Jinnie's Food Tour

  • Home
  • Jinnie's Food Tour

Jinnie's Food Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jinnie's Food Tour, .

အစားတလိုင်းတို့​​​ hot pot စားရင် အ​​ရွေးဖြစ်ဆုံး/ အကြိုက်ဆုံး ဟင်းရည် အရသာက???1. Original2. Hot and spicy3. မာလာ4. တုန်...
22/01/2023

အစားတလိုင်းတို့​​​ hot pot စားရင် အ​​ရွေးဖြစ်ဆုံး/ အကြိုက်ဆုံး ဟင်းရည် အရသာက???

1. Original
2. Hot and spicy
3. မာလာ
4. တုန်ယမ်း
5. Kimchi
6. Tomato
7. အခြား (......)

Comments မှာ မန့်ရင်း အကြိုက်တူတဲ့ သူ​တွေ ရှာကြမယ်​နော်။

ဟဲဟဲ~ မင်မင်တို့က​တော့ မာလာအရသာ အကြိုက်ဆုံးပါ။

တကယ် အတည် တွဲချင်.....ပါဘူး။လက်ရှိ အသက်က နှစ် 1000၊အရပ်က ထန်းပင်ကို တစ်​ပေ​ကျော်ပါ။အလုပ်အကိုင်က ဝက်တုစား (ဝက်ကို တုပပြီး...
15/07/2022

တကယ် အတည် တွဲချင်.....ပါဘူး။
လက်ရှိ အသက်က နှစ် 1000၊
အရပ်က ထန်းပင်ကို တစ်​ပေ​ကျော်ပါ။
အလုပ်အကိုင်က ဝက်တုစား (ဝက်ကို တုပပြီး ဆယ်ဖြဲ ဆယ့်တစ်ဖြဲ စားတာ)မို့ တွဲလိုက်တာနဲ့ မြင်တိုင်း မြင်တိုင်း စိတ်မ​နော အင်မတန် ​တွေ့စရာ​လေးပါ။

အခု​တော့ ကမ္ဘာရဲ့ တစ်​နေရာမှာ ​နေပါတယ်။ ကမ္ဘာ​ပေါ်မှာမို့ ဂြိုလ်သားဂြိုလ်သူ​တွေ​တော့ မရှိပါဘူး။

ရုပ်ရည်က​တော့ ပုံပါအတိုင်း မြင်တာနဲ့ ပိတ်ရိုက်ချင်စရာပါ။ (စာကြွင်း- ကင်မရာနဲ့)

Reply လား။ မြန်ချင်လည်း မြန်တယ်။ မမြန်ချင်လည်း ကမ္ဘာလဆန်း ၁ရက်​နေ့မှ ပြန်ပါတယ်။

ဟင်းချက် လက်ရာလား​။ ကမ္ဘာမှာ မရှိ​သေးတဲ့ အရသာ​ အသစ်အဆန်း​တွေ မြည်းစမ်းစား​သောက်ကြည့်ချင်တယ်ဆိုရင်​တော့ ဖြစ်နိုင်ပါတယ်။ တီထွင်မှုပိုင်းမှာ ရှိသင့်တာထက် အ​တော် ​ကျော်လွန်သွားလို့​လေ။ အိမ်မှုကိစ္စလည်း pro ​ပဲ။ လှည့်ကို မကြည့်တတ်တာပါ။

ဓါတ်ပုံက​တော့ အရိုက်ခံတတ်ပါတယ်။ ကိုယ်တိုင်က​တော့ တုတ်နဲ့ပဲ လိုက်ရိုက်တာပါ။ ​ဂေါက်သီး​ပြောပါတယ်။

Surprise ​တွေ​တော့ မကြာမကြာတိုက်တတ်တယ်။ Sprite တိုက်ရမှာ မတိုက်ချင်လို့ ​စေတနာနဲ့ ဆင်ရာ ဆင်ရာ လိုက်တိုက်တာပါ။ လက်​ဆောင်​တွေက​တော့ ​မေ့မလဲချင်ရင် ယူဖို့ မ​တွေး​တာ အ​ကောင်းဆုံးပါ။

အားနည်းချက်က​တော့ စိတ်တိုင်းမကျတဲ့ခါ မထင်ရင် မထင်သလို ပါးစပ်က​နေ ခရား​ရေလွှတ် မနားတမ်း ​ပြောတတ်တာပါ။ သာလိကာနဲ့ အမျိုး​တော်လို့။

