပွဲစဉ်တွေမကြာခင်စတင်တော့မှာပါ။ Week 1 ရဲ့အမှားတွေအားနည်းချက်တွေကို
ပြင်ဆင်လာခဲ့ပြီးဖြစ်လို့ဒီ Week 2 မှာအကောင်းဆုံးတွေချပြဖို့အဆင်သင့်ဖြစ်နေပါပြီ။🔥
မကြာခင်မှာကျွန်တော်တို့ Falcon PUBGM အသင်းရဲ့ယှဉ်ပြိုင်မှုတွေကို PUBG Mobile Page မှာလာရောက်အားပေးဖို့မမေ့နဲ့နော် Falcoons တို့ရေ။🤍

🏆 - PMPL SEA WILDCARD FALL 2023
🕟 - MMT 4:35 PM
📺 - PUBG MOBILE


ကျနော်တို့ဘယ်ရထားမှာလွဲခဲ့ကြလဲ ပြန်ဆုံဖို့အချိန်မည်မျှကြာမလဲ ထွေထွေထူးထူးတော့မဟုတ်ပါဘူးဇာတ်လမ်းအစမှာတုန်းကသူစိမ်းတွေလေ ဇ...
06/06/2023

ကျနော်တို့ဘယ်ရထားမှာလွဲခဲ့ကြလဲ ပြန်ဆုံဖို့အချိန်မည်မျှကြာမလဲ ထွေထွေထူးထူးတော့မဟုတ်ပါဘူးဇာတ်လမ်းအစမှာတုန်းကသူစိမ်းတွေလေ ဇာတ်လမ်းအဆုံးမှာကျတော့လဲသူစိမ်းတွေပဲပေါ့

သေချာတာကတော့မင်းလဲမရှုံးဘူး ငါလဲမရှုံးဘူး တကယ်ရှုံးတာ Chelsea Football Club 😌




week 1 final day ရဲ့အခြေအနေလေးဟာဆိုရင်တော့ဖြင့် ☺️
04/06/2023

week 1 final day ရဲ့အခြေအနေလေးဟာဆိုရင်တော့
ဖြင့် ☺️



day 2 rdy ??
01/06/2023

day 2 rdy ??

Ready💪 - Aim🎯 - Fire🔥!

Day 2 ပွဲစဉ်များကတော့မကြာခင်စတင်တော့ပါမယ်ဗျ။🤩 Falcon PUBGM အသင်းကိုအားပေးဖို့အဆင်သင့်ဖြစ်ကြပြီလား Falcoons တို့ရေ။🤍

🏆 - PMPL SEA WILDCARD FALL 2023
🕟 - MMT 4:35 PM
📺 - PUBG MOBILE


ss ကုန်ဖို့ရက်သိပ်မကျန်တော့တာဖြစ်လို့conquerorတင်ချင်တဲ့သူများaccတွေလာအပ်လို့ရပါပီအမြန်ဆုံးနဲ့စိတ်အချရဆုံးဖြစ်အောင်တင်ပေ...
16/03/2023

ss ကုန်ဖို့ရက်သိပ်မကျန်တော့တာဖြစ်လို့conquerorတင်ချင်တဲ့သူများaccတွေလာအပ်လို့ရပါပီအမြန်ဆုံးနဲ့စိတ်အချရဆုံးဖြစ်အောင်တင်ပေးမှာဖြစ်တဲ့အပြင် KD ကောင်းကောင်းနဲ့ Title တွေလဲရရင်ရသလိုယူပေးအုံးမှာဖြစ်လို့အမြန်ဆုံးလာအပ်လို့ရပါပီဗျ့😗😗

Need U so trr brr lal bl lo pyik lrr trr lal ?
01/02/2023

Need U so trr brr lal bl lo pyik lrr trr lal ?

