01/11/2021
(Meta Hero များ)
Jungler ဆော့နိုင်သည့် Heroes များ -
Barats, Roger, Hayabusa, Lanceot, Balmond, YSS, Granger ,တို့ဟာ Jungle creep ကိုလျှင်မြန်စွာ စားနိုင်သည့်အပြင် Damage များစွာပေးနိုင်တာကြောင့် အသုံးပြုနိုင်ပါတယ်။
Baxia, Uranus ကတော့ Jungler အဖြစ်ဆော့ကစားနိုင်ပင်မဲ့ အနောက်က damage ပေးမဲ့ Mage လိုတဲ့အတွက် party ကစားတဲ့သူတွေသာ ကိုင်သင့်ပါတယ်။ public နဲ့သွားကိုင်ရင်တော့ Rp ဝိုင်းကျွေးလိုက်လို့ Rank တောင်မဆော့ရပဲ ဖြစ်သွားပါလိမ့်မယ်။ High Rank ဆိုရင်တော့ နားလည်မှုရှိရှိနဲ့ ကစားနိုင်ပါတယ်။
Offlane ဆော့သင့်သည့် Heroes များ -
Phoveus, Lapu Lapu, Yu Zhong, Esmeralda, Xborg, Paquito တို့ဟာ သွေးမာသလို Damage အကိတ်ကြီးကို ဆက်တိုက်ပေးနိုင်တာကြောင့် Battle မှာအကြာကြီး ခံနိုင်ပါတယ်။ ဒါ့အပြင် Enemy jungler ကိုလည်း မေးနိုင်တယ် Mid Mage ကိုလည်း ဝင်နှိုက်နိုင်တာကြောင့် ကိုင်ကိုကိုင်သင့်တဲ့ Offlaner တွေပါပဲ။
Mid Mage ဆော့သင့်သည့် Heroes များ -
Yve, Pharsa, Kagura, Lunox, Lylia, Chang'e တို့ကို ကိုင်သင့်ပြီး အနောက်က damage အကိတ်ကြီးကို တောက်လျှောက် ပေးနိုင်တဲ့အပြင် Range အဝေးကြီးထိလည်း ရောက်နိုင်တာကြောင့် Op mage တွေပါ။
Tank/Support ဆော့သင့်သည့် Heroes များ -
Jawhead, Khufra, Gloo, Mathilda, Kaja, Tigreal, Angela တို့ကို ရွေးချယ်သင့်ပါတယ်။ Angela ကို နောက်ဆုံးမှာ ထည့်ထားရတာကတော့ ပွဲရှုံးမယ်ထင်ရင် ကောက်ကိုင်လိုက်ဖို့ပါ။
Gold Lane ဆော့သင့်သည့် Heroes များ -
Harith, Alice, Claude, Beatrix, Bruno, Natan, Kimmy တို့ဆော့ကစားသင့်ပြီး တော်တော်လေးအထာနပ်ဖို့တော့ လိုပါမယ်။ safe play တက်ရမယ်၊ creep ကျော်ရှင်းပြီး mid က creep သွားယူတက်ရမယ်၊ ချုံတွေကို သတိထားတက်ရမယ်။ ဆိုတော့ သေချာမှ Gold Lane ဆော့ပေးပါ။ သူက sec carry ဖြစ်နေတာကြောင့် jungler fail ရင်တောင် သူနဲ့ Late game ထိ ဆွဲခေါ်ပြီး ကြုံးလို့ရပါတယ်။
လိုအပ်တာတွေရှိခဲ့ရင် ကျနော့်အမှားသာဖြစ်ကြောင်းနှင့် နက်ဖြန်အတွက် ဘာရေးရမလဲဆိုတာ cmt မှာ ပြောသွားကြပါဦး။ နောက်ထပ် ML နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့ Page ကိုလည်း Follow လုပ်သွားပါကြဦး