Basic Education Students' Voice News-အခြေခံပညာကျောင်းသားများ၏လွတ်လပ်သောအသံ

  • Home
  • Basic Education Students' Voice News-အခြေခံပညာကျောင်းသားများ၏လွတ်လပ်သောအသံ

Basic Education Students' Voice News-အခြေခံပညာကျောင်းသားများ၏လွတ်လပ်သောအသံ Find us on facebook.

Basic Education Students' Voice News - BESV News is an independent news outlet that will begin reporting on basic education related issues across Burma to represent the voices of school teachers and students.

ကြို့ပင်ကောက်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်BESV news|2 November 2022ကြို့ပင်ကော...
02/11/2023

ကြို့ပင်ကောက်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

BESV news|2 November 2022

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကြို့ပင်ကောက် ‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က “‌အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာဖြင့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို အောက်တိုဘာလ ၂၆ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်း ဘုတလင်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်BESV news|2 November 2022ဘု...
02/11/2023

စစ်ကိုင်းတိုင်း ဘုတလင်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

BESV news|2 November 2022

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့၊ ကျဆုံးအာဇာနည်များအတွက် သွေးကြွေးဆပ်မယ် စာသားပါဘန်နာများဖြင့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို အောက်တိုဘာလ ၂၉ ရက်နေ့၌ ဘုတလင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

ရွှေကူမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြBESV news|30 October 2023          ရွှေကူမြို့နယ်...
30/10/2023

ရွှေကူမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

BESV news|30 October 2023

ရွှေကူမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ တော်လှန်သီတင်းကျွတ်လပြည့်ညတွင် “ဆီမီးထိန်ထိန် လင်းပါစေ တရားသောစစ် နိုင်ပါစေ” ဆိုသည့် စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်း ဝက်လက်ဒေသတွင် ဗကသများအဖွဲ့ချုပ် မှ တော်လှန်ရက် ၁၀၀၀ ပြည့် ဆန္ဒပြပွဲများပြုလုပ်BESV news|30 October 2023 ...
30/10/2023

စစ်ကိုင်းတိုင်း ဝက်လက်ဒေသတွင် ဗကသများအဖွဲ့ချုပ် မှ တော်လှန်ရက် ၁၀၀၀ ပြည့် ဆန္ဒပြပွဲများပြုလုပ်

BESV news|30 October 2023

စစ်ကိုင်းတိုင်း ၊ ဝက်လက်ဒေသတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြပါသည်။
ထိုဆန္ဒပြပွဲတွင် ကျောင်းသားရဲဘော်များမှလည်း ဒေသခံပြည်သူလူထုအား လူထုလွပ်မြောက်ရေးတရားများ ဟောပြောခဲ့ကြကြောင်းသိရှိရပါသည်။

ဝက်လက်တွင် အခြေခံပညာကျောင်းသားသမဂ္ဂများလိုက်လံဖွဲ့စည်းပြီး ပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်BESV news|30 October 2023စစ...
30/10/2023

ဝက်လက်တွင် အခြေခံပညာကျောင်းသားသမဂ္ဂများလိုက်လံဖွဲ့စည်းပြီး ပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်

BESV news|30 October 2023

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အတွင်း အခြေခံကျောင်းသားသမဂ္ဂများ လိုက်လံဖွဲ့စည်းနေပြီး ဟောပြောပွဲများပြုလုပ်‌နေကြောင်း ၀က်လက်မြို့နယ် ဗ၊က၊သ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုဟန်မင်းစိုးက ပြောသည်။

ယင်းမြို့နယ် ဗ၊က၊သ များအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်များ ဦးဆောင်ပြီး ဝက်လက်ဒေသအနှံ့ရှိ NUG ကြားကာလ ပညာရေးကျောင်းများတွင် အခြေခံပညာကျောင်းသားသမဂ္ဂများ အဆက်မပြတ်ဖွဲ့စည်းလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေဖွဲ့တယ်ဆိုတာက လက်ရှိကြားကာလ ပညာရေးဖော်ဆောင်တဲ့နေရာမှာ ကျောင်းသားထုကို ကိုယ်စားပြုနိုင်တဲ့ အနေထားရောက်ရှိနိုင်ဖို့၊ ပြီးတော့ လက်ရှိပညာရေးကျောင်းတွေမှာ ကျောင်းသားထုအခွင့်လမ်းတောင်းဆိုဖို့ အခွင့်ရေးတွေမှာ ကျောင်းသားတွေအနေနဲ့ ပါ၀င်မှုရှိအောင် ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဟောပြောခဲ့တယ်" ဟု ကိုဟန်မင်းစိုးက ပြောသည်။