ရှူးတိုးတိုး......👇👇👇

ဒီတခါတော့ Pubg Mobile Falcon Esports ရဲ့ Coach ( နည်းပြ ) Need U ရဲ့

အကြောင်းရာ တချို့တင်ဆက်ပေးလိုက်ပါပြီ။

13.04.2003 မှာမွေးဖွားခဲ့တာဖြစ်ပြီး နာမည်အရင်းကတော့ Aung TayZa

👉👉Fb Link -https://www.facebook.com/tayza.mmg.754?mibextid=ZbWKwL

-ညီလေး ၁ ယောက် ၊ ညီမလေး ၁ ယောက်ရှိသလို Aung Tayza ဟာသားအကြီးဆုံး

တစ်ယောက် ဖြစ်ပြီး ၁၄/ ကိုင်ဆောင်ထားသော လေးမျက်နှာ ( ဟင်္သာတခရိုင် )

ဇာတိကပဲဖြစ်ပါတယ်။

-ခုချိန်မှာ အသက် ( ၁၉ ) ကျော်သာရှိသေးပြီး ၊ အသက် ( ၁၆ ) နှစ် 2019 မှစတင်၍

-Team ICONIC ( ဖိလစ်ပိုင် 🇵🇭 ) အသင်းနှင့်အတူ PUBG Mobile Player Life သို့

ဝင်ရောက် လာသူလည်းဖြစ်ပါတယ်။

-Team ICONIC အတူ Mini Tournament Achievements တချို့ရယူနိုင်ခဲ့ပြီး ၊ အဲ့မှ

တဆင့်Local အသင်း တသင်းဖြစ်တဲ့ Insane Gunman ( IG ) သို့ပြောင်းရွှေ့ခဲ့ပြီး

Glaxy Challange ပွဲစဉ်တွင်GrandFinallistသို့ တတ်လှမ်းနိုင်ခဲ့သူတစ်ယောက်လည်း
ဖြစ်ပါတယ်။

-အဲ့နောက်မှ တဆင့် 2021 တွင် Team RAID သို့ ပြောင်းရွှေ့ကာ Coach ( နည်းပြ )

လုပ်ခဲ့ရာ Asia Pacific Cup တွင် Top 11 , 2022 Pubg Mobile Myanmar

Championship ( PMMC ) တွင် 2nd Runner Up Title ပါ ရယူပေးနိုင်ခဲ့သလို ၊

-MOBA game ဖြစ်တဲ့ Honor Of King ( HOK ) & Arena Of Valor ( AOV ) မှာပါ

Caster Rollတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

-Aung TayZa ( Need U ) ဟာ Falcon Esport သို့ 2022 November မှာရောက်ရှိလာ

ပြီး Andrew , D2Y , Chanlone , Golbin , Need U ဆိုတဲ့ Line Upအတူ GoldDigger

Tournament တွင် 2nd Runner up, LvL 1 Esport Mini Tournamnet မှာChampion

Title ပါရယူနိုင်ခဲ့တဲ့အပြင် ၊ ပြီးခဲ့သော

Pubg Mobile National Championship (PMNC) 2023 တွင်လည်း

Need U ရဲ့ ဦးဆောင်မူနဲ့တူ 2nd Runner Up ဆိုတဲ့ Title ကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး

Pubg Mobile Pro League Sea Wildcard ( PMPL ) မှာပါ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီပဲ

ဖြစ်ပါတယ်။

‼️‼️Aung TayZa ( Need U ) ဟာ Achievements တွေသာ ရယူနိုင်ခဲ့ပေမယ့်

ခုချိန်မှာ ကောင်မလေး တစ်ယောက်မှ မရယူနိုင်သေးသော Single တစ်ယောက်သာ

ဖြစ်ပါတယ်‼️‼️

နောက်လာမယ့် PMPL မှာရော Falcon Esport အနေနဲ့ ကောင်းဆုံး ဆက်လက်

ကြိုးစားပေးပါအုန်းလို့ပြောရင်း ၊ နောက်တခါ ဘယ် Pro Player ရဲ့ အကြောင်းအရာ

တွေ တင်ပေးသွားအုန်းမလည်းဆိုတာ စောင့်ကြည့်ပေးသွားကျပါအုန်း။



လိုချင်တဲ့ရလဒ်တော့မဟုတ်ပေမဲ့အခက်ခဲတွေကြားထဲကနေအကောင်းဆုံးကြိုးစားပြီးရရှိခဲ့တဲ့အရာဖြစ်လို့ဂုဏ်ယူမိပါတယ် အားပေးနေကြတဲ့သူတ...
29/01/2023