ဒါ​လေး သည်းခံနိုင်ရင်​တော့ အဆင်​ပြေမယ် မထင်ပါနဲ့။ မဖြစ်နိုင်တာ​တွေပါ။ ဘဝထဲလည်း မဝင်ပါနဲ့။ ကိုယ်​တောင် ဝင်ဖို့ ဝင်​ပေါက် လိုက်ရှာတာ ခုထိ အရိပ်​​ယောင်​တောင် မ​တွေ့​သေးဘူး။ ​တွေ့ရင် လမ်း​ပြ​ပေးကြပါ။

အတည်​​ပေါက် အူ​ကြောင်​ကြောင် ​အ​တွေး​တွေးတာပါ။

ဒါ​ကြောင့် မချစ်ပါနဲ့။ ြ နဲ့ဆို ပိုဆိုးပါတယ်။

​အောင်သွယ်​ပေးရင် ကိုယ့်ဘာသာသာ ယူလိုက်ပါ။ ​ကျေးဇူး မတင်ပါဘူး။

​ပေါက်ကရ ​ရောင်းမရသော ​​​စျေးဗန်း

မှ/ ဝက်တုစား အူ​ကြောင်ကြား မင်မင်

15/07/2022

ကဲ~ ဒီတစ်​ခါ​တော့ မင်မင်တို့ စပ်စုစိန်လုပ်မယ်။

​ယော​ရောဘွန်းတို့ သူငယ်ချင်း​တွေ အုပ်စုလိုက် ဆုံကြတဲ့အခါ

1. တူတူ shopping ထွက်ပြီး အိမ်မှာပဲ မုန့်လုပ်စားကြတာ
များလား။

2. အပြင်မှာ ​တွေ့ပြီး ဆိုင်ထိုင်စား​တဲ့ချိန် ပို များလား။

ဘယ်အဖွဲ့ ပိုများမလဲ။ We're also curious!!!
우리도 궁금해!!!

09/07/2022

Korean BBQ buffet!!!!!

ကဲ~​ ချင်းဂူးတို့​ရေ ဟို​နေ့က Ep 2 Korean BBQ buffet သွားစားတဲ့ vlog အပြည့်အစုံ​လေး တင်​ပေးလိုက်ပြီ​နော်။​ ​စျေးလည်း တအား တန်တယ်​။ တစ်​ယောက်ကိုမှ 11,800 ကျပ်ပဲ။ ဒါမယ့် အ​အေးနဲ့ ​သောက်စရာ​တွေ​တော့ ထပ်​ပေါင်း​ပေးရတယ်။ 11,800 တန် buffet မှာက Premium ဝက်သား သုံးထပ်သား၊ ဂုတ်သားနဲ့ side dishes 16မျိုး ပါဝင်ပါတယ်။ 🐷 BBQ ကြိုက်သ​​လောက် အဝစား တန်တယ်ဟုတ်။ အရသာကလည်း ရှလွတ် ရှလွတ် ထိမိဂွိပါပဲ။
ချင်းဂူးတို့လည်း သွားစားကြည့်ဖို့ Strongly recommend ​ပါတယ်။ လိပ်စာက​တော့ 94၊ ​အောင်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ် (bus ဂိတ်ဆိုရင် ခဝဲခြံမှတ်တိုင်နဲ့ ကုလား​ကျောင်းမှတ်တိုင်ကြား)ပါ။ Order မှာလိုသူ​တွေက မနက် 10 နာရီ - ည 8 နာရီထိ (1 ရက်ကြိုမှာနိုင်သလို မစားခင် နာရီပိုင်းအလိုမှ မှာယူလည်းရ) 09-764514138, 09-969086843 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်တဲ့။ ကဲ~ မြန်မြန်သာ သွားစားကြည့်လိုက်​တော့​နော်။ ​နောက် Jinnieတို့ ဘယ်ဆိုင်​တွေ သွားစားမလဲ၊ ဘယ်​လောက် ထိမိဂွိကြမလဲ သိရ​အောင် Page​ လေးကိုလည်း Like & Follow လုပ်ထား​ပေးဦး​နော်​။ အခု​တော့ တာ့တာ အန်​ညော်။ 👋

https://fb.watch/e90iZ3fB1k/

01/07/2022

Quiz Time 😎
ဒီ video လေးကို ဘယ် cafe မှာ ရိုက်ထားတာ ဖြစ်မလဲ။ အဖြေမှန်လေး ခန့်မှန်းကြည့်ကြရအောင်။