အခြေခံပညာကျောင်းသားသမဂ္ဂများဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ပညာရေးအဆင့်အတန်းမြင့်မားစေရေး နှင့် ပညာရေးတွင်ကျောင်းသားထုပါ၀င်စေရေးတို့အတွက်ကြောင့် ဗကသကျောင်းသားရဲဘော်များက အခြေခံပညာကျောင်းများသို့ လိုက်လံဟောပြောစည်းရုံးပြီး သမဂ္ဂဖွဲ့စည်းရေးနှင့် ပညာရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလိုဟောပြောမှုများကို ၀က်လက်မြို့နယ်၏ ၃ ပုံ ၂ ပုံနီးပါးတွင် လိုက်လံဟောပြော ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်သည် အခြေခံပညာကျောင်းသားထု၏ အသံကိုနားထောင်ပြီး ကြားကာလပညာရေးလုပ်ငန်းစဉ်များကို ကျောင်းသား၊ ဆရာနှင့်ရပ်မိရပ်ဖဖြစ်သော မိဘပြည်သူတို့နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်နေကြောင်း သိရသည်။

ဓာတ်ပုံ- ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပ...
26/10/2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

BESV news|21 October 2023

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC အင်အားစုများဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ တာမွေသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီတို့ ပူးပေါင်း၍ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ စာသားပါဘန်နာဖြင့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

Photo - ABFSU

ဒေါင်းတမန် စာစဥ် အတွဲ (၃) အမှတ်စဥ် (၁) ထွက်ပြီBESV news|1 March 2022အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက် (အကသများ ကွန်ရက်...
01/03/2022

ဒေါင်းတမန် စာစဥ် အတွဲ (၃) အမှတ်စဥ် (၁) ထွက်ပြီ

BESV news|1 March 2022

အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက် (အကသများ ကွန်ရက်) မှ အပတ်စဥ် အင်္ဂါနေ့တိုင်း ထုတ်ဝေလျက်ရှိသော ဒေါင်းတမန်စာစဥ် အတွဲ (၃) အမှတ်စဥ် (၁) တွင်

ကဗျာ
• ပြန်ဆုံချိန် (ညီနွေဦး)
• သို့ / အစ်မ (ကူဖီးလ်)
• သူရဲကောင်း သူငယ်ချင်း (သော်ဒီအိမ်)
• သူ (မင်းသန့်ဇင် - ကလောင်သွေး)
• နင်မှောက်စေသား (ခင်မောင်သက်)
• စီဒီအမ် သိက္ခာ (လွမ်းဝေ လေးမျက်နှာ)

ဆောင်းပါး
• တော်လှန်မှုအဘိဓမ္မာ ဘယ်လိုအရေးပါသလဲ (ရဲဘော်ကြောင်နက်)
• တော်လှန်ရေးသဘောတရားဟူသည်

ဝတ်ထုတို
• ဗုံးသံကြားက ရှင်မတောင် သနပ်ခါး (ထွင်) တို့ကိုဖတ်ရူနိုင်မှာဖြစ်ပါတယ်။

Ebook Link
https://drive.google.com/file/d/1QGRbLBsb35Zje0bDVliCffYSf3SAi6YA/view?usp=drivesdk

ဗကသများအဖွဲ့ချုပ်မှ ရန်ကုန် ကျောက်တံတားမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ် BESV news|21 Febuar...
21/02/2022

ဗကသများအဖွဲ့ချုပ်မှ ရန်ကုန် ကျောက်တံတားမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

BESV news|21 Febuary 2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီ နှင့် North Dagon Oppressed People's Strike Colition (NDOPSC) တို့ပူးပေါင်း၍ "စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ကျောက်တံတားမြို့နယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

Photo - Lu Nge Khit

ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၏ အမျိုးသမီးရေးရာတာဝန်ခံ ရဲဘော်သွန်း အား စစ်ကောင်စီတပ်ဖွဲ့...
21/02/2022

ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၏ အမျိုးသမီးရေးရာတာဝန်ခံ ရဲဘော်သွန်း အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီး

BESV news|21 Febuary 2022

ယမာန်၁၅.၂.၂၀၂၂တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးမှ အရပ်ဝတ်များဖြင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အမျိုးသမီးရေးရာတာဝန်ခံ ရဲဘော်သွန်း အား နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။သို့သော် ရဲဘော်သွန်း သည် စစ်ကောင်စီတပ်ဖွဲ့ဝင် များ ဝင်ရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သဖြင့် ဖမ်းဆီးရမိခဲ့ခြင်းမရှိခဲ့ပါ။

စစ်တပ်က  ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကား၊ စအိုအတွင်း ဝါး...
21/02/2022

စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကား၊ စအိုအတွင်း ဝါးလုံးထိုးထည့်ကာ နှိပ်စက်ဟု ဗကသများအဖွဲ့ချုပ်ထုတ်ပြန်

