ဒီတိုက်ပွဲမှာ ငါတို့ နိုင်ကိုနိုင်ရမယ်💪💪💪
#PDFသတင်းစုံ
ဂိမ်းတဲ့ဗျာ ချစ်စရာလေးတွေ
#videocrd
မတရားကြိုးမိန့်ပေးခံရမှုအတွက် အကြမ်းဖက်စစ်အုပ်စုကို ဒီးမော့ဆိုPDF လက်တုန့်ပြန် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေ
July27
မတရားကြိုးမိန့်ပေးခံခဲ့ရသည့် ဒီမိုကရေစီ ရဲဘော်လေးဦးအတွက် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာ၌ စခန်းချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆို(DMO- Local PDF)က ထုတ်ပြန်သည်။People's Spring
ရုပ်သံ - ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆို(DMO- Local PDF)
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်၏ နေအိမ်ကို အကြမ်းဖက်လူတစ်စုက ခဲများဖြင့်ပစ်ပေါက်ရမ်းကား
●မင်မဲစရိုက်ဆန်စွာရမ်းကားနေသည်ကို စစ်ကောင်စီရဲနှင့်စစ်သားများမလာ
●အကြမ်းဖက်စစ်ကောင်စီ၏လက်ပါးစေငါးထောင်စားများဟု ပြည်သူပြော
သုည/People's Spring
စစ်ကောင်စီက သတ်ဖြတ်ခဲ့သောကိုဇေယျာသော်နှင့် ကိုဂျင်မီတို့၏ အိမ်များရှေ့သို့ လိုက်ထရပ်ကားများဖြင့်လူတစ်စုကလာရောက်၍ ရုတ်ရင့်ရိုင်းစိုင်းစွာဆဲဆဲပြီး ခဲများဖြင့်ပစ်ပေါက်သွားကြောင်းသိရသည်။
ရန်ကုန်မြို့ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ မတရား သေဒဏ်စီရင်ခံရသည့် ကိုဖြိုးဇေယျာသော်၏ နေအိမ်ကို အကြမ်းဖက် လူတစ်စုက ယနေ့ (ဇူလိုင် ၂၇) နေ့လည်ပိုင်းတွင်လာရောက်၍ ခဲများဖြင့် ပစ်ပေါက်ရမ်းကားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ တစ်ဆင့်သိရသည်။
"Light Truck ကားတစ်စီးနဲ့ လူ
ကျဆုံးတော်လှန်ရေးရဲဘော် ၄ ဦးအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ရေးမြို့နယ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်၊ စစ်သား ၁ ဦးသေဆုံး(ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၂၇
မွန်ပြည်နယ်ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ဆေးရေးကင်းဂိတ်ကို စစ်တပ်က သတ်ဖြတ်လိုက်သော တော်လှန်ရေးရဲဘော် ၄ ဦး၏ သွေးကြွေးကို ဆပ်သည့်အနေဖြင့် စစ်ဆင်ရေး အမှတ်စဉ် (၁) အဖြစ် ယနေ့ နံနက်ပိုင်း ဝင် ရောက် ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က သတင်း ထုတ် ပြန်သည်။
ထို စစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့်တကွ ကျဆုံးခဲ့ရသည့် တော်လှန် ရေးရဲဘော်များအတွက် ရည်ရွယ်ကြောင်း၊ ယနေ့ နံနက် နံနက် ၇ နာရီအချိန် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လုံခြုံရေးဂိတ်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်မှုများပြားကြောင်း သိရှိရသည်။
ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး လူထု လှုံ့ဆော် ဟောပြောမှုများ ပြုလုပ် (ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၂၆
ရန်ကုန်တွင် လူငယ်များသမဂ္ဂ - ဗဟိုမှ တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော် ၊ ကိုလှမျိုးအောင်တို့ အတွက်တို့ကို သတ်ဖြတ်ခဲ့သည့် ယုတ်မာ ရိုင်းစိုင်းသော အပြုအမူ အတွက် လက်ခံ နိုင်စရာမရှိကြောင်းနှင့် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး လူထု လှုံ့ဆော် ဟောပြောမှုများကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီကနေ့ ဇူလိုင်၂၆ရက်ထိုင်းနိုင်ငံရောက် မြန်မာများရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ
