Pyay Update News

  • Home
  • Pyay Update News

Pyay Update News

24/05/2021

မကြာမီ
လာမည် အုံး...... ဂျိမ်း......

31/03/2021

ဒလန်များ
မကြာမီ လာမည်
လိပ်စာအတိအကျ နှင့်တင်ပေးမည်။
ကျန်တာ ပြည်မြို့သားတွေ တာဝန်။
100% မှန်ကန်မှ တင်ပေးမှာပါ

 #ပြည်သူ့မေတ္တာစူးပြီသဲကုန်းမြို့နယ်ကြံ့ဖွတ် ဥက္ကဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းစိုးအောင်အကြမ်းဖက် စစ်အုပ်စု၏ မြို့န...
23/03/2021

#ပြည်သူ့မေတ္တာစူးပြီ
သဲကုန်းမြို့နယ်
ကြံ့ဖွတ် ဥက္ကဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း
စိုးအောင်
အကြမ်းဖက် စစ်အုပ်စု၏ မြို့နယ် ကောင်စီ အဖွဲ့ဝင်
သူ့ပထွေးတွေ ထိုးပေးတဲ့
Covid ကာကွယ်ဆေးထိုးပြီး တရက်အကြာတွင်
လေငန်းဖြတ်သွားလို့
ပြည်ကိုလာ
အခြေအနေ မကောင်းလို့
ရန်ကုန် သွား .....လို့ သိရတယ်။
ကာကွယ်ဆေး မထိုးခင်က ကျန်းမာရေး ကောင်းမွန်သူဟု သိရှိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုက တိုင်းပြည် အာဏာကို လက်နက်ကိုင် အကြမ်းဖက် လုယူပြီးနောက်ပိုင်း
မြို့နယ် ကောင်စီတွေ ဖွဲ့တော့ သဲကုန်း မြို့နယ် ကောင်စီမှာလည်း ပါဝင် ခဲ့ပြီး နေ့စဉ်နဲ့အမျှ ပြည်သူလူထုကို ဖိနှိပ်ဖို့ ညွှန်ကြားနေခဲ့တဲ့ သူပါ။
ခုတော့ ကိုယ့်အကုသိုလ်နဲ့ သူပါပဲ
လူမိုက်တို့ သွားရာလမ်း မြန်းရရှာပါပြီ။

ဒါသူများမြို့တွေက သံဃာတော်တွေ**********************************ကျုပ် တို့ ပြည်မြို့က သံဃာတော်များကတော့အနှောင်အဖွဲ့ကင်းတဲ...
22/03/2021

ဒါသူများမြို့တွေက သံဃာတော်တွေ
**********************************
ကျုပ် တို့ ပြည်မြို့က သံဃာတော်များကတော့

အနှောင်အဖွဲ့ကင်းတဲ့ ဘုန်းဘုန်းတို့ကိုအားကိုးရမလား
တွေးမိတယ် .....

ပြည်မြို့ကဆရာတော်များများက စစ်တပ်ကပ်တဲ့ဘွဲ့တွေယူထားကြတာ စိတ်ပျက်မိတယ် .....

20/03/2021

စစ်သူပုန် တပ်အတွင်း
အခြေအနေ အတော်လေး
#တပ်ပျက်နေပါပြီ
စစ်သူပုန်အောက်ခြေမိသားစုများ ငတ်ပျက်နေပါပြီ
နောက်ကျန်မိသားစုအား ဘာထောက်ပံ့ကြေးမှမပေး
နိုင်သလို့ ဘာတာဝန်ယူမှုမှလည်း မလုပ်ပေးနိုင်တော့ပါ
တာဝန်အရ အမိန့်အရပါဆိုတဲ့လူတွေ ခံကြပေါ့
ငတ်ပျက်သေပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်
ပါတယ်ဗျာ .....

ဘာကွာသွားမှာမို့လို့လဲ ဟုတ်လား? ကမ္ဘာ့ကပ်ရောဂါကြီးထဲမှာတောင် ပထမလှိုင်းအတွင်း သေဆုံးနှုန်း 10ယောက်မပြည့်အောင် အင်တိုက်အာ...
18/03/2021

ဘာကွာသွားမှာမို့လို့လဲ ဟုတ်လား?