BESV news|21 Febuary 2022

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတရားဖမ်းဆီးခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က အမျိုးသမီးများနှင့် ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသော အမျိုးသမီးများကို စစ်တပ်က စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗကသများ အဖွဲ့ချုပ်၏ အမျိုးသမီး ရဲဘော် တစ်ဦးသည် မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကာ ထောင်သို့ ပို့ဆောင်ပြီ တိုက်ပိတ်နှိပ်စက်ခဲ့ကာ ယခုချိန်ထိ ဆေးဘက်ဆိုင်ရာ ကုသမှု တစုံတရာမရရှိသေးကြောင်း၊ ထိုအမျိုးသမီး ရဲဘော်သာမက တခြားအဖမ်းဆီးခံ အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးများသာမက အမျိုးသား ၂ဦးသည်လည်း အဆိုပါ စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခြင်းခံခဲ့ရကြောင်း မတရားဖမ်းဆီးခံရသော ရဲဘော်များ၏ စအိုအတွင်း ဝါးလုံးထိုးထည့်ကာ နှိပ်စက်ခဲ့ခြင်းများပါ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

မင်းအောင်လှိုင် စစ်အုပ်စု၏ ပြည်သူလူထုအပေါ် လူမဆန်စွာ နှိပ်စက် နေမှုများကို ပြည်တွင်း ပြည်ပ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ အရပ်ဖက် လူမှုအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအရေး ထောက်ခံအားပေးသူများ အနေဖြင့် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ရေငုံနှုတ်ပိတ် မနေဘဲ ကူညီဆောင်ရွက်ကြရန်နှင့် အနှိပ်စက်ခံရသဖြင့် ဒဏ်ရာရသူများ အတွက် ဆေးကုသခွင့် ရရှိရေးကိုပါ ကူညီဆောင်ရွက် ပေးကြရန် လေးစွာတိုက်တွန်းကြောင်း ဖော်ပြထားသည်။

မန္တလေးအခြေစိုက် မြေပြင် ကင်းထောက်သတင်းရင်းမြစ် VOMDY ကလည်း ဗကသ မှ အသက် ၂၃ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရပြီး ဒဏ်ရာများ ရရှိထားကြောင်း၊ အိုးဘိုထောင်ရောက်သည့် ၁၂ လပိုင်း (သို့မဟုတ်) ၁ လပိုင်းမှစ၍ ယခုအချိန်ထိ တစ်ယောက်တည်းသီးသန့်တိုက်ပိတ်ခံထားရကြောင်း၊ စစ်ကြောရေးတွင် အချိန်ကာလကြာရှည်စွာနေခဲ့ပြီး အိုးဘိုထောင်သို့ပြန်‌ရောက် လာသော သပိတ်သမားများ ပြောပြချက်အရ အမျိုးသား ၂ ဦးလည်း မုဒိမ်းကျင့်ခရကြောင်း၊ မျက်နှာများကို အဝတ်များစည်းထား၍ မည်သူက လုပ်ဆောင်ခဲ့သည်ကို အသေးစိတ်မသိရှိရကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ချုပ်နှောင်ရင် ရုန်းထွက်ကြ ဖိနှိပ်ရင် တွန်းလှန်ကြ တိုက်ပွဲအောင်လံ ထူကြလွှင့်ကြBESV news|20Febuary 2022ယနေ့20.2.2022တွင် ...
20/02/2022

ချုပ်နှောင်ရင် ရုန်းထွက်ကြ ဖိနှိပ်ရင် တွန်းလှန်ကြ တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ

BESV news|20Febuary 2022

ယနေ့20.2.2022တွင် မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ၊မုံရွာမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၊ ရပ်ကွက်သပိတ်စစ်ကြောင်းတို့နှင့် ပူးပေါင်း၍ အဓိကအချက်အချာကျသော‌ ကျောက္ကာလမ်းမကြီးပေါ်တွင် ပြည်သူလူထု‌ကိုလှုံ့‌ဆော်သောအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကျောင်းသူတစ်ဦး ထောင်အတွင်း အဓမ္မပြုကျင့်ခံထားရ​BESV news|20 Febuar...
20/02/2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကျောင်းသူတစ်ဦး ထောင်အတွင်း အဓမ္မပြုကျင့်ခံထားရ​

BESV news|20 Febuary 2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကျောင်းသူအမျိုးသမီးငယ်ဟာ ဖမ်းဆီးခံရတာ ၅ လလောက်ကြာမြင့်နေပြီဖြစ်ပြီး အဖမ်းခံရပြီးနောက် မန္တလေးနန်းတွင်းထဲမှာ စစ်ကြောရေးဝင်ခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက် အိုးဘိုထောင်ကို ၂ဝ၂၁ ခုနှစ် ၁၂ လပိုင်းမှာရောက်ပြီး တစ်ယောက်တည်း သီးသန့်တိုက်ပိတ်ခံထားရတယ်လို့ သိရပါတယ်။ အိုးဘိုထောင်အတွင်း လူငယ်အမျိုးသား နှစ်ယောက်လည်း လိင်အကြမ်းဖက်ခံထားရတယ်လို့ သိရပါတယ်။သူတို့နှစ်ယောက်လည်း သီးသန့်တိုက်ပိတ်ထားခံရတယ်လို့ သိရပါတယ်။