အသက်ပေးခဲ့တဲ့သူရဲကောင်းတွေ ကျေနပ်အောင် အနိုင်တိုက်ရန် နည်းတစ်ခုသာရှိဟု ဦးမင်းကိုနိုင်သတင်းစကားပါး (ရုပ်/သံ)
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ၄ ဦး သေဒဏ်စီရင်ခံရမှုအပေါ် PDF များ၏ တုန့်ပြန်သံ (ရုပ်သံ)
မြေလတ်အသံ၊ ဇူလိူင် ၂၅၊၂၀၂၂။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ကိုဖြိုးဇေယျာသော်၊ ကိုသူရဇော် နှင့် ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တုန့်ပြန်သံတွေကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။
#မြေလတ်အသံ
ရန်ကုန်တစ်မြို့လုံး သေဒဏ်စီရင်ခံရသည့် ရဲဘော်များအတွက် ယနေ့ည ၈ နာရီ သံပုံးတီးပြီး မင်းအောင်လှိုင်ကိုဆဲဆို
ရန်ကုန်၊ ဇူလိုင် ၂၅
ရန်ကုန်တစ်မြို့လုံး သေဒဏ်စီရင်ခံရသည့် ရဲဘော်များအတွက် ယနေ့ည ၈ နာရီ သံပုံးတီးပြီး မင်းအောင်လှိုင်ကိုဆဲဆိုမှုများကို ရန်ကုန်မြို့ရှိ မြို့နယ်များအားလုံးနီးပါးတွင် ပြုလုပ်ကြကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့ကြသည်။
ဥပဒေမဲ့စွာ သေဒဏ်စီရင်လိုက်တဲ့အပေါ် စစ်ရေးအရ ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့ ကျားဖြူတပ်ခွဲထုတ်ပြန်
မိုးဦး/People's Spring
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပါအဝင် အခြားတော်လှန်ရေးရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက တရားမျှတမှုမရှိဘဲ ဥပဒေမဲ့စွာကြိုးပေးသတ်ဖြတ်လိုက်တဲ့အပေါ် စစ်ရေးအရ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ စစ်အာဏာရှင်စနစ်ကို လက်နက်ဆွဲကိုင်တော်လှန်တိုက်ခိုက်နေတဲ့ ကျားဖြူတပ်ခွဲ (၁) က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
" ကျားဖြူ(၁) တပ်ခွဲရဲ့ သဘောထားကတော့ စစ်ကောင်စီရဲ့ ဒီအကြမ်းဖက်လုပ်ရပ်အပေါ်မှာ ကျနော်တို့ဒီထက်ပိုပြီးတော့ ထိရောက်တဲ့တိုက်ပွဲဖော်ဆောင်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ ဒီနေရာကနေ ကျနော်အခိုင်အမာပြောတယ်။ ကျခဲ့တဲ့ရဲဘော် တစ်ဦးချင်စီတစ်ယောက်ချင်းစီရဲ့သွေးတိုင်းက အလကားမဖြစ်စေရဘူး" လို့ ကျားဖြူ
𝗥𝗲𝗮𝗽𝗲𝗿 𝗖𝗼𝗹𝘂𝗺𝗻 စ.စ်ကြောင်းမှ ပခုက္ကူ-မြိုင် လမ်းပိုင်းအား နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်လျက်ရှိ
ပခုက္ကူ-မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် PDF ပူးပေါင်းတပ်စစ်ကြောင်းက စစ်ဆေး
ရန်ကုန်၊ ဇူလိုင် ၂၄
မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် PDF ပူးပေါင်းတပ်က စစ်ဆေးကြောင်း Earthquake People's Defense Forceက သတင်းထုတ်ပြန်သည်။
ယနေ့ ၂၄ ရက်နေ့ နံနက်ပိုင်း ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ စစ်ဆေးရခြင်းမှာ ပြည်သူလူထုများ လမ်းခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန် ဖြစ်ကြောင်း သိရှိရသည်။
ပခုက္ကူတွင် Reaper Column စစ်ကြောင်းအဖွဲ့ကို ပခုက္ကူ မြို့နယ်အခြေစိုက်အဖွဲ့များဖြစ်သည့် ပခုက္ကူ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ (P.U.G.F) ၊ Pakokku North Defense (PKU N PDF) နှင့် Earthquake People’s Defense Force တို့က ဇူလိုင်လ ၂၁ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပခုက္ကူမြို့နယ်သီးသ