ကမ္ဘာ့ကပ်ရောဂါကြီးထဲမှာတောင် ပထမလှိုင်းအတွင်း သေဆုံးနှုန်း 10ယောက်မပြည့်အောင် အင်တိုက်အားတိုက် ထိန်းပေးခဲ့တဲ့ခေါင်းဆောင်နဲ့ 1လကျော်အတွင်းမှာ ကိုယ့်ပြည်သူ 200ကျော်ကို ကိုယ့်လက်နဲ့ သတ်ခဲ့တဲ့ခေါင်းဆောင်ချင်းကွာတာပေါ့

ဘာကွာလဲဟုတ်လား
ပညာတတ်တွေ ပညာရှင်တွေကိုနေရာပေး လေးစားတဲ့ခေါင်းဆောင်နဲ့ ပညာတတ်တွေကို ကြက်လေးငှက်လေးလို သဘောထားဖမ်းချင်သလိုဖမ်း ပုဒ်မမျိုးစုံတပ်နေတဲ့ ခေါင်းဆောင်ချင်းကွာတာပေါ့

ဘာကွာလည်းဟုတ်လား
နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်အောင် ဘက်ပေါင်းစုံကြိုးစားပေးနေတဲ့ခေါင်းဆောင်နဲ့ နိုင်ငံတကာကိုဂရုမစိုက်ပဲ နွံထဲဆွဲနှစ်မယ့်ခေါင်းဆောင်ချင်း ကွာတာပေါ့

ဘာကွာလည်းဟုတ်လား
ပြည်သူအကျိုးအတွက် ကမ်းလာသမျှလက်တွေကိုအမိအရ ဖမ်းဆုပ်ပြီးကူနိုင်မယ့်သူတိုင်း ရင်ဖွင့်ကြိုခဲ့တဲ့ခေါင်းဆောင်နဲ့ ပြည်သူကိုကူမယ့် လက်တိုင်းရိုက်ချိုးပြီး မကူနိုင်အောင်တွန်းထုတ်တဲ့ ခေါင်းဆောင်မျိုးကွာတာပေါ့

ဘာကွာလည်းဟုတ်လား
ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှ နည်းမျိုးစုံလမ်းဖွင့်ပေးခဲ့တဲ့ခေါင်းဆောင်နဲ့ ကိုယ်ပိုင်ဖုန်းတောင် ထိန်းချုပ်ချင်တဲ့ခေါင်းဆောင်မျိုးကွာတာပေါ့

ဘာကွာလည်းဟုတ်လား
ပြည်သူတယောက်ချင်းစီတိုင်းရဲ့ အသက်ကတန်ဖိုးရှိတယ်လို့တဖွဖွပြောတတ်တဲ့ခေါင်းဆောင်နဲ့ ကိုယ့်ပြည်သူစစ်စစ်ကို ကလေးအစလူကြီးအဆုံးအသေသတ်ဖို့အမိန့်ပေးနိုင်တဲ့ခေါင်းဆောင်မျိုးကွာတာပေါ့

ကိုယ်တော်မှ ကိုယ်ရမယ်ဟုတ်လား
စနစ်တခုမကောင်းရင် ကမ္ဘာကြီးအကြောင်းမပြောနဲ့ ဟိုဘက်ရက်ကွက်အကြောင်းတောင် မသိအောင်ယုတ်မာလို့ရတာ မြင်ပြီလား

ကမ္ဘာနဲ့ ရင်ဘောင်တန်းအောင်ကြိုးစားပေးနေတဲ့သူနဲ့ တကမ္ဘာလုံးကိုဂရုမစိုက်ပဲ ကိုယ့်တဘို့ထဲကြည့်ပြီးတနိုင်ငံလုံးအမှောင်တိုက်သွင်းဖို့ ကြိုးစားနေတာ မြင်ပြီလား

Titok ဆော့နေရမယ့် Gen Z လေးတွေ ပျော်လို့ဆန့်ကျင်နေတာမဟုတ်ဘူး...
သားသားမီးမီးတို့အတွက် မရှိမဖြစ်တဲ့ Gen Y တွေအားလို့ တွန်းလှန်နေတာမဟုတ်ဘူး...
ပိုင်ဆိုင်မှုတွေ ရာထူးအခွင့်လမ်းတွေ မငဲ့လို့
Gen X တွေ အားဖြည့်နေတာမဟုတ်ဘူး...