Six members of the military council announced that they would not recognize the scholarship of KDI School in South Korea...
20/02/2022

Six members of the military council announced that they would not recognize the scholarship of KDI School in South Korea

BESV news|20 Febuary 2022

Six staff members of the Ministry of Foreign Affairs and the Office of the Supreme Court of the Union under the Territorial War Council will hold the Master of Development Policy (MDP) at the KDI School of Public Policy and Management (KDI School) in Sejong, Korea from the 2022 Spring semester. The KDI graduates have strongly denied admission and scholarships for the Master's degree in Public Management (MPM) and Master in Intellectual Property and Development Policy (MIPD).

Thiri Myint Soe (Assistant Director, First Secretary, Ministry of Foreign Affairs) MDP, Aye Thandar Shwe (Deputy Director, Ministry of Foreign Affairs) MDP, Khin La Pyae Tun (Assistant Director, First Secretary, Ministry of Foreign Affairs) MPM, Kaung Phyo Win (Assistant) Director, Ministry of Foreign Affairs MPM, U Nyunt Maung (Assistant Director, Ministry of Foreign Affairs) MPM, Phone Myat Min (Deputy Township Judge, Supreme Court of the Union) MIPD.

Six members of the military council are committed to justice, peace and development. They are directly or indirectly supporting the pro-democracy and terrorist forces, and after their education, they will continue to carry out illegal and unjust acts that will prolong the military dictatorship, according to a statement from KDI alumni.

ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် ဗကသများအဖွဲ့ချုပ်နှင့် နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီတို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်...
19/02/2022

ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် ဗကသများအဖွဲ့ချုပ်နှင့် နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီတို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

BESV news|19 Febuary 2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ၊ North Dagon Oppressed People Strike Colition(NDOPSC) နှင့် နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီ တို့ ပူးပေါင်း၍ '' နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့ ၊ ငါတို့ကားနိုင်လိုစိတ်ဖြင့်တိုက်၏။ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ။ '' ဟူသော ဘန်နာကိုင်စွဲကာ အင်းစိန်ထောင်ရှေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အာဏာရှင်စနစ်ကျရှုံးဖို့ ပြည်သူအားလုံးစည်းလုံးကြဖို့ လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ တိုက်တွန်းB...
18/02/2022

အာဏာရှင်စနစ်ကျရှုံးဖို့ ပြည်သူအားလုံးစည်းလုံးကြဖို့ လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ တိုက်တွန်း

BESV news|18 Febuary 2022

လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် နံနက်ပိုင်းတွင် "အာဏာရှင်စနစ်ကျရှုံးဖို့ ပြည်သူအားလုံးစည်းလုံးစို့" ဘန်နာကိုင်စွဲကာပြည်သူများကိုတိုက်တွန်းနှိုးဆော် အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး ထောင်ဒဏ် ၃ နှစ် အမိန့်ချခံရBE...
18/02/2022

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး ထောင်ဒဏ် ၃ နှစ် အမိန့်ချခံရ

BESV news|18 Febuary 2022

မယဉ်မြတ်နိုးဦးကို ၁၇၊၂၊၂၀၂၂တွင် အကြမ်းဖက်စစ်ကောင်စီလက်ဝေခံ တာမွေတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ( ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်ရှိ)အား ချမှတ်ကြောင်း သိရှိရပါတယ်။မယဉ်မြတ်နိုးဦးသည် ၁၃၊၄၊၂၀၂၁ တွင် တာမွေမြို့နယ်တွင် သပိတ်သို့ အသွား အခြားရဲဘော် ၃ ဦး နှင့်အတူ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ပါတယ်။

စဥ့်ကိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ Non-CDMဆရာမ ဒေါ်စောစန္ဒာဆိုသူအား အမည်ပျက်စာရင်း ထည့်သွင်းကြေညာBESV news|...
17/02/2022

စဥ့်ကိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ Non-CDMဆရာမ ဒေါ်စောစန္ဒာဆိုသူအား အမည်ပျက်စာရင်း ထည့်သွင်းကြေညာ