လိုချင်တဲ့ရလဒ်တော့မဟုတ်ပေမဲ့အခက်ခဲတွေကြားထဲကနေအကောင်းဆုံးကြိုးစားပြီးရရှိခဲ့တဲ့အရာဖြစ်လို့ဂုဏ်ယူမိပါတယ် အားပေးနေကြတဲ့သူတွေအနေနဲ့လဲကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် PMPL မှာလဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးအုံးမှာမလို့ ဆက်လက်အားပေးကြဖို့ပြောခြင်ပါတယ်ဗျ့




PMNC အတွက် group state list တွေနဲ့ point system တွေဆော့ရမဲ့အချိန် တွေထွက်လာပြီနော်ညိုကီတို့ PMNCရဲ့top5 ကပဲ 4 နိုင်ငံပေါ...
18/01/2023

PMNC အတွက် group state list တွေနဲ့ point system တွေဆော့ရမဲ့အချိန် တွေထွက်လာပြီနော်ညိုကီတို့ PMNCရဲ့top5 ကပဲ 4 နိုင်ငံပေါင်းပြိီးယှဥ်ပြိုင်ရမဲ့ PMPL၂ကြိမ်လုံးကို ပါ၀င်ခွင့်ရမှာဖြစ်ပါတယ် ညိုကီတို့အနေနဲ့လဲအဆင်သင့်ဖြစ်နေမယ်လို့ထင်ပါတယ် 5tin နော်ညိုကီတို့


ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ PMPL ကို (PH,KH,SG)တို့နဲ့အတူ၄နိုင်ငံပေါင်းပြီးယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ် Point Syste...
08/01/2023

ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ PMPL ကို (PH,KH,SG)တို့နဲ့အတူ၄နိုင်ငံပေါင်းပြီးယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ် Point System အရတော့ Rank point ထက် kill pointကိုပိုဦးစားပေးတဲ့အနေအထားကိုတွေ့ရမှာပါ ဒါကြောင့်မို့ မြန်မာplayerတွေအနေနဲ့အရင်ကထက်ပိုကြိုးစားပြီး train ကြဖို့ပြောချင်ပါတယ် အားလုံးဖိုက်တင်းပါဗျာ 😗😗😗

Arena of valor International Chanpion ship မှာမြန်မာကိုယ်စားပြုအဖြစ်သွားရောက်ယှဥ်ပြိုင်ခဲ့ပြီးချန်ပီယံtitleကိုရယူခဲ့တဲ့န...
24/11/2022

Arena of valor International Chanpion ship မှာမြန်မာကိုယ်စားပြုအဖြစ်သွားရောက်ယှဥ်ပြိုင်ခဲ့ပြီးချန်ပီယံtitleကိုရယူခဲ့တဲ့နောက်အားလုံးကသတိထားမိလာတဲ့Starry Hope ဟာသိပ်မကြာခင်အချိန်မှာပဲသူတို့ရဲ့ နောက်ထပ်Esportခြေလမ်းတစ်ခုဖြစ်တဲ့ PUBG Mobile team player တွေနဲ့စတင်မိတ်ဆက်ခဲ့ပြီပဲဖြစ်ပါတယ်

လက်ရှိမှာတော့ Yangon Galacticosရဲ့ Player ဟောင်း Vn နဲ့
Burmese Ghoulရဲ့playerဟောင်း Finn တို့ပါ၀င်နေပြီးနောက်ထပ်playerတွေကဘယ်သူတွေဖြစ်မလဲဆိုတာကို အားလုံးအနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်



မကြာသေးခင်အချိန်ကပဲ Genesis Esports ဟာသူတို့ရဲ့PUBG Mobile player တွေဖြစ်ကြတဲ့ TrustMee,MasterVape ,Noti တို့နဲ့လမ်းခွဲခ...
14/11/2022

