Myanmar News

Myanmar News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar News, Media/News Company, .

ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ...
15/04/2023

ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား

ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယမန်နေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့သော် လည်း စစ်ကောင်စီဘက်က ရဲ များ သေဆုံးမှုမရှိဘဲ ဒဏ်ရာသာရရှိသည်ဟု သတင်းကို ကွယ်ဝှက်ထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း၊ ယင်းသို့ တိုက်ခိုက် ခဲ့ရာတွင် သေဆုံးသူ ရဲ ၂ ဦးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏတို့ဖြစ် ကြောင်း သိရှိရသည်။

"ရဲတပ်သား နေပိုင်နဲ့ ရဲတပ်သား ၀ဏ္ဏတို့ သေဆုံးပါတယ်။ ဒါပေမယ့် ရဲတွေက ပြောတာက ဒဏ်ရာပဲရတယ်ပဲ သတင်းဖြန့်တယ်။ မသေဘူး။ ခရမ်းဆေးရုံမှာ ဆိုပြီး ပြောနေတယ်။ တကယ်က သေသွားပါတယ်။ သတင်းကို တလွဲလုပ်ပြီး ဖုံးထားတဲ့သဘော" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ခရမ်း-PDF က လ၀ကရုံးကို ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ခရမ်း လဝကရုံးစီးနင်းခဲ့တွင် ဒဏ်ရာရရှိသော သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး။

ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံးRNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြ...
09/04/2023

ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုမြို့သစ်ကိုတော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ " ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။

Lion Battalion Commando ဗျူဟာစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားရဲဘော်ဖြစ်သည့်အပြင် Myanmar Student Christian Movement တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းသားကော်မတီဝင် Media Chair ဖြစ်ကြောင်း သိရသည်။


https://rednewsagency.com/news/10852
https://t.me/rednewsagency/2330
https://www.youtube.com//community

××××××××××××××××××××××××××××××××××××××××××××××××××× ၊ ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××...
02/11/2022

××××××××××××××××××××××××××××××××××××××××××××

××××××× ၊ ×××××××

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××📡×××××📡

လေယာဉ်ပစ်လက်နက် ဝယ်ယူရန် ခက်ခဲနေသည်ဟု NUG ပြော**********************နန်းဆုပန်ခန့်နိုဝင်ဘာ ၂၊ ၂၀၂၂။စစ်ကောင်စီက လေကြောင်းထ...
02/11/2022

လေယာဉ်ပစ်လက်နက် ဝယ်ယူရန် ခက်ခဲနေသည်ဟု NUG ပြော
**********************
နန်းဆုပန်ခန့်
နိုဝင်ဘာ ၂၊ ၂၀၂၂။

စစ်ကောင်စီက လေကြောင်းထိုးစစ်ဆင်မှုများ များလာသည့် အတွက် လေယာဉ်ပစ်လက်နက်များ ဝယ်ယူရန် အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကြိုးပမ်းနေသည်ဟု NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက သံလွင်ခက်ကို ပြောသည်။

သို့သော် လေယာဉ်ပစ်လက်နက်များ ဝယ်ယူရန် ခက်ခဲနေသည်ဟု ဦးကျော်ဇောက သံလွင်ခက်သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုသည်။

၎င်းက “လေယာဉ်ပစ်လက်နက်ဆိုတဲ့ အရာက ကမ္ဘာပေါ်မှာ ဝယ်ရတာ တော်တော် ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာတွေနဲ့ ချိတ်ဆက်ပြီးတော့ အတတ်နိုင်ဆုံး ဝယ်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောသည်။

လေယာဉ်ပစ်လက်နက်များ မဝယ်နိုင်သေးခင် လေကြောင်း တိုက်ခိုက်မှုများကို ရှောင်ရှားနေထိုင်နိုင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဦးကျော်ဇောက ဆက်ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို တန်ပြန်ခုခံရန် NUG က လေယာဉ်ပစ် လက်နက်များ ရရှိထားသည်ဟု အောက်တိုဘာ ၇ ရက်က သတင်းစာရှင်းလင်းပွဲတွင် NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောဆိုခဲ့ဖူးသည်။

ယင်းသို့ ပြောဆိုမှုအပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ရာ ပြန်လည်ခုခံနိုင်မှု မရှိသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့သည်။

ပုံစာ- စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ရေးယာဉ်များ။ (Photo-CINCDS)

19/08/2022

C

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share