BESV news|17 Febuary 2022

အထက စဥ့်ကိုင်မှ အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော Non-CDMဆရာမ ဒေါ်စောစန္ဒာဆိုသူသည် CDMမပြုလုပ်ရုံတင်မကဘဲ အကြမ်းဖက်စစ်ကောင်စီ၏ပညာရေးယန္တယား လည်ပတ်နိုင်ရေးကိုအားကြိုးမာန်တက်ဆောင်ရွက်နေပြီး ကျောင်းမတက်ရေးလှုပ်ရှားမှုတွင်ပါဝင်နေသော ကျောင်းသား၊သူများကို ဖုန်းဆက်အကြပ်ကိုင်ပြီး ကျောင်းတက်ရန်ခေါ်ယူခြင်း၊အတန်းအစုံအား မိမိကျူရှင်စာသင်ဝိုင်းအား အတင်းခေါ်ခြင်း၊ယင်း၏ကျူရှင်မတက်သော ကျောင်းသားများအားဖိနှိပ်ခြင်းတို့ကြောင့် ဒေါ်စောစန္ဒာအား အမည်ပျက်စာရင်းထည့်သွင်းလိုက်သည်ဟု စဥ့်ကိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်၏ ဆိုးရွားသည့် နှိပ်စက်မှုများ အကြောင်း ထောင်တွင်းသမဂ္ဂကျောင်းသားတစ်ဦး စာရေးပေးပို့Mizimma news|17 Febuary ...
17/02/2022

အင်းစိန်ထောင်၏ ဆိုးရွားသည့် နှိပ်စက်မှုများ အကြောင်း ထောင်တွင်းသမဂ္ဂကျောင်းသားတစ်ဦး စာရေးပေးပို့

Mizimma news|17 Febuary 2022

အင်းစိန် အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ နှိပ်စက် ခံရမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းများ အကြောင်း ထောင်တွင်းရှိ ကျောင်းသားသမဂ္ဂ ရဲဘော်တစ်ဦးက ရေးသားလိုက်သည့် စာတစ်စောင်ကို ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။အကျဥ်းထောင်အတွင်းရှိ သမဂ္ဂရဲဘော် တစ်ဦးထံမှ ပေးစာ ဆိုပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီ ၃၁ မိနစ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။အဆိုပါ စာ၌ အင်းစိန် အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများ နှိပ်စက်ခံနေရမှုများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ နှင့် မီဒီယာများက အလေးအနက်ထား စောင့်ကြည့် ဖိအားပေးရန် ရေးသား ဖော်ပြထားပါသည်။

ထောင်တွင်း ရဲဘော် ပေးပို့သော စာထဲ၌ ‘’ သွေးရုတ်တရက် စောင့်တက်ပြီး လေတခြမ်း ဖြန်းသွားသလို ဖြစ်သွားတဲ့ သူကို အပြင်ဆေးရုံမှာ ဆေးကုသခွင့် တောင်းခံစာ တင်ထားတဲ့ အချိန်ကာလမှာ လိုအပ်တဲ့ ဆေးကုသ စောင့်ရှောက်ခွင့် မပေးထားဘဲ လက်ရှိ ထောင်ဆေးရုံမှာ စောင့်ကြည့် အနေအထားနဲ့ ကြည့်နေရမယ့် အချိန်မှာတောင် ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ပေးကြ “ ဟု ပါရှိသည်။

ထို့အပြင် “စစ်ကြောရေးကို အပို့ခံရပြီး စစ်ဆေး မေးမြန်းနေတဲ့ တောက်လျှောက် နှိပ်စက် ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အာရုံကြော ထိသွားပြီး မကြာခဏ သတိလစ်ရာကနေ အခုနောက်ပိုင်း ခပ်စိပ်စိပ် သတိလစ်လာတယ်။ အတူနေတဲ့သူတွေက အစပိုင်းမှာ သတိထား စောင့်ကြည့်ပေးနေရင်းကတောင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်အထိ သတိ လစ်သွားတာမျိုး ကနေ အခု နောက်ပိုင်းမှာ မိနစ် ၃၀ အတွင်း နှစ်ခါလောက် သတိလစ်လာတယ်။ သတိလစ်သွားတိုင်း ဆေးရုံကို ပို့လိုက်ပေမယ့် လိုအပ်တဲ့ ဆေးကုသမှုနဲ့ ဆေးဝါးတခုမှ မရှိတဲ့ အနေအထား ဖြစ်နေပါသေးတယ်“ ဟုလည်း ကျန်းမာရေး စောင့်ရှောက်မှုမဲ့သည့် အကြောင်း ရေးသားထားချက် ပါရှိသည်။