မကြာသေးခင်အချိန်ကပဲ Genesis Esports ဟာသူတို့ရဲ့PUBG Mobile player တွေဖြစ်ကြတဲ့ TrustMee,
MasterVape ,Noti တို့နဲ့လမ်းခွဲခဲ့ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
Vanix Esport ထဲကနေစတင်လက်တွဲလာခဲ့တဲ့ဒီplayer တွေဟာGenesis Esport ရောက်ရှိခဲ့တဲ့အချိန်မှာလဲအောင်မြင်မှုတွေရရှိခဲ့သလိုlocal မှာလဲ
အကောင်းဆုံးplayerတွေအဖြစ်အချိန်အကြာကြီးရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။
Genesis Esport နဲ့လမ်းခွဲခဲ့တဲ့ခုချိန်မှာတော့သူတို့ရဲ့အနာဂတ်ဟာဘာလဲဆိုပြီးစိတ်၀င်စားစရာတွေရှိနေပြီပဲဖြစ်ပါတယ် ဒီစုဖွဲ့မှုဟာတော်ရုံတော့ပျက်စီးသွားလိမ့်မယ်မထင်ပါဘူးရှေ့ရှောက်ဘယ်လိုteamတွေဘယ်လိုEsport တွေက ခေါ်ယူကြအုံးမလဲဆိုတာစိတ်၀င်စားဖွယ်ကောင်းနေပါပြီ။
လက်ရှိlocal မှာအအောင်မြင်ဆုံးEsport တွေကပဲဒီ၃ယောက်ကိုခေါ်ယူဖြစ်လိမ့်မယ်လို့ထင်မိပါတယ်အဲ့တော့ Trust Mee,MasterVape,Notiတို့ကိုဘယ်Esport teamတွေကခေါ်ယူသွားကြမှာလဲဆိုတာအားလုံးရဲ့အမြင်ကိုခန့်မှန်းပြခဲ့ကြပါအုံး ။

14/11/2022

သိပ်မကြာတော့တဲ့အချိန်မှာကျနော်Contant creator အနေနဲ့မတူညီတဲ့နေရာ၁ခုကနေပြန်လာခဲ့ပါမယ်
PMMC ပြီးတဲ့အချိန်ကနေစပြီး အနားယူသင့်သလောက်ယူပြီးပြီဖြစ်သလိုလက်ရှိမှာလဲကြိုးစားရင်ကြိုးစားသလိုအထောက်အပံ့ပေးနိုင်တဲ့နေရာကိုရောက်ရှိနေပြီဖြစ်တာမလို့ကျနော်အရင်ကထက်အများကြီးပိုကြိုးစားအုံးမှာပါ
contant တွေမှာလဲ PUBG player ၁ယောက်ဖြစ်တာနဲ့အတူlocal PUBG Team တွေplayer ၁ယောက်ခြင်းစီရဲ့အကြောင်းတွေအပြင်တခြားတခြားသောEsport team တွေရဲ့အကြောင်းတွေကိုပါမြင်ရတွေ့ရသလောက်ရေးသားပေးဖို့ရှိပါတယ်မှားရင်လဲမှားပါမယ်တည့်ရေးသင့်တာတွေကိုလဲ တည့်ရေးဖို့ရှိပါတယ်PUBG Community ကိုတတ်နိုင်တဲ့ဘက်ကနေတိုးတက်အောင်စွမ်းဆောင်ပေးခြင်တဲ့စိတ်နဲ့ရေးမှာဖြစ်တဲ့အတွက်အားလုံးကိုလဲဒီCommunity ကြီးတိုးတက်ဖို့ပါ၀င်ကူညီပေးကြဖို့ကိုပြောခြင်ပါတယ် ။

Send a message to learn more

"သံသယအမြင်များကိုတောက်ပ​သောလက်စွမ်းဖြင့်ဖြတ်ကျော်ခြင်း"    ဒီနေ့ယှဥ်ပြိုင်သွားခဲ့တဲ့ M4 Myanmar play off ပွဲစဥ်တွေအပြီးမ...
14/10/2022

"သံသယအမြင်များကိုတောက်ပ​သောလက်စွမ်းဖြင့်ဖြတ်ကျော်ခြင်း"

