09/05/2024
ဟိုလေ တချို့ Second ရောင်းတဲ့သူတွေ ဖုန်းတွေကို ရေစိမ်ပြပြီး ရောင်းနေကြတာတွေ့လို့လေ
ခင်ဗျားတို့ရေစိမ်တုန်းက ခင်ဗျားတို့မသိလိုက်ပဲရေဝင်သွားတယ်ဆိုပါတော့ဗျာ
User က အဲဖုန်းကိုဝယ်သွားတယ် တပါတ်လောက်ကြာတော့ ဒါမှမဟုတ်တလလောက်ကြာတော့ Touch မရတော့တာပဲဖြစ်ဖြစ် Camera Error တက်တာပဲဖြစ်ဖြစ်တခုခုဖြစ်လို့ ဆိုင်လာပြတယ်
စက်ဖွင့်ကြည့်လိုက်တော့ရေဝင်ထားတဲ့အရာတွေ ရေဂျိုးတွေတွေ့တယ်ပေါ့ အဲဒီမှာ Customer တွေကသူတို့ မလုပ်ဘူးတခါမှတောင်မိုးရေထဲယူသွားတာမျိုးမရှိဘူးပေါ့
အဲဒီမှာဆိုင်ဘက်ကလည်းငြင်းမှာပဲ ပြီးရင်တော့ User ဘက်ကပဲခံရမှာပဲ
ဘယ် ဖုန်း က Water Resistant ဘယ်လောက်ပါပါတယ်ပြောပြော ရေဝင်ရင်တော့ ဘယ်ဖုန်းကုမ္မဏီကမှ Warranty မပေးဘူး
အဲတော့ User တွေကိုပြောချင်တာက ဖုန်းကိုရေစိမ်ပြတာတို့ရေလောင်းပြတဲ့ဆိုင်တွေကိုရှောင်