ကြည့်မြင်တိုင်သပိတ်တွင် ကားဖြင့်တိုက် ဖြိုခွင်းခံရပြီး ဖမ်းဆီး ခံခဲ့ရသူသည်လည်း စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးပြီးနောက် ဦးခေါင်းခွံ ဓာတ်မှန် ရိုက်ရာ နံပါတ်တုတ် အရာ ပေါ်နေပြီး တုတ်ရာအောက်ရှိ အာရုံကြောမျှင်များ ပြတ်တောက်တဲ့ ဒဏ်ကြောင့် ခေါင်းကိုက် နှာခေါင်းသွေးလျှံလျက် ရှိသည်ဟု ဆိုထားသည်။ ၎င်းအား ပြင်ပဆေးရုံ၌ ဆေးကုသခွင့် ပေးရန်နှင့် ဒဏ်ရာအား ဆေးစစ်ကြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

ယခုစာပါ ဖြစ်စဉ်များသည် မျက်မြင်တွေ့ရှိရ၍သာ သိရှိရခြင်း ဖြစ်ပြီး မသိ မမြင်ရသော အလားတူ ဆိုးရွားသည့် ဖြစ်ရပ်များ မည်မျှ ရှိနေမည် ဆိုသည်ကို မသိရဟု ထောင်တွင်း ရဲဘော်က ဆိုထားပြီး ယခုကဲ့သို့ လုပ်ရပ်များသည် စစ်ကောင်စီ၏ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် လုပ်ရပ်များကို မြင်သာစေသည်ဟု ရေးသားထားသည်။

“တစ်နိုင်ငံလုံး အနေအထား မဟုတ်ဘဲ အခုလို တစ်နေရာထဲမှာတောင် ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်နေတဲ့ အချိန်မှာ တခြားသော နေရာတွေမှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိနေနိုင်တဲ့ အတွက် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ နဲ့ တခြားသော အဖမ်းဆီးခံ အကျဉ်းသားများ အတွက်ပါ လက်ရှိ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးကုသခွင့် နဲ့ ဆေးဝါးအထောက်အပံ့ တွေကို ပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကူအညီ တောင်းချင်ပါတယ် "ဟု ထောင်တွင်း ရဲဘော်က ၎င်း၏ စာတွင် ရေးသားထားသည်။

ဘိုကလေးတွင် ဘိုကလေးမြို့နယ် အထက၁ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဘန်နာ ချိတ်ဆွဲဆန္ဒပြBESV news|17 Febuary 202...
17/02/2022

ဘိုကလေးတွင် ဘိုကလေးမြို့နယ် အထက၁ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဘန်နာ ချိတ်ဆွဲဆန္ဒပြ

BESV news|17 Febuary 2022

ယနေ့၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင်ဘိုကလေးမြို့နယ်ရှိ Non-cdm ကျောင်းသားများစာမေးပွဲ ဖြေနေချိန်တွင်ဟဘိုကလေးမြို့နယ် အထက၁ ကျောင်းသားများ သမဂ္ဂ မှဦးဆောင်၍ မြို့နယ် ရှိလူငယ် များနှင့်အတူ"ဆံချည်မျှင်တစ်မျှင်တောင် နောက်မဆုတ်နဲ့ဆက်တိုက်"စာသားပါ ဘန်နာတစ်ခုအား လူသွား လူလာ များသော ဘိုကလေးတံတားပေါ်တွင် ချိတ်ဆွဲခဲ့ပါတယ်။

ဒေါင်းတမန် စာစဥ် အတွဲ (၂) အမှတ်စဥ် (၉) ထွက်ပြီBESV news|15 Febuary 2022အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက် (အကသများ ကွန်...
15/02/2022

ဒေါင်းတမန် စာစဥ် အတွဲ (၂) အမှတ်စဥ် (၉) ထွက်ပြီ

BESV news|15 Febuary 2022

အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက် (အကသများ ကွန်ရက်) မှ အပတ်စဥ် အင်္ဂါနေ့တိုင်း ထုတ်ဝေလျက်ရှိသော ဒေါင်းတမန်စာစဥ်၏ အတွဲ (၂) အမှတ်စဥ် (၉) တွင်

• အယ်ဒီတာ့ အာဘော်

ဆောင်းပါးကဏ္ဍ
• CDM ရထားကြီးဘယ်ရောက်နေပြီလဲ။ (MPA မှကူးယူ ဖော်ပြသည်)

ကဗျာကဏ္ဍ
• လွတ်လပ်သော ငှက်ငယ် (လွမ်းဝေ လေးမျက်နှာ)
• ပင်လုံစိတ်ဓာတ် (သက်အောင် တင်လှိုင်)
• တို့လူငယ် (ကျော်ပုည)

လူထုဟစ်တိုင် ကဏ္ဍ
• ပညာရေး CDM တစ်ဦး၏ ရင်ဖွင့်စကားသံများ (မယ်ရီ)

နှင့် တစ်ပတ်သော သတင်းထူး၊ သတင်းဦးများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

Ebook Link
https://drive.google.com/file/d/1KFeglo66OOcZ2--B0iPmwO8K5RVq6XQP/view?usp=drivesdk