ဒီနေ့ယှဥ်ပြိုင်သွားခဲ့တဲ့ M4 Myanmar play off ပွဲ
စဥ်တွေအပြီးမှာတော့ ကျတော်တို့ရဲ့ 9K Esport ဟာ
Burmese Ghouls ကို 2-0ဆိုတဲ့ရလဒ်နဲ့ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်
BG ဟာ strong လာတယ် တကယ်ကိုကောင်းလာပါတယ်လို့ အားလုံးကလက်ခံကြသလိုကျနော်ကိုယ်တိုင်လဲလက်ခံခဲ့ပါတယ်
ဒါပေမဲ့၁နိုင်ငံလုံးက caster တွေ contact creator တွေအားလုံးဟာ ကျနော်တို့ 9k ကို အိမ်ဖြည့်အသင်း၁သင်းအနေနဲ့သာ မှတ်ယူပြီး under dog ဆိုတဲ့ခေါင်းစဥ်၁ခုအောက်မှာပဲထားခဲ့ကြတာ အားလုံးလဲသိကြမှာပါ M4 မတိုင်မှီခန့်မှန်းချက်တွေ ပွဲစဥ်အတွင်းပြောပုံဆိုပုံတွေကအစ တစ်ဖက်သတ်ဆန်ခဲ့ပြီး ကစားသမားတွေ founder တွေစိတ်ဓာတ်ကျစေလောက်တဲ့အထိ ဆိုးခဲ့ပေမဲ့ ဒီအချိန်မှာတော့9k ဟာဘာလဲဆိုတာကိုပြသခဲ့ပြီပဲဖြစ်ပါတယ် အများကပြောနေသလို ကံကောင်းလို့ တက်လာခဲ့တာမဟုပ်ပဲ တကယ်ကောင်းလို့ top 4အဆင့်ကိုရောက်လာခဲ့ကြောင်း လက်ခံပေးကြဖို့နဲ့
မြန်မာအသင်း၁သင်းဖြစ်တဲ့နည်းတူ တခြားအသင်းတွေကိုအားပေးသလိုအားပေးဖို့လဲပြောချင်ပါတယ် ၁ဖက်သတ်ဆန်ဆန်ပြောစကားတွေဟာ ပြောလိုက်တဲ့သူတွေအတွက် ဘာမမဖြစ်ပေမဲ့အပြောခံရတဲ့သူတွေအတွက်တော့ စိတ်ထိခိုက်စရာအကြောင်းအရင်း၁ခု ဖြစ်တယ်လို့ပြောလိုက်ပါရစေ နောက်အဆင့်တွေအဆင့်တွေမှာလဲခက်ခဲနေပါစေ အကောင်းဆုံးကြိုးစားကြလိမ့်မယ်လို့ယုံကြည်ပါတယ် M4 ကိုဘယ်အသင်းသွားရသည်ဖြစ်စေမြန်မာကိုယ်စားပြုဖြစ်တဲ့အတွက်အားလုံးကို အားပေးကြပါလို့လဲပြောချင်ပါတယ်။




အားလုံးပဲသိကြတဲ့အတိုင်း 9K Esport ဟာ M4 Myanmar Qualifier ရဲ့ top 8 Group A မှာ ပါ၀င်နေတာပဲဖြစ်ပါတယ် အားလုံးကတော့ အရမ်းက...
28/09/2022

အားလုံးပဲသိကြတဲ့အတိုင်း 9K Esport ဟာ M4 Myanmar Qualifier ရဲ့ top 8 Group A မှာ ပါ၀င်နေတာပဲဖြစ်ပါတယ် အားလုံးကတော့ အရမ်းကြီးမျော်လင့်မထားပေမဲ့ Shine CG တို့လို့ MPL Old player တွေ Coach အဖြစ်လဲ နိုင်ငံခြား coach တို့ ပါ၀င်မှာ ဖြစ်လို့စောင့်ကြည့်ရမဲ့အသင်း၁သင်းလို့ဆိုရင်မမှားပါဘူး ဒါပေမဲ့ Gp A မှာ အတူယှဥ်ပြိုင်ရမဲ့ team တွေကလဲ GR Falcon I love You 3000 စတဲ့အသင်းတွေဖြစ်တာကြောင့် ဒီ stage ဟာ သူတို့အတွက် ခက် ခဲ နေမှာတော့အမှန်လို့ပဲပြောပါရစေ



M4 Qualifier ကိုမြန်မာကိုယ်စားပြု ဘယ်အသင်းကတက်ရောက်သွားမှာလဲ ? အားလုံးပဲသိကြတဲ့အတိုင်း M4 world Chanpionship အတွက် group...
16/09/2022