အားလုံးက ကိုယ်ပိုင်အသိရှိနေလို့
ကိုယ်ပိုင်အသိတောင်မရှိတဲ့သူအတွက်ကတော့
မှန်တာပေါ့ ဘာကွာသွားမှာမို့လို့...

Credit #








ပြည်တွင်းဖြစ်ကို အားပေးပါမယ်။သဘာဝအတိုင်း ရောင်း‌​ပေးပါ။အသီးတွေကို ဆေးမထိုးပါနဲ့၊ဆေးမအုပ်၊မတို့ပါနဲ့။မျှစ်ကို အနီအဝါတွေ အ...
16/03/2021

ပြည်တွင်းဖြစ်ကို အားပေးပါမယ်။
သဘာဝအတိုင်း ရောင်း‌​ပေးပါ။
အသီးတွေကို ဆေးမထိုးပါနဲ့၊ဆေးမအုပ်၊မတို့ပါနဲ့။
မျှစ်ကို အနီအဝါတွေ အရောင်မဆိုးပါနဲ့ ၊သဘာဝအတိုင်းပဲ စားချင်လို့ပါ။
ငပိတွေလဲ ဆေးမဆိုးပါနဲ့။
လက်ဖက်တွေလဲ ဆေးမဆိုးပါနဲ့။
ပဲပြားတွေ မုန့်ဖတ်တွေ ဖော်လမင်ဆေးတွေ မသုံးပါနဲ့။
တစ်ရက်စာပဲ လုပ်ရောင်းပါ။
လူကြိုက် များတဲ့ မုန့်ဟင်းခါး၊ မုန့်တီ၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ တို့မှာ အချိုမှုန့်တွေအများကြီး မထည့်ပါနဲ့။
ဆေးသကြားတွေ မသုံးပါနဲ့။

‘’’’ကိုယ့်လူမျိုးတွေ အသက်ရှည် ကျန်းမာ ကြံ့ခိုင်အောင် ကူညီကြပါ။’’’’🙏🙏🙏

ပြည်တွင်းဖြစ်ကို အားပေးပါ့မယ်။✊

🍉🍌🍍🥬🥦🌽🥕🥭🍎🍇🌶🥜
Crd



👸

မန္တလေးပစ်ခတ်မှုကြောင့် ဒီကနေ့ ဆန္ဒပြသူ နှစ်ဦးသေဆုံး~~~~~~■ မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို မတ်လ...
15/03/2021

မန္တလေးပစ်ခတ်မှုကြောင့် ဒီကနေ့ ဆန္ဒပြသူ နှစ်ဦးသေဆုံး
~~~~~~
■ မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို မတ်လ ၁၅ ရက် ဒီကနေ့ မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ညနေ ၄ နာရီ နောက်ဆုံးရရှိတဲ့စာရင်းအရ သေဆုံးသူ ၂ ဦးရှိပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ရွာမလမ်းက ကိုသန်းထိုက်ဦး (၂၆)နှစ်နဲ့ အမည်မသိသေးတဲ့ အမျိုးသားတဦး စုစုပေါင်း နှစ်ဦး ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းဆက် ရှိနေပါတယ်။

PHOTO- မန္တလေးမြို့က ပညာရေးဝန်ထမ်းတွေ ထိုင်သပိတ်
-------

မန္တလေးပစ်ခတ်မှုကြောင့် ဒီကနေ့ ဆန္ဒပြသူ နှစ်ဦးသေဆုံး
~~~~~~
■ မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို မတ်လ ၁၅ ရက် ဒီကနေ့ မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ညနေ ၄ နာရီ နောက်ဆုံးရရှိတဲ့စာရင်းအရ သေဆုံးသူ ၂ ဦးရှိပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ရွာမလမ်းက ကိုသန်းထိုက်ဦး (၂၆)နှစ်နဲ့ အမည်မသိသေးတဲ့ အမျိုးသားတဦး စုစုပေါင်း နှစ်ဦး ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းဆက် ရှိနေပါတယ်။

