ဗိုလ်ရုပ်ဆိုး People Defence Group YeU

  • Home
  • ဗိုလ်ရုပ်ဆိုး People Defence Group YeU

ဗိုလ်ရုပ်ဆိုး People Defence Group YeU စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်။

17/05/2022

စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးဟုဆို

ရေဦး - မေ ၁၇၊ ၂၀၂၂။

အင်အား ၂၅၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းနှင့် ရေဦးဒေသခံပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တို့ ယနေ့နံနက် ၁၀ နာရီခန့်က ရေဦးမြို့အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

ရေဦးမြို့မှ ထွက်လာသော စစ်ကြောာင်းကို သံသည်ရွာအထွက် ချောင်းဦးတံတားအနီးတွင် ပျောက်ကြား တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF ရေဦး ပ.က.ဖ ဗိုလ်ရုပ်ဆိုးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရေဦးမြို့က ထွက်လာတဲ့စစ်ကြောင်းဟုတ်တယ်။ သူတို့ဘက်က ငါးယောက်လောက်ရှိတယ် စစ်ကောင်စီ တပ်ရင်းက မသိရဘူး။ ထိပ်တိုက်ရင်ဆိုင်တာ ပျောက်ကြားနဲ့ တိုက်တာ။” ဟုပြောသည်။

တိုက်ပွဲတွင် ရေဦးမြို့နယ်မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သူကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်တာမြေကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မေလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် တစ်ဦး ကျဆုံးခဲ့သည်။

17/03/2022

စစ်ကိုင်းတိုင်းအတွင်း
မြို့နယ်အများစု အင်တာနက်
ဖြတ်ခံထားရပါတယ်😭
သတင်းမှန်များကြိုးစားတင်ပေးပါမည်။
ပါဝင်လှူဒါန်းလိုသူများ
Page Messenger တွင်
ဆက်သွယ်ပေးပါဗျ🙏
#ဗိုလ်ရုပ်ဆိုးPeople_Defence_Group_YeU

02/03/2022

၃/၃/၂၀၂၂ရက်နေ့
ရေဦး-တမတောလမ်း
ကာဘိုး-စိုင်ပြင်မူး​ဘောင်လမ်း ယနေ့မနက်မှစ၍ ဖြတ်သန်းခြင်းမပြုရန် လေးစားစွာသတိပေးအပ်ပါသည်။
ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်အတွက် ပကဖ/PDFအနေဖြင့် တာဝန်ယူမည်မဟုတ်ပါကြောင်းကြေညာအပ်ပါသည်။

ပကဖ(ရေဦး)/PDF(YEU)ဗိုလ်ရုပ်ဆိုး ပကဖ ရေဦး
1/3/2022

01/03/2022

၁/၃/၂၀၂၂ရက်နေ့
ရေဦး-တမတောလမ်း
ရေဦး-တန့်ဆည်လမ်း
ရေဦး-မုံရွာလမ်းပေါ် ယနေ့မနက်မှစ၍ ပုဂ္ဂလိကပိုင် ဆန်ကား၊ စပါးကားဖြတ်သန်းခြင်းမပြုရန် လေးစားစွာသတိပေးအပ်ပါသည်။
ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်အတွက် ပကဖ/PDFအနေဖြင့် တာဝန်ယူမည်မဟုတ်ပါကြောင်းကြေညာအပ်ပါသည်။

ပကဖ(ရေဦး)/PDF(YEU)ဗိုလ်ရုပ်ဆိုး ပကယဖ ရေဦး
1/3/2022

27/02/2022

ယနေ့(၂၇/၂/၂၀၂၂)
စစ်ခွေးများ၊ပျူကောင်များ အခြေပြုနေသည့် တိုင်းရင်းဆေးရုံဝန်းအတွင်းသို့ ရေဦးမြို့နယ် PDF/ပကဖ နှင့် ဒေသတော်လှန်ရေးအဖွဲ့ခွဲတို့ပူးပေါင်းပြီး အဝေးပစ်လေးနဲ့ 40MMခြောက်လုံးပစ်သွင်းခဲ့ပါတယ်။
ထုံးစံအတိုင်း ‌စစ်ခွေးများကလည်း ဆဲဆိုရမ်းသမ်းပြန်ပစ်တယ် ၊ပြီးတော့ နီးစပ်ရာဆွဲမယ်။
ဆိုတော့ ပြည်သူများဂရုစိုက်ပါ။
ကျနော်တို့ရဲဘော်များ ဘေးကင်းစွာဖြင့် သတ်မှတ်နေရာသို့ပြန်ရောက်ရှိပါပြီ။
ပြည်သူများမြေပြင်သတင်းရယူပြီးမှ သွားလာပါ။
Crd;
ပကဖ(ရေဦး)/PDF(YEU)ဗိုလ်ရုပ်ဆိုး(ပကဖရေဦး)
27/2/2022

Address


Alerts

Be the first to know and let us send you an email when ဗိုလ်ရုပ်ဆိုး People Defence Group YeU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share