M4 Qualifier ကိုမြန်မာကိုယ်စားပြု ဘယ်အသင်းကတက်ရောက်သွားမှာလဲ ?
အားလုံးပဲသိကြတဲ့အတိုင်း M4 world Chanpionship အတွက် group state မှာ ယှဥ်ပြိုင်ဖို့ 8 team ကတော့ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ် Direct invite 4 team အပြင် ရေပန်းအစားဆုံးဖြစ်တဲ့ Fenix Esport ကလဲ လက်ရှိအဆင့်မှာပါ၀င်လာခဲ့ပြီး အားလုံးကစောင့်ကြည့်နေကြတဲ့ BG ILove You 3000 9K Esport တို့ဟာလဲ top 8 ထဲကိုပါ၀င်လာခဲ့ပြီဖြစ်တဲ့အတွက် Qualifier state ဟာ ထင်ထားတာထက်ကို ပိုပြီး စိတ်၀င်စားစရာကောင်းမှာပဲဖြစ်ပါတယ် မြန်မာ ကိုယ်စားပြုအဖြစ်လဲ ၁သင်းသာယှဥ်ပြိုင်ခွင့်ရမှာဖြစ်လို့ ဒီပွဲစဥ်ဟာထင်တာထက်ကိုပိုပြီးအကြိတ်အနယ် ရှိ ကြည့်ကောင်းမဲ့ ပွဲ ၁ပွဲဖြစ်မယ်လို့ ထင်ပါတယ် Qualifier အဆင့် မတိုင်မီ အချိန်တွေ အများကြီးပေးကာပြင်ဆင်ထားကြတဲ့ဒီအသင်းတွေထဲကမ ဘယ် team ကမြန်မာကိုယ်စားပြုဖြစ်သွားမလဲ ဘယ်လိုအောင်မြင်မှုမျိုးတွေသိမ်းပိုက်နိုင်မလဲဆိုတာကို ခန့်မှန်းပေးသွားကြပါအုံးခမျှ့


ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ MLBB team တစ်ခုဖြစ်တဲ့ Fenix Esport ဟာဆိုရင်တော့ ဒီနေ့ မှာယှဥ်ပြိုင်ကစားခဲ့တဲ့ IESF Road T...
12/09/2022

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ MLBB team တစ်ခုဖြစ်တဲ့ Fenix Esport ဟာဆိုရင်တော့ ဒီနေ့ မှာယှဥ်ပြိုင်ကစားခဲ့တဲ့ IESF Road To Bali MLBB group state မှာ Cambodia နိုင်ငံကိုယ်စားပြု team ဖြစ်တဲ့ See You Soon နဲ့ Philipines ကိုယ်စားပြု M3 World Champion BLACK LIST Intanational ကို
2 - 0 ဆိုတဲ့ ရလဒ်တို့ဖြင့်အနိုင်ရရှိခဲ့ပါတယ်
M4 Qualifier ဟာလဲနီးကပ်လာတာနဲ့အတူတူ ခုလို performace တွေကိုပြသနေတဲ့မြန်မာ team တွေကို
အားလုံးက စောင့်ကြည့်နေကြပြီပဲဖြစ်ပါတယ် Fenix Esport အနေနဲ့ M4 Myanmar Qualifier ဖြစ်လာနိုင်မလား လက်ရှိ local မှာလဲ နိုင်ငံကိုယ်စားပြုဖြစ်ရဖို့အရေးကို team အတော်များများကအင်တိုက်အားတိုက်ကြိုးစားနေကြတဲ့အတွက် Fenix Esport အတွက်လွယ်ကူနေပါ့မလားဆိုတာ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ် တကယ်ကိုကောင်းလွန်းတဲ့ Fenix Esport လို့ပဲပြောချင်ပါတယ်။

Fenix 2 - 0 See You Soon
Fenix 2 - 0 Black List

Photo Crd


Direct invite 4 team အပြင်ဘယ်  4 team က M4 myanmar qualifier အဆင့်ကိုတက်ရောက်သွားနိုင်မလဲ?အားလုံးပဲစောင့်မျော်နေကြတဲ့ M4...
09/09/2022

Direct invite 4 team အပြင်ဘယ် 4 team က M4 myanmar qualifier အဆင့်ကိုတက်ရောက်သွားနိုင်မလဲ?