PHOTO- မန္တလေးမြို့က ပညာရေးဝန်ထမ်းတွေ ထိုင်သပိတ်

မန္တလေးပစ်ခတ်မှုကြောင့် ဒီကနေ့ ဆန္ဒပြသူ နှစ်ဦးသေဆုံး
~~~~~~
■ မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို မတ်လ ၁၅ ရက် ဒီကနေ့ မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ညနေ ၄ နာရီ နောက်ဆုံးရရှိတဲ့စာရင်းအရ သေဆုံးသူ ၂ ဦးရှိပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ရွာမလမ်းက ကိုသန်းထိုက်ဦး (၂၆)နှစ်နဲ့ အမည်မသိသေးတဲ့ အမျိုးသားတဦး စုစုပေါင်း နှစ်ဦး ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းဆက် ရှိနေပါတယ်။

PHOTO- မန္တလေးမြို့က ပညာရေးဝန်ထမ်းတွေ ထိုင်သပိတ်
-------

~~~~~~




ယမန်နေ့က လူအများသေကြေပျက်စီးနေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် လူအများသေဆုံးရခြင်းအတွက်ဝမ်းနည်းခြင်းအကြောင်း...
15/03/2021

ယမန်နေ့က လူအများသေကြေပျက်စီးနေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် လူအများသေဆုံးရခြင်းအတွက်ဝမ်းနည်းခြင်းအကြောင်းတစ်စုံတစ်ရာမပါဘဲ မြန်မာနိုင်ငံအတွင်းတရုတ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက်စိုးရိမ်ကြောင်းသာ ပြောကြားခဲ့ပါသည်။ဤသည်မှာ အိမ်နီးချင်းနိုင်ငံဖြစ်ပါလျက် မြန်မာပြည်သူများအပေါ်စာနာစိတ်ကင်းမဲ့သောလုပ်ရပ်ဖြစ်ပါသည်။ သံတမန်ရေးရာအရပင် စာနာမိကြောင်း ပြည်သူများနှင့်အတူရှိကြောင်း ထုတ်ဖော်မပြောပြနိုင်သောတရုတ်သံရုံးကို မိမိအနေဖြင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချပါသည်။တရုတ်သံရုံးကိုလည်း မိမိတို့မြန်မာ့မြေတွင် မရှိစေလိုတော့ပါ။

Shame on you Chineese Embassy !

Yesterday, more than 60 heroes were sacrificed during tough and cruel actions of military. Meanwhile, Chineese embassy of Myanmar issued a statement that focus only on safety of chineese invested business, neglecting the death of citizens who were peaceful protestors. This kind of act is not acceptable as a neighboring country neglecting the people of Myanmar. We, as citizens of Myanmar, ask Chineese Embassy to leave Myanmar as soon as possible. You are not welcomed here.
Shame on you Chineese Embassy!!

Crd



15/03/2021
မန္တလေးတွင်လည်း စစ်အုပ်ချုပ်ရေးကြေညာမန္တလေးတိုင်းအတွင်း အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေမြို့နယ်နှင...
15/03/2021

မန္တလေးတွင်လည်း စစ်အုပ်ချုပ်ရေးကြေညာ

မန္တလေးတိုင်းအတွင်း အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး (Martial Law) သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ထပ်မံကြေညာခဲ့သည်။

လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာကြောင်း ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ပြီးနောက် ရန်ကုန်တိုင်းအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ မြို့နယ်တို့အား ယနေ့နံနက်ပိုင်းတွင် စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း ထပ်မံကြေညာခဲ့သည်။