တော်လှန်ရေးမှာ...ခက်ခဲတာဘာရှိလဲတဲ့
PDFရဲဘော်ရဲ့...ဖြေကြားလိုတ်တဲ့ခံစားချက်😥
credit
ရွှေဘိုတွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံး(ရုပ်/သံ)
မြိုင်နယ်ကတိုက်ပွဲမှာ PDF ရဲဘော်တဦး ကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ယောက်ကျော် သေဆုံးနိုင်( ရုပ်/သံ)
မြိုင်၊ ဇူလိုင်၂၄၊ ၂၀၂၂။
မကွေးတိုင်း မြိုင်မြို့နယ်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ အပြန်အလှန်ဖြစ်ခဲ့ပြီး PDF ဘက်က ရဲဘော်တဦး ကျဆုံးပြီး စစ်ကောင်စီဘက်က ၁၅ဦး နီးပါး သေဆုံးနိုင်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ရက်က မြိုင်မြို့နယ် ဇီးဖြူစားကောင်း ကျေးရွာဘက်က ထွက်လာတဲ့ စစ်ကြောင်းကို မြို့ခင်းသာကျေးရွာနားက PDF တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - M.R.Gတာဝန်ခံက ပြောပါတယ်။
" အစကတော့တဖက်နဲ့တဖက်လက်တက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ကြတယ်၊ ပြီးတော့ ကျနော်တို့ပြန်ဆုတ်လာတယ်၊ အကြမ်းဖက်စစ်ခွ
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်လမ်းဆုံမစ်ရှင်နှင့် လက်ဖက်ရည်ဆိုင်မစ်ရှင် ရုပ်သံထုတ်ပြန်
ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်လမ်းဆုံ၌ ဆပ်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများနှင့် မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရဲများကို ရှင်းလင်းခဲ့သည့် ရုပ်သံဖိုင်ကို Triple Two အဖွဲ့က ယနေ့(ဇူလိုင် ၂၄ ရက်) ထုတ်ပြန်သည်။
"ဒါလေးကတော့ ဇွန်လ ၁၁ရက်နေ့မှာ ဝမ်ပေါင်လမ်းဆုံမှာဆပ်ကြေးကောက်နေတဲ့ ွေးသုံးကောင် သေ ခဲ့တဲ့ မစ်ရှင် ပါခင်ဗျာ။ အဲ့နေ့ကမှာလဲ MA2 တစ်လက်ပဲရယူနိုင်ခဲ့ပြီး ၂၁ ရက်နေ့ မစ်ရှင် မှာတော့ွေးလေးကောင် သေပီး G3 1လက် G4 1 လက်ရရှိခဲ့ပါတယ်ခင်ဗျာ"ဟု အဆိုပါ အဖွဲ့က ပြောသည်။
ထို့အပြင် ဆားလင်းကြီးမြို့ပေါ်တွင် ဆောင်ရွက်ခဲ့သည့် မစ်ရှင်၏ ရုပ်သံဖိုင်တွင် ပါဝင်သည့် ရဲဘော်များ၏မျက်နှာမပေါ်အောင် အထူးဂရုစိုက်ပ
စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကိုလွတ်မြောက်နယ်မြေဖြစ်ဖို့ဘယ်လိုပုံဖော်ကြမလဲ? ဗိုလ်နဂါးပြောပီ
PRA နယ်မြေမှာ စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းနှင့် ထိုးစစ်ဆင်နေစဉ်အတွင်း ၁၀ ဦးသေဆုံး (ရုပ်/သံ)
မြေလတ်အသံ၊ ဇူလိုင် ၂၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်နမိတ်အဆက်က People Revolution Army (PRA) ခြေကုတ်ယူထားတဲ့ နယ်မြေထဲကို စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အား ၄၀၀ ၀န်းကျင်နဲ့ ၀င်ရောက်လာတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကာ ၁၅ ရက်အတွင်း စစ်သား ၈ ဦးနဲ့ ပျူစောထီး ၂ ဦး သေဆုံးတယ်လို့ PRA ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောပါတယ်။
ဇူလိုင်လဆန်း ၇ ရက်ကတည်းက စစ်တပ်က စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း အဆက်က ရွာတွေကို မီးရှို့တာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့တိုင်းလိုလို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း တိုင်းနှစ်တိုင်းအဆက်က ရွာပေါင်း ၈ ရွာ၀န်းကျင်က ရွာသားတွေဟာ ဘေးလွတ်ရာရွာတွေ