29/06/2022

Funny vlog ​《+ short review》လေး လာပါပြီ။ မရယ်ကြနဲ့​​​​နော်။ 😝

Organic Spicy ဆိုင်ရဲ့ menu အသစ် "မန္တ​လေး အထမ်း မြီးရှည်""Organic Spicy" လို့ ကြားလိုက်တာနဲ့ မာလာရှမ်း​ကောကို ​ပြေးမြင်...
29/06/2022

Organic Spicy ဆိုင်ရဲ့ menu အသစ်
"မန္တ​လေး အထမ်း မြီးရှည်"

"Organic Spicy" လို့ ကြားလိုက်တာနဲ့ မာလာရှမ်း​ကောကို ​ပြေးမြင်ကြမယ် ထင်ပါတယ်။ မကြာ​သေးခင်ကမှ "Organic Spicy" ဆိုင်က​နေ menu အသစ်​လေး ထပ်ထွက်ထားတယ်​တဲ့။ အာ့ menu ​လေးက​တော့ "မန္တ​လေး အထမ်း မြီးရှည်" menu ​လေး​ပေါ့​လေ။ Jinnie က မြီးရှည် တအား ကြိုက်​တော့ ဒီ သတင်း​လေး သိသိချင်း သူငယ်ချင်း Ji Hye နဲ့
အ​ဖော်ညှိ ​နောက်ရက်ကျ ​စမ်း​ချောင်းလမ်းမ​​ပေါ်မှာ ရှိတဲ့
အဆိုပါ ဆိုင်လေးမှာ သွားစားကြည့်လိုက်တာ​ပေါ့။ ​မြေနီကုန်း City Mart နားကပေါ့​နော်။ Jinnie တို့ သွားစားတဲ့ အချိန်က Brunch စားတဲ့ချိန်၊ ညဇီးကွက် သူငယ်ချင်း 2 ​ယောက်က မနက်စာလည်း မစားရ​သေးဘူးဆို​တော့...... ဘယ်ရမလဲ၊ အတိုင်အ​ဖောက် ညီညီပဲ မာလာရှမ်း​ကောနဲ့ ​​ဘေကွန်အပ်မှိုကင်ပါ တွဲမှာစားပစ်လိုက်တယ်​လေ။ အယ် ~ ကိုယ်​တွေပဲ စား​နေရင် ပျင်းစရာ ​ကောင်းတယ်​လေဆို​ပြီး​တော့ ကင်မရာ​လေးကိုလည်း ​ကျွေး အဲ​လေ video နဲ့ photo ​လေး​တွေလည်း ရိုက်၊ ပြီး​တော့ အခုလို blog + funny vlog ​လေး တစ်ခုကို ဖန်တီးပစ်လိုက်​တာ​ပေါ့ရှင်။ ပုံ​လေး​တွေရဲ့ ​အောက်မှာ သက်ဆိုင်ရာ menu ​တွေရဲ့ review ​လေး​တွေ ဖတ်ကြည့်လို့ ရပါတယ်ရှင့်။

Overall review ​လေး​ကတော့

အစားအ​သောက်: ☆☆☆
ဝန်​ဆောင်မှု:☆☆☆☆
သန့်ရှင်းမှု: ☆☆☆☆
ဆိုင်အပြင်အဆင်: ☆☆☆
​စျေးနှုန်း: ☆☆☆

Organic Spicy (Sanchaung Branch)
စမ်း​ချောင်းလမ်းမ၊ သ​ပြေညိုလမ်း​ထောင့်၊ ​​မြေနီကုန်း။ 09-797222121, 09-400800368

Funny vlog ​လေးက​တော့ အဆစ်အ​နေနဲ့ အဲ​လေ ပုံစံတစ်မျိုး​လေး လုပ်ထားပါတယ်ရှင့်။ ​ပုံနဲ့ video ​လေး တွဲတင်လို့ မရလို့ သီးသန့်တင်​ပေးမယ်​နော်။ မကြာမီ လာမည်​မျှော်။ 😝

17/06/2022
17/06/2022

Address


Alerts

Be the first to know and let us send you an email when Jinnie's Food Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jinnie's Food Tour:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share