15/03/2021

လှိူင်သာယာနှင့်တကွမြန်မာတပြည်လုံးက defence ခံစစ်နဲ့လက်နက်ကိုင်စစ်သူပုန်တွေကိုရင်ဆိုင်ကြရသူ အားလုံးကိုအကြံပေးပါရစေ။
ကြိုက်ရင်လဲသုံးပါမကြိုက်လို့အဆင်မပြေနိူင်ဘူးထင်ရင်လဲကျော်သွားကြပါ။
📣📣📣📣📣📣📣📣📣📣📣📣📣
တချိန်ကနာမည်ကြီးခဲ့တဲ့ဘယ်သူမှမဖြိုနိူင်တဲ့အင်းစိန်တိုက်
ပွဲမှာအောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းရဲ့နည်းဗျုဟာပါ
တချို့တော်တော်များများလဲဖတ်ဖူးကြမှာပါ
အဲသည်တိုက်ပွဲကအင်းစိန်ကတိုက်အိမ်ကြီးတလုံးမှာကရင်တွေခံတပ်ဆောက်ပြီးအပေါ်ကဝင်လာသမျဆီးပြစ်နေ တော့ဝင်မသိမ်းနိူင်ဘူးဖြစ်နေတာမှာဗိုလ်တိုက်ချွန်းကို
တာဝန်ပေးသတဲ့
ဗိုလ်တိုက်ချွန်းကဂျစ်ကားတစီးတောင်းဘော်ဒီရုံမှာ ကားရှေ့ကဘန်ဘာမှာကျည်ကာနိူင်တဲ့သံပြားအကြီးကြီး ကာခိုင်းပြီးကားပေါ်မှာလူလေးငါးယောက်ထဲနဲ့တောင်ကုန်းပေါ်ကတိုက်ရဲတံခါးကိုအတင်းဝင်တိုက်ဖွင့်ပြီးချေးမှူန်းနိူင်ခဲ့ပါတယ်၊ရုပ်ရှင်ရိုက်ရင်ကောင်းလိုက်မယ့်ဇတ်လမ်းဘယ်သူ
မှမရိုက်သေးတဲ့တကယ့်တိုက်ပွဲပါ

🛻🛻🛻🛻🛻🛻🛻🛻🛻🛻🛻🛻🛻🛻

အခုလဲသပိတ်အထိုင်စခန်းကိုစစ်အုပ်စုဝင်ဖြိုနေတာကြည့်ရတာကိုယ့်လူတွေကခွာစစ်နဲ့လက်နက်လဲမပါနောက်လှည့်ပြေးနေရတော့ထိကုန်တာပေါ့၊ အခု CRPH ကလဲခုခံ ကာကွယ်ပိုင်ခွင့်တရားဝင်ထုတ်ပေးတော့ ကိုယ့်နေရာမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တာကိုကာကွယ်ပိုင်ခွင့်နဲ့လုပ်
ရမှာပါ၊
ကိုယ့်အုပ်စုမှာရှိတဲ့လူအင်အားကိုလိုက်ပြီးဒိုက်နာ၊ကင်တာလို ပစ်ကပ်ကားခပ်တောင့်တောင့် ၂စီး၊၃စီးလောက် ရှေ့က နေကျည်ကာသံပြားတပ်ပြီး stand by ထားပါ၊ထုံးစံ အတိုင်းဒိုင်းကာနဲ့ရှေ့မှာသဲအိပ်အတားအဆီးထားပါ
အဲဒီအတားအစီးတွေကျော်လာရင်တော့ရှေ့က front line
ကလူငယ်ဒိုင်ကာတွေဖယ်ပေးလိုက်ပါ၊အသင့်စောင့်နေတဲ့ကား ၂စီး ၃စီးက လက်နက်ကိုင်သူပုန်အုပ်စုကိုတိုက်ရိုက် အမြန်ဆုံးအပြင်းမောင်းဝင်တိုက်ပြီး‌ကားထဲပါလာသူတွေ(ကားတစီး၁၀ယောက်ကနေ၁၅ယောက်ရနိူင်မယ်)ကားပေါ် ကခုန်ဆင်းပြီးဝင်လုံးကြပါ၊သေနတ်သမားကိုလူအင်အားအသာနဲ့အနီးကပ်ဝင်လုံးနိူင်မှနိူင်မှာပါ၊သပိတ်ထဲကလူတွေကလဲကားကိုအကာအကွယ်ယူပြေးလိုက်လို့ရပါတယ်
တချိန်ထဲမှာရပ်ကွက်၊လမ်းထဲကပြည်သူတွေကလဲသူတို့
ပစ်အားရပ်သွားတာနဲ့အားလုံးဆွမ်းကြီးဝင်လောင်းကြပါ
ဒီဗျုဟာနဲ့People power ပေါင်းလိုက်ရင်စစ်သူပုန်တွေ
အသက်ရှူချိန်တောင်ရလိုက်မှာမဟုတ်ဘူး
Sniper သမားကိုလည်းပြန်တိုက်ခိုက်ဖို့ဂျင်ကလိတဖွဲ့ထား
ပါဂျင်လိနဲ့ဝိုင်းပြီးဖိပြစ်ထားတုန်းဓါးသမာတွေတက်ခုတ်ရင်
ပွဲသိမ်းပါတယ်။
📌📌📌📌📌📌
ကိုယ့်လူတွေအကျအဆုံးနဲနဲနဲ့အရေးတော်ပုံအောင်မြင်
ရေးအတွက်လိုအပ်တာထပ်အကြံပြုကြပါ