15/02/2022

"အခြေခံပညာကျောင်းသား၊သူများ၏လွတ်လပ်သောအသံ သတင်းဌာန -BESV news တစ်ပတ်တာ သတင်းအစီအစဉ်"

ပြီးခဲ့တဲ့ တစ်ပတ်တာ (4Febuary -13Febuary) အတွင်း ရရှိထားသမျှ သတင်းတွေကို စုစည်းပြီးတော့ BESVမှတပတ်တာ သတင်းအစီအစဉ်အနေနဲ့ တင်ဆက်ပေးနေပါတယ်။
(အခက်အခဲတစ်စုံတစ်ရာကြောင့် သတင်းထုတ်လွှင့်မှူ၂ရက်ခန့် နောက်ကျမှုအတွက် သတင်းနားဆင်းသူများအား အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျား)
#ဘာတွေလဲ_အကသတွေ

ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံ ထူကြ၊လွှင့်ကြ ခေါင်းစဥ်ဖြင့် လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံ...
15/02/2022

ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံ ထူကြ၊လွှင့်ကြ ခေါင်းစဥ်ဖြင့် လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂဆန္ဒပြ

BESV news|15 Febuary 2022

လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၅ရက်နံနက်ပိုင်းတွင်"ချုပ်ချယ်ရင်းရုန်းကန်၊ဖိနှိပ်ကင်းတွန်းလှန်၊တိုက်ပွဲအောင်လံ ထူကြ၊လွှင့်ကြ"ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရန်ကုန်တွင် ကျောင်းသားများမှ ဒေါင်းတမန် စာစောင်များဖြန့်ဝေBESV news|14 Febyary 2022ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်န...
14/02/2022

ရန်ကုန်တွင် ကျောင်းသားများမှ ဒေါင်းတမန် စာစောင်များဖြန့်ဝေ

BESV news|14 Febyary 2022

ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လူထူထပ်သောဈေးများ၌ ဒေါင်းတမန် စာစောင်များအား ပြည်သူလူထုလက်ထဲသို့ ​​ဖြန့်ဝေခဲ့ပါတယ်။

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ"စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ကြ"ဘန်နာကိုင်ဆွဲပြီး၂၀၀၈ ခြေဥစ...
14/02/2022

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ"စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ
ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ကြ"ဘန်နာကိုင်ဆွဲပြီး
၂၀၀၈ ခြေဥစာအုပ်ကိုမီးရှို့ဖျက်ဆီးကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

BESV news|14 Febuary 2022

ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊သင်္ဃကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ပူးပေါင်းကာ

"စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲ၀င်ကြ"ဘန်နာကိုင်ဆွဲပြီးစစ်အာဏာရှင်စနစ်ကိုဥပဒေအရအခိုင်အမာအကာအကွယ်ပေးထားသည့် ၂၀၀၈ ခြေဥကို မီးရှို့ဖျက်ဆီးကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှား‌မှုပြုလုပ်ခဲ့ကြပါတယ်။

13/02/2022

ထားဝယ်တွင် သမဂ္ဂကျောင်းသားများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

BESV news|13 Febuary 2022

ယနေ့ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ထားဝယ်မြို့တနေရာ၌ ထားဝယ်မြို့နယ်အခြခံပညာကျောင်းသားများသမဂ္ဂ နှင့် အ ထ က၂ ထားဝယ် အခြေခံပညာကျောင်းသားများသမဂ္ဂရှိ ကျောင်းသားလူငယ်များမှ "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ဆန္ဒပြခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ ဘန်နာဖြင့် လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ ဆန္...
13/02/2022

ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ ဘန်နာဖြင့် လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ ဆန္ဒပြ

BESV news|13 Febuary 202

လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၃ ရက်(ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် မွေးနေ့လက်ဆောင်အနေဖြင့် အမှန်တရားကိုဖော်ထုတ်ဖို့ "ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ" ဘန်နာကိုင်ဆွဲကာလမ်းပေါ်တက်ပြီး စစ်အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
#ဘာတွေလဲ_အကသတွေ

ရန်ကုန် မြောက်ဥက္ကလာပတွင်​ ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်BESV news|13 Febuary 2022မ...
13/02/2022

ရန်ကုန် မြောက်ဥက္ကလာပတွင်​ ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

BESV news|13 Febuary 2022

မြောက်ဥက္ကလာပမြို့နယ်​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသားသမဂ္ဂများမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ "​တောရိုင်းဥပ​ဒေအ​ခြေခံသည့် ပြည်​ထောင်စုဝါဒ ဆန့်ကျင်ကြ" ဟူ​သော စာသားပါဘန်နာအား ကိုင်ဆွဲ၍ ၂၀၀၈​ခြေဥ​အောက်တွင်​ ပေါ်ထွန်းခဲ့​သော အတု​ယောင်ပြည်​ထောင်စုအလံကို မီးရှို့ကာ စစ်အာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ မုံရွာမြို့ရှိလူစည်ကားရာစျေးတွင် ဒေါင်းတမာန်စာစဥ်များ ဖြ...
13/02/2022

မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ မုံရွာမြို့ရှိလူစည်ကားရာစျေးတွင် ဒေါင်းတမာန်စာစဥ်များ ဖြန့်ဝေ

BESV news|13 Febuary 2022

ယနေ့ ၁၃.၂.၂၀၂၂တွင်ဟအခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက်(အကသများကွန်ရက်)မှ ထုတ်ဝေသော ဒေါင်းတမန်စာစဥ်များကို မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရှိလူငယ်များဦးဆောင်၍ မုံရွာမြို့ရှိလူစည်ကားရာစျေးတစ်ခုတွင်ဖြန့်ဝေခဲ့ပါတယ်။

ထောင်တွင်းရဲဘော်များ၏ Hunger Strike အပေါ် ဝန်းရံကြရန် ဗကသများအဖွဲ့ချုပ်မှ လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ...
13/02/2022

ထောင်တွင်းရဲဘော်များ၏ Hunger Strike အပေါ် ဝန်းရံကြရန် ဗကသများအဖွဲ့ချုပ်မှ လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

BESV news|13 Febuary 2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ North Dagon Oppressed People Strike Colition (NDOPSC)၊​ နွေဦးတပ်ပေါင်းစု အထွေထွေသပိတ်ကော်မတီ တို့မှ "ထောင်တွင်းတိုက်ပွဲကို ဝန်းရံကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရားဖမ်းဆီးခံထားရသော ထောင်တွင်းရဲဘော်များ၏ အစာငတ်ခံတိုက်ပွဲဝင်၍ နိုင်ငံရေးသိဒ္ဓိတင်မှုအား ပြည်သူလူထုတရပ်လုံးအနေဖြင့် ဝန်းရံပေးကြပါရန်လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်BESV news|13 Febuary 2022အမျိုးသားညီည...
13/02/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

BESV news|13 Febuary 2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”

ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသား များ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။

``Python Foundation Course´´

သင်တန်းကာလ - `တစ်လခွဲ´
သင်တန်းစတင်မည့်နေ့ - `ဖေဖော်ဝါရီ (၁၅)ရက်နေ့´
သင်ကြားမည့်အချိန် - `အပတ်စဉ် အင်္ဂါ-ဗုဒ္ဓဟူး...(10 Am-11:30 Am)´
နေရာ - `Zoom Application´
ကန့်သတ်လူဦးရေ - `၅၀ယောက်´

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ယခုသင်တန်းမှာ တစ်လခွဲကြာ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်တို့အနေဖြင့် ခေတ်နှင့်အညီ နားလည်တတ်ကျွမ်းသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Programming Language´ တစ်ခုဖြစ်သော Python Programming အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSe6qbytfDgpMXdL1KQ1nEco6TDC6zZhyu36W5HbxyPHrvxDZQ/viewform?usp=sf_link

ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၄) ရက်၊ ည (၁၁) နာရီ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

Course Outlines.........

✔"Python Programming Fundamentals"

1. Why Python?
2. What is Interpreter ?
3. IDE installation
4. Indentation
5. Primitive Data type and reserve words
6. Loops and Iteration
6.1 for loop
6.2 while loop
7. Condition
7.1 if
7.2 else
7.3 elif
7.4 try except
8. Operation
8.1 Binary
8.2 logical operator
8.3 Assignment Operator
8.4 Relational Operator
9. Type Conversion
10. String
11. Function
11.1 in-built function
11.2 own function
11.3 return and non-return function
11.4 argument and parameter

Note :: Theory ရော Practical ပါ အသေချာလုပ်ရမှာဖြစ်ပီး Assignment တွေ၊ Exam တွေလဲ ဖြေရမှာဖြစ်ပါတယ်။

Course ပြီးရင် ဘာတွေရသွားမလဲ?....

1. Fundamentals Theory တွေကို စနစ်တကျသိရှိသွားမည်။
2. Lecture Video တွေ Sample Code တွေ PDF တွေ အပြည့်စုံရရှိသွားပါမည်။
3. Assignment များ တင်ရမည်ဖြစ်သောကြောင့် Mini Project အတွေ့ကြုံရရှိသွားပါမည်။
4. Google Tools များ သုံးတတ်သွားပါမည်။

သင်တန်းပြီးဆုံး၍ Exam ကိုသေချာစွာ ဖြေဆိုပီးမှသာလျှင် Certificate များပေးအပ်မည်ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/

Address


Website

Alerts

Be the first to know and let us send you an email when Basic Education Students' Voice News-အခြေခံပညာကျောင်းသားများ၏လွတ်လပ်သောအသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share