အားလုံးပဲစောင့်မျော်နေကြတဲ့ M4 Qualifiersဟာ မနက်ဖြန်september 10 ရက်နေ့ကနေပြီးစတင်တော့မှာဖြစ်ပါတယ် Direct invite 4 သင်းဖြစ်တဲ့ Genesis Esport ,Glacticose Rising, Falcon Esport ,Ai Esport တို့အပြင် Qualifier state ကနေ ဘယ် team တွေတက်လှမ်းလာမှာလဲ တက်လာတဲ့team တွေအနေနဲ့လဲဘယ်လောက်ထိလုပ်ပြနိုင်မှာလဲဆိုတာကတော့တကယ်ကိုစိတ်၀င်စားစရာကောင်းလို့နေပြီပဲဖြစ်ပါတယ်။အားလုံးလဲသိကြတဲ့အထဲကမှ Direct inviteမရပေမဲ့သူတို့ကတကယ်ကိုကောင်းပါတယ်ဆိုတဲ့teamတစ်ခုအနေနဲ့ထိပ်ဆုံးမှာလက်ခံထားတဲ့team ကတော့ Fenix Esport ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ May 21 ရက်နေ့မှာပဲအားလုံးရဲ့အချစ်တော် Gold laner Peka ကြီးနဲ့စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Royal Milk & Fayyan တို့ရဲ့ combo တွေနဲ့တကယ်ကို strong တယ်လို့ပဲပြောလို့ရသလို Jun လ 20 ရက်နေ့မှာပြုလုပ်ခဲ့တဲ့ The Regional Road to Bali National Qualifierမှာတော့ Trend Esport (GR )ကို
3-0ဆိုတဲ့ရလဒ်နဲ့ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပြီးChampion ဆိုတဲ့ရလဒ်ကိုအရယူနိုင်ခဲ့ပါတယ်ဖွဲ့စည်းထားတာမကြာသေးတဲ့team ဆိုပေမဲ့တကယ်ကို ကောင်းမွန်တဲ့ performaceတွေနဲ့ ခုလက်ရှိ M4 qualifierမှာရောဘယ်လောက်ထိလုပ်ပြနိုင်အုံးမှာလဲသေချာပေါက်စောင့်ကြည့်ရမှာပါ လက်ရှိ Fenix Esport ရဲ့ Roster ကတော့
Peka
Royal milk
Fayyan
Juno
Simple
J3X
Mok
PX7
Wee.တို့ပဲဖြစ်ပါတယ် အဲ့တော့Fenix Esport အနေနဲ့ဘယ်လိုတွေအကောင်းဆုံးကြိုးစားသွားမလဲဆိုတာကတော့အားလုံးစောင့်ကြည့်ကြရမှာပါ
နောက်ထပ်စောင့်ကြည့်ရမဲ့team အနေ နဲ့ကတော့ Ai လူငယ် team ဖြစ်တဲ့ I love you 3000 တို့ဟာ Ai Esport team ကြီးရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ trainning တွေ နဲ့ ကိုယ်ပိုင်အရည်အချင်းကိုစီတွေနဲ့တကယ်ကို strong လာတဲ့ team လို့ပဲပြောရပါမယ် လူငယ်တွေဖြစ်တာနဲ့အညီအတွေ့အကြုံပိုင်းမှာအားနည်းနေတယ်လို့ပြောလို့ရပြီး ပြိုင်ပွဲမှာလဲအမှားနည်းနည်းစီလုပ်မိနေတဲ့အတွက် စောင့်ကြည့် ရမှာပဲဖြစ်ပါတယ်
ယခင် အရှိန်အ၀ါတွေနဲ့ လက်ရှိ မခေလှတဲ့Player တွေကိုပိုင်ဆိုင်ထားနေဆဲဖြစ်တဲ့Burmese Ghouls ကတော့မနက်ဖြန်စတင်မဲ့ပွဲစဥ်တွေထဲမှာတကယ်ကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် သူတို့အရှိန်အ၀ါအစဥ်လာ​ကောင်းတွေကို ထိန်းသိမ်းနိုင့်ဖို့အခွင့်အရေးကြီးရမလားဆိုတာ တကယ်ကိုစိတ်၀င်စားစရာကောင်းတယ်လို့ပြောလို့ ရပါတယ်
နောက်ထပ် team တွေဖြစ်ကြတဲ့M4 အတွက်တကယ်ကိုပြင်ဆင်ထားပြီလို့တွေးလို့ရတဲ့ RM Esport ,Team Mahar တို့နဲ့ မကြာသေးခင်ကမှ Announce လုပ်သွားခဲ့တဲ့ 9K Esport တို့အနေနဲ့ ဘယ်လိုပုံစံမျိုးတွေလုပ်ပြသွားအုံးမှာလဲဆိုတာတကယ်ကိုစိတ်၀င်စားဖို့ကောင်းနေပါပြီ အားလုံလဲ ဘယ် team ကဒီ qualifier မှာ ဘယ်အသင်းတွေဘယ်အဆင့်ထိတက်လှမ်းသွားမယ်လို့တွေးမိလဲခန့်မှန်းပေးကြပါအုံးဗျ့။