အရေးတော်ပုံအောင်ရမည်။
AAK/15-03-21

ရန်ကုန်တိုင်း မြို့နယ် ၄ ခုကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာဧရာဝတီ၊ မတ် ၁၅၊ ၂၀၂၁ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာပ၊ တောင်ဒဂ...
15/03/2021

ရန်ကုန်တိုင်း မြို့နယ် ၄ ခုကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာ

ဧရာဝတီ၊ မတ် ၁၅၊ ၂၀၂၁

ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) သတ်မှတ်ကြောင်း စစ်ကောင်စီက ရုပ်မြင်သံကြားမှတဆင့် ထုတ်ပြန်ကြေညာသွားသည်။

ယမန်နေ့ကလည်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များကိုလည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) သတ်မှတ်ကြောင်း ကြေညာထားသဖြင့် စုစုပေါင်း ၆ မြို့နယ် ဖြစ်သွားပြီဖြစ်သည်။


Guys ❗️❗️သေသွားတဲ့သူတွေကို အားနာတဲ့အနေနဲ့Mobile legends ကိုဖျက်ပေးကြပါ 🙏❤️မြန်မာလူငယ်တော်တော်များများဖုန်းမှာ ml app ရှိ...
15/03/2021

Guys ❗️❗️
သေသွားတဲ့သူတွေကို အားနာတဲ့အနေနဲ့
Mobile legends ကိုဖျက်ပေးကြပါ 🙏❤️
မြန်မာလူငယ်တော်တော်များများဖုန်းမှာ ml app ရှိပါတယ် .အဲ့ app ကို မြန်မာနိုင်ငံကသူတွေအကုန်ဖျက်လိုက်ရင် တော်တော်လေးသိသာသွားမှာပါ 🙏
တရုတ်ကမြန်မာနိုင်ငံအရေးကိုတဖက်ကနေပိတ်ဆို့နေတာပါ သူတို့စီိးပွားရေးပျက်ကိန်းစိုက်အောင် ပြုလုပ်ပေးကြပါ 🙏ဒီဂိမ်းလေးကိုတောင်မဖျက်ပေးနိုင်ကြရင် ဆက်ပြောစရာမရှိတော့ပါဖူး တောင်းဆိုတာထက်တောင်းပန်တာပါ ဖျက်ပေးကြပါရှင် 🙏

စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်မယ့်ပြစ်မှု ၂၃ မျိုးကို စစ်ကောင်စီထုတ်ပြန်စစ်အုပ်ချုပ်ရေး မာရှယ်လောနဲ့ စီရင်နိုင်တဲ့ပြစ်မှု ၂၀ ...
15/03/2021

စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်မယ့်ပြစ်မှု ၂၃ မျိုးကို စစ်ကောင်စီထုတ်ပြန်

စစ်အုပ်ချုပ်ရေး မာရှယ်လောနဲ့ စီရင်နိုင်တဲ့ပြစ်မှု ၂၀ ကျော်ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

အဲဒီပြစ်မှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကစလို့ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေအလယ် မူးယစ်နဲ့ လက်နက်မှုတွေအဆုံး ပါဝင်ပါတယ်။

ဒီအကြောင်းအရာအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-56331237

စစ်ကောင်စီကို ပတ္တနိကုဇ္ဇန-သပိတ်မှောက် ကံဆောင်မည်ဟု သံဃာတော်များကြေညာဧရာဝတီ၊ မတ် ၁၅၊ ၂၀၂၁မန္တလေးမြို့ မဏိရတနာရာမ မြတောင်...
15/03/2021

စစ်ကောင်စီကို ပတ္တနိကုဇ္ဇန-သပိတ်မှောက် ကံဆောင်မည်ဟု သံဃာတော်များကြေညာ

ဧရာဝတီ၊ မတ် ၁၅၊ ၂၀၂၁

မန္တလေးမြို့ မဏိရတနာရာမ မြတောင်ကျောင်းတိုက်အတွင်းသို့ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက လက်နက်အပြည့်အစုံဖြင့် စီးနင်း၍ ဆရာတော်၊ သံဃာတော်များကို ရိုင်းစိုင်းကြမ်းတမ်းစွာ ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သည့် အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း ယမန်နေ့ညက သဘောထား ထုတ်ပြန်ခဲ့ကြသည်။

ထို့အတူ ရွှေဝါရောင်သံဃာတော်များက ဦးဆောင်ကာ တပြည်လုံးသံဃာတော်များက အာဏာသိမ်း စစ်ကောင်စီကို ပတ္တနိကုဇ္ဇန-သပိတ်မှောက် ကံဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကြေညာလိုက်သည်။


၂၀၂၁ မတ်လ ၁၄ ရက်  သတင်းထုတ်ပြန်ချက် - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ ထုတ်ပြန...
15/03/2021

၂၀၂၁ မတ်လ ၁၄ ရက်
သတင်းထုတ်ပြန်ချက် - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ ထုတ်ပြန်ချက်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာစစ်တပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာမှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်၊ ဆွေးနွေးဖလှယ်ရန်နှင့် လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန် တိုက်တွန်းပြောဆိုနေမှုများအား ဆန့်ကျင်ဖီဆန်လျက် နိုင်ငံတွင်း သွေးထွက်သံယိုမှုများ၊ သေကျေဒဏ်ရာရမှုများ ဖြစ်ပွားအောင် ဆက်လက်လုပ်ဆောင်နေမှုများကို အပြင်းအထန် ရှုတ်ချလိုက်သည်။

အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် စိတ်နှလုံးကြေကွဲဖွယ်ကောင်းလှ သည့် ဆန္ဒပြသူများအား သတ်ဖြတ်မှုများနှင့် မလျော်မကန်ဆက်ဆံမှုများ၊ ဖမ်းဆီးထိန်းသိမ်းထား သူများအား နှိပ်စက်ညှင်းပန်းမှုများကို မြန်မာနိုင်ငံရှိ သူမနှင့် အဆက်အသွယ်ရှိသူများထံမှ ကိုယ်တိုင် ကြားသိခဲ့ရသည်။ ကျန်းမာရေးဝန်ထမ်းများအပေါ် ကျူးလွန်မှုများနှင့် အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖျက်ဆီးမှုများအပါအဝင် ဆက်လက်ဖြစ်ပွားနေသည့် လူမဆန်သောလုပ်ရပ်များ သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေရေး အလားအလာများကို ပြင်းထန်စွာ ထိခိုက် လျော့ပါးစေလျက်ရှိသည်။ ဒေသတွင်းမှလုပ်ဆောင်သူများအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်၍ ၎င်းတို့၏ ဒီမိုကရေစီအား လိုလား တောင့်တမှုများအတွက် အတူတကွ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

အထူးကိုယ်စားလှယ်သည် ဒေသတွင်းရှိ ခေါင်းဆောင်များ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်သွယ်လျက်ရှိပြီး ဖြစ်ပေါ်လျက်ရှိသော အခြေအနေများ တည်ငြိမ်မှု ရရှိစေရေး သူမ၏ ကြိုးပမ်းဆောင်ရွက်မှုများအား ၎င်းတို့၏ စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးမှုများအပေါ် အားထား၍ လုပ်ဆောင်လျက် ရှိပါသည်။

************

Note to Correspondents: Statement by the Secretary-General's Special Envoy on Myanmar

The Special Envoy of the Secretary-General on Myanmar, Christine Schraner Burgener, strongly condemns the continuing bloodshed in the country as the military defies international calls, including from the Security Council, for restraint, dialogue and full respect for human rights and fundamental freedoms.