Falcon Esport ဟာ ပြီးခဲ့တဲ့မနေ့က ည၇နာရီအချိန်မှာပဲ သူတို့ရဲ့ new coach ဖြစ်တဲ့ Dale Vitug ကို announcement လုပ်ခဲ့ပါတယ်။...
09/09/2022

Falcon Esport ဟာ ပြီးခဲ့တဲ့မနေ့က ည၇နာရီအချိန်မှာပဲ သူတို့ရဲ့ new coach ဖြစ်တဲ့ Dale Vitug ကို announcement လုပ်ခဲ့ပါတယ်။ Dale ဟာ Philippines နိုင်ငံသားဖြစ်ပြီး Falcon Esports နဲ့ ခုလို လက်မတွဲခင်အချိန်မှာ Aura fire PH နဲ့ Echo Esports တို့မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။
Dale ရဲ့ အသင်းပြောင်းရွှေ့မှုဟာဆိုရင် MLBB Esports လောကသားအားလုံးအတွက် စိတ်၀င်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီသတင်းတွေကို တိတိကျကျမသိကြပေမဲ့ Dale ဟာ Falcon ရဲ့တာ၀န်ရှိသူအချို့နဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံနေတာတွေကိုတွေ့ရှိခဲ့တာကတစ်ကြောင်း Dale ကိုယ်တိုင်ကလဲသူ့ရဲ့ Personal Acc မှာ Falcon ဘက်က Quest အနေနဲ့တင်ထားတဲ့ Jersey ကို emoji တချို့နဲ့ဖော်ပြထားခဲ့တဲ့အတွက်မြန်မာနိုင်ငံရဲ့ Contact Creator တွေနဲ့ စောင့်ကြည့်နေကြသူတွေအားလုံးက Dale ဟာ Falcon ကိုရောက်လာ‌တော့မယ်လို့ ထင်ကြေး‌တွေပေးနိုင်ခဲ့ပါတယ် ။
Dale အနေနဲ့ Falcon Esports ဟာတကယ်ကိုအရည်အသွေးပြည့်၀တဲ့team တစ်ခုဖြစ်တယ်ဆိုတာကိုသိရှိပြီးဖြစ်သလို လက်ရှိမှာယှဥ်ပြိုင်ရမဲ့ M4 World Championship Qualifiers မှာရော သူ့ရဲ့ လုပ်ဆောင်ချက်တွေကဘယ်လောက်ထိအရေးပါလာနိုင်မလဲဆိုတာက‌တော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်ဗျာ။ Falcon Esports ဟာ Local မှာရှိတဲ့တခြားအသင်းများနှင့် အခက်ခဲတွေတွေ့ကြုံရမှာဖြစ်ပြီး Local မှတချို့တချို့သော team တွေဟာလဲ strong လာတာဖြစ်တဲ့အတွက် Falcon ရဲ့ ခုလိုပြင်ဆင်မှုတွေက အကျိုးရှိလာဖို့ လဲ‌မျှော်လင့်ရပါတယ်။ M4 မှာ Falcon Esports အနေနဲ့ အကောင်းဆုံးရလဒ်တွေပိုင်ဆိုင်နိုင်ပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။



Address


Website

Alerts

Be the first to know and let us send you an email when Emi NeedU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share