The Special Envoy has personally heard from contacts in Myanmar heartbreaking accounts of killings, mistreatment of demonstrators and torture of prisoners over the weekend. The ongoing brutality, including against medical personnel and destruction of public infrastructure, severely undermines any prospects for peace and stability. The international community, including regional actors, must come together in solidarity with the people of Myanmar and their democratic aspirations.

The Special Envoy remains in close contact with regional leaders and Security Council members and relies on their continued support towards her efforts to calm the situation.

https://myanmar.un.org/en/116301-note-correspondents-statement-secretary-generals-special-envoy-myanmar

Crdကြိုတင်သတိပေးပါရစေ...လာမယ့်ရက်တွေအတွင်း သူပုန်ကောင်စီ လက်ကိုင်တုတ်ခပ်ကြီးကြီးတွေရဲ့ မိသားစုအဖွဲ့ဝင်တွေက သူတို့ယောက်ျာ...
15/03/2021

Crd

ကြိုတင်သတိပေးပါရစေ...

လာမယ့်ရက်တွေအတွင်း သူပုန်ကောင်စီ လက်ကိုင်တုတ်ခပ်ကြီးကြီးတွေရဲ့ မိသားစုအဖွဲ့ဝင်တွေက သူတို့ယောက်ျား (သို့) သူတို့ဖခင်တို့နဲ့ သေခန်းပြတ်ဆိုတဲ့ ပို့စ်မျိုးတွေ တက်လာစရာ ရှိနိုင်ပါတယ်။

ဒါတွေဟာ အစစ်အမှန် မဟုတ်ဘူးလို့ တရားသေမပြောနိုင်သလို အစစ်အမှန်ပါလို့လည်း မပြောနိုင်ပါဘူး။ သံသယတော့ ရှိသင့်ပါတယ်။

လော့ဂျစ်အရ....
လူထုရဲ့ Social punishment ကို ရှောင်ရှားဖို့ထွက်ပေါက်ဟာ ဒီတစ်ပေါက်ပဲ ရှိပါတော့တယ်။ ဒါက ယုတ္တိဗေဒပါ။
လင်မယားချင်း၊ မိသားစုဝင်ချင်း စိတ်ဝမ်းကွဲပြလိုက်ရုံနဲ့ လူထုရဲ့ Social Punishment ကနေ အလွယ်တကူ လွတ်သွားနိုင်ပါတယ်။

သူတို့ဘာသာ အမှန်ပဲဖြစ်ဖြစ် ပလီပလာလုပ်တာပဲဖြစ်ဖြစ် အဲသလို ပို့စ်တွေကို ဝမ်းသာအားရ ဝိုင်းမရှယ်ခြင်းအားဖြင့် တော်လှန်ရေးကို အားပေးထောက်ခံပေးကြဖို့ လိုပါတယ်။ အရေးမကြီးသလို သဘောထားပေးကြဖို့ လိုပါတယ်။
ဉာဏ်သုံးကြပါ။ မအူကြပါနဲ့။
လူထုက အူတူတူဖြစ်နေသရွေ့ နားလှည့်ပါးရိုက်ဘဝကနေ မလွတ်နိုင်ပါ။

သတ်နေတဲ့ကောင်က အမြင်မှန်မရသေးသရွေ့ တော်လှန်ရေးအဖြေက ဘာမှမထူးခြားပါ။

အလိမ်ခံရပေါင်း များလှပါပြီ။
နောက်ကွယ်ကနေ လှောင်ရယ်နေတာ ခံနေကြရပါလိမ့်မယ်။

Crd; နွေဦးဂီတ

Address


Website

Alerts

Be the first to know and let us send you an email when Pyay Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share